Sunday, September 23, 2012

ဒီ့ထက် ရှင်းတဲ့ သဘောထားတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး

(May Mie Oo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
ဒီ့ထက် ရှင်းတဲ့ သဘောထားတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး
ဒေါက်တာလွဏ်းဆွေ 

မြန်မာပြည်သူတွေက စစ်ပွဲတွေအားလုံး ရပ်စဲပြီး ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားချင်လွန်းလို့ စက်တင်ဘာလ ၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) မှာ ဆန္ဒဖော်ထုတ် စီတန်းလမ်းလျှောက်ကြတယ်။ အင်းလျားကန်ဘောင်မှာ ငြိမ်းချမ်းရေးကျောက်တိုင်ကို အမှတ်တရ စိုက်ထူကြတယ်။ ဘယ်လောက်လှတဲ့ ဘယ်လောက် ချစ်စရာကောင်းတဲ့ စိတ်ကူးစိတ်သန်းလဲ။ မြန်မာပြည်ကြီးကို ဘယ်လောက် ချစ်မြတ်နိုးကြတယ် ဆိုတာကို အလိုက်တသိ ပြသလိုက်ကြတာပါပဲ။

အဲဒီလုပ်ရပ်ကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်စစ်အစိုးရက အကြိုက်မတွေ့ သဘောမတူတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲမယ်လို့ အသံဟစ်တယ်။ လုပ်လည်းလုပ်ဆောင်နေတယ်။ အမှတ်တရ စိုက်ထူးထားတဲ့ ငြိမ်းချမ်းရေးကျောက်တိုင်ကို နယ်မြေခံ အာဏာပိုင်တွေ လာပြီး ဖယ်ရှားဖျက်ဆီးတယ်ဆိုတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူး … ဆိုတဲ့ သူတို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲပေါ့။ ဒီထက်ရှင်းတဲ့ လုပ်ရပ် ဘာရှိဦးမလဲ။ ဘယ်လောက် မိုက်မဲတဲ့ လုပ်ရပ်လဲ။

ဟုတ်တော့ ဟုတ်ပါတယ်လေ။ အာဏာရှင်စစ်အုပ်စုကို အရေခွံလဲထားတဲ့ ဦးသိန်းစိန်နဲ့တကွ အစိုးရမင်းများနဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေက ငြိမ်းချမ်းရေးကို ဘယ်ကြိုက်ကြပါ့မလဲ။ ပြည်တွင်းစစ်ကို အရင်းတည် အောင်သေအောင်သား စားပြီး နှစ်ပေါင်း ၅၀ ကိုယ်ကျိုးစီးပွားရှာခဲ့ကြသူတွေဆိုတော့ ပြည်တွင်းစစ် မရပ်ချင်တဲ့ သူတို့ရဲ့သဘောထားကို အပြစ်တင်ရင် အပြစ်တင်တဲ့သူသာ မှားပါပေတယ် ဖြစ်တော့မပေါ့။ နောက်ပြီး ပြည်တွင်းစစ်ကို ရပ်ဆိုင်းအောင် လုပ်လိုက်ရင် ရှေ့နေသားအဖ ဥပမာလို တမလွန်က အာဏာရှင် ဗိုလ်နေ၀င်းက ဗိုလ်သန်းရွှေနဲ့ အပေါင်းအပါတွေကို “မိုက်ပါ့ကွာ၊ မင်းတို့ကို ငါ ကျွေးမွေးစောင့်ရှောက် ပြုစုပျိုးထောင်ခဲ့တာ အဲဒီပြည်တွင်းစစ်နဲ့ကွ” လို့ အပြစ်တင်ခံရမှာ စိုးလို့နေမှာပေါ့။

အဲဒီတော့ ‘သမ္မတကြီး’ ‘သမ္မတကြီး’ နဲ့ နှုတ်ဖျားက မချချင်သူတွေ၊ ဒေါက်တာသိန်းစိန် (မိတ်အင်ချိုင်းနား) ကို ယုံမှတ်ပြီး ပုံအပ်ချင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေ သတိသာထားကြပေတော့။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖယ်ရှားတဲ့ လုပ်ရပ်ကို ကြည့်ရင် ဦးသိန်းစိန် ကြံ့ဖွံ့စစ်အစိုးရရဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားဟာ ဒီ့ထက် ရှင်းတာတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး ဆိုသလို ဖြစ်နေပြီမို့ပါ။

အဲဒီတော့ လိုအပ်တဲ့ တိုက်ပွဲတွေ ဆက်မ၀င်ချင်တော့ဘဲ ပူးပေါင်းဆောင်ရွက်ချင်သူတွေ၊ ပူးသတ်ချင်သူတွေ ပူးပေါင်းကြပါ။ ပူးသတ်ကြပါ။ နောင်မှ ရူးမတတ် မခံစားကြရပါစေနဲ့ ...။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ 
နံနက် ၁၂း၅၂ နာရီ 
၂၃-၉-၂၀၁၂
မနေ့က စိုက်ထူခဲ့တဲ့ ငြိမ်းချမ်းရေးကျောက်တိုင်ဟာ ဒီနေ့မှာ မရှိတော့ပါဘူး။ တိတ်တဆိတ် ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ (ရွှေသံစဉ်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

37 comments:

Unknown said...

မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းပါစေ.. အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့... စက်တင်ဘာ၊ ၂၁၊ ၂၀၁၂...
ဘယ်လောက် ကျက်သရေရှိလိုက်လဲဗျာ..
ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နေတဲ့ အပြစ်မဲ့တဲ့ ဒီကျောက်တိုင်ကိုတောင်မှ ငါတို့လုပ်ထားတာ မဟုတ်ရင် မထားသင့်ဘူးဆိုတဲ့ အယူအဆဟာ အတော်ကို လွဲနေပါပြီ။ အောက်ခြေအဆင့် အုပ်ချုပ်သူတွေရဲ့ အတွေးအခေါ် အယူအဆ MIND SET ကို အတော်ကို ပြောင်းယူရဦးမှာပါ။ ဒီကိစ္စဟာ သမ္မတဦးသိန်းစိန်အနေနဲ့ ပထမ ဦးစားပေး အရေးတကြီး လုပ်ရမယ့်အရာပါ။.
တကယ်တော့ ငြိမ်းချမ်းရေးဆန္ဒဖေါ်ထုတ်သူတွေကို သူတို့ပြောတဲ့ ဥပဒေအရ အရေးယူရတယ်ဆိုရင်တောင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို တစ်ဖက်က အသိအမှတ်ပြုတဲ့အနေနဲ့ ဒီကျောက်တိုင်ကို အစောတလျှင်ကြီး ဖယ်ထုတ်ဖျက်ဆီးတာမျိုး မလုပ်သင့်ဘူး။ တကယ်တော့ ဒီအာဏာပိုင်တွေဟာ မြန်မာပြည်ငြိမ်းချမ်းရေးကို အမှန်တကယ် အလိုမရှိဘူးဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေမှာ ဖော်ပြနေတယ်။.

saw kt oo said...

Rep

Wut MonSeptember 22, 2012 3:35 PM
လွန်ခဲ့တဲ့လအနည်းငယ်ကမြစ်ကြီးနားမှာအမျိုးသမီးတွေ
ငြိမ်းချမ်းရေးတောင်းဆိုဘို့လုပ်ကြတုန်းက ကေအိုင်အေ
က သတ်ပြစ်မယ်ဆိုပီးချိန်းခြောက်ခဲ့တယ်လေ

Reply

အခြေနေအမှန်September 22, 2012 10:37 PM
ဆန္ဒပြ အကိုကြီးညီလေးတို့ တစ်ခုခုမှားနေပြီ

kia က တန်းတူ ရည်တူ အခွင့်အရေးပေးပါ လို့တောင်းနေ တာ မဟုတ်ဘူး ။ သူ့ ကိုယ်ပိုင်စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ခွင့်ကိုတောင်းနေတာ။

မိခင်ဧရာဝတီ မြစ်ဆုံအလှကို ရထားလက်မှတ် လေယာဉ် လက်မှတ်ဖြတ်ပြီးတာနဲ့ ခံစားလို့ ရမှာကို border pass တွေယူပြီးမှ ကြည့်ကြမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

သူတို့စစ်တပ်နဲ့ သူတို့ဖာသူတို့ အုပ်ချုပ်ဖို့ တောင်းဆိုနေတာ။
ရန်ကုန်သားတွေကခွင့်ပြုမှာလား။

ငါတို့က ကချင်ပြည်နယ်လို့ အမည်တပ်ထားတဲ့ နယ်က နယ်ခံ ကချင် မဟုတ်တဲ့ လူများစုဖြစ်တဲ့ 80%သော ဗမာရှမ်းအပါ အခြား တိုင်းရင်းသားတွေကတော့ သဘောမကျဘူး။ မပေးနိုင်ဘူး။

မြန်မာဂျာနယ်တွေ တင်ပြမှုအားနည်းလို့ ဒီ80% သော လူမျိုးစုတွေက ဆက်ကြေးတွေတောင်လိုပုံအောင်ပေး ရတာ ညီအကိုတို့မသိကြဘူးထင်တယ်။ 80%သောလူထုက သတင်းမပို့ရဲကြဘူး သိရင်Kia သတ်မှာပေါ့ ။ ကချင်လူမျိုးတွေတင်ပြတာကို ရန်ကုန်ကနေထိုင်ရေးတော့ မှန်ကန်မှု အားနည်းတယ်။ အဖြစ်မှန်တွေသိချင်ရင်ဖားကန့် တက်လာခဲ့ပါ။

80%သောလူထုက ပိုဒုက္ခရောက်ပါတယ် ဆက်ကြေးလဲေ ဆောင်ရတယ် ဒုက္ခသည်ကျွေးဖို့ လှူတော့လဲ ဒီလူထုပါဘဲ ဒုက္ခသည်တစ်ဝက်က kiaဇနီးမယားတွေပါ ယောကျားတွေ တော့ မပါဘူး သူတို့က သေနပ်ကိုင်ပြီး တောထဲကတိုက်မယ် မင်းတို့က ဒုက္ခသည်တွေဆိုပြီး အခုလိုအုံကြွလာအောင် လုပ် ဆိုတဲ့ ဗျူဟာတွေကို ----

ရန်ကုန်ကနေ ထိုင်ရေးကြတဲ့ မြန်မာဂျာနယ်တွေ တင်ပြမှု
အားနည်းလို့ ဂျပန်မလို မစွန့်စားနိုင် လို့ဆန္ဒပြညီအကိုတို့ နားလည်မှုလွှဲနေရတာပါ။
စစ်ဒါဏ်ခလာရတာ တစ်သက်လုံးဘဲ နေလာပြီးပြီ ဒီမိုကရေစီခေတ်မှ ပြည်ထောင်စုမကွဲချင်ဘူး ညီအကိုများ

ဂျာနယ်တွေ တာဝန်မကျေဘူး တပ်တွေက ယခင်အပစ် အခတ်ရပ်စဲတုန်းကဖယ်ထားတဲ့ ဟိုပဝေသနီကတည်းက ထိုင်ခဲ့တဲ့ ကုန်းပြန်ထိုင်တာ မယူရင်Kia ကယူမှာဘဲ ထိုးစစ် ဆင်နေတာမဟုတ်ဘူး။
ကျွန်တော်တို့က ကချင်ပြည်နယ်သားမို့ နားလည်တယ် ကုန်း တစ်ကုန်းကောင်းကနေ စက်လတ် စက်ကြီး တည်ထား ကျည်တာမကုန်နဲ့ ရန်ကုန်တစ်မြို့ လုံး လူ၆သန်းတက်လာတောင် နည်းတယ်ပြောဦးမယ် ဒါကြောင့် အင်္ဂလိပ် ကိုခံတိုက် တုန်းက ရွှေတိဂုံကုန်းတော်ကခံတိုက်ခဲ့တာလေ။

သူတို့က ကိုယ့်စစ်တပ်နဲ့ကိုယ်နေမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းတာလေ တပ်တွေဆုပ်ပြီးစကားပြော အဆင်မပြေ တော့ ဘယ်လိုနေမလဲ ကုန်းပေါ်ကစောင့်ပြီး အမှည့်ချွေ ချွေရုံဘဲ

ဖားကန့်တက်လာကြည့်ပါ ညီအကိုများ မိုကောင်းကျော်တာနဲ့ ကားလမ်းကို ထိမ်းသိမ်းထားတဲ့ Kiaနဲ့တွေ့မယ် ဆက်ကြေးမဆောင်ဘူးသူမရှိတဲ့ ဖားကန့်သားတွေနဲ့တွေ့ မယ် ဒုက္ခသည်အစစ်ရော မစစ်တာရောတွေ့လိမ့်မယ် တက်လာကြည့်ကြပါ အမှန်အနှစ်တွေက ဒီမှာ ။

မြန်မာ ဂျာနယ်တိုက် တွေမှာ ဂျပန်မ မရှိဘူး။

အသက်တွေကြီးပြီ ရုံး သုံးစာဆို ပြီး ကချင်စာမ သင် နိုင်တော့ဘူး။

ကချင်ပြည်နယ်ကို border passနဲ့ လာချင်ကြတာလား?
အခုဆန္ဒပြတဲ့ အကိုကြီးတွေ ညီလေး တွေ ကချင်ပြည်နယ်ကိုသူတို့ စစ်တပ်နဲ့ သူတို့အုပ်ချုပ်ပါလို့ ပေးနိုင်သလား ။

80%သောလူထုမျက်နာမကြည့်ကြတော့ဘူးလား သေနပ်ကိုင်လို့ ထင်ပေါ်သူ 20% တွေ ဘက်ကလား?

ရင်တွင်းဖြစ်အမှန် ဒေသခံရဲ့ အခြေအနေမှန်

Reply

အခြေနေအမှန်September 23, 2012 12:33 AM
ရန်ကုန်မှ ဆန္ဒပြ ညီအကိုများ ကချိင်နိုင်ငံတော်ဆိုတဲ့ ဖြစ်တည်မှုကို လက်ခံနိုင်သလား လကါခံနိုင်တယ်ဆိုရင် ဆက်လက် ဆန္ဒပြကြပါ ဒီထက် ပြင်းပြင်းထန်ထန်ပြကြပါ ဒါမှ ကချင်နိုင်ငံတော်ပေါ်ထွန်းလာပြီး စစ်ပွဲတွေငြိမ်းချမ်း သွားမှာ။
ငါတို့ ကျည်ဆံကြားဗုံးကြားကသူတွေတောင် မတောင်း ဆိုဘူး အမှန်ကိုသိနေတယ်ကျမဦးလေး ဗိုလ်မှူးkia ကပြောတယ် ငါတို့ပြည်နယ် ရအောင်ကိုယူမယ် ဆိုတဲ့ သူတို့မြို့ပေါ်နေ ကချင် မလေးတွေ ဆီကကြားကြားရတော့ ငါတို့စစ်ပွဲရပ်လိုက်ပါလို့ မတောင်းဆိုဘူး ပြည်ထောင်စုဖြစ်တည်မှုကိုလိုလားတယ် ပြည်ထောင်စုဖြစ်တည်မှု အတွက် အခုလတ်လတ်ဆတ်ဆတ်ကို ဖားကန့်နယ်မှာသေသွားတဲ့ ရဲဘော်တွေအားနာတယ် အမှန်တွေကိုသိချင်ရင် ဒေသခံတွေသိချင်ရင် မန္တလေးကျောက်ဝိုင်းထဲသွားမေးကြည့်ပါ ဖားကန့်က လာရဲမှာမှမဟုတ်ဘဲ ဖားကန့်ပြန် ကျောက်သမားတွေရှိတယ်။

မြန်မာပြည်ကြီးသိပ်ကျယ်လို့ ဘော့စနီးယားတို့လို ခွဲခြမ်းပေးချင်ကြတာလား ငါတို့ ကျည်ဆံတောဗုံးတောက ကောင် ရပ်ပေးပါလို့ မတောင်းဆိုဘူး။

myo chit said...

အီးယောင်ဝါးတွေ သူများယောင် အမောင်တောင်မြေက်မသိတွေ

thaung wai said...

ဘာတွေပြောနေကြတာလဲကြံ့ဖွတ်အလိုတော်ကျဘာတွေရေးနေတာလဲငြိမ်းချမ်းရေးကိုလိုလားတွေ ၁၀၀:-\ မှာ၉၀:-\ ရှိတယ်ကွ စောက်ရူးအဖွဲ့လက်မခံ နောင်လည်းစဉ်းစားအခုလည်းစဉ်းစားပါ

Unknown said...

ဘာမှနားမလည်ဘဲcomment ဝင်မရေးနဲ့
ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ ဖယ်ဒရယ်မူတို့ရဲ့
သဘောသဘာဝကိုသိချင်ရင်စာများများဖတ်။
ရမ်းသမ်းပြီးမရေးနဲ့

zaw too said...

ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့အတွက် ကချင်ပြည်နယ်မှာ လောလောဆယ်နေနေကြတဲ့သူတို့ကချင်အချင်းချင်းကိုလည်းမေး ကျန်ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း ဗမာ တွေကိုလည်မေး ဂဃနဏမသိပဲေ ရာယောင်မလိုက်နဲ့ ရန်ကုန်မှာနေပြီးငြီမ်းချမ်းရေးလိုလားမနေနဲ့ မင်းတို့ထက်ငါတို့ပိုလိုချင်တယ်သတင်းထောက်တွေ ကချင်တပြည်လုံးကိုဝင်မေးဖို့လိုတယ် ပထမဆုံး ပူတာအိုကိုသွား နယ်ခံတွေမေး ခင်ဗျားတို့နယ်မှာ ဘာကြောင့် KIA မရှိရတာလဲလို

myo chit said...

ပန်းရဲ့လမ်းအဖွဲ့လိုကိုယ်ကျိုးစွန့်အနစ်နာခံတဲ့သူမျိုးတွေ
ဆိုလေးစားပြီးသားပဲ အေးငြိမ်းချမ်းရေးဆိုတာအစိုးရတစ်
ဖွဲ့ထဲလုပ်လို့မရဘူး သတ္တိရှိရင် K I A ဌာနချူပ်ရှိတဲ့
လိုင်ဇာကို သွား ဆန္ဒပြ လေ လက်နက်ကိုင်ထားတဲ့သုတွေကတော့ သူပစ်ရင်ကိုယ်ပြန်
ပစ်မှာပဲ

myo chit said...

ကချင်မှာတံတားတွေချိုးထားတယ် ဆန်တစ်ပြီ ၈၀၀၀ ကျပ် ဖြစ်နေတယ်
အစိုးရလုပ်သမျှကန့်လန့်တိုက်နေလို့ကတော့မြန်မာနိုင်
ဘယ်တော့မှငြိမ်းချမ်းရေးမရဘူး

အခြေနေအမှန် said...

ငါတို့ကရင်ထဲက အရင်းခံကိုရေးတာ ကြံ့ဖွ တ်လဲ မဟုတ် ဘူး စစ်သားလဲ မဟုတ်ဘူး ကချင်မှာမွေးကချင်ကြီးတဲ့ အရပ်သားစစါစစ်ကွ ရန်ကုန်မှာစတိုင်ထုတ်နေတဲ့ ပန့်ကေတွေ မဟုတ်ဘူး။ ရန်ကုန်သား ဒီလောက်ကပ်စေးနဲတာ ငါတို့ဆောင်ရတဲ့ ဆက်ကြေး ၁၀ပုံ၁ပုံလောက်ပေးရင် ဒီလိုဆန္ဒပြနိုင်ကြမှာမဟုတ်ဘူး ရန်ကုန်နေ Kia အလိုတော်ရိများ

myo chit said...

လွတ်လပ်ရေးရတယ် အချင်းချင်းချတယ် ရောင်စုံသူပုံ
တွေက တစ်နိုင်ငံလုံးသိမ်းတယ် ညီအစ်ကိုချင်း သားအဖ
ချင်း ပြန်သတ်ကြတယ် ငြိမ်းချမ်းရေးတစ်ကယ်လိုချင်တဲ့
သူတွေမငြိမ်းချမ်းတဲ့နေရာကိုကိုယ်တိုင်သွားကြပါလေ့လာ
ပါ ဒီမိုကရေစီဆိုတာ ဥပဒေစည်းကမ်းအောက်မှာပဲလွတ်
လပ်စွာဆန္ဒထုတ်ဖေါ် ရတာပါ ဥပဒေချိုးဖေါက်ရင်ဒီမိုကရေစီမဟုတ်ဘူး မင်းမဲ့စရိုက်ပဲ

myo chit said...

ရန်ဖြစ်ရင်ဘေးကနေပြီးဘာမဆိုင်ညာမဆိုင်ဆွမ်းကြီးဝင်
လောင်းတတ်တဲ့မင်းတို့ ရဲ့အကျင့်တွေကိုပဲအရင်ပြင် ကြ
ပါအုံး ရန်ကုန်သားတွေရယ်

Unknown said...

ဆန္ဒပြတဲ့သူတွေရဲ့ဓါတ်ပုံတွေကြည့်ရတာသင်္ကြန်မှာပျော်နေ ကြသလိုဘဲ၊ခံယူချက်မရှိဘဲသူများယောင်လို့လိုက်ယောင် နေတဲ့သူတွေ၊ပေါ်ပြူလာဖြစ်ချင်လို့စတန့်ထွင်သူတွေများ နေတယ်လို့သုံးသပ်ရပါတယ်၊ကားပေါ်မှာသီချင်းဆိုပြီးက နေတဲ့ယောင်္ကျား/မိန်းမတွေတောင်တွေ့လိုက်ရသေးတယ်၊ ရှေ့ကပေးထားတဲ့ comment ရေးသူတွေကဘ၀နဲ့ရင်းပြီး KIA ရဲ့ဒုက္ခတွေကို ခါးစီးခံလာရတဲ့သူတွေလို့ယုံကြည်ပါတယ်၊စဉ်းစားလုပ်ကြပါမျက်စိတစ်ဆုံးကြည့်စေချင်ပါတယ်၊အသုံးချခံများမဖြစ်ကြပါစေနဲ့လို့ဆန္ဒပြုပါတယ်။

Lapyae said...

KIA are killers, Bamar Sit-tut is great!
KIA are killers, Bamar Sit-tut is great!
KIA are killers, Bamar Sit-tut is great!

Geez! Thein Seins'd dogs are now desperate!

1. They will discredit Anti- War demonstrations. Usual mis-information.t to do nothing but put out LIES. Sky-ful of lies.

2. Go after the leaders and neutralize them as they have neutralized Aung San Suu Kyi, the 88 U Piang Lu Crowd and "Exile Meida".

3. Try to kill off all the kachins quickly but Min Aung Hlaing is impotent. Shame!

4. None of those will work. Happy discreditting Thein Sein's handlers in the Intelligence. You can bark but your days are up from now.

UShinGyi said...

Federal မူဆိုတာ ပြည်ထောင်စုကြီးကို ဖဲ့ပြီး ခွဲထွတ်အုပ်ချုပ်တဲ့မူမဟုတ်ဘူး။ တိုင်းပြည်ကို သစ္စာဖောက်ပြီး နိုင်ငံထူထောင်တဲ့ မူဝါဒမဟုတ်ဘူးကွ။
ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြား အာဏာကန့်သတ်ခွဲဝေပေးထားတဲ့ ကိုပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ စနစ်တခုသာဖြစ်တယ်။ဒီမိုကရေစီနိုင်ငံတိုင်း ဒီစနစ်ကိုအသုံးချတယ်။လေ့လာကြည့်ကြပါ။
ဘယ်သူမှစစ်မတိုက်ချင်ဘူး မင်းတို့ထက်တောင်ပိုပြီးအေးအေးနေချင်သေးတယ်။ ဒီလူမျိုးတွေအပေါ်မှာ ကတိအမျိုးမျိုးပေးပြီး ကတိအမြဲချိုးဖောက်ခဲ့တာ ဘယ်သူလဲ? ပြည်မကြီးနဲ့ တိုင်းရင်းသားတွေကြားက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လျစ်လျူရှုခဲ့တာ ဂျောင်ထိုးထားခဲ့ တာဘယ်သူလဲဆိုတာပဲ ကို့ကိုကိုပြန်မေးကြည့်ကျပါ။ ကချင်လူမျိုးဆိုတာ အရှေ့၊အနောက်၊တောင်မြှောက် စစ်ဌာနချုပ်လေးခုပေါင်း စစ်သားအင်အားရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိတဲ့ လူမျိုးစုလေးပါ။ ဒီလိုအစိုးရကိုဒီမိုကရေစီပြောင်းလဲပါပြီဆိုတိုင်း သေနတ်လေးအပ် ခင်များတို့သဘော လုပ်ချင်တာလုပ်ကျပါတော့ဆိုပြီး လွယ်လွယ်ခွင့်ပြုပေးလိုက်ရမှာလာ။ ဒီမိုကရေစီ ပြောင်းလဲပြီဆိုပြီး လွှတ်တော်ထဲမှာ စစ်ဝတ်စစ်စားနဲ့ စစ်သားကြီးများကလဲ အခန့်သားထိုင်လို့ စစ်သားနဲ့လွှတ်တော်ဘာမှကိုမဆိုင်တာ။ ရွေးကောက်ထားတဲ့ အမတ်ဆိုသူတွေကလဲ ပြည်သူတွေ သိပ်ကြိုက် သိပ်အားကိုးနေလို့ မဲပေးပြီး လွှတ်တော်ထဲ ထည့်ထားတာလားဆိုတာလဲ ပြန်မေးကြည့်ကျအုံး။ မြန်မာပြည်ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်စေချင်လို့ ကိုကျိုးမကြည့်ပဲ ဆန္ဒထုတ်ဖော်နေကျတဲ့ ကိုလူမျိုးအချင်းချင်းကိုတောင် အကောင်းမမြင်နိုင်တဲ့ကောင်တွေ တခြားတိုင်းရင်းသားတွေ အပေါ်ဆိုရင်တော့ နားလည်ပေးနိုင်ဖို့ဆိုတာဝေးရောပဲ။ ကွန်ပျူတာရှေ့မှာ ကိုမခံစားဖူးတိုင်း ကွန်မန့်လေးရေးပြီး အပြစ်လျှောက်ပြောမနေကျနဲ့ မိုက်ရင်သေနတ်ကိုင်ပြီး ကချင်ကို တက်ခဲ့...

zaw too said...

ဗိုလ်ချုပ် ကပြောခဲ့ဘူးတယ် ငါတို့ကချင်လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ခံယူချက်ကို ငါတို့ကိုယ်ကိုကိုယ်ပြင်မှရမှာတဲ့ အဲ့ဒါတိုင်းရင်းသားအားလုံးကို ရည်ရွယ်ပြီးပြောခဲ့ပုံရတယ်ခုကယား ကရင် ချင်း မွန် ရခိုင်ပြင်နေတယ် ကချင် ဗမာ ရှမ်း ပြင်ဖို့ကြိုးစားသင့်တယ် ဒီမိုကရေစီခောတ်ဦးကိုလျှောက်လှမ်းနေကြပြီ

zaw too said...

ဒို့နိုင်ငံမှာ တိုင်းဒေသကြီး ပြည်နယ် ဆိုတာကို နာမည်နဲ့ပဲခွဲခြားလို့ရနိုင်မယ် လူမျိုးရေးအရဘယ်လို့မှခွဲခြားလို့မရနိုင်ဘူး တိုင်းရင်းသားတွေကအကုန်ပေါင်းစည်းရောယှက်နေထိုင်နေကြတယ် အဲ့ဒိတော့ကချင်ပြည်နယ်ကို ကချင်ကစိတ်တိုင်းကျအုပ်ချုပ်မယ်ဆိုရင် ကချင်ပြည်နယ်မှာရှိနေတဲ့ လီးဆူး ရဝပ် နဲ့ ကျန်တိုင်းရင်းသားတွေကဘယ်ကျေနပ်ပမလဲ ဂျိမ်းဖောက လီးဆူးနဲ့ ရဝပ် ကို ဘာကြောင့်မတူမတန်ဆက်ဆံရတာလဲ အဲဒါလားဒီမိုကရေစီ ခုတိုင်းဒေသကြီး ပြည်နယ်အစိုးရတွေပေါ်နေပြီပဲ အုပ်ချုပ်ချင်ရင်ဝင်ရွေးပေါ့

မျီုး ချစ် said...

မင်းတို့ကောင်တွေသာ တ၇ုတ်ပြည်ထဲ ၀င်မပြေး၇င် kia ဆိုတာ လူ့ပြည်ကပျောက်ကွယ်သွားတာ ကြာလှပြီ။

Unknown said...

စစ်ဖြစ်နေတဲ့ တိုင်းပြည်...မစည်းလုံးတဲ့ တိုင်းပြည်....အချင်းချင်းနားလည်မှုမရှိတဲ့ တိုင်းပြည်ဟာ..ဘယ်တော့ မှ မတိုးတက်ဘူး...အဲဒါတော့ သေချာတယ်

UShinGyi said...

ဘယ်သူလဲ တရုတ်ပြည်ထဲဝင်ပြေးတာ။ မင်းတို့ပဲ တရုတ်ပြည်ထဲကနေခိုးဂျောင်ခိုးဝက် ၀င်တိုက်တာ။

Unknown said...

ကိုဇာနည်ပြောတာမှန်တယ် စာလည်းမဖက်
ဗဟုသုတလည်းမရှိ ဖယ်ဒရယ်မူဆိုတာ
စာများဖတ်တဲ့သူမှသိတာ မဆလ ခေတ်ကပြောတိုင်း
ပြည်ထောင်စုထဲကခွဲထွက်မှာမဟုတ်ဘူး
တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကိုလည်းပြန်ကြည့်
အုံးလေ။

myo chit said...

ဖက်ဒရယ်မူဆိုတာကောင်းပေမယ့်အခန့်မသင့်ရင်
ကိုဆိုဗိုဖြစ်သွားမယ် တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆို
တာလဲစဉ်းစားကြပါဦး ပညာရှင်တို့ရဲ့ အမေရိကန် ကိုပုံ
တူမကူးနဲ့ မတူဘူး

myo chit said...

အန်တီ L ခွန်းရီအဖေဘာလို့လပ်ကြံခံရတာလဲ လုပ်ကြံ
တဲ့သူကဘာလူမျိုးလဲ ပါဂျောင်မှာဘာဖြစ်လို့ကျောင်းသား
အချင်းချင်းသတ်တာလဲ ရောင်စုံသူပုံတွေဘာကြောင့်ဖြစ်တာလဲ ကိုလိုနီတွေက
လွတ်လပ်ရေးပေးမယ့်တိုင်းပြည်တိုင်းကို ခလုပ်တွေ ထား
ခဲ့တယ်ဆိုတာ သိကြရဲ့လား

Unknown said...

ှစစ်ဘေးဒုက္ခသည်တွေကို စာနာနားလည်လို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ စစ်ပွဲတွေကို ရပ်ကြဖို့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြနေကြတာ။ ခွဲထွက်တာတွေ မခွဲထွက်တာတွေ၊ ဖယ်ဒရယ်.. စတဲ့ နိုင်ငံရေးကိစ္စတွေက နိုင်ငံရေးညှိနှိုင်းမှုနဲ့ အာဏာရှိသူတွေ အချင်းချင်း ဖြေရှင်းရမယ့် ကိစ္စဘဲ။ ဆန္ဒပြသူတွေက ဒါတွေကို နားလည်းမလည်ဘူး၊ နားလည်ဖို့လည်း မလိုဘူး။ သူတို့ ဆန္ဒက ကမ္ဘာသူ၊ ကမ္ဘာသားတွေ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေ ရပ်ကြဖို့ တောင်းဆိုကြတာပဲ။ မဆီမဆိုင် ခင်ဗျားတို့ရဲ့ နိုင်ငံရေး ပေတံတွေနဲ့ ကိုယ်လိုရာဆွဲ တိုင်းတာပြီး အပြစ်တွေပြောကြ၊ ထောက်ခံကြ လုပ်နေကြတာ။
အဓိက စစ်ပွဲတွေရပ်ကြဖို့ပဲ။ လိုအပ်တဲ့ နိုင်ငံရေး ညှိနှိုင်းမှုတွေက အစိုးရတွေရဲ့ အလုပ်ပဲ။ ဆန္ဒပြသူတွေရဲ့ အလုပ်မဟုတ်ဘူး။ အဲဒါတွေအတွက် ဆန္ဒပြနေကြတာလည်း လုံးဝ မဟုတ်ဘူး။

UShinGyi said...

Lခွန်းရီ အဖေကဦးLခွန်ဖန် ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်။ ပြီးတော့ စစ်တိုင်းမှူးတယောက်
မင်းတို့ စစ်တပ်ထဲမှာ မြန်မာမဟုတ်တဲ့ လူမျိုးခြား တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်နေရင် ရာထူးမတက်ဘူး အခုခေတ်ဆိုပိုစိုး ဗိုလ်သင်တန်းတောင်လျှောက်လို့မရဘူး။ ဒါပေမဲ့ အဲဒီခေတ်အခါက ဦးLခွန်ဖန် ဆိုတာ ကချင်လူမျိုးဖြစ်တဲ့အပြင် ခရစ်ယာန်ဘာသာဝင်တယောက် မိန်းမက ဂျူးသွေးနောသူတဦး ..ဒီအချက်တွေကြောင့်ပဲ ဦးLခွန်ဖန် အသက်ဆုံးရှုံးခဲ့ရတယ်။ အခုထောင်ကလွှတ်လာတဲ့ကောင်ဆိုတာ kia လဲမဟုတ်ဘူး သေနတ်လဲပစ်တတ်တဲ့ကောင်မဟုတ်ဘူး လုပ်ကြံခံရတဲ့ ဖြစ်စဉ်တခုလုံးကို မြင်လိုက်ရတဲ့ အရပ်သား သာမန်လူတယောက်သာဖြစ်တယ်။ တရာခံမတွေ့လို့ တွေ့တဲ့ကောင်ဆွဲခေါ်တာခံလိုက်ရတဲ့ လဘာဂျာတကောင်။ ရိုးရိုးစစ်သားတယောက်နဲ့ ပြသနာဖြစ်တဲ့ အရပ်သားတယောက်လောက်ကိုတောင် သေမတတ်ရိုက်နက်ညင်းပန်းတတ်တဲ့ စစ်အာဏာရှင်က ဒီလို စစ်တိုင်းမှူးတယောက်ကိုတောင် လုပ်ကြံသတ်ဖြတ်ပြစ်တဲ့ကောင်ကို အခုချိန်အထိ အသက်ရှင်လျှက်နဲ့ထားနေပါအုံးမလား။ ဒီအမူ့ဆိုတာ စစ်တပ်အတွင်းလူမျိုးရေး ခွဲခြားလို့ဖြစ်ပေါ်လာရတဲ့ ဖြစ်ရပ်တခုဆိုတာ အမှန်တရားသိချင်ရင်လေ့လာကြည့်လိုက်ကျပါ။

thaung wai said...

ဟေ့ကောင်ကျော်လွင်ကိုပိုင်အုပ်အုပ်ချုပ်ရေး ဖက်ဒရယ်လည်းငါမသိ မင်းမေတ္တာတခါမှမပွားဘူးလားဘာသာတိုင်းမှာရှိသည် စာသိသိတာထက် ငါသိသိချင်တယ် စစ်အာနာရှင်ဆိုးမှထွက်ပေါက်ရှာခဲ့တဲ့ငါဘဲ

myo chit said...

ဆန္ဒပြရုံနဲ့ကမ္ဘာကြီးငြိမ်းချမ်းမယ်ဆိုရင် ငါအသေခံပြီးဆန္ဒ
ပြမယ်ကွာ မင်းတို့ငြိမ်းချမ်းရေးလိုချင်တာကြိုဆိုတယ်
ဒါပေမယ့်ဒီကိစ္စကအစိုးရရဲ့တာဝန်ကြည့်မဟုတ်ဘူးကွ
ငါတို့နိုင်ငံကတိုင်းရင်းသား၁၃၅မျိုးလုံးကိုငါချစ်တယ် ရခိုင်မှာဖြစ်တုံးကငါအရမ်းခံစားခဲ့ရတယ် ငါဗမာလူမျိုး
စစ်စစ် ကချင်မှာခုပြည်သူတွေဒုက္ခရောက်နေတယ် ငါအရမ်း ခံစားရတယ် ဒီအတွက် ငါရခိုငိဘက်ကိုရော
ကချင်ဘက်ကိုရော ငါတတ်နိုင်သလောက်ငွေတွေ လှုခဲ့
တယ် kia ကတံတားတွေချိုးတယ် kia ကိုလည်းတံတား
တွေမချိုးပါနဲ့လို့ဆန္ဒပြလေ

အခြေနေအမှန် said...

kia က မင်းတို့ပြောတဲ့ ဖက်ဒရယ်မဟုတ်ဘူး ကိုယ့်တပ်နဲ့ ကိုယ် အုပ်ချုပ်ချင်တာ

၁၀ ဖွဲ့ ကခရီးပေါက်နေပြီ ဦးအောင်မင်းလဲ လုံခြုံရေးမပါဘှဲသူတို့နယ်ထဲ လိုက်ဆွေးနွေး ပြီးပြီ
အကြောင်းအမျိုးမျိုးပြီး ရှေင်နေတာ အရှင်းကြီးဘဲ ငါတို့ အခွန်ကောက်လို့မှမပြီးသေးတာ။

Uncle Chan's အမလ said...

စစ်တိုက်တယ်ဆိုတာ ပြည်သူပိုင်ငွေကိုသုံးပြီး တိုက်ခိုက်ရတာဖြစ်တဲ့အတွက် ပြည်သူကတားစီးပိုင်ခွင့် ဆန္ဒထုတ်ဖောက်ပိုင်ခွင့်ရှိတယ်။

zaw too said...

?

Unknown said...

သောင်းဝေဆိုတဲ့ကောင် comment မှာစာလုံးပေါင်း
မှန်အောင်မပေါင်းနိုင်ဘူး
စစ်အာဏာရှင်ကို စစ်အာနာရှင်တဲ့
ဒါနဲ့များငါသိ သိဖို့လိုတယ်တဲ့အရှက်မရှိပြောတယ်
ကျောင်းကောင်းကောင်းမတက်ခဲ့ရလည်း
စာတော့များများဖက်ပေါ့ကွာ။

Unknown said...

We want freedom and justice to get achieved the actual peace. KIA fights for freedom with the national identity, None of your business. Quasi-govt, which is military backup, have been playing the political game with the ethnics for the sake of someone interest, none of your business. Hey! Murderer Thein Sein and your fellows Govt can do whatever u want to do, do it. U may have a lot of possessions, but u could not sleep well every night i bet.

win said...

အေး ငါသိတာတော့ ကချင် ကယား ကရင် ချင်း မွန် 'မြန်မာ 'ရခိုင်'ရှမ်း_`_`_`_´_´လုမျိုးပေါင်း များစွာနဲ့ ဖွဲ့စည်းထားတဲ့ ငါတို့တိုင်ပြည် မင့်တိုအကုန်လုံးကို လိုက်ပြီး ခွဲမပေးနိုင်ဘူး။ မင့်တို့တွေက သူပုန်ကြားမှာ မနေဘူးတော့ မင့်တို့ ဘာသိမှာလဲ။ တိုင်းရင်သားပေါင်းစုံနဲ့ဖွဲ့စည်းထားတာ တစ်ဦးတစ်ယောက် တစ်မျိုးနွယ်တည်း ကြည့်လို့မရဘူး။အဲ့ဒါ မင့်တို့ သိဖို့လိုတယ်။သေသေချာချ သူပုန်အကြောင်း သိချင်ရင် လာချင်ရင် ငါတို့ဖိတ်ခေါ်ပါတယ်။အရောက်ပို့ပေးမယ် ဂဂနနသိရတာပေါ့။ ဟုတ်ပြီးလားး

win said...

မှန်တယ် '
ငါ့တို့ နိုင်ငံဟာ ကချင်လူမျိုးစု တစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။မင့်တို့ အထက်က ပထွေးတွေကောင်းစားဖို့ ကချင်ပြည်သူတွေကိုခုတုံလုပ်လို့ ကချင်ပြည်သူ
အများကြီးဒုက္ခရောက်လှပြီး။စစ်တပ်က တကယ်သာ တိုက်ခိုက်ရင် ငါမပြောလိုက်ချင်ဘူး
ပြောတော့ ကချင်ပြည်သူကောင်းစားရေး ကောင်းစားရေးတဲ့

win said...

မှန်တယ်
တိုင်းရင်သား အားလုံးကိုထည့်တွက်ရမှာလေ
သူများတိုင်ပြည်နဲ့ မယှဉ်နဲ့ အနေအထာ ကတူလို့လား
မတူရင်မတုနဲ့လေ
ငါတို့မျိုးနွယ်အားလုံးက ကချင်တောင်းသလို လိုက်တောင်းကုန်ရင်တော့မင့်တို့ဘာပြောမလဲ
ငါသိချင်လို့ပါ။

Peace Maker said...

ဟေ့ကောင် မျိုးချစ်... မျိုးမစစ်တဲ့ကောင်..

ကိုယ့်မြန်မာတိုင်ရင်းသားတွေကို မင်း မချစ်တတ်မှန်း ငါ သိပါတယ်...
မင်းက ဗမာလူမျိုးဆိုတော့.. ဗမာမျိုးနွယ်တွေ ရခိုင်တွေကိုပဲ ချစ်တတ်မှာပေါ့..
မျက်ကန်းမျိုးချစ်
မြန်မာတိုင်းရင်းသားဖြစ်တဲ့
ငါတို့ ကချင်လူမျိုးတွေကို မချစ်တတ်လို့ မင်းဒီစကားမျိုးပြောတာပေါ့

mann tha said...

မင်းတို့ကိုပြောချင်တာက စစ်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်အောင်ကြိုးစားဖို့ ကွ ဖက်ဒရယ်ဆိုတာခွဲထွက်ဖို့မဟုတ်ပါဘူး၊ ကချင်ကို border pass နဲ့သွားချင်ရင်သွားရပစေ visa တောင်းပြီး passport နဲ့တော့မသွားပါရစေနဲ့

မန်းသား