Monday, September 10, 2012

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်
စံကွန့်

ပွဲက အခုမှ ကြည့်လို့ ပိုကောင်းလာတယ်။

ဟိုတုန်းကလို ကြိုးဝိုင်းထောင့်ထဲ အသေပိတ်ထိုးနေတာမျိုး မဟုတ်တော့ဘူး။ မျက်နှာကို ဖွင့်ပေးလာတယ်။ ရင်ဘတ်ကို ဟပေးလိုက်တယ်။ ချောင်ပိတ်အထိုးခံနေရာကနေ တချက် တချက် ပြန်ထိုးဖော်ရလာတယ်။ ပရိသတ်က “ဟေး ကနဲ” အားပေးလာတယ်။ ပွဲလေး စိုပြည်လာအောင် နည်းနည်း ဖွင့်ပေးတာကို အခွင့်ကောင်းယူပြီး နှာခေါင်းသွေးထွက်အောင် ထိုးလာရင်တော့ စောစောကလိုပဲ ကြိုးဝိုင်းထောင့် ပို့ပြီး အသေပြန်ထိုးလိမ့်မယ်။ မယုံ … ကြည့်။

*******

ပွဲက အခုမှ ပိုကြည့်လို့ ကောင်းလာတယ်။

မတတ်သာလို့ သွားဖြဲပြတာကို ပြုံးတယ်လို့ တချို့က ထင်လာကြတယ်။ ကိုယ့်ရောဂါကြောင့် အသားရှောင်တာကို သက်သတ်လွတ်စားတဲ့ သူတော်စင်ကြီးလို့ မြင်တဲ့လူက မြင်တယ်။ ၀န်ကြီးချုပ်ကနေ သမ္မတရာထူး ‘ပြောင်း’ သွားတာ၊ စစ်ယူနီဖောင်းကနေ ပုဆိုးတိုက်ပုံ ‘လဲ’ လိုက်တာကို တချို့ ‘ပြောင်းလဲ’ ပြီဆိုပြီး လက်ခေါက်မှုတ်ကြတယ်။ အာဏာလက်ဆုပ်မဖြေချင်တဲ့ စစ်အုပ်စုဟာ ဒီအတိုင်း ရှေ့ဆက်သွားဖို့ ခက်ခဲလာတဲ့အခါမှာ သူတို့ ဆက်လက် ရှင်သန် ရပ်တည်ဖို့ (Survival ဖြစ်ဖို့) နည်းလမ်းတခုကို ရှာနေတဲ့အချိန်၊ အမေရိကန်ဟာ စစ်ပွဲနှစ်ခုနဲ့ စစ်ပန်းနေချိန်၊ အရှေ့အလယ်ပိုင်းမှာ သြဇာကျနေချိန်မှာ အာရှ-ပစိဖိတ်မှာ တရုတ်ကြီး ‘ထောင်’ နေတယ်။ မြန်မာဟာ တရုတ်ကြီးရဲ့ ရင်ခွင်ထဲမှာ သူပြုသမျှ နုရတဲ့ ဘ၀၊ အာရှ-ပစိဖိတ်မှာ အင်အားချိန်ခွင်လျှာ ညှိချင်နေတဲ့ အမေရိကန်က မြန်မာကို မျက်စတချက် လှမ်းပစ်လိုက်တယ်။ ပေါက်ဖော်ကြီးနဲ့ ဖွတ်ဖွတ်ကြေနေတဲ့ မြန်မာ ငေါက်ကနဲ ထလာတယ်။

တနည်းပြောရရင် မသာအိမ်ရှာနေတဲ့ ဖဲသမားနဲ့ ဖဲသမား မျှော်နေတဲ့ မသာအိမ် တွေ့ကြတာပဲ။ ဒါကို အူကြောင်ကြောင် နိုင်ငံရေးသမားအချို့နဲ့ အရိုးမျှော်အုပ်စုတချို့က သမ္မတကြီးကို ယုံပါတယ်၊ သမ္မတကြီး ကျန်းမာပါစေဆိုပြီး ထအော်ကြတယ်။ တကယ်တမ်း စစ်အာဏာရှင်တို့ရဲ့ အကျင့်စရိုက်နဲ့ အဇ္ဈတ္တကို သိသူတွေက ရင်ထုမနာဖြစ်ကြရတယ်။ တချို့က ပြုံးကြတယ်။

*******

ပွဲက အခုမှ ပိုကြည့်လို့ ကောင်းလာတယ်။

နိုင်ငံရေးသပွတ်အူကြီးက မျောလာချိန်၊ ကမ်းစပ်သွားပြီး လဲမှို့အိတ် ဖွင့်တဲ့သူက ဖွင့်တယ်။ လူစည်စည်မှာ ဆူးလှည်းကြီး မောင်းတဲ့သူက မောင်းလာတယ်။ ၀ါးလုံးနင်း ၀ါးခြမ်းနင်း အစိုးရက ရှေ့နှစ်လုပ်မယ့် အရှေ့တောင်အာရှအားကစားပွဲလေး အောင်အောင်မြင်မြင် ဖြစ်ချင်တယ် (၆၉ ကျွန်းဆွယ်တုန်းကလို အရှက်ကွဲမှာစိုးတယ်)။ ၂၀၁၄ မှာ အာဆီယံဥက္ကဌဖြစ်မှ တိုင်းပြည်က ဆူဆူပူပူ ထပ်ဖြစ်ဦးမယ်ဆိုလည်း မဖြစ်သေးဘူး။ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ (စစ်တပ် ကျောထောက်နောက်ခံထားတဲ့ ပါတီ မြန်မာပြည်မှာ ဘယ်တော့မှ ရွေးကောက်ပွဲ မနိုင်တော့ဘူးဆိုတာ သူတို့သိတယ်)။

စစ်အစိုးရဘက်မှာ သူ့အပူနဲ့သူ ရှိသလို ပြည်သူဘက်မှာလည်း ကိုယ့်အပူနဲ့ကိုယ်။ ဘယ်မလဲ အားထားထောက်တဲ့ အတိုက်အခံနိုင်ငံရေးပါတီ။ ရှိသားပဲ NLD လို့ တချို့က ဆိုလိမ့်မယ်။ အလွန်အားကိုးခဲ့ဖူးတဲ့ နိုင်ငံရေးပါတီကြီးတခုပါ။ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ အသက်တွေနဲ့ ရင်းပြီး ရလာခဲ့တဲ့ ပါတီကြီး။ ကမ္ဘာဦးလူသားတွေ နေကို လကို မျှော်သလို မျှော်လင့်ချက်ကြီးကြီး ထားခဲ့ရတဲ့ ပါတီကြီး။ ခုတော့ အတိုက်အခံလား၊ ကြံ့ဖွံ့ညီနောင်ပါတီလား မသိတော့လောက်အောင် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဗိုလ်သန်းရွှေရဲ့ ပြဇာတ်အဖွဲ့ကြီးမှာ ဇာတ်ကောင်တကောင်အဖြစ် ပါဝင်ကပြနေပါပြီ။ ငါးစင်ရိုင်းသေးသေးလေးတကောင်တောင် ရုန်းထွက်ရန်မဖြစ်နိုင်တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေကို အတွင်းက ၀င်ပြင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလည်း ခုတော့ လွှတ်တော်ထဲက ကော်မတီတခုရဲ့ ဥက္ကဌ ဖြစ်လို့နေပါပြီ။ ကော်မတီနာမည်က တရားဥပဒေစိုးမိုးရေးကော်မတီတဲ့။ ရယ်လိုက်ရတာ ဖတ်ဖတ်မော … ရင်ဘတ်နောက်က ကြော။ ကော်မတီဥက္ကဌကြီးကိုယ်တိုင် အကြိမ်ကြိမ် နေအိမ်အကျယ်ချုပ်ခံခဲ့ရတာတွေ၊ ဒီပဲယင်းလုပ်ကြံမှုကြီးကို အခုထိ တရားခံမဖော်ထုတ်နိုင်တာတွေ၊ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင်လူသတ်မှု ခုထိ တရားခံ မမိသေးတာတွေ၊ ပူပူနွေးနွေး မနေ့တနေ့က ဖြစ်ခဲ့တဲ့ ရခိုင်အရေးအခင်းမှာ လူ ၁၀ ယောက် အသတ်ခံရတဲ့ကိစ္စ၊ ဒီအရေးအခင်းဟာ မတော်တဆလား၊ အစီအစဉ်ရှိရှိလား၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ရပ်ကွက် - ကျေးရွာ - မြို့နယ် - ခရိုင် - တိုင်း အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်ရှိတဲ့ တိုင်းပြည်။ ကိုလိုနီအမွေဖြစ်တဲ့ သန်းခေါင်စာရင်းကို သုံးပြီး တဦးချင်း လှုပ်ရှားမှုကို စောင့်ကြည့်တတ်တဲ့ တိုင်းပြည်မှာ ပဲခူးတိုင်း တရားသူကြီးဇနီးက အိမ်ဖော်မလေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်တဲ့အမှု ခုထိ တရားခံကို ဖမ်းမမိသေးတာတွေ …။

သူကြီးကိုယ်တိုင် လူသတ်တဲ့ရွာမှာ ဆယ်အိမ်ခေါင်း လုပ်မိတဲ့ အဖြစ်မျိုးပါကလား။

*******

အခုမှ ပွဲက ပိုကြည့်လို့ ကောင်းလာတယ်။

အစိုးရ ပင်ပင်ပန်းပန်း ပြုစုထားတဲ့ Black List ဆိုတဲ့ လူ ၆ ထောင်ကျော်ထဲက ၂ ထောင်ကျော်ကို ဖျက်လိုက်ပြီတဲ့။ တသက်လုံး စစ်အစိုးရ ဆန့်ကျင်ခဲ့ရက်သားနဲ့တောင် Black List ထဲမပါလို့ တက်တခေါက်ခေါက် ဖြစ်တဲ့သူကဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်က Black List ထဲ ပါသွားမှန်း မသိတဲ့ လူက တအံ့တသြဖြစ်။ ၈၈ နောက်ပိုင်း ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုပြီး ပြည်ပထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်အချို့လည်း ပြည်တော်ပြန်ကုန်ပြီ။ ပြည်တော်ပြန်ဖို့ အဖိတ်မခံရတဲ့ လူတွေကလည်း စစ်အစိုးရ လူတန်းစားခွဲခြားတယ်ဆိုပြီး ပူညံပူညံ။ အမေရိကား ရောက်လာတဲ့ စစ်အစိုးရ ထိပ်သီးခေါင်းဆောင်တယောက်ကို ဖိနပ်နဲ့ ချွတ်ပေါက်ခဲ့တဲ့ ရဲရဲတောက် ကျောင်းသားခေါင်းဆောင်ကြီးလည်း အသိတရား ရသွားပြီထင်ရဲ့။ လက်ခံရင် ပြည်တွင်းမှာနေပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်တဲ့။

“သေနတ်တစ်သန်း၊ ကျည်တစ်သန်းပေါ့
တစ်သန်းအမေရိကန်၊ ဗီယက်နမ်မှာ
တစ်ဆန်တစ်ယောက်၊ ဦးနှောက်ဖောက်ပြီး
တစ်ယောက်မကျန် သတ်လိုလှ” ဆိုပြီး အမေရိကန်ကို ပြစ်တင်မုန်းတီးခဲ့တဲ့ အညာသား ကဗျာဆရာကြီး ပြည်တော်မပြန်သေးဘဲ အမေရိကန်မှာ နှပ်နေတာ တစ်သန်းအမေရိကန် မပြည့်သေးလို့ ထင်ပါရဲ့။

တမိုးလုံးဖျောက်ဆိပ်လုပ်နေတဲ့ “၈၈ မျိုးဆက်ကျောင်းသားဟောင်း” များဆိုတဲ့ လူတန်းစားတရပ်ကလည်း ကမ္ဘာမှာ မြန်မာပြည်ပဲရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ပြန်လာတာ လေဆိပ်ကြိုဖို့ မဲခွဲတာ ရှုံးလို့ မကြိုလိုက်ရဘူးဆိုပဲ။

အင်း … ရှေ့လျှောက် ပွဲက ပိုကြည့်လို့ ကောင်းဦးမှာပါ။

နှစ်ပေါင်းများစွာ ကိုယ့်တိုင်းပြည်နဲ့ ကင်းကွာခဲ့တဲ့ ပြည်တော်ပြန် ကျောင်းသားခေါင်းဆောင်တွေလည်း ဖင်ပူအောင်မှ မထိုင်ရသေးဘူး၊ ပါဂျောင် မြောက်ပိုင်းလူသတ်မှုနဲ့ တရားစွဲဖို့ ခြိမ်းခြောက်ခံရနေပါပကော။ တိုင်းပြည်ရဲ့ အဖြစ်ဆိုးအမျိုးမျိုးမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကိုတော့ ဘယ်သူမှ ဘာမှ မပြောရဲကြပါ့လား။

ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်ဘူး၊ အန္တရာယ်လည်း မရှိဘူးဆိုတဲ့ ကိစ္စမျိုးမှာ စံကွန့်လည်း သတ္တိရှိပါတယ်။ အတိုက်အခံခေါင်းဆောင်ဆိုရင် အတိုက်အခံခေါင်းဆောင်နဲ့ ထိုက်တန်တဲ့ စကားမျိုးကို ပြောရမှာဖြစ်သလို အစိုးရဘက်က တာဝန်ရှိသူတယောက်ဆိုရင်လည်း အစိုးရဘက်က ကာကွယ်ပြောဆိုမှာ ဓမ္မတာပါ။

ပုသိမ် သွားပြီး ရေဘေးဒုက္ခသည်တွေ ငွေလှူဒါန်းဖို့ သွားတဲ့ ပုသိမ်မှာ နှစ်စဉ် ရေကြီးနေတာဆိုရင် ဘာ့ကြောင့်လဲဆိုတာ အဖြေရှာရမယ်တဲ့။ ဒေါ်စုရဲ့ စေတနာ လေးစားဖို့ကောင်းပါတယ်။ ဒေါ်စုရယ် … ပုသိမ်မှ မဟုတ်ပါဘူး။ မိုးလေး နည်းနည်းသဲရင် ဖရေဇာလည်း ရေနစ်ပါတယ်။ ကန်တော်ကလေးမှာလည်း ဒူးဆစ်ပေါင်လယ် ရောက်ပါတယ်။ စေတနာရှေ့ထား ပြောရရင် သဘာဝဘေးဒဏ်အတွက် ဒေါ်စု သိပ်သောကမရောက်ပါနဲ့။ မြန်မာပြည်ထက် အများကြီး ချမ်းသာတဲ့ အမေရိကန်တို့၊ ဂျပန်တို့တောင် သဘာဝဘေးဒဏ်ကို ကြိုတင်မကာကွယ်နိုင်ပါဘူး။ သက်သာအောင်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းပဲ လုပ်နိုင်ပါတယ်။ ပြည်သူတွေကို တကယ်စေတနာရှိတယ်ဆိုရင် ရန်သူမျိုးငါးပါးထဲက မင်း (မင်းဆိုးမင်းညစ်) ကို ဆုံးမပေးပါ။ လူဦးရေ ၅၇ သန်းမှာ ၁၄ သန်းပဲ လျှပ်စစ်မီးသုံးနိုင်တဲ့ ကိုယ့်တိုင်းပြည်ကို ‘ဘာ့ကြောင့်’ ဆိုတာ စဉ်းစားရတာက ပုသိမ်မှာ ရေကြီးတာထက် ပိုအရေးကြီးပါတယ်။ ဂစ်တာတလက် ၅၈၈ သိန်း ပေးဝယ်နိုင်တဲ့ မြန်မာသူဌေးကြီးအတွက် မုဒိတာပွားမိသလို ပညာမသင်နိုင်ဘဲ မြို့ပေါ်တက် အိမ်ဖော်လုပ်စားနေရတဲ့ ကျေးလက်က လူဆင်းရဲမိသားစုက သမီးပျိုလေးတွေကို ပိုဂရုဏာသက်ရပါတယ်။

ပြည်သူ့ဘဏ္ဍာ ငါ့ဟာ မှတ်ပါလို့ ဆိုပြီး ခိုးထား ၀ှက်ထားတဲ့၊ နိုင်ငံခြားဘဏ်တွေမှာ အမည်အမျိုးမျိုးနဲ့ ရှိနေတဲ့၊ အာဏာရှိသူနဲ့ ပေါင်းစားနေတဲ့ ခရိုနီစီးပွားရေးသမားတွေရဲ့ စည်းစိမ်တွေကို လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရင် စံကွန့် လက်အုပ်ချီပြီး သာဓုခေါ်နေမှာပါ။

စံကွန့်

37 comments:

Anonymous said...

ဒေါ်စုလည်းမချန် ။၈၈လည်းမချန် ။အလုပ်လုပ်နေ သူမှန်သမျှ မြင်မြင်ရာ အကုန် လက်ညိုး ထိုးနေတော့တဲ့ ဒေါက်တာလွဏ်းဆွေရဲ့ တောင်တောင်အီအီများနောက်ဆုံးဗားရှင်း
http://8888linker.blogspot.com/2012/09/blog-post_8253.html

hein said...

ဟုတ်ကဲ့ ကျွန်တော် သိတာပြောရရင် ဒီစာရေးသူဘာမှ မှားမနေဘူးလို့ ထင်ပါတယ်.. ကျွန်တော် သည် ဒေါ်ဆု ကို အားကိုးပါတယ်...အလွန်အကျွံတော့ မဟုတ်ပါဘူးခင်ဗျာ..ခု အန်တီဆု လွှတ်တော်ထဲရောက်နေပါတယ်.ဘာမှကို လှုပ်မရပါဘူး nld က အမှားကြီး တစ်ခု လုပ်လိုက်မိတယ်လို့ ထင်ပါတယ်.ခင်ဗျာ

Anonymous said...

အမှားကြီးတခုလုပ်လိုက်တယ်ဆိုရင်လည်း ဒေါ်စုနဲ့ ၈၈ မျိုးဆက်တွေဘာလုပ်ကြရင်ကောင်းမလဲ သင့်လျော် တဲ့အကြံဥာဏ်စာတမ်းတစောင်လောက်ပြု စုပြီးေ ပးသင့်ပါတယ်။ သူတို့ လည်း ဥာဏ်စွမ်းကိုယ်စွမ်းရှိသမျှလုပ်နေကြတာပါ။ အလုပ်လုပ်နေတဲ့သူတွေကတော့ အမှားအယွင်းရှိမှာသေ ချာပေါက်ပဲ။
ကွင်းထဲဝင်ကန်ကြည့်မှ ပဲ သူတို့ လက်တွေ့ ဖြတ်သန်းနေ ရတဲ့အခက်အခဲတွေကို ကိုယ်ချင်းစာနိုင်မှာပါ။ သေချာတာတော့ သူတို့ လောက် ဒီနိုင်ငံအပေါ် စေတနာထားတဲ့ သူတွေ ရှာမတွေ့ နိုင်ပါဘူး။

BDN said...

စံကွန့် ရေ....နဲနဲလေးပျော့နေသလားလို့ ....
ခပ်စပ်စပ်လေးရေးကွာ.... ************အမှု ပေါ့နေမှာစိုးလို့ ....ဆို သလို ပေါ့ကွာ....

Tomahawk said...

What a piece of nice writing.
Let's see who wants to argue with this article?
These facts are truth.
We will see Ko Moethee and his group will say or do something out of nothing before they leave Burma.
I can't believe those '88 group (especially the guy name, Jimmy)don't see Moethee as their comrade, they see him as their rival and they look like we don't want to give too much respect to him(they lived and eduacted in USA). Now,regimes have their master plan and that plan is working so well, they will put all of them back into the prisons after 2015( including The Lady).

Unknown said...

သမတနဲ့ ဒေါ်စုတို့ရဲ့ လုပ်ငန်းစဉ်တွေကို အရင်က တင်းပြည့် ကျပ်ပြည့်ထောက်ခံခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ယုံကြည်မှုကင်းမဲ့လာတာ အမှန်ပါပဲ။
တကယ်တော့ ဒီစာထဲမှာ ရေးထားတာတွေဟာ အကုန်လုံး အမှန်တွေပါပဲဗျာ။
ကြည့်ရတာ ဦးသိန်းစိန်ဟာ နောက်ကွယ်က လူကြီး အတွက် သစ္စာရှိစွာ လုပ်ပေးနေပုံရပါတယ်။
အချိန်က စကားပြောသွားမှာပါ။ အချိန်တန်လာရင်တော့ ဘယ်သူဘာလဲ ဆိုတာ သိလာကြမှာပါ။

mgmg.blogspot.com said...

အရမ်းမှန်တယ်၊ ပြည်သူတွေထောက်ခံတယ်ဆိုတာသိလျှက်သားနဲ့ ပြည်သူကိုလှည့်စားပြီးလွှတ်တော်ထဲဝင်သွားတဲ့အတိုက်ခံမပြောနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ကတည်းက လွှတ်တော်မှာ ဘာမှလုပ်မရနိုင်ဘူးလို့ ဟောကိန်ထုပ်တဲ့သူရှိခဲ့ဘူးတယ်။ သူကိုအပြစ်မြင်ကြတဲ့ ပြည်သူတွေလည်း အများကြီးပါပဲ။ အင်အယ်လ်ဒီ ဘက်တော်သားတွေက ဒီမိုကရေစီကို နားမလည်ဆုံးသူတွေဖြစ်နေတယ်။ ဒေါ်စုကိုထောက်ခံတာကို ဒီမိုကရေစီထင်ပြီး ဒေါ်စုကိုမထောက်ခံရင် ဒီမိုကရေစီ လို့သူတို့လက်မခံလိုကြ။ ကဲအခုပြောကြည့် လွှတ်တော်ထဲ့မှာ သမ္မတပြောင်ကြီးနဲ့ တိုင်ပင်တယ်-- ဘာပြောတယ်ဆိုတာ ပြည်သူကိုပြောမပြဘူး။ ရွှေမန်နဲ့တွေ့တယ် တိုင်းပြည်အတွက်မှန်ရင် ပြည်သူကိုပြောပြရမှာပေါ့ အတိုက်အခံတယောက်အနေနဲ့။ မပြောဘူး။ ဘာကြောင့်လဲ--- တိုင်းပြည်ကို ပေါင်းကြီးကြံနေကြတာလား။ ဟိုတုန်းကလည်း ဦးခင်ညွန်နဲ့ အကြိမ်းကြိမ်နေအိမ်အကျယ်ချုပ်မှာတွေ့ခဲ့တယ်။ ဘာဆိုတာ မပြောပြခဲ့ဘူး။ တကယ်တော့ ပြည်သူတွေအားကိုးတဲ့ အတိုင်အခံဆိုတဲ့ ခေါင်းဆောင် အရေးကြုံရင် ခေါင်းရှောင်တတ်ပြိး။ သူလုပ်ချင်တာတခုအတွက် ပြည်သူကို ဘယ်တုန်းကမှ အလေးမထားခဲ့ပါဘူး။ မပွင့်လင်းခဲ့ပါဘူး။ သူမကိုယ်တိုင် ဒီမိုကရေစီကို သိပေမဲ့ မကျင့်သုံးသေးတာပါလား။ ခုတော့ အားလုံးကို တရားနဲ့ဖြေပြိး လွှတ်တော်ထဲမှာ ပုတီစိပ်တော့မယ်ပေါ့။ မိုးလုံးကြီးပစ်တုန်းက ဟော ခုပဲ လွှတ်တော်ကိုကိုင်လှုပ်တော့မလိုလေ-- တကယ်တော့ သူလုပ်ချင်တာအတွက် ပြည်သူကို ဂရုမစိုက်တာပါ။

S.T said...

အဲဒီ ဒေါက်တာလွန်းဆွေ၊ဒေါက်တာချက်ကြီး၊ဇော်ဝင်း၊ အခုဆောင်းပါးရေးတဲ့ စံကွန့်ဆိုတဲ့ကောင်ရယ်၊ သူ့ကိုထောက်ခံတဲ့သူတွေရယ်၊ ဒီလောက်တောင်ဖြစ်နေကြရင် ခင်ဗျားတို့ကိုယ်တိုင်ပဲ ပြည်တော်ပြန်ကြပြီး ကြံ့ဖွံ့အစိုးရနဲ့ထိပ်တိုက်သွား ရင်ဆိုင်လိုက်ကြပါလား၊ အဲဒီလိုရင်မဆိုင်ရဲရင် လုပ်နေတဲ့လူတွေကို မဟောင်ကြပါနဲ့၊ အပြုသဘောဆောင်ကြစမ်းပါ။

Anonymous said...

လက်ညိုးထိုးတဲ့အလုပ်က အလွယ်ဆုံးအလုပ်ပေါ့။ ကွန်ပြူတာပေါ်ကခလုတ်ကလေးတွေနှိပ်လိုက်ရုံပဲ။ တကယ်တမ်းအချိန်ပြည့် သွားလာလှုပ်ရှားအလုပ်လုပ်နေကြတာ ဒေါ်အောင်ဆန်းစုကြည်၊၈၈မျိုးဆက်၊ နောက်မျိုးဆက်လူငယ်တွေ၊
ဒီလို အလုပ်လုပ်နေကြတဲ့သူတွေကို စာနာမှုနဲ့ ဝေဖန်ရေးသားမယ်ဆိုရင်တော့ ဒီဆောင်းပါးဒါထက်ပိုဖတ်ကောင်းမှာပါ။
ပြောမယ့်သာပြောတာပါ။ ဘုရားတောင်ဒီလိုလောကဓံ ကလွတ်ကင်းတာမဟုတ်တော့ ဒီလောကဓံကိုတော့ ဒေါ်စုရောမင်းကိုနိုင်တို့ ရော ခံရမှာပါအသေအချာပါ။ ဒီပဲယင်းမှာပဲဖြစ်ဖြစ်။ ဓနုဖြူမှာပဲဖြစ်ဖြစ် လုပ်ကြံခံခဲ့ရရင်လည်း တမျိုးမဟုတ်တမျိုးလက်ညိုးထိုးခံရတဲ့လောကဓံကို ကြုံရမှာပါ။ မင်းကိုနိုင်တို့ ၈၈မျိုးဆက်လည်း ထောင်ထဲမှာသေကျန်ခဲ့လည်း တမျိုးမဟုတ်တမျိုး လက်ညိုးထိုးတာတော့ခံကြ ရမှာပါပဲ။ ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ်
ဆီလို အပေါက်ရှာတတ်တဲ့ လူစားက တမျိုးရှိတာကိုး။

ကဲ။မနက်ဖြန်အလုပ်သွားရမယ်။ စောစောထရမယ်။
မနေနိုင် မထိုင်နိုင်ကွန်မင့်တွေပေးခြင်းမှရပ်နားပြီး အိပ်ပြီအရပ်ကတို့ ရေ။

Win said...

ကိုဟိန်းရေ ကျွန်တော်ကတော့ NLD ကအမှားကြီးလုပ်မိတယ်လို့ မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်စုကိုယ်တိုင် လွှတ်တော်ထဲမှာ ကြံ့ဖွတ်တွေရော တစ်မတ်သားစစ်တပ်တွေကိုရော ထိတွေ့နေတာဟာ သူတို့ကိုထိန်းကျောင်းဖို့ကြိုးစားနေတယ်လို့ အမြင်မျိုးရှိပါတယ်..ကြံ့ဖွတ်တွေရောတစ်မတ်သားတွေရောအခု သူတို့ကိုယ်သူတို့လည်း ဒေါ်စုနဲ့ထိတွေ့ရလို့ ဂုဏ်သိက္ခာရှိတယ်လို့ ထင်မြင်နေကြတယ် ...အားလုံးကပြစ်ပယ်ပြီး သိမ်ငယ်နေသူတွေ.. လက်ထဲမှာလည်း အာဏာနဲ့လက်နက်ရှိနေတဲ့ သူတွေကို ကြီးကျယ်တဲ့လူတစ်ယောက်ရဲ့နွေးထွေးတဲ့ဆက်ဆံမှုကိုရရှိစေတာက ပြည်သူတွေပိုမလုံခြုံဘူးလား.. အခု NLD လည်းမနားရပါဘူး လူသိရှင်ကြား မီဒီယာကမပြောရတာဘဲရှိပါမယ် သူတို့အရမ်းအလုပ်လုပ်နေရပါလိမ့်မယ်...၂၀၁၅ အတွက်ကောင်းတာပေါ့ဗျာ.. ဆက်ပြီးဝိုင်းရံကြပါ..

hein said...

ဟုတ်ပါတယ် ကိုဝင်းရေ..ဒါပေမဲ့ အဲဒီ စစ်အုပ်စု အကြောင်းကိုလည်း ခင်ဗျားသိပါတယ်ဗျာ..မိန်းမကျင့် မိန်းမကြံ ကြံတတ်တယ်ဗျ..ခု ဦးသိန်းစိန် လုပ်နေတာ တွေကိုရော..ကျန်တဲ့ သူတွေ အပြုသဘောဆောင်လုပ်နေပြောနေတာတွေကိုရော.ကျွန်တော်တို့ လို သာမန်ပြည်သူတွေ က မယုံရဲ သေးတာ အမှန်ပါခင်ဗျာ..ခု ဒေါ်စု ရဲ့ အခန်းက နည်းနည်းမှိန်လာပြီ..အနောက်အုပ်စု က စစ်အုပ်စု ကိုချဉ်းကပ်လာနေပြီ..ဒီတော့ အရင်က အန်အယ်လ်ဒီ က ဘာလုပ်မှာလဲ ဆိုတာတော့ တွေးမိသဗျာ..စစ်အုပ်စု ရဲ့ ချော့ တေး အောက်မှာပဲ ပျော့နေမလားဆိုတာပေါ့..ကျွန်တော် စဉ်းစားမိတာ ကျွန်တော် အထင်က တော့  ဒေါ်ဆု လွတ်တော်ထဲ ၀င်မသွားရင် ပို အလုပ်လုပ်နိုင်မယ်လို့ ထင်သဗျ..အဲလိုပြောလို့  မင်းကကော ဘာတွေလုပ်ပေးနေလို့ တုန်းလို့ မေးရင်တော့ ဖြေတတ်ဘူးဗျ..ကျွန်တော်တို့မှာ က အဲလို လုပ်ဖို့ အခွင့်အရေးကို မရှိတာ.လူမွဲတွေဗျ..အဲဒါတွေ စဉ်းစားနိုင်ဘူးလေ..ဟုတ်လား. ထမင်း အတွက်လည်းရှာရသေးသကိုး

Unknown said...

အမှားကြီးလုပ်လိုက်တယ်.. ဆိုရင်လည်း.. အမှန်ကြီး ဖြစ်သွားအောင် ဘာတွေ လုပ်သင့်တယ်ဆိုတာ အကြံပြုတဲ့ စာတွေရေးပေးပါဦး။ အခုရေးတဲ့စာက အကြံပြုတာလည်းမပါ၊ ဆွေးနွေးတဲ့သဘောလည်းမဆောင်.. ကိုယ်တိုင်က ဘာမှမလုပ်ပဲ ဘေးထိုင်ဘုပြောသလို ဖြစ်နေတယ်..။
ဒေါ်စုအနေနဲ့ ..
အကောင်းဆုံးဖြစ်မယ့်လမ်း ဒါမှမဟုတ် အဖြစ်သင့်ဆုံးလမ်းကို အသေအချာ စဉ်းစားဆုံးဖြတ်ပြီး လျှောက်လှမ်းနေတယ်လို့ နားလည်ထားတယ်။ ဒီလမ်းကို သိပ်ကြိုက်လို့ ရွေးထားတာမဟုတ်ပေမယ့် ခုချိန်မှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း ပိုမိုကောင်းမွန်သော အကြံအစည်များရှိရင် ချပြဖို့နဲ့ မရှိရင်လည်း လက်ခုပ်တီးအားပေးဖို့ဘဲ ရှိပါတော့တယ်။
ခုဟာက.. ဘေးထိုင် ဘုတောနေသူတွေကို ဘာလုပ်ရင်အကောင်းဆုံးဖြစ်မလဲလို့ မေးရင် ဖြေစရာစကားမရှိဘူး။ အဖြေရှိတဲ့လူက ထလုပ်ပြန်တော့လည်း ၀ိုင်းအာနေကြတယ်။
လင်္ကာ ရဲ့ ကွန်မန့်တွေဟာ ကျွန်တော် ပြောချင်နေတာတွေပဲ..။ Thanks Linker..

aristhteinwin said...

ဝေဖန်ခံရတဲ့ ကာယကံရှင်က ဒီဝေဖန်မှူကို သိရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ပြင်သင့်တာ ပြင်နိုင် သလောက် ပြင်ဘို့ စိတ်ကူးရမယ်ထင်တယ်။ အဲဒါပေမဲ့  မျက်စိမှိတ် ထောက်ခံနေသူတွေက မခံချိ မခံသာဖြစ်တာ ဒီမိုကရေစီ ကို နားမလည်လို့ လားဗျာ။ ဒီမိုကရေစီ နိုင်ငံတွေမှာ အာဏာရှိသူရော အတိုက်အခံ လုပ်သူရော လွတ်လပ်စွာဝေဖန်နေကြတာ- သူတို့ ထောက်ခံသူတွေက ဒို့ ထောက်ခံတဲ့သူကို ဝေဖန်ရကောင်းလားလို့  ဘယ်သူမှ မခံချိ မခံသာမဖြစ်ကြပါဘူး။

Unknown said...

ကြွက်တွေက ဒိန်ခဲမိုးကိုမျှော်လင့် ကြောင်တွေက ကြွက်မိုးကိုမျှော်လင့်
မျှော်လင့်ချက် မျက်မှန်မည်းကြီး တပ်ထားလျင် --
ဒိန်ခဲ (သို့) ကြွက် မကျကချင်း အော်နေကြရဦးမှာပါ

ka naung said...

dr lunn swe,r u foolish? shit brain in yr head.right??

Htein Linn said...

;wah wah.def correct..

Unknown said...

ဖရေဖာရေနစ်တာနဲ့ပုသိမ်ရေဘေးမတူပါ။ဖရေဇာမှာရေနစ်တာလူသေဘူးလားအိမ်တွေပြောင်းရဘူးလားကားတွေရပ်သွားဘူးလား။ပုသိမ်ရေဘေးကမနေ့တနေ့ကတင်လေမျောက်လို့ ၁၄ ယောက်သေတယ်။အိုးပစ်အိမ်ပစ်ပြောင်းကြရတယ်။သူမားအပြစ်ပြောချငိလို့ပေါ့ပေါ့မရေးပါနဲ့ခံရတဲ့သူတွေကိုကိုယ်ချင်းစာပါ။ဟုတ်ပြီဒေါ်စုလွှတ်တော်ထဲမ၀င်ရင်တခြာ alternativeပြောပြပါအုံး။ပြည်တွင်းမှာပြန်လာပြီးလူထုကိုဦးဆောင်ပေးပါအုံး၊လူထုဦးစိန်ဝင်း ၂၀၀၉ ဆလာက်က ဂျာနယ်တစ်ခုမှာရေးဘူးတယ် တကယ့်အင်အားကပြည်တွင်းမှာဘဲရှိတယ်တဲ့။အစစအဆင်ပြေမှ ပြည်တွင်းပြန်လုပ်မယ်ဆိုတာတာဆတာ့တမျိုးကြီးဘဲ

Anonymous said...

I agree with Ah Linkar...
Do nothing, just talk only,
What have you done for the country?

jp.myintswe said...

Man is mortal ,how old are amay su ,than shwe,thein sein,all hardliners & lunswe say nothing prove working,are u o.k?

KO KO said...

စါရေးသူသည် ခွေးရူး လိုလူစါးမျိးုးဖြစ်သည်

yoo said...

ဟိုတုန်းကလို ကြိုးဝိုင်းထောင့်ထဲ အသေပိတ်ထိုးနေတာမျိုး မဟုတ်တော့ဘူး။ မျက်နှာကို ဖွင့်ပေးလာတယ်။ ရင်ဘတ်ကို ဟပေးလိုက်တယ်။ ချောင်ပိတ်အထိုးခံနေရာကနေ တချက် တချက် ပြန်ထိုးဖော်ရလာတယ်..ဆိုတော့..
ပွဲ အစစ် မဟုတ်တော့ဘူး...။
လုပ်ပွဲ ပေါ့ ။

လုပ်ပွဲ က
အခုမှ ပိုကြည့်လို့ ကောင်းလာတယ်..
မဟုတ်ဘူးလား..ငကွန့် ရဲ့ ....။

ပွဲစစ် နဲ့  လုပ်ပွဲ တောင် မခွဲနိုင်ဘူး။
ဧကန္တ ပွဲ လုပ်နေတုန်း...
တစ်ဝှက်တစ်ပြက် နဲ့  ထရံ ဖြဲ ၀င်လာကြည့်တာ ဖြစ်မယ်။

တောင်အီ အီတောင် တောဖြစ် တွေးဖြစ်ပြီး...
ခင်လို့ မေးကြည့်တာပါ...။
ပြောနေရင်း..
အီးအီး...တောင် ပါ ချင်လာသလိုပဲ...။

true said...

အားလုံးကောင်းအောင်ကြိုးစားဆောင်ရွက်နေ ချိန်မှာအခုလိုမဟုတ်တာရေးပြီးဝေဖန်တာမ ကောင်းပါဘူးစံကွန့်ရေ၊မင်းရဲ့ချီးဘရိန်းနဲ့နောက်ကိုဒါမျိုးမလုပ်ပါနဲ့။ဆောက်ရူး စံကွန့်ဆိုတဲ့ကောင်
မင်းမျက်စိကန်းနေလား၊ဦးသိန်းစိန်၊အမေစု၊ ဦးရွှေမန်း၊၈၈ညီအကိုများ၊ပါတီပေါင်းစုံ၊အသိပ ညာအတတ်ပညာရှင်များစုပေါင်းကာတိုင်းပြည် တိုးတက်အောင်ဆောင်ရွက်နေတာမင်းသေချာ ကြည့်ပါ၊မဖျက်စီးပါနဲ့ငတုံးခွေးမသား။

ct said...

နွေဦး ကိုပဲမျော်လင့်နေတဲ့ အရူးတွေပါ

Unknown said...

မင်းတို့က ဘာလုပ်မှာလည်း
အကြမ်းနည်းသုံးမှာလား။ (လက်နက်ကိုင်တိုက်မှာလား)
အကြမ်းနည်းသုံးပြီးလက်နက်ကိုင်တိုက်မလား။ လက်နက်ကိုင်လမ်းစဉ်နောက် ဘယ်သူကလိုက်မှာလည်း။
ဒီမှာက အရှေ့အလယ်ပိုင်းမှာလို လက်နက်ပေါတာမဟုတ်ဘူး။ ပြည်သူတွေလက်ထဲမှာ လွန်ရောကျွံရောရှိ ငှက်ကြီးတောင်ဓားပဲရှိမယ်။ မင်းတို့ သတ္တိကောင်းတယ်ဆို မင်းတို့အရင်ဆုံးသေနတ်သမားကိုဓားနဲ့တက်ခုတ်ပြ။ လက်နက်ရအောင်လည်း ဘယ်ကောင်က ထောက်ပံ့မှာလည်း။ မိုးသီးဇွန်တို့ပြောတယ် လက်နက်ကိုင်လမ်းစဉ်မအောင်မြင်တာ
နိုင်ငံတကာအထောက်အပံ့မရလို့တဲ့။ ဒီလောက်ဆိုသဘောပေါက်။ အကြမ်းနည်းက ပြည်သူပဲနာမယ်။ မင်းတို့က နိုင်ငံပြင်ပကနေ ဟောင်ဖို့ပဲတတ်တာ နာတော့ ပြည်သူကနာမှာ။ လမ်းပေါ်ဆန္ဒထွက်ပြ တပ်ကပစ် လူတွေအများကြီးသေရင် အစုလိုက်အပြုံလိုက်သတ်နေပါပြီဆိုပြီး
နိုင်ငံတကာတပ်ဝင်ခိုင်းမလို့လား။ အဲဒါဆို မင်းတို့ ရှေ့ဆုံးကလာအသေခံပြလိုက်။ လူတိုင်းက ကိုယ့်အသက်တော့ ကိုယ်နှမြောတာချည်းပဲ။ ကိုယ်ကိုယ်တိုင်အသေမခံရဲဘဲနဲ့ အဝေးက ဟောင်မနေနဲ့။
အနုနည်းသုံးမှာလား။
အလယ်အလတ်လမ်းစဉ်လိုက်မှာလား။
အနုနည်းသုံးရင် ဒူးထောက်လိုက်ပြီပြောမယ်။
အလယ်အလတ်လမ်းစဉ်လိုက်တော့လည်း ဇာတ်မျောသွားပြီပြောမယ်။
သူတို့နေရာမှာ မင်းဆိုရင်ဘာလုပ်မှာလည်း။
သူတို့နေရာမှာ ငါသာဆိုရင်ဘာလုပ်မယ်ဆိုတာဆက်ပြောနိုင်မှ သူများကိုဝေဖန်။

mgmg.blogspot.com said...

အေး တခုရှိတယ်-- လက်ရှိအစိုးရလည်း သူအာဏာတည်မြဲဖို့အတွက်ပြည်သူတွေကို အကွက်ချလိမ်နေတာပဲ။ အဲဒီလိုပဲ ဒေါ်စုကလည်း သူမ နာမည်ကြီးရေးအတွက် ပြည်သူကြိုက်တဲ့စကားလုံးတွေနဲ့မိုက်ကရိုဖုန်းမှာစကားပြော၊ မလုပ်နိုင်ဘူးဆိုတာသိလျှက်နဲ့ ပြည်သူတွေထောက်ခံအောင် ဖွဲ့စည်းပုံပြင်နိုင်မယ်ဆိုပြိး ညာပြော-- ဘာထူးလဲ ၊ အတိုက်အခံကလည်း အတိုက်အခံမဟုတ်ဘူး၊ အစိုးရကလည်း အစိုးရမဟုတ်ဘူး။ ဒေါ်စုပါတီသမားတွေ၊ ပါတီထောက်ခံသူတွေကလည်း ဒီမိုကရေစိလို့ စကားအားဖြင့်ပြောတယ်-- ဒေါ်စုဝေဖန်တော့ဆဲကြဆိုကြတယ်၊ ဝေဖန်တာကိုမကြိုက်တဲ့သူဟာ ဒီမိုကရေစိကိုမျက်ကွယ်ပြုတဲံသူပဲ။ အဲဒါ ဒီမိုကရေစိရဲ့ အန္တရာယ်ပဲ။ ဒေါ်စုမှားတာတွေအများကြိး သူ့ပါတီက ဆရာကြီး ဦးဝင်းတင်ဆိုပိုသိမယ်။ လင်ယူမှားတာက စပြီးမှားတာ။ ကြိုက်တဲ့သူကိုယူနိုင်တယ်-- သို့သော် မြန်မာ့ယဉ်ကျေးမှုကို ခေါင်းဆေင်တယောက်ချို့ဖောက်ပြလိုက်တာပဲ။ ခေါင်းဆောင်းဆိုတာ Model ပဲ-- သူ့ကိုအားကျထောက်ခံတဲံသူတိုင်း သူစရိုက်မလွှမ်းမိုးဘူးလို့ မပြောနဲ့-- အဲဒီလိုလွှမ်းမိုတာဟာ လူ့သဘာဝပဲ။ အများကြီးပဲ ပြောစရာတွေ -- စစ်အုပ်စု က ပြည်သူတွေကို ဆန့်ကျင်ပြီး ချမ်းသာသွားတယ်၊ ဒေါ်စုက ပြည်သူတွေထောက်ခံတာကို အလွဲသုံးစားလုပ်ပြိး ဘွဲ့တွေရသွားတယ်။ နွားနှစ်ကောင်ကြားမှာ မြေဇာပင်ဖြစ်ခဲ့ရတာက-- ပြည်သူတွေ၊ ဓနမကြွယ်-- ပါဝါမရှိတဲ့ပြည်သူတွေ--- ကဲဘယ်သူငြင်းမလဲ။ ထောက်ခံမယ်ဆိုရင် -- လက်ရှိ အာဏာရအစိုးရကိုတောင်ထောက်ခံတယ်။ ဒေါ်စုလို အာသာချောင်ပြီး နှစ်ပေါင်း ၂၀ လုံးလုံး အုပ်တချပ် သေးတပွင့်တောင် လုပ်မပေးခဲ့ဘူးတဲ့ သူကိုတော့ ဒီတသက်ထောက်ခံဖို့စဉ်းစားရဦးမယ်။ ဒီမိုသမားတွေဟာ ပြည်ပမှာနေတုန်းက ရိုင်းချင်တိုင်းရိုင်း၊ လုပ်ချင်တိုင်းလုပ်-- ထမင်းတလုပ်အတွက် တိုင်းပြည်ကိုခုတုန်းလုပ်ခဲ့ကြတယ်။ တကယ့် ဒီမိုသူရဲကောင်းတွေပဲ။ ၈၈ ခေါင်းဆောင်တွေကိုတော့ လေးစားပါတယ်ဗျာ။

စက္ကဝါဆာန် said...

ဒီမိုကရေစီ ရဲ့သဘောသဘာဝရ လွပ်လပ်စွာ ဝေဖန် ပိုင်ခွင့်ရှိသည်။

Unknown said...

အေးပြောထားပေါ့ကွာ နောက်မှ အဖေတွေ ကို လာမတနဲ့

Shwe said...

မင်းက ဘယ်လိုလုပ်ချင်တာလဲ..၊ဒီစစ်အစိုးရကြီးကို ဘယ်လိုနည်းဖြင့် အလဲ ထိုးနိုင်မှာလဲ..၊မင်းတို့ ကျောင်းသားတွေ လက်နက်နှင့်တော်လှန်မယ်-ဆိုတဲ့စိတ်ဓာတ်နှင့် တောခိုလုပ်ခဲကြတာဘဲ၊ ဘာဖြစ်လာလို့လဲ..၊ဒေါ်စုသွားတဲ့လမ်းထက် မင်းတို့လမ်းက ပိုကောင်းရင် မင်းတို့ ရှေ့က တက်ပါ၊အားကိုးပါရစေ..၊ ဘာမှမလုပ်နိုင်ဘဲနှင့် ဘေးကထိုင်ဘူပြောတာတော့ စဉ်းစားသင့်တယ်..၊

Shwe said...

မင်း လုပ်ခဲ့တာလေး ပြောပါအုံး..၊ဟို..၈၈-တို့၊ အမေအိမ်တို့က တတ်နိုင်သလောက် လုပ်ခိုင်ခွင့်ရသလောက် ပြည်သူ့အကျိုး သည်ပိုးနေကြတာဘဲ၊ဖြစ်ချင်တာကတော့ ””သား ရွှေအိုးထမ်းလာတာမျိုး””မျိုး ဖြစ်ချင်တာပေါ့ဖြစ်ချင်တိုင်းမှ မဖြစ်နိုင်တာ မင်း လူဆိုရင် သိဘို့ကောင်းတယ်၊၊စစ်သားဆိုတာ အရူးလက်ထဲ သေနပ်ရနေတာမျိုးဆိုတော့ ဖြေးဖြေ ချော့မှ ရမယ်-ထင်တယ်၊သန်းရွှေက လူနပ်လူလည်ကြီး သူ့အသက်သူ့စည်းစိမ် ကာကွယ်မှာပေါ့၊ သိန်းစိန်လဲ သူ့တပည့်ကြီးဘဲ၊ကာကွယ်သင့်သလောက် ကာကွယ်ရမှာဘဲ၊သူ့ဆရာကြီးလဲ တဘက်ကကာကွယ်၊ပြည်သူလဲ တဘက်ကချမ်းသာအောင် လုပ်ရမှာ သူ့တာဝန်လေ၊လူဆိုတာ မျှမျှတတ သူဘက်ကိုယ်ဘက်စဉ်းစားရတယ်၊ တဘက်သတ် စဉ်းစားရင် နွားလိုလူ

yan said...

i agree the different idea or thinking. but as a burmese, you should suggest the suitable way how to overcome those difficulty. blaming should come with suggestion.

Unknown said...

ဘာမှသိပ်မသိပါဘူး ဒါပေမဲ့ဒီဆောင်းပါးကိုတော့လုံးဝ
သဘောမတူ လက်မခံနိုင်ပါဘူး

Unknown said...

အရေးအသားကောင်းလို့ဖတ်ကောင်းတာတခုဘဲရှိပ့ါတယ်

minnminn said...

ကိုယ်က သူတို့ထက်သာအောင်လုပ်နိုင်တယ်ဆို လုပ်ပြကွာ

Unknown said...

ဒီစာလေး ပြည်သူအားလုံးကိုဖတ်လို့ရအောင်လုပ်ပေးရင်သိပ်ကောင်းမှာပဲ

aung kaine(thailand) said...

လူတိုင်းလူတိုင်းစဉ်းစားကြည့်ကြဖို့ပါ ရုရှားခေါင်းဆောင်ဂေါ်ဗါးချော့က *အဓိက က အကြွင်းမဲ့အာဏာရှင်သတ္တဝါကြီးရဲ့ကြော၇ိုးကို၇ိုက်ချိုးပြစ်ဖို့ပါပဲတဲ့*ဒီနေ့ခေတ်ကြီးက ညီအကိုမသိတသိဖြစ်နေ၇တဲ့အချိန်အခါပါ လက်သည်အရှာခက်ပါဘိ သတ္တဝါကြီး၇ဲ့သားသမီးတွေသောက်ကြိုးနဲတော်ကြတယ်

Zamitherlay said...

သူများတွေးရေးလို့ ရေးလိုက်အုန်းမယ်။ အားလုံးမျက်လုံး မကောင်းတဲ့သူတွေကြီးပဲ ငါလဲ မျက်လုံးငမွဲပဲ။ ငမွဲချင်းချင်းအတူတူတွေပဲ သူများထက်တော့ ပိုမမြင်ချင်ပါနဲ့။ မျင်ချင်ရင် ဆရာဇော်ဂျီ ကဗျာထဲကလို စိတ်ကောင်းအခြေခံ၍ ၊ အတွေးအခြေခံ၍၊ အသိအခြေခံ၍၊ သတိအခြေခံ၍။ ဥာဏ်ပညာမွမ်းထုံးတပ်ပါမှ။ ဟပ်မိမည်ပ-တဲ့။ ဒိမိုကရေစီရဲ့အလှကို ကြည့်ချင်ရင်။ လုပ်ပေးချင်ရင် အဲဒီအချက်လေးတွေနဲ့ ညီအောင်ကျင့်ကြပါစို့လား။

Punisher said...

(mgmg.blogspot.com) ဆိုတဲ့ပုဂ္ဂိုလ်ကို အပြင်လောကမှာတွေ့ချင်လိုက်တာဗျာ ။ ဘယ်လိုဥပဓိရုပ်နဲ့ ဘယ်လိုလူစားမျိုးလဲဆိုတာသိထားရတော့ခပ်ဝေးဝေးကကြိုရှောင်နိုင်အောင်လို့ ။ ငါ့စကားနွားရ ပြောတတ်တာမှာတော့ ပြိုင်ဘက်ကင်းပါဘဲ ။ " လင်ယူမှားတာက စပြီးမှားတာ ၊ မြန်မာ့ယဉ်ကျေးမှုကို ခေါင်းဆောင်တယောက်ကချိုးဖောက်ပြလိုက်တာပဲ " တဲ့ ။ စဉ်းစားတတ်တဲ့ ၊ ဆင်ခြင်တတ်တဲ့လူဆိုရင် အဲဒီပြစ်တင်ရှူံ့ချက်ဟာ သဘာဝမကျဘူး ဆိုတာသိသင့်တယ် ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုကို ၊ မျိုးဆက်ကို နိုင်ငံထဲမှာမထားရဲလို့ ၊ မထားချင်လို့ အနုနည်းနဲ့ပြည်နှင်ဒဏ်ပေးထားတယ်ဆိုတာသဘောပေါက်ပုံမရဘူး ။ ကလေးဘဝကနေ အပျိုအရွယ်ရောက်ချိန်ထိ နိုင်ငံရပ်ခြားမှာဘဲနေထိုင်ကြီးပြင်းခဲ့ရတာကိုလဲ သတိရပုံမပေါ်ဘူး ။ အချိန်တန်လို့ သဘာဝအရ အိမ်ထောင်သားမွေးလုပ်ရမဲ့အချိန်မှာ သူ့ပတ်ဝန်းကျင် ၊ သူကျင်လည်နေရတဲ့အသိုင်းအဝိုင်းက သူ့ကိုမေတ္တာရှိတဲ့ ၊ သူကလည်းကြည်ဖြူနိုင်တဲ့လူတယောက်ကိုရွေးချယ်ပြီးလက်ထပ်ယူတာ ( Living Together မဟုတ် ) ကိုအမှားတစ်ခုလို့ယူဆချင်ရင် ၊ ကိုယ့်ကိုယ်ကိုပြန်မေးကြည့် ။ ငါသာသူ့နေရာမှာဆိုရင်??? လို့ ..... အဲဒါထက်ပိုပြီး သဘာဝကျခြင်ရင် ကိုယ့်အစ်မ ၊ ညီမတွေကို သူတို့တွေအဲဒီလိုအနေအထားမျိုးမှာဘယ်လိုတုံ့ပြန်မလဲ ။ တီးခေါက်ကြည့် ။ နောက်တစ်ခု က သူလင်ယူတဲ့အချိန်တုန်းက ငါမြန်မာနိုင်ငံမှာခေါင်းဆောင်ပြန်လုပ်မယ် လို့ ကြိုတင်ကြံစည်ထားတာမဟုတ်ဘူး ဆိုတာ တွေးမိရဲ့လားမသိ ။ သူ့မိခင်ကြီးကျန်းမာရေးကြောင့်ပြုစုစောင့်ရှောက်ဖို့ပြန်လာရင်း ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ရဲ့တောင်းဆိုမှုတွေကြောင့် ၊ သူ့အဖေရဲ့မျိုးဆက်သွေးပီသစွာ သမိုင်းကပေးလာတဲ့တာဝန်ကို ခေါင်းမရှောင်ဘဲ ယူလိုက်ရတာ ။ အဲဒီအတွက်သူပြန်ရလိုက်တာတွေက သူ့ရဲ့ကိုယ်ပိုင်မိသားစုဘဝပျက်စီးသွားရတာရယ် ၊ မိန်းမတန်မဲ့ နှစ်ပေါင်းများစွာ (များစွာ) ချုပ်နှောင် ကန့်သတ် တားဆီးခံရတာရယ် ၊ ဘေးထိုင် ဘိုင်ကျ ဘာမှမလုပ်ဘဲ ဘုပြောနေကြသူများစွာရဲ့ချစ်တီးခေါင်းသန်းရှာခြင်းခံရတာရယ်တွေပါ ။ များစွာများစွာသောဝိုင်းဝန်းတွန်းရွေှ့ကြသူတွေထဲမှာ (ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းခေါင်းဆောင်တွေ အင်အားကြီး နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကတလေးတစားအသိအမှတ်ပြုခံရတဲ့) “သူ”တယောက်ပါနေလို့ ဒီနေ့ ဒီအချိန်မှာ လက်ရှိအနေအထားထိရောက်လာရတယ်ဆိုတာ (mgmg.blogspot.com) ဆိုတဲ့ပုဂ္ဂိုလ်ငြင်းနိုင်ပါသလား ? အမေရိကန်ဆီးနိတ်လွှတ်တော်မှာနိုင်ငံတခုရဲ့လက်ရှိအာဏာရခေါင်းဆောင်မဟုတ်ဘဲစကားပြောခွင့်ရခဲ့သူဆိုလို့သူ့ရှေ့မှာ နယ်လ်ဆင်မင်ဒဲလားရယ် ၊ ပုပ်ရဟန်းမင်းကြီးရယ် ဘဲရှိတယ်လို့ဖတ်ဘူး မှတ်သားဘူးတယ် ။ ဒီလောက်ရှည်ရှည်ဝေးဝေးရှောက်ပြောနေလို့ NLD ပါတီဝင်လား? Supporter လား ? ထင်နေအုန်းမယ် ။ ဘယ်ပါတီဝင်မှမဟုတ်ဘူး ။ ပါတီနိုင်ငံရေးကိုလည်း စိတ်မဝင်စားဘူး ။ အလုပ်မရှိ ကြောင်ရေချိုးနေတာတွေ တွေ့ရတာများလာပြီး ၊ မနေနိုင်တော့လို့ ရေးလိုက်တာ ။