Friday, August 17, 2012

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ပက်သက်ပြီး VOA မေးမြန်းချက်အပေါ် သမ္မတ ဦးသိန်းစိန်၏ ဖြေကြားချက် (ရုပ်သံ)

2 comments:

Unknown said...

သမတကြီးခင်ဗျား
အခု အင်တာဗျူးနဲ့တော့မဆိုင်ပါဘူး။ အရှေ့က ရိုဟင်ဂျာ အင်တာဗျူးနဲ့ ပါက်သက်လို့ ပြောလိုပါတယ်။ သမတကြီး ဒီ comment ကိုတွေ့ နိုင်သည်ဖြစ်စေ မတွေ့ နိုင်သည်ဖြစ်စေပေါ့။
ဒီ ဆော်ဒီ အခြေစိုက် OIC ဆိုတာဟာ အစ္စလာမ်ဘာသာ ပြန့်ပွားရေး အစ္စလာမ် နိုင်ငံ၊ အစ္စလာမ် ဒေသများ ပိုမို ကျယ်ပြန့်လာစေရေး အတွက် ဖွဲ့ထားတဲ့ အဖွဲ့သက်သက်မျှသာဖြစ်ပါတယ်။ ငွေကြေးတောင့်တင်းပါတယ်။ လူအခွင့်အရေးဆိုတာ ကို ခြုံပြီး အင်အားနည်းတဲ့ နိုင်ငံလေး များ ကို စိုးမိုးဖို့ ကြိုးစားလိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ အပေါ်ယံက တော့ သာမန် NATO လို ASEAN လို အဖွဲ့ မျိုးပုံစံ ယူထားပေမယ့် သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ အစ္စလာမ်နယ်မြေချဲ့ထွင်ရေးပါပဲ။ ဒါပေမယ့် ဒီအဖွဲ့က တာဝန်ရှိသူတွေဟာ မုတ်ဆိတ် တကားကားနဲ့ မဟုတ်ပါဘူး။ အနောက်တိုင်းဝတ်စုံ ဖြစ်ဖြစ် အာရပ်အဝတ်အစားဖြစ်ဖြစ် သပ်သပ်ရပ်ရပ်ဝတ်စားပါတယ်။ လူမြင်ကောင်းအောင်နေပါတယ်။ လူပိန်းကြိုက် သကာရည်ဖုံး အပြောလေးတွေလည်း ပြောတတ်ကြပါတယ်။ ပညာလည်းတတ်ကြပါတယ်။ ယနေ့ ကမ္ဘာမှာ အစ္စလာမ်ဘာသာကို ပြန့်ပွါးအောင်လုပ်နေကြရာမှာ အကြမ်းဖက်ဆိုသူတွေက လူတွေကို အကြောက်တရားနဲ့ လုပ်ပါတယ်။ ဗုံးခွဲတယ်၊ သတ်တယ်၊ ရုပ်ပျက်ဆင်းပျက်လုပ်တယ်။ အစ္စလာမ်ဘာသာဝင်တွေကို ကြောက်အောင်လုပ်တယ်။ ဒီ OIC ကတော့ ကောင်းကောင်းမွန်မွန်ဝတ်စားတယ်။ ငွေပုံအောသုံးတယ်၊ စကားလှလှ သုံးတယ်၊ အချိုသပ်တဲ့နည်း၊ ဖိအားပေးတဲ့နည်းသုံးတယ်။ တကယ်တမ်း လေ့လာကြည့်ရင် အားကြီးတဲ့ နိုင်ငံဆို သူတို့ သိပ်မလုပ်ရဲပါဘူး။ တရုတ်မှာ ဟန်တွေနဲ့ မွတ်စလင်မျိုးနွယ် Uyghur တွေနဲ့ ဖြစ်ကြတုံးက တရုတ်က ပြတ်ပြတ်သားသား ဟန်ဖက်က ရပ်တည်တယ်။ OIC ဘာသံမှ သိပ်မထွက်နိုင်ခဲ့ပါဘူး။ တရုတ်က စစ်ရေးကော၊ ဓန ပါတောင့်တယ်။ အခု မြန်မာပြည်ကို ကျတော့ UN မှာ တင်ဖို့လုပ်တယ်။ ဒါကိုကြည့်ချင်းအားဖြင့် မြန်မာပြည်ဟာသေးတယ်၊ ဓန မရှိဘူး ဆိုတာသိလို့ လုပ်တာဖြစ်နိုင်သလို၊ သမတကြီးတို့ ဘက်မှ သူတို့ ရဲ့ pressure ကို လိုသည်ထက်ပို ပြီး response လုပ်နေလို့လည်းဖြစ်နိုင်ပါတယ်။ သမတကြီးတို့ အနေနဲ့ တကယ် တမ်းယူရမည့်အားသည် ပြည်တွင်းအားသာဖြစ်ပါတယ်။ လူထုအားသာဖြစ်ပါတယ်။ သမတကြီးနှင့် ကြံ့ခိုင်ရေးပါတီ အပေါ် ယခင်က ပြည်သူများမှ မယုံ ကြည့် ခဲ့လင့်ကစား နိုင်ငံကိုထိပါးမည့် ကိစ္စများတွင် ပြည်သူစစ်စစ်များကတော့ သမတကြီး တို့ အစိုးရနှင့်တသားတည်းရပ်တည်ပါလိမ့်မယ်။ ငွေမျက်နှာကို ကြည့် ပြီး လူ့အခွင့်အရေး အရေခြုံ ကာ ရန်သူကို မျက်စ ပစ်ပြနေသူ အချို့ ကတော့ အမြဲတမ်း ရှိနေမှာ ဖြစ်ပေမယ့် မပြောပလောက်တဲ့ ပမာဏဖြစ်လို့ ထည့်တွက်စရာမလိုပါဘူး။ လူ့ အခွင့်အရေးဆိုတာ အလွန်လှသလောက် အလွန်ရှုပ်ထွေးပါတယ်။ တကယ်တမ်းက ကြိုက်တဲ့ နိုင်ငံပြောင်းပါ.. လူဆိုတိုင်း အခွင့်အရေးအပြည့်မရပါဘူး။ သူတို့ နိုင်ငံသားနဲ့ တန်းတူ မရပါဘူး။ ယနေ့ အင်တာနက်ခေတ်ကြီးမှာ လေ့လာကြည့်ရင်သိနိုင်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ရထား သူ နှင့်နိုင်ငံသားနှင့်တောင် အခွင့်အရေးမတူပါဘူး။ ဘီဘီစီ အခြေ စိုက်ရာ ဗြိတိန်နိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားနဲ့ ပါတ်သက် လာရင် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါတောင် သူတို့ ဟာ နေထိုင်ခွင့် မပေးသင့်တဲ့ လူတွေကို နေထိုင်ခွင့်ပေးမိ၊ နိုင်ငံသားမပေးသင့်တဲ့ လူတွေကို နိုင်ငံသားပေးမိတဲ့ အတွက် ယနေ့ အခါမှာ UK မှာ Sxxxxa ဘာသာရေး ဥပဒေ ရှိရမယ် ဘာညာဆိုပြီး အကြပ်ကိုင် တောင်းဆိုတာ၊ အကြမ်းဖက်သမားမှန်းသိသိကြီးနဲ့ နိုင်ငံကနေ နှင်ထုတ်လို့ မရတာ စသည်ဖြင့် ကိုယ့်ကြိုးနဲ့ ကိုယ့်လည်ပင်းကို ပတ်မိနေပါတယ်။ အချုပ်ဆိုရမယ်ဆိုရင် လူ့ အခွင့်အရေးဆိုတာ ဟာ ကောင်းတာမှန်ပေမယ့် နေရာတကာ သုံးလို့ မရတဲ့ one size fits all မဟုတ်ကြောင်းနဲ့ သူ့နေရာ သူ့ဒေသ လူတွေရဲ့ အကျင့် အနေ အထိုင်ပေါ်မှာသာ လျှော်ညီအောင် ကျင့်သုံးသင့်ပါကြောင့် သမတကြီး တွေ့ တွေ့ မတွေ့တွေ့ အကြံပေးလိုက်ရပါတယ်။

ngaba said...

လူ့အခွင့်အရေးနဲ့ တိုင်းပြည်တွေရဲ့ နိုင်ငံသားအခွင့်အရေး ဥပဒေတွေကို ရောထွေးပြီး မမြင်စေချင်ပါဘူး။ လူ့အခွင့်အရေးဆိုတာ သဘာဝတရားကို အခြေခံတဲ့ လူဖြစ်ရခြင်းအတွက် စိတ်ဓာတ်အဆင့်အတန်း မြင့်မားတဲ့ လူယဉ်ကျေးအသိုင်းအ၀ိုင်းမှာ ရှိကိုရှိသင့်တဲ့ မွေးရာပါ အခွင့်အရေးပါ။ ဒါပေမယ့် နယ်မြေပိုင်းခြား သတ်မှတ်မှုအရ ဆိုင်ရာ၊ ဆိုင်ရာ အသိုင်းအ၀ိုင်းတွေရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေကလည်း ရှိမြဲ၊ ရှိဆဲ၊ ရှိနေဦးမှာဖြစ်ပြီး ဒါတွေကိုလည်း မျက်ကွယ်ပြု မလိုက်နာလို့ မရစကောင်းပါဘူး။
လူ့အခွင့်အရေးဆိုတာ သဘာဝတရားအပေါ် အခြေခံတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဥပဒေတွေဟာ အဲ့ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအပေါ်မှာ အခြေခံတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ တကယ့် လူ့အခွင့်အရေးကို လေးစားလိုက်နာ၊ ကျင့်ကြံနေထိုင်ခြင်းပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့ Rule of law နဲ့အညီ လိုက်နာနေထိုင်ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ အကျင့်သီလကို မြဲမြံစွာ စောင့်ထိန်းလိုက်နာခြင်းဖြစ်တယ်။
ဗြဟ္မစိုရ်တရားနဲ့တူတဲ့ လူ့အခွင့်အရေးနဲ့အညီ ရှုမြင်နေထိုင်ရမှာ ဖြစ်သလို၊ စောင့်ထိန်းလိုက်နာ ရမယ့် စည်းကမ်းဥပဒေသတွေကိုလည်း မပျက်မကွက် ကျင့်သုံးနေထိုင်သွားရမှာဖြစ်တယ်။ အဲဒီနှစ်ခုမှာ တစ်ဖက်ဖက်ကဘဲ ရှုမြင်မယ်။ တခြားဖက်ကို ထည့်စဉ်းစားစရာ မလိုဘူးဆိုတဲ့ အတွေးအခေါ်ကို သဘောမတူပါဘူး။
လူ့အခွင့်အရေးဆိုတာ အင်မတန် ရိုးရှင်းပါတယ်။ လူသားဆန်မှုပါ။ လူသားမဆန်ချင်သူတွေက မရှုပ်၊ ရှုပ်အောင် လုပ်နေကြတာပါ။
ဘင်္ဂါလီတွေကို လူသားဆန်စွာ သဘောထားနိုင်ရမှာ ဖြစ်သလို၊ မိမိတိုင်းပြည် ပြည်သူလူထု အကျိုးစီးပွားကို အမှန်တကယ် လိုလားစွာ ကာကွယ်မယ့် စစ်မှန်တဲ့ ပြဌာန်းဥပဒေတွေနဲ့ ညီညွတ်ခြင်း မရှိသူတွေကို ပြတ်သားစွာ ရှုမြင်အရေးယူနိုင်ရမယ်။ အရေးယူရဲရမယ်။ အရေးယူ အပစ်ပေးခြင်းဟာ လူ့အသိုင်းအ၀ိုင်းကို အကျိုးမဲ့စေသူတွေကို ထိန်းသိမ်း တည့်မတ်ပေးခြင်းနဲ့ လောကကို ကာကွယ်စောင့်ရှောက်ခြင်း အမြင်မျိုး ဖြစ်သင့်တယ်။