Sunday, July 1, 2012

အဆိုတော် ထူးအိမ်သင် ၄၉ နှစ်ပြည့် မွေးနေ့ အမှတ်တရ ...


“လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်
အခြားဘ၀တွေ ဆုံးရှုံးမသွားဖို့ပဲ
နှလုံးသားမှာ သတိရှိနေ
အိုး … စွန့်လွှတ်ဖို့အသင့်ပဲ”
(ထူးအိမ်သင် - နာရီရဲ့သီချင်း)
အဆိုတော် ထူးအိမ်သင်၏ မိခင်ကြီး ဒေါ်မြရင်
အဆိုတော် ထူးအိမ်သင်၏ ဇနီး မသွယ်သွယ်ထွေး (ပန်းရောင်နှင့် ...)
အဆိုတော် ထူးအိမ်သင်ရဲ့ တဦးတည်းသော သမီး ‘မိကွန်ထော’
ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်တွင် တေးသံရှင် ထူးအိမ်သင်၏ ၄၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အလှူကို ကျန်ရစ်သူမိသားစုဖြစ်သော ဇနီး မသွယ်သွယ်ထွန်းနှင့် သမီး မိကွန်ထော တို့မှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ တေးသံရှင် L လွန်းဝါ၊ R ဇာနည်၊ J မောင်မောင်၊ ဘိုဖြူ၊ ကိုအောင်၊ သျှီ၊ ကော်နီ၊ တေးရေး မြင့်မိုးအောင်၊ ညီညီသွင်၊ နောင်နောင် (Sunflower)၊ နေမျိုးဆေး၊ ကဗျာဆရာ ကိုစောဝေ၊ ဇော်လတ် (ဂစ်တာ-Metal Zone)၊ ၀င်းမော် (ဂစ်တာ-ရွှေသံစဉ်)၊ တင်ဦးသောင်း (စန္ဒရား-မြန်မာနိုင်ငံဂီတအစည်းအရုံး)၊ ကိုမျိုး (မြန်မာစာ) (ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်) တို့ လာရောက်ကြတာ တွေ့ရပါတယ်။ ရှေ့လမှာ ထူးအိမ်သင် ကွယ်လွန်ခဲ့တာ ၈ နှစ်ပြည့်မှာဖြစ်ပါတယ်။
အဆိုတော် ထူးအိမ်သင်ရဲ့ ဇနီးနဲ့ သမီး
ထူးအိမ်သင်၏ မိခင်ကြီးနှင့် အဆိုတော် သျှီ
ထူးအိမ်သင် ၄၉ နှစ်ပြည့် မွေးနေ့မှာ ထူးအိမ်သင် မိသားစုနဲ့ အမှတ်တရ
(ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်ဂျာနယ်နှင့် ရွှေသံစဉ်ဖေ့စ်ဘွတ်ခ်မှ ...)

3 comments:

iban said...

အနုပညာသမား စစ်စစ်ကြီးကို မေ့လို့မရနိုင်ပါဘူးဗျာ..
သူ့ဘ၀မှာ
အနုပညာနဲ့ ပတ်သက်ရင်..
ရိုးသားမှုအရှိဆုံး..
ရူးသွပ်မှုအရှိဆုံး..
မာနအကြီးဆုံး..
အချစ်တတ်ဆုံး..
ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးမှာ ကိုငှက်ဆိုတဲ့ ရှားပါးအနုပညာသတ္တ၀ါတစ်ကောင်(ယောက်) ပေါ်ပေါက်ခဲ့ဘူးလို့.. ဂုဏ်ယူနေရဆဲပါ။
အကိုငှက် ရောက်လေရာဘုံဘ၀မှာ.. အနုပညာစစ်စစ်တွေ ဖန်တီးနိုင်ပါစေ..
ကမ္ဘာမြေငြိမ်းချမ်းပါစေ..

thetlwin said...

ကိုထူးအိမ်သင်ရဲ့အနုပညာဖန်တီးမှု့တွေဟာ
ထာဝရနှလုံးသားထဲမှာရှိနေမှာပါဗျာ။

Unknown said...

ရာခဏ စောင့်ပေး ။ ထိုင်း ကို လှမ်းမေးပေးနေတယ် ။ ဇဝင် များ ရဲ့ သတို့ သမီး သီချင်း ပိုင် ရှင် ထူးအိမ်သင် ဘဝတိုင်း ဘဝတိုင်း အသက်ရှည် ရှည် နေ နိုင် ပါစေ သား ။