Friday, July 6, 2012

ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့် စရဖမှ ခေါ်ဆောင် (ကြံ့ဖွတ်စစ်အစိုးရ စစ်ဘီလူးအစွယ်ထုတ်ပြခြင်း)

YPI - ည ၁၀ နာရီခွဲ၊ ဇူလိုင် ၆ ရက်၊ ၂၀၁၂

ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ ပြောသည်။

ယင်းသို့ ခေါ်ဆောင်သွားသည်အချိန်နှင့် မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့လည်း လုံခြုံရေးအဖွဲ့များ ကားများဖြင့် လာရောက်ကာ ယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့်ဟု မသိရှိရသော်လည်း မနက်ဖြန်တွင် ကျရောက်မည့် ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်းဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။

မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင် ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

4 comments:

utheinthan said...

အရပ်သား အစိုးရလို့ပြောတယ်။ အရင် ဘောင်းဘီချွတ်လက်ကျန်စစ်အစိုးရနဲ့ အလိုတော်ရိအုပ်စုတွေဘဲများတယ်။ ဒီမိုကရေစီကိုပြောင်းလဲနေတယ်လို့ပြောတယ်။ အရင်အတိုင်းအာဏာရှင်တွေကို ပြည်သူက ကြောက်နေရတုံးဘဲ။ ၈၈ ကို သူ၇ရွှေမန်းလာပူးလဲ အဖမ်းခံနေရတုန်းဘဲ။ လူမိုက်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုတွေက ကြောက်နေရတုန်းဘဲ။ အရင်တုန်းက ရွှေရည်စိမ် လွပ်လပ်ရေးလို့ပြောတယ်။ အခုဟာကလည်း ယိုးဒယားရွှေ ဒီမိုကရေစီဘဲ။ အတိုက်အခံ တွေရဲ့ သေနင်္ဂဗျူဟာကလည်း သူတို့ကို ဆလံသနေရသေးတဲ့အချိန်ဆိုတော့ အစွယ်တုံးကြီးကြီးနဲ့ထိုးလည်း နာနေရသေးတာဘဲး

zaw myint said...

this government is born form mother prostitute and father fugitic.What a history !

Unknown said...

ဟုတ်တယ်၊ ဒီကောင်တွေဟာ လူမပြောင်းဘူး၊ သို့သော်လူပြောင်းမယ်လို့ဆိုတယ်။ ဒါပေမယ့်ဘာမှမထူးဘူး၊ ခုဟာက ဒီအထိန်းအမှတ်ပွဲကို ဘာခွင့်မပြုနိုင်စရာရှိသလဲ၊ ခွင့်မပြုနိုင်ဘူးဆိုရင် ၆၂-၇-၇-နေ့က နေ၀င်းနှင့်အပေါင်းပါတို့ကြူးလွန်ခဲ့တာကို သဘောတူ ထောက်ခံတယ်လို့ဘဲ ကျုပ်ကတော့ယူဆတယ်။ အထိမ်းအမှတ်ပွဲကို လုပ်လို့ဖမ်းတယ်ဆိုရင်တော့ ဒါဟာ ဟိုအပေါင်းပါတွေနဲ့အတူတူဘဲ၊ ခုမူလည်းမပြောင်းလူလည်း မပြောင်းလို့ဘဲ သတ်မှ်တတယ်။

ကောင်းကင်ကြီး said...

ဒါလေးလုပ်တာ တားမြစ်စရာအကြောင်းမရှိဘူး

အစိုးရအနေဖြင့်  တစ်ကျပ်လောက်အကုန်ခံခဲ့ပြီး

မှ ငါးပြားကို နှမြောသလိုဖြစ်နေတယ်.........