Tuesday, June 19, 2012

Facebook တွင် မြင်တွေ့ရသည့် ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုအခမ်းအနားများ၊ ဂုဏ်ပြုသွေးလှူပွဲများ၊ ဂုဏ်ပြုအမှတ်တရ ပို့စကတ်များ

4 comments:

minsoeaung said...

မြှောက်စား ။ ကောက်စား ။ ဖေါက်စား ။ ရိုက်စား ။
လုပ်စာား တွေများနေပါသည်။ပြည်သူ့ထောက်ခံမှုကြဆင်းနိုင်ပါသည်။သတိပြုကြပါကန်ု
လော့။

Myatnoethu said...

“စောင့်လေမျိုးနွယ်”
အရေးကြီးတော့“သွေး”နီးပါတယ်။ “သွေး”ကစကားပြောပါတယ်၊ ၂၀၁၂ ဇွန်၁၉ရက် အောက်စဖို့ဒ်မှာ ဒေါ်စုကြည်ဟာ သား (၂)ယောက်နဲ့ ဆွေမျိုးများနဲ့အတူ မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။ ယနေ့ကမ္ဘာကြီးမှာ လူမျိုး/ဘာသာခွဲခြားတာ မရှိသင့်တော့ဘူးလို့ ဒေါ်စုကြည်အနေနဲ့ “သွေး”နှော၊ “သွေး”ပျက်တာ၊ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တုန်း/ပြတ်သွားတာကို “ကာဘာ”လုပ်ပြီးပြောတာ အကြွင်းမဲ့ခြေခြေမြစ်မြစ်လက်ခံလို့ရမလား၊ယနေ့ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာ“မင်းမျိုးမင်းဆက်”ထိန်းသိမ်းထားတာ ဘာကြောင့်လည်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့အရိုးကတစ်ဆင့် ဖြာထွက်လာတဲ့ အကျိုးကျေးဇူးတွေမျိုးခြားသွားပြီဖြစ်တဲ့ ကပြား(၂)ယောက်ခံစားကြပေတော့၊ မိဘမေတ္တာနဲ့သာ ကြည့်ပြီး သာဓုခေါ်ကြပါစို့၊ “စောင့်လေမျိုးနွယ်” ဆောင်ပုဒ်နဲ့အညီလူမျိုး/ ဘာသာ/ သာသနာ ဂုဏ်ထိန်းကြပါ၊ မွေးဖွားရာဇာတိ၊ အမိမြေကိုတတ်နိုင်တဲ့ဘက်က တတ်နိုင်သမျှအလုပ်အကျွေး ပြုကြပါစို့ ။
မောင်မျိုးချစ်

aristhteinwin said...

စောင့်လေမျိုးနွှယ် တဲ့- ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ-အမျိုးဘာသာ- သာသနာ ဆိုတဲ့ စကားပြောလာတော့- သာသနာနဲ့ ဆက်စပ်တဲ့ စကားနဲ့ ဘဲပြောချင်ပါတယ်။ ဒီနေရာမှာ သာသနာ ဆိုတာ ဗုဒ္ဓသာသနာကို ဆိုတာလို့ နားလည်ပါတယ်။ အဲဒီတော့ ဗုဒ္ဓတရားတော်အလိုအရ တိတိကျကျဆိုလျှင် မြန်မာ- အမေရိကန်-ဗြိတိန် =ကုလား-တရုပ်ဆိုတာ- မရှိပါဘူး။ ရုပ် နဲ့ နာမ် ဘဲတကယ်ရှိတဲ့တရားပါ။ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတဲ့ အတ္တအမြင်ကင်းဘို့ တော့လိုတယ်။ ကိုယ့်လူမျိုးစစ်စစ်က ကိုယ့်လူမျိုးကို နှိပ်စက်လို့  တိုင်းပြည်ဘာဖြစ်နေသလဲ-ရှေးက လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့  ငြီးငြူတဲ့အသံကြားရဲ့ လား- နယ်ချဲ့ ကို တိုက်ခိုက်ပြီး လွတ်လပ်ရေးရအောင်ယူခဲ့တာ မှားများနေသလားလို့ အောက်မေ့မိသတဲ့။ ဘယ်သူဘယ်ဝါဘဲဖြစ်ဖြစ် လူသားဆန်တဲ့စိတ်ဓါတ်ရှိဘို့ က အဓိက ကပါဘဲ။။

Anonymous said...

မိဘရဲ့မေတ္တာအရိပ်အောက်မှုာ အပြည့်အ၀ရှိရမယ့် အသက်အရွယ်မှာ မိခင်ဖြစ်သူရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်တဲ့စိတ်ကြောင့် မိသားစုအသိုက်အမြုံ ပြိုကွဲရသည်အထိ ပါရမီဖြည့်ခဲ့ကြရသူတွေကို စာနာမိပါတယ်။ မိမိတို့ရဲ့ မိသားစုဘ၀တွေနဲ့ နှိုင်းယှဉ်ပြီး လူသားဆန်တဲ့၊ လူသားအသိ၊ လူသားစိတ်ရှိသူတိုင်း နားလည်ကိုယ်ချင်းစာနာ နိုင်ပါလိမ့်မယ်။ တော်ယုံစိတ်စေတနာ ထက်သန်မှုနဲ့တော့ ဒီအခြေအနေဆိုးတွေကို ကျော်ဖြတ်ဖို့ မလွယ်လှပါဘူး။

ဒေါ်အောင်ဆန်းစုကြည်လို ဗမာလူမျိုးစစ်စစ်တစ်ယောက်၊ တိုင်းပြည်ကို သူ့ကျွန်ဘ၀က လွတ်မြောက်စေခဲ့သူ ကျေးဇူးရှင်စစ်စစ်ကြီးရဲ့ သမီးဖြစ်သူကို တစ်ကမ္ဘာလုံးက လေးစားဦးညွတ်နေကြတာကို မျိုးချစ်စိတ်ရှိသူတိုင်း ဂုဏ်ယူမိကြမှာ မလွဲပါ။ အကောင်းမမြင်နိုင်အောင် အတ္တတွေ လွန်ကဲနေဦးတော့ ပုံမှန်သိစိတ်အခြေအနေ ရှိနေတယ်ဆိုရင် ဘယ်အပိုင်း၊ ဘယ်အခြေနေဟာဖြင့် တိုင်းပြည်အတွက် တကယ်အကျိုးရှိနိုင်တယ်၊ ဘယ်ဟာကဖြင့် ဂုဏ်ယူထိုက်တယ်၊ ဒါကို တော်တည့်မှန်ကန်စွာ အသုံးချတတ်ရင်ဖြင့် တိုင်းပြည်အမှန်တကယ် တိုးတက်ဖို့အတွက် အကောင်းဆုံးသော ဖြတ်လမ်းဖြစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရှိသူတိုင်း ဒီဖြစ်စဉ်အပေါ် နားလည်သုံးသပ်နိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဒေါ်စုရဲ့ အောင်မြင်မှုတွေအပေါ် များစွာ ဂုဏ်ယူထိုက်ပါတယ်။
ဒီနေ့ဒီအချိန်မှာ သွေးကွဲအပုပ်ချတဲ့ စကားလုံးတွေ ၀ါဒမှိုင်းတွေကို ဘေးဖယ်ပြီး ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်း၊ အတွေးအခေါ်တိုင်းဟာ တိုင်းပြည်တိုးတက်ရေးအတွက်သာ အဓိကထား ရှေးရှုစဉ်းစားလုပ်ကိုင်သင့်တဲ့ အချိန်အခါလို့ မြင်မိပါတယ်။
ဒီအခွင့်အခါကောင်းကိုမှ လက်တွေ့ အသုံးချရကောင်းမှန်းမသိဘဲ တယူသန်စိတ်တွေ လွန်ကဲနေကြရင် ဗမာပြည်အနာဂတ်ဟာ ခပ်ဝါးဝါးပဲ ရှိနေဦးတော့မှာပါ။