အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတခု ဖြတ်သန်းနေရတဲ့ နိုင်ငံတွေထဲက ရုရှားနိုင်ငံရဲ့ ဖြတ်သန်းရမှု အခြေအနေတွေကို အပိုင်းလိုက် ခွဲတင်ပြဖို့ စဉ်းစားမိရင်း ပထမပိုင်းကို စတင်ခဲ့ပါတယ်။ ချီလီ၊ အာဂျင်တီးနား၊ ဇင်ဘာဘွေ၊ တူနီးရှား၊ အီဂျစ်၊ အိုင်ဗရီကို့စ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် … အစရှိတဲ့ အာဏာရှင်တွေအောက် နေခဲ့ရတဲ့ နိုင်ငံတွေကို လေ့လာတဲ့အခါမှာ ဟိုကူး ဒီကူး ဟိုခုန် ဒီခုန် အများဆုံးနဲ့ ခေတ်ပျက်သူဌေး အသွင်ကူးပြောင်းရေး လူချမ်းသာ အများဆုံးရှိတဲ့ နိုင်ငံ၊ ခေတ်မီမီ လူ့အခွင့်အရေးချိုးဖောက်ပြနိုင်တဲ့ နိုင်ငံ၊ ဒီမိုကရေစီဆိုတဲ့ ပုံရိပ်တွေလည်း ပြနိုင်တဲ့ နိုင်ငံ၊ လွတ်လပ်စွာ ပြောဆိုဆန္ဒပြခွင့်ရှိပေမယ့် ဆန္ဒပြတောင်းဆိုတာတွေ ဘာတခုမှဖြစ်မလာတဲ့ နိုင်ငံကို ပြရမယ်ဆိုရင် ရုရှားလို့ ပြလို့ရတာမို့ အသွင်ကူးပြောင်းရေးနဲ့ ရုရှားဒီမိုကရေစီ ပထမပိုင်းကို ဖန်တီးဖြစ်ခဲ့တာပါ။ (မိုးအေး)
Thursday, June 7, 2012
မိုးအေး (DVB) - အသွင်ကူးပြောင်းရေးနှင့် ရုရှားဒီမိုကရေစီ - အပိုင်း (၁)
Posted by ဒေါက်တာလွဏ်းဆွေ at 3:07 AM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment