Friday, June 29, 2012

ချွန်းပေါက်ခံရသော ဆင်ကြီးတကောင်

ချွန်းပေါက်ခံရသော ဆင်ကြီးတကောင်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဒီနေ့ထုတ် ဇွန်လ ၂၉ ရက် သတင်းစာမှာ ဖော်ပြထားတာပါ။

စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒူးခေါင်းကို ဒုတိယအကြိမ် စမ်းလိုက်ပြန်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဒူးမာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စိန်ခေါ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ဒူးက ဘယ်လိုဒူးလဲဆိုတာ တကြိမ်ပြခဲ့ပြီးပါပြီ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ဒူးမာတာ ဘယ်လို မာနည်း မာသလဲဆိုတာ ဒုတိယအကြိမ် စောင့်ကြည့်ရပါတော့မယ်။

စစ်အာဏာရှင်တွေကို တကြိမ် ဒူးထောက်ရင် တကြိမ်ပြီး တကြိမ် အကြိမ်ကြိမ် ဒူးထောက်ရစမြဲဆိုတဲ့ အစဉ်အလာကို နိုင်ငံရေးအတွေ့အကြုံ ရှိသူတိုင်း သိပြီးသားပါ။ တခါ ဦးကျိုးပြီးသားလူကို အကြိမ်ကြိမ် နှိမ်တာ ချိုးတာ စစ်အာဏာရှင်တွေရဲ့ အကျင့်ပဲ။ ကဲ ... အခု ထပ်ပြီး ဦးချိုးပြီ။ ဘယ်လိုလုပ်မလဲ။

၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီးဖြစ်တဲ့အတွက် မြန်မာပြောရမယ်လို့ ဆိုပြီ။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီး ဖြစ်တဲ့အတွက် စစ်တပ်တမတ်သား လက်ခံရမယ်လို့ ပြောဦးမယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီးဖြစ်တဲ့အတွက် အချိန်မရွေး အာဏာသိမ်းခွင့် ဆိုတာကိုလည်း လက်ခံရမယ်လို့ ပြောဦးမယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီးဖြစ်တဲ့အတွက် ကာလုံအဖွဲ့ကို လက်ခံရမယ်လို့ ပြောဦးမယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီးဖြစ်တဲ့အတွက် ၂၀၀၈ အခြေခံဥပဒေကို မပြင်ရဘူးဆိုတဲ့အထိ ရောက်အောင်သွားတော့မယ်။ နောက်ဆုံးတနေ့မှာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ လူတွေကို ပစ်ခတ်ဖြိုခွဲတာတွေ၊ သတ်ဖြတ်နှိမ်နင်းတာတွေ လာဦးမယ်။

“လူထု မနာစေချင်ဘူး။ ကျမ တယောက်တည်း လုပ်ပြပါမယ်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို စွန့်သင့်ပါပြီ။ လူထုမပါဘဲ ဘာမှလုပ်လို့မရပါ။ လူထု မနာအောင်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ထုပ်ကို အနှစ်နှစ်ဆယ်ကျော် လုပ်နေလို့ လူထုဟာ အကြိမ်ကြိမ် နာလှပါပြီ။ အမြောက်အမြား သေလှပါပြီ။ လူထု မနာအောင်ဆိုတဲ့ အတွေးတိမ်တိမ်လေးကြောင့် လူထုဟာ တကြိမ်တခါမကဘဲ သားစဉ်မြေးဆက်အထိ နာရတဲ့ ဘဝရောက်နေပါပြီ။”

NLD ဆိုတဲ့ ဆင်ကြီးကို ကောင်းကောင်း ကျုံးသွင်းထားမိပြီးပြီဆိုတော့ ချွန်းနဲ့ တကြိမ်ပြီး တကြိမ် ပေါက်ပြီး ယဉ်ကျေးလိမ္မာအောင် လုပ်ဖို့ဟာ ဒုတိယအဆင့်လို့ စစ်အာဏာရှင်တွေက သဘောထားတာ သိပ်ထင်ရှားနေပြီ။ အခုတကြိမ် ထပ်ပြီး ဒူးထောက်ရင်တော့ နောက်ထပ် အကြိမ်ကြိမ် မရေမတွက်နိုင်အောင် ထောက်ရတော့မယ်ဆိုတာလည်း သိပ်ထင်ရှားနေပြီ။ အခုတကြိမ် ထပ်ပြီး ဒူးထောက်ရင်တော့ သူ့ဒူးဟာ ဘယ်လောက် ထောက်ရ ထောက်ရ နာရကောင်းမှန်း မသိလောက်အောင် မာတဲ့ဒူးလို့ မှတ်ယူရတော့မယ်။ နောင်လည်း ထောက်ဖို့ ဝန်မလေးတဲ့ ဒူးလို့ ဆိုရတော့မယ်။

ဒီအချိန်မှာ ဒေါ်စု အကောင်းဆုံး လုပ်နိုင်တာက ဘားမားရော၊ မြန်မာရော ဘာမှ မပြောဘဲ ရှောင်ပြောတဲ့ အလုပ်ပဲ လုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့်တော်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး။ ပြဿနာ ရှောင်တဲ့နည်း ထွက်ပြေးတဲ့နည်းပဲ ဖြစ်လိမ့်မယ်။ ဒါမျိုးဆိုတာကလည်း တသက်လုံး ရှောင်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ပြည်သူက သိချင်မှာပဲ။ ပြည်သူက သိချင်ရင် သတင်းထောက်တွေက မေးမှာပဲ။ မေးလို့မှ မဖြေရဲရင်လည်း ရှက်စရာ ဖြစ်ဦးမှာပဲ။ နိုင်ငံအမည်တောင် မပြောရဲလို့ ရှောင်နေရတယ်ဆိုရင် ရှက်စရာဖြစ်မှာပဲ။

စစ်အာဏာရှင်တွေ ဘာလို့ ဒီလိုလုပ်တာလဲ။ ကမ္ဘာက မြှောက်စားကြတာ နေရာပေးကြတာကို မနာလို မရှုစိမ့်လို့ လုပ်တာပဲ။ ဒါ … စစ်အာဏာရှင်တွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း ဘာမှ မပြောင်းလဲသေးတာကို ပြတာပဲ။ အနောက်နိုင်ငံတွေက သိပ်မြှောက်စားလွန်းလို့ လွှတ်တော်မဝင်ခင် ဦးချိုးတာပဲ။ ပြည်တော်ပြန်ကို ဆူးခက်နဲ့ ကြိုလိုက်တာပဲ။

ရင်းနှီးမြှုပ်နှံသူတွေကို သိပ်မလောကြနဲ့၊ သတိထားဦးလို့ ပြောတာကို မကျေနပ်လို့ လုပ်တာပဲ။ သူ့ခွင်ကို ဖျက်လို့ မခံမရပ်နိုင်လို့ လုပ်တာပဲ။ ဒါမျိုးတွေကို နောင်လည်း အကြိမ်ကြိမ် အထပ်ထပ် ဆက်လုပ်ဦးမှာပဲ။

ဒေါ်စု မာဖို့လိုပြီ။ သိပ်မမာနိုင်ရင်တောင် ဟန်ကိုယ့်ဖို့လေးလောက်တော့ လုပ်ဖို့လိုပြီ။ ဒီလိုမှမဟုတ်ရင် သိက္ခာ တဖြည်းဖြည်း ကျလိမ့်မယ်။ နိုင်ငံတကာကလည်း အထင်သေးလာလိမ့်မယ်။ ကိုယ့်ပြည်သူတွေကလည်း တနေ့မှာ အထင်သေးလာလိမ့်မယ်။

အခုအချိန် ကိုယ့်ဘက်မှာ နိုင်ငံတကာ ထောက်ခံမှု အပြည့်ရှိနေတုန်း၊ လူထုထောက်ခံမှု အပြည့်ရှိနေတုန်း အဲဒီအင်အားကို သုံးပြီး ခိုင်ခိုင်မာမာ ရပ်တည်ဖို့ သင့်ပြီ။ လိုအပ်ရင် ပြည်သူလူထု တရပ်လုံး “ဗမာ၊ ဘားမား” ဆိုင်းဘုတ်ကိုင်ပြီး လမ်းပေါ် အပြည့်ထွက်ရပ်ပြလို့ ရပါတယ်။ ကိုယ့်လူထုရဲ့ အင်အားကို ယုံကြည်ဖို့ လိုပါတယ်။ ကိုယ့်လူထုရဲ့ အင်အားကို အားကိုးမှုရှိဖို့ လိုပါတယ်။

လူထု မနာစေချင်ဘူး။ ကျမ တယောက်တည်း လုပ်ပြပါမယ်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို စွန့်သင့်ပါပြီ။ လူထုမပါဘဲ ဘာမှလုပ်လို့မရပါ။ လူထု မနာအောင်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ထုပ်ကို အနှစ်နှစ်ဆယ်ကျော် လုပ်နေလို့ လူထုဟာ အကြိမ်ကြိမ် နာလှပါပြီ။ အမြောက်အမြား သေလှပါပြီ။ လူထု မနာအောင်ဆိုတဲ့ အတွေးတိမ်တိမ်လေးကြောင့် လူထုဟာ တကြိမ်တခါမကဘဲ သားစဉ်မြေးဆက်အထိ နာရတဲ့ ဘဝရောက်နေပါပြီ။

ကမ္ဘာမှာ ဘယ်လောက်ဆိုးတဲ့ စစ်အာဏာရှင်ပဲဖြစ်ဖြစ် လူထုကိုတော့ လုံးလုံး လွန်ဆန်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့်လည်း သူတို့ စစ်အာဏာရှင်တွေ သူတို့ကို လူတွေ ဒီလောက် မုန်းမှန်း သိနေပါရက်နဲ့ လူထုထောက်ခံပွဲဆိုတာကြီးတွေ လုပ်ပြီး တအိမ်တယောက် မလာမနေရတွေ ဘာတွေ ဇွတ်အတင်း လုပ်ကြတာ အားလုံး အသိပါပဲ။

အခု “ဘားမား၊ မြန်မာ” ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြီး ဒူးမထောက်စေလိုပါ။ ဒူးမထောက်ချင်ရင် နည်းကလည်း တနည်းပဲရှိပါတယ်။ လူထုအားကို ယူတဲ့နည်းပါ။ ပြည်သူလူထုကြီး အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်ဆိုရင် ပြတ်ပြတ်သားသား ဝန်းရံကြပါ။ ဒေါ်စု ဒူးမထောက်အောင် ဝိုင်းဝန်းကူညီကြပါ။ ကိုယ့်ခေါင်းဆောင် ဒူးထောက်ရင် ကိုယ်ဒူးထောက်ရတာနဲ့ ဘာမှ မခြားပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဇွန်လ ၂၉ ရက်၊ ၂၀၁၂ ခု

20 comments:

min said...

မင်းတို့ဘဲလာလုပ်ကြပါလူစွမ်းကောင်းတွေ မင်းတို့ကြောင့်တိုင်းပြည်ကတိုးတက်လာနေလား ပြည်သူတွေကမင်းတို့အနစ်နာခံမှုတွေကြောင့်ဘယ်လိုအကျိုးတွေခံစားနေကြရပြီလဲဆိုတာလက်တွေ့ပါ၊မနာလိုတာတွေလျော့သင်ပါပြီ။မလျော့ရင်လဲသေသင့်ပါပြီ၊ဖတ်ရတာအချိန်ကုန်လို့ပါ

Kyaw Swa Tun said...

stupid man! you don't shout from out side myanmar country. How much your knee hard?

မျိုးမြင့်သူ said...

၈၈မျိုးဆက်ကျောင်းသားဟောင်း မဟုတ်ဘူး
၈၈မှာကျန်ခဲ့တဲ့ အဟောင်းအမြင်း

A Naw Yahtar said...

Well.... I am not a supporter of pro-military regime instead I stood firmly at opposition side for almost two decades. When times passed and it is so obvious that your "A May Suu" has only defiance words infact no actual achivements which no one can denies. ha ha ha

You guys can keep support "May May Suu" which is your right but you must accept a critique like this one. It's the democracy you guys ever wanted. So..Don’t Complaint

have a good one

ဖိုးလမင်း said...

အမေစုမှာ ဦးနှောက်ရှိပါတယ်။ ပြဿနာကြီးမဟုတ်ပါဘူး ပြောင်း လည်းဖို့ လုပ်နေကြတဲ့ ဟိုဘက်ကဒီဘက်ကလူတွေကို ရန်တိုက်မပေးပါနဲ့။ အစိုးရဘက်မှာလည်း သူ့ဟာနဲ့သူ ကြိုတင်ကာကွယ်ဖို့ လိုအပ်နေတာပဲ၊ ဥပဒေအတိုင်းပြော နေတာပဲ ဥပဒေဆိုတာ လူတွေလုပ် တာဖြစ်လို့ လူတွေကပဲ ပြင်လို့ရပါတယ်။ အရှည်ကြီးလျှောက်တွေးပြီး အဆိုးမြင်ဝါဒနဲု့ ကိုယ်လိုရာ ဆွေးတွေးပြီးပြောနေတဲ့ဆောင်းပါးပါ။ ဖြစ်နိုင်တာတွေလျှောက်ပြောရင် ထမင်းစားတာတောင် အဟာရဖြစ်ဖို့ မဟုတ်ဘူး သေဖို့ဆိုစားတာလို့တောင် ပြောလို့ရပါ တယ်။ ရေးတဲ့သူရဲ့ စိတ်ထားကောင်းမကောင်းဆိုတာ သူ့ရဲ့ အတိတ် ပစ္စုပ္ပန် ၊အနာဂတ်ဆိုတဲ့ ကာလသုံးပါး အဖြေထုတ်သွားမှာပါ

Anonymous said...

I will handle Lun Swe! Whoever stay in US, handle to Moe Thee and Zaw Win!

Unknown said...

ဘယ်လိုဖြစ်လို့ မုဒိတာမပွါးနိုင်တာပါလည်း. အကြိမ်ကြိမ်စော်ကားနေတာက ကျောင်းသားဟောင်းဆိုတဲ့သူပါ . ဘေးထိုင်ပြီး ဘုမပြောပါနဲ့  ကိုယ်ကရော ဘာတွေလုပ်ပြီးပြီလည်း သူများလုပ်တာ မှားလည်း အကျိုးယုတ်မသွားပါဘူး လူထုက နားလည်ပြီးသားပါ ရန်တိုက်မပေးပါနဲ့ .....

minsoeaung said...

ကောင်းသောဝေဘန်ခြင်း ဘဲဖြစ်ပါစေ ။ ဝေဘန်ခြင်းသည် အပြစ်ပြောခြင်းပါ။
ဝေဘန်နေမဲ့အစား အကျိုးဖြစ်စေတာကို အပြု သဘောနဲ့
တင်ပြမယ်ဆိုရင် လုပ်နိုင်လုပ်ပေးမယ် မလုပ်ပေးနိုင်သေးတာကိုလည်း ပွင့်လင်းမြင်သာအောင်
ဖေါ်ပြပေးမယ် ဆိုရင် အားလုံးအဆင်ပြေလာမှာပါ။
ခေတ္တသာ်းခံပေးကြ ည ပါ။

pheasant said...

စိတ်လေတယ် ဒီစောက်ရူးထ ထကြောင်ပြီးဆောင်းပါးတွေရေးတယ် စာဖတ်ဝါသနာပါလို့ နည်းနည်းပါးပါးဖတ်ကြည့်တော့လဲ စောက်ရူးစောက်ပေါတွေရေးတာ ဖတ်မိတယ် ကိုယ့်ကို ကိုယ်ပဲ အပြစ်တင်မိပါတယ် ဒီဇော်ဝင်း88 ဆိုတဲကကောင် က တစ်ကယ့်အလေနတောပဲ၊ ကိုမင်းကိုနိုင်တို့ ယိုတဲ့ ချီးလောက်ပဲ အဆင့်ရှိတယ်

aristhteinwin said...

ဟ- တိုင်းပြည်ဒုက္ခရောက်နေတာ- ဒေါ်စု ခေါင်းမာလို့ မဟုတ်ဘူး။ အာဏာရူးတွေကြောင့်- အာဏာရူးတွေ က ကိုယ်ပေးတဲ့ ကတိကို အကြိမ်ကြိမ်ချိုးဖေါက်နေလို့  တိုင်းပြည် အခြေအနေ ကိုယ့်ယို့  ကားယားဖြစ်နေတာ။
ဒင်း မသိလေရောသလား- မသိရင် သိအောင်ကြိုးစားဦး။

Minn said...

Well,
I knew it. She did it and keep doing it intentionally. She is such a spoiled bread and a wild cat. Look at her journey to the west, seems so enjoy and totally forget about the poor, nothing to eat Myanmar people. Whatever her mouth spell out, it is totally out of context. I did observed her all the way up to now and finally I got a conclusion that she is absolutely born for the people who left their country with a bunch of reason just for their own sake. I am totally fed up of so call " A May Su" and her party. She said, national reconciliation but in her heart she kept " confrontation". Calling the name "Myanmar" in not about kneeling down, just for the sake of mutual respect to the counterpart. She is very polite and warm to the foreigners and very undiplomatic to her counterpart. By the way, She is not our Mother.........

Rev. Samuel Tu Ja said...

အစိုးရကစေတနာနဲ့သတိပေးတာလို့မြင်တယ်။ အစိုးရကမြန်မာလို့ပြင်ဆင်ပြီးခေါ်ခိုင်းတုန်းကလည်း ပြည်သူတွေအတွက်ဘာမှပြသနာမရှိပါဘူး။ကျူပ်တို့တိုင်းရင်း သားတွေအတွက်က မြန်မာလို့ခေါ်တာပိုမိုပြီးတရားမျှတ တယ်လို့ခံယူထားတယ်။ဒေါ်စုအနေနဲ့လည်း လက် ရှိ
ခေါင်းဆောင်အစိုးရကိုလေးစားဖို့လိုတယ်။ဖွဲ့စည်းပုံအရရွေးကောက်ပွဲလည်းဝင်ပြီးပြီ။အနိုင်လည်းရပြီ။လုပ်ဖော်ဆောင် ဖက်တွေနဲ့ဘာမဟုတ်တဲ့စကားလေးနဲ့ပြသနာမတတ်ပါစေနဲ့။ဒီဟာလေးအတွက်နဲ့ ဆောင်းပါးရှင်ကလည်း တထစ်ချပြည်သူတွေက၀န်းရံမယ်ဆိုတဲ့ ကိုယ်ထင်ရာရေးပြီး အမှိုက်စလေးကိုဋီကာမချဲ့ပါနဲ့။

thetlwin said...

ကြိုက်ပါတယ်။အမေစုလည်းဘဲဒါကိုသဘောပေါက်
ပါလိမ့်မယ်။

zarni said...

ဗမာကြီး တို့ ရယ် တို့ နိုင်ငံ ကို နောက်နာမေ တစ်ခု ပြောင်းလိုက်ရင်မကောင်းဘူး လား
( ရိုဂျာဘားမား)စီနမြန်မာ၊ ရှင်ရှင်းလေး

khantkoko said...

There will be sleepless night if you wake up every time for hearing of dog barking from the dark. And this dog is barking for nothing but to survive .

Anonymous said...

Minn..
confrontation လမ်းစဉ်ကို မလိုက်လို့ ဒီအခြေအနေ ဖြစ်လာတာပဲ။ ဒေါ်စုက မြန်မာလိုပြောတဲ့အခါတိုင်း မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာစာ မြန်မာစကားကို မြတ်နိုးတန်ဖိုးထားပါ.. စသဖြင့် ပြောနေတာပဲ။ မင်း ဒေါ်စု မြန်မာလို အင်္ဂလိပ်လို ပြောတာတွေကို အကုန်လုံး လုံးစေ့ပတ်စေ့နားမထောင်ဘဲ မျက်စိမှိတ်ဇွတ်ကြီး လျှောက်အာမနေနဲ့။ အင်္ဂလိပ်လိုပြောတဲ့အခါ သူ့ခံယူချက်အတိုင်း စစ်အာဏာရှင်တွေ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်မှုမယူပဲ ထင်ရာဇောက်ထိုးလုပ်ခဲ့တာကို လက်မခံလို့ ဘားမားလို့သုံးတာ သိပ်ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ကောင်းတာတွေ ပြောနေလုပ်နေတာကိုတော့ ဘာတစ်ခုမှမဟဘဲ၊ ပြဿနာရှာစရာ တစ်ခုရတာနဲ့ ၀ိုင်းအာနေကြတာ ငါးစိမ်းသည် မိန်းမတွေလိုပါပဲ။ ဒေါ်စုရဲ့ ဒီခရီးစဉ်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လိုအမြတ်ထွက်ခဲ့သလဲဆိုတာ သာမန်အသိဥာဏ်ရှိသူတိုင်း မြင်နိုင်၊ တွေ့နိုင်၊ စဉ်းစားနိုင်တယ်။ Minn လည်း မျက်မှန်စိမ်းကြီးတတ်ပြီး ကြည့်နေသမျှ အရာရာကို ခပ်စိမ်းစိမ်းပဲ မြင်နေမှာပဲ။ စိတ်ကလေးကို အသေအချာ လျှောပြီး အကြည်ဓါတ်အားကောင်းကောင်းနဲ့ မြင်နိုင်အောင် အရင်ကြိုးစားလိုက်ပါဦး။
ရေအိုင်ထဲက ဖားသူငယ်ဘ၀က အမြန်ဆုံးရုန်းထွက်နိုင်ပါစေလို့ပဲ တိုက်တွန်းပါရစေ။

thet said...

ဇော်ဝင်းဆိုတာ
လွန်းဆွေပဲဟေ့

https://winkabarkyaw.blogspot.com said...

flexible ဘဲလုပ်စေချင်တယ် rigid မဖြစ်စေချင်တော့ဘူး

thetoo said...

ဟေ့ကောင် ဇော်ဝင်း စောက်ရူး၊ စောက်ရူး ဦးနှောက်နဲ့ ပေါက်ကရတွေ လျှောက်ပြောမနေဲ့ ၊ စိတ်ထင်ရာတွေ မပြောနဲ့ မင်းပြောသလိုလုပ်ရရင် ပြည်သူတွေ ဆက်ပြီး နစ်နာရမှာပဲ၊ သေချာလည်း အကြောင်းအကျိုး ညီညွတ်အောင် စဉ်းစားအုံး

ma har said...

ကိုဇော်ဝင်း
မင်းက ( ၈၈ ) ကျောင်းသားဟောင်း တဲ့ လား
မင်းကြောင့် ( ၈၈ ) တွေ တန်ဘိုးကျပါတယ် ။ပြင်လိုက်ပါမင်းရဲ့ အမည်အစိတ်အပိုင်းကို ။
ဒေါ်စု အဲဒီလိုလုပ်ထာကို မကောင်းဘူး ၊ မကြိုက်ဘူးဆိုရင် ဘာကို လုပ်စေချင်သလဲ မင်းပြောပါ
ဒေါ်စုထက်သာရင် မင်းကိုမှမဟုတ် ဘယ်သူ့ကိုမဆို ငါ
အလေးပြုပါ့မယ် ဒါကငါ့ရဲ့ သစ္စာ စကားပါ ၊ အခြားလူတွေလဲ ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်။
မင်းမှာဘာမှ မရှိပဲနဲ့တော့ မပြောပါနဲ့ ။ ထောင်ဝါတာ ရဲ့ ဖိနပ်ကိုတိုက်ပေးခဲ့တဲ့ကောင်ရယ်
သနားရမှာလား