သွေးကို သွေးနဲ့ ဆေးလို့ မရ၊ လူသတ်ဝါဒ ဆန့်ကျင်ကြ
(“ရွှေသမင် ဘယ်က ထွက်၊ သိန်းစိန်တာက ထွက်” ဆောင်းပါးရဲ့ အဆက်)
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
စစ်အစိုးရ၊ ကြံ့ဖွတ်အစိုးရဟာ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်ပေးနေတယ်။ သတင်းစာထဲမှာ “မွတ်ဆလင်ကုလားများက ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာ” ဆိုတဲ့ လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ စာသားကို ပြောင် ထည့်ရေးခဲ့တယ်။ သတိထား စဉ်းစားကြည့်ပါ။ သေသေချာချာ ဖတ်ကြည့်ပါ။ ဒီစကားဟာ ဘာရည်ရွယ်ချက်နဲ့ ရေးသလဲဆိုတာကို။ မတော်တဆ မှားပြီး ရေးတာ မဟုတ်ပါဘူး။ သတင်းစာတွေမှာရော၊ ရုပ်မြင်သံကြားတွေမှာရော ဒီအတိုင်း အားလုံးကြေညာ ရေးသားသွားတာပါ။ တခုတည်းမှာ ရေးရင်၊ ပြောရင် တယောက်ယောက်က မှားပြီး မတော်တဆ ရေးတယ်၊ ကြေညာတယ်လို့ ယူဆလို့ ရပါတယ်။ အားလုံးမှာ တခုတည်းသော၊ တထပ်တည်းသော စာသားနဲ့ ကြေညာသွားတယ်ဆိုတာကို ကြည့်ရင် အထက်လူကြီးဆီကနေ ဒီအတိုင်း ၏၊ သည် မရွေး ဖတ်ရမယ်၊ ရေးရမယ်ဆိုတဲ့ အမိန့်နဲ့လာတဲ့ သတင်းဖြစ်ကြောင်း ထင်ရှားပါတယ်။ သတင်းစာ၊ ရုပ်မြင်သံကြားဌာနတွေနဲ့ နီးစပ်သူတွေ ကောင်းကောင်းသိပါတယ်။ မနီးစပ်သူတွေလည်း ဆက်စပ် စဉ်းစားလို့ ရပါတယ်။
လူတွေက ဆန္ဒပြကြ၊ ဆူကြတော့မှ အမှားပြင်ဆင်ချက် ပြန်ထည့်ပါတယ်။ အမှားပြင်ဆင်ချက် ထည့်တာကလည်း ကုလားဆိုတဲ့ အသုံးကို ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူဆိုပြီး ပြင်ပေးတာပါ။ တကယ်တမ်း စကားလုံးထက် အရေးပါတဲ့ အနှစ်သာရဖြစ်တဲ့ သွေးထိုးလှုံ့ဆော်တဲ့ အရေးအသားနဲ့ ပတ်သက်ပြီး ဘာမှ ပြင်ဆင်မပေးပါဘူး။ ဒါတွေ အားလုံးဟာ ကစားနေတာပါ။ ဟိုဘက်လှည့် မြှောက်ပေး၊ ဒီဘက်လှည့် မြှောက်ပေးလုပ်နေတာပါ။ တင်းလိုက် လျှော့လိုက်၊ ခြောက်လိုက် ချော့လိုက် လုပ်နေတာပါ။
“သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဇော်ဌေးဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော် ဆိုတဲ့ နာမည်နဲ့ အဓိကရုဏ်းတွေ ကြီးထွားလာအောင် မြှောက်ပေးနေပါတယ်။ ဖဘမှာရှိတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်လိုက်တိုင်းမှာ အရင်းအမြစ်ဟာ မှူးဇော်ဆီက လာတာက အများစုလိုလို ဖြစ်နေတာတွေ့ရပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဆိုတာဟာ ဒါမျိုးကို အထက်ညွှန်ကြားချက်မပါဘဲ ရေးလို့မရပါဘူး။ ဒါတွေဟာ အထက်ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် ကာ/လုံအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ သူ့ဖဘကို သွားကြည့်ကြပါ။”
စောစောက စာသားကို စဉ်းစားကြည့်ပါ။ မွတ်ဆလင်ကုလားများက ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာဆိုတဲ့ စကားကို တွေ့ရမြင်ရတော့ ဘယ်လိုခံစားကြရမလဲဆိုတာ။ ရခိုင်၊ မြန်မာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စိတ်ထဲမှာ မခံချင်စိတ်၊ နာကျည်းခံပြင်းစိတ်၊ ဒေါသစိတ်ဖြစ်ကြရမှာပါ။ ဒီလိုဖြစ်အောင် တမင်ဆွပေးတာပါ။ (ကျနော် မြန်မာလူမျိုးစစ်စစ်ပါ၊ ဘာသွေးမှ တစက်မှ မရောပါ) မိန်းကလေးတယောက်ကို ရက်ရက်စက်စက် ယုတ်ယုတ်မာမာ သတ်ဖြတ်တာမျိုးကို ဘယ်သူမှ မကြိုက်ပါဘူး။ လူမဆန်တဲ့ သိပ်မိုက်ရိုင်းတဲ့ လူသတ်မှုကြီးတခုကို ယဉ်ကျေးတဲ့လူ ဘယ်သူမဆို လက်မခံတာ သဘာဝကျပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေဘက်ကရော ဘယ်လိုခံစားရမလဲ။ စဉ်းစားကြည့်ပါ။ မွတ်ဆလင်တွေ၊ ကုလားတွေဟာ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ ရက်စက်ယုတ်မာတယ်လို့ သတင်းစာပါ စာသားက စွပ်စွဲထားတာ အထင်အရှားပါ။ ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြီး မွတ်ဆလင်အားလုံး လူယုတ်မာ၊ မွတ်ဆလင်အားလုံး မုဒိမ်းကောင်ဖြစ်အောင် ပြောတာကို ဘယ်သူမှ ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒီစာသားတွေဟာ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်ပေးတဲ့ စာသားတွေပါ။ ဒီစာသားတွေကို အစိုးရက ရေးတာဟာ လူမျိုးရေး သွေးထိုးလှုံ့ဆော်တာပါလို့ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကျနော်က ထောက်ပြတော့ တချို့ ရခိုင်အမျိုးသားတွေကပါ မကျေမနပ်ဖြစ်ပြီး ဆဲကြတာကို တွေ့ရပါတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားကြပါ။ အစိုးရက ဒီစာသားတွေ ရေးတာဟာ အစိုးရက ရခိုင်ဘက်က နာလို့ ရေးတာမဟုတ်ပါဘူး။ ရခိုင်တွေနဲ့ မွတ်ဆလင်တွေကို ရန်တိုက်ပေးနေတာပါ။ ရခိုင်တွေရော၊ မွတ်ဆလင်တွေပါ သွေးချောင်းစီးအောင် လုပ်နေတာပါ။ စစ်အာဏာရှင်စနစ်ကို ပိုမိုကြံ့ခိုင်အောင် အင်္ဂတေနဲ့ မွမ်းမံရာမှာ အဲဒီအင်္ဂတေကို ရခိုင်၊ မွတ်ဆလင်တွေရဲ့ သွေးနဲ့ ဖျော်ဖို့ ကြံစည်နေတာပါ။ ရခိုင်တွေ သွေးချောင်းစီးအောင်ရေးတဲ့ စာသားကို ရခိုင်ဘက်ကနေ ရေးတယ်လို့ ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။
မသီတာထွေးကို မုဒိန်းကျင့် သတ်ဖြတ်တဲ့ လူတွေဟာ လူသတ်သမားတွေ၊ လူယုတ်မာတွေပဲ။ ဒီလူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရမှာပဲ။ ရိုးမသစ္စာ ကားပေါ်က လူတွေကို သတ်တဲ့ လူတွေဟာလည်း လူသတ်သမားတွေ၊ အစွန်းရောက်တွေပဲ။ အဲဒီလူတွေကိုလည်း ဖော်ထုတ် အရေးယူရမှာပဲ။ အဲဒီ့ထက် အဆတသိန်း ယုတ်မာတဲ့ လူတွေကတော့ အစိုးရသတင်းစာ၊ အစိုးရရုပ်မြင်သံကြားနဲ့ အများသုံး အင်တာနက်ကနေ လူတွေ သတ်အောင်၊ ဖြတ်အောင် သွေးထိုးလှုံ့ဆော်ပေးနေတဲ့သူတွေပဲ။ ဒီသွေးထိုးလှုံ့ဆော်သူတွေဟာ တယောက်တလေမှ ကိုယ်ထိလက်ရောက် သတ်ချင်မှ သတ်ဖူးမယ်။ ဒါပေမယ့် အခုသတ်ဖြတ် သေကြေမှုတွေအားလုံး သူတို့ လက်ချက်ကြောင့်၊ သူတို့ ပယောဂကြောင့်လို့ ဆိုလို့ရတယ်။
အရင်တုန်းကလည်း ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး လှုပ်လှုပ်ရှားရှားရှိတိုင်း ကုလား-ဗမာအဓိကရုဏ်း ဖန်တီးပြီး အာရုံပြောင်းတတ်တာ လုပ်ရိုးလုပ်စဉ် အစဉ်အလာပါ။ ၈၈ အရေးအခင်ကြီးတုန်းကလည်း ခေါင်းဖြတ်သတ်တဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာအောင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးကပဲ နောက်ကွယ်ကနေ ဖန်တီးခဲ့တာပါ။ အဲဒီဖန်တီးမှုတွေမှာ ထောက်လှမ်းရေးနဲ့ သတင်းပေးတွေကနေ နောက်ကွယ်ကနေ ဒလျှိုဒလန်အဖြစ် ပါဝင်ပြီး သွေးထိုးလှုံ့ဆော်ကြ၊ ကောလဟလ ဖြန့်ချိကြတဲ့ နည်းတွေနဲ့ လုပ်တာပါ။ မသိမသာ စပေး၊ လုပ်ပေးပြီး တကယ်တန်း အဓိကရုဏ်းတွေ ကြီးထွားလာတဲ့အခါ ဒလျှိုဒလန်တွေက ကိုယ်ယောင်ဖျောက် ရှောင်ထွက်သွားတတ်ကြပါတယ်။ ဒီတော့ အဲသလို သွေးထိုးလှုံ့ဆော်မှုတွေ လုပ်တဲ့အခါ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေရှာရ ခက်တတ်ပါတယ်။ ဘယ်သတင်းထောက်မှလည်း ဒါမျိုးသတင်းတွေနောက်ကို လိုက်ပြီး မစုံစမ်းရဲကြပါဘူး။
ဒါပေမယ့် အခုကိစ္စမှာတော့ သူတို့ဘက်က သိပ်ရဲတင်းပြီး သိပ်ပြောင်ကျကျ လုပ်လာတဲ့အတွက် လက်သည်ကို ကျနော်တို့ လက်ပူးလက်ကြပ် ထုတ်ပြလို့ ရလာပါပြီ။ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဇော်ဌေးဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော် ဆိုတဲ့ နာမည်နဲ့ အဓိကရုဏ်းတွေ ကြီးထွားလာအောင် မြှောက်ပေးနေပါတယ်။ ဖဘမှာရှိတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်လိုက်တိုင်းမှာ အရင်းအမြစ်ဟာ မှူးဇော်ဆီက လာတာက အများစုလိုလို ဖြစ်နေတာတွေ့ရပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဆိုတာဟာ ဒါမျိုးကို အထက်ညွှန်ကြားချက်မပါဘဲ ရေးလို့မရပါဘူး။ ဒါတွေဟာ အထက်ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် ကာ/လုံအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ သူ့ဖဘကို သွားကြည့်ကြပါ။ ထပ်ပြီး ကြော်ငြာပေးလိုက်ပါဦးမယ်။
https://www.facebook.com/hmuu.zaw
သွားကြည့်ကြပါ။ ဖတ်ကြည့်ကြပါ။ ပြည်ပကနေ အင်တာနက်ကို မြန်မြန်ဆန်ဆန် သုံးခွင့်ရကြသူတွေအနေနဲ့ သူရေးထားသမျှကို ပြန်မဖျက်ခင် screen shot ယူပြီး သိမ်းထားပေးကြပါလို့လည်း မေတ္တာရပ်ခံပါရစေ။ ဒီလူဟာ လူမျိုးရေးအဓိကရုဏ်းကို သွေးထိုးလှုံ့ဆော်မှုနဲ့ တရားစွဲဆို အပြစ်ပေးရမယ့်သူပါ။ အခုသေတဲ့ လူသတ်မှုတွေ၊ မီးရှို့မှုတွေနဲ့ ဖြစ်လတ္တံ့၊ လာလတ္တံ့သော အမှုတွေအတွက် သူ့မှာ အလွန်ကြီးကြီးမားမား တာဝန်ရှိပါတယ်။ သူ့ကို တရားစွဲနိုင်အောင်လည်း ဆက်ပြီး ကြိုးစားပါမယ်။ တခြားသူများကိုလည်း ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။
“လူအများအပြားရဲ့အရေး လူအများအပြားရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့်အရေးမှာ ကိုယ့်အထင်၊ ကိုယ့်အသိလောက်နဲ့ လွယ်လွယ် ပြောဖို့မသင့်ဘူး။ အရင်ကလည်း နိုင်ငံရေးသမား အဆက်ဆက်ဟာ ရိုဟင်ဂျာကို ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်သဘောနဲ့ကိုယ် လိုသလို အသုံးချခဲ့လို့ အခုလို အရှုပ်အထွေးတွေ ပေါ်လာခဲ့၊ ကျန်နေခဲ့တာကို သတိရသင့်တယ်။ အခု ရိုဟင်ဂျာတွေကို မုန်းလှချည်ရဲ့ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေထဲက ရဲမှူးခင်ရီ (အခု လဝကဝန်ကြီး) က ရိုဟင်ဂျာတွေကို ဘာပေးပါမယ်၊ ညာပေးပါမယ် ဆိုပြီး ကတိတွေ ဗရပွ ပေးပြီး ၂၀၁၀ မှာ မဲဆွယ်မဲဝယ်သွားခဲ့တာကိုလည်း သတိရသင့်ကြပါတယ်။”
ဒီဇော်ဌေး ဆိုတဲ့သူက ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးဆိုတဲ့ အကြမ်းဖက်သမားတွေဟာ လက်နက်တွေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ပြည်ပကနေ ကျူးကျော်နေပြီဆိုပြီး မမှန်သတင်းကို တွင်တွင် ဝါဒဖြန့်ချိခဲ့ပါတယ်။ အခုကိစ္စဟာ ဘာသာရေးပြဿနာ မဟုတ်တော့ဘူး၊ ပြည်ပကျူးကျော်မှုဆိုပြီး ပြောတယ်။ ဘယ်နေရာမှာများ စစ်တပ်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်နေသလဲ။ ပြောစမ်းပါ။ ဒီလောက်ဓာတ်ပုံတွေ တင်နေတဲ့ အထဲမှာ တပုံတလေ တင်လိုက်စမ်းပါ။ အမှန်တကယ် ဘင်္ဂလားဒေ့ရှ်က လူတွေ ကျူးကျော်ဝင်လာနေပြီဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် မကန့်ကွက်သလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျူးကျော်နေပြီဆိုရင် သမ္မတ သိအောင် အကြောင်းမကြားဘူးလား။ ဒီည သမ္မတ ပြောသွားတဲ့ မိန့်ခွန်းထဲမှ ဘာမှ မပါပါလား။
ဒီည ဇွန်လ ၁၀ ရက်ညမှာပဲ သမ္မတက မိန့်ခွန်းပြောသွားပါတယ်။ ထူးထူးခြားခြားဘာမှ မပါပါဘူး။ ဒါပေမယ့် လူမျိုးရေး မုန်းတီးသတ်ဖြတ်မှုတွေ ဆက်မပြန့်ပွားဖို့ ပြောသွားတာဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် တခြားတဘက်မှာ သူ့ရဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးက လူမျိုးရေး အဓိကရုဏ်းကို ဝါဒဖြန့် လှုံ့ဆော်နေတဲ့အတွက်၊ ဆက်လက် လှုံ့ဆော်နေဆဲ ဖြစ်တဲ့အတွက် အယုံရခက်ပါတယ်။ ရှေ့မှာ အကောင်းတွေ ပြောပြီး နောက်ကွယ်က မဟုတ်တရုတ် လုပ်နေတဲ့ အချက်ဟာ ယုံကြည်ထိုက်စရာ မရှိပါဘူး။ စောစောက ပြောသလို နိုင်ငံတော်သတင်းစာထဲကနေ သွေးထိုးလှုံ့ဆော်ခဲ့တဲ့ အချက်ကိုလည်း ထည့်မတွက်လို့ မရပါဘူး။ ဒါ့အပြင် ဖဘမှာ ရိုဟင်ဂျာတွေကို သတ်ကြဖြတ်ကြလို့ ပြောနေကြတဲ့သူတွေထဲမှာ စစ်ဗိုလ်စစ်သားတွေ အများဆုံးပါနေတာကလည်း သံသယဝင်စရာ အချက်ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကို အမြဲထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ မမှန်သတင်းတွေနဲ့ သိက္ခာချ စော်ကားတတ်တဲ့ http://www.myanmarexpress.net/ ဟာလည်း အခု အရေးအခင်းမှာ အဓိက သွေးထိုးလှုံ့ဆော်သူထဲက တဖွဲ့ ဖြစ်ပါတယ်။ ဗမာစစ်အာဏာရှင်တွေကို ဖက်ဆစ်တွေလို့ ပြောတာဟာ မုန်းလို့ သိက္ခာချဖို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့မှာ ဖက်ဆစ်အတွေးအခေါ်၊ ဖက်ဆစ်လုပ်ရပ်တွေရှိလို့ ပြောတာပါ။ ကိုယ့်လူမျိုးကလွဲပြီး တခြားလူမျိုးကို လူမထင်တာဟာ ဖက်ဆစ်စရိုက်ပါ။ စစ်အာဏာရှင်တွေဟာ စစ်ဗိုလ်စစ်သားတွေကို အဲဒီမျက်ကန်းမျိုးချစ် စိတ်ဓာတ်ရိုက်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် ဖဘပေါ်က လူမျိုးရေးလှုံ့ဆော်သူတွေထဲမှာ သူတို့တွေ အများအပြား ပါဝင်နေတာဖြစ်ပါတယ်။ ရခိုင်ကို ထိလို့ မခံချင်စိတ်ဖြစ်ပြီး ရိုဟင်ဂျာတွေကို သတ်ချင်ဖြတ်ချင်တဲ့ ရခိုင်တွေ အများအပြားလည်း ပါဝင်ပါတယ်။ အဲသလို ရိုးရိုးသားသား ရခိုင်လူမျိုးတွေကို ပြောချင်တာကတော့ ဒီလိုပြဿနာမျိုးကို လက်စားချေတဲ့နည်းနဲ့ ဖြေရှင်းရင် မပြေလည်ရုံသာမက ပိုဆိုးလာရုံပဲ ရှိတတ်တယ်ဆိုတဲ့ အချက်ပါ။
အခု ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ၄၁၃ တို့အရ ကြေညာလိုက်တာလို့ ဆိုပါတယ်။ ကာဖျူးမိန့်နဲ့တင် မနိုင်တော့လို့ အရေးပေါ်အခြေအနေ ကြေညာလိုက်တာလို့ ဆိုပါတယ်။ ခုလို ဘရုတ်ဘရက် ကာလကြီးမှာ အရေးပေါ်အခြေအနေ ကြေညာတာကို သိပ်အပြစ်တင်စရာ မရှိပေမယ့် ကာဖျူးအမိန့်လောက်နဲ့ နိုင်အောင် မထိန်းနိုင်ဘူးဆိုတာ ရှက်စရာပါ။ ယုံစရာလည်း မရှိပါဘူး။ သူတို့ ဒီလိုလုပ်တာ ရည်ရွယ်ချက် ရှိပါတယ်။ အခြေခံဥပဒေ အခန်း ၁၁ ကို ထုတ်သုံးပြတာပါ။ အခြေခံဥပဒေ အခန်း ၁၁ ဟာ အာဏာသိမ်းခွင့် ပါတဲ့ အခန်းပါ။ စစ်အာဏာရှင်စနစ်ကို အပီပြင်ဆုံး ဖော်ပြထားတဲ့ အခန်းပါ။ တနည်းအားဖြင့် ဒီနေ့ ဗမာပြည်ဟာ စစ်အာဏာရှင်စနစ် တရားဝင် ထူထောင်ထားတဲ့ နိုင်ငံဖြစ်နေတာဟာ အဲဒီ အခန်း ၁၁ ကြောင့်လို့ ဆိုနိုင်ပါတယ်။ အခုပြောတဲ့ ပုဒ်မ ၄၁၂၊ ၄၁၃ တို့ဟာ သမ္မတ တယောက်တည်းသဘောနဲ့ ထုတ်ပြန်လို့ရတဲ့ အမိန့်တွေ မဟုတ်ပါဘူး။ ကာ-လုံအဖွဲ့ရဲ့ သဘောတူညီချက်နဲ့သာ ထုတ်လို့ရတဲ့အမိန့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအမိန့်တွေဟာ ကာ-လုံအဖွဲ့ရဲ့ ဘီလူးစွယ်ကို ထုတ်ပြတဲ့ အမိန့်လို့ ပြောရင်လည်း မမှားပါဘူး။ တနည်းအားဖြင့် ပြောရရင် ခေတ်ပြောင်း အိပ်မက်မက်ပြီး စိတ်ကူးယဉ်နေကြသူတွေ အလန့်တကြား ဖြစ်သွားအောင် ဘီလူးက အစွယ်ပြ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ စောင့်နားထောင်ပါ။ ကြားလာရပါလိမ့်မယ်။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးတွေ မထိခိုက်ရအောင် တောင်းပွဲ တိုက်ပွဲတွေ ရပ်ကြပါလို့ ပြောသူတွေ ထပ်ပေါ်လာပါလိမ့်ဦးမယ်။ အာဏာသိမ်းမှာ ကြောက်လွန်းလို့ အလုပ်သမားတွေ အငတ်ခံကြပါလို့ ပြောတဲ့သူတွေ ထပ်ပေါ်လာပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒီစိတ်ကူးယဉ် အိပ်မက်သမားတွေ သိထားဖို့အချက်က အခု ပုဒ်မ ၄၁၂၊ ၄၁၃ ထုတ်ပြန်ချက်အရ၊ ကျနော်တို့ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေအောက်မှာ အခုလက်ရှိကိုပဲ ရောက်နေတယ်ဆိုတဲ့ အချက်ပါ။
အခု ရခိုင်အရေးမှာ ရခိုင်ဘက်ကရော၊ မွတ်ဆလင်ဘက်ကရော သတ်ဟယ် ဖြတ်ဟယ် ကြွေးကြော်နေကြသူတွေ လှုံ့ဆော်နေကြသူတွေကို သတိပေးပါရစေ။ သွေးကို သွေးနဲ့ ဆေးကြောလို့ မသန့်စင်နိုင်ပါဘူး။ လူတွေကို သတ်လို့ ဖြတ်လို့ ဘာမှ အကျိုးမရှိပါဘူး။ လူတွေ သေကြ ကြေကြလို့ ဘာမှ အကျိုးမရှိပါဘူး။ ဘာသဘောနဲ့ သတ်ခိုင်းဖြတ်ခိုင်းနေကြတာလဲ။ ရခိုင်တွေ သေလို့ ဘာအကျိုးရှိမလဲ။ မွတ်ဆလင်တွေ သေလို့ရော ဘာအကျိုးရှိမလဲ။ ရခိုင်တွေရော၊ မွတ်ဆလင်တွေရောဟာ ခင်ဗျားတို့ ကျနော်တို့လိုပဲ မိသားစုနဲ့ သံယောဇဉ်နဲ့ ခံစားတတ်၊ ဝမ်းနည်းတတ်၊ ချစ်တတ်၊ မုန်းတတ်တဲ့ လူတွေပဲဆိုတာ သတိရပါ။ လူသတ်ဝါဒကို စွန့်လွှတ်ကြပါ။ လူသတ်ဝါဒ ကြွေးကြော်သူ၊ လှုံ့ဆော်သူ မှန်သမျှကို ရှုတ်ချကြပါ။ ဒီနေရာမှာ နိုင်ငံခြားကနေ မြှောက်ပေးနေတဲ့သူတွေကို အထူးသတိပေးချင် အပြစ်တင်ချင်ပါတယ်။ နိုင်ငံခြားကနေ နိုင်ငံရေးစကား မပြောကြနဲ့ဆိုတဲ့ စကားမျိုးကို ကျနော် ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ နိုင်ငံခြားကလူတွေမှာလည်း ပြောဆိုခွင့် စည်းရုံးခွင့် ရှိတယ်လို့ ယုံကြည်တဲ့အတွက် မပြောတာပါ။ ဒါပေမယ့် အခုကိစ္စမှာတော့ ပြောပါရစေ။ ကိုယ်က လွတ်ရာကျွတ်ရာမှာ ရောက်နေပြီး ရခိုင်တွေ မွတ်ဆလင်တွေကို သတ်ကြဖြတ်ကြအောင် မြှောက်ပေးနေကြသူတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ခင်ဗျားတို့ရေးတဲ့ စာလုံးတလုံးကြောင့် လူတယောက် ပိုသေသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ခင်ဗျားတို့ ရေးတဲ့ စာလုံးတလုံးဟာ သွေးစွန်းတဲ့ စာလုံးဖြစ်သွားနိုင်ပါတယ်။
မွတ်ဆလင်ဘာသာဝင်တွေအနေနဲ့လည်း လူစုလူရုံးနဲ့ တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုတွေ ရပ်တန်းက ရပ်ကြပါ။ ဂလဲ့စားချေလို့ အကျိုးမရှိပါဘူး။ ခင်ဗျားတို့က လူနည်းစုပါ။ နာချင်းနာရင် ခင်ဗျားတို့ဘက်က ပိုနာပါလိမ့်မယ်။ မူဆလင်တွေက အင်အားပိုများတဲ့ နေရာတွေလည်း ရှိပါလိမ့်မယ်။ အင်အားပိုများလို့ အနိုင်ရလိုက်ရင်လည်း ဘာမှအကျိုးမရှိပါဘူး။ ရခိုင်တွေအနေနဲ့လည်း လက်စားချေ တုန့်ပြန်တဲ့ လုပ်ရပ်တွေဟာ အလားတူပဲ အကျိုးမရှိဘူး ဆိုတာကို နားလည်ကြပါ။ လူသတ်တဲ့လူဟာ လူသတ်သမားပါပဲ။ ဘာအကြောင်းကြောင့်မှ လူတယောက်ကို ဥပဒေမဲ့ သတ်ဖြတ်ခွင့်မရှိပါဘူး။ လူသတ်တဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြပါ။ မီးရှို့ဖျက်ဆီးတဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြပါ။
ရိုဟင်ဂျာအရေးကို ကျနော် တခါမှာ မရေးဖူး၊ မပြောဖူးပါဘူး။ ရိုဟင်ဂျာအရေးကို တခါမှ မထောက်ခံဖူးသလို တခါမှလည်း မဆန့်ကျင်ဖူးပါဘူး။ ဘာ့ကြောင့် မပြောသလဲဆိုတော့ ကျနော့်မှာ ပြောရေးဆိုခွင့် (authority) ရှိတယ်လို့ မထင်လို့ပါ။ အခုတော့ ရိုဟင်ဂျာအရေးဟာ မပြောမဖြစ်တဲ့ အခြေအနေကို ရောက်လာပြီမို့ ကိုယ်ပြောခွင့်ရှိတယ် ထင်သလောက် ပြောပါမယ်။
“တစုံတခုကို အများဆန္ဒနဲ့အညီ၊ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာတော့ ကိုယ့်နိုင်ငံထဲမှာ ရှိနေရင် လူမှန်သမျှကို လူလို ဆက်ဆံဖို့ လိုတယ်။ စစ်အစိုးရခေါင်းဆောင်တွေ၊ ဗိုလ်မှူးဇော်ဌေးလို လူတွေအနေနဲ့လည်း လူလို သိတတ်ကြဖို့ လိုပါတယ်။”
ရိုဟင်ဂျာကို နိုင်ငံသား ပေးသင့် မပေးသင့် ဆိုတာကို ဘယ်သူတဦးတယောက်မှ၊ တဦးတယောက်သဘောနဲ့ ဆုံးဖြတ်ခွင့် မရှိပါဘူး။ ကိုယ့်အမြင်ကို ကိုယ်ပြောတယ် ဆိုရင်ဖြင့် ပြောချင်ပြောပါ။ တဦးတယောက်သဘောနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ မကြာခင်ရက်ပိုင်းက ပြောသွားတာ ကြားလိုက်ပါတယ်။ ဒီလို ပဋိပက္ခကာလမျိုးမှာ ဒီစကားထွက်ပြောတာဟာ အမြော်အမြင်နည်းတယ်လို့ပဲ ဆိုချင်ပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ချင်လို့များ ကြိုပြီး မဲဆွယ်နေသလားလို့တောင် အထင်သေးစရာ ဖြစ်နေပါတယ်။ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် လက်ခံသင့် မခံသင့်ဆိုတာ ကိုကိုကြီးတင်မကဘူး၊ ဦးသိန်းစိန်တောင်မှ တယောက်တည်းသဘောနဲ့ ထင်တိုင်းပြောလို့ မရဘူး။ (ကျနော်လည်း ထင်ရာမြင်ရာ မပြောပါဘူး။ ကန့်လည်း မကန့်ကွက်ပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။) ဒါပေမယ့် ရိုဟင်ဂျာလည်း လူတွေပါ။ သိန်းနဲ့ချီတဲ့ လူတွေပါ။ ဒီလိုလူတွေရဲ့အရေးကို နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့ ပေါ့ပေါ့တန်တန်နဲ့ လက်လွတ်စပယ် မပြောကောင်းဘူး။ ရိုဟင်ဂျာအရေးအတွက် ဆုံးဖြတ်ချက်ချမယ်ဆိုရင် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးသမား ကြီးငယ်တွေ၊ ရခိုင်လူမျိုး အကြီးအကဲတွေ၊ ရိုဟင်ဂျာအကြီးအကဲတွေ တခြားသက်ဆိုင်သူတွေအားလုံး အညီအညွတ်ဆွေးနွေး တိုင်ပင်တဲ့ နိုင်ငံရေး ညီလာခံကြီး ကျင်းပဖို့ လိုပါတယ်။ ဒေသခံ သာမန်ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ လုပ်ဖို့လိုရင် လုပ်ရပါမယ်။ ဒီ့ထက် ပိုလိုအပ်ရင် တနိုင်ငံလုံးဆန္ဒခံယူပွဲ လုပ်သင့်ရင် လုပ်ရပါလိမ့်မယ်။ လူအများအပြားရဲ့အရေး လူအများအပြားရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့်အရေးမှာ ကိုယ့်အထင်၊ ကိုယ့်အသိလောက်နဲ့ လွယ်လွယ် ပြောဖို့မသင့်ဘူး။ အရင်ကလည်း နိုင်ငံရေးသမား အဆက်ဆက်ဟာ ရိုဟင်ဂျာကို ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်သဘောနဲ့ကိုယ် လိုသလို အသုံးချခဲ့လို့ အခုလို အရှုပ်အထွေးတွေ ပေါ်လာခဲ့၊ ကျန်နေခဲ့တာကို သတိရသင့်တယ်။ အခု ရိုဟင်ဂျာတွေကို မုန်းလှချည်ရဲ့ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေထဲက ရဲမှူးခင်ရီ (အခု လဝကဝန်ကြီး) က ရိုဟင်ဂျာတွေကို ဘာပေးပါမယ်၊ ညာပေးပါမယ် ဆိုပြီး ကတိတွေ ဗရပွ ပေးပြီး ၂၀၁၀ မှာ မဲဆွယ်မဲဝယ်သွားခဲ့တာကိုလည်း သတိရသင့်ကြပါတယ်။
လူတွေကို အမှိုက်ပုံထဲ စွန့်ပစ်လိုက်လို့ ရတာမဟုတ်ဘူး။ လူမပြောနဲ့။ ခွေးမွေးကင်းစကလေးတောင် အမှိုက်ပုံပေါ် သွားပစ်ရင် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းက ရှုတ်ချပြစ်တင်တတ်သေးတယ်။ ရိုဟင်ဂျာလည်း လူပဲ။ နိုင်ငံသားဖြစ်ခွင့်ရှိမရှိဆိုတာ စောစောက ပြောသလို အများသဘောနဲ့ ဆုံးဖြတ်ဖို့သာဖြစ်တယ်။ ဒါပေမယ့် လူမှန်ရင် နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် လူ့အခွင့်အရေးတော့ ရှိရမယ်။ အသားမဲမဲ၊ ဖြူဖြူ၊ မြန်မာစကား တတ်တတ် မတတ်တတ် လူမှန်ရင် လက်ထပ်ခွင့် ရှိရမယ်။ ခရီးသွားခွင့် ရှိရမယ်။ ပညာသင်ခွင့် ရှိရမယ်။ ဒီအခွင့်အရေးတွေကို စစ်အာဏာရှင်တွေက ချုပ်ချယ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ တစုံတခုကို အများဆန္ဒနဲ့အညီ၊ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာတော့ ကိုယ့်နိုင်ငံထဲမှာ ရှိနေရင် လူမှန်သမျှကို လူလို ဆက်ဆံဖို့ လိုတယ်။ စစ်အစိုးရခေါင်းဆောင်တွေ၊ ဗိုလ်မှူးဇော်ဌေးလို လူတွေအနေနဲ့လည်း လူလို သိတတ်ကြဖို့ လိုပါတယ်။
အခုချိန်မှာ ရခိုင်ဘက်ကနေ မွတ်ဆလင်ကို သတ်ဖို့ မြှောက်ပေးနေသူတွေရော၊ မွတ်ဆလင်ဘက်ကနေ ရခိုင်တွေကို သတ်ဖို့ မြှောက်ပေးနေသူတွေရော အဲဒီနှစ်မျိုးစလုံးဟာ လူသတ်ဝါဒဖြန့်ချိသူတွေ ဖြစ်ပါတယ်။ လူတွေ သေအောင် လုပ်နေသူတွေပါ။ ရခိုင်ဘက်ကနေ မွတ်ဆလင်တွေကို သတ်ကွာ၊ ချကွာလို့ အဝေးကနေ ပြောနေသူတွေ၊ အင်တာနက်ကနေ ပြောနေသူတွေကို ရခိုင်ဘက်သားလို့ မထင်ပါနဲ့။ သေစရာရှိရင် သူတို့ လာသေမှာ မဟုတ်ပါဘူး။ သာမန်အပြစ်မဲ့လူတွေပဲ သေကြမှာပါ။ မွတ်ဆလင်ဘက်ကနေ မြှောက်ပေးနေသူတွေဟာလည်း အလားတူပါပဲ။ သူတို့ကိုလည်း မွတ်ဆလင် အကျိုးကို အမှန်လိုလားသူလို့ သတ်မှတ်လို့မရပါဘူး။
ဒီအချိန်မှာ လုပ်သင့်တာက ကိုယ့်လူမျိုးကိုယ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ကာကွယ်ကြဖို့ပါ။ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းမှာ အစပိုင်းမှာ ကျောင်းသားတွေ မျက်ကန်းမျိုးချစ်စိတ်နဲ့ ကုလားတွေကို လိုက်ရိုက်ခဲ့ကြပါတယ်။ နောက်ပိုင်း အမြင်မှန်ရသွားတဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းရာမွန်ရာ အလုပ်တွေ လုပ်ပြခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီသာဓကတွေကို ကျနော်တို့ အတုယူကြရမှာပါ။ မြန်မာ၊ ရခိုင်နဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ရခိုင်လူမျိုးတွေထဲက ဒုက္ခရောက်သူတွေကို အစားအသောက်အဝတ်အစားနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အကူအညီပေးဖို့ လိုပါတယ်။ ပြည်ပနေ တိုင်းရင်းသားတွေအနေနဲ့လည်း ရန်ပုံငွေတွေ ပေးပို့လှူဒါန်းပြီး ရခိုင်လူမျိုး ဒုက္ခရောက်သူတွေကို ကူညီသင့်ပါတယ်။ မွတ်ဆလင်ဘာသာရေး အဖွဲ့အစည်းနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေအနေနဲ့လည်း ကိုယ့်လူမျိုးဒုက္ခရောက်သူတွေကို ကိုယ့်ဘာသာ ကူညီစောင့်ရှောက်သင့်ပါတယ်။
ရဲနဲ့ စစ်တပ် လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့လည်း အကာအကွယ် လိုအပ်တဲ့ ကျေးရွာနဲ့ ပြည်သူတွေရှိရာ နေရာတွေမှာ သွားရောက် စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိ ရှိနေတဲ့ လုံခြုံရေးနဲ့ မလုံလောက်ရင် တနိုင်ငံလုံးမှာရှိတဲ့ ရဲတွေ စစ်သားတွေနဲ့ အင်အားဖြည့်ဖို့ လိုပါတယ်။ အစိုးရမှာရှိတဲ့ ရဲနဲ့ စစ်သား အသက်ပြည့်သူ အသက်မပြည့်သူတွေ အားလုံးပေါင်းလိုက်ရင် ရိုဟင်ဂျာတယောက် လုံခြုံရေးတယောက်တောင် ချဖို့လောက်ပါလိမ့်မယ်။
အခုတော့ အစိုးရလုပ်ရပ်က လူရှေ့ထွက် စကားကောင်းပြော၊ နောက်ကွယ်က မြှောက်ပေး၊ ဒလျှိုဒလန်ထည့် သွေးထိုး၊ မဖြစ်ရင် ဖြစ်အောင် ဖွပေး၊ ဖွပေးလို့ ဖြစ်လာရင် မကြီးသင့်တာကို ကြီးလာအောင် ဟပေး၊ အချိန်လွန်တော့မှ နာမည်ကောင်းဝင်ယူ ဆိုတာမျိုး ဖြစ်နေပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှု၊ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး လှုပ်ရှားမှုတွေကို အာရုံလွှဲဖို့အတွက် အစိုးရကိုယ်တိုင် မြှောက်ပင့်ပေးနေတဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို ရပ်တန့်နိုင်အောင် နိုင်ငံသားတိုင်း ဝင်ရောက်ကူညီကြပါ။ ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်ကြပါ။ မငြိမ်သက်တဲ့ ဒေသက ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကို တတ်နိုင်သမျှ အကာအကွယ်ပေးကြပါ။ သွေးကို သွေးနဲ့ ဆေးလို့မရပါ။ ဂလဲ့စားချေတဲ့ နည်းဟာ မီးကို ရေနဲ့ ငြှိမ်းတာ မဟုတ်ဘဲ မီးလောင်ရာ လေပင့်တဲ့ နည်းသာဖြစ်ပါတယ်။ လူသတ်တာကို ဆန့်ကျင်ကြပါ။ ဖက်ဆစ်အာဏာရှင်စနစ်နဲ့ လူသတ်ဝါဒကို ဆန့်ကျင်ကြပါ။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဇွန်လ ၁၀ ရက် - ၂၀၁၂
52 comments:
ခင်ဗျားကိုယ်တိုင် ဒီကိုလာကြည်.စေချင်တယ် ဦးလွမ်းဆွေ
Rohinja muslin , they are came from parkitstan country.. And. They are Terleban..!
ဆောက်ရှက်မရှိသူတောင်းစားတွေ
မင်းတို့လိုလူတွေရှိနေလို့ငါတို့တိုင်းပြည်နာနေတာ
မင်းကသူပုန်ထလို့ပြော
မင်းပထွေးလူသတ်ကောင်မိုးသီးဇွန်က
လက်နက်စုခိုင်း
မင်းတို့နဲ့အပေါင်းပါတွေက
အစိုးရလူသတ်နေတယ်ပြော
ကြိုးသားစွဲပါကွာ
ဥပမာပြောမယ်
ခင်ဗျားအိမ်ကို လူတစ်စုကအင်နဲ့အားနဲ့သုံးပြီး
ကိုယ့်မိသားစု ကိုယ့်အမျိုးမဟုတ်တာကိုလက်ခံခိုင်းမယ်
လူသားချင်းစာနာထောက်ထားပြီးတော့
လူ့အခွင့်အရေးစကားတွေသုံးပြီး
အိမ်ခြေယာခြေမဲ့ကို
လက်ခံခိုင်းမယ် ဆိုလက်ခံမလားပြောကြည့်ပါ
ခုကျုပ်တို့ကမွတ်စလင်,ခရိယာန်,ဗုဒ္ဓဘာသာခွဲနေတာ
မဟုတ်ဘူး
ဘာသာရေးကိုလဲ ရှေံတန်းတင်နေတာမဟုတ်ဘူး
အိုဘာမားပြောသလို မွတ်စလင်ဘာသာကိုတိုက်နေတာမဟုတ်ဘူး
ဒီဘာသာအရေခြုံပြီးမကောင်မှုလုပ်နေတဲ့သူတွေကို
တိုက်နေတာ
အစိုးရကိုကောင်းတယ်
စစ်တပ်ကိုကောင်းတယ်မပြောဘူး
ကချင်အရေးမှာ အစိုးရမှားမယ်
ဒီရခိုင်အရေးမှာ အစိုးရမှန်တယ် စစ်တပ်မှန်တယ်
ဒီလိုဘဲမြင်တယ်
ဒါဟာနိုင်ငံ့အရေးပါ
ဒီမြေပေါ်မှာမွေးပြီး ဒီမြေပေါ်မှကြီးလာကြတာပါ
တစ်ခြားမှာရောက်လို့ ပေါင်မုန့်နဲ့ထောပတ်စားလဲ
ချဉ်ပေါင်နဲ့ငပိတော့မမေ့သင့်ဘူး
ကျွန်တော်တို့ရဲ့တိုင်းပြည်ကို တိုင်းတစ်ပါးက
ကိုယ့်လူမျိုးမဟုတ်တာတွေကျူးကျော်တာကို
တိုက်ခိုက်ကျတဲ့နေရာမှာ
မကူညီရင်နေပါ မနှောက်ယှက်ပါနဲ့
အကောင်းမပြောချင်နေပါ အပြစ်မပြောပါနဲ့
ခင်ဗျားတို့ ဟာ ဗမာလူမျိုး မြန်မာနိုင်ငံသားတွေပါ
ခုနေဘယ်နိုင်ငံမှာနေနေ ဘယ်နိုင်ငံသားဖြစ်ဖြစ်
နိုင်ငံတစ်ခုမှာမွေးဖွားပြီးကြီးပြင်းလာခဲ့တယ်နိုင်ငံရှိခဲ့
တယ် ဆိုတာပြနိုင်သေးတယ်လေ
ဒီတော့ ကျေးဇူးပြုပြီး
ဒီလိုအပြစ်ပြောနေမဲ့အစား
ခုလောလောဆယ်မှာ
မြန်မာပြည်ရဲ့အခက်အခဲ
ရခိုင်တိုင်းရင်းသားတို့ရဲ့အခက်အခဲကို
စာနာသောအားဖြင့်
လူသားချင်းစာနာသောအားဖြင့်
ကျွန်တော်တို့မြန်မာတွေဟာ
လူမျိုးရေး ဘာသာရေးခြားနေတာမဟုတ်ကြောင်း
လေးတော့
ဖြန့်ဝေစေချင်တယ်ဗျာ
ဒီတော့
ဘယ်လမ်းရွေးမလဲ
ရွေးပေါ့ဗျာ ဟုတ်ဘူးလား
မြန်မာနိုင်ငံသားလား မြန်မာလူမျိုးကိုချစ်လား
ဒါမှမဟုတ်ငါနဲ့မတူငါ့ရန်သူ
အစိုးရလုပ်သမျှဆန့်ကျင်ကျဆိုပြီးဘဲ
ကမ္ဘာ့အလယ်မှာမြန်မာဟာ လူမျိုးရေးခွဲခြားသူတွေပါ
ဘာသာရေးအစွန်းရောက်တွေပါလို့အမည်တပ်တာခံနေမလား
ထမင်းတစ်ဝမ်းဘယ်လိုရှာရှာစားလို့ရပါတယ်
နဖူးပေါ်လက်တင်စဉ်းစားလို့
စိတ်မသန့်ရင်တော့ အင်းးးးးးးးးး
ဇော်ဝင်း,မှူးဇော်ကရခိုင်မှာဖြစ်နေတာတွေကိုငလိမ်တွေ
နိုင်ငံတကာမှာလိမ်လို့မရအောင်ဘန်ဂါလီတွေဘာလုပ်တယ်
ဆိုတာကိုဓတ်ပုံနဲ့တကွတင်ပေးနေလို့ ရိုဟင်ဂျာလုပ်စားတွေဘက်
ကနာပေးနေတာမဟုတ်လား
vary vary thank ko zaw win, u pos vary nice, special thank
ရိုဟင်ဂျာ ဆိုတာ သူပုန်ကွ၊ ဇော်မင်း မင်းဘာမှနားမလည်ဘဲ သံကောင်းလာဟစ်မနေနဲ့။ သမိုင်းကိုလည်းအရင်လေ့လာကြည့်အုန်း။
တိုင်းတပါးကကျူးကျော် ၀င်ရောက်လာတဲ့ မွတ်စကုလား သူပုန်အုပ်စုကို ငါတို့ကဘာဆိုင်လို့ တိုင်းရင်းသားလိုသဘောထားပြီးအခွင်းအရေးတန်းတူပေးရမှာလဲကွ။ မင်း မြန်မာတိုင်းရင်းသား မျိုးချစ်စိတ် စစ်စစ်ရှိတယ် ဆိုရင် ဒီလောက်တော့ သဘောပေါက်သင့်တယ်။
ဇော်ဝင်း မင်းကို ဘယ်လိုဆဲနည်းမျိုးနဲ့  ဆဲရမှန်းတောင် မသိတော့ဘူးကွာ မင်းဘယ်သူလဲဆိုတာ စုံစမ်းလို့  သိတဲ့တစ်နေ့  အေး အဲဒီနေ့ ကျရင်တော့ သိပါလိမ့်မယ် မင်းရဲ့  အလ္လာရှင်ကပဲ အမိန့် ချမလား ငါကိုယ်တိုင် ဘယ်လိုအမိန့် ချမယ်ဆိုတာကို ထမင်းလဲဝအောင်စား ရေလဲဝအောင် သောက်ထားပေါ့ကွာ
ဒေါက်တာချက်ကြီး Comment မှ -
အခုဇော်ဝင်း(၈၈-ကျောင်းသားဟောင်း)ဆိုသူက မဲဆောက်အခြစိုက် အများစုလုပ်စားနိုင်ငံရေးသမားတွေရဲ့ 
လေသံအတိုင်း တိုင်းပြည်မှာ ဘယ်လိုပြဿနာဖြစ်လာဖြစ်လာ
အစိုးရကြောင့်လို့ ပဲ ဖင်ပိတ်ငြင်းတဲ့လူစားမျိုးဖြစ်နေပါပြီ။
ဒါကလဲ ကျတော့်အမြင်ပြောရရင်
လွန်ခဲ့တဲ့ ရက်ပိုင်းက ဒေါ်စုက
မဲဆောက်မှာရှိတဲ့ ဒီမိုအင်အားစုတွေကို လက်ခံတွေဆုံမှုမရှိလို့ 
ပေါက်ကွဲတဲ့လေသံမျိုးဖြစ်နေပါတယ်။ လက်ခံတွေဆုံတဲ့အချိန်ရောက်ရင် လက်ခံတွေ့ ဆုံမှာပါ။
အဲဒါကလဲ ခုလိုမျိုးအကျင့်တွေမပြင်သရွေ့ 
လက်ခံတွေ့ ဖို့ မလွယ်ပါဘူး။
ဒေါ်စုအနေနဲ့ ညံ့တဲ့ခေါင်းဆောင်မျိုးမဟုတ်ပါဘူး။ ခုကိစ္စက အာဏာကို သူရကိုယ်ရလုနေတဲ့ပွဲမျိုးလဲမဟုတ်ပါဘူး။
ဒါကို ပြည်သူတွေအားလုံးသိနေပါတယ်။
ပြည်သူတွေအရင်ကလို မညံ့တော့ပါဘူး။
ရိုဟင်ဂျာ ဆိုတာ သူပုန်ကွ၊ ဇော်ဝင်း မင်းဘာမှနားမလည်ဘဲ သံကောင်းလာဟစ်မနေနဲ့။ သမိုင်းကိုလည်းအရင်လေ့လာကြည့်အုန်း။
တိုင်းတပါးကကျူးကျော် ၀င်ရောက်လာတဲ့ မွတ်စကုလား သူပုန်အုပ်စုကို ငါတို့ကဘာဆိုင်လို့ တိုင်းရင်းသားလိုသဘောထားပြီးအခွင်းအရေးတန်းတူပေးရမှာလဲကွ။ မင်း မြန်မာတိုင်းရင်းသား မျိုးချစ်စိတ် စစ်စစ်ရှိတယ် ဆိုရင် ဒီလောက်တော့ သဘောပေါက်သင့်တယ်။
Dear, ko zaw win
Thank you for your next story.
Nobody can write on this event like you.
I like some parts. not all.
Anyway, you are HERO, BRAVE and are look like a candle light for who is without head in Myanmar.
Come on........man
ဇော်ဝင်း၊မှူးဇော်ကမြှောက်ပေးနေတယ်ပြောရအောင်ငါတို့တိုင်းရင်းသား
ရခိုင်တွေကဘာလုပ်နေလို့လဲ၊၊မင်းရဲ့ဘင်ဂါလီတွေကသာလိုက်ပီးမီးရှို၊လု
ရက်နေကြတာဓက်ပုံတွေနဲ့တကွတလောကလုံးအသိ
မင်းဟာ လူ တော့ဟုတ်ပါတယ်နော် ?
ကိုဇော်ဝင်း၊ ကိုမိုးသီး ၊ ခင်ဗျားတို့ပါးစပ်ကထွက်ရင်ဘာဆိုတာသိပြီးသားပါ။
ခင်ဗျားတို့တိုင်းပြည်အတွက် အခုထက်ထိဘာတွေအကျိုး ဖြစ်ထွန်းတာလုပ်ခဲ့ပြီးပြီလဲ၊ အဲဒါပဲပြောပါ။ ခင်ဗျားတို့အကြောင်းကို သွားလေသူ ကိုမြင့်ဇော်(ကိုဘူးသီး) လူဘောင်သစ် ခေါင်းဆောင်ဟောင်း ပြောဘူးလို့ သိထားပြီးသားပါ။ တိုင်းပြည်အတွက် ကောင်းတာလေးတွေ အကြံပေးပါအုံး၊ တတ်နိုင်သလောက် လုပ်ပေးပါအုံး၊ သူများလုပ်တာ ဘာမှမကောင်းဘူး လို့ပြောရုံသက်သက်နဲ့တော့ ပြည်သူလူထုက မလေးစားနိုင်ဘူးဆိုတာယုံပါ။
Hey, if you a man, please show your address! I will come and see you. Hey, Lun swe, show your address here if you were a man.
Nobody support you (Lun Swe and Zaw Win). I am also 88 student. I knew MoeTheeZun and demo slam begger that they annoying and barking to Demo gov and DASSK from outside.
Last time Rohinja persuad ABSDF to support and tell the world that they are race. ABSDF got some money and some weapons from Rohinja. I am 88 student but I could sell my country no matter I do not have financial. I knew a lot of Moe Thee Zun and other demo slam beggers. They lead ABSDF to be more trouble and complicated.
ဥိးနေ၀င်းကပြောခဲ့တယ် .... စစ်တပ်ဆိုတာ သေနပ်ကို ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး .... ကဲ အခု ဘယ်ကို ပစ်ကြမလဲ?
ကျွန်တော်မှာလဲရခိုင်သူငယ်ချင်းတွေ
ရှိတာပဲရှမ်းလဲရှိတယ် မြန်မာနိုင်ငံဘယ်တိုင်ရင်းသာမဆို အရမ်းချစ်တယ် သူတိုနဲနေရတာ သွားရတာ စားရတာ ပျော်ဖိုကောင်တယ်သူတိုဓလေ့ထုံးစံကို လိုက်နေလိုက်စားရတာ ပျော်တယ် အဲလိုပဲသူတိုကိုလာထိရင်လဲ
ဒေါသထွက်တယ် အဲဒါတိုင်းရင်သာစိတ်ဓာတ်နဲအမျိုးသားရေပဲ အစိုရ၀ါဒဖြန့် ၂ တမင်လုပ်လုပ် ရခိုင်၇ွာမီးရှိုရင်
ရှိတယ်လူတော့ သေပြီသာမှန် ( ဘယ်တိုင်းရင်သားမှာ တိုင်ရင်သားအချင်ချင်းမတိုက်ဘူး) အစိုရတိုက်လို မီးရှိတယ့်  ထားအခုကတောလွန်နေပြီ အသေချမယ်အချိန်ရောက်နေပြီ ရခိုင်တွေ ကုလားတွေအိမ်ကိုစစ် (မပါတယ်လူကို မနှိပ်စပ်နဲ တစ်အိမ်ဝင်တစ်အိမ်ထွက် သေချာစစ် နိုင်ငံသာကပ် ရှိမရှိ မ၇ှိရင် ၇ဲစခန်းပို့  ) အဲလိုသေချာစစ် ကမ်ခြေကို သေချ စောင့်ရှောင့် ပေတော့ တစ်နိုင်တစ်ပိုင် ထောင့်ချောက်တွေ နဲသေချာ ရွာလုံခြုံရေး လုပ်ပေးတော အဝေမှာရှိပင်မယ်ကိုယ်နေတယ်
ရွာလောင်သလို ကိုယ်ညီအစ်ကိုမောင်နမတွေခံနေရသလိုပဲ အသည်းထဲကကိုနာတယ် ရခိုင်အရေ့း ရှမ်းအရေးကချင် ချင်းဘယ်သူထိထိ မြန်မာနိုင်ငံနဲဗမာနိုင်ငသားကိုထိတာပဲ တစ်ကီလိုမီင်္တာလိုချင်ရင် စစ်တက်နဲ တိုင်ရင်သာတွေသေမှာ အဲဒီနေရာရမယ် (ကိုယ်အချင်းချင်း ချတာမြန်မာလူမျိုထုံစံ ဒါပင်မယ်သူများလာချရင် ၀ိုင်ချပြီညီတာ မြန်မာလူမျိုထုံစံ) ရှင်းတယ်နော်
I could not sell my country like Lun Swe, Zaw Win and Moe Thee Zun, and ABSDF. I'm a 88 student!
Zaw Win Stay in USA now.
If someboby want to kill him, you can find out. He is a leader of one of the Peace party.
Bull Shit Comment!
Make me angry!
စစ်တပ်က ရိုဟင်ဂျာတွေကို တိုက်တာကို တားသည့် ရွှေညဏ်တော် စူးရောက်ကြ သော သူများခင်ဗျား။ တိုက်ရင် ရလာမယ့် အကျိုးအမြတ် မတိုက်ရင် ဆုံးရူံးရတော့မယ် ရခိုင်ဒေသ ကို ကျွှန်တော်ညဏ်မှီသလောက် အပြတ်သားဆုံး ပြောပြပါမယ်။
၁။ မတိုက်ဘဲ သူတို့လုပ်သမျှခံနေရင် ဘာဆိုဘာမှပြန်မလုပ်ရင် နောက်ဆုံးမှာ ရခိုင်ပြည်နယ်ကနေ မြန်မာတိုင်းရင်းသားအားလုံး ဆုတ်ခွာပြီး ရခိုင်တခုလုံး သူတို့လက်အောက်ကို ပေးလိုက်ရတော့မှာ။ ဒါမှမဟုတ် နောက်တနည်း မေတ္တာရှေ့ထားပြီး ညှီရင်လည်း အကြမ်းဖက်တာရပ်စေချင်ရင် ရခိုင်နယ်မြေကို ပေးပါလို့တောင်းမှာဘဲ။ အဲဒီတော့ ညဏ်ကောင်းတဲ့ သူစဉ်းစာပေါ့ တိုက်သင့်မတိုက်သင့်။
၂။ စစ်တပ်ကတိုက်လို့ နောက်ဆုံးမှာ ခင်ဗျားတို့ထင်ထားသလို တနိုင်ငံလုံး စပ်တပ်က အာဏာပြန်သိမ်းမယ်ဆို အုန်းတော့။ ဟိုခွေးတွေကို ရခိုင်ပြည်တခုလုံးပေးတာနဲ့ သူတို့ အုပ်ချုပ်တာနဲ့ ဘယ်ဟာကောင်းမလဲ။ ဟိုကောင်တွေသာ ရသွားရင်ရခိုင်မှာ မြန်မာတိုင်းရင်းသားတွေ ၀င်လို့တောင်ရမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ရခိုင်ပြည်နယ်တခုတင် ကျေနပ်မယ်ထင်လား။ နေရတာကျပ်တယ်လို့တောင် ခင်ဗျားကို ပြန်ပြောသွားအုန်းမယ်။ စစ်တပ်က အာဏာသိမ်းရင်တောင် ကိုယ်လူမျိုးတွေ ကိုယ့်ဘာသာ၊ကိုယ့်သာသနာနဲ့တော့ နေရအုန်းမှဘဲ။ ဘာသာ၊သာသနာကို ချစ်တယ် ထမင်းစားပြီး ကြီးလာတာမှန်ရင် ဘယ်ဟာကောင်းလဲဆိုတာ ပြောနေစရာတောင်မလိုဘူး။ (ဒါတောင် စစ်တပ်က ပြန်သိမ်းအုန်းမှနော်။ မသေချာဘူးနော်။)
စကားနည်းနည်းရိုင်းသွားရင် ခွင့်လွှတ်စေချင်ပါသည်။ မခံချင်စိတ်တွေများလွန်းလို့ပါ။ ကျွှန်တော့်ကတော့ ကုလားလက်အောက်မှာတော့ ဘယ်တော့မှမနေဘူး။
Good Purpose for Reconciliation, But bad reason of always pointing to U Thein Sein's fellows. In summing up, appreciate to openness and sincere wish.
မောင်တော မြို့နှင့် ထိစပ်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇား ခရိုင် တက္ကနာ မြို့ထဲမှ ရခိုင်ကျေးရွာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ယခုလ ၈ ရက်နေ့မှ စတင်ကာ လုံခြုံရေးယူပေးထားကြောင်း ယင်းဒေသတွင် နေထိုင်သော မြန်မာ နိုင်ငံသားများကဆိုသည်။
http://burma.irrawaddy.org/archives/11921
Zaw Win, please write here ur address ! I will come and see u all. I'm 88 student. I want to treat u! So do not forget ur address here! Lun Swe, I will come ur home soon. I want to see u and ur family too!
The Death
Let me see who can suicide for ur trust to show to all over the world.
TIBET peoples show SUICIDE over 30 peoples for Their trust.
I have never see about that in our myanmar , but I know one that ......AIR THU YAE KONE myar tal........yee chin tal!!!!!
ဒေါက်တာလွမ်းဆွေ ကိုသိပ်ကျေးဇူးတင်ပါတယ် မှူးဇော်ဆိုတဲ့ FB Account ကိုဖေါ်ပြပေးလို့ပါ အခု add လုပ်ပြီး ထောက်ခံအားပေးနိုင်ပြီ မျိုးချစ်စိတ်ရှိ တဲ့ မှူးဇော်ကို တမျိုးသားလုံးအားပေးနိုင်ပြီ ကျေးဇူးပဲ အမျိုးထိလို့လဲ နာရကောင်းမှန်းမသိသေးတဲ့ ကျပ်မပြည့်တဲ့ ချီးထုပ် လွမ်းဆွေ၊ မိုးသီးဇွန်၊ဇော်ဝင်း တို့ကတော့ ဒီပွဲမှာ ဗူးပေါ်သလိုပေါ်ပြီမို့ အမျိုးယုတ်တွေမှန်းလူတိုင်းသိကုန်ပြီလေ
မြန်မာနိုင်ငံသားတွေကိုတော့ မင်းတို့လို စောက်ပေါတွေလို့မထင်နဲ့ လူတိုင်းဦးနှောက်ရှိတယ်
KO ZAW WIN,
We are waiting for next from you.
You are Grate
Thank you so much
I really appreciate you, Ko Aung Myo Hlaing! I m very pity Lun Swe and Zaw win!
Lun Swe yay, I will come maesot ur home and meet u and ur family! Ha ha ha! Do not scare me! I will give some lesson to u and ur family!
ဟို ညီလေးတွေ.. နောက်ပြောသလိုပေါ့.. လေဘာဒယ် ကိုလွှမ်းဆွေရယ်.. :P
hi, ko pyi soe
let me ask you some questions.
Where r u from? How much do you get for this job?
If you get a lot of money , I dont need to say anything. Ok, you can do your job. It is ok.
If you dont get money, u r Crazy!!!!
but, If you get money? how much??
100000 or 1000000 kyat?
100000 kyats has my Boss polo shirt.
this is ko zaw win address.
10 Downing Street
London
SW1A 2AA
Your father waiting for you all.
Come and See...........
ကိုကိုကြီးက ဥပဒေအရ အမျိုးသားရေးအရ မှန်ကန်မှုကိုပြောတာ။ တိုင်းရင်းသားမြေကို ရိုဟင်ဂျာဆီရောင်းမစားနဲ့။မရဘူး။ မြန်မာစစ်စစ်မဟုတ်လို့ ခင်ဗျားဒီစကားတွေပြောတာ။
ကျွန်တော့်ရဲ့ ပုဂ္ဂလအမြင်နဲ့ သဘောထား တိုက်ဆိုင်တာတွေပါသလို၊ မတိုက်ဆိုင်တာတွေ အများကြီးပါတယ်။ ဒါပေမယ့် ကိုဇော်ဝင်းရေးသားမှုမှာ တွေးစရာ စဉ်းစားစရာတွေ များစွာရရှိစေပါတယ်။
တိုင်းပြည်အတွက် စေတနာအမှန် တကယ်ရှိသူတွေအနေနဲ့ ဒီစာအပေါ် ထိုင်ဆဲနေမယ့်အစား သဘောမတူတာတွေကို အချိန်ယူပြီး အသေအချာ ထောက်ပြတုံ့ပြန်တာမျိုးတွေ လုပ်ကြရင် စာဖတ်သူတွေ ပိုပြီး စဉ်းစားတွေးခေါ် အကျိုးရှိလာမယ်ထင်ပါတယ်။
ဆန့်ကျင်ပြောဆိုသံတွေကြားမှာ ကိုဇော်ဝင်းရဲ့ ကိုယ်ပိုင်ယုံကြည်မှု အမြင်ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း တင်ပြတဲ့စိတ်ဓာတ်ကို လေးစားမိတယ်။
ကိုကိုကြီးကို တောက်လျှောက်ထောက်ခံခဲ့တယ်။ သာမန်အရပ်သားတစ်ယောက် မကတော့ပဲ စံပြထိုက်တဲ့ ပေါ်ပျူလာ ဖြစ်နေတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်က ခပ်ရှင်းရှင်း တဲ့ထိုးကြီး ပြောလိုက်တာကို တွေ့ရတော့ မြန်မာတစ်ယောက်အနေနဲ့ အားရ သဘောကျသလို ဖြစ်မိပေမယ့် ကိုကိုကြီးအပေါ် တစ်ချိန်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရမယ့် တည်ငြိမ်ရင့်ကျက်တဲ့ အလားအလာရှိပုဂ္ဂိုလ်တစ်ယောက်လို့ မျှော်မှန်းထားမိတဲ့ အာရုံသိ စိတ်ထဲမှာတော့ ဘာမှန်းမသိ တစ်ခုခုလိုနေသလို ခံစားမိခဲ့တယ်။
ကျွန်တော်ရဲ့ ပုဂ္ဂလသဘောထားအရဆိုရင် ရိုဟင်ဂျာတွေကို တိုင်းရင်းသားစာရင်းထဲမှာ မထည့်သင့်ဘူးလို့ မြင်တယ်။ ဒါကတော့ တစ်နိုင်ငံလုံး ပွင့်လင်းမြင်သာစွာ သဘောထား ကောက်ခံလိုက်ရင် အလွန်ရိုးရှင်းတဲ့အဖြေ ထွက်လာမှာပါပဲ။ အလုပ်ရှုပ်တယ်လို့ ဆိုနိုင်ပေမယ့် ဒီလိုလုပ်လိုက်မှ အနာဂါတ်မှာ ဒီအရေးကိစ္စကို ပိုပြီး တိကျ ရှင်းလင်းပြတ်သားစွာ ကိုင်တွယ်သွားနိုင်မယ်လို့ မြင်တယ်။
သမ္မတမိန့်ခွန်းထဲက သတိနဲ့ယှဉ်ပြီး အသိနဲ့မေတ္တာတရားကို လက်ကိုင်ထားရမယ်ဆိုတဲ့ ဆင်ခြင်တုံတရားပါတဲ့ စကားကို အပြည့်အ၀ထောက်ခံမိတယ်။ တကယ်တော့ ရန်ကိုရန်နဲ့တုံ့ပြန်လို့ စစ်မှန်တဲ့အဖြေရတာမျိုး မရှိသလောက်ကို ရှားပါတယ်။
ဆောင်းပါးရှင် ဥပဒေပညာရှင် ကျောင်းဆရာကလည်း ကိုယ့်နာမည်လေးတောင် ဖော်မရေးရဲဘဲ ပုဆိုးခြုံထဲက လက်သီးပြနေသလိုပါပဲ။ ဥပဒေပညာ ကျွမ်းကျင်သူတယောက်ဖြစ်တဲ့ ဆရာတယောက် အခုလိုလုပ်တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်မဟုတ်ဘူးလား။ မိမိထင်မြင်ချက် မှန်တယ်ထင်ရင် တာဝန်ယူမူ၊ တာဝန်ခံမူတွေနဲ့ ရဲရဲဝံ့ဝံ့ တင်ပြရဲရမှာပေါ့။ အခုတော့ ဘယ်နှယ်...
ကျနော်ဟာ EMG နဲ့ ဘာမှ မပတ်သက်ပါဘူး၊ ကိုယ့်လုပ်အားနဲ့ ကိုယ်စားပြီး ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးချစ်စိတ်ကြောင့် EMG ဆိုဒ်မှာ စာတွေလည်း ဖတ်ဖြစ်သလို မကြာခဏ ကွန့်မန့်ပေးတဲ့အထဲမှာလည်း ပါပါတယ်။
ဆရာ့လေသံကြည့်ရတာ ရိုဟင်ဂျာကုလားကိုတောင် ကုလားလို့ခေါ်တာ မကြိုက်ပုံထောက်တော့ ဆရာလည်း ကုလားသွေးပါနေတယ်ထင်တယ်။ နောက်ပြီး ကုလားအသတ်ခံရတာကိုပဲ ဆရာ့စာထဲမှာ ၂ ကြိမ်တိုင်တိုင် ထည့်ပြီး ရေးထားပုံရတော့ ကုလားသံယောဇဉ် တော်တော်ကြီးတယ်ထင်ပါ့ဗျာ။ ဆရာပြောတဲ့ လူလူချင်း တန်းတူရည်တူ လူ့အခွင့်အရေးရှိတယ်ဆိုတာ ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဆရာ့ကုလားတွေက စတာနော်။ ဆရာ့သမီး (သို့)ဆရာညီမ အဲလိုဖြစ်မယ်ဆိုရင် ဆရာဘယ်လို လုပ်မလဲ။
ကျနော်တို့မြေပေါ်မှာနေတယ်၊ ရေသောက်တယ်၊ ထမင်းရှင်ကို စော်ကား မုဒိန်းကျင့် လည်လှီးဖြတ်တာဟာ လူတယောက်ရဲ့လိုအပ်ချက်ထက် ကျော်လွန်သွားပြီ။ ကျေးဇူးတရားကို နားမလည်ဦးတောင်မှ ဒီလိုမလုပ်သင့်ဘူးဆိုတာ အိမ်မှာမွေးထားတဲ့ ခွေးတောင် သိနိုင်ပါတယ်။ ဒီလောက်မိုက်ရိုင်းတဲ့ ကောင်တွေကို ဆုံးမဖို့တော့ မလိုဘူးလား။ ဆုံးမတယ်ဆိုတာက ဥပဒေအရ အရေးယူတာကို ပြောတာပါ။ နောက်ဆုံး ကုန်အောင်ပြောရရင် အရေးပေါ်အခြေအနေ ကြေငြာထားသည့်တိုင်အောင် သတ်ဖြတ်၊ လုယတ်မူတွေ၊ မီးရှို့မူတွေ ဆက်တိုက်လုပ်နေတာဟာ အငြိုးကြီးကြီးနဲ့ကို အိမ်ရှင်ကို ချေမှုန်းနေတာ ဒါအမျိုးသားရေးဖြစ်တယ်။ ကျနော်တို့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်နေသဘောထားကို ဆရာကောင်းကောင်း သိပါတယ်။ သဘောထားကြီးမူကို အခွင့်ကောင်းယူပြီး အိမ်ရှင်ကို မောင်းထုတ်တာမျိုးကတော့ ဘယ်လိုမှ လက်ခံလို့မရတဲ့အရာပါ။ အမျိုးသားရေးအဖြစ် မှတ်ယူပြီး ရင်ဆိုင်ဖြေရှင်းရမယ်လို့ ကျနော်ကတော့ မြင်ပါတယ်ဗျာ။
EMG ဟာ အမျိုးသားရေးပြဿနာမှာ သူကျရာတာဝန်ကနေ ထမ်းဆောင်နေတယ်လို့ပဲ မြင်ပါတယ်။ သတင်းစီးဆင်းမူမြန်ဆန်တော့ အထင်လွဲမယ်ဆိုရင်လည်း လွဲစရာပါပဲ။ ဒါပေမဲ့ အမြင်ရှင်းချင်တယ်ဆိုရင်တော့ တက်လာတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ ပြည်ပမီဒီယာတွေက ပြောင်းပြန်ပြောနေတာတွေကျတော့ရော ဘယ်လိုပြောမလဲ။ ဒါတွေထောက်ချင်းအားဖြင့် ဆရာအပါအ၀င် ပြည်ပမီဒီယာတွေက မွတ်ဆလင်ကုလား ရိုဟင်ဂျာတွေနဲ့ အကွက်ကျကျ စီမံနေတယ်လို့ပဲ ကောက်ချက်ချချင်ပါတယ်။ ဒီပြဿနာဟာ မဖြေရှင်းလို့လည်း မရပါဘူး၊ မဖြေရှင်းဘဲထားရင် မလေး၊ အင်ဒိုနီးရှားနဲ့ အခုဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းလို အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ရမှာ မလွဲပါဘူး -
ဆောက်ရှက်မရှိသူတောင်းစားဇော်ဝင်း၊ကိုကိုကြီးက အမျိုးသားရေးအရမျိုးချစ်စိတ်နဲ.မှန်တာပြောနေတာကွ၊မင့်းသာကုလားအားကိုးပုဆိန်ရိုး။
အင်း ငါတို့ ငပိနဲ့ ချဉ်ပေါင်စားပြီး အုံးနှောက် မရှိတာ တကမ္ဘာလုံးက သိကုန်ပြိ ဒါလဲ အရှက်မရှိ နားမလည်တဲ့ သနားစရာ ကုလားတပည့်တွေက ကိုယ့်ကိုကို ကုလားတပည့်မှန်းမသိ ကိုရှိခိုးနေတာ ဘာမှန်း မသိဘဲနဲ့ပြောနေသေးတယ် အခြေနေမှန်ကို တင်ပြလဲ လက်မခံ နိုင်ဘူး အင်း လေ အုံးနှောက်မရှိလို့ ဘာမှ မလုပ်ပေးနိုင်တယ့် ကိုယ့်လက်နဲ့ ကိုလုပ်ထားတယ့် အရုပ်ကို ရှိခိုးနေတယ့်ကောင်တွေဘဲဟာ သနားတယ်ကွာ
ဒေါက်တာ လွမ်းကို အကြံပြုချင်ပါတယ် အခြေနေတွေ ပိုဆိုးအောင် အမုန်းတွေ ပိုကြီးအောင် ဒါတွေမဖြစ်အောင် ဆရာ ကွန်မန့်တွေ ရေးလို့မရအောင် ပိတ်ထားပေးရင် ကောင်းမယ်ထင်ပါတယ်
ကျနော် တို့ မြန်မာနိုင်ငံသားတွေလဲ တော်လောက်ပြီလို့ထင်ပါတယ် ခင်ဗျားတို့ကော ကျန်တော်တို့ကော သွားသတ်မှာလဲ မဟုတ်သလို အသေခံမှလဲ မဟုတ်ဘူးမလား ရပ်တန်းက နေ အသိတရား ရပြီး ရပ်သင့်ပါပြီ
HEY!!!!!!
Who ate my comment?
Cheater Lun Swe....
what is your media ethic?
ဦးလွဏ်းဆွေက ဆရာဝန်လား ဒါဆိုရင် လူသားချင်းစာနာစိတ်နဲ့ ဆေးခန်းလာပြတဲ့လူနာတိုင်းကို ပိုက်ဆံမယူပဲ ဆေးဘယ်နှစ်ကြိမ်ကုပေးပါသလဲ......လူသားချင်းစာနာစိတ် အကြောင်းတွေပြောနေလို့မေးကြည့်တာပါ
မှူးဇော်ရဲ့ facebook link လေးသိတဲ့လူ ရှိရင်ပေးပါဦးဗျ။
ကိုယ့်ဖာသာကိုယ် facebook မှာ ရှာတာ မတွေ့ရဘူး။
တကယ်ရူးတဲ့လူတွေဘဲ မြန်မာပြည်မြေကို တစ်လက်မ မှအထိမခံပြောနေတယ် မင်းတို့ ပထွေး ပေါက်ဖော်က တတိုင်းပြည်လုံး နေရာကောင်းတွေမှာ နေရာယူထားတယ် မျက်လုံးကန်းနေသလား၊ ရိုဟင်ဂျာမှလာ ၀တို့ ကိုးကန့် တို့ ရော မင်းတို့ တတွေရဲ့ အဘိုးဘွားတွေကိုမေးကြည့်၊ တိုင်းရင်းသားလားလို့ ၊ စစ်တပ်က နယ်စပ်တွေမှာ ဒီထက်ဆိုးတဲ့ရုပ်မာမှုတွေ၊ ရဟန်းသံဃာတွေသတ် တုန်းက စစ်အာဏာသိမ်းထားတော့ အမျိုးချစ်မှ မဟောင်ရဲဘူး၊ ရိုဟင်ဂျာတက်သိမ်းမယ်ဆိုတဲ့ အရူးအတွေး၊ကတော့ ဘေးဖယ်ထားကွာ၊ မဖြစ်သေးဘူး တကယ်သိမ်းထားတဲ့ ပေါက်ဖော်ကြီးကတော့ ပထွေးမလို့ လားငြိမ်ခံနေတာ၊ နယ်စပ်က မြေဧက တလက်မမဟုတ်ဘူး အများကြီးပါသွားပြီ၊ ဦးဏေါက်မရှိတဲ့သူတွေလို့ ပြောရင်စိတ်ဆိုးဦးမယ်၊ သံဃာသတ်တဲ့အပြစ်နဲ့ မုဒိမ်းကျင့်တဲ့အပြစ်ဘယ်ဟာ ကပိုကြီးလဲ ဘယ်ဟာက ပိုရင်နာစရာကောင်းလဲ စဉ်းစားစမ်းပါ၊ဘုန်းကြီးတွေကို သင်္ကန်းဝတ်တွေ၊ ကွန်ဒုံးတွေ၊မိန်းမထမီတွေ တွေ့ တယ်ဆိုပြီး နိုင်ငံပိုင် ရုပ်သံကဆင့် ကမ္ဘာသိအရှက်ခွဲတာဘယ်သူတွေလဲ တကယ်ဟုတ်တောင် သာသနာကိုချစ်ရင်၊အမျိုးကိုချစ် ရင် ထိမ်ချန်မထားသင့်ဘူးလား၊ ဘိုမြ၊ ငမြ၊ ဗိုလ်ချုပ်ကြီးမြ၊ ကချင်သောင်းကျန်းသူ၊ ဒေါ်စုကြည်၊ စသည်ဖြင့်လိုရင်တစ်မျိုး မလိုတစ်မျိုး နိုင်ငံပိုင်သတင်းနဲ့ ရောတူလို့ လား ဒီလူတွေဘဲ ၂၀၁၀ လူတစ်သိန်းလောက်သေတာကို အကူညီမလိုပါဘူးပြောခဲ့တာ၊ အမျိုးသိပ်ချစ်တယ်လို့ ယုံနေကြသလား၊ ယုံစမ်းကွာ ဦးဏေါက်ကိုဘေးထုတ်ပြီးယုံလိုက်ကြစမ်းပါ
To All Myanmar Peoples,
Take Care Reading , writting or saying Online.
Most of Peoples Online is from Thein sein Group.
They are special cyber agent for Thein sein Government.
They make Comment themself everywhere.Especially is on ELEVEN MEDIA and LUNN SWE Site .
Never trust any comment.
Never follow Too many peoples Comment and Say.
They all are From Military Group.
You all live In MYANMAR!!!!!!!!!
Ma အ Pa Nate!!!!
အ Yin Phin Khan Ya Late Mal!!!!
ံHave a good time!!!
Thank you Mr. Lawn swe and Mr. Zaw Win. I really like this post.
ဇော်မင်း… မင်းက မြအေးရဲ့ကလောင်အမည်လား။ သိချင်တယ်။ ပြီးတော့နေရာတိုင်း(၈၈)နာမည်မတပ် ပါနဲ့။ မင်းတို့လိုအ်ာဟစ်မနေပေမဲ့၊အမျိုးသားရေး အတွက်လိုအပ်ရင်အသင့်ရှိနေတဲ့၊ ငါတို့လို့ ၈၈ တွေ
သိက္ခာကျတယ်။
အခုခေတ်လူတွေက၊ မင်းတို့ငါတို့တုန်းကလို၊ မျက်စိပိတ်၊နားပိတ်ခပ်အအတွေမဟုတ်တော့ဘူး။ ဒါတောင် အင်တာနက်ကို၊အင်တာပုရွက်ဆိတ် လိုနှေးအောင်မနဲလုပ်ထားလို့။ အဲဒီအတွက် ဆက်သွယ်ရေးကိုတောင်၊ မင်းတို့ကျေးဇူးတင်ရ အုံးမယ်။ အရမ်းမြန်နေရင်၊ဗဟုသုတတွေ အရမ်းများပြီး မင်းပါးစပ်ဟလိုက်တာနဲ့၊ အူတင်မကဘူး
မင်းဖင်မှာထွက်နေတဲ့လိပ်ခေါင်းတောင်၊ ဒေါ်လာနံနံနေတာတွေပြောလာကြအုံးမယ်။ အသိတရားရှိစမ်းပါကွာ။ စာလေးဘာလေးဖတ်၊ဟုတ်
ပြီလား။ မင်းရေးထားတာဖတ်ရတာ၊ငါတို့ကျောင်းတုန်းကကျူတိုရီယယ်မှာ သူငယ်ချင်းကိုကိုယ် စားဖြေခိုင်းနေသလို ဘဲ။ (၁ဝ)မှတ်ပေးတဲ့မေးခွန်းကိုရတဲ့အမှတ်က သုည(ဝ)။ တင်းနေတဲ့ဆရာနဲ့တွေ့တော့ သုည (ဝ) မှာတောင်a့ရှမှာ (-)လးနဲ့ဆိုသလိုဖြစ်နေပြီ။
မင်းလဲ နိုင်ငံနဲ့လူမျိုးအတွက်၊ သုညဖြစ်နေ တာတောင် Minus (အနုတ်လက္ခဏာကြီး) အတပ်မခံပါနဲ့တော့ကွာ။ စေတနာနဲ့သတိပေးတာပါ။
ရိုဟင်ဂျာတွေကို (ကုလားဆိုး) လို့ခေါ်တယ်။ လွတ်လပ်ရေးရတဲ့နေ့၊ တခြားနေရာတွေမှာ လွတ်လပ်ရေးပွဲတွေကျင်းပနေပေမဲ့၊ ရခိုင်ပြည်မှာတော့၊ ရခိုင်တိုင်းရင်း သားတွေကို ကုလားဆိုးတွေရဲ့ရန်ကကွာကွယ်ဖို့၊ မြန်မာ့တပ်မတော်ကအသက်ပေးပြီးတိုက်ခဲ့ရတယ်။ မြန်မာတွေသိတဲ့
အောင်ဆန်းသူရိယလှသောင်းပါတဲ့ တပ်ရင်းကဖြစ်တယ်။
ကုလားဆိုး ကျူးကျော်မှုဟာ၊ အစိုးရနဲ့မဆိုင်ဘူး။
ခေတ်တိုင်း၊အချိန်တိုင်း အခွင့်သာရင် သာသလိုကျူးကျော်ခဲ့တယ်။မြန်မာပြည်မှာ စနစ်တခု၊အုပ်ချုပ်မှုတခုပြောင်းတိုင်းပြောင်းတိုင်း၊
ကုလားဆိုးတွေဟာအခွင့်ရရင်ရသလိုနေရာယူတတ်တာ
သမိုင်းမှာအထင်အရှားရှိခဲ့တယ်။
၁။ အင်္ဂလိပ်အုပ်စိုးတော့၊သူတို့ဝင်လာ တယ်။ နေချင်သလိုနေ။ လုပ်ချင်သလိုလုပ်။ သူတို့သဘောအတိုင်းဘဲ။
၂။ အင်္ဂလိပ်ကမြန်မာကိုလွတ်လပ်ရေးပေးတော့၊ ရခိုင်မြေကိုရသလောက်ယူထားဖို့၊ သူတို့ကြံခဲ့တယ်။
၃။ ပြည်တွင်းသောင်းကျန်းမှုတလျှောက်လုံး၊ ရခိုင်တိုင်းရင်းသားတွေကိုဖိနှိပ်ခဲ့တယ်။ ရခိုင်မြေထဲကိုရသလောက် တိုးဝင်တယ်။
၎။ (၁၉၈၈) အရေးခင်းပြီးတော့၊ လူထုမကျေနပ်မှုကိုအသုံးချပြီးနယ်မြေကျူးကျော်ဖို့ ၁၉၉ဝ လောက်မှာအရေးအခင်းတခု ကို ရခိုင်နယ်စပ်မှာ၊ ကုလားဆိုးတွေကဖန်တီးခဲ့တယ်။
ရလဒ်အနေနဲ့ နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့်၊ ကုလားဆိုးတွေကို သိန်းနဲ့ချီပြီးပြန်လက်ခံခဲ့ရတယ်။
အင်ဒိုသံအမတ်ကတောင်၊ အဲဒီလောက်များတဲ့ကုလားဆိုးတွေ၊ မြန်မာစစ်အစိုးရ
ကြောင့်တဖက်နိုင်ငံထဲထွက်ပြေးရတယ်ဆိုရင်၊ သူတို့သွားဖို့လှေလောက်လောက်ငငရှိရဲ့လားလို့မေးယူရတဲ့အထိ၊ မြန်မာအရေးကိုအသုံးချပြီး၊ ကုလားဆိုးတွေဟာရခိုင်မြေထဲကိုကျူးကျော်ခဲ့တယ်။ အဲဒီကတည်းက၊ အနောက်နိုင်ငံတွေနဲ့မီဒီယာတွေဟာ ကုလားဆိုးဖက်ကရပ်တည်ခဲ့ကြတယ်။
၅။ အခုလဲ၊မြန်မာပြည်မှာနိုင်ငံရေးပြောင်းလဲခဲ့တယ်။ အခုလိုဆူပူမှုတွေဖြစ်အောင်၊ ၂ဝ၁၁ ကတည်းက ကုလားဆိုးနဲ့ အပေါင်းအပါတွေဟာ ကြံစည်ခဲ့ကြတယ်။ BBC မှာ ရိုဟင်ဂျာနယ်မြေအဖြစ် ရခိုင်ပြည်နယ်ကိုဖေါ်ပြပြီး၊ ရခိုင်လူထုရဲ့နိုင်ငံရေး
ရေချိန် ကိုတိုင်းခဲ့ကြတယ်။ ရေနွေးဟာပူရုံဘဲလား။ ဆူနေတာလားဆိုတာသိအောင်လုပ်သလိုပါဘဲ။
ရခိုင်တိုင်းရင်းသားတွေရဲ့သွေးကလဲနီသလားမမေးနဲ့။
BBC ကတောင် သူရဲ့မြေပုံကိုပြောင်းပေး ရတဲ့အဆင့်အထိရောက်ခဲ့ပါတယ်။
ဒီမှာတင်၊ ရေးနွေးဆူနေတာကိုသိသွားတဲ့၊ BBC နဲ့ကုလားဆိုးတွေဟာ (၁၉၉ဝ) တုန်းကလိုရမလားဆိုပြီး
ထပြီးမီးမွှေးလိုက်တာပါဘဲ။ နယ်စပ်ဖြတ်ပြေးတာက ဆယ်ယောက်၊ အနောက်ကမီဒီယာနဲ့ပေါင်းပြီး၊ ဘိုးဘိုးအောင်ဆယ် ဆ တိုးသလို၊ အယောက်နှစ်သိန်းလောက်ပြန်လာနိုင်ဖို့စီစဉ်တာပါဘဲ။
ကုလားဆိုးတွေရဲ့အရေးနဲ့တရုပ်ဝါးမြိုတဲ့အရေးဟာ၊ ဖြစ်စဉ်တူပေမဲ့၊ဖြစ်နေတာချင်းမတူပါဘူး။ အဓိကအချက်က၊ တရုတ်ကတရုတ်တိုင်းပြည်ရှိပါတယ်။ ကုလားဆိုးကတိုင်းပြည်မရှိပါဘူး။ ဥပဒေအရနှင်ထုတ်ရင်တောင် သူတို့ကပြန်မှာ
မဟုတ်ပါဘူး။ နောက်တချက်က၊ ကုလားဆိုးအရေးက ချက်ချင်းကိုင်တွယ်ရမှာဖြစ်ပြီး၊ တရုတ်အရေးကလိမ္မာပါးနပ်စွာ ကိုင်တွယ်ဖို့အချိန်ရနေတာဖြစ်တယ်။ တရုတ်ဖြူကျူးကျော်မှုတုန်းကတပ်မတော်ကချက်ချင်းတိုက်ထုတ်တာမဟုတ်ပါဘူး။ ဦးစွာထိတွေ့မှုတွေပြုလုပ်ပေးပြီး၊နိုင်ငံခြားတပ်ကိုဘယ်လိုတိုက်ရမယ်ဆိုတာသိအောင်လုပ်ပါတယ်။ ပြန်ဆုတ်ပြီး၊အားနည်း ချက်ကိုပြင်၊ လက်နက်ထပ်တပ်ဆင်ပြီး၊ နယ်စပ်ရောက်အောင်တိုက်ထုတ်နိုင်ခဲ့တာ၊တပ်မတော်ပါ။ ဒါတွေဟာလိမ်လို့မရတဲ့ သမိုင်းတွေပါ။ အကျဉ်းဖေါ်ပြထားတာပါ။
တကယ်လို့၊ အခုရခိုင်မှာဖြစ်နေတာတွေဟာအစိုးရကဖန်တီးတာလို့စွတ်စွဲရင်မဖြစ်နိုင်ဘူးလို့ပြောရမှာဘဲ။ တကယ်ဖန်တီး တာက ကုလားဆိုးနဲ့ BBC ကအဓိကပါ။ အစိုးရကဝင်ပြီးအမြတ်ထုတ်ဖို့ကျိုးစားတယ်လို့ပြောရင်တော့ဖြစ်နိုင်ပါတယ်။ ဘာ လို့လဲဆိုတော့၊ သူ့ဇာတ်သူနိုင်လို့ကနေတာဘဲ။ ကုလားဆိုးတွေဖြစ်ချင်သလိုဖြစ်မလာရင်တော့၊ မီဒီယာတွေရဲ့ကျိတ်မနိုင် ခဲမရ စွတ်စွဲကြမယ့်အသံတွေ၊ ဇော်ဝင်းတို့လိုလူတွေအများကြီးပေါ်လာအုံးမယ်ဆိုတာပါဘဲ။
တိုင်းပြည်အတွင်းမှာရောနယ်စပ်တလျှောက်မှာပါအေးချမ်းသာယာစေချင်ပါတယ်။ဇော်ဝင်းမှားသလားမှန်သလားမပြောလို။၁၀/၅/၁၂နေ့ထုတ်
ရတနာပုံသတင်းစါမှာရွှေမြန်မာ(စစ်တွေ)ရေးလိုက်တဲ့ဒေါင်းယောင်ဆောင်သောကျီး(သို့
မဟုတ်)ရိုဟင်ဂျာဆောင်းပါး ပါပြီး၁၈ရက်မြောက်ကစပြီးပြဿနာတစချင်းဖြစ်တော့တာပါဘဲ။ဆောင်းပါးကအဲဒီအချိန်အဲဒီရက်မှာဘာကြေင့်ကြိုတင်ပါလာတာလဲအဖြေရှိရင်ပြောကြပါ
ပြဿနာ ဖြေရှင်းရာဝယ်....။
အကြောင်းတရားကိုနားလည်ရင် အကျိုးတရားက ပြေလည်သွားတယ်။ ဥပမာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ကို ခွေးလိုက်ကိုက်နေရင် အဲဒီခွေးကို ခဲသာပစ်ပေးလိုက် ၊ ခွေးက လူကိုမကိုက်တော့ပဲ ခဲနောက်ကိုလိုက်သွားလိမ့်မယ်။ ခဲ ကို မဲ နေတာနဲ့ လူကိုမကြည့်တော့ဘူး။ နောက် ခြင်္သေ့ ကလိုက်လာလို့ ခြင်္သေ့ကို ခဲပစ်ပေးလိုက်ရင် ခြင်္သေ့က ခဲ သွားမကိုက်ဘူး ။ အဲဒီ ခဲ ကို ဘယ်သူ ပစ်သလဲ ဆိုပြီး ကြည့်တယ်။ ပြီးမှ အဲဒီလူကို ကိုက်မှာ ။ အဲဒီလိုပဲ ပြဿနာတစ်ခုဖြစ်ပြီ တိုရင် သူရဲ့နောက်ကွယ်က Driven Force လို့ ခေါ်တဲ့ အကြောင်းတွေ ရှိတယ် ။အဲဒီတော့ ပြဿနာတစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင် ခဲ လိုက်ကိုက်တဲ့ ခွေးလိုတော့ မဖြစ်သင့်ဘူး ။ခဲ ဘယ်ကပစ်လဲ လိုက်ကြည့်တဲ့ ခြင်္သေ့လိုမှ ပြဿနာက ပြေလည်သွားမှာ...။
သီတဂူဆရာတော် ဦးဥာဏိဿရ
အပိုင်း (၃) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်
အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း (၃၀)ကျော် မီးရှို့ခံရပြီး ရိုဟင်ဂျာ ဦးရေး ခလေး လူကြီးနည်းဆုံး (၁၀၀)နီးပါး
အကြမ်းဖြတ်သတ်ဖြတ်ခံရကြောင်း ထိုသို့ သတ်ဖြတ်ရာတွင် ရခိုင်လူမျိုးအရပ်သားများက သတ်ဖြတ်ခြင်း
မဟုတ်ဘဲ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က အရပ်သားဟန်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်နေကြောင်းသိရသည်။
မိုးဆယ်အုပ်စုက ရိုဟင်ဂျာရွာအားလုံး၊ ၃ မိုင် ၊ ၄မိုင် ရှိရိုဟင်ဂျာရွာများနှင့် မြို့ ဦး ဒူလာဖာရာရှိ ရိုဟင်ဂျာရွာ
အားလုံးရှိ အိမ်းပေါင်း ထောင်ကျော် မီးရှို့ခံရပြီး အိမ်တွင်းနေ အိမ်သားများ အိမ်ပြင်ထွက်လာပါက
အဆင်သင့် စောင့်နေသူ စစ်သား ရဲသားများက သေနတ်ဖြင့် ပစ်ခတ်၍ အကြီးအကျယ်သတ်ဖြတ်နေကြောင်း
သိရသည်။ ရိုဟင်ဂျာကို မျိုးပြုတ်သတ်ဖြတ်နေသူများသည် ရခိုင်လူမျိုး ရဲတပ်ဇွဲ့ဝင်များ၊ န.စ.က တပ်ဖွဲ့ဝင်များ
နှင့် လုံထိန်းများနှင့် စစ်သားများသာဖြစ်ပြီး အရပ်သား ရခိုင်လူမျိုးအားလုံးကို ဘုန်းကြီးကျောင်းအသီးသီး၌
ထိန်းသိမ်းထားကြောင်းသိရသည်။
ဆက်လက်ပြီးတင်ပေးပါမယ် ကျွန်တော်စာရေးသူသည် အခုအချိန်ထိ မောင်းတောကို ဖုန်းဖြင့် စကားပြော
နေပါသည်။ ကြားသမျှသတင်းများကို အချိန်နဲ့ တပြေညီတင်ပေးပါမည်။
ရခိုင်ပြည်နယ်က မူစလင် ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်ရန် ကြိုတင်စီစဉ်းထား၍ အကြမ်းဖက်
သတ်ဖြတ်နေကြောင်းသိရသည်။ အချို့ သတင်းများမှာ ရိုဟင်ဂျာများက လုပ်နေသလိုလို သတင်းလွှင့်ကာ
တကယ်တန်း အမှန်စင်စစ် သတ်ဖြတ်ခံရသူတွေဟာ ရိုဟင်ဂျာလူထုများသာဖြစ်နေပါသည်။
ဒီသတ်ဖြတ်မှုမှာ သတင်းမှားတွေ လွှင့်နေသော သတင်းဌာနအားလုံး တာဝန်ယူ ဖြေရှင်ရပါလိမ့်မည်။
ကျွန်တော်မြန်မာလူမိုးတစ်ယောက်ပါ...ကိုယ့်လူမိုးထိတော့အရမ်းကိုဒေါသထွက်မိပါတယ်.ကျွန်တော့အမြင်လေးတစ်ခုလောက်ပြောမယ်နော်....comments တွေမှာဝေဖန်ချက်တွေတစ်ခို့ကမမျှတဘူးလို့ထင်မိတယ်...ခင်ဗျားတို့ရိုဟင်ဂျာ။ရိုဟင်ဂျာပဲပြောနေအော်နေကြတယ်..တစ်ရုတ်တွေနိုင့်ထက်စီးနင်းလုပ်နေကြတာတော့ဘယ်ကောင်မှမဟနှိင်ဘူး...ဘယ်ဟနှိင်မလဲအစိုးရကိုကတရုတ်အားကိုးနေရတာကိုး...ဒါပါပဲ မျက်နှာများရာဟင်းဖက်ပါဆိုသလိုပေါ့...ခင်ဗျားတို့အကုသိုလ်မယူကြပါနဲ့....ကူးကျော်ဝင်ရောက်နေထိုင်တဲ့သူတွေကိုရှင်းပစ်ရမယ်ဆိုရင်တရုတ်ကပိုလို့တောင်များမယ်ထင်ပါတယ်..အခုဖြစ်နေတဲ့ပြသ်သနာကလူမိုရေး၊ဘာသာရေးမဟုတ်ပါဘူး..ရာဇ၀တ်မှုကူးလွန်ကြတာပါ..
ကိုလွမ်းဆွေ ကိုမိုးသီး စိတ်လျှော့တော့နော် မြန်မာတွေက အရင်လိုမအတော့ဘူး ဆိုက်ဘာဝါးဆိုတာ ဒီအရည်အသွေးလောက်နဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး
ရိုဟင်ဂျာလူထုလို့မသုံးပါနဲ့ မြန်မာပြည်သားတွေမဟုတ်ပါဘူး
i,m an arakanist.i like ko zaw win letter.his letter is 100 percantage true.i,m also very angry n wanna kill to musalim for hearing of the bad news at 1st time.but that is no good because we r human,we can discuss peacefuly.i wanna speak all arakanese to think with yr own brain.never make with anger.if u angry,u can,t think the truth.
Post a Comment