Sunday, June 17, 2012

အလိုတော်ရိ ကျော်ဝင်းရဲ့ ဆင်ဝန်ကတော် အကြောင့်ကြ

အလိုတော်ရိ ကျော်ဝင်းရဲ့ ဆင်ဝန်ကတော် အကြောင့်ကြ
လှမောင်ဟန်

ဂလိုဘယ်ကျော်ဝင်း၊ ကမ္ဘာပြားကျော်ဝင်း ဟုဆိုကာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများကို ကမ္ဘာနှင့် ကိုင်ပေါက်တတ်သော ကိုကျော်ဝင်း။ ဝါဒဖြန့်စာပေတွေကိုသာ ဘာသာပြန်တတ်သော ကိုကျော်ဝင်း။ စာအုပ်တွေထဲမှ ကိုယ်လိုချင်တာလေးတွေကိုသာ ရွေးချယ်မိတ်ဆက်ပေးတတ်သော ကိုကျော်ဝင်း။ နိုင်ငံတကာရှိ တိုးတက်သော ဒီမိုကရေစီအမြင်များကို နအဖစိစစ်ရေးက ဖိနှိပ်ထားချိန်တွင် နအဖစိစစ်ရေး အရိပ်ခိုပြီး မဟုတ်မဟတ် ဝါဒဖြန့်ချိစာများကို တုံ့ပြန်သူမရှိ တဖက်သတ် ရေးခွင့်ရခဲ့သော ကိုကျော်ဝင်း။ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့အတွက် အလံရှူးလုပ် ဘေးတီးပေးခဲ့သော ကိုကျော်ဝင်း။ လေးပါတီ သစ္စာဖောက် သခင်တင်မြနှင့် သုံးပါတီ သစ္စာဖောက် မောင်စူးစမ်းတို့၏ နောက်လိုက် မျိုးဆက်သစ် ကိုကျော်ဝင်း။ သွားလေသူ နေဝင်းမောင် (အောင်ထွဋ်) ၏ ခြေရာကို ထပ်ချပ်မကွာ လိုက်ပါလိုသော လက်ရင်းတပည့် ကိုကျော်ဝင်း။ စစ်မတိုက်ဖူးသော အေဘီဟောင်းတို့နှင့် ဖွဲ့စည်းထားသည့် ပြည်ပနေ ဗဟုတို့၏ ဆရာကြီး ကိုကျော်ဝင်း။ စစ်အာဏာရှင်တို့၏ တပည့်သားမြေး အာဏာရှင်လက်သစ်တို့ကိုပင် နိုင်ငံရေးသင်တန်း ပို့ချခွင့်ရသော စစ်ဂုရုကျော်ဝင်း။ ဘာသာပြန်အမှားများ တွင်တွင်ကျယ်ကျယ် ရိုက်ထုတ်ပေးတတ်သော ကိုကျော်ဝင်း။ အနှီ အင်္ဂလိပ်စာ မတတ်တတတ်၊ မုန့်ပျားသလက် မနပ်တနပ် ကျော်ဝင်းသည်ကား ယခုတလောတွင် တော်တော် ရင်မနေရဆိုပါကလား။

အနှီကျော်ဝင်း၊ ဤကျော်ဝင်းသည် အဘယ်ကြောင့်များ ရင်မနေရပါသနည်း။ မိုးမခစင်မြင့်ပေါ်မှ ကျော်ဝင်း၏ “ဒီမိုကရေစီက နုနု၊ မုန်တိုင်းကထန်ထန်” (ဘေးမှ ရပ်ကြည့် မနေနိုင်တော့သည့် လူတယောက်၏ အထူးစိုးရိမ်သောက) ကို ရှုပါဘိ။

“သမ္မတဂျီးက မလွဲမရှောင်သာ ဗိုလ်ရှုပ်သန်းရွှေ ဇာတ်ညွှန်းမှာ ပါသည့်အတိုင်း ကပြရသူမို့ မျက်နှာပြောင်ပြောင်၊ ခေါင်းပြောင်ပြောင်နှင့် နွေဦးပေါက်ပြီ၊ လေရူးတိုက်ပြီ၊ လက်ပံပွင့်ပြီ ဆိုတာတွေနှင့် ရှေ့ကနေ ရေလာမြောင်းပေး လုပ်ပါသော်ငြား ဘယ်ရေကောင်းရေသန့်ကမှ ထိုမြောင်းပုပ်ကြီးရှိရာ စီးမလာကြလေသောအခါ ကိုကျော်ဝင်း နေမထိ ထိုင်မသာ ဖြစ်လာချေသည်ထင့်။ မြန်မာ့နွေဦးဆိုပြီး လေရူးနှင့် အစချီပါလေတော့သည်။”

ကိုကျော်ဝင်းတယောက် အစိုးရိမ်ကြီးနေသည်မှာ ရိုးရိုးအဆင့်မဟုတ်၊ သေကောင်ပေါင်းလဲအဆင့်၊ အထူးအဆင့်၊ ရှယ်အဆင့်အဖြစ် ဇွန်းတပ်စိုးရိမ်နေသည်ဆိုရကား ကျွန်ုပ်မှာလည်း ဖတ်မကြည့်ဘဲ မနေနိုင်တော့သည့် လူတယောက် ဖြစ်လာရလေသောအခါ …။ လားလား … သူ “မ” နေသည်မှာ ရင်မှ မဟုတ်ပါဘဲကလား။ သူ မ, ပုံ မ, နည်းမှာကား ဆင်ဝန်ကတော် ကြောင့်ကြနည်းမျိုးပါတကား။ သူ့ကြောင့်ကြနည်းမှာ တုံးတွေ၊ တိုင်တွေ လွတ်အောင် မ, ပေးသည့် မ, နည်းမျိုးပါပေ။

စကတည်းက ယဉ်သကိုလို့ ဆိုရမှာကဖြင့် မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် တဲ့။ အလဲ့ ... တယ်ဆိုတဲ့ စာပါတကား။ မြန်မာ့နွေဦး ဆိုပါကလား ဟရို့။ သမ္မတဂျီး၏ အလုံးမှာ ကိုကျော်ဝင်း ပါးစပ်ထဲ ရောက်လာချေပြီတမုံ့။ ဒီကတည်းက သူ ဘာကို မ, တော့မည်ဆိုသည်မှာ တော်တော်လေး ရိပ်မိလောက်ပါပြီ။ သမ္မတဂျီးက မလွဲမရှောင်သာ ဗိုလ်ရှုပ်သန်းရွှေ ဇာတ်ညွှန်းမှာ ပါသည့်အတိုင်း ကပြရသူမို့ မျက်နှာပြောင်ပြောင်၊ ခေါင်းပြောင်ပြောင်နှင့် နွေဦးပေါက်ပြီ၊ လေရူးတိုက်ပြီ၊ လက်ပံပွင့်ပြီ ဆိုတာတွေနှင့် ရှေ့ကနေ ရေလာမြောင်းပေး လုပ်ပါသော်ငြား ဘယ်ရေကောင်းရေသန့်ကမှ ထိုမြောင်းပုပ်ကြီးရှိရာ စီးမလာကြလေသောအခါ ကိုကျော်ဝင်း နေမထိ ထိုင်မသာ ဖြစ်လာချေသည်ထင့်။ မြန်မာ့နွေဦးဆိုပြီး လေရူးနှင့် အစချီပါလေတော့သည်။

အလုပ်သမားတို့၏ တောင်းဆိုမှု၊ လူထု၏ ဖယောင်းတိုင်လှုပ်ရှားမှု၊ ကျောင်းသားလူငယ်တို့၏ ချဉ်ခြင်းတို့အတွက်လည်း သူက စိုးရိမ်မကင်းဖြစ်သေးဆိုပဲ (စိုးရိမ်ပြန်ပြီ)။ စိုးရိမ်တာတင်မကပါဘူး။ စာလည်းစာနာ၊ နားလည်းနားလည်သတဲ့။ ဒီတော့ အလုပ်သမားတွေကို အလုပ်ရှင်က မတရားလုပ်တာကို ကိုကျော်ဝင်း မကြိုက်၊ ဖယောင်းတိုင်လှုပ်ရှားသူတွေကို အစိုးရက ခြိမ်းခြောက်တာ၊ ရိုက်နှက်တာ၊ ဖမ်းဆီးတာတွေကို ကိုကျော်ဝင်း မလိုလား၊ ကျောင်းသားလူငယ်များကို ရန်ကုန်တိုင်းက ခေါ်ယူခြိမ်းခြောက်တာ၊ စာပေစိစစ်ရေးက ခေါ်ကြပ်တာတွေကို ကိုကျော်ဝင်း မနှစ်သက်ဟု ကျွန်ုပ်ထင်လိုက်မိသည်။ မှားလေစွ။ သူစိုးရိမ်သည်ကား ကြံ့ဖွတ်တို့၏ ကြောင်သူတော် ဒီမိုကရေစီအတွက် ဖြစ်နေလေသည်။ သူ ဘုရားတသည်မှာ ကျောင်းသား၊ အလုပ်သမား၊ လူထုဆိုသော စော်ကားနှိပ်စက်ခံရသူတို့အတွက် မဟုတ်၊ စော်ကားနှိပ်စက်သူ သမ္မတဂျီးအတွက် ဖြစ်နေလေသည်။

ထို့နောက် ဆက်ဖတ်လိုက်သောအခါ သူ တက်မတတ်၊ ချက်မတတ် စိုးရိမ်နေသောအရာကို တွေ့ရပါပြီ။ သူ စိုးရိမ်သည်ကား ရခိုင်ပြည်အဓိကရုဏ်း ဖြစ်ရပ်များကိုပါတကား။ ဟုတ်ပေသည်။ ရခိုင်ပြည် အဓိကရုဏ်းပြဿနာများမှာ သူ စိုးရိမ်မည်ဆိုက စိုးရိမ်လောက်သည်။ ကျွန်ုပ်တို့အားလုံးလည်း အလားတူ စိုးရိမ်ပူပန်ကြသည်မဟုတ်ပါလား။ “သာမန် တိုးမိတိုက်မိသည့် ဝိရောဓိလေးများကပင်၊ မပြီးနိုင်၊ မစီးနိုင်၊ ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လာရာ၊ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်” လို့ ဆက်ရေးထားပါသေးသဗျ။ ဒီနေရာမှာတော့ သူနှင့်ကျွန်ုပ် စိုးရိမ်နေသောအချက်မှာ လုံးဝ တထပ်တည်းကျသွားပြီဟု ထင်လိုက်မိပါတော့သည်။ ကျွန်ုပ်လည်း သူ့လိုပင် သာမန်ဝိရောဓိတွေ မပြီးနိုင် မစီးနိုင်ဖြစ်တာတွေ၊ မကြီးကျယ်သင့်ဘဲ ကြီးကျယ်ရတာတွေမှာ ပယောဂတွေ ပါနေပြီဟု ယူဆပါသည်။ ယူဆစရာတွေကိုလည်း တွေ့ခဲ့ရ၊ တွေ့နေရသည်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ငမူး ဂဇော် ဆိုလား၊ အရူးငဇော်ဆိုလား မသိ၊ အော် ... မှတ်မိပြီ၊ မှတ်မိပြီ။ ဇော်ဌေး ဆိုသော ထိုငနဲသည် လူအများ သွေးကြွအောင် ဆူပူအောင် တဖက်သတ်သတင်းများကို ဖဘမှ တမျိုး၊ ရေဒီယိုအင်တာဗျူးမှတဖုံ အမျိုးမျိုး သွေးထိုးလှုံ့ဆော်နေသည်ကို လူအများက ထောက်ပြ ကန့်ကွက်ခဲ့ကြသေး မဟုတ်ပါလား။ သတင်းတွေသာမက ပြောင်ပြောင်တင်းတင်း သွေးထိုးလှုံ့ဆော်သော စာသားများဖြင့်လည်း ဒင်းက မြှောက်ပေးခဲ့သေးသည်။ လူ့အခွင့်အရေးတွေ ဘာတွေ လာပြောမနေနဲ့၊ ဘာမှ ဂရုမစိုက်ဆိုတာပင် ပါလိုက်သေး။ ပြည်တွင်းက ကိုယ်ကျိုးရှာ ဝိကလီးအလဲဗင်း မီဒီယာကလည်း လူမျိုးရေး သွေးထိုးလှုံ့ဆော်သော သတင်းတွေကို တဖက်သတ် တင်ပြခဲ့ပြန်သည်။ သန်းထွဋ်အောင် ဆိုသော ထိုငနဲသားသည် တိုင်းပြည်က သစ်တောတွေကိုလည်း ထွာဆိုင်အရွယ်ရှိ ကျွန်းပင်က အစ၊ ထင်းပင်အထိ မရှောင် စည်းမဲ့ကမ်းမဲ့ ခုတ်ခဲ့ဖူးပြီ။ သွားလေသူ ဗိုလ်ချုပ်တင်ဦးသားမက်နှင့် ပေါင်းပြီး တင်ဦးလက်မှတ်ကိုင်ကာ နိုင်ငံတဝန်းက သစ်တောတွေကို မတော်မတရား၊ မဟားတရား အလုပ်ကြီးလုပ်ခဲ့ဖူးပြီ။ နိုင်ငံတော်ဆောက်လုပ်ရေး ပရောဂျက်တွေကို ကန်ထရိုက်ယူကာ သူ့ညီ နိုင်ထွဋ်အောင်နှင့်အတူ နိုင်ငံတော်ဘဏ္ဍာ အမြောက်အမြားကိုလည်း အလွဲသုံးစား လုပ်ခဲ့ဖူးပြီ။ ဤသို့ဤနှယ် ဘနဖူး၊ သိုက်တူးသော သန်းထွဋ်အောင်က စောင်ရေတက်အောင် လူပြိန်းကြိုက် သည်းခြေကြိုက် သတင်းတွေကို မီဒီယာကျင့်ဝတ် ဘာညာ မကြည့်ဘဲ စည်းမဲ့ကမ်းမဲ့ လုပ်သည်မှာ သိပ်တော့ မဆန်း။ သို့သော စောင်ရေတက်ရုံသာမက အစီအစဉ်ရှိရှိ လှုံ့ဆော်နေပြီး ထိုသို့ လှုံ့ဆော်ခွင့်လည်း ရနေသည်မှာမူ ရိုးရိုးသားသားတော့ မဖြစ်နိုင်ပြန်။

သမ္မတ ညွှန်ကြားရေးမှူးနှင့် ထိပ်သီးခရိုနီ မီဒီယာတို့ ပူးပေါင်း မြှောက်ပင့်ပေးနေသည့်အပြင် မရိုးသားသော လုပ်နည်းလုပ်ဟန်တွေနှင့် မလုံလောက်သော လုံခြုံရေး အင်အား၊ အမြဲနောက်ကျသော ကာကွယ်ရေး အစီအစဉ်တွေကို ကြည့်ခြင်းအားဖြင့် လူမျိုးရေးအဓိကရုဏ်း နောက်ကွယ်တွင် အစိုးရလက်ရာ ပါဝင်နေသောအချက်မှာ ထင်ရှားလှရကား ကိုကျော်ဝင်းလည်း ကျွန်ုပ်ကဲ့သို့ပင် စိုးရိမ်နေသည်ဟု ထင်မိသည်။

မှားပြန်ပါပြီ။ သူစိုးရိမ်နေသည်မှာကား အမျိုးသားပြဿနာကြီး ဆိုပါလား။ ပြည်ပကျူးကျော်မှုတွေ ရှိနေပြီဆိုပါလား။ နိုင်ငံတကာအကြမ်းဖက်ဝါဒသည် ဖွံ့ဖြိုးဆဲ နိုင်ငံငယ်ကလေးများသို့ ချိန်ရွယ်ချက် ပြောင်းလဲသွားပြီ ဆိုပါကလား။ ဤသီအိုရီအသစ်မှာကား ကမ္ဘာတွင် ကျော်ဝင်း ပထမဆုံး တီထွင်လိုက်သော အံ့မခန်း တွေ့ရှိချက်ပါတကား။ ကမ္ဘာ့နိုင်ငံရေးပရောဟိတ်ကြီးများ အတုယူလေ့လာဖို့ ကောင်းလိုက်ပါဘိ။ ကျော်ဝင်း ပြောသော အကြောင်းအရာများမှာ သေသေချာချာ ဆန်းစစ်ကြည့်လိုက်သောအခါ သမ္မတရုံး ညွှန်ကြားရေးမှူး ဇော်ဌေးပြောသော စကားများကိုပင် တမျိုးတဖုံ တန်ဆာဆင် ပြောဆိုနေခြင်းသာ ဖြစ်ချေသည်တကား။ နောက်ဆုံးတော့ ကျော်ဝင်းသည် သမ္မတကြီး အလုံးကိုသာ ပါးစပ်ထဲထည့်ရုံဖြင့် မတင်းတိမ်နိုင်ဘဲ ဇော်ဌေးအလုံးကိုပါ သူ့ပါးစပ်ထဲ ထည့်လိုက်သေးတာပါကလား။ အကြမ်းဖက်သမားများက ဘာလုပ်သွား၊ ညာလုပ်သွား ဆိုသော တီဗွီနှင့် ရုပ်မြင်သံကြားသတင်းများကို သံယောင်လိုက်ရုံသာမက ငြိမ်သက်သွားသော လူမျိုးရေးအဓိကရုဏ်းကိုပင် ပြန်မွှေးလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာအကြမ်းဖက်ဝါဒနှင့်ပင် ဆွဲစေ့လိုက်ချေသေးသည်။ ကိုကျော်ဝင်းသည် ငြိမ်လု၊ ငြိမ်းလုဖြစ်နေပြီး ပြာပူလောက်သာကျန်တော့သော လူမျိုးရေးအဓိကရုဏ်းကို နှမြောတသစွာ တဖူးဖူး ကုန်းမှုတ်ပြီး မီးပြန်တောက်လာအောင် ကြိုးစားနေခြင်းသာ ဖြစ်ချေသည်တကား။

ကျော်ဝင်း အပူကြီးပူ၊ အစိုးရိမ်ကြီး စိုးရိမ်နေသောအရာမှာ စင်စစ်တော့ ဆင်ဝန်ကတော် အကြောင့်ကြမျိုးပါပေ။ မြန်မာစကားပုံထဲတွင် “ဆင်ဝန်ကတော် အကြောင့်ကြ၊ တုံးတင်နဲ့မှ လွတ်ပါစ၊ ဆင်ရီးတမမ” ဆိုသော စကားရှိပါသည်။ ဘုရင့်ဆင်ကို ထိန်းကျောင်းရသော ဆင်ဝန်၏ ဇနီး ဆင်ဝန်ကတော်သည် ဘုရင့်ဆင် အနာတရ ဖြစ်ပါက လင်သား ဆင်ဝန် ဒုက္ခရောက်မှာကို အလွန် စိုးရိမ်ပူပန်လှသည်။ ထိုသို့ ပူပန်လှသောကြောင့် ဆင်ရီးနှင့် တုံးတွေ၊ တိုင်တွေ၊ ခလုတ်ကန်သင်းတွေ လွတ်အောင် နောက်ကနေ ဆင်ရီး တမမ လိုက်လုပ်နေသည်ဟု ဆိုပါသည်။ ဂလိုဘယ်ကျော်ဝင်း၏ စိုးရိမ်နည်းကား ထိုသို့သော စိုးရိမ်နည်းမျိုးဖြစ်သည်။ ဗိုလ်ရှုပ်သန်းရွှေ၏ ဆင်ကြီးဖြစ်သော နာဠာဂီရိသိန်းစိန် ဆိုသည့် ဆင်ကြီး၏ ရီးသည် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူ ဟူသော တုံးတွေ တိုင်တွေနှင့် တိုးမိတိုက်မိမှာ စိုးလွန်းသောကြောင့် ဦးသိန်းစိန့်ရီးကို တမမ လုပ်နေသူကား ဆင်ဝန်ကတော် ကျော်ဝင်းပင် ဧကန်စင်စစ် ဖြစ်ချေသည်တကား။

လှမောင်ဟန်
(မောင်မောင်ဟန်ဖေ့စ်ဘွတ်ခ်မှ ...)

18 comments:

Anonymous said...

ရေးသားသူနှစ်ဦး၏စာတွေကိုဖတ်ရုံဖြင့်ပင်၊ရေးသားသူ
နှစ်ဦးအဆင့်အတန်းအလွန်ကွာခြားမှုကိုသိသာပါသည်။
စာဖတ်သူတို့အနေဖြင့်၊ယူသင့်သည်ကိုယူ၍ပယ်သင့်သည်
ကိုပယ်ကြမည်ဖြစ်သည်။စာဖတ်ပရိတ်သတ်ကသာစဉ်းစားဆုံးဖြတ်ကြလိမ္မည်။ထို့ကြောင့် စာရေးသူတွေဖက်မှ
အများအကျိုးရှိမည့်စာများကို စိတ်စေတနာမှန်မှန်ဖြင့်၊
ရေးသားကြရန်လိုပေသည်။

yehtut said...

Oh,Really really nice.

laypyaythway said...

စာဖတ်ရတာ အရမ်းရိုင်းတာဘဲ
နှုတ် ကြမ်း အမိယုတ်
လက်ကြမ်း အဖယုတ်
စာကြမ်းတော့ .......................

laypyaythway said...

ှုI think the writer
is Khaw Taw Kaler
or their supporter

Unknown said...

This article is actually right.We never believe the crony Behind of Ex-military government.They made this plan (Rakhine),leader is Aung Thaung (Kyant Foat party) to divide into pieces 88 generation and NLD.

James said...

ဘာလဲကွာ။အရေမရအဖတ်မရနဲ့ ခတ်ကြောင်ကြောင်ပါလား။ဒါမျိုးတင်မတင်ယင်တော့ကောင်းမယ်ဗျာ။ကိုလွမ်းဆွေခင်ဗျားသိက္ခာကျတယ်ဗျ။

laypyaythway said...

Myo Win Is a bengali from Mhon Ywa

lammadawphotoat said...

တော်တော်ညံ့တဲ့အယူအဆတွေပဲ ဒီလောက်ပဲ တွေးတက်တယ်ပေါ့လေ မန်ယူနည်းပြ ဖာဂူဆန်ကို လူထုတ်တာမှားတယ်ဆိုပြီး နည်းပြမလုပ်ဖူးတဲ့သူကဝေဖန်သလိုပဲ ဆောင်းပါးနှစ်ခုရဲ့အရေးအသားကိုယှဉ်ကြည့်ရင် ဘယ်သူက ဘယ်လိုအကြံဆိုးတွေရှိတယ်ဆိုတာ သိနိုင်ပါတယ် ကိုလွမ်းဆွေ အမျှအမျှအမျှ

Backdoor said...

တော်တော်အတင့်ရဲတဲ့ ရခီး
လမင်းကိုခွေးဟောင် တာမြင် ဖူးသွားပြီ

Anonymous said...

ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုသက်သက်တွေ ဒင်းကျမ်းပြည့်နေတဲ့အပြင် အရေးအသား စကားလုံးအသုံးအနှုန်းတွေက တော်တော်ကို အဆင့်အတန်းမရှိသလို ဖြစ်နေပါတယ်။
ကျွန်တော်ကျော်ဝင်းရဲ့ စာတွေ၊ ပြောတာတွေ ဖတ်ဖူး၊ နားထောင်ဖူးပါတယ်။ သူ့အမြင် သူ့အပြောတွေတစ်ဖက်စွန်း ရောက်မနေပါဘူး။ ဒီအစိုးရကို ဖားနေတာမျိုး မတွေ့ရပါဘူး။ တစ်ခုပဲရှိတယ်၊ သူ့သဘောထားက လွှတ်တော်ကို အယုံကြည်ရှိရှိ၊ မရှိရှိ အင်အယ်လ်ဒီကို လွှတ်တော်ထဲမှာ တစိတ်တဒေသ ရှိနေစေချင်တယ်။ ဖွဲ့စည်းပုံဥပဒေတုန်းကလည်း အင်အယ်လ်ဒီက ထွက်သွားတော့ ကမ္ဘာသိအောင် ထောက်ပြဝေဖန်မဲ့လူ တစ်ယောက်မှ မရှိတော့တဲ့အတွက် သူတို့ထင်သလို ချယ်လှယ်ရေးဆွဲဘို့ အခွင့်အရေးပေးသလို ဖြစ်ခဲ့ရတယ်လို့ ထောက်ပြခဲ့တယ်။ ဒါကြောင့် ကိုယ်လုပ်ချင်တာတွေ ဖြစ်ခွင့်မသာသေးတဲ့ အချိန်မှာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်လ်ဒီကို ၀င်ရွေးခံဖို့ တက်ကြွစွာ တိုက်တွန်းခဲ့သူထဲမှာ ဦးကျော်ဝင်း ပါခဲ့တယ်။
အင်အယ်လ်ဒီ လွှတ်တော်တက်ခြင်းကို ဒေါက်တာလွဏ်းဆွေတို့ အုပ်စုက အကြီးအကျယ်ကန့်ကွက်ခဲ့ကြတယ်။
ဒါကြောင့် သဘောထားမတူသူ ကျော်ဝင်းကို ၀ိုင်းဝန်းတိုက်ခိုက်ကြတဲ့သဘောလို့ မြင်မိတယ်။
ဒီလို တိုက်ခိုက်မယ်ဆိုရင်လည်း အဆင့်အတန်းရှိရှိ၊ သဘောတရားပါပါ.. ပုဂ္ဂိုလ်ရေးမဆန်တဲ့ အရေးအသားမျိုးတွေနဲ့ ဖော်ထုတ်သင့်တယ်လို့ပဲ မြင်ပါတယ်။
အခုဆောင်းပါးကတော့ အဆင့်မရှိယုံတင်မကဘူး၊ လမ်းဘေးဆန်လွန်းနေပါတယ်။

Minn said...

Brothers and sisters,
All we need to do ,these days, is embrace the change and protect your mind,not to be the victim of freedom of expression.
You can be victimised by this kind of stupid ridiculous writing.
So, be ready and be strong to surf the waves of change with great care.

thetlwin said...

ပုဂိုလ်ရေးတိုက်ခိုက်မု့တွေများပြီးအပြုသဘောမဆောင်ဘူး
လို့ထင်ပါတယ်။နိုင်ငံရေးအကြောင်းရေးတယ်လို့မမြင်ပါ
ရန်တွေ့နေတယ်လို့ထင်ပါတယ်။

Mr Moe said...

ကိုလွမ်းဆွေခင်ဗျားကိုလေးစားတယ်၊
ပြောမှသိ ထိ့မှနာ သာမှနေ သေမှခင်
ဆိုတဲ့လူတွေများနေသေးသမျှကာလပတ်
လုံး တိုးတက်မူ့၇ှိအောင်ဖော်ဆောင်၇န်
မလွယ်ကူသေးပါ။

M naw li said...

အကောင်းမြင်ဝါဒမရှိတဲ့အချောင်းမြင်ဝါဒသမားပါလား

Panyacekka said...

ဘာတဲ့ ပို့စ်ရေးသူက လှမောင်ဟန်တဲ့၊ ကုလားတွေစပြီးမီးတိုက်သတ်ဖြတ်တဲ့နေ့မှာပဲ ရခိုင်ပြည်နယ်၊ လူနည်းစုတွေနေတဲ့ မောင်တောနယ်က ဗမာ၊ ရခိုင်ရွာတွေက ဗုဒ္ဓဘာသာဝင်မိသားစုတွေကို အမိန့်မကျသေးလို့ဆိုပြီး လုံခြုံတဲ့နေရာသို့ မပြောင်ရွှေ့ရဲတဲ့ ခပ်ပေါပေါ၊ ခပ်ကြောင်ကြောင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် လှမောင်တင်နဲ့တောင် နာမည်ဆင်လိုက်သေးတယ်။
ဂလိုဘယ်အကြောင်းကို မိတ်ဆက်ပီးရေးလေ့ရှိတဲ့ လူငယ်တွေကြိုက်တဲ့ သတင်းစာဆရာကျော်ဝင်းကိုတောင် ဝေဖန်ထားသေးတယ်ဆိုတော့- ဟုတ်မလားလို့ဖတ်ကြည့်တာ။ ဟာ- conclusion ဆွဲကြည့်တော့၊ စာဖတ်သူကို ခပ်ပေါပေါတွေထင်ပြီး၊ ခပ်ကြောင်ကြောင်ဖြီးဖျန်းချက်တွေနဲ့ ကုလားကိုထောက်ခံအောင်တင်ပြထားတာပဲ တွေ့ရတော့။ ဟာငါ့လူရေ- နိုင်ငံသားစိစစ်ရေးကဒ်တောင်မရှိတဲ့ ဘင်္ဂါလီတွေအကြမ်းဖက်လို့ မောင်တောတနယ်ထဲမှာတောင် ဗမာ၊ ရခိုင်လူပေါင်း ရာဂဏန်းအထက်သေတယ်ဆိုတာ့ မြင်မျက်သက်သေတွေပြောပြချက်ကို မဟုတ်ဘူးလို့မထောက်ခံရင်တောင်မှပေါ့။ လုံထိမ်းတွေရှေ့မာတောင် အိမ်တွေကိုမီးတိုက်၊ ရွာတွေကိုဖျက်ဆီး၊ လူတွေကိုသတ်ပြတယ်ဆိုတော့-- ဒီထက်စော်ကားတာရှိဦးမလားလို့တော့ တွေးစေချင်တယ်။ မတွေးတတ်ရင်လည်း သူငယ်တန်းက သမိုင်းကိုသာပြန်ဖတ်ကြည့်လိုက်ပါတော့လို့ -- ကိုပေါတာ- လှမောင်ဟန်ရေ။ ကုလားဆိုတာ သိသာလိုက်တဲ့ပို့စ် ဖတ်မိတာကိုက ရင်နာတယ်။

mgmgsann said...

http://www.facebook.com/notes/7day-news-journal/%E1%80%92%E1%80%AE%E1%80%99%E1%80%AF%E1%80%AD%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%80%E1%82%8F%E1%80%AF%E1%82%8F%E1%80%AF-%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%91%E1%80%94%E1%80%B9%E1%80%91%E1%80%94%E1%80%B9/461287513901065

mgmgsann said...

ဦးကျော်ဝင်းေ၇းထားတဲ့ မူလဆောင်းပါးကို 7 days ဂျာနယ်တင်ထားတဲ့ ဖေ့စ်ဘွတ်မှာ သွားဖတ်ပါ အပေါ်မှာလင့်ပေးထားတယ်အေ၇းအသားနဲ့ စေတနာကို ၇ှင်း၇ှင်းလင်းလင်း တွေ့နိုင်ပါတယ် အပေါ်ကေ၇းတဲ့ လှမောင်ဟန်ဆိုတဲ့ ဗလီဆ၇ာေ၇ာ ဗလီဆ၇ာေ၇းတဲ့ ဝက်သားတုတ်ထိုး ဘန်းခင်းတဲ့ စက်ကူကိုပါ တင်၇ဲတဲ့ ဘလော့ဂါတို့၇ဲ့စေတနာကိုကွက်ကွက်ကွင်းကွင်းတွေ့မယ်လို့ထင်ပါတယ်

mgmgsann said...

http://www.facebook.com/notes/7day-news-journal မှာလဲဝင်ဖတ်နိုင်ပါတယ်