Wednesday, May 2, 2012

ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူ/သားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါ

ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူ/သားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ

ဒီကနေ့မှာ NLD အမတ်တွေကို လွှတ်တော်ထဲ သွတ်သွင်းပြီးသွားတဲ့အတွက် ကြံ့ဖွတ်စစ်အုပ်စုရဲ့ မဟာစီမံကိန်း ပထမအဆင့် အောင်မြင်သွားပြီလို့ ပြောရပါမယ်။

ဒုတိယအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ကချင်ကို မီးစတဘက် ရေမှုတ်တဘက်ဗျူဟာနဲ့ ခပ်သွက်သွက်ကလေး ဗျင်းပါတော့မယ်။

ကချင်ကို ဗျင်းပြီးတာနဲ့ တတိယအဆင့်အဖြစ် ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးကို ၂၀၁၃ မှာ အပြီးသတ် သွယ်တန်းနိုင်အောင် တက်သုတ်ရိုက်ဆောင်ရွက်ပါတော့မယ်။ ပြီးတာနဲ့ ပိုက်လိုင်းကြီးကို အာဏာရှင်တရုတ်နဲ့ ပူးပေါင်းကာ လုံခြုံရေး အပြည့်အ၀ ယူပါတော့မယ် (တရုတ်အာဏာရှင်အစိုးရက အခုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ခြေလှမ်းသွက်နေကြတာကို ငြိမ်ကြည့်နေတာ အလကားမဟုတ်ပါ။ ဤစီမံကိန်းကြီး မပြီးသေးလို့ သည်းခံနေခြင်းမျှသာ ...)။

ပြီးရင် နောက်ဆုံးအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို တရစ်ချင်း ပြန်တင်းပြီး သဘာဝဓာတ်ငွေ့ကရတဲ့ စာရင်းမရှိအင်းမရှိ နှစ်ရှည်ဝင်ငွေတွေ (ရွှေဂက်စ်က ရရှိမယ့် အကျိုးရလဒ်များ) နဲ့ မြန်မာနိုင်ငံတော်ကြီးကို ပါတီစုံရွေးကောက်ပွဲလည်းရှိ၊ အထက်လွှတ်တော် အောက်လွှတ်တော်တွေလည်းရှိတဲ့ ဘီလာရပ်စ် (Belarus) နိုင်ငံတော်ကြီးလို ပါလီမန်ဒီမိုကရေစီ အာဏာရှင်စနစ်အောက် ရောက်သွားအောင် ယဉ်ယဉ်လေး သွတ်သွင်းပါတော့မယ်။

ကျနော်တို့ ဘာလုပ်ကြမလဲ

အဲဒီလို ပါလီမန်ဒီမိုကရေစီအာဏာရှင်စနစ်ဆိုတဲ့ အာဏာရှင်စနစ်ပုံစံသစ်တမျိုးအောက် ထပ်မံ မကျရောက်စေဖို့အတွက် ကချင်ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုသလို တိုက်ပွဲဝင် ကချင်အင်အားစုတွေ တောင့်ခံနိုင်အောင် ပြည်တွင်းပြည်ပအင်အားစုအားလုံးက နည်းလမ်းမျိုးစုံနဲ့ ပုံအောကူညီဖို့ လိုအပ်ပါတယ်။

စစ်ရပ်စဲရေး ဆောင်ရွက်တာနဲ့ တပြိုင်နက်တည်းမှာ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးစီမံကိန်းကို ရပ်ဆိုင်းသွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့လည်း လိုပါမယ် (ပွင့်လင်းမြင်သာတဲ့၊ စစ်မှန်တဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာချိန်မှသာ ဆက်လက်လုပ်ဆောင်ခွင့်ပြုသင့်တယ်)။

အဲဒီလို တိုက်ပွဲမျိုးဆိုတာ ပါလီမန်တွင်းက တိုက်လို့ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး (အဲဒါကြောင့်မို့ အန်အယ်လ်ဒီ လွှတ်တော်တက်တာကို စောင့်နေဖို့ လိုကိုမလိုတာပါ)။ ပါလီမန်ပြင်ပကနေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့သလိုမျိုး ပြည်တွင်းပြည်ပ လူထုအင်အားနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတိုက်ပွဲဝင်မှ ရနိုင်ပါမယ် (လိုအပ်ရင် တတိုင်းတပြည်လုံး လမ်းပေါ်ထွက်သင့် ထွက်ကြရပါမယ်)။

အဲဒါကြောင့်မို့ ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါဘူး။ ကချင်ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုစီမံကိန်း အမြန်ဆုံး ရပ်ဆိုင်းရေးတို့ကို တက်ညီလက်ညီ စတင်လုပ်ဆောင်ကြဖို့သာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။

မှတ်ချက် ။ ။ ကြံ့ဖွတ်စစ်အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သူတို့ရဲ့မဟာစီမံကိန်းကြီးကို အပြီးသတ်သွားနိုင်တဲ့ အနေအထား တွေ့နေရလို့ မြင်မိတာလေးကို အလန်း(မ်) ပေးလိုက်ရခြင်းဖြစ်ပါတယ်။ “မဖြစ်နိုင်ပါဘူးကွာ” ဆိုလည်း သဘောအတိုင်းပါပဲခင်ဗျား။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

- ရွှေဂက်စ်က ရရှိမယ့် အကျိုးရလဒ်များ click
- ဘီလာရပ်စ်နိုင်ငံက ပါလီမန်ဒီမိုကရေစီ အာဏာရှင်စနစ်အကြောင်း သိလိုပါက … click

43 comments:

myo chit said...

Pyi Pyae twe!!!! don't shout like dog from away of burma

myo chit said...

Now you cannot get free money from USA

Screw said...

ဟုတ်ကဲ့ ကျွန်တော်များ ပြည်တွင်းမှ ပြည်သူလူထုမှလည်း ဒေါက်တာလွမ်းဆွေဧ။် အကြံပြုတင်ပြ ချက်ကို နှစ်ထောင်းအားရရှိလှပါသည်။ သို့ပါသော်လည်း ခေါင်းဆောင်မရှိဘဲ ဒီအတိုင်းလမ်းပေါ်မထွက်ရဲသေးပါ။ ဒေါက်တာလွမ်းဆွေ၊ ကိုမိုးသီးဇွန်တို့ ပြည်တွင်း ကိုပြန်လာပြီး ထောင်မကြောက်၊ စစ်ခွေးတိုက် မကြောက်ဘဲ ပြည်သူလူထုကို ဦးဆောင်တိုက်ပွဲ ၀င်မည့်အချိန်ကို စောင့်မျှော်လျက်ရှိပါကြောင်း.............................................

K said...

အဲဒီလို တိုက်ပွဲမျိုးဆိုတာ ပါလီမန်တွင်းက တိုက်လို့ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး (အဲဒါကြောင့်မို့ အန်အယ်လ်ဒီ လွှတ်တော်တက်တာကို စောင့်နေဖို့ လိုကိုမလိုတာပါ)။ ပါလီမန်ပြင်ပကနေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့သလိုမျိုး ပြည်တွင်းပြည်ပ လူထုအင်အားနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတိုက်ပွဲဝင်မှ ရနိုင်ပါမယ် (လိုအပ်ရင် တတိုင်းတပြည်လုံး လမ်းပေါ်ထွက်သင့် ထွက်ကြရပါမယ်)။

Dr Lun Swe, we believe that you don't want to see our country is developing steadily and peaceful under the leadership and corporation of the present government and NLD. If like that happen , you are now so fearful that you will lost your place where you are doing only AIR politic but nothing for our people of Myanmar.

Anonymous said...

ဒေါက်တာလွဏ်းဆွေကိုလည်း မြန်မာပြည် ပြန်လာပြီ မြန်မာနိုင်ငံရေးရဲ့ တစ်ထောင့်တစ်နေရာ မှာ ပါဝင်ပါဦး(လက်တွေ့ ဝင်ရောက်လုပ်ကိုင် ပေးဖို့ပါ)လို့ ဖိတ်ခေါ်ပါတယ်။

Cells 3 said...

ကိုရင် က သာ ဖိတ်တာ သူ ဒေါက်တိုလွမ်းဆွေက ဘာလာပါ့မလဲ သူက လေ တိုကပွဲလောက်ရတာကို၊ ထောင်တန်းလဲ ကြောက်တယ်လေ ကို မင်းကို နိုင်တို့ လို မျိုး သတ်တိလဲ မရှိဆိုတော့ နားလည်ပေးလိုက်ပါ

koyin said...

ဒေါက်တာကြီးကလဲ...လွယ်၂လေးကိုခက်နေအောင်လုပ်နေပြန်ပြီ။ဒေါက်တာကြီးမြန်မာနိုင်ငံကိုပြန်လာပြီးလက်တွေ့လုပ်စေချင်ပါတယ်။ဒေါက်တာကြီးလိုအကြံကောင်းတွေရှိတဲ့သူတစ်ယောက်အတွက်ကိုယ်တိုင်အရင်ဆုံးလမ်းပေါ်ထွက်ပြီးလုပ်ကြည့်စေချင်တယ်။လုပ်ရဲတဲ့သတ္တိလဲရှိမယ်ထင်တာပဲ။အပြောနဲ့ကတော့ကျနော်တို့လဲပြောတတ်တယ်လေ။ဒီခေတ်ကအပြောသက်၂လူတန်းစားတွေအတွက်နေရာမရှိဘူးဗျ။ခေတ်တွေပြောင်းကုန်ပြီဆိုတာလဲလေ့လာလိုက်အုန်း။အကောင်းဆုံးကခင်များဘာမှမပြောပဲသူများလုပ်တာငြိမ်၂လေးထိုင်ကြည့်နေတာကောင်းပါတယ်။အကုသိုလ်များတယ်ဗျာ။

mg said...

ယနေ့ မြန်မာပြည်သူတွေကို ဆရာ့ရဲ့နည်းလမ်းတွေနဲ့ အလုပ်မဖြစ်တော့ဘူးလေ။ ဆရာဘယ်မှာများသွားအိပ်ပျော်နေတာလဲ။ ဒီဆောင်းပါးကို အိပ်ယာက ယောင်ရမ်းထလာပီး ရေးနေတယ်ထင်တယ်။
ဒီနေ့ပြည်သူတွေက နိုင်ငံရေးသိပ်နိုးကြား နေကြတယ်။
ဆရာ့ဆောင်းပါးဟောင်းတွေပဲ ပြန်တင်ပါဆရာရယ်။

Kyaw Swa Tun said...

ha ha, Dr.lun swe, Please relax and thinking well. Are u dreaming? Now, People understand what they need to do.
We need time to monitor, Please take a break and sleep well. Don't think too much about myanmar politic. Rome can't build within one day and everything can't be happen as our desire.

shinobi said...

ဆရာကြီးလုပ်မနေနဲ့ လမ်းပေါ်ထွက်ဖို့ သတ္တိရှိရင်မြန်မာပြည်ကိုပြန်လာခဲ့လေ။
မြစ်ဆုံကိစ္စတုန်းကလည်း လမ်းပေါ်ထွက်ရလောက်တဲ့အဆင့်အထိ မလိုခဲ့ပါဘူး။ အေးအေးချမ်းချမ်းပြောင်းလဲဖို့အတွက် အားလုံးက အာရုံစိုက်နေကြတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကတောင်မှ အာရပ်နွေဦးနဲ့မတူဘဲ ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းလဲခဲ့လို့ မြန်မာပြည်ရဲ့ အပြောင်းအလဲကို စိတ်ဝင်စားနေတဲ့အချိန်မှာ ဒေါက်တာကြီးက ဆူဆူပူပူဖြစ်စေချင်နေတာ ဘာသဘောလဲ။ ဘာလဲ
လူတွေလမ်းပေါ်မထွက်လို့ ထောက်ပံ့ကြေးတွေ မရတော့ဘူးထင်တယ်။ ရခိုင်က သယံဇာတဓာတ်ငွေ့တွေ ရောင်းစားလို့ ထိခိုက်တယ်ထင်ရင် ရခိုင်တွေ စပြီးအရေးဆိုပါလိမ့်မယ်။ အဲဒီအခါကျမှ ကျန်တဲ့ တိုင်းရင်းသားတွေက ရခိုင်ကိုကူညီကြရမှာ။ ဘယ့်နှယ် ကချင်ကိုသွားတို့ပေးနေတာလဲ။ ကချင်က နိုင်ငံရေးအရင်ဆွေးနွေးချင်တယ်ပြောတယ်။ ကြံဖွတ်အစိုးရက အပစ်ရပ်ပြီးမှနိုင်ငံရေးဆွေးနွေးချင်တယ်ပြောတယ်။ ဒီအတိုင်းမှန်ရင်တော့ အပစ်ရပ်ဖို့သဘောတူညီချက် မရှိသေးရင် ဘယ်ဘက်ကမဆိုတိုက်ခွင့်ရှိတယ်လို့ပဲပြောချင်တယ်။ မြောက်ကိုရီးယားနဲ့
တောင်ကိုရီးယားတောင်မှ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ထားတဲ့ကြားထဲက တစ်ချက်တစ်ချက် ထထပစ်နေသေးတာ။ အပစ်ရပ်သဘောတူညီချက်မရှိဘဲနဲ့ကတော့ တိုက်နေကြမှာပဲ။ ကချင်ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းစေချင်ရင် လက်တွေ့ကျကျထောက်ပြရမှာကို ထောက်ပြပါ။ ကရင်နဲ့တောင် ငြိမ်းချမ်းရေးခရီးအတော်ပေါက်နေတာ ကချင်နဲ့ဘာလို့ဆွေးနွေးလို့မရတာလဲဆိုတာ အရင်အဖြေရှာလေ။ "ကချင်ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုသလို တိုက်ပွဲဝင် ကချင်အင်အားစုတွေကိုလည်း ပြည်တွင်းပြည်ပအင်အားစုအားလုံးက နည်းလမ်းမျိုးစုံနဲ့ ပုံအောကူညီဖို့ လိုအပ်ပါတယ်။" ဆိုတော့ နည်းလမ်းမျိုးစုံဆိုတာက လက်နက်အကူအညီကောပါတယ်လို့ ယူဆရမယ်။ ဒါဆို စစ်မီးပိုတောက်ဖို့ပဲရှိမယ်။ ဒေါက်တာကြီး ရဲ့ ရေးသားချက်တွေက ရှေ့နောက်ဆန့်ကျင်ကွဲလွဲနေတယ်။ လူတွေကိုလည်း လမ်းပေါ်ထွက်စေချင်တယ် စစ်မီးကိုလည်း ပိုတောက်စေချင်တယ်။ ဒေါက်တာကြီးရဲ့ ရည်ရွယ်ချက်ကဘာလဲ။

mg said...

Dr Lu zoe
you are so funny!

Unknown said...

ဒေါက်ချာကြီး.....
မြန်မာပြည်အတွက် တော်လှန်ရေးဆိုတာ ခေတ်ကုန်သွားပြီဗျ။ခင်ဗျားအခုမှ ထပြီး အရူးချီးပန်းလုပ်မနေနဲ့။နိုင်ငံရေးဆိုတာ ဘာမှန်းမသိပဲ အရူးချီးပန်းလုပ်နေတာတွေ နားလိုက်ပါတော့ဗျာ။ခင်ဗျားပင်ပန်းလွန်းပါတယ်။ကိုယ့်ဘာသာ အေးဆေးလေး သောက်ပြီးရင် သောက်ထားတဲ့အတိုင်းပဲ နေလိုက်စမ်းပါ။

harry said...

Dr.... Why u r thinking that way? N why u r writing that way? U r something wrong. Our ppls dun wanna fight anymore. We wanna b peace. Why r u pushing such things? Now u did it on purpose. Everyone got their own knowledges. May b some ppls could accepted ur way. Coz they r as like u ppl. But u dun think that most of d ppls will accept ur way. If u dare to come back u just come back n lead to ppls. Otherwise u should shut ur mouth.

သုတရတနာ said...

ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောာင်တွေကတောင် ပျော့ပျောင်းတဲ့နည်းလမ်းနဲ့ ဖေးမတွဲခေါ်နေတဲ့အချိန်မှာ ခင်ဗျားမို့ ဒီစာကို ရေးရဲတယ်။ ဟက်ဟက်။ အခုလို တစ်ပုဒ်ရေးရင် ဆုငွေ ဘယ်လောက်များ ရပါသလဲ ဒေါက်တာကြီး။
ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ထောင်ကျခံပြီး လမ်းပေါ်ထွက်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံကို အူယားဖားယား ထွက်ပြေးသွားတဲ့လူက ပြည်တွင်းကလူတွေကို လမ်းပေါ်ထွက်ဖို့ လှုံ့ဆော်တာကတော့ ရယ်စရာ တော်တော်ကောင်းနေပြီ။
ဗိုလ်ချုပ်ပြောတဲ့ ရရင်ရ မရရင်ချဆိုတာ ဗိုလ်ချုပ်အောင်ဆန်းမှာ တပ်ရှိတယ်။ လက်နက်ရှိတယ်။ သေနတ်ကို သေနတ်နဲ့ တုံ့ပြန်တာ။ ပြည်သူတွေမှာက ဘာများရှိလို့လဲ။ အသေခံဖို့ သက်သက် ခင်ဗျားက တိုက်တွန်းနေတာလား။ ဒါမှမဟုတ် အခြေအနေနဲ့ အချိန်အခါကို မကြည့်ဘဲ ဖတ်ကောင်းအောင်ရေးနေတာတွေလား။
တကယ်တမ်း လမ်းပေါ်ထွက်ရမယ်ဆိုရင် ခင်ဗျားကိုယ်တိုင် လာခေါင်းဆောင်လေ။ အဝေးကနေတော့ မြှောက်ပေးမနေနဲ့။ ကျောင်းသားလူငယ်လေးတွေ ဘ၀တက်လမ်းတွေ ရည်မှန်းချက်တွေ အများကြီးရှိသေးတယ်။
ခင်ဗျားကတော့ အသက်လဲ ကြီးပါပြီ။ သေပျော်ပါပြီ။ ပြီးတော့ ပညာလဲ စုံပါပြီ။ တတ်ထားတဲ့ပညာနဲ့ ပြည်သူကို အလုပ်အကျွေးမပြုနိုင်တော့တဲ့အတူတူ ရှေ့ကနေ အသေခံ ထောင်ကျခံပြီး ရာဇ၀င်မှာ မော်ကွန်းထိုးနိုင်အောင် လုပ်ပြပါလား။
အလကား အဝေးကနေ မြှောက်ပေးမနေနဲ့တော့လေ

AUNGZEYA said...

I strongly agree with blogger screw's comment. You all should come back to country to lead the people.
We people have suffered for long time.
So please show your courage and ability more than tongue say.

zwemaung said...

ရွှေတိုင်သားလေး ကိုထူး
ဒီနေ့ ဒီအချိန်မှာ အရေးကြီးဆုံးဟာ ကိုယ်တိုင် ကိုယ်ကျ ဘာမှမလုပ်နိုင်ဘဲ ဘေးက ဝေဖန်နေတဲ့ စကားတွေကို နားမယောင်မိဖို့ လိုပါတယ်
ကိုယ်တိုင် ကိုယ်ကျ လုပ်နေတဲ့ သူတွေဟာ ဘယ်လို အခက်ခဲတွေရှိတယ်ဆိုတာ ပိုပြီးနားလည်ပါတယ် အထူးသဖြင့် စစ်တပ် တစ်ဖြစ်လည်း ကြံ့ /ဖွတ် အစိုးရနဲ့ ဆက်ဆံရတာ အရူးနဲ့ ဆက်ဆံရသလိုပါဘဲ ဦးနှောက်မမှန်ပါပါဘူး

zwemaung said...

ကိုလွဏ်းဆွေ ရေ လူချင်းခင်မင်ပြီးသားမို့  အကြံပြုပါရစေ ဘလော့ဂါ တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတာ နာမည်ကောင်းရပြီးသားပါ ကိုယ်မပိုင်တဲ့ " အစ " ကို သွားဆွဲရင် ကိုယ်သျှုး ကိုယ်ပတ်နေအုန်းမယ်
တော်ကြာ ကိုလွဏ်းဆွေရဲ့ ဝက်ဆိုက်ဒ်တောင် အားပေးတဲ့ ပရိတ်သတ်လျှော့သွားအုန်းမယ်
စစ်တပ်က အာဏာရှင်တွေနဲ့ ဆက်ဆံရတာ ဘယ်လောက်ခက်ခဲသလဲ ဆိုတာ လူတိုင်းသိပါတယ် အလွမ်းသင့်ပြီး ပြေလည်နေတဲ့ကြ သူတွေကလည်း အကျိုးစီးပွား တစ်ခုထဲကြောင့်ပါ အတ္တပေါ် အခြေခံတဲ့ လူတွေရဲ့ သဘာဝကြောင့်ပါ အာဏာရှင်တွေဟာ ချီး/သေး ထက် ရွှံဖို့ ကောင်ပါတယ်

SAW said...

ဗကပလေသံနဲ့ တစ်ထပ်ထဲပါဘဲ။
http://www.cpa.org.au/z-archive/g2002/1087burm.html

sanchaung9 said...

Dr. lun Swe, You are the one let us know about this project with china. No one else. Somehow, you are outside the burma but you still love the Burma. I thank to you about info. China is very smart today. China never share benefit or profit to Burma. If China share, it will be not in good way. China is doing this for long time. NLD can't do without People power. Power of movement is first step now.

Naing said...

Dr.Link, this post is most affected to your security and driven to exile life totally.
Openly, most you said shown your ID is second class activist.

ko gyi said...

တော်တော်မှန်တယ် ဒေါ်စုက န၀တလူပဲလေ ပြည်သူတွေ
ပဲနောက်ထပ်နစ်နာမှာပါ

မောင်မှန် said...

ဒီလူက ဘယ်လောက်ဆဲဆဲ မနာပါ့လားဟ၊ လူကမွေးထားတာမှ ဟုတ်ရဲ့လား၊ ယူထားတဲ့ဘွဲ့နှင့် လုပ်ရပ်က တခြားစီကို လွဲလိုက်တာ၊ လွမ်းဆွေရေ မင်းအစီစဉ်တွေကို ငါးမင်းဆွေလို၊ မြတ်ခိုင်လိုကောင်တွေကတော့ ထောက်ခံလောက်တယ်၊ မင်းလုပ်နေတာက အာဏာရှင်တွေ အာဏာပြန်သိမ်းလို့ရအောင် ပြည်သူကို သွေးထိုးမြှောက်ပင့်ပြီး သူ့လူ ကိုယ့်ဘက်သားလုပ်နေတာကို မူလတန်းကလေးကစ သိတယ် ကျေးဇူးပြုပြီး မိသားစုဂုဏ်သိက္ခာငဲ့ပြီး အရူးမထပါနဲ့ဗျာ။

Unknown said...

အရေးမပါတဲ့ ဒီဒေါက်ချာ ဆိုတဲ့ငနဲကလဲ တခုပြီးတခု
သူ့ကိုဆဲအောင်လုပ်နေတော့တာပဲ ဆဲချင်စိတ်မရှိပဲ
ကျော်ဖတ်ကြပါလို့သာ အကြံပေးချင်တော့တယ်

DOK said...

ဒေါက်ချာနှင့်သူ့တပည့် Ko Gyi တို့ကိုသမိုင်းကမှတ်
တမ်းတင်ထားလိုက်ပါပြီ

Tun Aung Kyaw said...

ငါးလွဏ်းဆွေ--

patrioticburmese said...

စိတ်ပြက်ဖို့ကောင်းလိုက်တာဗျာ ဒီဘဲ အရက်အသောက်လွန်ပြီး ရူးများရူးသွားပြီးလားမသိဘာဘူး။ ငါးမင်းဆွေ နဲ့ လွမ်းဆွေ ညီအကို ဖြစ်ဖို့များတယ်ဗျို့။ နဲနဲ တော့ စုံစမ်းကြည် အုံးမှပဲ။

su said...

ဒေါက်တာလွဏ်းဆွေ။ ခုခေတ်နိုင်ငံရေးဟာ မိုက်ရူးရဲ ဆန်ဆန် လုပ်ရမယ့် ခေတ်မဟုတ်တော့ပါဘူး။ ပြည်သူတွေက သတ္တိရှိကြပါတယ်။ သတ္တိဆိုတာက ဥာဏ်ပညာနဲ့ပေါင်းမှ ပိုပြောင်မြောက်တာပါ။ အဲဒီအတွက် သတ္တိရော အသိဥာဏ်ပညာပါ ရှိတဲ့ ခေါင်းဆောင်မျိုးဆိုတာ လိုအပ်ပါတယ်။ သတ္တိသက်သက်နဲ့ အလုပ်မဖြစ်ပါဘူး။ ယနေ့ လူထုက အမေစု ကို ထောက်ခံနေတယ်ဆိုတာ အဲဒီ နှစ်ခု ရှိတယ်ဆိုတာ ယုံကြည်နေလို့ပါပဲ။ မရှိဘူးဆိုရင် ပြည်သူက ဘယ်သူသမီး ဖြစ်နေပါစေ ထောက်ခံမှာ မဟုတ်ပါဘူး။ ယနေ့ အောင်ဆန်းဦး ကို ပြည်သူ မထောက်ခံတာက သက်သေပြနေပါတယ်။ ခင်ဗျား ပြည်သူတွေကို အထင်သေးတဲ့ စာမျိုး မရေးစေချင်ဘူး။ ခင်ဗျား ကိုယ့်တန်ဘိုးကို မြင့်အောင်လုပ်စေချင်ပါတယ်။ အမေစု ကို သွယ်ဝိုက်ပုတ်ခတ်ရုံမျှနဲ့ ခင်ဗျားတန်ဘိုး ကျဘို့ပဲရှိပါတယ်။ ခင်ဗျားမှာလည်း အတွေးခေါ် ကောင်းတွေ အများကြီးရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ အဲဒါတွေကို တိုင်းပြည်တိုးတက်မှုအတွက် အသုံးချပေးစေချင်ပါတယ်။ မယောင်ရာ ဆီမလူးစေချင်ပါဘူး။

ဘုန်းကျော် said...

မိန်းမတွေရဲ့ နှလုံးသားက ကိုယ်တော်ချောတွေနဲ့ မတူတာတော့ အားလုံးသိမယ်ထင်တယ်။ သူတို့ တွေဟာ သနားတတ်တယ်။ ကြင်နာတတ်တယ်။ ကြောက်တတ်တယ်။ မိန်းခလေးတွေကို သနားအောင်ပြောတတ် နေတတ်တဲ့ ဘဲ တွေဟာ အများအားဖြင့် ကြွေ သွားလေ့ရှိတယ်။ ရည်းစားထားတဲ့အခါတိုင်း မိန်းခလေးကို သွားပြီး ဟဲ့…ကောင်မ ငါ့ကို ချစ်စမ်းပါဆိုရင် ဘယ်သူမှ ချစ်မှာမဟုတ်ဘူး။ ဒီတော့ ဘဲ တွေက ချစ်စကား ဆိုရင် အနဲဆုံး ဒီလိုပြောတတ်ရတယ်။

အပြောင်းအလဲများတဲ့ သူတွေဟာလည်း မိန်းခလေးတွေပဲ။ စကားကို ဗလောင်းဗလဲပြောတက်တာလည်း သူတို့ ပဲ။ အားလုံးတော့မဟုတ်ပါ။ ကျားနဲ့ မတူတဲ့အချက်ကိုပြောတာပါ။ အဆိုးဆုံးက အတင်းလည်း ပြောသေးတယ်။ သူတို့ စရိုက်ပေါ့။

အသက်ကြီးတဲ့ မိန်းခလေးကို ငယ်တဲ့သူက ချစ်ရေးဆိုရင်…မ…ရယ်…မ..ကိုလေ တနေ့ မှ မေ့လို့ မရဘူး။ အရမ်းချစ်တယ်ကွယ်…ဘာညာဆိုပြီး ရွှီးကြည့်။ အနဲဆုံးတော့ အဲဒိ့စော်…မပျော်ရင် ကျနော့်ကို ကြိုက်သလိုသာပြော။

တစ်ခါတလေကြရင် မာနအရမ်းကြီးတဲ့ မိန်းခလေးကို ခဏခဏ သူရှေ့ မှာ ရိုသေပြ၊ ကျိုး နွံ့ ပြရင် မာနကြီးလည်း ခဏပဲ။ ဘာ့ကြောင့်လဲဆိုတော့ မိန်းမဆိုတာ နှာခေါင်းမပါဘူးလို့ ဆိုပြီး ရှေးစကားရှိတာ အားအားယားယား မဟုတ်ပါ။

မိန်းခလေးတွေ အသက်ကြီးလာရင် ပိုပြီး ခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်လို့ စိတ်ပညာရှင်တွေကပြောတယ်။ ဥပမာ ..စိတ်ဆိုးပြီး အမွေပြတ်စွန့် လွှတ်လိုက်တဲ့သားသမီးတွေကို အသက်ကြီးမှ ပြန်ခေါ်တာကို လေ့လာကြည့်ပါ။ နောက်တစ်ခုက မိန်းမတွေဟာ သူ့ တို့ မှာ ခွင့်လွှတ်တက်တဲ့စိတ်က သူများနဲ့ မတူဘူး။ သူတို့ ကိုသာ တောင်းပန်ကြည့်၊ မျှောက်ပြောကြည့် ခင်ဗျားတို့ ကို ခွင့်လွှတ်လိမ့်မယ်။

ဘုန်းကျော် said...

ကမ္ဘာပေါ်က အာဏာရှင်ကိုတော်လှန်နေတဲ့ မိန်းမဦးဆောင်တဲ့အတိုက်အခံ ခေါင်းဆောင် ဘယ်သူရှိလဲ။ ကျနော်တော့ဒေါ်စုပဲ ရှိတယ်လို့ ထင်တယ်။ ရှိတဲ့အမျိုးသမီးခေါင်းဆောင်တွေက အာဏာရပြီး နိုင်ငံရေးကို လက်တွေ့ ကြကြလုပ်နေတဲ့ သူတွေ။ အကြမ်းဖတ်အမျိုးသမီးခေါင်းဆောင် ဘယ်နှစ်ယောက်တွေ့ ဘူးလဲ။ နောက်ဆုံးအထိ သူပုန်ခေါင်းဆောင်အမျိုးသမီးလည်း မရှိသလောက် ရှားတယ်။ ဘာ့ကြောင့်လဲဆိုတော့ အထက်ကပြောတဲ့ ကြင်နာတာတို့ ဖင်နာတို့ က ကျား တွေ ထက်ပိုများတယ်။ ကျားတွေက သူတို့ ထက်ပိုပြီး မာတယ်။ ပြတ်တယ်။ ချစ်တာ မေတ္တာ ကွမ်းသီးတွေက သိတ်အရေးမကြီးဘူး။ အိုင်တွေ့ ရင် ခြေဆေးတာတင်မကဘူး ရေပါကူးတဲ့ ကောင်တွေ။ ဆိုတော့ ကျားနဲ့ မ မတူဘူး။

ကျနော့်ရဲ့ အတွေးက အန်တီပဲခေါ်ခေါ် အဒေါ်ပဲပြောပြော “တီဒေါ်စု” ယနေ့ မှာ လွှတ်တော်တွင်းကို ဝင်တာ သူ့ စရိုက်နဲ့ ပိုပြီး လက်တွေ့ ဆန်တယ်။ ဟန်ကြတယ်။ ဒါမှ သူ့ ရဲ့ တော်ကီတွေနဲ့ နွဲ့ လိုက်ရင် စစ်သားတွေ အကုန်လုံး ကြွေသွားနိုင်တယ်။ နောက်ဆုံး မိန်းခလေးက တိုင်းပြည်ကို အုပ်ချူပ်ရင် အကြင်နာတွေများတော့ ငြိမ်းချမ်းရေးပိုရနိုင်တယ်။ မိန်းခလေးက ကျားတွေထက် ပိုပြီး စေ့စပ်တယ်။ စီမံခန့် ခွဲမှုမှာ စိတ်ရှည်တယ်။ ကျားတွေလို အနည်းဆုံး အရက်မှုးပြီး စောက်ရမ်းမလုပ်ဘူး။ ဥပမာ မြန်မာအိမ်ထောင်စုတိုင်းမှာ မိန်းခလေးတွေက ငွေကိုင်တယ်။ အိမ်ထောင်ကိုထိန်းသိမ်းတယ်။ ကျားတွေက အရက်ဆိုင်နဲ့ လဘက်ရည်ဆိုင်မှာ အချိန်ကုန်တယ်။ ဒါတွေကိုလေ့လာပြီး နိုင်ငံရေးနဲ့ ချိန်ထိုးကြည့်တော့ အန်တီစု ဟာ လွှတ်တော်နဲ့ တန်တယ်။ အာဏာရှိတာက ပိုကောင်းတယ်။ အာဏာမမက်ဘူးဘာညာမပြောနဲ့ ။ လူတိုင်းမက်တယ်။ ယူလည်းယူသင့်တယ်။

ဒီကေဘီအေက ကျားကြီး ဗိုလ်နုတ်ခမ်းမွှေးကို လွှတ်တော်တက်ခိုင်းကြည့်ပါလား။ သူလုပ်မှာမဟုတ်ဘူး။ သူက ကျား ဆိုတော့ ခပ်ကျားကျားနဲ့ ပဲ သင့်တော်တယ်။ ဒီနေရာမှာ ဦးသိန်းစိန်တို့ အဖွဲ့ ကြတာရောလို့ မေးရင် အဖြေက ဒီလိုရှိတယ်။ စစ်သားလည်းဖြစ်ပြန် ကျားလည်းဖြစ်ပြန်တော့ မြန်မာပြည်က စုတ်ပြတ်သွားရောလို့ ။

နေရာမှားနေတယ်လို့ ကျနော်ခဏခဏ ပြောဘူးတယ်။ ဥပမာ ဆရာဝန်က ဆရာဝန်မလုပ်ပဲ စာရေးစားတယ်။ ဘလော့ဂါလုပ်တယ်။ ဥပမာ မောင်လွဏ်းဆွေ ကိုပဲ ကြည့်ကြည့်။ ကိုတာကိုလည်းထပ်ကြည့်အုံး။ နေရာတိုင်းလိုလိုပဲ။ စစ်သားကလည်း စစ်သားမလုပ်ပဲ ဖင်ယားပြီး လွှတ်တော်တက်တော့ ဘာသုံးရလဲ။ ဘာမှ သုံးရမရတဲ့အပြင် လွှတ်တော်ထဲမှာ အိပ်ငိုက်ပြီး ပါးစပ်က သားရည်တွေကထွက်၊ အာပုတ်နံ့ က တထောင်းထောင်းနဲ့ အခြားသူတွေကိုတောင် ထိခိုက်သေးတယ်မဟုတ်လား။ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ အမှန်မှန်ဆို လူတွေအားလုံးက ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမှာ။ အခုတော့ စောက်တလွဲတွေက နေရာတကာပဲ။

ဒါ့အပြင် အရမ်းကို ရက်စက်တဲ့ ဗိုလ်ချူပ်ကြီးတွေရဲ့ သေနတ်ကို အာခံပြီး အတိုက်အခံခေါင်းဆောင်လုပ်တဲ့သူဟာလည်း အမှန်မှန်ဆို ကျားပဲ ဖြစ်သင့်တယ်။ ဒါမှ တုံးတိုက်တိုက် ကျားကိုက်ကိုက် အခြေအနေမျိုးဖြစ်မှာ။ အခုတော့ မိန်းခလေးဖြစ်နေတော့ အကြင်နာတွေ၊ ခွင့်လွတ်တာတွေ၊ ကြေအေးပါတယ်ဆိုတဲ့ နှလုံးသားတွေနဲ့ ဆိုတော့ မြန်မာ့နိုင်ငံရေးက လစ်ဗျားလို ဟိုကောင့်ဖင်ကို ဒုတ်နဲ့ ထိုးလို့ မရဘူးပေါ့။ ဒါ့ကြောင့် အရမ်းသနားတက်တဲ့ ကျနော့်အမေ မဟုတ်တဲ့ အမေစုအနေနဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ပဲ အရမ်းကို သင့်တော်ပါကြောင်း ဝေဖန်လိုက်ပါတယ်။ တကယ်လို့ သာ အမေစုဟာ နေရာမှာ ကျားတစ်ကောင်သာဖြစ်ကြည့် အခုလောက်ကြာမှာမဟုတ်ဘူး။ ခက်တာက ပြည်သူကလည်း ဒေါ်စုကိုမှ ဘုရားထင်နေတာဆိုတော့ဗျာ။ ကံသိုလ်ကံပေါ့လို့ ပြောရမလိုပဲ။

မောင်မှန် said...

ဘုန်းကျော်ဆိုတဲ့ ငကြောင်ရေ မင်းလိုဘာနိုင်ငံရေးမှ မလုပ်ပဲ သြဇီမှာ စစ်သားက မင်းအမျိုးတွေအကုန်လုံး မုဒိန်းကျင့်လို့ပါ၊ လုပ်အားပေးခိုင်းလို့ပါ၊ ပေါ်တာဆွဲလို့ပါဆိုပြီး အရှက်မရှိလိမ်ပြီး ဒုက္ခသည်အတုလုပ်လို့ လူလိုသူလို သြဇီမှာနေရတာပါ မင်းတို့လိုကောင်တွေ ပြည်ပမှာ လိမ်ညာစားဖို့၇ာ ဂွင်တွေနဲနဲသွားတာကတော့ သေချာတယ် လွမ်းဆွေလိုလူမျိုးတွေအတွက် မင်းဖင်ခံပြီး ဒိုနာတွေဆီ တောင်းပေးလိုက်ပေါ့။

net said...

ရေးစရာ သတင်းမရှိမှာစိုးလို့ ပြည်သူတွေကို လမ်းပေါ်ထွက်ပြီး သေခိုင်းနေတာလား...သတ္တိရှိရင် မြန်မာပြည်ပြန်လာပြီး ခင်များကိုယ်တိုင် ဦးဆောင်ချီတက်ပါလား...

မိုးကြိုး said...

fool Doctor.useless idea

taryar said...

ဆရာရေ
ဆရာရေးတာအရမ်းမှန်ပါတယ်.ဒါပေမယ့်
ဆဲဖို့နဲ့သူများနောက်လိုက်ဖို့ပဲသိတဲ့လူတွေများနေသရွေ့တော့ဆရာ့commentတွေနေရာ
နှမြောဖို့ကောင်းပါတယ်.သူတို့ပြောသလိုဆရာကဘာမှအသုံးမကျဘူးဆိုလည်းအချိန်ကုန်ခံပြီးဘာလို့ဆရာ့ဆောင်းပါးတွေလာဖတ်တယ်မသိပါဘူး.ပြီးတော့လည်းဆဲကြဆိုကြနဲ့
စကားကောင်းမပြောတတ်ကြဘူးထင်ပါတယ်
.သနားပါတယ်ဆရာရယ်.ဆက်သာရေးပါ.အားပေးနေပါတယ်.မဖတ်ချင်တဲ့လူတွေကတော့သိန်းစိန်နဲ့အမေစုဂုဏ်တော်တွေချီးမွမ်းထား
တဲ့နေရာကိုပဲသွားကြပါ.

.com.au said...

This is second time you made stupid article. Where did you get doctor title. You shouln't deserve it. You thiking is very shallow. Go and cook your brain to become mature. You are a mad man.

.com.au said...

Give you title of Dr. Worldwide Zero.

Nai Candima said...

ဟုတ်ပါတယ်၊ ဒေါက်တာလွမ်းဆွေ မရောင်ရာဆီလူးနေတာ အမှန်ပါပဲ၊ ဒီလိုဆောင်းပါးမျိုးတွေကြောင့် ဖတ်ရသူအတွက်အချိန်ကုန်ရုံမှတပါး ဘာမျှအကျိုးမရှိပါ၊ ရေးသူအနေနဲ့လည်း ကိုယ့်ဥာဏ်ရည်အဆင့်ကို ထုတ်ပြလိုက်သလိုပါပဲ၊ တကယ်တော့ ပြည်တွင်းမှာ မတရားမှုတွေ အာဏာအလွဲသုံးမှုတွေလို သတင်းတွေ ဆောင်းပါးတွေ ဖေါ်ထုတ်ရေးသားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူအတွက် ပိုပြီးအကျိုးများပါတယ်၊ ကိုယ်တိုင်မရေးတာတောင် သတင်းတွေကို တနေရာတည်းမှာ လွယ်လွယ်ကူကူ ဖတ်လို့ရအောင် စုစည်းပေးတာတခုတည်းလုပ်ရင်ပဲ စာဖတ်ပရိတ်သတ်က ကျေးဇူးတင်နေပြီးသားပါ။

moe said...

ဒီဘဲကြီးဒီရက်ထဲမှာနဲနဲကြောင်နေတယ်။

7910912841 said...

ဒေါက်တာလွဏ်းဆွေကို အားပေးပါတယ်၊
ှုငါးလွဏ်းဆွေတော့ ဟုတ်မယ်မထင်ပါဘူး၊ ဦးသန်းဆွေနှင့်လည်း အမျိုးတော်မယ်မထင်ပါဘူး၊

xx said...

Please don't bite , you all to each other. Don't insult to other. All non sense comments! Fucking ass!
Please don't against the writer.
Take the idea from here.
Post the best idea what to do as group discussion .
Thank for all.

xx said...

Most of you all cannot give any idea why u don't like this article , and then give some reasons why! I think you all are gentle man ' come from Myanmar Lu gyi,Lu kg'. For what to insult to others ! Please give idea why you disagree this article to you all. If you don't hv anymore than the writer, please ' better just read from outside. ' Please take part in group discussion, you all! Give good idea !!!!
Hope to understand my post.

Irrawaddy Myanmar said...

ဘလောက်ပေါ်ကနေ။
ဘေးထိုင်။
ဘိုင်ကျ။
ဘုပြောရုံနှင့်တော နိုင်ငံကြီးက ကောင်းမသွားပါဘူး။

Mau Tan said...

We should be careful of what we should do next. All of us should think of multiple point of view with out treading on each other.

sin na said...

good ider dr lunswe