ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် - “လျှပ်စစ်မီး မရရှိမှုကြောင့် ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သဘောကျပါတယ်။ ဒါပေမယ့် တချို့ဆန္ဒပြသူတွေက လျှပ်စစ်မီးကို အရင်ပေးပါ၊ ဒီမိုကရေစီကို နောက်မှ ပေးပါလို့ ပြောဆိုတာတွေက ကျမစိတ်ထဲမှာ ဘ၀င်မကျပါဘူး။ လျှပ်စစ်မီးတွေ မှန်မှန် မရတာဟာ ဘာကြောင့်လဲဆိုတာ အားလုံးကို သေသေချာချာ စဉ်းစားစေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်နှင့် သဘာဝသယံဇာတများ ပေါများလျက် လျှပ်စစ်မီး မှန်မှန် မရရှိခြင်း၊ ရေ မရရှိခြင်း၊ လူအများ အလုပ်အကိုင် မရရှိခြင်းတို့သည် နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော စနစ် မှန်ကန်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။ (မဇ္ဈိမသတင်းဌာန - ဒဂုံမြို့သစ်အရှေ့ပိုင်း NLD ရုံးဖွင့်ပွဲ၊ မေလ ၂၂ ရက်နေ့)
Facebook တွင် ဖတ်ရှုရသည့် Comment များ
San Yu - ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ အဲလို့လိုက်လုပ်ပြမှ မရပ်မနား လျှောက်အော်နေမှကို ဆိုလိုတယ် ဆိုရင်တော့ အတော် စဉ်းစားစရာကောင်းနေပါပြီ။ အဲလိုလိုက်လုပ်မှ အလုပ်လုပ်တယ် ထင်တာလောက် ဉာဏ်နည်းတာ ရှိမည်မထင်ပါ။ အင်းလေ … ဒီမိုကရေစီနဲ့ မီးရရေး ဘယ်ဟာက အရင်လုပ်ရမယ်ဆိုတာတောင် ကောင်းကောင်းနားမလည်တာ၊ ဒါလို ဉာဏ်နည်းတာ သိပ်တော့မထူးဆန်းပါ။
(ဆန္ဒထုတ်ဖော်သူတွေကို လေးစားပါတယ်။ အချို့လို တိုင်းပြည်ချစ်ချင်ယောင်ဆောင်ပြီး ဉာဏ်နည်းသူများကို ဆိုလိုတာပါ) !!!!
Yahine Thu - ကြွေးကြော်သံဆိုင်းဘုတ်မှာ ရေးထားတာက ဒီမိုကရေစီ နောက်မှလုပ်၊ လျှပ်စစ်မီးသာ အရင်ပေးလို့ ရေးထားတာ။ သူတို့ ပြောချင်တာက ဒီမိုကရေစီတွေ လေကြီး မိုးကြီးနဲ့ လျှောက်ပြောမနေနဲ့။ လက်တွေ့ကျကျ လုပ်လို့ရတာ လုပ်ပေး။ တကယ်စေတနာရှိရင် တကယ်လုပ်ပြလို့ ပြောနေတာ။ ဒီမိုကရေစီကို ပါးစပ်ဖျားက ပြောရတာ လွယ်တယ်။ လက်တွေ့ကျကျမှာ မီးတောင် လာအောင် လုပ်မပေးဘူးလို့ ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေရာတကာ ဆရာလုပ်ချင်တဲ့ စိတ်မမွေးဘဲ လူထုကို လေ့လာဖို့ ကောင်းတယ်။ ဒီကြွေးကြော်သံက လူထုရဲ့ဆန္ဒကို ဖော်ပြနေတာ။
Yahine Thu - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိပ်မရှင်းရင် မဝေဖန်သင့်ဘူး။ ဝေဖန်ချင်ရင် ရှင်းရှင်းလင်းလင်း သိအောင် အရင်လုပ်။ မသိဘဲနဲ့ ဝေဖန်တာ မတရားဘူး၊ တာဝန်မဲ့တယ်လို့ ပြောချင်တယ်။ လုပ်နေတဲ့ လူတွေကို အားပျက်အောင် လုပ်ရာကျတယ်။ NLD ဦးဆောင်မှုနဲ့ ဘာဆန္ဒပြပွဲများ လုပ်ဖူးလဲ။
Yahine Thu - လူထုခေါင်းဆောင်က လူထုအသံကို နားမလည်တာကရော ဉာဏ်မနည်းဘူးလား။ လူထုအသံကို လေးလေးစားစား နားမထောင်ဘဲနဲ့ လူထုကို ဆရာလုပ်တာ မလွန်လွန်းဘူးလား။ ရွေးကောက်ပွဲ မကျင်းပခင်က ရွေးကောက်ပွဲ မပြီးသေးလို့ အကြောင်းပြ။ ခု ဒီမိုကရေစီမရသေးလို့ အကြောင်းပြ။ ဘာလဲဟ။
San Yu - ဒေါ်အောင်ဆန်းစုကြည်အသာထား၊ ကျနော့်လို ဘာမဟုတ်တဲ့ကောင်တောင် စဉ်းစားလို့ရတယ်။ မြန်မာပြည်မှာ မီးလာအောင်လုပ်ဖို့ ခုချက်ချင်းကြီး ထလုပ်လို့ မရတာ အားလုံးအသိပါ။ မီးက ပေးစရာမရှိသေးတာပါ။ ပေးစရာရှိလာအောင် ဘာတွေလုပ်မလဲ၊ နည်းစနစ်မျိုးစုံရှိပါမယ်။ ရေအား၊ သဘာဝဓာတ်ငွေ့၊ လေအား … စသဖြင့်ပေါ့။ မျိုးစုံပါပဲ။ အဲဒါတွေ လုပ်နိုင်ဖို့ဆို ဒီမိုကရေစီစနစ်ကို အရင်ကြိုးစား အကောင်အထည်ဖော်မှ လုပ်နိုင်မှာပါ။ သူများတွေ ပြောသလို အစိုးရက မလုပ်လို့ ဘာညာပြောလို့ရပါတယ်။ အဲဒီမလုပ်တာတွေကို လုပ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကျ စဉ်းစားရပါပြီ။
ဒီမိုကရေစီဆိုတာလည်း ငါတို့ကိုပေးကွာ။ အေး … ရော့ယူကွာ ဒီမိုကရေစီဆိုပြီး လုပ်လို့မရတာ လူတိုင်းအသိပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် ဘယ်နည်းစနစ်က အကောင်းဆုံးလဲ လေ့လာလိုက်ရင် သိပါသည်။ လုံးဝပြောင်းလဲလာတာ မဟုတ်သေးပေမယ့်လည်း ယခင်နဲ့စာရင် ပြောင်းလဲလာတာတွေ၊ တိုးတက်လာတာတွေရှိတာ လက်ခံရပါမယ်။ မပြောင်းလဲတာတွေလည်း အများကြီး ရှိနေပါတယ်။ ကျနော်တို့ဆိုတာ အမှောင်ထဲမှာ နေလာတာပါ။ မီးအရမ်းလာစေချင်တာပေါ့။ ခု case မှာ မိမိသဘေားထား ထုတ်ဖော်တာ လုံးဝထောက်ခံပါတယ်။ ဒါမှလည်း အားလုံးသိမှာပါ။ ခုလိုမျိုး လုပ်ရုံနဲ့ မီး အမြဲတမ်းလာဦးမှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ စီမံခန့်ခွဲမှုရှိမှ မီးလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဉာဏ်နည်းသည် မနည်းသည် သမိုင်းက အဖြေပေးပါလိမ့်မည်။ သူ့အဖေတုန်းကလည်း ဉာဏ်နည်းလှချည့်ရဲ့၊ တုံးလှချည့်ရဲ့ဆိုပြီး အောင်ဆန်း-အက်တလီစာချုပ်ချုပ်လာတာကို ဝေဖန်ခဲ့ကြတာပါပဲ။ အချိန်တန်တော့ သမိုင်းက ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး ဖြစ်လာတာပါပဲ။ နယ်လ်ဆင်မန်းဒဲလားလည်း ဒီလိုပါပဲ။ သူ့လူတွေက မထောက်ခံခဲ့ပါဘူး။ ထောင်ထဲမှာ သူ့ဘာသာ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ခုတော့ တောင်အာဖရိက ဘယ်လိုတိုးတက်နေပြီလဲ။ အဲတော့ … ဒေါ်အောင်ဆန်းစုကြည် ဉာဏ်နည်းသည် မနည်းသည်ကို သမိုင်းက ဆုံးဖြတ်ပေးပါမည်။ မိမိလိုအင်ကိုမိမိ ထုတ်ဖော်သူများကို လေးစားဦးညွတ်မိပါသည်။
Yahine Thu - ဒီိမိုကရေစီရဖို့က မီးရဖို့ထက် အရေးကြီးတယ် ဆိုတာကို ငြင်းနေတာမဟုတ်ဘူး။ ဘာပြောမှန်း မသိဘဲ ရမ်းတုတ်တာကို ပြောနေတာ။ ဟိုက ပြောတာက ဒီမိုကရေစီ လေကြီးမိုးကြီးတွေ အပိုတွေ ပြောမနေနဲ့ဦး၊ အခြေခံလိုအပ်ချက်ကိုပဲ စေတနာမှန်မှန်နဲ့ လုပ်ပေးဦး၊ ဖြေရှင်းပေးဦးလို့ ပြောနေတာ။ ဟိုက ပြောတာကို နားမလည်ဘဲ တိုက်ရိုက်သိဖို့ မကြိုးစားဘဲ ရေဒီယိုကနေ မသဲမကွဲအကြားနဲ့ လျှောက်ပြောနေလို့ ပြောနေတာ။ ဒီမိုကရေစီက မီးရဖို့ထက် အရေးကြီးတယ်ဆိုတာ ကလေးတောင် သိတယ်။ မီးရဖို့ကိစ္စ နေ့ချင်း လုပ်မရတာလည်း လူတိုင်းသိတယ်။ ဒါပေမယ့် အခု မီးမရတာဟာ နှစ်ပေါင်းနှစ်ဆယ်၊ ကိုယ့်အိတ်ထဲကိုယ်ပဲ တောက်လျှောက်ထည့်လာလို့ ဆိုတာလည်း သိဖို့လိုတယ်။ ဒီအချိန်မှာ ဒီလို ထမပြောကြရင် နောင်အနှစ်နှစ်ဆယ်လည်း အမှောင်ထဲမှာပဲ ဆက်နေရလိမ့်မယ်ဆိုတာလည်း သိဖို့လိုတယ်။
Chan Nyein Zaw – (မြန်မာပြည်မှာ မီးလာအောင်လုပ်ဖို့ ခုချက်ချင်းကြီး ထလုပ်လို့ မရတာ အားလုံးအသိပါ။ မီးက ပေးစရာမရှိသေးတာပါ။ ပေးစရာရှိလာအောင် ဘာတွေလုပ်မလဲ၊ နည်းစနစ်မျိုးစုံရှိပါမယ်။ ရေအား၊ သဘာဝဓာတ်ငွေ့၊ လေအား … စသဖြင့်ပေါ့။ မျိုးစုံပါပဲ။ အဲဒါတွေ လုပ်နိုင်ဖို့ဆို ဒီမိုကရေစီစနစ်ကို အရင်ကြိုးစား အကောင်အထည်ဖော်မှ လုပ်နိုင်မှာပါ။) ဆိုတော့ ပြည်သူတွေက တုံးတယ် ဆိုလိုတာလား။ မသိလို့တော့ မထင်နဲ့ သိတယ်။ အစိုးရတဖွဲ့လုံး ဘာလုပ်သင့်တယ်ဆိုတာ သတိပေးနေတာ။ အရင် နအဖလက်ထက်မှာ ဦးသိန်းစိန် ဘာတာဝန်တွေ ယူခဲ့တဲ့သူလဲ။ အမျိုးသားညီလာခံမှာ ဘယ်တာဝန်ယူခဲ့တဲ့သူလဲ။ ပိုနေလို့ ရောင်းစားရတာပဲလို့ ပြောတဲ့ လျှပ်စစ်ဝန်ကြီးဆိုသူကို ဘယ်သူ ခန့်အပ်ထားတာလဲ San Yu …။
30 comments:
ဒီမိုကရေစီကိုရောက်ဖို့ ဒါတွေဟာ အခြေခံလမ်းစတွေဖြစ်တယ်
တောင်းရမှာတော့ကိုယ့်အလုပ်ပါ ပေးတာမပေးတာက အစိုးရအလုပ်ပါ စောက်ကြီးစောက်ကျယ်တွေနဲ့ဝင်ကွန်မန့်ပေး မနာလိုတာတွေနဲ့ ကိုယ့်ထက်သာတဲ့ ပညာရှိတဲ့ အနစ်နာခံခဲ့ဘူးတဲ့ (ယခုထက်ထိ ဒီမိုကရေစီဆိုပြီး အခွင်းအရေးဆိုအော်ပြီး ဘာအကျိုးပြုလုပ်ငန်းမှမလုပ်ဘဲ ရေးရေးနေတဲ့ ဆရာလိုလိုနဲ့ဝင်ပြောနေတဲ့ မအေ- တွေ မင်းတို့လိုစိတ်ဓါတ်တွေနဲ့ ဒီမိုကရေစီဝေးနေသေးတယ်။ လူထုနောက်ကိုလိုက်ရအောင်လဲ အဲဒီလူထုမှာကိုက ကိုဇာဂနာတခါပြောသလို သူ့ကိုဘာလုပ်နေသလဲမေးမေးနေရအောင် ကိုယ်တိုင်ကကော ခင်ဗျားတို့ကကောဘာတွေလုပ်နေလဲ လုပ်ပြီးပြီလဲဆိုတာ။ လက်တွေလဲအကောင်အထည်မဖေါ်နိုင် ကိုယ်ကျိုးစွန့် အနစ်နာခံဖို့ဝေးပြီး သူများအော်တိုင်း ရောင်ပြီးထထ အော်နေတဲ့သူတွေနဲ့တော့ လိုချင်တာဝေးနေပါသေးတယ်လို့ဘဲပြောချင်ပါတယ်။ အခုတောင်းနေတာမှားနေတယ်လို့မဆိုလိုပါ တောင်းကိုတောင်းရမှာပါ ဒါပေမဲ့ ကြောင်းတရားနဲ့အကျိုးတရားရဲ့သဘောကိုသိဖို့လိုပါတယ် တောင်းတာမီးမရလို့ မီးမရတဲ့အကြောင်းက အဓိကအခြေခံကကော အစိုးရလဲလွဲခဲ့ ပြည်သူကလဲ မွဲခဲ့(ဒါပေမဲ့ ကိုယ်ကျင့်သီလတွေကတက်ခဲ့သလား စည်းကမ်းကောရှိကြသလား ညီညွတ်မှုကော) ပြင်ရမှာ တောင်းရမှာတွေကအများကြီး စည်းနဲ့စနစ်နဲ့ ညီညွတ်မျှတစွာ အပေးအယူဖြစ်နိုင်စေတဲ့ဟာမျိုးတွေတော့မစဉ်းစားဘဲ ဖြစ်နေကြတာကိုး။
လူတိုင်းမှားတတ်တယ် ကိုယ့်ကိုယ်ကိုပြန်မေးကြပါ ဘယ်နှစ်ခါမှားခဲ့ပြီးပြီလဲဆိုတာကို
ငလွမ်းဆွေလဲ တနေ့ တနေ့  ဒေါ်စုမှ မတိုက်ခိုက်ရရင် စားမဝင်အိပ်မပျော်ဘူးနဲ့ တူတယ် ရှေ့ မှာ ဒေါက်တာနာမည်ကြီးတတ်ပြီး အတွေးအခေါ်ကလဲ မရှိ ငါနေရာမရရင် ရတဲ့သူကိုတိုက်မယ်ဆိုတဲ့ပုံမျိုး နေရာပေးရအောင်ကလဲ ခင်ဗျားက ဘာကောင်မှမဟုတ် ဟိုဘက်လိုလို ဒီဘက်လိုလို အထီးလဲမဟုတ် အမလဲမဟုတ် အခြောက်ကြီးဆိုရင်လဲ ရဲရဲတင်းတင်းပေါ့ ကိုယ့်ကိုယ်ကိုယ် အခြောက်လို့  ကြေငြာလိုက် ခုတော့ကွာ ဟဟားးးး
ku sanda pya tae lu twe ka than shwe yet lu twe phyit nine tae,,a yin sit a soe ya let htet tone ka ma lote ye be' ku ma lote tae soe tot
ဒေါ်စုပြောခဲ့တဲ့စံနစ်မကောင်းဘူးဆိုတာလုံးဝထောက်ခံပါတယ်။လျှပ်စစ်မီးကိုမှန်အောင်ပေးနိုင်တဲ့စံနစ်မှမရှိဘဲ။ ပိုလျှုံလို.ထုတ်ရောင်းတဲ့စံနစ်ဘဲရှိတာကိုး။ စံနစ်ကောင်းလူမှန်မှလျှပ်စစ်မီးပုံမှန်ရမည်။ စံနစ်မမှန်ရင်တော့ယနေ.လိုထပ်ဖြစ်အုံးမှာဘဲ။ ရေရှည်အတွက်စည်းစားရင်တော့အကောင်းဆုံးပေါ့။
ိdr လွမ်းဆွေwetside ကိုပိတ်လိုက်တာအကောင်းဆုံးလို.ထင်ပါတယ်။အမေစုကိုဘာဖြစ်လို.တိုက်ခိုက်နေရတာလဲဆိုတာကျေးဇူးပြုပြီးexplain လုပ်ပေးပါလား။ကိုယ်.အကျိုးစီးပွားအတွက်ဆိုတာထင်ရှားနေပါပြီမောင်လွမ်းဆွေ။ခင်ဗျားကကောမြန်မာပြည်အတွက်ဘာများလုပ်ပေးခဲ.ဘူးလို.လဲ။အမေစုလို.မိသားစုနဲ.ဝေးပြီးခင်ဗျား ၁ နှစ်လောက်ပဲနေကြည်.ပေးပါ။ဘာပဲပြောပြောခင်ဗျားကစားဖားကြီးပဲလို.ထင်ပါတယ်။
အော်မောင်လွမ်းဆွေဘာဖြစ်လို.များအမေစုကိုတိုက်ခိုက်နေရတာလဲ။မောင်လွမ်းဆွေခင်ဗျားwebsite ကိုပိတ်လိုက်တာခင်ဗျားအတွက်ကောင်းလိမ်.မယ်။ခင်ဗျားက DR ဘွဲ.ခံပြီိး DR chatgyi လောက်တောင်အသိဥာဏ်မရှိပါလား။ကျေးဇူးပြုပြီးကိုယ်.အကျိုးအတွက်မလုပ်ပါနဲ.တော.။အကုန်လုံးကခင်ဗျားဘာကောင်လဲဆိုတာသိနေပါပြီ။ကိုသာကူးရေ။ခင်ဗျားမရှက်ရင်တော.ဆက်ပြီးရေးပေါ.။
တို့ အမေက "စနစ်ကမကောင်းလို့ "..လို့ 
ဆိုနေတုန်းပါလား..။
စနစ်မကောင်းလို့ ပဲ ၈၈ ကထဲက..
လူထုတရပ်လုးံတိုက်ပွဲ ၀င်ခဲ့ကြတာပဲ...။
အမေတော့လေ...
နောက်ကြောင်းပြန်လှည့်မှာ စိုးရိမ်ရတယ်၊
စိတ်မချရသေးဘူး..လို့ ပြောပြောနေတာ..။
အမေကိုယ်တိုင် နောက်ကြောင်းပြန်လှည့်သွားပြီး
စနစ်ကမကောင်းလို့ ပါ ဆိုနေတုန်း..။
တို့ အမေ..လူဆိုး။
လူဆိုးနော်..လူဆိုး..ဟင့်..။
why you attack daw su. stupid lun swe
Comments တွေဖတ်ရတာ တချို့ စာတွေက ဗဟုသုတရပါတယ် တချို့ စာတွေကြတော့ ပြောရမှာတောင် အားနာမိတယ် ဒေါ်အောင်ဆန်းစုကြည် ကိုကမ္ဘာ့ ခေါင်းဆောင်တွေကတောင် လေးစားအားကျ ကြတယ် တစ်ချို့ ချမ်းသာတဲ့ နိုင်ငံတွေ အပါဝင် နိုင်ငံတစ်ချို့ ဆိုရင် နိုင်ငံသားဆုတွေတောင် ပေးထားသေးတယ် တန်ဖိုးသိတဲ့ နိုင်ငံတွေက တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ကို လိုလားနေချိန်မှာ ကိုယ့်နိုင်ငံထဲက လူတစ်ချို့ က ဗဟုသုတနည်းပါးစွာနဲ့ ပြောနေတာတွေက နိုင်ငံရဲ့ သိက္ခာကိုထိခိုက်ပါတယ် ဦးနေဝင်း လက်ထက်တုန်းကလည်း အာရှတိုက် တစ်ခုလုံးမှာ မြန်မာနိုင်ငံလို နိုင်ငံသေးလေးထဲ ရှားရှား ပါးပါး ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ကို ဦးသန့်  လို ပုဂ္ဂိုလ်မျိုးက ရထားတာတောင် ဂုဏ်မယူတတ်ဘဲ မနာလို မရှူ့ စိတ်တွေထားပြီး ပြစ်ပယ်ထားခဲ့တယ် အခုလည်း ဒီလိုလူမျိုးတွေ ပေါ်လာပြန်ပြီ " မျောက်လက်ထဲ ပတ္တမြားရောက်နေလည်း " တန်းဖိုးနားမလည်ရင် အလကားဖြစ်သွားတာကို နမူနာ ယူသင့်တယ်
" ဒီမိုကရေစီ နောက်မှလုပ်၊ လျှပ်စစ်မီးသာ အရင်ပေး "
အရာရာကို အတွေးနက်နက်တွေ တွေးပြီး အပြစ်မပြောသင့်ပါဘူး။ စနစ်ကြီးဘဲမဟုတ်ဘူး လူတွေလည်းမကောင်းတာတော့ ပြည်သူတွေလည်းအသိပါ။ အဲဒီဆိုင်းဘုတ်ကိုင်ထားသူဘာ ဒေါ်အောင်ဆန်းစုကြည်း ကို အသက်နဲ့ရင်းပြီး ထောက်ခံကောင်းထောက်ခဲ့ ထောက်ခံနေဆဲသူ ဖြစ်မှာပါ။
စကားလေးတလုံးထဲ ဘာကြောင့် ဒီလောက်ကြီးစကားပြောနေရတာလဲ..၊ဆန္ဒထုတ်ဖေါ်ခွင့်ရတာကိုက ““ဒီမိုကရေစီ””ပါ၊ ဒီမိုကရေစီမရှိရင် ဒီလိုဆန္ဒထုတ်ဖေါ်ခွင့်ကို ရှိမှာမဟုတ်ဘူး၊
လူတိုင်းလူတိုင်း အမြင်မတူတာတွေကတော့ ရှိနိုင်ပါတယ်၊ဒါပေမယ့် လုပ်နိုင်တဲ့စွမ်းအားရှိသူကို ၀ိုင်းထောက်ခံ အားပေးရပါမယ်၊ဘာမဟုတ်တဲ့ ကိစ္စလေးကို ရေးကြီးခွင်ကြယ် ငြင်းခုံမနေသင့်ဘူး၊ ခု ဆန္ဒထုတ်ဖေါ်ခွင့် ရနေတာကိုက ဒီမိုကရေစီ
ပါ၊ နောက်မှပေးလို့ မရဘူး၊
““တယောက်နှင့်တယောက် ငြင်းခုံခြင်းဟာ ဘေးကြီးတခု””လို့ ဘေးဒုက္ခကြီးလို့ ရှု့မြင်၍ ညီညွတ်ရေးစကား ပြောကြပါ
ဒီမိုကရေစီ ဆိုတဲ့ လူတန်းစားမရွေး တန်းတူ လူ့အခွင့် အရေး ဖေါ်ဆောင်ပေး မဲ့ အစိုးရ မဟုတ်သေး သရွေ့ အခုလို အခြေခံ လိုအပ်ချက် မီး၊ရေ ၊ လမ်းပန်းဆက်သွယ်ရေး တွေ ဘယ်လိုလုပ်ကောင်းနိုင်မှာလဲလို့ ။ ပြည်သူတွေ ကို အနိုင်ကျင့်ဘို့ တမင် အဆက်မပြေအောင်လုပ်ထားတာ ပါဆိုနေမှ ။ ဒီမိုကရေစီ လူ့ဘောင် ဖန်တီး နိုင်မှ တော့ အားလုံး အဆင်ပြေ သွားမှာပါ ။ မီးတင်ဟုတ်တော့ဘူး ။ ဒီမိုကရေစီ တိုက်ပွဲ ကို မှေးမှိန်အောင် ကြံဆောင်နေသူ တွေရဲ့ ခွင် ထဲ မမြောကြနဲ့နော် ။ ။
တိုတိုပဲပြောချင်တယ်..ကုပ်တို့မြန်မာအများစု သိပ်ဆန္ဒစောကြတာပဲနော်... လျှပ်စစ်မီး ဆိုတာ ဘီရိုထဲမှာသိမ်းထားတဲ့ပစ္စည်းလို ချက်ခြင်းကောက်ပေးလို့ရတဲ့အရာမှမဟုတ်တာ..ဒေါ်စုပြောသလို အနှစ်နှစ်အလလ စနစ်မှားခဲ့လို့ဖြစ်လာခဲ့ရတဲ့အကျိုးဆက်တွေပဲဟာ...ဒေါ်စုမှာ အားနည်းချက်တွေရှိမှာပါ သို့သော် ဒီနေရာမှာ မေးလိုက်ချင်တယ် ဒေါ်စုအိမ်မှာသာ လျှပ်စစ်မီးမီဂါဝပ်ထောင်ချီပြီးရှိနေရင် သူ ပြည်သူကို ချက်ခြင်းထုတ်ပေးလိုက်မဲ့စေတနာအသေအချာရှိပါတယ်
အဲသည်လောက်ဆန္ဒစောပြီးဒေါ်စုကို စူပါဝူးမင်း တန်ခိုးရှင်တယောက်လိုမျှော်လင့်နေကြမယ် ..တဆိတ်မရှိ အပြစ်တင်စောနေကြမယ်ဆို၇င်တော့ ဒေါ်စု ..မစားသာဘူးဗျို့...
မင်းတို့အဘတွေကို ကချင်နဲ့ပြေလည်အောင်။ပြီးပြတ်အောင်ဆွေးနွေးခိုင်းပါလား။ဘာလို့အလုံးအရင်းနဲ့သွားတိုက်နေလဲ။အဲ့ဒါစနစ်ကြောင့်မဟုတ်လို့ဘာဘဲ။
ဟုတ်တယ်ဗျို့ နိုင်ငံတကာကခေါင်းဆောင်တွေ နိုင်ငံတကာအဖွဲ့အစည်းကခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူတွေက ဒေါ်စုကိုတလေးတစားဂုဏ်ပြု ချီးမွမ်းတာတွေ ချစ်တာတွေဟာအဲဒီသူတွေ ညံ့လို့ မဆုံးဖြတ်တတ်လို့ဖြစ်မယ်ထင်တယ် ကိုလွဏ်းဆွေကြီးသာအတော်ဆုံး အတတ်ဆုံး တလောကလုံးကသိရှိထင်ရှား အလေးစားခံရတဲ့ ပညာရှိကြီးကိုး၊
မီး၊ဒီမိုကရေစီ- ဟိုမိုကရေစီအကုန်ရမယ် ကိုလွဏ်းဆွေဆီမှာသာအကြံတောင်း ရမယ် ကျိန်းသေဘဲ၊ ဒီဘတော့မဟုတ်ဘူးနော် ၊နောက်ဘ၀ နောက်ဘဝ
လက်စသတ်တော့ ဒေါက်တာလွမ်းဆွေဆိုတာ ထောက်ပံ့ကြေးတွေအဖြတ်ခံလိုက်ရတော့ ဟိုမိုးသီးဇွန်တို့လို ထွန့်ထွန့်လူးဖြစ်နေတဲ့ လောက်ကောင်မျိုးပါပဲလား...
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲမှာမှားတာတခွန်းမှမပါပါ။ ဒါကိုပဲတစိတ်တအိပ်လုပ်ပြီးအပြစ်ရှာနေရင်တော့ အပြစ်ရှာတဲ့လူပဲအပြစ်ရှိပါတယ်။ လွဏ်းဆွေစိတ်ဓာတ်မရိုးသားတာတော့ လူတိုင်းသိပြီးဖြစ်လို့ပြောနေစရာမလိုတော့ပါ။
ဒေါက်တာလွန်းဆွေ မင်းလဲပဲ တော်တော် လူ့အဆင့်အတန်းနိမ့်တဲ့အထဲမှာပါတာပါပဲလို့ ပြောချင်တယ်...........
Please be patient each other..We shall be unite.Good luck to you all..
EVERYTHING IS NOT SMOOTH.WE MUST BE PATIENT AND TRY THE BEST OURSELF.NOW VERY IMPORTANT TIME AT OUR COUNTRY..PLEASE BE UNITE..
i think ,yanhin thu is not brain bec...his/her/ farther are dog.
The solutions are;
1. Give electricity to all citizen.
2. Privatise 50% of energy sector.
3. Charge electricity according to time of use, i.e. to charge electricity double between 6 pm to 10 pm. This will force everyone to use less electricity during peak time.
I hope my comment reaches Honourable President U Thain Sein.
Our goal is near, sooner or later.
(Sorry for writing in English since I grew up in Australia and can't type in Burmese.
But, some thing is left in Burma; MY HEART.)
G'd luck to all Burmese,
NAGANI
People need to go overseas. Whatever you see in Korean movies or Hollywood movies don't reflect to actual environments of the countries. I know because I live in Australia. There are many smelly places and broken roads. But the government always fix the problems in a shortest possible time, say 1 month.
Things take time to be changed. Rome was not built in a day. Be patience my friends. Burma will be built layer by layer. Give the government some time. And, Daw Aung San Kyi knows what she is doing. Please don't under estimate her. A Nobel Prize is not given to a mediocre.
လူတွေကိုခွေးဖြစ်အောင်လုပ်ပြီး..ခွေးတွေကို လူဇတ်သွင်းပေးလိုက်တဲ့ ရာဇ၀င်သိကြလား?
လူတွေကိုခွေးဖြစ်အောင်လုပ်ပြီး..ခွေးတွေကို လူဇတ်သွင်းပေးလိုက်တဲ့ ရာဇ၀င်သိကြလား?.ဆိုတော့..
ခွေးတွေကို နွားဇာတ် သွင်းပေးလိုက်တဲ့
ရာဇ၀င်ပဲ သိတယ်။
ရွေးကောက်ပွဲ တုန်းက..
NLD က ရွေးကောက်ပွဲကို မ၀င်တော့..
ရွေးကောက်ပွဲဝင်ကြတဲ့ အမတ်တချို့ က
သောင်ပြင်ကိုလွှတ်ထားတဲ့ ခွေး ဖြစ်မပေါ့လို့ ဆိုတယ်။
ဒီတော့..
ထွက်ပေါက်၊ဖောက်ထွက် ဘဘ က..
သောင်ပြင်ကိုလွှတ်တဲ့ ခွေး က ဟောင်လို့ ရတယ်။
လွှတ်တော်ထဲ ၀င်မဲ့သူတွေကမှ နွား တွေလို့ 
ပြန်ဆော်တယ်။
ခုတော့...
NLD က ရွေးကောက်ပွဲဝင်တော့...
ခွေး က နွား ပြန်ဖြစ်ခြင်းမကဖြစ်သွားသလိုကြီးပဲ...။
ဒီမို ၀န်းထရံ လုပ်စားရတာ..
သိပ်တောင် မဟန်တော့ဘူး။
တို့ ဘဘက ထွက်ပေါက် မရှာပဲ..
ဖောက်ထွက် ကြရမယ်ဆိုပြီး...
ခုတော့...
တို့ ဘကြီးက....
ဖောက်ထားပေးတဲ့ အပေါက်က ထွက်သွားရော..။
ကောင်း..ကွာ။
မေးဖြေစာအုပ် အဖုးံက မျက်နှာတခြမ်းအုပ်ထားတဲ့
တို့ ဘဘ ဓာတ်ပုံ ရဲ့ အဓိပ္ပါယ် ခုမှပဲ သိတော့တယ်။
မင်းမဆိုးဘူ တော်သားဘဲ ၊ခွေးတွေကို လူဇတ်သွင်းပေးလိုက်တဲ့ ရာဇ၀င် မယ်တော်ကြီးကိုတော့ အချိန်တခုရော က် ရင် မယ်တော်ကြီး နတ်နန်း ကိုသွားပြီး ပြည်သူ့ ဆန္ဒအမွှေးတိုင်နဲ့ ပူဇော်ပါ ၊
အဲဒီလိုလျှပ်စစ်မီးပေးပါလို့ အခုလိုတောင်းဆိုနိုင်တာ
ဘာကြောင့်လဲ အဲဒါဒီမိုကရစီဆိုတဲ့ ရောင်နီဦးသန်းနေလို့
နို့မို့ဆိုရင် အကုန်လုံးအခုချိန်ဆို မသာဖြစ်ပြီ
လျှပ်စစ်မီးထက် အခုချိန်ဒီမိုကရေစီကပိုအရေးကြီတယ်
တကယ့်လိုအပ်ချက်ရမှ ကျန်တဲ့အရာတွေကိုလုပ်နိုင်မှာပေါ့
ဒီလောက်မီးပျက်တဲ့ရက်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီပဲ
ဒီလောက်လေးတော့သည်းခံဦးပေါ့ တောင်းဆိုတာပြည်သူ့အလုပ်ပါအားပေးပါတယ် ဒါပေမယ့် ဘယ်အရာကအရေးကြီးလဲ ချင့်ချိန်တတ်ဖို့လိုတယ် ပြည်သူတစ်ရပ်လုံးအတွက် အနစ်နာခံစွန့်စားခဲ့တဲ့ အမေစုကိုစော်ကားတဲ့ဆိုင်းဘုတ်မျိုး မလုပ်သင့်ဘူး မီးမလာလို့အခုခံစားနေရတဲ့အမှောင်ညတွေထက် ပိုမှောင်ခဲ့တဲ့ဘ၀တွေကို စာနာကြည့်ပါဦး အခုမှဘာညာသာတကာထလုပ်တဲ့လူတွေက အမေ့ကိုပြောရက်လိုက်တာ အခုသစ်ပင်စိုက်အခုအသီးစား ရမလား ဦးနှောက်ရှိရင်လူတိုင်းသိတယ် ဒီမိုကရေစီတောင်အပြည့်အ၀မရသေးဘူး အလဲလဲအကွဲကွဲဖြစ်ချင်နေပြီ သူများခင်းခဲ့တဲ့လမ်းကိုလျောက်ပြီး အခုမှအာကျယ်မနေကြနဲ့ ကိုယ်တိုင်ကောဘာတွေအနစ်နာခံလုပ်ခဲ့လဲ ကိုယ်စောင့်နတ်သိတယ် ကျေးဇူးရှင်ကိုကျေးဇူးမတင် ချင်နေ မစော်ကားနဲ့ အမေမှာပြည်သူအပေါ်ထားတဲ့စေတနာအားလုံးသိတယ် အဲဒီစေတနာကနင့်တို့လိုချင်နေတဲ့အလင်းရောင်ထက်ပိုလင်းတယ် အဲဒီစေတနာကိုနားလည်ရင်ဒီခဏတာ ခံစားရတဲ့အမှောင်ညတွေဟာဖြေသာပါတယ် အမေဟာဒီထက်ပိုလင်းတဲ့အလင်းတွေကိုဆောင်ကြည်းပေးနိုင်တဲ့ ပြည်သူချစ်တဲ့မိခင်တစ်ယောက်လို့အကြွင်းမဲ့ယုံကြည်တယ်
Post a Comment