Saturday, May 26, 2012

မိုက်ရာကမှောင်

မိုက်ရာကမှောင်
သံလွင်ခ

မှောင်နေတာကတော့
နေရာအနှံ့ ...
ပညာရေးလည်း မှောင်
ကျန်းမာရေးလည်း မှောင်
ဆက်သွယ်ရေးလည်း မှောင်
တရားရေးလည်း မှောင်
နောက်ဆုံး ...
ဘုရားဈေးပါ မှောင်ပေါ့။

လျှပ်စစ်မီး မစီးနိုင်မှတော့
ကမ္ဘာအနှံ့ ဖြန့်ကြက်မယ့် စိတ်ကူးတွေလည်းမှောင်
ဖယောင်းတိုင်နဲ့ ကမ္ဘာမပတ်နိုင်လေတော့
အများသူငါရဲ့ အနာဂတ်တွေလည်းမှောင်ပေါ့။

အမှောင်ထုရဲ့တရားခံက
နိုင်ငံခြားသွားနေတဲ့ သဘာဝဓာတ်ငွေ့တွေမဟုတ်
ကျိုးယိုင်နေတဲ့ တာဝါတိုင်တွေမဟုတ်
ခေါ်တိုင်းမလာတဲ့ မိုးဒေ၀ါလည်းမဟုတ်။

သေချာတာက ...
နေရာတကာ မှောင်နေတာ
အာဏာအမိုက်အမှောင်ဖုံး
လူစိတ်လုံးလုံးမရှိ
တဘို့တည်းကြည့်တတ်သူ
လူလိမ်လူညာတချို့ကြောင့်ပါပဲ ...။ ။

သံလွင်ခ

3 comments:

yoo said...

နေရာတကာ မှောင်နေတာ....က
အာဏာ အမိုက်အမှောင်ဖုံး
လူစိတ်လုံးလုံးမရှိ
တဘို့တည်းကြည့်တတ်သူ
လူလိမ်လူညာတချို့ကြောင့်ပါပဲ..လို့ ဆိုပဲ..။

အာဏာ အမိုက်အမှောင် မဖုးံပဲ...
တစ်ခြား အမိုက်အမှောင်ဖုံး..ရင်တော့...
နေရာတကာ မမှောင်တော့ပဲ
နေရာ ကွက်တိ ကွက်ကြား မှောင်တော့မှာလား..။
အချိန်ပိုင်းလိုက် မှောင်မှာလား..။
ဘာလဲကွာ..။

Unknown said...

ဒေါ်လွဏ်း အကောင်းဘယ်ကနေမြင်ပါ ... ကချင်ပြသနာကို ဘယ်လိုလုပ်ရင်အဆင်ပြေ
မယ် ... ဘယ်လိုဆိုရင်အဆင်မပြေဘူးတွေနဲ့ အကောင်းဘက်ကတွေးပါ ...

taryar said...

ဆရာရေ
အမှန်တရားကိုဖေါ်ပြတဲ့ကဗျာတွေတင်ပေး
တာကျေးဇူးတင်ပါတယ်ဗျာ.နောက်လည်းတင်
ပေးပါဦး.ရေးတဲ့ဆရာမကိုလည်းချီးကျုးပါတယ်