Sunday, May 27, 2012

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
မျိုးတေဇာမောင်
သရုပ်ဖော်ပန်းချီ မင်းကိုနိုင်

ကမ္ဘာဟာင်းဟာ သေဆုံးခဲ့ပြီ
စာအုပ်အဟောင်းတွေနဲ့အတူ ကမ္ဘာဟောင်းဟာ သေဆုံးခဲ့ပြီ
အပေါက်အပြဲတွေနဲ့ စုတ်ပြတ်နေတဲ့ ဖိနပ်စုတ်လို မိန့်ခွန်းတွေ မလိုအပ်တော့ပါ
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ဟာ ရောင်းစားခံခဲ့ရ
ဓာတ်ကြိုးထဲမှာပဲ ဓာတ်အားတွေ သေဆုံးသွားကြ
ပေါင်မုန့်မရှိရင် ကိတ်မုန့်စား
လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်း
၂၁ ရာစု မေရီအင်တွိုင်းနက်လေသံလာမပစ်နဲ့
ငါတို့လမ်းပေါ်ထွက်ခဲ့မယ်
မနှစ်သိမ့်ပါနဲ့
ကတိက၀တ်တွေ မပေးပါနဲ့
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
“ဒီမိုကရေစီအရင် မီးလာပေးပါ” ပြည်သူ့အသံ
နောက်ကွယ်အနက်တွေ ရှိနေတာ ဘာလို့နားမလည်သလဲ
စနစ်ကိုက မကောင်းတာပါ ပြောရင်း အဲဒီစနစ်ထဲ ပိုးဖလံမီးတိုးတိုးဝင်
ဟုတ်ကိုမဟုတ်သေးဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလို
တဟုတ်ဟုတ်နဲ့ ဟုတ်မနေတော့ဘူး
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ ထွက်လာမယ့် လမ်းဟာ အခုမှ ဖြစ်လာတာမဟုတ်ဘူး
အစဉ်အလာနဲ့ လမ်း
အောင်ဆန်းလမ်း
အောင်ကျော်လမ်း
ဗဟိန်းလမ်း
ခွပ်ဒေါင်းအစစ်တွေ ပျံတဲ့လမ်း
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
စကားကတိတွေ
တရားမဲ့အသိတွေ ဆွဲစုတ်
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်။ ။

(လျှပ်စစ်မီးတိုက်ပွဲသို့ ...)

မျိုးတေဇာမောင်
(ကောင်းကင် နိုင်ငံပြု အနုပညာမဂ္ဂဇင်း)

6 comments:

saijet said...

ထွက်လာခဲ့မယ်


အတိတ်တုန်းကလမ်းပေါ်ကငပေလို့ နာမည်ဆိုးနှင့်ကျော်ကြားခဲ့တဲ့ငါ။
အမှန်တရားအတွက် ပြည်သူအတွက်၊
ဖယောင်းတိုင်ကနေ ဓါတ်တိုင်ဖြစ်ဖို့၊
မှုန်ဝါးဝါးကနေ ကြည်ကြည်လင်လင်ဖြစ်ဖို့၊
ငပေကနေ ငတော်ဖြစ်ဖို့
တိုင်းပြည်ပြောင်းလဲဖို့၊
စိတ်ဓါတ်ပြောင်းလဲဖို့၊
မလွယ်ကူမှန်းသိတယ်၊
ဓါတ်လိုက်မယ်မှန်းသိတယ်၊
အခွင့်အရေးဆိုတာ နှစ်ခါမလာဘူး၊
ထွက်ခဲ့မယ် လမ်းပေါ်မှာ။

yoo said...

မန္တလေး၊ရန်ကုန်၊မုံရွာ၊ပုသိမ်၊ပြည်မှ
လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ။ ။

" တို့ က လမ်းပေါ်ထွက်တာ ၅ ရက်တောင်
ရှိနေပြီ...၊
ဆရာသမားက...
ငါတို့ လမ်းပေါ်ထွက်ပြီ..လို့ မပြောပဲ....၊
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်..လို့ ...
ကုန်းအော်နေပုံထောက်တော့....၊
ဒီဆရာသမားနှယ်...
ဧကန္တ ဖယောင်းတိုင် ရှာနေတုန်းပဲ နဲ့ တူတယ်.."

Ingr Weber said...

Should be wise not stupid.
Do not just write, go back to Burma and show your actions.

Ingr Weber said...

Your lip service is not popular among Burmese.

Unknown said...

Just any how post only.Where are you now?????????

Exploring 3D World said...

တချို့ ကလမ်းပေါ်ထွက်တာအပြစ်ပြောနေကြတယ်။
မဆလတပါတီအစိုးရပြုတ်ကျသွားတာအိမ်ပြင်မထွက်
ပဲအိမ်ထဲကထိုင်အော်နေကြလို့ လား။ဂန်ဒူးတွေတောင်
ထွက်ရဲသေးတာပဲ။တော်လှန်ရေးလုပ်တာပဲ၊ပေးဆပ်မှုက
တော့ရှိတာပေါ့။