အိပ်ရာဝင်ခြင်း
နိုင်းနိုင်
ငါက
ပေါင်မုန့်ကို ဖဲ့စားတယ်။
ပေါင်မုန့်က ငါ့ကို ပြန်ဖဲ့စားတယ်။
ငါက
မုန်တိုင်းတခုကို ကတ်ကြေးနဲ့ ညှပ်ပြီး
အင်္ကျီချုပ်ဝတ်တယ်။
မုန်တိုင်းက
ငါ့ဦးနှောက်ကို တစစီ ဆွဲဖဲ့ပစ်လိုက်တယ်။
အမှောင်ကိုကြောက်လို့
၁၅၀၀ ၀ပ်အား မီးသီးတလုံးကို
ငါ မျိုချလိုက်တယ်။
ပြီးတော့
ငါ့ဦးခေါင်းထဲက မီးခလုတ်ကို ပိတ်ပစ်လိုက်တယ်။ ။
နိုင်းနိုင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်)
3 comments:
ဒေါက်တာလွဏ်းဆွေက မော်ဒန်ကဗျာတွေပါနဲ့လား။
ကြိုက်တယ်ဗျာ။
အတွေးနယ်ချဲ့စရာတွေ များများတင်ပေး၊
မွန်းကြပ်လွန်းပြီး ရုန်းမထွက်နိုင်တဲ့ နိုင်ငံရေးလောကဇာတ်ခုံပေါ်က ဦးနှောက်ကို တခါတလေ အနားပေးရတာပေါ့ဗျာ။
(ငါက
ပေါင်မုန့်ကို ဖဲ့စားတယ်။
ပေါင်မုန့်က ငါ့ကို ပြန်ဖဲ့စားတယ်)..တဲ့ ။
မူးပြီး ပေါင်မုန့် ကို အကုန်မစားပဲ ဖဲ့ စားတော့
ကျန်တဲ့ ဟာ ပုရွက်ဆိတ် တက်ပြီး
သူ့ ကိုပါ ကိုက်တာ
ငါ့ကို ပြန်ဖဲ့စားတယ်..လုပ်နေသေးတယ်..အံ့ ပါ့။
(ငါက
မုန်တိုင်းတခုကို ကတ်ကြေးနဲ့ ညှပ်ပြီး
အင်္ကျီချုပ်ဝတ်တယ်။
မုန်တိုင်းက
ငါ့ဦးနှောက်ကို တစစီ ဆွဲဖဲ့ပစ်လိုက်တယ်)..ဆိုပဲ။
အ၀တ်အစားတောင် ကိုယ်နဲ့ မကပ်တော့လောက်အောင် မူးပြီး
မုန်တိုင်း သတင်းပါတဲ့ သတင်းစာ
ချုံအိပ် နေတာ..
မုန်တိုင်းက တစစီ ဆွဲဖဲ့ပစ်လိုက်တာ..
နဲတောင် နဲသေးတယ်။
(အမှောင်ကိုကြောက်လို့
၁၅၀၀ ၀ပ်အား မီးသီးတလုံးကို
ငါ မျိုချလိုက်တယ်။
ပြီးတော့
ငါ့ဦးခေါင်းထဲက မီးခလုတ်ကို ပိတ်ပစ်လိုက်တယ်)
မီးခလုတ်ကို ပိတ်ပစ်လိုက်တာ..မဟုတ်ဘူး..။
မူးပြီး မီးသီးမျိုလိုက်မိတော့ ...
ဘေးကလဲ မူးနေတဲ့ ဒေါက်တာလွှတ်ဆွက.. မီးသီး ပြန်ထွက်လာအောင်..
ခေါင်း ကို နဘန် ကျင်းလိုက်..
ပါး နှစ်ဖက် ရိုက်လိုက်..လုပ်နေတာ..
ကိုယ့်လူ..ရဲ့ ..။
ဒုက္ခပါပဲ...ပြောရမလို ဖြစ်နေပြီ..။
ကဗျာကငါ့ကိုဖဲ့စားလိုက်တာ
ငါကပြန်ဖဲ့တွေးလိုက်တော့..
ဪသူကငါ့ထက်ပိုပေါနေပါလား...ကဗျာရှင်ရေ
သွပ် သွပ် သွပ်....
Post a Comment