- ရန်ကုန်ကရောင်းသံမဏိစက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ click
- နိုင်ငံသားအလုပ်သမားတဦး၏ ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များ – အပိုင်း (၂) click
- လယ်မြေသိမ်းမှု လယ်သမားတွေ ကန့်ကွက်စာပို့ click
- သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး click
- လယ်ယာလုပ်ပိုင်ခွင့်ကို မြို့နယ်အာဏာပိုင်များက တားမြစ်တဲ့ တွံတေးမြို့နယ်ကကိစ္စ click
- ပုသိမ်မြို့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ click
- ရန်ကုန် လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ခဲ့ click
- လျှပ်စစ်မီး ၂၄ နာရီရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ စတုတ္ထမြောက်နေ့ click
- လျှပ်စစ်မီးပြတ်၍ မန္တလေးစီးပွားရေးလုပ်ငန်းများ အရှုံးပေါ် click
- မြန်မာ့လျှပ်စစ်စွမ်းအင်ပြဿနာ တရုတ် ကူညီလို click
- ဖယောင်းတိုင်နဲ့အတူ ထားရစ်ခဲ့ (ကာတွန်း) click
- သမ္မတ အကြံပေးနော် ... ဘာများမှတ်နေလဲ (ကာတွန်း) click
“ဖယောင်းတိုင်နှင့် သူ၏ကိုကို” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click- လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့ အစီအစဉ်ရှိ click
- ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယဝန်ကြီးချုပ် တည်းခိုရာ သွားရောက် တွေ့ဆုံမည် click
- ကျောက်တံတား NLD ရုံးခန်း ဖွင့်ပွဲ (ရုပ်သံ) click
- SSA နဲ့ အစိုးရ တိုက်ပွဲပြန်ဖြစ် click
- ဓားစားခံ ကိုအေးအောင် click
- သမဂ္ဂအဆောက်အဦ ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ click
- ကျွမ်းလောင်မှု၏ စွမ်းအား – အပိုင်း (၄) click
- မှတ်မှတ်သားသား စကားများ (ရုပ်သံ) click
- Johns Hopkins တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား (ရုပ်သံ) click
- အိန္ဒိယ၀န်ကြီးချုပ်နဲ့ စီးပွားရေးသမားတွေ ပါသွား click
- မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိက စိန်ခေါ်မှုဖြစ်နေ click
- အခွင့်ထူးခံ စီးပွားရေးသမားများ (သတင်းသုံးသပ်ချက်) click
- ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်) ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း click
- စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်နေ click
- မျိုးဆက်သစ်တို့၏ လေ့လာရေးခရီး click
- အယ်ဒီတာထံပေးစာ (လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ) click
- ဗိုလ်ချုပ်ပြတိုက်သို့ အလည်တခေါက် (ဆောင်းပါး) click
- နှစ်ခါပြန် ချစ်ခဲ့မိသူ (ဆောင်းပါး) click
- ဆီးရီးယားတွင် မနေ့က လူ ၅၀ သေလို့ အတိုက်အခံ ပြော click
- အီဂျစ်ရွေးကောက်ပွဲ ဒု-အကျော့ မွတ်စလင်အဖွဲ့နဲ့ ဝန်ကြီးချုပ်ဟောင်း ထိပ်တိုက်တွေ့မည် click
- အီဂျစ်သမ္မတရွေးကောက်ပွဲ မူဆလင်ညီအစ်ကိုတော်များ ရှေ့က ပြေး click
- ပြင်သစ်တပ်တွေ အာဖဂန်ကနေ နှစ်ကုန်မှာ ရုပ်သိမ်းမယ် click
- စကော့တလန် ခွဲထွက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ စတင် click
- ဇင်ဘာဘွေ ပိတ်ဆို့မှု ရုပ်သိမ်းဖို့ ကုလ ပြော click
- Bankia ဘဏ်ကြီး ဘဏ္ဍာရေးအကူအညီ တောင်းရပြီ click
- အမေရိကန် ရေးတဲ့ လူ့အခွင့်အရေးအစီရင်ခံစာ တရုတ် ပယ်ချ click
- တရုတ်ပစ္စည်း အမေရိကန် အခွန်ကောက်ခံပုံ မကျေနပ်မှု WTO တိုင်ကြား click
- အမျိုးသားပဋိသန္ဓေတားဆေး ဖော်ထုတ်လာနိုင်ဖွယ်ရှိ click
- မေ ၂၅ ရက် တမိနစ် ဗီဒီယိုသတင်းလွှာ click
စစ်ကိုင်းမြို့တွင် ဖယောင်းတိုင်များ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
ပေးပို့ - စစ်ကိုင်းသား
မေလ ၂၅ ရက် ည ၇ နာရီခွဲအချိန်ခန့်က စစ်ကိုင်းမြို့လယ်ရှိ ဈေးရှေ့လမ်းဆုံတွင် သတ်မှတ်ခွဲတမ်းပင် ပြည်မီအောင်မပေးသော လျှပ်စစ်မီးဖြန့်ဝေနေမှုကို ဆက်လက်ပြီး ကြိတ်မှိတ်မခံစားနိုင်ကြတော့သဖြင့် ဖယောင်းတိုင်များ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြပါသည်။
ပူပြင်းသော နွေအပူကို ခံစားနေရသော မြို့လူထုကို လူများဟု သတ်မှတ်၍ စာနာမှုထားရန်ကိုပင် မေ့လျော့လစ်လျူရှုနေပြီး တချို့သောနေရာများတွင်တော့ ၂၄နာရီနီးနီး လျှပ်စစ်မီး ပေးဝေထားရာ လျှပ်စစ်ဌာနက ၎င်းဘောင်းဘီဝတ်လူတန်စားများအား အခွင့်ထူးခံအဖွဲ့များအဖြစ် မြင်သာစေအောင် တမင်မီးမောင်းထိုးပေးနေသလား ထင်မြင်မိပါသည်။
ကျနော်တို့ စစ်ကိုင်းဘက်တွင် ယခင်နှစ်တွေက ဆရာတော်ကြီးတပါး၏ အိပ်မက်ကြောင့် ဘီလူးမစားစေရန် ဘဲဥစားပြီး ဖယောင်းတိုင်များ ထွန်းညှိဖူးခဲ့ကြပါသည်။
ယခုနှစ်တွင်တော့ ဖယောင်းတိုင်ထွန်းရာ ဘီးလူးထက်ကဲမည့် ရဲများ ဖယောင်းတိုင်ထွန်းသူများနှင့် မလိုက်ဖက်အောင်ပင် ပလူများ ထွက်သလို စစ်ကိုင်းညမှာ ပြုံခဲဝဲနေပါတော့သည်။ ယနေ့မနက်သတင်းအရ လူငယ် ၇ ဦးကို ဖမ်းဆီးထားကြောင်းသိရပါသည်။
မှတ်ချက် ။ ။ ကျနော် ကင်မရာ အရန်သင့်မပါလို့ ပြန်ယူရတယ်။ ပြန်ရောက်တော့ လမ်းပေါ်မှာ ထွန်းထားတာဆိုတော့ ဖယောင်းတိုင်မီးတွေက ငြိမ်းကုန်ပြီး ရဲတွေကလည်း အရမ်းများတော့ လူစုကွဲကုန်တာ ဓာတ်ပုံမရလိုက်ဘူးဗျာ။
စစ်ကိုင်းရဲစခန်း ဖုန်းနံပါတ် ၀၇၂-၂၁၅၀၄ နှင့် စစ်ကိုင်းမြို့နယ်လျှပ်စစ်ရုံး ဖုန်းနံပါတ် ၀၇၂-၂၁၅၀၁၊ ၀၇၂-၂၂၆၆၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
2 comments:
ဒီဆရာသမားကတော့...
နောက်တစ်ခါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြတဲ့
လူအုပ်ထဲ မသွားတာပဲ ကောင်းမယ်။
အရိုက်ခံရမှာစိုးလို့ ပါ။
ပထမပိုဒ်ကတော့..အပျိုးအနေနဲ့ ကောင်းပါတယ်။
ဒုတိယပိုဒ်ကျ..ဘောင်းဘီဝတ်လူတန်စားများအား အခွင့်ထူးခံအဖွဲ့များအဖြစ် မြင်သာစေအောင် တမင်မီးမောင်းထိုးပေးနေသလား..
ထင်မြင်မိပါသည်..တဲ့..။
သူ့ ခမျာ..ခုချိန်ထိကို...ထင်မြင်မိနေတုန်း..။
မသေချာသေးဘူး။
ယောင်ဝါးဝါး ဖြစ်နေတုန်း။
ဒေသန္တရ ဗဟုသုတကလဲ တတိယပိုဒ်မှာ
ဝေဌ လိုက်သေးတယ်။
နောက်တပိုဒ်ကျတော့...
ယနေ့မနက်သတင်းအရ လူငယ် ၇ ဦးကို ဖမ်းဆီးထားကြောင်းသိရပါသည်..တဲ့..။
မနက် လဖက်ရည်ဆိုင်မှာ..
တစ်ယောက်ယောက်က
ပွားတာ ရေးတာနဲ့ တူသွားတယ်။
ကိုယ်ရှေ့ မှာဆွဲ သွားတာ မတွေ့ ပဲ ရေးသလို
ဖြစ်သွားရရှာတယ်။
မှတ်ချက်..တဲ့...။
လမ်းပေါ်မှာ ထွန်းထားတာဆိုတော့ ဖယောင်းတိုင်မီးတွေက ငြိမ်းကုန်..လို့ ဆိုပဲ။
သူ့ အတွက်..ဖယောင်းတိုင်မီးတွေ မငြိမ်းအောင်
စစ်ကိုင်းသားတွေ သတိထားရတော့မယ်။
လူစုကွဲကုန်တာ ဓာတ်ပုံမရလိုက်ဘူးဗျာ..တဲ့။
ဒီဆရာသမားရဲ့ ကင်မရာကလဲ...
လူစုကွဲရင်..ရိုက်လို့ မရဘူးနဲ့ တူတယ်..။
ဒုက္ခပါပဲ..ပြောရမလို ဖြစ်နေပြီ။
ဟိုက်..ရဲစခန်း ဖုန်းနံပါတ်တွေလဲ ပေးထားပြန်ပဟ။
မယုံရင် မေးကြည့် ..လို့  ဆိုနေသလားမသိ။
ဖတ်ပြီးတော့.. စစ်ကိုင်းတံတားပေါ် ကနေ ဧရာဝတီ ချိုင့် ထဲ
ခုန်ချ သေလိုက်ချင်ပါတော့တယ်ဗျာ..။
မြန်မာပြည်ကလည်း 88 လို 2007 လို လူထုအုံကြွမှု ဖြစ်လာဖို့  တာစူနေပြီ။ ပြည်သူတွေကို မိဘလို သဘောထားရမယ် ဆိုတဲ့ အစိုးရသစ်ကတော့ ဘာဆက်လုပ်မလဲ မသိဘူး။ သေချာတာကတော့ ဦးသိန်းစိန် စတင်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကြီးစားတွေပဲ။ ကြားထဲမှာ ဦးသိန်းစိန်က ငါမထိန်းနိုင်တော့ဘူး။ စစ်တပ်ကို လွဲလိုက်တော့မယ်ဆိုရင် တော့ ပွဲပဲ။ ဒေါ်အောင်ဆန်းစုကြည် လည်း အကျယ်ချုပ်ထပ်ကျ ထပ်တွေးလိုက်ရင်တော့ .. ရင်မအေးနိုင်သေးတဲ့ကြားက ရင်ထပ်မောစရာတွေပဲ တိုးလာတယ်။
Post a Comment