မုဒိတာပွားရမယ့်အချိန်
Ven Ravika
လွန်းပျံခရီး
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သူများကို ဒေါ်လာစားများဆိုပြီး နှိမ်လေ့ရှိတဲ့ စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ၊ ငါတို့ မထွက်နိုင်ရင် ခင်ဗျားတို့လည်း မထွက်စေရဘူးဆိုပြီး အပိတ်ခံရတဲ့၊ မထွက်ရဲတဲ့ အတိုက်အခံခေါင်းဆောင်တွေ၊ အရင်က နိုင်ငံခြားသံရုံးနား ကပ်မိလို့ အစွပ်အစွဲခံရလို့ ထောင်ကျခဲ့ပြီး ယခုအခါ အမတ်ဖြစ်နေသူတွေ နိုင်ငံခြားကို အလျှိုလျှိုထွက်ကြပြီ။ စစ်အာဏာရှင်ကြောင့် နာမည်ကြီးခဲ့တဲ့ မြန်မာပြည်ကို သွားချင်လွန်းလို့ ဣနြေ္ဒတောင် မဆည်နိုင်တဲ့ ပြည်ပသံတမန်တွေနဲ့ ခေါင်းဆောင်တွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ အသင်းအဖွဲ့တွေ၊ ကုလသမဂ္ဂအရာရှိတွေကလည်း မြန်မာပြည်ကို မလာရင် ခေတ်မမီတော့သလို သူ့ထက်အရင် ဦးအောင် အပြေးအလွှား လာကြရတယ်။ ဘာပဲဖြစ်ဖြစ်လေ သူခိုးဓားပြတွေက ဘုရားပွဲရောက်နေလို့ ရပ်ရွာမှာ ခဏတဖြုတ်တော့ အေးချမ်းလောက်တယ်ဆိုပြီး ဣဿာမပွားဘဲ မုဒိတာပွားကြပါ။
ရွှေမန်းတို့လည်း နော်ဝေးမှာ လွတ်လပ်လို့၊ ပေါ့ပေါ့ပါးပါးနဲ့ တောင်ပံခတ် ပျံတော့မယ့်အသွင်ပါပဲ။
ဝဏ္ဏမောင်လွင်ကလည်း ဝါရှင်တန်မှာ လူရာဝင်ခဲ့ပြီ။
မြန်မာ့ရေနံ၊ မြန်မာ့ဓာတ်ငွေ့၊ မြန်မာ့ကျောက်သံပတ္တမြား၊ မြန်မာ့ရေ မြန်မာ့မြေတို့အစွမ်းကြောင့်တည်း။
မိအေးနှစ်ခါနာ
ဒီအချိန်မှာပဲ ကချင်မှာ မုဒိမ်းမှုတွေ ဖြစ်နေတယ်။ မုဒိမ်းကျင့်ခံရလို့ အော်ချင်သလောက် အော်ပါလေ။ လူထုခေါင်းဆောင်ကို ကြိုဆိုတဲ့အသံလောက် အော်သံက ဘယ်ကျယ်မလဲ။ နိုင်ငံခြားခေါင်းဆောင်တွေ လာလို့ ကြိုဆိုတယ့် ဘင်ခရာသံလောက် အော်သံက ဘယ်ကျယ်မလဲ။ ဒီအော်သံကို မကြားတာ တကဏ္ဍထားဦး။ တရုတ်ကုမ္ပဏီတွေနဲ့အပြိုင် အမေရိကန်ကုမ္ပဏီတွေ၊ သြစတြေးလျကုမ္ပဏီတွေ၊ ဥရောပကုမ္ပဏီတွေ ဝင်လာကြဦးမယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းမှာ ရွှေကြောတွေ၊ မုတ္တမ၊ ဘင်္ဂလားပယ်လယ်အော်က ရေနံဓာတ်ငွေ့တွေ၊ ကချင်ရှမ်းဘက်က ကျောက်စိမ်းတွင်းတွေ ခနောက်စိမ်းတွင်းတွေ သစ်တောတွေ မုဒိမ်းအကျင့်ခံဖို့ စောင့်နေကြပါ။
စီးပွားရေးသမားဆိုရင် မျက်နှာဖြူလား၊ မျက်နှာမည်းလား၊ မျက်နှာဝါလား ခွဲခြားမနေပါနဲ့။ အတူတူပါပဲ။ ဗီယက်နမ်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပါ။ တိုင်းရင်းသားတွေ ကော့နေအောင် ခံနေရတာပဲ။ ဖိလစ်ပိုင်မှာလည်း ခံရတာပဲ။ အင်ဒိုနီးရှားမှာလည်း ခံနေရတာပဲ။ အထူးသဖြင့် အင်ဒိုနီးရှားမှာ သြစတြေးလျကုမ္ပဏီတွေကြောင့် လူနည်းစုတိုင်းရင်းသားတွေ များစွာနစ်နာနေကြရကြောင်း သိရတယ်။ ပြည်သူလူထုအကျိုးအတွက်လို့ ပြောကြပေမယ့် အမှန်တကယ်မဟုတ်ကြောင်း အိမ်နီးချင်းနိုင်ငံတွေကို လေ့လာလိုက်ရင် ရှင်းသွားမှာပါ။ အကျယ်တဝင့် မရေးချင်သေးပါ။
မြန်မာနိုင်ငံမှာ ပြည်မမှာ သယံဇာတ သိပ်မထွက်ပါ။ ပြည်နယ်တွေမှာပဲ သယံဇာတ ပေါကြွယ်ဝနေတာပါ။ မြန်မာနိုင်ငံမှာ သယံဇာတ ပေါကြွယ်ဝတယ် ပြောပြောနေတာဟာ ပြည်နယ်တွေမှာရှိတဲ့ သယံဇာတတွေကို မောင်ပိုင်စီးပြီး ပြောနေတာပါ။ ဖက်ဒရယ်စနစ်ကို လက်မခံနိုင်တဲ့အကြောင်းတွေထဲမှာ ဒီအကြောင်းလည်း ပါပါတယ်။ ၂၀၀၈ ဥပဒေဟာ သူခိုးဓားပြဥပဒေသာ ဖြစ်တယ်။ တိုင်းရင်းသားဒေသတွေဆီက တရားဝင် ခိုးဝှက်လုယက်လို့ ရအောင် ရေးဆွဲထားပါတယ်။
အခု KNU တို့၊ SSA (S)တို့၊ CNF တို့ အစရှိသူတို့ အပစ်ရပ်ကြခြင်းမှာလည်း နိုင်ငံရေးအရလို့ ဆိုကြပေမယ့် ငြိမ်းချမ်းရေးနောက်ကွယ်မှာ စီးပွားရေးကိစ္စတွေ အများကြီးပါဝင်နေပါတယ်။ မယုံရင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ့ နောက်ကြောင်းကို လေ့လာကြည့်ပါ။ အထူးသဖြင့် အချို့အဖွဲ့တွေမှာ နိုင်ငံခြားအစိုးရတခုခုနဲ့ အချိတ်အဆက် လုပ်ထားပြီးသားဖြစ်တယ်။ သူနိုင်ကိုယ်နိုင် တူးဆွကြမှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဣဿာမပွားဘဲ မုဒိတာပွားနိုင်အောင် အခုကတည်းက စိတ်ကို ဆုံးမထားကြပါ။
အတုကြီး
အွန်လိုင်းတက်လည်း အတုနဲ့တိုး၊ ယောကျာင်္းစင်စစ်က မိန်းမဖြစ်၊ မိန်းမစင်စစ်က ယောကျာင်္းဖြစ်၊ နောက်သက်တမ်း အရွေးခံရဖို့ သမ္မတအိုဘာမားတောင် The First Gay President ဖြစ်ခဲ့ပြီ။ ရွှေလည်း အတုပဲ ဝတ်ကြပြီ။ အပြုံးတုတွေလည်း ရိုးကုန်ပြီ။ အပြောင်းမဟုတ်ဘဲ အပြသက်သက် နိုင်ငံရေးစနစ်ကိုလည်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖော်ထုတ်ပေးခဲ့ပြီ။ မိမိတို့သမ္မတကို မိမိတို့ဘာသာ ရွေးချယ်ခွင့်မရှိတဲ့ မြန်မာပြည်၊ လွှတ်တော်မှာ စစ်သား ၂၅ ရာခိုင်းနှုန်း ရှိတဲ့တိုင်းပြည်၊ ပြည်ထောင်စုအမည်ခံပြီး မိမိဝန်ကြီးချုပ်ကိုတောင် ရွေးကောက်တင်မြှောက်ခွင့် မရှိတဲ့နိုင်ငံမှာ နောက်ဆုတ်စရာမရှိ၊ နောက်ဆုတ်ရင် အဝီစိသာ ကျန်တော့မယ်။
အတုမှန်းသိရက်နဲ့ အစစ်မရှိသေးလို့ အလှဆင်နေကြပါတကား။ အဝမဟုတ် အလှသာ ဖြစ်ချေတကား။ တခါမဟုတ် နှစ်ခါမက အခါပေါင်းများစွာ ဒီနည်းနဲ့ပဲ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများကို ပလီပလာ မူယာမာယာနဲ့ လိမ်ခဲ့ပြီဖြစ်ချေတကား။ ဒါပေမယ့် နိုင်ငံသားကောင်းပီသချင်သူများ ဣဿမဖြစ်ဘဲ မုဒိတာပွားကြပါကုန်။
ရိုးရိုးလး
၁။ အခုအပြောင်းအလဲဟာ နိုင်ငံရေးလွတ်လပ်ခွင့်ကို ဦးတည်သွားမယ့် အပြောင်းအလဲမဟုတ်။ ကိုယ်ကျိုးစီးပွားအရ ပြောင်းလဲနေခြင်းဖြစ်တယ်။
၂။ အာရပ်နွေဦးတော်လှန်ရေး ပြီးတဲ့နောက်၊ အီရတ်နဲ့ အာဖဂန်စစ်ပွဲ ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီက ပြောင်းလဲသွားတယ်။ အာရပ်ကမ္ဘာကနေ အာရှဖစိဖိတ်ကို ပြောင်းသွားတယ်။ အိုဘာမားအစိုးရရဲ့ ရန်သူဟာ ရုရှားမဟုတ်၊ တရုတ်သာ ဖြစ်တယ်။ တရုတ်ကို နိုင်ငံရေးနဲ့ စစ်ရေးအရ မဟုတ်တော့ဘဲ စီးပွားရေးအရပါ ယှဉ်ပြိုင်လာရဖွယ်ရှိတယ်။ ဒီအချိန်ဟာ အာရှဖစိဖိတ်စစ်ပွဲ အစပဲ ရှိသေးတယ်။
၃။ အာရှပစိဖိတ်ကို လေ့လာရင် သြစတြေးလျဟာ အမေရိကန်ရဲ့ မိတ်ဆွေမဟုတ်၊ ဒါပေမယ့် မဟာမိတ်ဖြစ်တယ်။ ဝန်ကြီးကလင်တန် စုထားတဲ့ စာတမ်းကို ဖတ်ကြည့်ရင် ဒီအခင်းအကျင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်မှာဖြစ်တယ်။ ဒီတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှပစိဖိတ်မှာ သြဇာသက်ရောက်ဖို့ ကြိုးစားရတော့မှာ ဖြစ်တယ်။ ဒါကြောင့်လည်း ဗီယက်နမ်ကနေ ချီလီအထိ ကုန်သွယ်ရေးသဘောတူညီချက် ရယူထားတာ ဖြစ်တယ်။
၎။ ဒီအာရှပစိဖိတ်မှာ အိန္ဒိယမပါဘဲ ပြည့်စုံမှာမဟုတ်သလို အိန္ဒိယမပါဘဲ တရုတ်ကို ကိုင်လို့မရပါဘူး။ တရုတ်နဲ့ အိန္ဒိယကြားမှာ မြန်မာနိုင်ငံက မဟာဗျူဟာကျစွာ ရပ်တည်နေပါတယ်။ မြန်မာဟာ အာရှဖစိဖိတ်ရဲ့ Epic-central tag of war ဖြစ်နေတာကို လက်ရှိသိန်းစိန်အစိုးရက အမိအရ အသုံးချနေခြင်းသာဖြစ်တယ်။ ကြည့်တတ်ရင် ရိုးရိုးလေးပါပဲ။
ဒီအခြင်းအရာတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ မျက်နှာပြလို့ကောင်းရုံ အပြောင်းအလဲလုပ်ပေးရင် အမေရိကန်က ပိတ်ဆို့မှုကို ဖွင့်ပေးမှာ သေချာသလောက်ပါပဲ။ စစ်တပ်ရဲ့ ခရိုနီများအတွက်၊ အစိုးရနဲ့ နီးစပ်သူများအတွက်၊ (အတိုက်အခံပါတီကြီးနဲ့ ဆက်ဆံနေသူများအတွက်၊ အပစ်ရပ်အဖွဲ့အစည်းများနဲ့ ရင်းနှီးသူများအတွက်) မုတ်ဆိတ်ပျားဆွဲကိန်း မြင်တယ်။ ဒါကိုလည်း ဣဿာမပွားဘဲ မုဒိတာပွားကြဖို့ပါပဲ။
အကျဉ်းချုံးလိုက်ရင် ...
၁။ နှစ်ပေါင်း ၂၀ ကျာ် ပြည်တွင်းမှာ ပိတ်မိနေတဲ့ စစ်အစိုးရဝင်ဟောင်းတွေ ပြည်ပနိုင်ငံကို လွတ်လွတ်လပ်လပ် သွားနိုင်တာကို မုဒိတာပွားကြပါ။
၂။ အကျယ်ချုပ်မိလို့လည်းကောင်း၊ ထောင်တွင်းရောက်နေလို့လည်းကောင်း၊ အခါအခွင့်မသင့်လို့လည်းကောင်း ပြည်ပနိုင်ငံကို မထွက်နိုင်တဲ့ အတိုက်အခံအမတ်များကိုတော့ အမှန်တကယ် စိတ်ရင်းမှန်နဲ့ မုဒိတာပွားပေးကြပါ။
၃။ တရုတ်ကုမ္ပဏီများနဲ့အပြိုင် အမေရိကန်ကုမ္ပဏီများ၊ သြစတြေးလျကုမ္ပဏီများ၊ ဥရောပကုမ္ပဏီများ၊ အာရှပစိဖိတ်ကုမ္ပဏီများ ဝင်လာရင်လည်း နိုင်ငံခြားသားများဖြစ်လို့ မုဒိတာပွားကြပါ။
၎။ နိုင်ငံမှာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးများ ရှိပေမယ့် ရေငတ်နေတဲ့၊ နိုင်ငံသားတွေ၊ နိုင်ငံမှာ လျှပ်စစ်မီး ပိုနေရက်သားနဲ့ မီးပြတ်နေတဲ့ နိုင်ငံသားတွေ၊ ပြည်တွင်းစစ်ကြောင့် အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးလွှားနေရတဲ့ တိုင်းရင်းသားတွေအားလုံး မိမိတို့ရဲ့ ဂေဟစနစ်ကို ဖျက်ဆီးမယ့်လူများ ဝင်လာကြရင် မုဒိတာပွားကြပါ။
(စာရေးသူလို အခွင့်အရေးယူရကောင်းမှန်းမသိ မိုက်ကန်းချင်ရင် ၂၀၀၈ ဥပဒေကို ဆက်လက်ဝေဖန်ပါ။ လွှတ်တော်ထဲ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို ဆက်လက်ဝေဖန်ပါ။ အစိုးရအဖွဲ့ထက်၊ တရားစီရင်ရေးထက်၊ ဥပဒေပြုရေးထက် မြင့်မြတ်သော ကာလုံကိုလည်း ဆက်လက်ဝေဖန်ပါ။ လူသတ်၊ မုဒိမ်းကျင့်၊ မြေယာသိမ်းလိုင်စင်ရထားတယ့် တပ်(မတော်)ကိုလည်း ဆက်လက်ဝေဖန်ပါ)
Ven Ravika
(ဖေ့စ်ဘွတ်ခ်မှ ...)
22 comments:
အပြုသဘောနဲ့ အရာရာကို ဝေဖန်ပါ။ စင်းလုံးချောကောင်းတဲ့ နိုင်ငံရေး ၊ စင်းလုံးချောကောင်းတဲ့ နိုင်ငံခေါင်းဆောင်၊ စင်းလုံးချော ကောင်းတဲ့ ပြည်သူများ ဘယ်မှာ ရှိနေလို့လဲ ၊ ခင်ဗျားကိုယ်တိုင်ရော အပြစ်တင်နေတာက လွဲလို့ ဘာများလုပ်ပေးနိုင်ပါလဲ၊ ကချင်လူထုအတွက် စာနာပေးတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒါဟာ အဖျက်သဘော ဝေဖန်ဆွေးနွေး အပြစ်ရှာ ထောက်ပြတာမျိုး မဖြစ်သင့်ပါဘူး။စေတနာတွေ မှန်ကန်သန့်ရှင်းပါစေလို့ မျှော်လင့်နေပါတယ်
Ven Ravika. ..ဆိုတော့ဦးဇင်းတပါးလို့ထင်ပါတယ် ။ ဦးဇင်းကို အကြံပေးချင်တာ ကတော့လောကီရေးရာဟာ သိပ်ရှုပ်ထွေးပါတယ် ဘုရာ့၊ လောကုတ္တရာ မှာဘဲအေးချမ်းစွာနေပါတော့ ဖျာ့။ ဦးဇင်းလဲ လူ့လောက ဗဟုသုတ အနည်းအကျင်းတော့ ရှိမယ်ထင်တယ် ၊ ဒါပေမဲ့ ဘုရား a little knowledge is very dangerous ဆိုတဲ့စကား ကရှိပြန်တော့ အေးချမ်းစွာတရားအားထုတ်ပြီး သာသနာ့အကျိုးကို ဆောင်ရွက်တာ ဦးဇင်းအတွက် ပိုသဘာဝကျမယ်ထင်ပါတယ်။
လဠဏ်းဆွေ ကိုကြည့်ရတာ ဘယ်ကအထောက်အပံ့တွေရပြီး ဘယ်သူတွေဘာလုပ်လုပ် ဝေဖန် လေကန်နေတဲ့ တကယ့် မျိုးမစစ် အကြံသမားပဲ .. ခင်ဗျားအတွက်တော့ အကျိုးရှိမှာပေါ့ အဲလိုတွေ လေကန်နေမဲ့အစား တခုခုလောက် ငါတို့ အကျိုးရှိနိုင်မဲ့ အရာလေးများ ဦးဆောင်ပေးပါလား ကိုယ်တိုင်ကျတော့လဲ သတ္တိကနတ္တိ သူများလုပ်တော့လဲ ဘေးတိုက် ခွေးလောက်မှ အသိညဏ်မရှိတဲ့ပုံနဲ့  မရှက်ဘူးလား လွဏ်းဆွေရာ
လွမ်းဆွေ စောက်ရူးရဲ့....ထောက်ပံ့ကြေးတွေမရတော့လို့ အရက်သောက်စရာပိုက်ဆံမရှိတော့ဘူးထင်တယ်....ဘေးထိုင်ဘုပြောမနေနဲ့ သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး လုပ်လေ....မပြောချင်လို့ကြည့်နေတာ... လိုအပ်ရင် လူထုတိုက်ပွဲဆင်နွဲရမယ်လေး ဘာလေးနဲ့...နင့်အမျိုးတွေကို အရင်ထွက်ခိုင်းပါလား စောက်ရူးရဲ့...
လွဏ်းဆွေတို့ကအရက်ဖိုးမရတော့စိုးပြီရှောက်ယမ်းနေပြီ. တိုင်းပြည်မကေါင်းမှပြည်ပမှာအနေခေိာင်မှာမို့အရမ်းကိုသွေးပျက်နေပြီ. မိမိအရက်ဖိုးချောင်ချောင်လေးရဖို့ပြည်သူတွေကိုသေစေလိုနေတဲ့စိတ်ဓါတ်ကတစ်နေ့တစ်ခြားသိတာလာပြီ. စေတနာနဲ့လမ်တွေချပြနေသယောင်နဲ့ပြည်သူတွေအနေခက်မှလွဏ်းဆွေအရက်သမားကပြည်ပမှာအနေချောင်မှာလေ. လွဏ်းဆွေက. နအဖထက်တောင်စိတ်ဓါတ်ကအောက်တန်းကျပါပေတယ်
လွဏ်ဆွေ မိမိအတ္တတွေရှေ့တန်းတင်လွန်းလှတယ်. ပြည်သူတွေနဲတိုင်းပြည်ကေါင်းရင်ဘုံပျောက်စားခွက်ပျောက်မှာစ်ုးရိမ်နေပြီလေ. အရက်သမားခွေးဖြစ်မှာစိုးပြီ ပြည်သူတွေကိုသေခိုင်နေပြီ. မငါးအမျိုးတွေကိုအရင်လူထုတော်ဘှနါရေးလုပ်ခိုင်းပါလား.
Bravo !!!
Do ta Do Saya Yeh.
Just Tatmataw Dogs are barking back to you. The majorities are silence. Silence means " Yes"
Silence doesn't always mean 'yes'. I think here it may mean 'very poor quality' even to comment.
“ဘလာဘလာ … … … မြန်မာ့ရေနံ၊ မြန်မာ့ဓာတ်ငွေ့၊ မြန်မာ့ကျောက်သံပတ္တမြား၊ မြန်မာ့ရေ မြန်မာ့မြေတို့အစွမ်းကြောင့်တည်း။” ဆိုပါလား ဘုရား … အခုကျမှ မြန်မာ့ရေနံ၊ မြန်မာ့ဓာတ်ငွေ့၊ မြန်မာ့ကျောက်သံပတ္တမြား၊ မြန်မာ့ရေ မြန်မာ့မြေတို့အစွမ်းတွေ ကြောင့် က လာတည်း နေရတာတုန်း … အရှင်ဖုရာ့ ရေနံ၊ ဓာတ်ငွေ့၊ ကျောက်သံပတ္တမြား၊ ရေ မြေ တွေက လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဘာကြောင့် အစွမ်းမပြရတာတုန်း ဖုရာ့
အရှင်ဘုရားက မုဒိန်းကျင့်တဲ့ အသံကို တော်တော်ကျယ်ကျယ် လေး ကြားချင်နေတာကိုး ဖုရာ့
အရှင်ဘုရားက မုဒိန်းကျင့်တဲ့ ကိစ္စကို နည်းနည်းလေးလျှော့ပြီး ဟောပါလား ဖုရာ့
တပည့်တော်တို့ အတွက်တော့ မုဒိန်းကျင့်တာ အပြင်တခြားအရေးကြီးတဲ့ ကိစ္စတွေကိုလည်း ကြည့်ရပါသေးတယ် ဖုရာ့ အရှင်ဘုရားလို မုဒိန်းကိစ္စချည်းဘဲ အာရုံပြုနေဖို့ မဖြစ်နိုင်ပါဖုရာ့
အရှင်ဘုရား က ငြိမ်းချမ်းရေးရတော့လည်း မကြိုက်ပြန်ပါဘဲလား … အတော် အတွေး နီ တဲ့ ဆရာတော်ပါလား ဖုရာ့
အရှင်ဘုရား မုဒိန်းရယ် အတုရယ် ကလွဲပြီးတခြားဟာ ဟောပါဦးလား ဖုရာ့
အဲ ပြီးတော့ စာလေးလဲ စုံအောင်ဖတ်ပါဦးဖုရာ့
စာစုံအောင်ဖတ်မှ သူတော်ကောင်းတွေ ချီးမွမ်းမဲ့ စာမျိုးရေးနိုင်မှာပေါ့ ဖုရာ့
မုဒိန်းတွေ အတုတွေချည်းလုပ်နေလို့တော့ ဘယ်တင့်တယ်ပါ့မလဲ ဖုရာ့
ဦးတင်ပါသေးတယ် ဖုရာ့
ဝီလျှံသာဂိ
PS အရှင်ဘုရား KNU အကြောင်းဝေဖန်တာတွေ ရေးရင်တော့ ဆရာလွဏ်းကတင်ပေးမှာ မဟုတ်ဘူးနော် ဟရေး ဆရာလွဏ်းရှိတယ်နော် အားလုံးကိုဝေဖန်ရဲတယ် ဒါပေမယ့် သူနော် မဲဆောက်မှာနေ နေသမျှ KNU ကို DKBA ကို BDF ကို စိတ်နဲ့တောင် မပြစ်မှားရဲဘူး
ဦးတင်ပါသေးတယ် ဖုရာ့
ဝီလျှံသာဂိ
အဆိုးမြင်ဝါဒီသမား ရဲ့ အမြင်တွေနဲ့ ရေးထားတဲ့ ဆောင်းပါးလို့ ပဲ မှတ်ချက်ချလိုက်ပါတယ် ----
အပေါ်က မန့်ထားတဲ့သူတွေရဲ့ ကွန်မန့်တွေကြည့်ရတာ ရေပေါ်ဆီလူတန်းစားတွေဆိုတာ ပြေးကြည့်စရာမလို တွေ့ကြည့်ရင်သိနိုင်ပါတယ်။
ပြီးတော့ စာရေးသူကို စာဖတ်ပါဦးတဲ့။ အဲဒီပြောတဲ့သူက ဘယ်လောက်ဖတ်ထားပြီးပြီလဲ။ ပြောစမ်းပါဦး။ ဖြစ်ဖြစ်မြောက်မြောက် စာလေးတပုဒ်လောက် ရေးပြစမ်းပါဦး။
တိုင်းရင်းသားတွေ ဒုက္ခသုက္ခကို မင်းတို့ ဘယ်လောက်သိလို့လဲ။ အလကား လူကုန်ကူး၊ ဖာထောင်စားနေတဲ့ ကောင်တွေကများ။ လာပြီးဝေဘန်နေသေးတယ်။ မြင်ကလောတယ်။
မင်းတို့ မန့်ထားတဲ့ ကွန်မန့်တွေကိုကြည့်ပြီး ဆန်ကုန်မြေလေးတွေ အီလစ်တွေဆို ဖော်ပြနေတယ်ဆို သိကြရဲ့လား။
ဗမာလူမျိုးအထဲ မှာ ဒေါက်တာလွမ်းဆွေ လို လူမျိုး မရှိသလောက်ပါလာ ဒေါက်တာလွမ်းဆွေ သြမတ္တဖြစ်လိုကတော ပြည်ထောင်စုမြန်မာပြည်ကြီး တရားမျှမညာဟု ယုံကြည်ပါသည် ဒေါက်တာလွမ်းဆွေ မှာ ရှိတဲ မှန် က တစ်ကယ်အမှန် တစ်ခြားဗမာတွေ မှာ ရှိတဲ မှန်က မမှန်ဘူး ဗမာ မှ ဗမာ ဘဲ
မှန်တာတွေလည်းမှန်သလို မမှန်တာတွေလည်း ရှိပါတယ်လေ။ ကျွန်မတစ်ခုပြောချင်တာကတော့ နိုင်ငံတည်ဆောက်ရေး....ဆိုတာပါ။ နိုင်ငံတည်ဆောက်ရေးဆိုတာ နိုင်ငံရဲ့ စီးပွားရေးကို တည်ဆောက်တာပါ။ ဒါကြောင့် FDI တွေ ၀င်ပြီး လက်ဝါးကြီးအုပ်မှာကတော့ အသေအချာပါပဲ။ အဲဒီတော့ neocolonization ကို ကာကွယ်ဖို့က ကိုယ့်အမျိုးသားတွေမှာ ပညာရေးရေချိန်ပြည့်နေဖို့ရယ်ပါ။ ဘယ်သူမပြုမိမိမှုပေါ့လေ။ အဲဒါကို ဘေးထိုင်ဘုပြောဖို့မလိုသလို ရိုင်းရိုင်းစိုင်းစိုင်း ပြစ်တင်ဝေဖန်ဖို့လည်း မလိုဘူး။
ကချင်လူမျိုးတိုင်းရင်းသားတွေကို မောင်နှမလိုသဘောထားပါတယ်။ အခုလိုဖြစ်ပျက်နေတာတွေကို စိတ်လဲလုံးဝမကောင်းပါ။ တတ်နိုင်သလောက်လည်း ထောက်ပံ့ကူညီပါတယ်။ မြန်မာစစ်တပ် အထက်အရာရှိကြီးတွေ တော်တော်များများဆိုးရွားတာလည်း မှန်ပါတယ်။
သို့သော် စစ်ဆိုတာ တဘက်ထဲတိုက်လို ရသလား။ ကချင်ပြည်သူတွေ မုဒိန်းကျင့်ခံရတဲ့ကိစ္စမှာ KIA တာဝန်ကင်းသလား။ ကချင်အဖွဲ့ KIA က လက်ရှိအစိုးရနဲ့ ဆွေးနွှေးညှိနှိုင်းရေးကို အားတက်သရောပါဝင်ခဲ့လား။ ဘန်ကီမွန်းကို အကူအညီတောင်းလိုက်သေးတယ် သူတို့က ရယ်ချင်စရာ။
ဟိုက ထုံးစံအတိုင်း စောင့်ကြည့်နေပါတယ်။ စိတ်ပျက်ဖွယ်ကောင်းပါတယ်။ အဲဒါမကောင်းရင်။ ကောင်းရင် အားပေးပါတယ် ကြိုဆိုပါတယ် .. ဒါပဲ ဒီအပြင် ဘာများလုပ်တာရှိတုံး။ ကျုပ်တို့ ဦးသန့်နဲ့များ ကွာပ။ ရှိစေတော့။ လက်ရှိ ပြည်သူတရပ်လုံးရဲ့ အားကို ဘယ်လိုအသုံးပြုမလဲ။
၂၀၀၈ ဖွဲ့စည်းပုံကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်မဲ့အရေးမှာ ဝိုင်းရန် အားပေး ထောက်ပြ လေ့လာ အကြံပေးမလား။
ပြည်သူ တရပ်လုံးကို လမ်းပေါ်တက်သပိတ်မှောက် ခိုင်းမလား။ လုပ်လေ တောမီးလောင်ကြောင် လက်ခမောင်းခပ်ပဲ။ မင်းအောင်လှိုင်က က ပြီးအာဏာသိမ်းလိုက်မှာပေါ့။ ဖြစ်စမ်းထပ်ပြီး စစ်ကျွန်။ အဲဒီတော့မှ သွေးကြောင်ပြီး လစ်သွားတဲ့ ခင်ဗျားတို့ စားခွက်မပျောက်မှာကိုး။ လတ်တလော လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ၈၈မျိုးဆက်တွေ သူတို့ဘာကိုဦးတည်ပြီး အပြုသဘောသက်သက် လုပ်နေလဲဆိုတာကိုကြည့်။ အခုပြန်ရင် ဖမ်းမှာ ကြောက်စရာမလိုပါဘူး။ ရေမြွေက အမောက်မထောင်နိုင်မှန်းသိတယ်။ တကယ် စိတ်ဓာတ်ရှိတဲ့ အစိပ်ပြင်းတဲ့လူတွေတောင် လုပ်ကိုင်နေကြပြီ။ နိုင်ငံရေး အကြောင်းပြ ပြည်ပထွက်တဲ့သူတွေ မပြန်နိုင်တဲ့ အဓိက အကြောင်းက ခုဝင်ငွေလောက် ပြည်တွင်းမှာမရဘူး။ အလုပ်လည်း လုပ်ပြရဦးမယ် ... ဒါပဲ ။ ရှက်တတ်ရင် သေဖို့ကောင်းတယ်။ ရေပေါ်ဆီလူတန်းစားတွေဆိုတာ ဘယ်သူလဲ စဉ်းစား ။ ဇရှိရင် ပြန်ပြီး တခုခု အပြုသဘောဆောင် တာလုပ်ပြခိုင်းစမ်းပါ။ ကိုမင်းကိုနိုင် ပြောသွားတာ ကြည့်လိုက်ရတယ်နော်။ အပြုသဘောဆောင်တာ လုပ်ပြစမ်းပါ။
ကျွန်တော်က မြန်မာပြည်မှာနေတဲ့ အောက်ခြေလူတန်းစားတစ်ယောက်ပါ။ ဆောင်းပါးရှင်ပြောထားတွေက
အဆိုးမြင်တယ်လို့ဆိုနိုင်ပေမယ့် အမှန်တွေပါပဲ။
နိုင်ငံခြားတိုင်းပြည်တွေကလဲကျွန်တော်တို့နိုင်ငံအပေါ်စေတနာရှိလို့မဟုတ်ဘူးဆိုတာ ကျွန်တော်တို့လမ်း
ထဲက ဆိုက်ကားသမားတွေတောင်နားလည်ပါတယ်။
ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရကလဲကျွန်တော်တို
့အောက်ခြေပြည်သူလူထုအပေါ် အမှန်တကယ်စေ
တနာမထားနိုင်သေးဘူးဆိုတာလဲ လမ်းထဲက
ဆိုက်ကားသမားတွေတောင် နားလည်ခံစားတတ်
ကြပါတယ်။ သူများတကာတွေ မတ်တူးတွေ ၊ ပါဂျဲ
ရိုးတွေ စီးနေတဲ့အချိန်မှာ ကျွန်တော်တို့အောက်ခြေပြ
ည်သူတွေက ဒိုင်နာကားတိုးစီးနေရတဲ့အဖြစ် ၊ မီးပုံမှန်မရတဲ့အဖြစ် ၊ လာအိုလိုနိုင်ငံမှာတောင် ဖုန်းတွေကို ပြည်သူတွေအားလုံးကိုင်နိုင်အောင် ဈေးပေါပေါနဲ့ ချပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူ
အများစုက အိမ်မက်တောင်မမက်နိုင်သေးတဲ့
အဖြစ်တွေက သက်သေခံနေပါတယ်။ ဘယ်သူတွေေ
ထာက္ခံခံမခံခံ စက္မႈဇုန္မွာရွိတဲ့အလုပ္သမေတြကေ
တာ့ ဒီဆောင်းပါးရှင်ရဲ့အာဘော်ကိုသေချာပေါက်ေ
ထာက်ခံပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ပြည်သူေ
တွ ဆောင်းပါးရှင်တိုက်တွန်းသလိုပဲ မုဒိတာပဲပွားေ
နရပါတယ်။ အရက်ဖိုးမရတော့မှာစိုးလို့ပဲရေးရေး
ဘယ်လိုသဘောနဲ့ပဲရေးရေး အမှန်တွေကိုရေး
တဲ့အတွက် ဆောင်းပါးရှင်ကိုကျေးဇူးတင်ပါတယ်။
ကျွန်တော်က မြန်မာပြည်မှာနေတဲ့ အောက်ခြေလူတန်းစားတစ်ယောက်ပါ။ ဆောင်းပါးရှင်ပြောထားတွေက
အဆိုးမြင်တယ်လို့ဆိုနိုင်ပေမယ့် အမှန်တွေပါပဲ။
နိုင်ငံခြားတိုင်းပြည်တွေကလဲကျွန်တော်တို့နိုင်ငံအပေါ်စေတနာရှိလို့မဟုတ်ဘူးဆိုတာ ကျွန်တော်တို့လမ်း
ထဲက ဆိုက်ကားသမားတွေတောင်နားလည်ပါတယ်။
ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရကလဲကျွန်တော်တို
့အောက်ခြေပြည်သူလူထုအပေါ် အမှန်တကယ်စေ
တနာမထားနိုင်သေးဘူးဆိုတာလဲ လမ်းထဲက
ဆိုက်ကားသမားတွေတောင် နားလည်ခံစားတတ်
ကြပါတယ်။ သူများတကာတွေ မတ်တူးတွေ ၊ ပါဂျဲ
ရိုးတွေ စီးနေတဲ့အချိန်မှာ ကျွန်တော်တို့အောက်ခြေပြ
ည်သူတွေက ဒိုင်နာကားတိုးစီးနေရတဲ့အဖြစ် ၊ မီးပုံမှန်မရတဲ့အဖြစ် ၊ လာအိုလိုနိုင်ငံမှာတောင် ဖုန်းတွေကို ပြည်သူတွေအားလုံးကိုင်နိုင်အောင် ဈေးပေါပေါနဲ့ ချပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူ
အများစုက အိမ်မက်တောင်မမက်နိုင်သေးတဲ့
အဖြစ်တွေက သက်သေခံနေပါတယ်။ ဘယ်သူတွေေ
ထာက္ခံခံမခံခံ စက္မႈဇုန္မွာရွိတဲ့အလုပ္သမေတြကေ
တာ့ ဒီဆောင်းပါးရှင်ရဲ့အာဘော်ကိုသေချာပေါက်ေ
ထာက်ခံပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ပြည်သူေ
တွ ဆောင်းပါးရှင်တိုက်တွန်းသလိုပဲ မုဒိတာပဲပွားေ
နရပါတယ်။ အရက်ဖိုးမရတော့မှာစိုးလို့ပဲရေးရေး
ဘယ်လိုသဘောနဲ့ပဲရေးရေး အမှန်တွေကိုရေး
တဲ့အတွက် ဆောင်းပါးရှင်ကိုကျေးဇူးတင်ပါတယ်။
>>ပြည်သူ တရပ်လုံးကို လမ်းပေါ်တက်သပိတ်မှောက် ခိုင်းမလား။ လုပ်လေ တောမီးလောင်ကြောင် လက်ခမောင်းခပ်ပဲ။ မင်းအောင်လှိုင်က က ပြီးအာဏာသိမ်းလိုက်မှာပေါ့။
>> ဖြစ်စမ်းထပ်ပြီး စစ်ကျွန်။
>>အခု စစ်ကျွန်ဘဝက လွတ်ပြီလား????။
မေးသင့်တဲ့မေးခွန်းက မင်းအောင်လှိုင်(သို့မဟုတ်) ကာကွယ်ရေးဦးစီးချုပ်က "ဥပဒေနှင့်အညီအာဏာသိမ်းခွင့်" မရှိအောင် ဘယ်လိုလုပ်ကြမလဲ လို့မဖြစ်သင့်ဘူးလား။
အခုမင်းတို့ဘာလုပ်နေကြလဲ?
ဖြေကြည့်လေ။ ဥပဒေနှင့်အညီအာဏာသိမ်းခွင့် ကို "ကာကွယ်စောင့်ရှောက်ပါမည်ဟုကတိသစ္စာပြု"နေတာမဟုတ်ဘူးလို့ ကျမ်းကျိမ်အုံးမှာလား။
ပြောပါ။ပြောပါ။
ချက်စူ။ ။ ငါ့ကို ချက်စူ လို့မခေါ်နဲ့။ ခေါ်ရင် နင်တို့နဲ့ ငါ မကစားဘူး။
ကလေးများ။ ။ နင်မကစားလဲနေပေါ့။ ငါတို့ဖါသာကစားမယ်။
ချက်စူ။ ။ ဟေ့ ဟေ့ နေအုံး။ ငါ့ကို ခေါ်ချင်သလို ခေါ်။ ငါလဲ ပါမယ်၊ နော်..နော်..နော်...လို့။
I respect Dr Lwan Swe and author. It is very true. I like it so much. I always visit your blog and I like all articles which you write or link to other web site. It is very helpful for us. You could up date news so quickly. Thank you so much for your great works. I strongly agree with author.I strongly believe that now you should explain current political situation to people without fear.Thank you very much for your goodwill and honest. I admire you because you are well educated person and brave blogger. Dr Lwan Swe and author you do not worry or fear how other people's bad comment on you. I could see how you love our motherland and our people. Your articles are very right and right time for us. Keep going! I will forever stand behind both of you.
အိုင်ဆေး ဖိုးပါလေးရေ အိုင်ကျွန်ုပ် စာဘယ်လောက် ဖတ်ထားလဲ ဆိုတာကို ပြောပြရမလား … ဟဲဟဲ … ပြောပြတော့ကော အိုင်ဆေးက နားလည် မှာမို့လို့လား (စိတ်မဆိုး နဲ့နော်) အိုင်ဆေးရေ အိုင်ကျွန်ုပ် ရေးထား တဲ့ စာတွေရှိပါတယ် ဝီလျှံသာဂိ နာမည်နဲ့တော့ မဟုတ်ဘူးပေါ့ ဒါပေမယ့် အိုင်ကျွန်ုပ်ကိုယ်တိုင်ရေးတာပါ အိုင်ကျွန်ုပ်ရေးတဲ့ စာတွေကိုလည်း အိုင်ဆေးဖတ်ဘူးမယ် မထင်ပါ (Peer review journals အဲဒါဘာလဲ သိလား) BTW အီလစ်ဆိုတာ ဆန်ကုန်မြေလေးလို့ တစ်မျိုးထည်း ဘာသာပြန်လို့ မရဘူးနော် အီလစ်တွေကြောင့်သာမဟုတ်ရင် အိုင်ဆေး ကွန်မင့်ရေးစရာ ဝင်းဒိုးတို့၊ အိုအက်စ်တို့၊ အင်တာနက်တို့ဆိုတာတောင် ရှိနေမှာ မဟုတ်ဘူးနော် (အိုင်ဆေး နားလည် နိုင်မလားတော့ မသိဘူး)
အိုင်ဆေးရဲ့ ဆရာတော်ကမိန့်ထားတာလေးလဲ ပြန်ဖတ်ကြည့်ဦးနော် ပြည်မမှာ သယံဇာတ သိပ်မရှိဘူးတဲ့ ပြည်မကထွက်တဲ့ ဆန်စပါး၊ ကောက်ပဲ သီးနှံ၊ ပြီးတော့ လူ့စွမ်းအား အရင်းအမြစ်တွေ၊ မြန်မာနိုင်ငံ အလယ်ပိုင်းက ရေနံတွင်းတွေ၊ သစ်တောကြိုးဝိုင်းတွေ အဲဒါတွေက သယံဇာတ မဟုတ်လို့ဘာတွေလဲ၊ အိုင်ဆေးဆရာတော်ရဲ့အဲဒီ ခပ်တိမ်တိမ် အတွေးတွေကို အိုင်ကျွန်ုပ်က ဝေဖန်တာပါ။ BTW ကျွန်ုပ်တို့က ဖက်ဒရယ် စနစ်ကို လက်ခံပါတယ် တောင်းလည်း တောင်းဆိုပါတယ် လက်ဝေခံ ပါမစ် စီးပွားရေး စနစ်၊ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင် စနစ်ကိုလည်း အလိုမရှိပါ။ သို့သော်လည်း ခပ်ချာချာ သုံးသပ်ချက်နဲ့ လက်တွေ့မဆန်တဲ့ ဝေဖန်မှုတွေကိုလည်းဆန့််ကျင်ပါတယ်။
မုဒိတာပွားကြတာပေါ့
ဝီလျှံသာဂိ
စာရေးဆရာရေ ဝေဖန်ရုံ လေကန်ရုံလောက်နဲ့ အမိမြန်မာပြည်ကြီး ကောင်းသွားမယ်ဆို ကျနော်မျိုးကို ဆရာတင်ပြီး ကန်တော့ဦးညွတ်လိုက်ပါ။
စာရေးဆရာလောက် အတွေးအခေါ်လောက် အသိမရှိ နားမလဲတဲ့ အမှီးကျက်အမှီးစား ခေါင်းကျက်ဂေါင်းစား ငြိမ်းချမ်းရေးလို့အော်နေကြတဲ့သူပုန်ကြီးတွေနဲ့ အနှစ်(၂၀)နီးပါး အမျိုးသားညီလာခံကြီးကို ပါဝင်ထောက်ခံခဲ့ပြီ ကိုယ့်ပြည်သူကို မုဒိန်ကျင့်ခွင့် ၂၀၀၈ဥပဒေကို အတည်ပြုပေးခဲ့တဲ့ သူပုန်ကြီးတွေကိုလည်း နှာခေါင်းဆွဲပါရိုက်လိုက်ပါ။ ခံရမှခွအော်နေတယ်။ သူပုန်ကြီးတွေလည်း လက်နက်ကိုင်ပြီး ကိုယ်အာဏာ ကိုယ့်အကျိုးစီးပွားရှာနေသူတွေပါ.သူတို့လည်း သူခိုးတွေပါ။ စာရေးဆရာလည်းနယ်စပ်မှာနေ သူခိုးအားပေး ကြံရာပါဘဲ။။ နိုင်ငံခြားအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီ အချောင်သမား ကိုယ့်ကိုလည်းသတိထားးးး
Post a Comment