အာစေးမိတဲ့ရောဂါ
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ အထင်ကရ ခေါင်းဆောင်တွေ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေကြားထဲမှာ ရောဂါဆန်းကြီးတခု ထူးထူးဆန်းဆန်း ကူးစက်ပျံ့ပွားနေတာကို မြင်တွေ့နေရတာ အတော့်ကို စိတ်မကောင်းစရာပါ။
ဘယ်လိုရောဂါဆန်းလဲဆိုတော့ သူတို့ကိုယ်ကျိုးစီးပွားတခုတည်းအတွက် ကိုယ့်ကချင်ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ချေမှုန်းနေတဲ့ ကြံ့ဖွတ်စစ်အစိုးရ၊ ကြံ့ဖွတ်စစ်တပ်နဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စုကို “ကချင်စစ်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းပေးပါ” “ပွင့်လင်းမြင်သာမှုမရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးပါ” လို့ ပေါ်ပေါ်တင်တင် မတောင်းဆိုကြတော့ဘဲ ရေငုံနှုတ်ပိတ်နေကြတဲ့ “အာစေးမိတဲ့ရောဂါ” ပါ (ငွေကြေးအကူအညီ၊ ပစ္စည်းအကူအညီလောက်ပဲ ပေးကြပြီး ကျန်တာ ကိုယ်နဲ့မဆိုင်သလို နေထိုင်ပြုမူနေကြပါတော့တယ်)။
အဲဒီရောဂါဆန်းကြီးဟာ ဘယ်သူ့ဆီမှာ စဖြစ်တာလဲ။ ဘယ်လိုကြောင့် ဒီလောက်တောင် ကူးစက်ပျံ့နှံ့လွယ်နေတာလဲ။ အဲဒီရောဂါဆန်းကြီး ဆက်လက်ပျံ့ပွားနေရင် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာကော ရနိုင်ပါ့မလားဆိုတာ ၀ိုင်းဝန်းစဉ်းစား အဖြေရှာသင့်ပါပြီ။
အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
(ဖေ့စ်ဘွတ်ခ်မှ ...)
12 comments:
ဟုတ်တာဘဲ... ပါးစ မပါတဲ့အတိုင်းဘဲနော်။ သူတို့နဲ့မဆိုင်တော့လို့ဖြစ်မှာပေါ့။ 2008အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတာ ထပ်ကြားချင်ပါသေးတယ်။25နေကို ယူထားတဲ့ စစ်တပ်ကိုတော့ ထားလိုက်တော့ မြန်မာပြည်သားအချင်းချင်းသတ်ဖြတ်ဖို့ အတွက်လေ။
ဟုတ်တယ် အာစေးမိတဲ့ရောဂါလည်း ကုဖို့ လိုသလို အာချောင်တဲ့ ရောဂါလည်း ကုသင့်ပြီ။
သြော် နိုင်ငံရေးပါးမဝသေးတဲ့ သူတွေပါလား သနားစရာကွာ ဘာလုပ်လုပ် လေနဲ့ ပဲအပုတ်ချတတ်တဲ့ ခင်ဗျားတို့  သောက်ကျင့်တွေ ပြင်ပြီး ကိုယ်တိုင် ကိုယ်လိုချင်တာကို ပြည်တွင်းလာပြီး တောင်းဆိုရဲအောင် ကြိုးစားကြပါ ခုခင်ဗျားတို့ ကို ကြည့်ရတာ တိုင်ရီအလုပ်သမားတွေ လောက်တောင် သတ္တိမရှိပဲ လေနဲ့ ဗုံးကြဲနေတဲ့ ခင်ဗျားတို့  ကိုယ့်နဖူးပေါ်ကိုယ်လက်တင်ပြီး စဉ်းစားကြ ငါဘာကောင်လဲလို့  ...
စောက်၇ူးလွန်းဆွေ ဆန်ကုန်မြေလေး မိုးသီးဆိုဒ်က ရောဂါဆန်းရေး မင်းက လိုက်အတုခိုးရေး စောက်လုပ်မရှိ အာချောင် အရိုရင်း အကျွင်းကျန်စားပြီး လိုက်ဟောင်တဲ့ကောင်လိုပဲ ကြာလေမုန်းလေ၊
ဒီတစ်ခါတော့ လေပေါလွဏ်းဆွေတို့ မှန်သွားပြန်ပြီ။ သွေးထွက်အောင်မှန်သွားပြန်ပြီ။ NLD & 8888 ကိုယ်တိုင် အားကြိုးမာန်တက်မလုပ်တာ ဗမာအချင်းချင်းမို့လို့လား။
ဒီမိုကရေ စီခေါင်းဆောင်များခင်ဗျာ ခွေးယောင်တိုင်း ထ မကြည့်ကြပါနဲ့ အိပ်ရေးပျက် ပါ့မယ်-ဒီလွမ်းဆွေဆိုတဲ့ကောင်က နံမယ်ကြီးချင်လို့ လိုက်ဟောင်နေတာပါ
သားငဆွေ မင်းမိဘတွေကဘယ်သူတွေလဲ။ မကောင်းမြင်စိတ်ဓါတ်ရှိတ၊ဲ့ ကုန်းချောတတ်တဲ့၊ သူများမိဘ၊ သားသမီးတွေကိုစော်ကားတတ်တဲ့ မင်းအတွက်သူတို့သိပ်ရှက်နေကြမှာ။ မင်းလျှာနဲ့ လက်မှာ မကြာခင်ကုမရတဲ့ရောဂါဆန်း ရလာတော့မယ်။
ခေါင်းဆောင်တွေထောင်ထဲမှာရှိမှလေးစား၊ လွတ်လာတော့ အားနဲချက်ကိုရှာ ပုတ်ခတ်၊ အတွေးနုနယ်တဲ့ ခလေးတွေအတွက် မင်းဟာသိပ်ကြောက်ဖို့ကောင်းတယ် ငဆွေ။
သားငဆွေ မင်းမိဘတွေကဘယ်သူတွေလဲ။ မကောင်းမြင်စိတ်ဓါတ်ရှိတ၊ဲ့ ကုန်းချောတတ်တဲ့၊ သူများမိဘ၊ သားသမီးတွေကိုစော်ကားတတ်တဲ့ မင်းအတွက်သူတို့သိပ်ရှက်နေကြမှာ။ မင်းလျှာနဲ့ လက်မှာ မကြာခင်ကုမရတဲ့ရောဂါဆန်း ရလာတော့မယ်။
ဒီ ငလွမ်းဆွေ ဆိုတဲ့ ခွေးကထ ဟောင်ပြန်ပြီ။ မင်းက အစိုးရက ဘက်ကကြီးတိုက်နေတယ်လို့ ပြောရအောင် KIA ကကော်ငြိမ်းချမ်းရေးကို လိုချင်ရဲ့လားလို့ သေသေချာချာ မေးမြန်းစမ်းစစ်ကြည်လိုက်အုံး။ အဲဒိ kIA ခေါင်းဆောင်တွေ အကုန်လုံး တယုတ်အထောက်အပံ နဲ့ ဇိမ်ရစ်နေကြတဲ ကောင်တွေကြီးပဲ။ သေချာကြည်ချင်ရင် Youtube မှာ KIA နဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ ရုပ်သံခွေရှိတယ်။ ငြိမ်းချမ်းရေးဆွေးနွေး နေတာ အစိုးရဘက်က ခေါင်းဆောင်က ဘာမှမဖြစ်ရဘူး KIA ကခေါင်းဆောင်တွေ ရုပ်တွေက မခန်လေးစားနဲ့။ ရိုသေရမယ်လို့ မဆိုလိုပါဘူး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှူ့တော့ရှိရမှာပေါ့။ အခုတော့မဟုတ်ပါ ဘူး စကားပြောပုံက စစ်ကရက်ကြီး ခဲပြီး မခန်လေးစားရုပ်နဲ။ ပြောရရင် အင်အားကြီးတဲ့ အစိုးရဘက်က လုပ်ရင်တောင် ဒီကောင်တွေ ကိုယ်ဘက်ကသာလို့ စောက်ဖင်ခေါင်းကျယ်တယ်လို့ ပြောလို့ ရသေးတယ်။ အခုတော့ ပြောင်ပြန်ကြီးဖြစ်လို့။ အဲဒီ စောက်ချိုးတွေနဲ့ ကတော့ ခင်းဗျားတာအစိုးရ ဘက်က ခေါင်းဆောင်နေရာမှာဆိုရင် သီးခံပြီး ဆက်ဆွေးနွေးမလား ဆိုတာသိချင် စမ်းပါဘိ။
ဒေါက်တာ လွဏ်းဆွေ ခင်ဗျားက ဒီလိုဝေဖန်ရအောင် ခင်ဗျားပထွေး KIA တွေအကြောင်း ခင်ဗျားဘယ်လောက်သိလို့ လဲဗျ ၊ ကိုယ်အသေအချာမသိတဲ့ဟာကို ဆရာကြီးလိုလိုလာမလုပ်ပါနဲ့ ၊ ကျုပ်တို့ ကိုခင်ဗျားလောက် မသိဘူးမတတ်ဘူးလို့  မထင်ပါနဲ့ ဗျာ၊ KIA တွေက အခုလောလောဆယ် လူစိတ်ပျောက်နေကြလို့  ခင်ဗျားတတ်နိုင်ရင် သူတို့ ကို လူစိတ်လေး ပြန်သွင်းပေးလိုက်ပါအုံး၊ ပြီးတော့မှ ခင်ဗျားပြောတဲ့ ငြိမ်းချမ်းရေးကို ဆက် ဆွေးနွေးကြရအောင်။
your father u lun maung is not like that..may b you are spy...
Post a Comment