Tuesday, May 1, 2012

ခပ်ညံ့ညံ့ ရာသီဘွဲ့

ခပ်ညံ့ညံ့ ရာသီဘွဲ့
အောင်ခိုင်မြတ်

ဥသြတွေကတော့
ရွှေတွဲလဲ ငွေတွဲလဲ မိသားစုလို
စိတ်ချမ်းသာနေကြမပေါ့။

အရိုးပေါ်အရေတင် သစ်ပင်တွေခမျာသာ
လျှပ်ပေါ်လော်လီ နိုက်ကလပ်မယ်တို့
ငွေစ၊ ကြေးစကို မီးကုန်ယမ်းကုန် မျှော်လင့်သလို
လေပြေညင်းကို မျှော်လင့်ကြ။

ထိုနည်းလည်းကောင်း
ချွေးတရွှဲရွှဲ တောင်တန်းတွေကလည်း
ကုန်းပေါ်ရောက် ရေမြွေလို
ပျော့ခွေ၊ တွန့်လိမ် အရေခွံလဲဖို့ အားပြင်ကြ။

နွေရာသီလေ
စိတ်ထားမှန်သူ စမ်းချောင်းလေးကိုတောင်
ရေ၀တ်လည်း ချိုးသေး
နေလှန်းလည်း ထားခဲ့သေးရဲ့။ ။

အောင်ခိုင်မြတ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၇ ခုနှစ်)

No comments: