Monday, April 30, 2012

NLD ခေါင်းဆောင်များသို့ မေတ္တာရပ်ခံချက်

ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေ
(NLD ခေါင်းဆောင်များသို့ မေတ္တာရပ်ခံချက်)

‘ရရင်ရ မရရင်နေ’ ဆိုတဲ့ NLD ရဲ့ လက်သုံးမူအတိုင်း ကျမ်းကျိန်စာသားပြင်ဆင်ရေး တောင်းဆိုလို့ မရတဲ့အဆုံး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဒီလိုပဲဖြစ်လာမယ်လို့ မျှော်လင့်ပြီးသားမို့ ထူးပြီး မအံ့သြမိပါ။

“အလျှော့ပေးတယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်” လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလျှော့ပေးတာလား၊ မရှက်တတ်တာလား၊ လေးဘက်ထောက်တာလား ကျနော့်အနေနဲ့ စိတ်မ၀င်စားရိုးအမှန်ပါ။

ဒါပေမယ့် ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ကျင့်သုံးနေတာ ဒီတကြိမ် နောက်ဆုံးဖြစ်ပါစေလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ခေါင်းဆောင်တွေ မျက်နှာပူရကောင်းမှန်းမသိဘဲ အကြိမ်ကြိမ် ဆက်ကျင့်သုံးနေရင် ကြာလာတာနဲ့အမျှ ကြံ့ဖွတ်ကလည်း ဟား၊ ပြည်သူကလည်း မလေးစား ဆိုတာမျိုး ဖြစ်လာပြီး လွှတ်တော်တွင်းမှာ ရှေ့ဆက်အလုပ်လုပ်ရ သိပ်ခက်သွားမှာကို စိုးလို့ပါ။

နောက်တခုက NLD တောင်းလိုက် မရလိုက်နဲ့ အခုလို မကြာခဏ အရှက်တကွဲ အကျိုးနည်းဖြစ်နေရခြင်းဟာ NLD ကို မျက်စိစုံမှိတ် တခဲနက် ထောက်ခံအားပေးတဲ့ ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေတယ်လို့ ခံစားရလို့ပါ။

ဒါကြောင့် နောင်မှာ “ရရင်ရ မရရင်ချ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းမူအတိုင်း လုပ်နိုင်လုပ်ရဲမယ့် plan ရှိမှသာ တောင်းဆိုတဲ့အလုပ်ကို လုပ်ကြပါလို့ NLD ခေါင်းဆောင်တွေကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် မေတ္တာရပ်ခံလိုက်ရပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

101 comments:

kyawhtun said...

ခင်ဗျာ က နယ်စပ်မှာနေပြီး ကြီးကြီးကျယ်ကျယ်လျှောက်ပြောမနေနှင့် ခင်ဗျာ တကယ် ကို တိုင်းပြည်နှင့် ပြည်သူ စေတနာရှိတယ်ဆိုလျှင် ခင်ဗျာ ကိုယ်တိုင် ကွင်းထဲ ကိုဆင်းကြည့် တချိန်ကလည်း ဘာမှ မလုပ်ခဲ့ဘူး ။ အခုလည်း ဘေးက ထိုင်ပြီး ဝေဖန်မနေနှင့် ကိုယ် တိုင်ဝင်လုပ်ပါ။ ဆရာမ စင်သီတာ ကောင်း လူဖြစ်နေတာ ။ လျှောက်ပြောမနေနှင့်

kyawhtun said...

ခင်ဗျာ အနေနှင့် NLD က ခေါင်ဆောင်တွေကို မပြော ကျုပ်လို ကောင် နှင့် နိုင်ငံရေး အရ ဆွေးနွေးလို့ ရတယ် ကြိုက်တဲ့ ဖုန်းခေါ်ဆွေးနွေးလို့ ရတယ်

kyawhtun said...

ခင်ဗျာ က နယ်စပ်မှာနေပြီး ကြီးကြီးကျယ်ကျယ်လျှောက်ပြောမနေနှင့် ခင်ဗျာ တကယ် ကို တိုင်းပြည်နှင့် ပြည်သူ စေတနာရှိတယ်ဆိုလျှင် ခင်ဗျာ ကိုယ်တိုင် ကွင်းထဲ ကိုဆင်းကြည့် တချိန်ကလည်း ဘာမှ မလုပ်ခဲ့ဘူး ။ အခုလည်း ဘေးက ထိုင်ပြီး ဝေဖန်မနေနှင့် ကိုယ် တိုင်ဝင်လုပ်ပါ။ ဆရာမ စင်သီတာ ကောင်း လူဖြစ်နေတာ ။ လျှောက်ပြောမနေနှင့်

utopia said...

အပြုသဘောဆောင်အကြံပေးလဲ ...အမေ့ထမိန်ခြုံတွေက ဂီးဂီး..ဂဲဂဲ.....ဟာသပဲ..ငါ့လူတို့ရေ...ဒေါ်စုလုပ်သမျှအကုန်မှန်ပါပေတယ်....အဟက်အဟက်

Mother said...

မောင်မင်းကြီးသားမောင်လွဏ်းဆွေ...
NLD ကိုယ်စားပြုကိုယ်စားလှယ်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါစာသားအသုံးအနှုန်း
ပြင်ဆင်ချက်နဲ့ပါတ်သက်ပြီး အလျော့ပေးချက်၊လေးဘက်ထောက်တာတွေ စတာတွေကိုစိတ်မဝင်စားဘူးဆိုရင်လည်း
ဘာလို့များနောက်ဆုံးအကြိမ်ဆိုပြီး
မေတ္တာရပ်ခံတာတို့လုပ်နေတာလဲ။
သူတို့ထက် နိုင်ငံရေးနည်းဗျူဟာနဲ့ ဦးတည်ချက်မ ဟာဗျူဟာတွေနားလည်တတ်ကျွမ်းတယ်ဆိုရင်လည်း
မောင်မင်းကြီးသားရဲ့ အကြံလေးပြုပေါ့။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရရင်ရ..မရရင်ချဆိုတဲ့မူကလည်းတိုက်ပွဲတစ်ခုအတွက်သုံးတဲ့ နည်းဗျူဟာအဆင့်
တစ်ခုသာဖြစ်တယ်။ အဲဒီလိုမူကို လက်ကိုင်ပြီး ၁၉၈၈ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးစတုန်းကတည်းက..တစ်ချို့လူငယ်တွေတောခိုကြ၊လက်နက်ကိုင်တိုက်
လုပ်လာခဲ့တာ..အောင်မြင်မှုဘယ်လိုရခဲ့ကြသလဲ။
နောက်ဆုံးတော့ ခေါင်းဆောင်တွေအားလုံးကအစ တတိယနိုင်ငံတွေမှာဒုက္ခသည်ဘဝတွေနဲ့နည်းမျိုးစုံနဲ့
ခိုလှုံနေကြရတာဘဲမဟုတ်လား။
မောင်မင်းကြီးသားမောင်လွမ်းဆွေက အဲဒီမူကိုတရားသေစွဲကိုင်ထားချင်တယ်ဆိုရင်လည်းဘာလို့များ ထိုင်း-မြန်မာနယ်စပ်မြို့လေးတစ်ခုဖြစ်တဲ့ မဲဆောက်မြို့မှာနေပြီး.ဘလော့လေးနဲ့ဘဲသတ္တိပြနေတာလဲ။ တောခိုချင်ခို၊မြန်မာပြည်ထဲပြန်ဝင်ပြီး နေပြည်တော် လွှတ်တော်ရှေ့မှာသွားတောင်းဆိုပေါ့။
ဒါမှမဟုတ်...၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက
ဝင်ရောက်အရွေးခံပြီး..ရွေးကောက်ခံရရင်
မောင်လွမ်းဆွေလိုချင်တဲ့၊လုပ်ချင်တဲ့နည်းလမ်းကိုရွေး
ချယ်ပေါ့။
ပြည်သူကဘာမှမဖြစ်ပါ။မောင်လွမ်းဆွေသာစိတ်ကြီးဝင်
ပြီးစစ်သူကြီးတစ်ပိုင်း၊ပုဆိုးခြူံထဲကလက်သီးပြသူ
တစ်ပိုင်းဖြစ်နေတာပါ။

အမေ
(၃၀.၀၄.၂၀၁၂)

Nga Sanay said...

ပြည်ပရောက်နေတဲ့ သူတွေကို ဘလိုင်းဋ္ဌကီး စည်းခြားပြီး ခဏခဏ ဆဲလွန်းလို. ပြန်ရေးပါရစေ။

၁။ ကိုယ့်တိုင်းပြည်အဋ္ဌေကာင်း မတွေးရင် စိတ်ချမ်းသာတယ်။ သန်.ရှင်းတဲ့ ငွေနဲ. တနေ.အသားဟင်းနှစ်မျိုးနဲ. ကောင်းကောင်းစားနေလို.ရတယ်။
၂။ ဥပဒေအတိုင်းလိုက်နာရင်၊ ဘယ်ကောင့်ကိုမှ ဖါးနေစရာ၊ ဋ္ဌေကာက်နေစရာမလိုဘူး။ လက်ဝေခံလုပ်စရာမလိုဘူး။ ကလိန်ကကျစ်ကျစရာ မလိုဘူး။
၃။ မနေနိုင်ဘဲ ကိုယ့်တိုင်းပြည်အရေးဝင်ပြော၊ ကိုယ့်လုပ်အားနဲ. တရားသဖြင့်ရှာထားတဲ့ ဒေါ်လာနဲ. ပြည်တွင်းကို ထောက်ပံ့နေတယ်ဆိုတာ တိုင်းပြည်အပေါ် သံယောဇဉ်ဋ္ဌကီးလွန်းလို. မှတ်ပါ။
၎။ ပြည်ပမှာ လူတွေ အမျိုးမျိုးရှိတယ်။ တိုင်းပြည်အရေးကို စိတ်မ၀င်စားဘဲ၊ စီးပွားရေးနဲ. မိသားစုအရေးသာ စိတ်ဝင်စားတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော လူတန်းစားတွေက အများစု။ ပြည်တွင်းကို ပြည်လယ်ပြီး၊ အခွင့်အရေးရဘို. ဘယ်သူဘောကိုဘဲမရ၊ မဘို. အစဉ်သင့် ရှိနေသူတွေက ဒုနဲ.ဒေး။ ဂုဏ်ပကာသနတွေနဲ. နံမည်ဋ္ဌကီးသူတွေရဲ့ နောက်ကိုလိုက်။ ပိုက်ဆံချမ်းသာတဲ့ လူတွေကို အထင်ဋ္ဌကီးတတ်တဲ့ အဆံချောင်တွေ ရိုက်သတ်လို. မကုန်ဘူး။
၅။ အဲဒီ ရုပ်ပျက်ဆင်းပျက်တွေဋ္ဌကားက ဋ္ဌကံ့ဋ္ဌကံ့ခံပြီး တိုင်းပြည်အတွက် ယုံဋ္ဌကည်ရာကို လုပ်နေတဲ့သူတွေကို ဘာလို. ဒီလောက်မုန်းတာလည်း။ ဒီနေ.ထိ ကိုယ့်မူပေါ်မှာ မားမားရပ်ပြီး နေနေဆဲပါ။ တော်လှန်ရေးကို သစ္စာရှိဆဲပါ။
၆။ မေးပါရစေ။ မနာလိုလို.လား။ ခင်ဗျားတို.ထက် အဋ္ဌကားအမြင် ဗဟုသုတတွေသာ နေလို.လား။ အဲဒါမဟုတ်ဘူးဆိုရင် ဘာတွေလည်းလို. မေးပါရစေ။
ရ။ တခုတော့ ရှိတယ်။ သူများယောင်တိုင်း လိုက်မယောင်နိုင်ဘူ။ နားတွေမျက်စိတွေ ရှိတယ်။ လေ့လာတယ်။ မျက်စိစုံမှိတ်ပြီးတော့ မထောက်ခံနိုင်ဘူး။
၈၊ ခင်ဗျားတို. လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရအောင် တိုက်နေပြီးတော့၊ ကိုယ်နဲ.သဘောထား မတိုက်ဆိုင်တဲ့သူတွေကို ဆဲနေတာဟာ မှန်ရဲ့လားလို. ကိုယ့်ကိုကိုယ် ပြန်မေးဋ္ဌကပါ။
၉။ မြင်းစီးပြီး အထီးအမလားထက်၊ နွားသိုးဋ္ဌကီးကို မြင်းထင်ပြီး မှားစီးမှ ပိုဆိုးမယ်။
၁၀။ ဒီမိုကရေစီဆိုတာ ဘယ်လိုလည်း၊ သူများတိုင်းပြည်တွေမှာ ဘယ်လို ကျင့်သုံးနေလည်းဆိုတာ မျက်စိဖွင့်ဋ္ဌကည့်ပါ။ သိသလိုလိုနဲ. တတ်ယောင်ကား မလုပ်ပါနဲ.။
ကိုယ့်ကိုကိုယ် မှန်ထဲပြန်ဋ္ဌကည့်ဋ္ဌကည့်ပါ။

ဒါပါဘဲ။
ငစနေ

Mrxx said...

I am amazed Dr Lunswe has such a narrow minded opinion.

Nga Sanay said...

alex ဆိုသူသို.
ဆရာ လွမ်းဆွေနှင့် ဘာမှ မပတ်သက်ပါ။
သို.ပေမဲ့ ခင်ဗျားတို. အားတိုင်းယားတိုင်း ဒေါ်စုကိုထိရင် ဘလိုင်းဆဲတတ်ဋ္ဌကတယ်။
လေးလေးနက်နက်ရေးတဲ့ စာတွေ ဒီဘလော့ပေါ်မှာ ဖတ်ရတတ်ပါတယ်။ ဘယ်သူမှ စိတ်မ၀င်စားဘူး။ အဲ ဒေါ်စုကို ဝေဖန်ရင်တော့ တက်ဆဲတတ်ဋ္ဌကတယ်။ ဒီအဆင့်ဘဲရှိတယ်လို. မှတ်ရမလို ဖြစ်နေပြီ။

စိတ်မရှိပါနဲ.။ ပြောပါရစေး
ဘိုလိုရေးပြီးရင် သတ်ပုံ (Spelling) ပြန်စစ်ပါ။ ကျုပ်တို.လည်း နိုင်ငံခြားမှာ နေပေမဲ့ ဘိုလိုရေးရင် ငပိနံ့တင်မကဘူး။ ဒညင်းသီး ဆားရည်စိမ်နံ့ပါထွက်တယ်။ အမြဲ သတ်ပုံပြန်စစ်ရတယ်။
သူများကို ဆဲချင်ဇောနဲ. သတ်ပုံတွေမှားနေတယ်။ ဥပမာ famas??
ကျနော် မဆဲပါ။ အရှက်မခွဲပါ။
လေးစားစွာဖြင့်
ငစနေ

newyork said...

Dr lun shwe,

I m ur audience. I read ur web site everyday. Honestly, I don't like the way ur writing. It's showing that ur not professional and optimistic person. Pls be professional and optimistic. Otherwise, pls shut up..and wash ur big mouth.

Tomahawk said...

Lun Swe like to be cursed in public, he really does.
No wonder,why did he write like this?
Anybody think,is there any other better opposition party than NLD in Burma?
We all must put huge pressure and curse on "Regimes" not NLD,OK?
We all must support and get behind NLD if you are willing to see changes and freedom.

koyin said...

နေပါအုန်းဒေါက်တာကြီးးးးးးးးးခင်များနိုင်ငံတော်အတွက်ဘာများလောက်လောက်လားလားလုပ်ခဲ့ဘူးလို့လဲ၊လူဆိုတာရှက်တတ်ရတယ်ဗျ။ဒေါက်တာကြီးနဲ့အမေဒေါ်စုကနှိုင်းယှဉ်စရာ၊ထောက်ပြစရာကိုမရှိတာတော့သေချာတယ်ဗျ၊သူ့လိုခင်များလုပ်ခဲ့ဘူးတယ်ဆိုရင်တော့ကျနော်တို့ကစဉ်းစားပေးမယ်၊ဒေါက်တာဆိုတော့ပိုသိနေမလားပဲ၊ဘာကိုဆိုလိုတာလဲသိတယ်မှတ်လား....ဒူးနေရာဒူး၊တော်နေရာတော်တဲ့၊ခင်များအမေစုကိုဝေဖန်ဖို့အတွက်တန်းမညီသေးဘူးဗျ၊ကြိုးစားလိုက်အုန်းဒေါက်တာကြီးးးးးးးးး

koyin said...

ကျနော်ကအမြဲတန်းခင်များရဲ့ဘလောဂ့်မှာဝင်ဖတ်နေတဲ့သူပါ၊နေ့တိုင်းပဲ၊လေးစားလို့၊ဒေါက်တာလေခင်များက၊ခင်များလောက်တော့ကျနော်ကပညာမတတ်ဖူးဗျ၊ဒါပေမဲ့မဟုတ်ရင်မခံချင်တဲ့စိတ်တော့ရှိတယ်၊ခင်များကများအမေစုကိုရာရာစစ၊တန်းတူလို့လားဒေါက်တာကြီး၊ရှက်တတ်ရင်ပေါ့နော်၊နောင်ဘယ်သောအခါမှခင်များဆိုက်ကိုမဖတ်တော့ပါ၊ခင်များကိုရွံလွန်းလို့ဗျာ၊ညစ်သွားမယ်၊ဘာဒေါက်တာလဲ၊

La said...

NLD ၏ ထမိန်ခြုံ ပြည်သူ့  ဆန္ဒမှာ အရှက်တရား ဆိုတာ မပါတာ ကြာပြီ ဖြစ်ပါကြောင်း

ko peace said...

Dr Lun Swe
I visited your web more than one time everyday. I like almost every one.
But what you wrote today regard to this NLD's decision to attend the Senate, I think you have gone too far with your opinion.
People are right about NLD by saying either way, good or bad leadership. that is the way regime play and NLD has been maintaining their ground with the defensive way.
Should we blame the people who run away from Country instead of staying inside and fight for freedom? You know how to die for freedom and how to live for freedom too.
NLD does not have many options. They always choose to fight though.But they know who their enemy are and who are backing up them ,(like China.)If China is not interested, you better find different strategy.
NLD made a thinking loud method and take the opinions of others. I think it is a good leadership. When things did not work, you have to change instead of stubborn. I hope there will have a time, one day NLD able to say what they really mean.
Now I don't see as their fault but I see of those who do not keep their word. As long as govt did not have a good intention for changing, there will be like this again.
So even NLD can not keep their promise in the senate, I will not blame on them. We know that there is not much chance. But that is what we want to see how far they can move.
Daw Suu did not favor to go for street fight with people power.she knows for sure she will be the first one to be kept house arrest again.
I support for their courage to keep going regardless of hardships.
It is not fair to expect too much from anyone who is struggle with the regime games and risking their freedom.
I think your article and the choice of the picture of Daw Suu is a big way of humiliating her like she did not know what she is doing.
Many people support her not that she is superwoman but she is the only hope for Burma freedom.People know that different.
Hope make people alive. If there is no hope, then no one want to live.
Hope bring Faith. People have faith in her.
Faith bring the miracle.
Faith bring the victory.
You never know by which way people will get freedom from oppression.

Unknown said...

ဒေါ်စု ကောင်းတယ် ထင်ရင်ဆက်သာ လုပ်
အားပေးတယ် ခြံအပြင်ဘက်က လှမ်းဟောင်နေတဲ့
ကောင်တွေ ဂရုမစိုက်နဲ့ သူတို့အလုပ်က ဟောင်ရုံပဲ
မကိုက်နိုင်ဘူး

Anonymous said...

ဒေါက်တာလွဏ်းဆွေပြောတာထောက်ခံတယ်။ရန်ကုန်မှာနေတဲ့သူတွေတောင်သဘောပေါက်နေပြီ။ဒေါ်စုကဦးဥာဏ်ဝင်းတို့မြှောက်ပေးတိုင်းလုပ်ရင်အရှက်ကကွဲနေတယ်။အပြောနဲ့လုပ်တာမညီတာတွေလဲများပြီနော်။ပြောချင်တယ်ဗျာ-
ဝက်ဖြစ်မှတော့မစင်ကြောက်မနေနဲ့။

Unknown said...

အကြံပေးချင်တဲ့ အမတ်မင်းတို့ တကယ်အကြံပေး ချင်တယ်ဆို လွှတ်တော်ထဲရောက်အောင်လုပ်
လေထဲမှာ အကြံပေးရေးနေလို့ကတော့ တကယ်အ လုပ်လုပ်နေသူတွေက ဖတ်မှာမဟုတ်ဘူး ဆဲမည့်သူ တွေက ပဲ ဖတ်မှာ ဒေါက်ချာလုံးပေ ဆိုတဲ့သူ မြန်မာ
ပြည်လာပြီးဆေးကုပါလား အရေမရအဖတ်မရ အလုပ်တွေလုပ်ပြီး ဘာကြောင့်အချိန်ဖြုန်းနေသလဲ ၊

Canada Myanmar Group said...

ဒေါ်စု သာ လွတ်တော်ထဲကို မ၀င်ပဲနှင့် အပြင်ကနေပဲအရင်
လို လူစုအော်နေယုံနှင့် ဘာဆက်ဖြစ်လာမလဲ စဉ်းစား
ကြည့် ပါ ၊ ရရင်ရ မရ ရင် နေဆိုတာထက် ရတာယူထား
မယ်ဆိုတာ နိုင်ငံရေးနည်းဗျူဟာ တစ်ရပ် ( မဟာဗျူဟာမ
ဟုတ်လျှင်တောင်မှ ) လို့ နားလည်မပေးနိုင်ဘူးလား ခင်
ဗျားတို့ သူထက်လုပ်နိုင်တယ်လို့ ယုံကြည်ပါသလား ၊ အ
ခြား ဒီထက်ကောင်းထက် လက်တွေကြတဲ့ လမ်းတွေ တင်
ပြနိုင်ပါသလား ၊ နာမည်ကြီးချင်လျှင်နာမြည်ကြီးပြီးသားသူ
ကို ဝေဖန် တာ အလွယ်ဆုံးပဲဆိုပြီးဖြတ်လမ်းမလိုက်ကြဖို့ 
လိုပါတယ်၊ လက်ဝှေ့ ထိုးပွဲတွေမှာတောင် ၀ိတ်တန်းမတူ
လျှင် ဒိုင်တွေက ယှဉ်ပြိုင် ထိုး ခွင့် ပြုလေ့ မရှိပါဘူး ၊ တမျိုးသားလုံး ဆင်းရဲတွင်းနက်နေတာ ၊ နောက်ကျကျန်နေတာတွေကိုတွေးပြီး စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ပြောဆိုရေးသားရမယ့် 
အချိန် ကာလ တခုဖြစ်ပါတယ် လို့ ပြောချင်ပါတယ်

charlie said...

သိတာကတော့ငစနေဆိုတဲ့ငတိစာရေးပေါက်ကတော့
ရိုဟင်ဂျာစတိုင်ပဲဗျာ၊အရင်လိမ်လာတဲ့သူတွေကိုနောက်
လာတဲ့သူကထပ်လိမ်တော့ဘယ်ရမလဲပြသနာတက်
တော့တာပေါ့ဗျ၊သတိတော့ထားဗျို့အခန့်မသင့်ရင်
"ဆိုင်ကလယ်နှစီးအပလိုင်စီးနဲ့တိုးနေမယ်နော်၊မေတ္တာ
ရေအလျှင်မှာတောင်း၊ရောင်းစားတို့ခေါင်းမဝင်ကြမိစေ
နဲ့၊ကံကောင်းနဲ့ပေါင်းတိုင်းကံကောင်းမယ်ထင်ရင်
တော့မှားမယ်၊နောက်တခုကတော့၊ပြည်ပမှာရောက်နေ
ကြတဲ့သူတွေထဲမှာလဲ၊စီးပွါးရေး၊ပညာရေး၊ဘာသာရေး
နိုင်ငံရေး၊အခွင့်အလမ်း၊အဆင့်အတန်း၊တူညီမှု၊လွပ်
လပ်မှုတွေအတွက်၊စွန့်စားလမ်းဖေါက်ပြီးအခွင့်ကြု
ံပါကအမိနိုင်ငံအတွက်အကျိုးပြုရန်အဆင်သင့်ဖြစ်နေ
ကြသူတွေအများကြီးရှိပါတယ်၊ကိုယ်ကိုတိုင်ကလမ်း
မဖေါက်နိုင်လို့ဖေါက်ရတဲ့အကြောင်းကိုမကြည့်ကြ
ပဲအကျိုး၊အပြစ်ကိုပဲလက်ညိုးထိုးတတ်တာကတော့
ဘယ်သူရဲ့အာဘော်တွေလဲဆိုတာ၊ကြည့်သောသူ
တွေမြင်မှာပါ၊ဟိုးတချိန(်မဆလ)အစိုးရလက်ထက်
ကဝါဒဖြန့်သလိုပေါ့ဗျာ၊ဒီမြေမှာမွေး၊ဒီရေကိုသောက်၊
ဒီနိုင်ငံတော်ကပညာတွေသင်ပေးပြီး၊ခြေစုန်ကန်သွား
တယ်တို့ဘာညာပေါ့ဗျာ၊ရိုးပါ့ဗျာ၊ဘယ်မှာလဲကျုပ်တို့ရဲ့
အချိန်တွေ၊ငွေတွေ၊စိတ်ပိုင်းဆိုင်ရာ၊ပေးဆပ်မှုတွေ၊မူ
လတန်းမှာတောင်အမိုးယို၊မီးသီးကျွှန်းတာကအစ
ပေးနေရတဲ့ပညာရေးစနစ်ကြီးနဲ့တိုင်းပြည်ကိုဘယ်
လိုထူထောင်ချင်လို့လဲ၊ကိုဇာဂနာအမေရိကားလာ
တုန်းကပြောတဲ့စကားကြားမှာပါ၊ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့
အတွက်ဒီကပိုပြီးတတ်ကြွမ်းတဲ့လူတွေနဲ့လာတွေ့
အကူအညီတောင်းတာပါတဲ့၊မဟုတ်ရင်ဗိုလ်ချုပ်ကို
ထပ်သတ်သလိုဖြစ်မှာစိုးလို့တဲ့၊ကျုပ်တို့ဒီဂရီတွေ
ဘာတွေမရှိပါ၊သို့ပေသည့်တကယ့်အမျိုးချစ်တဲ့၊ရောက်တဲ့နေရာမှာနီးစပ်ရာအသိုင်းအဝိုင်းအတွက်
အကျိုးပြုနေကြတဲ့၊လူတွေကို၊ပရောဂျက်တွေအဖြစ်
မမြင်ကြတဲ့လူတွေပြည်ပမှာအများကြီးပါဗျာ၊အားလုံး
ကိုဝါးလုံးရှည်နဲ့သိမ်းပြီးရမ်းတာကတော့၊အပေါ်ကပြော
ခဲ့တဲ့(မဆလ)ခေတ်ကဝါဒဖြန့်သကဲ့သို့ဖြစ်နေကြောင်း
တင်ပြလိုက်ပါသည်။

Timmy Dream said...

ပြည်သူ နှင့် ဒေါ်စုကို ရန်လှည် တိုက်ပေးတဲ့ ခင်ဗျားရဲ့ လုပ်
ရပ် ကို ခုမှပဲ ထင်ရှားစွာတွေ့ လိုက်ရပါတယ် ၊ ဒေါ်စုကိုဝေ
ဖန်တာနှင့် မျက်စေ့ မိတ်ပြီးထထ ဆဲတာမဟုတ်ပါဘူး
ကျုပ်တို့ ခင်ဗျားတို့ အားလုံးဝိုင်းဝန်းလုပ်ခဲ့ ကြပြီးပြီရသ
လား ၊ သူ့ ကို အစားထို့ ဖို့ ခေါင်းဆောင် နောက်တစ်
ယောက်တွေ့ ထားလား ပြောကြည့် ကြပါ ၊ ကို ယ်ကိုကိုယ်
ခင်ဗျားတို့ ကဘာမှတ်နေလဲ
အရက်သမားပါးစပ်က နတ်စကားထွက်ဆိုတာဒါမျိုးပဲ

ဒါ ခင်ဗျားဘလောက်ကို လာတာ နောက်ဆုံးပဲ

Anonymous said...

အမေစုနဲ့ NLD ကိုထိလို့ ၀ိုင်းအူကုန်ကြပြီ ကိုလွဏ်းဆွေရေ...တခါတခါ ခင်ဗျားရေးတာတွေကို သိပ်လက်မခံခြင်ပေမယ့် အပြုသဘောဝေဖန်တာမို့လို့ နားလည်ပါတယ်။ NLD တွေနဲ့ထောက်ခံသူတွေကတော့ထားလိုက်ပါတော့ဗျာ....တော်တော်များများမှာ ဝေဖန်သုံးသပ်နိုင်တဲ့ဦးနှောက်မရှိ ကြဘူး အမေစုကိုမထိနဲ့ဆိုမှတော့သွားပြီပေါ့..အခုလဲ ကြိုက်သလောက်ဆဲလို့ရပါတယ် ဘယ်သူက ဘယ်လိုအဆင့်အတန်းက ပေါက်ဖွားလာတယ်ဆိုတာ ဖော် ပြပြီးသားဖြစ်သွားတာပေါ့။

ko hlaing said...

ဒေါက်တာလင့်ဆရာကြီး ........အခြေအနေနဲ. အချိန်အခါကို နားလည်သဘောပေါက်တဲ့ ဆရာကြီးရဲ. ဥာဏ်ရည်ဥာဏ်သွေးကို လေးစားတယ်ဗျာ......တိုင်းပြည်ရဲ. အရေးကြီးတဲ့ အချိန်မှာ ဆရာကြီးရဲ. ဦးဆောင်ဦးရွက်မူနောက်ကို လိုက်နာဆောင်ရွက်ပါရစေ... ပြည်သူတွေကို ဂရုနာထောက်ထားသောအားဖြင့် ပြည်တော်ပြန်ခဲ့ပြီး ဆရာကြီးကိုင်စွဲတဲ့ လမ်းစဉ်အတိုင်း ရရင်ရ မရရင် ချကြပါစို.

Anonymous said...

မေမေစု နေသူတွေကိုကျနော်တခုပဲမေးလိုပါတယ်....

ဒီမိုကရေစီစံနှုံးနဲ့မကိုင်ညီတာတွေပြင်ရမယ် ဆိုပြီး ၂၅% စစ်တပ်ကိုယ်စားလှယ်တွေလို့ပြောသွားတယ်နော် (မငြင်းကြနဲ့ you tube မှာတင်ထားတယ်)

၂၅% ကိုဖယ်ရှားရမယ်လို့ ကျမဘယ်တုန်းကမှ မပြောခဲ့ ပါဘူးဆိုပြီးပြန်ငြင်းသွားတာကကော.....

ဘာလို့ရှေ့နောက်မညီတာလဲ...

မေမေစုဆိုပြီ ထမီဆွဲနေသူတွေ ဘာမှမမြင်ကြပါလား

8888 gold fingers said...

မောင်လွန်းဆွေ မင်းရေးတာသိတ်ပျော့ လွန်းနေသည်၊ အမျိုးသားခေါင်းဆောင် တယောက်ဆိုပြီး..လမ်းဘေးကဆိုက်ကား သမားခေါ် လာတဲ့ မိန်းမပျက်အဆင့် သာ သာနဲ့  လုပ်နေ၏၊ ဒီမိန်းမခုမှဇာ တိယုတ်ပြတာ..သူကိုယ်တိုင် လူထုဦးေ ဆာင်ပြီး စစ်တပ်ကိုဆန့်  ကျင်ခဲ့တာ ရှိပါသလား??တချိန်လုံးပါတီ စည်းရုံးရေး ခရီးသာထွက်နေတာ..စုဖျက်မှပြည်ပျက်မည်။

Ko Ko said...

Hi Ko Lun Swe, she is only our hope to break down the dictatorship.
Please remember she is only (only) person for Myanmar Future!

ahmaysuduugoung said...

Dr Lun Swe
I somewhat disagreed with you.
But,I admired your courage to speak
out what you believe.We all need to
learn how to agree to disagree.

8888 gold fingers said...

နတ်ကတော်..ဟာ..နတ်ကတော်ပါဘဲ..

Unknown said...

Dr lun Swe က အားမလို အားမရနဲ့ ပါလား။ တစ်ခုရှိတာက NLD ဆိုတာ အစိုးရ မဟုတ်တော့ ကိုယ်လုပ်ချင်တိုင်း လုပ်လို့  မရဘူးလေ။ ဒီတော့ သူတို့  ခင်းတဲ့လမ်းပေါ်ကို နင်းပြီးမှ ကိုယ်လိုချင်တဲ့ဘက်ကို ဖြည်းဖြည်းချင်း ဆွဲယူရမယ့် အခြေအနေလိုမျိုး ဖြစ်နေတယ်။ အခုလို NLD လွတ်တော်ထဲ ၀င်မယ် ကြားတော့ မှ သာမန်အရပ်သား တစ်ယောက်အနေနဲ့ ကတော့ အခုမှ ရင်ပေါ့သွားတော့တယ်။ တိုင်းပြည်ကြီး မြန်မြန်ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်ပါစေ။
ကိုလမိုး

Patriots said...

မပြောတော့ဘူး...ထိလို့ကိုမရတာ...ဟက်ဟက်....ရမလားလို့လုပ်ကြည့်တာ..ဟိုရှေနေမြှောက်ပေးတိုင်း အဟုတ်ထင် လိုက်လုပ်..အရှက့်ကွဲ..အမှတ်မရှိ..ထပ်လုပ်..စောက်ရှက်ထပ်ကွဲ...ထိရင်လဲမကြိုက်ကျဘူး..ဟုတ်လားဆိုလဲ..ဟုတ်ဘူး..ခုလွှတ်တော်က သူမပါလဲ နိုင်ငံတုးတက်လာနေတယ်ဆိုတာ ငြင်းချင်သေးလား..စောင်ကြည့်ပါဗျာ..parliament ရောက်ရင် ပြသနာတွေ စလာလိမ်မယ်။...အပြောပဲရှိပြီး လူထုကို ညာနေတဲ့ သမီးယုတ်...

Nai Candima said...

ဒေါက်တာလွမ်းဆွေရဲ့ အရေးအသားတွေ သူ့ရဲ့စဉ်းစားပုံတွေကို ဖတ်ရတာ သိပ်ပြီးမူမမှန်သလိုပဲ၊ သူ့ကိုအားပေးထောက်ခံသူတွေကိုလည်း တွေ့ရတယ်၊ သဘာဝပဲလေ၊ လူအမျိုးမျိုး စရိုက်အမျိုးမျိုး အကြိုက်အမျိုးမျိုးပါပဲပေါ့။

AT said...

သြော်- မာတော့လည်း မာရမလားဆိုပြီး ဆဲ။ ပျော့ပြန်တော့လည်း ပျော့ရမလားဆိုပြီး ဆဲနှင့် တရားကျစရာပါ။

winko said...

To Dr lun swe,
If you can't do anything for people,don't talk rubbish,A MAY SU is the only person for our country future, She know, what she do, So please see with positive view in future, thanks.whatever she do, we will always support A MAY SU,

winko said...

Whose son is patriots.I think your parent don't teach well, very low standard,

aung zin said...

ကိုလွဏ်ဆွေ ကိုယ်ကိုကိုယ်ပြန်သုံးသပ်ပါ....ဒေါ်စုက ခင်ဗျားအရွယ်မှာ ဘာတွေလုပ်နေလဲ ၊ အခုခင်ဗျား ဒီအသက်အရွယ်မှာ အများအကျိုးဘာတွေ လုပ်ခဲ့ဘူးလဲ အဆင့်တူမှ လက်ရည်တူမှယှဉ်ပါ ဆ၇ာအောင်းသင်းပြောတဲ့စကားလေး လက်ဆောင်ပေးမယ် သူတောင်းစားက သူတောင်းစားအချင်းချင်မနာလိုဖြင့်တယ် . ရှင်ဘု၇င်ကလည်း ဘု၇င်အချင်းချင်းမနာလိုဖြင့်တယ်းးးးအခုခင်ဗျားက သူတောင်းစားက ရှင်ဘု၇င်ကို မနာလိုဖြင့်နေတယ် ခက်တယ်ဗျာ

winko said...

To Dr lun swe,
If you can't do anything for people,don't talk rubbish,A MAY SU is the only person for our country future, She know, what she do, So please see with positive view in future, thanks.whatever she do, we will always support A MAY SU,

aung zin said...

ကိုလွဏ်ဆွေ ကိုယ်ကိုကိုယ်ပြန်သုံးသပ်ပါ....ဒေါ်စုက ခင်ဗျားအရွယ်မှာ ဘာတွေလုပ်နေလဲ ၊ အခုခင်ဗျား ဒီအသက်အရွယ်မှာ အများအကျိုးဘာတွေ လုပ်ခဲ့ဘူးလဲ အဆင့်တူမှ လက်ရည်တူမှယှဉ်ပါ ဆ၇ာအောင်းသင်းပြောတဲ့စကားလေး လက်ဆောင်ပေးမယ် သူတောင်းစားက သူတောင်းစားအချင်းချင်မနာလိုဖြင့်တယ် . ရှင်ဘု၇င်ကလည်း ဘု၇င်အချင်းချင်းမနာလိုဖြင့်တယ်းးးးအခုခင်ဗျားက သူတောင်းစားက ရှင်ဘု၇င်ကို မနာလိုဖြင့်နေတယ် ခက်တယ်ဗျာ

Unknown said...

လွဏ်းဆွေ မင်းသူများကိုဝေဖန်ပြီး မင်းကိုဝေဖန်တဲ့
စာတွေကိုတော့ ဘာကြောင့်ဖျက်ပြစ်သလဲ
သတ္တိရှိစမ်းပါ မင်းရဲ့ဖြုတ်ဥဏှောက်လေးနဲ့ ကလိမ်ကကျစ် စိတ်ဓါတ်ကိုသိတဲ့သူတွေကတော့
ဝေဖန်နေအုန်းမှာပဲ

SAW said...

ကိုယ်ပိုင်အယူအဆကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ကိုလွမ်းဆွေမှာ ရှိပါတယ်။ ဒါ့အတွက် ဘာမှ ပြောနေစရာမလိုပါ။ ကိုလွမ်းဆွေ နယ်စပ်မှာဘဲ နေနေ ဘယ်မှာနေနေ ဒေါက်တာလွမ်းဆွေ ဘလော့ကို အချိန်မှန် လာဖတ်ကျသူ အများကြီးပါ။ ဒီလိုလာဖတ်နိုင်ဖို့ ကို အချိန်မှန် လုပ်ဆောင်ပေးနေတဲ့ အတွက် ဒီမိုကရေစီအရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင်လုပ်ဆောင်ခဲ့တာတွေကို အသိအမှတ်ပြုပါတယ်။

နေဦး said...

ဒေါက်တာလွဏ်းဆွေ.. ခင်ဗျားစကားပြောတာ အောက်ပိုင်းကကို မထွက်ပါလား..အဖယုတ်တော့ ရုပ်ကြမ်းတယ်.. အမိယုတ်တော့ နုတ်ကြမ်းတယ် ဆိုတာမျိုးဖြစ်သွားမယ် သတိလည်းထားဦး.နိုင်ငံရေးလုပ်တာ losers တွေဆီက ပေါက်တတ်ကရ posts လေးတွေ စုပြီးကိုယ့်ဘလောက်ကို ကိုယ်တင်တာမဟုတ်ဘူး.. နိုင်ငံရေးလုပ်တာ အချက်အလက်မပြည့်စုံတဲ့အခါ မှားတာလည်း ရှိနိုင်တယ်.လက်တွေ့ကျဘို့ပဲလိုတယ်..strategic decision making.ကိုနားလည်ဘို့ game theory ကိုလေ့လာလိုက်ဦး.။ အချို့ကိတ်စတွေက ကိုယ့်ပရောဂသက်သက်မဟုတ်ပဲ အခြေအနေကြောင့်ဖြစ်သွားရတာတွေရှိတယ်.ဆိုတာ မမေ့နဲ့..ဘုရားတရားလည်းအားထုတ်.မေတာတရားလည်းပွားပေး.ယုတ်မာတာကို ထက်မြက်တယ်လို့ထင်မနေနဲ့ ..သမိုင်းနားလည်ချင်ရင် သမိုင်းထဲမှာပဲနေလေ့လာနေလို့မရဘူး သမိုင်းဖန်တီးတဲ့သူလည်းဖြစ်အောင်လုပ်.ကြည့်ဦး

san aung said...

မင်းတို့ပြောချင်ရာပြောကြ ဒါတွေကိုမှ လက်မခံနှိင်ရင် နှိင်ငံရေး မလုပ်ဘူး။ ဗျူဟာဆိုတာ လူတိုင်းတွေးလို့ ရနှိင်သည့် အရာမဟုတ်။ဒါဟာ နှိင်ငံရေးသာဖြစ်တယ်။ ပြဇတ် တစ်ပုဒ် မဟုတ်သလို ပြဇတ်လိုလည်း ကြိုတင်သိနှိင်စွမ်း ရှိလိမ့်မယ်မထင်နှင့်။ ကိုယ်လုပ်တာကို သူများက သိနေမယ်ဆိုရင်လည်း အောင်မြင်မူ့ ရလိမ့်မှာမဟုတ်။ထောက်ခံမူ့ကို ကြိုဆိုသလို ဝေဖန်မူ့ကိုလည်းလက်ခံတယ်။အဲ့ဒီ အထဲကမှ ဘယ်လိုဗျူဟာခင်းမယ်ဆိုတာ သူတို့စဉ်းစား ဆုံးဖြတ်နှိင်လိမ့်မယ်။ အဲဒါကလည်း ဒီဝေဖန်မူ့တွေ အားလုံး သူတို့ဖတ်မိတယ်ဆိုရင်ပေါ့လေ။

san aung said...

မင်းတို့ပြောချင်ရာပြောကြ ဒါတွေကိုမှ လက်မခံနှိင်ရင် နှိင်ငံရေး မလုပ်ဘူး။ ဗျူဟာဆိုတာ လူတိုင်းတွေးလို့ ရနှိင်သည့် အရာမဟုတ်။ဒါဟာ နှိင်ငံရေးသာဖြစ်တယ်။ ပြဇတ် တစ်ပုဒ် မဟုတ်သလို ပြဇတ်လိုလည်း ကြိုတင်သိနှိင်စွမ်း ရှိလိမ့်မယ်မထင်နှင့်။ ကိုယ်လုပ်တာကို သူများက သိနေမယ်ဆိုရင်လည်း အောင်မြင်မူ့ ရလိမ့်မှာမဟုတ်။ထောက်ခံမူ့ကို ကြိုဆိုသလို ဝေဖန်မူ့ကိုလည်းလက်ခံတယ်။အဲ့ဒီ အထဲကမှ ဘယ်လိုဗျူဟာခင်းမယ်ဆိုတာ သူတို့စဉ်းစား ဆုံးဖြတ်နှိင်လိမ့်မယ်။ အဲဒါကလည်း ဒီဝေဖန်မူ့တွေ အားလုံး သူတို့ဖတ်မိတယ်ဆိုရင်ပေါ့လေ။

Thu said...

Dr.Link Swe,
Daw Su honestly confessed NLD's carelessness and follow people's desire upon wavy thought of people.
She did not shunt to nobody in this warding claims, simply said “အလျှော့ပေးလိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ”
In future, NLD necessarily needs intellectual think tank team for policy making.
Shall we see 43 MPs capacities on political stage.
We hope NLD torch the light for right way.

san aung said...

မင်းတို့ပြောချင်ရာပြောကြ ဒါတွေကိုမှ လက်မခံနှိင်ရင် နှိင်ငံရေး မလုပ်ဘူး။ ဗျူဟာဆိုတာ လူတိုင်းတွေးလို့ ရနှိင်သည့် အရာမဟုတ်။ဒါဟာ နှိင်ငံရေးသာဖြစ်တယ်။ ပြဇတ် တစ်ပုဒ် မဟုတ်သလို ပြဇတ်လိုလည်း ကြိုတင်သိနှိင်စွမ်း ရှိလိမ့်မယ်မထင်နှင့်။ ကိုယ်လုပ်တာကို သူများက သိနေမယ်ဆိုရင်လည်း အောင်မြင်မူ့ ရလိမ့်မှာမဟုတ်။ထောက်ခံမူ့ကို ကြိုဆိုသလို ဝေဖန်မူ့ကိုလည်းလက်ခံတယ်။အဲ့ဒီ အထဲကမှ ဘယ်လိုဗျူဟာခင်းမယ်ဆိုတာ သူတို့စဉ်းစား ဆုံးဖြတ်နှိင်လိမ့်မယ်။ အဲဒါကလည်း ဒီဝေဖန်မူ့တွေ အားလုံး သူတို့ဖတ်မိတယ်ဆိုရင်ပေါ့လေ။

K said...

Dr Lun Swe
You might be thinking that you are doing politics but your political brain is full of shit..

ဘုန်းကျော် said...

သူပြောတာ မှန်နေတာပဲ။ ကွန့် မန့် ပေးသူတွေက သူ့ လောက်မှ မတွေးတက် မမြင်တက်တော့ အဆဲခံရမှာပေါ့။ စိတ်မပူနဲ့ ...ဒီလူတွေတစ်ချိန်ကြရင် ဒေါက်တာကြီးကို ကန်တော့လိမ့်မယ်။

linlet said...

အပြုသဘောဆောင်တတ်တဲ့ စိတ်ဓါတ်မွေးမြူစမ်းပါ....ငါ့ဘလော့ဆိုပြီး ငါရေးချင်တာ ရေးမယ်ဆိုရင်တော့ ခင်ဗျား စာဖတ်သူတွေကို စော်ကားတာဘဲ....အရင်တုန်းကလည်း ခင်ဗျား ရေးခဲ့ဖူးပြီ....ခုချိန်မှာတော့ အခြေနေအားလုံးဟာ သတိထားလုပ်ဆောင်ရတဲ့ အချိန်ပါ...ခင်ဗျားလည်း ကိုယ်နိင်ငံကို ချစ်တတ်မှာဘဲလေ....တခြားနိင်ငံမှာ နေရတာ ဘယ်လောက် အားငယ်တယ်ဆိုတာ ခံစားတတ်မှာပါ...အခြေနေ မပေးလို့ မပြန်နိင်ကြသေးပေမယ့် အနေထားကောင်းအောင် ပြုဆောင်နေကြတဲ့ ပြည်တွင်းက ခေါင်းဆောင်တွေ၊လူငယ်လူရွယ်တွေကို လေးစာ.းသောအားဖြင့် ခင်ဗျားလည်း တတ်နိင်တဲ့ media ကနေ အကြံကောင်းတွေ ပြုဆောင်နိင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်.....

နေဦး said...

ကိုဘုန်းကျော်.. မြားနတ်မောင် မဂဇင်းကလေးလုပ်ခဲ့တာလောက်နဲ့ မြန်မာပြည်နိုင်ငံရေးမှာ ပြောခွင့်ဆိုခွင့်ရှိပြီဆိုပြီးထင်နေတဲ့ ဘေးထိုင်ဘုပြော ရန်လုပ်ရုံလုပ်တတ်တဲ့ နိုင်ငံရေးအရ ဘာ vision mission ideology discipline တွေမှမရှိတဲ့ ဒေါက်တာလွဏ်းဆွေကို သိပ်လေးစားနေတယ်ပေါ့။ ခင်ဗျားနဲ့လိုင်းတူတဲ့ သူများကိုယ်စား..ခင်ဗျားပဲ သူ့ကို ထိခြင်းငါးပါးနဲ့ နေ့စဉ်ကတော့ထားလိုက်ပါ။ ကျနော်တို့ကတော့ သူ့ကို မြတ်ခိုင်တို့အဆင့်သာသာလောက်မှာပဲထားတယ်။

New Light said...

အခုရေးသားချက်ကို မိမိ၏ထင်မြင်ယူဆချက်အရ ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ အမှန်တကယ် ပြည်ပရောက် မြန်မာ ပြည်သူပြည်သားအများစုသည် မြန်မာပြည်၏အရေးကိုလည်း မေ့မထားကြပါ။ ပြည်တွင်းအခြေအနေအရပ်ရပ်ကို တိုးတက်ကောင်းမွန်စေလိုသော ဆန္ဒကိုယ်စီရှိကြသော်လည်း မတတ်စွမ်းနိုင်လို့သာနေကြရပါသည်။ နှလုံးသား တစ်ထောင့် တစ်နေရာအားဖြင့်တော့ ခံစားနေရတာ ပြည်တွင်းနေထိုင်သူများနှင့်ထပ်တူ ရှိကြပါသည်။ ထို့ကြောင့် သတင်းwebsite များကို မျက်ခြေမပြတ် အတော်များများဖွင့်ကြည့်ကြပါသည်။
NLD သည် လွှတ်တော်ထဲသို့ဝင်လာပါက ပါတီ၏စည်းရုံးမှုအင်အားအစကလေးတစကို ကျမ်းကျိန်စဉ်စာသားအစကစ၍ဆွဲကြည့်ခြင်းသာ ဖြစ်နိုင်ပါသည်။ ထိုအခါ လွှတ်တော်တွင် တက်ရောက်နေသော ကိုယ်စားလှယ်များ၏သဘောထားတွေ၊ ဆန္ဒတွေပွင့်အံလာတာကို တွေ့မြင်ရပါသည်။ အထူးသဖြင့်လွှတ်တော်တွင်း နေရာအများစုရရှိထားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ကြီးများက သဘောထားသည် မိမိကိုယ်ကိုလည်းကောင်း၊ မိမိပါတီ၏ သိက္ခာကိုလည်းကောင်း ဦးစားပေးပြီးပြောကြပါသည်။ ပြည်သူ၏ အများဆန္ဒကိုလိုက်လျော၍ ဆိုသော အသုံးအနှုံး၊ လျော့ပေးသင့်လျှင်လျော့မည်ဆိုသည်များ မပါပါ။ ထိုအချက်ကိုလည်း media များမှတဆင့် ကမ္ဘာကအသိဖြစ်ပါသည်။ ၄င်းကို NLD က လွှတ်တော်ထဲ မ၀င်ခင်က စမ်းသပ်ကြည့်ခြင်းသာ ဖြစ်နိုင်ပါသည်။
NLD အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အခြေခံလူတန်းစား အားလုံးကို နောင်မျိုးဆက်သစ်ဖြစ်လာမည့် လူငယ်မှအစ အသက်ကြီးရွယ်အိုများတို့၏ နှလုံးသား တစ်ထောင့်တစ်နေရာမှာ နေရာရယူထားပြီးဖြစ်ရာ ယုံကြည်မှုအပြည့်အ၀ရှိပြီးသားဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များကပါ တလေးတစားအရေးတယူဆက်ဆံနေရသော ခေါင်းဆောင်တစ်ဦးက ဦးဆောင်နေသော ပါတီလည်းဖြစ်ပါသည်။ ထို့ကြောင့် ၄င်းတို့လုပ်ဆောင်ချက်များအားလုံးသည် သေးသေးမွှားမွှား အရာကိုတရေးတယူတင်းခံနေခြင်း မဟုတ်နိုင်ပါ။ ၄င်းပါတီ၏လွှတ်တော်တွင်း တင်ပြချက်များတွင် တွေ့ရမည့် မျက်နှာအဖွင့်ကို ဖွင့်ပြလိုက်ခြင်းသာဖြစ်နိုင်ပါသည်။ ၄င်းအပေါ်တွင် အချို့အချို့သောသူများက အမျိုးမျိုး ထင်မြင်ကြ၊ ဝေဖန်ချက်ပေးကြမည်ဖြစ်ပါသည်။
လွှတ်တောင်အတွင်းရှိ ကိုယ်စားလှယ်အသီးသီးတို့သည်လည်း ၄င်းတို့တင်ပြချက်များတွင် ပြည်သူများ၏ ဆန္ဒကို ဦးစားပေးတင်ပြချက်များအဖြစ် ဆုံးဖြတ်ချက်ရယူလိုသော်လည်း အထက်မှတင်ပြခဲ့သလို နေရာအများစု ရရှိထားသော ပါတီကြီးက ငယ်ကြောက်များကို ဘာမျှထောက်ထားစရာမလိုပဲ ၄င်းတို့ကောင်းစားရေး၊ ၄င်းတို့သိက္ခာမကျရေးကိုသာ ဦးစားပေးဆုံးဖြတ်နေကြမှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းပါတီကို ယှဉ်ပြောနိုင်သော NLD ပါတီကို လွှတ်တော်အတွင်းသို့ ၀င်ရောက်လာစေချင်ကြောင်း NLD ကသိနိုင်ပါသည်။ သို့ရာတွင် NLD အနေဖြင့် မိမိတို့အမတ်နေရာ (၄၃)နေရာအပြင် အခြားကိုယ်စားလှယ်များ၏ သဘောထားမည်သို့ရှိသည်ကိုလည်း သိသာနိုင်ရန် ကြိုးစသေးသေးကို စတင် အစဆွဲကြည့်ခြင်းသာ ဖြစ်နိုင်ပါသည်။
ထို့အပြင် ၄င်းဆွဲလိုက်သော ကြိုးစ အစအပေါ် NLD၏ခေါင်းဆောင် တစ်ဦးအနေဖြင့် သတင်းစာရှင်းလင်းချက်တွင်ပြောသွားသော နှုတ်ထွက်စကားလုံးတိုင်းသည် အဓိပ္ပါယ်ပါပါနှင့် ပြောသွားခြင်းကို သေချာစွာလေ့လာသုံးသပ်ပါရန် မိမိထင်မြင်ချက်ကို လေးစားစွာပြန်လည်ရေးသားထောက်ပြအပ်ပါသည်။

your father said...

Hi,DLS.I really appreciate for ur post,everyday I read ur blog.But now I don't want to see ur blog.Bcoz u talk bull shit

fighter said...

လွမ်းဆွေ ငါတို့ကသတင်းအမှန်ပဲကြည့်ချင်တာ။မင်းလိုဘေးထိုင်ဘုပြောနေတဲ့ကောင်မျိုးစောက်ဂရုမစိုက်ဘူး

Anonymous said...

ဒဲဒိုး said
NLD သည်1990 ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့စဉ်က ဘယ်တော့လွှတ်တော်ခေါ်မည် ဘယ်နေ့ အာဏာလွှဲမည် ဆိုသည်ကို မေးမြန်းစူးစမ်းခြင်းမရှိပဲ စောင့်နေရင်းနှင့် စစ်အစိုးရ၏ လှည့်ကွက်ကို ခံလိုက်ရသည်။ အာဏာမရ ဒုတိယအကြိမ် 2012 ရွေးကောက်ပဲ မ၀င်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ထိန်းသိမ်ကာကွယ်စောင့်ရှောက်ပါမည်ဟူသော စကားရပ်ကို ပါတီတည်ထောင်ခွင့်အတွက်သာ သမ္မတထံ တောင်းဆိုခဲ့သည်။ လွှတ်တော် ကျမ်းကျိန်မှု ဇယားလေးကို ပြင်ဆင်ရန် တောင်းဆိုခဲ့ခြင်း မရှိခဲ့ခြင်းကို ဒေါ်စုကိုယ်တိုင် လစ်ဟင်းမှုတခုအဖြစ် ဧပြီ 30 ရက်နေ့က ၀န်ခံခဲ့သည်။
ထို့အပြင် သမ္မတနှင့် 2 ကြိမ်တွေ့စဉ်က ဘာတွေပြောခဲ့သည်၊ ဘာတွေသဘောတူညီမှု ရခဲ့သည် တို့ကို ပွင့်လင်းစွာ ဖွင့်ဟပြောဆိုခြင်းမရှိသည်က သူ့အား ထောက်ခံသော ပြည်သူကို မလေးစားရာရောက်သည်။
တူကလေး မောင်လွမ်းဆွေ ရေးတာနည်းသေး ဆက်လုပ်ဆက်လုပ်..............

သုတရတနာ said...

မင်းလဲ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင် ကိုယ်ပိုင်ပါတီထောင်လိုက်လေ။
ဒါမှမဟုတ် ခေါင်းမာတဲ့ စစ်ဗိုလ်ကြံ့ဖွတ်တွေကို ခေါင်းပျော့အောင် မင်းလုပ်နိုင်ရင် ပြည်တွင်းဝင်လာပြီး မီဒီယတစ်ခုနဲ့ တိုက်လေ။ နိုင်ငံခြားထွက်ပြေးပြီး အဝေးကနေ ပုဆိုးခြုံထဲက လက်သီးပုန်းပြမနေနဲ့။
ဒေါ်စုကို မဝေဖန်နဲ့မဆိုလိုပါဘူး။ ဝေဖန်ပါ။ ဒါပေမယ့် တိုက်ခိုက်တဲ့အသွင်တော့ မဆောင်နဲ့လေ။ မင်းဝေဖန်လို့ ဒိလိုပြောတာမဟုတ်ဘူး။ မင်းက တိုက်ခိုက်နေတာ

san aung said...

သိပ်ကောင်းသည့်ဆုံးဖြတ်ချက်လေးလို့ထင်ပါတယ်။ဗိုလ်ချုပ်လည်း ဟိုတုန်းက မချစ်သော်လည်း အောင့်ကာနန်းခဲ့ရသေးတာပဲ။အဲ့ဒီ အချိန်တုန်းကလည်း ဗိုလ်ချုပ်သည် ဝေဖန်မူ့များစွာကို ခံခဲ့ ရဖူးပါသည်။ဘယ်လို ဝေဖန်မူ့တွေပေးပါစေ လွတ်လပ်ရေးကို ရယူလိုစိတ်ကတော့ ဘယ်တော့မှ ပျက်မသွားခဲ့ဘူး။လွတ်လပ်ရေးကို ဘယ်လိုယူမှ ဖြစ်မယ်ဆိုသည့်ဗျူဟာ သူ့မှာ ရှိနေလို့ပါပဲ။နောက်ဆုံးတော့ လွတ်လပ်ရေးကို ရအောင်ယူခဲ့တာပဲလေ။(နန်း နှင့် နမ်း မတူပါ) နမ်းကို မသုံးချင်၍ နန်းကိုသုံးခြင်း ဖြစ်သည်။

mttlynn said...

Uလွဏ်းဆွေ:
Please be knowledgeable. You may be educated, but you are not even close to the knowledge of NLD leaders. If you think you can do better, be a man; go ahead to form a political party back home.
BR
Maung Lynn

Tun Aung Kyaw said...

အလုပ်လုပ်နေကြသူတွေကို အပြစ်ပြောရတာလောက် လွယ်ကူတာ လောကမှာမရှိဘူး--ကိုယ်တိုင်လုပ်ကြရတဲ့ လူတွေအတွက်ကတော့ အသက်ရှုတာတောင်မှ စဉ်းစဉ်းစားစား ရှုရတာဗျ--ဒေါက်တာလွဏ်းဆွေ အနေနဲ့ အပြစ်ကို ရှာဖွေဖေါ်ထုတ် ပြစ်တင်ရှုတ်ချနေမယ့်အစား ခင်ဗျားတို့မှာရှိတဲ့အကြံကောင်ညာဏ် ကောင်းလေးတွေ တင်ပြပေးရင်မကောင်းဘူးလား။

shinobi said...

New Light ရဲ့ ရေးသားချက်ကို လက်ခံပါတယ်။
အခုချိန်မှာ ကြံ့ဖွတ်နဲ့ ဒီမိုကရေစီအရေခြုံတွေရဲ့ သရုပ်အမှန်ပေါ်လာတာပဲလေ။ ဒီစာသားလေး ပြင်ဖို့ကိစ္စကိုတောင်မှ ကြံ့ဖွတ်ကိုယ်စားလှယ်တော်ကြီးများက အလျှော့မပေးနိုင်သလို ဒီမိုကရေစီအရေခြုံတွေလည်း ကြံ့ဖွတ်ကိုယ်စားလှယ်တော်ကြီးများနဲ့ တစ်သံတည်းထွက်ခဲ့ကြတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ပြဌာန်းချက်တစ်ခုကို ပြင်ဖို့ဆိုတာက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရမှာပါ။ NLD ကလွှတ်တော်တက်ပါတယ်။ NLD က
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ မြတ်ဥာဏစိုး လွှတ်တော်တက်ပါတယ်။ ဒီစာသားပြင်ဖို့ကိစ္စမှာ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ရာခိုင်နှုန်းကအဆိုပြုဖို့ကိစ္စကို ရခိုင်တိုင်းရင်းသားများပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကဒီမိုကရေစီအင်အားစုကိုယ်စားလှယ်များညီညီညွတ်ညွတ် ပူးပေါင်းပြီးဆောင်ရွက်ကြဖို့နဲ့ လိုအပ်တဲ့ရာခိုင်နှုန်းအတွက် ကြံ့ဖွတ်ကိုယ်စားလှယ်တော်ကြီးများကို စည်းရုံးဖို့ ညှိနှိုင်းဖို့ကြိုးစားခဲ့ပြီး ဒေါက်တာမြတ်ဥာဏစိုးက
ဒေါက်တာအေးမောင်ရဲ့ကြိုးစားမှုကို ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ဖွတ်ကိုယ်စားလှယ်တော်များကို ညှိနှိုင်းဖို့နေနေသာသာ လွှတ်တော်ထဲရောက်နေတဲ့ ဒီမိုကရေစီဘက်တော်သားအမည်ခံ လွှတ်တော်ကိုယ်စားလှယ်များကိုက ညီညွတ်ကြသလား။ ဦးသိန်းညွှန့်လို လူမျိုးကလည်း ကြံ့ဖွတ်ကိုယ်စားလှယ်တော်ကြီးများနဲ့
တစ်သံတည်းထွက်ခဲ့တာပါပဲ။တကယ်တမ်း
ပြင်မယ်ပြုမယ်ဆိုတော့မှ ဗွေဆိုးထဖောက်တာပဲလေ။
လွှတ်တော်ထဲက ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ ပြင်ဖို့ အဆိုတင်သွင်းရင် ကြံ့ဖွတ်ပါတီဘက် ပြောင်းဝင်ပြီး ကန့်ကွက်မဲပေးကြမလားပဲ။ အစလေးဆွဲလိုက်တာ အရေခြုံတွေ အောက်စလွတ်ပြီး အထင်းသားပေါ်လာတော့တာပဲ။ ဦးသိန်းညွှန့်တို့လို ကိုယ်စားလှယ်တော်ကြီးတွေ၊
နိုင်ငံရေးနယ်ပယ်ထဲက ဆိုရင် မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်တို့လို လူမျိုးတွေ
အခြား ပြည်တွင်း၊ ပြည်ပအင်အားစုတွေထဲကဆိုရင်
အခုစာရေးတဲ့ ဒေါက်တာလွဏ်းဆွေတို့လို လူမျိုးတွေပေါ့။ ကြံ့ဖွတ်နဲ့ တလေထဲထွက်ခဲ့ကြတာပဲလေ။

ppm said...

ဦးလွမ်းဆွေ ခင်များကြီးက အချွန်နဲ့ မတာ တော်တော်ါတနာပါပုံပဲနော် ကိုယ့်ကြည့်တော့လဲ ဘာကောင်မှမဟုတ် ခင်ဗျားရဲ့  မြှောက်ထိုးပင့်ကော် ဇာတ်လမ်းတွေက အလုပ်မဖြစ်တော့ဘူးဗျ ဖွတ်လိုလို ဒေါင်းလိုလိုနဲ့  နောက်ဆုံးမှာတော့ မရရတဲ့ နည်းနဲ့  သာတဲ့ဘက် ကပ်မဲ့ကောင်စားမျိုးကြီး ဘာတဲ့ ပြည်သူလူထုတဲ့လား ခင်ဗျားမို့  ကြီးကြီးကျယ်ကျယ် လျှောက်ပြော တတ်တယ် ခင်ဗျားကိုတော့ရွံ့ တယ်ဗျာ

Irrawaddy Myanmar said...

လွမ်းဆွေ နှင့် မိုးသီး တို့ အရည်မရ အဖတ်မရ လျှောက် "ဖွ"တဲ့ အလုပ် လုပ်ပြီး ဘဝကို အဆုံးသတ်တော့မှာလား။

မှန်တယ်ထင်လို့ ပြောတာရေးတာ အားပေးပါတယ်။ သူများကို မပြောခင် ကိုယ် ကိုကိုယ်လည်းပြန်ကြည်ရတယ်။ နှံပြည်စုတ်က သူနှုတ်သီးနှင့် သမုဒ္ဒရာကြီးကိုထောက်ပြီး အနက်ကြီးတော့လို့ ပြောသလိုမျိုးတော့ - မတန်မရာတွေကိုလျှောက်မပြောနှင့်၊ ပြောလည်းဘယ်သူမှ ဂရုမစိုက်ဘူး၊

blog လေးမှာ link ချိတ် ၊ ကော်ပီကူးပြီး နိုင်ငံတော်ကြီးထူထောင်မယ်ဆိုပြီး အင်တာနက်စွဲနေတဲ့ရောဂါသယ်တွေဖြစ်မှန်းမသိဖြစ်နေပေါ့။
ရေးချင်လည်းကိုယ်ပိုင်စာလေးရေးပေါ့ကွာ။

kyaw tut said...

ကြောက်လို့ထွက်ပြေးတဲ့ကောင်၊ပြည်သူကောင်းစားတာမမြင်ချင်ဘူးနဲ့တူတယ်

ravenclaw said...

အားလုံးကိုယ်ယုံကြည်ရာကိုယ်ပြောပိုင်ခွင့်ရှိတယ်လို့မြင်ပါတယ်..Dr. Lun Swe ပြောတာမလွန်ဘူးလို့ယူဆပါတယ်..NLD အနေနဲ့ အထက်ကပြောသလို နိုင်ငံရေးဂုဏ်သိက္ခပြန်အဖတ်ဆည်တဲ့ အနေနဲ့ သူတို့တောင်းဆိုတာ ဘယ်ထိလိုက်လျောမလဲ လို့စမ်းတယ်ထင်ပါတယ်..ပြီးတော့ NLD ပါတီကမှ မြန်မာနိုင်ငံကို တိုးတက်အောင်လုပ်နိုင်မယ်ဟု မယုံကြည်ပါ..အားလုံးအတူတူကြိုးစားရမယ့်ကိစ္စဖြစ်ပါတယ်..Democratic Party မှာ Bureaucratic ဖြစ်နေတယ်ဆိုတာရောငြင်းနိုင်ပါသလား..DASSK ကို personally လေးစားပါတယ်...သူ့ရဲ့ action တွေကိုမကြိုက်ပါ..နိုင်ငံရေးမှာ ပျော့ညံ့နေရင် external force ရဲ့ influence ကိုခံရပါလိမ့်မယ်..Western က minister တစ်ယောက်လာရင် စကားတစ်မျိုးပြောင်းတဲ့ DASSK ကို နားကိုမလည်ပါ..ယုံကြည်ရာကိုပြောခြင်းဖြစ်သည်..

Anonymous said...

ဒေါက်တာ ကီး လွမ်းဆွဲ ကျမ္မာပါစေ အမျန်ကိုေူပာလိုသေရတာူမတ်တယ် အသွင်မတူ ရင် ရန်သူသတ်မှတ်တာ ထုံးစံဘဲကွာ ဆက်လိုသာရေး

Anonymous said...

မင်းတို့ သိန်းစိန် ဖင်ကို ရှိခိုးကြ ဒေါ်စုထပိန်ကို ခေါင်းမှာ ပတ်ုက အရာရာအောင်ူမင်ုကလိမ်မေုကီးပွါးမယ်

utopia said...

အပြောအဆိုမခံနိုင်ရင်လဲ စင်ပေါ်တက်မလာနဲ့...စင်ပေါ်ရောက်မှ ကို့ယိုးကားယားလုပ်ရင် ပရိတ်သတ်က ဆဲမှာပဲ.....ဒါကလောကနိယာမပဲ....အမေ့ထမိန်ခြုံတွေ ထမင်းစားပြီးကြီးလာရင်သိမှာပေါ့...

ခိုင်မင်းထွန်း said...

သို့ 

ကိုလွမ်းဆွေ ဗမာတွေ လိုချင်တဲ ဒီမိုကရေစီက ဒါပါဘဲ
လူတွေ ကခက်တယ် ဒေါ်စုသမိုင်း တစ်ခေါက်လောက် ရှာကြည်စမ်းပါ။ INDIA မှာတုန်းက နိပေါနဲ ဖေါက်လို သူအစ်ကိုနဲ စကားများ ရန်ေုကွးက ဒီနေ့ အထိဘဲ ENG ရောက်တော လည်း သိတဲအတိုင်း .... ဒါေုကာင်း ....ူပည်သူုကား မှာ HOTူဖစ်သွားတယ် ဒေါ်စု လူဖူနဲ လက်မထပ်ူဖစ်ခဲပါက ဒီအေူခအနေ ထိ ရောက်မလာဘူး ဟဲ..
Ma

Neo said...

ကိုသစ်ထူးလွင် site ပဲ ဖတ်တော့မယ် ဒေါက်တာရေ့။ ခင်ဗျား ဘလော့ဂ်ကို ဝင်တာ ဒါနောက်ဆုံးပါပဲ။ အကုသိုလ်များလွန်းလို့....။ ဘလော့ဂ်တစ်ခု လက်ထဲရှိရင် ကြိုက်တာရေးလို့ ရပါတယ်။ ဆက်သာရေးပါ။ ကျွန်တော်ကတော့ နှုတ်ဆက်ခဲ့ပါတယ်..

Neo said...

ပြောစရာတစ်ခု ကျန်သွားလို့... ခင်ဗျားဘလော့ကို Myanmar Express နဲ့ ပေါင်းလိုက်ရင် ပိုပြီး အင်အားကောင်းသွားမယ်ထင်လို့.... ငါးမင်းဆွေလည်း အဲဒီမှာ ပါတယ်။ ပိုပြီး အဆင်ပြေသွားတာပေါ့...

ကေါင်းကေါင်း said...

လူထုခေါင်းဆောင်ကြီးလွမ်းဆွေးကတော့. ဆရာကြီးလိုလို. သူ့လောက်လောက်တတ် သိသူမရှိလို့ခံယူပြီး သူများသတင်းတွေကေါ်ပီယူပြ်ီးမဟာနိုင်ငံရေးဆရာကြီးဘွဲ့ကိုယ့်ဖာသာပေးပြီး. ပြည်သူကိုဘာစောက်ကြိုးမှမပေးနဲ့စာတွေရေးပြီး. နံမည်ကြီးချင်တာနဲ့. ဂီတဆိုလည်းစပ်စပ်. ဆေးပညာလည်းစပ်စပ်. စာရေးဆရာဆိုလည်းစပ်စပ်. အင်သာနက်သတင်းမှာလည်းဟိုလိုက်ချိပ်ဒီလိုက်ချိပ်. နိုင်ငံရေးမှာလည်းလူထုခေါင်းဆောင်သိပ်လုပ်ချင်. သနားစရာကေါင်းပါလား. ဟားဟားဟား လွဏ်းဆွေစောရူးကြီး

Anonymous said...

ကမ္ဘာကျော်စာရေးဆရာကြီးဒေါက်တာလွဏ်းဆွေ. သိပ်တော်သိပ်တတ်သိပ်သိ. သိပ်ခေါင်းဆောင်ဖြစ်ချင်တာနဲ့နံမည်သိပ်ကြီးချင်ပြီးရှောက်ရေးတာတစ်နိုင်ငံလုးံအားပေးထောက်ခံနေတယ်ထင်ပြီးရေးလိုက်တာထင်တယ်. အရမ်းကေါင်းတဲ့စာထင်နေပုံရတယ်. ရှက်တတ်ရင်ကိုယ့်ကိုယ်ကိုယ်သတ်သေတင်ပြီလို့ကေါင်းသောအကြံပေးလိုက်ပါတယ်. ကေါင်းရာသူ့ကတိလားပါစေဒေါက်တာလွဏ်းဆွေ. ရှာကတောမီးကြွမ်းမယ်မထင်ပါ

တြိရတနာ said...

ဆရာကိုလွမ်းဆွေ ကျုပ်ပထမက ခင်ဗျားသတင်းကို အရင်ဖွင့်တယ် နောက်ခင်ရပ်တည်ချက်က ကျုပ်တို့စာဖတ်သူတွေကို လှည့်စားတာများလာလို့ http://www.thithtoolwin.com/ကို့ပဲသွားဖတ်တော့တယ်။အဲဒီက အားမရမှ ခင်ဗျားဆိုဒ်ကို ခဏကြည့်တယ်။ သိပ်နောက်ကျနေတာ တွေဆို ချက်ချင်ပြန်ထွက်သွားတယ်။ခင်ဗျား ဝန်ကြီး ၅ ဦးပြုတ်သတင်းဟာ လူတွေဝင်လာဖို့ဖန်တီးတာသိသာပါတယ်။ကြောငြာဖိုး ပိုရဖို့ အဲဒီလိုမကျိုးစားပါနဲ့ ရိုးသားရင် အငတ်ပါဘူး။သူဌေးဖြစ်ချင်ရင်တော့ ကျုပ်လည်းမပြောတတ်တာ တောင်းပန်ပါတယ်။

May Phu Phu said...

Ko Lun Swe

Please let you know we are not a NLD members but we are trusting on people leader Daw Suu and NLD due to greate leader capabilities to develop every section for country.
we remembered and noticed that you had been written approx three articles against to our people leader Daw Suu & NLD, 1st against for NLD party re-registeration,
2nd against letter for NLD participation for By-election, Now this 3rd against letter for NLD's MPs entering to parliament.

We are very extremely disappointment to you and we know you are a news blogger only, you have not experience totally how to get cheerful from myanmar people. Now you get hateful from people.
Very shameful for you.
You education back ground is OK but brain has insane person clearly as refer your articles. You must know that all readers are better than you for knowledges, education background and experience and evaluation on political transform situation condition. Please do not write next time against letter to our people leader Daw Suu.
This is one lesson for you.

May Phyu

အောင်သောင်း said...

လွမ်းဆွေ ဆက်လက်ရေးပါ အဲဒီပုတ်ခတ်တဲ့ကောင်တွေ န၀တအလိုတော်ကျ ကောင်တွေ ဆက်လက်ရေးပါ
အကြံပြုတယ်ဆိုတာ သတိပေးချက်တစ်ခုဖြစ်ပါတယ်

KO NAING said...

အမြင်မတူ၍ဝေဖန်ခြင်းကိုတော့လက်ခံပါသည်။ စော်ကားခြင်းကိုတော့လက်မခံပါ။
တစ်ချို့ commentတွေကဝေဖန်တာကိုမကျေနပ်၍ဆဲသည်ဟုပြောပါတယ်။ အမှန်ကတော့လူထုချစ်ခင်လေးစားသောခေါင်းဆောင်ကိုစော်ကားသည့်အရေးအသားများပါနေ၍မကျေမနပ်ဖြစ်နေခြင်းသာဖြစ်ပါသည်။

Thu said...

ကိုသစ်ထူးလွင် site ပဲ ဖတ်တော့မယ် ဒေါက်တာရေ့
In fact, သစ်ထူးလွင် is Bias site, though he cries for Liberal Democracy, he surely block anti-comments.
Here, Dr.Link Swe opens for all comments whether agree or disagree.

mmgmmoe said...

တဘက်သတ် စကားနာထိုး ရန်ပွဲမကြုံရတာ ကြာပြီဆိုတော့ ဒီပွဲမျိုးဖြစ်အောင်ဖန်တီးတဲ့ ဘလော့ဂါ ကို ကြံဖန်ပြီး ကျေးဇူး ပဲ

အောင်သောင်း said...

မောင်လွမ်းဆွေ ရေးတဲ့စာကို ဘာဖြစ်လို့ဒီလောက်ပြောနေကြတာတုန်း ဒေါ်စု လေးမှားတွေရှိမှာပဲ မောင်လွမ်းဆွေက တိုင်းပြည်ကောင်းစားရေးအတွက် မှန်တိုင်း ဝေဖန် ထောက်ပြတ်တာပဲ ဒေါ်စုလေး မောင်လွမ်းဆွေ ရေးတဲ့တိုင်းလုပ်နေတာပဲ....

Nga Sanay said...

charlie သို.

"သိတာကတော့ငစနေဆိုတဲ့ငတိစာရေးပေါက်ကတော့
ရိုဟင်ဂျာစတိုင်ပဲဗျာ၊အရင်လိမ်လာတဲ့သူတွေကိုနောက်
လာတဲ့သူကထပ်လိမ်တော့ဘယ်ရမလဲပြသနာတက်
တော့တာပေါ့ဗျ၊"

စာရေးရင် သူများနားလည်လွယ်အောင် ရေးတတ်ဘို. အရင်လေ့ကျင့်ပါ။ စာပုဒ်တွေခွဲရေးရင် ဖတ်ရတဲ့သူတွေ အမြင်ရှင်းပြီး ဆက်ဖတ်ချင်ပါလိမ့်မယ်။

ခင်ဗျား ကျုပ်အပေါ် မှန်းချက်နဲ့ ရန်းတုတ်တဲ့ စွပ်စွဲရေးသားထားတာကို အဆုံးထိ နားလည်အောင် ဖတ်ရတာ အခက်အခဲဖြစ်နေလို. ဒီစာကို ပြန်လိုက်တာပါ။ စွပ်စွဲချက်တွေကို တုန်.ပြန်လောက်တဲ့ အဆင့်မရှိဘူးလို. သတ်မှတ်ထားပါတယ်။

ပြည်ပရောက်သူတွေကို ကော်ဆဲတဲ့အထဲမှာ ပြန်လိုက်ဋ္ဌကည့်တော့ တချို.ကိုယ်တိုင်က ပြည်ပမှာနေသူတွေ ဖြစ်နေပြန်တယ်။
မအံ့ဋ္ဌသပေမဲ့၊ ကိုယ်နဲ.သဘောမတူသူ ကိုယ့်ရန်သူဆိုပြီး ဆဲနေဋ္ဌကတာလေ။

ပြည်တွင်းကသူတွေက ကွန်ပြူတာဆိုင်မှာ အချိန်ကုန်ခံသွားပြီး ဆဲဘို.တော်တော်လေး ဋ္ဌကိုးစားရတယ်။

ဒါပါဘဲ။
ငစနေ

kotawmyo2982@ezweb.ne.jp said...

ဟဟဒေါက်တာလွဏ်းဆွေအရက်မူးပြီဘာတွေရှောက်ရေးနေတာလည်း. ဘုရားမကြိုက်နတ်မကြိုက်တာတွေလုပ်ပြီးတေ့ကိုယ်ကြိုက်တာကိုယ်လုပ်ပြီအရှက်မူးရင်အေးအေးနေပြီး. နက်ထဲကသတင်းတွေလိုက်ရှာဖတ်ပြီးကူးနေတာကေါင်းရဲ့သားနဲ့. မူးပြီပေါက်တတ်ကရတွေရှောက်ရေးပြီလူအများကို. မိမိနံမည်ကြီးချင်တိုင်း. ဘာအဆင့်မှမရှိတဲ့အစုတ်အပြတ်အတွေးတွေရေးပြီးအကုသိုလ်တွေလိုက်မပေးနဲ့အရက်သမားလွဏ်ဆွေရေ.

thinnge said...

ဒီဘလော့မှာဝင်ဖတ်တဲ့စာဖတ်ပရိသတ်ကြီးရှင်
ကျမအကြံပေးချင်တာကမကောင်းတဲ့သူတွေပေးတဲ့အကုသ်
ကိုမယူပါနဲ့ရှင်သူတို့စရိတ်နဲ့သူတို့သွားပါလိမ့်မယ်
ကို့အပေါင်းအသင်းတွေကိုလဲပြောလိုက်ပါဒီဘလော့
ကိုဝင်မဖတ်ဖို့ပေါ့ရှိပါတယ်စုန်းပျူးတွေလေကျမအတွက်
တော့ဒီလိုလူအတွက်ပြောစရာစကားမရှိလောက်အောင်ဖြစ်
ပါတယ်။အကောင်းဆုံးကတော့သူရေးတဲ့စာမဖတ်တာ
အကောင်းဆုံးပါဘဲသူအကုသိုလ်နဲ့သူသွားပါလိမ့်မယ်
တာပေါ်ရေကျော်တာဘဲခံတာကောင်းတယ်သူပေါ်ခွေး
ကျော်တာမကောင်းပါဘူးသူပေးတဲ့အကုသုလ်ကိုမယူပါနဲ့လို့စာဖတ်ပရိတ်သတ်ကြီးကိုပြောချင်ပါတယ်ရှင်

taryar said...

ဆရာရေ
ဆရာရေးတာအရမ်းကိုမှန်ပါတယ်.ဒါပေမယ့်
မြန်မာပြည်မှာကသူရဲကောင်းကိုးကွယ်တဲ့ဝါဒ
ကကြီးစိုးနေတော့အမှားအမှန်သိပ်မခွဲခြား
တတ်တော့ပဲနောက်ကလိုက်ရပြီးရောဆိုတဲ့
လူတွေကများနေတော့ဘယ်လောက်
မှန်မှန်လောလောဆယ်တော့အဆဲခံရမှာပါပဲ
.ပြည်ပရောက်ပြီးမျက်စေ့တွေနားတွေဖွင့်ထား
တဲ့သူတွေကတော့အမှားအမှန်ကိုဝေဖန်
ပိုင်းခြားနိုင်တာများပါတယ်.ခြေရာခွက်ထဲဖား
သူငယ်တွေဘယ်သူ့အတွက်ဘယ်သူ့ဘက်က
ရေးမှန်းမသိတဲ့လူတွေကိုဂရုစိုက်မနေပါနဲ့
ဆရာ.ဆက်ရေးပါဦး.ဆရာ့ဆောင်းပါးတွေ
စောင့်ပြီးဖတ်နေပါတယ်.
ဆရာကိုယ်ရောစိတ်ပါချမ်းသာပါစေ.

pncc said...

ရရင်ရ မရရင်နေ

ဟဲ့ ဓေါက်လွမ်းဆွေး
မရရင်လည်း ရပါတယ်တော်။
မရ ရရ၊ တို.များတို.ကတော့ ၀င်မှာဘဲ။ ယူမှာဘဲ။
မပေး ပေးပေး တို.များ တို.ကတော့ ၀င်မှာဘဲ။ ယူမှာဘဲ။

ရရင်ရ မရရင်ချလို. ဓေါက်ဓေါက်က ပြောရအောင်
တို.များတို.က သတ်တိမှ မရှိဘဲ။ ကုလားအာရပ်တွေလိုလည်း မလုပ်ရဲဘူး။ အသေမခံရဲဘူး။ နိုင်မယ်ထင်ရင်တော့ ၀ိုင်းဆွမ်းဋ္ဌကီးလောင်းဘို.ဘဲတတ်တာ။
ရှေးဗမာတွေရဲ့သွေးက ကုန်နေတာ ဋ္ဌကာပြီလေ။ ခမ်းသွားပြီး။ ချောက်သွားပြီ။ သွေးဆုံးသွားပြီ။ တို.များတို. နတ်ကတော်ဘ၀ ရောက်နေတာသာဋ္ဌကည့်။

ဒါဋ္ဌေကာင့် မယ်မယ်ဘုရား ထမိန်နားခိုပြီး ရသလောက်ဘဲ ယူတော့မယ်ဆိုပြီး နှပ်နေတာလေ။
ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့ ၈၈က မောင်တော်လေးတွေလည်း လျှောတဲ့သူကလျှော၊ လွင့်တဲ့ကောင်ကလွင့်နဲ. အမြီးတောင်မလှုပ်နိုင်တော့ဘူး။
ကဲ ဘာကျန်သေးလည်း။
သွေးနဲတဲ့ တို.များတို.လူမျိုးက စစ်ချုပ်ဋ္ဌကီးတွေပေးတဲ့ ဓီမိုဂရေဆီဋ္ဌကီးဘဲ ရမှာပေါ့။ အင်ဋ္ဌကီးဘဲ ရမှာပေါ့။ ဒါတောင် မေမေဘုရားရှိနေသေးလို. အသံထွက်နိုင်တာ။

အဲဒါကို ဓေါက်ဓေါက်က ဂေါက်ဂေါက်ဖြစ်ပြီး ပထမဆုံးနဲ. နောက်ဆုံးအဋ္ဌကိမ်အဖြစ် သတိပေးတယ် ရေးလိုက်တာ ဘာသဘောလည်းကွယ်။
သတိပေးတဲ့ အဆင့်ထက်ကျော်ရင် ဓေါက်ဓေါက်က အိုဆာမာဋ္ဌကီးတပည့်တွေလို အသေခံပြီး ၀င်တိုက်မှာလား။
ဓေါက်ဓေါက်ပုံနဲ့ဆို ပန်းသေးမူဂျာဟီဒင်ဋ္ဌကီး ဖြစ်နေမှာပေါ့။ တော်ဋ္ဌကာ အင်အယ်ဒီတွေက မူဂျာပန်းလို. အခေါ်ခံနေဦးမယ်။

အမတော်
နတ်ကတော် ပူနောင်ချပ်ချိန်း

winmyanmarmg said...

ပြင်ပရောက်ပြီး နိုင်ငံရေးခိုလုံခွင့် နိုင်ငံခြားကထောက်ပံ့တဲ့ နိုင်ငံရေးစရိတ်တွေကို အလကားစားပြီး အလကားစကားတွေ လျှောက်ပြောနေတာ ပြည်ပရောက် ခိုလုံသူအားလုံးနီးပါဘဲ။ ပုဆိုးဝတ်ထားပြီး မိန်းမ၀တ်ထမီစကားပြောတဲ့လူတွေဆိုတာ ထင်နေတယ်ဗျို့ ။

Anonymous said...

.....မေမေစု ရှေ့နောက်မညီတာတွေကို ချက်နဲ့လက်နဲ့ထောက်ပြတော့လဲ နှာစည်းနေကြတယ်..ခုတမျိုးတော်ကြာတမျိုးပြောလဲ ထောက်ခံမှာပဲဆိုတာ သံသယမ၇ှိပါ...ကိုယ်ပိုင် ခွဲခြားဝေဖန်သုံးသပ်နိုင်တဲ့ဦးနှောက်မရှိကြပဲ ကိုးကွယ်နေကြတာကတော့ တော်တော်ရှက်ဖို့ကောင်းတယ်

မေမေစု နေသူတွေကိုကျနော်တခုပဲမေးလိုပါတယ်....

ဒီမိုကရေစီစံနှုံးနဲ့မကိုင်ညီတာတွေပြင်ရမယ် ဆိုပြီး ၂၅% စစ်တပ်ကိုယ်စားလှယ်တွေလို့ပြောသွားတယ်နော် (မငြင်းကြနဲ့ you tube မှာတင်ထားတယ်)

၂၅% ကိုဖယ်ရှားရမယ်လို့ ကျမဘယ်တုန်းကမှ မပြောခဲ့ ပါဘူးဆိုပြီးပြန်ငြင်းသွားတာကကော.....

ဘာလို့ရှေ့နောက်မညီတာလဲ...

မေမေစုဆိုပြီ ထမီဆွဲနေသူတွေ ဝေဖန်တာကိုခံနိုင်အောင်ကြိုးစားကြ ပါ...အခုလဲ ကြိုက်သလိုဆဲဆိုနိုင်ပါပြီ အဆင့်အတန်းမဲ့စွာ မိကောင်းဖခင်သားသမီးမပီသစွာ အောက်တန်းစားဆန်ဆန် ပညာနဲစွာနဲ့ဆဲဆိုနိုင်ပါပြီ

Kyaw Zin said...

မှန်တာပြောတော့လဲ နာတတ်လိုက်ကြတာနော်။

ဒီစာသားလေးကိုတောင် ပြင်မပေးတာ၊ အခြေခံဥပဒေကို ပြင်နိုင်မယ်လို ဘယ်လိုယုံကြည်ရမှာလဲ။
ဒါမှမဟုတ် အခြေခံဥပဒေကိုပြင်မယ်လို့ ကျမ မပြောခဲ့ပါဘူး လို့ပြောတော့မယ်ထင်တယ်။

taryar said...

winmyanmarmg ရေ
ပြည်ပရောက်ပြီးနိုင်ငံရေးခိုလှုခွင့်ရထားသူ
အတော်များများဟာအနည်းဆုံးတော့၈၈အေ
ရးခင်းမှာပါခဲ့တဲ့လူတွေတိုင်းပြည်ကိုချစ်ကြတဲ့
လူတွေများပါတယ်.အခုလည်းကိုယ့်ထမင်းကို
ယ်စားပြီးအေးအေးဆေးဆေးနေနိုင်ပါလျက်နဲ့
ကိုယ့်တိုင်းပြည်ဒုက္ခရောက်မှာမမြင်ရက်လို့ဝ
င်အမုန်းခံနေကြတာပါ.နောက်ပြီးတော့အထ
က်မှာတချို့တွေပြောတဲ့မင်းတို့လာလုပ်ပါလား
ဆိုတဲ့စကားကကိုယ့်လိပ်ပြာကိုယ်မရှက်တတ်
လို့ပါ.ကိုယ်တိုင်နေနေတဲ့တိုင်းပြည်ကောင်း
ရာကောင်းကြောင်းကိုယ့်ဘာသာကိုမလုပ်
တတ်မလုပ်နိုင်ဘူးဆိုတာထင်ရှားပါတယ်.
ပြည်ပကနေစေတနာနဲ့အကြံပေးနေသူတွေ
ကိုရန်စွယ်ငေါငေါနဲ့မတုန့်ပြန်သင့်ဘူးထင်ပါ
တယ်လူတိုင်းNLDအဖွဲ့ဝင်မဟုတ်သလိုလူတို
င်းဒေါ်အောင်ဆန်းစုကြည်မဟုတ်ပါဘူး.ရှင်းေ
အာင်ပြောရရင်မင်းသမီးအကမှားနေလို့ပရိသ
တ်ကစေတနာနဲ့ထောက်ပြတာကိုမင်းတက်
ကပါလားလို့ပြောတာပရိသတ်ကိုစော်ကား
တာပါပဲ.ပရိသတ်တိုင်းဝေဖန်သုံးသပ်ခွင့်ရှိပါ
တယ်အကြံပေးခွင့်လည်း၇ှိပါတယ်.အဲလို
ဝေဖန်အကြံပေးမခံချင်ရင်လူရှေ့မထွက်ပါနဲ့.
ကိုယ်တိုင်ကျတော့ရှေ့ထွက်ဆန္ဒပြတာမျိုး
မလုပ်ရဲပဲဒေါ်စုကိုသေချင်သေပါစေဆိုပြီး
ရှေ့မှာထားဒေါ်စုလုပ်သမျှထောက်ခံရင်တာ
ဝန်ကျေပြီလို့ယူဆနေတဲ့လူတွေများနေသရွေ့
တော့ကြံ့ဖွတ်အစိုးရကရီနေမှာပါပဲ.
အခုတောင်တော်တော်ပွဲကျနေလောက်ပါပြီ.
ဆရာမင်းသိင်္ခလေသံနဲ့ပြောရရင်မ၀င်ခင်က
ရှုံးနှင့်နေပြီလေ.ဒီပုံစံနဲ့စစ်ဗိုလ်တမတ်သား
ကိုကျော်ပြီးအခြေခံဥပဒေကိုပြင်မယ်ဆိုတော့
...အင်း.တွေးသာကြည့်ကြကျောင်းအမတို့ရေ

khantkoko said...

Hi Lun SWe (So Called Dr)

Instead of staying(hiding) outside and writing comment to other,
Why don't you take a leading roll to
fight for Democracy and Freedom
inside our country? Simply because you are afraid of being jailed. Right! Telling the truth.
The way you writhe the comment on NLD, You have no different with narrow minded people and
You have no idea what NLD is doing for freedom.

Very poor man.

ko gyi said...

ဒေါ်စုကိုအစကပဲမယုံတာ ပြည်သူကိုသိန်းစိန်နဲ့ပေါင်းလိမ်နေတာ
ပြည်သူတွေလည်းသိကြပါတယ်

Kyaw Zin said...

>khantkoko
ငစနေ ရေးတဲ့မှတ်ချက်တွေကို ဖတ်ကြည့်ပါလို့ အကြံပြုပါတယ်။

Kyaw Zin said...

>khantkoko
NLD ဘာတွေလုပ်နေလဲ။
စစ်အစိုးရ အာဏာခိုင်မြဲအောင်။
အခြေခံဥပဒေ နဲ့ ပုဆိုးတဝက်ဝတ်ထားတဲ့ စစ်အစိုးရကို
legitimate ဖြစ်အောင်။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာ နဲ့အမျှ စစ်အစိုးရ အာဏာ ပိုခိုင်မြဲလာအောင် ကူညီနေတာတွေ့နေရပါတယ်။
စောင့်ကြည့်စေချင်သူတွေကိုမေးချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့ ခုချိန်ထိ လမ်းစမမြင်သေးတာ။ စစ်အစိုးရရဲ့ အလုံးစုံချုပ်ကိုင်ထားတဲ့ အခြေခံဥပဒေအောက်ကို ခေါင်းငုံဝင်ပြီးကာမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်မယ်လို့ ဘယ်လို ဦးနှောက်မျိုးနဲ့ယုံကြတာလဲ။

အောင်သောင်း said...

ငစနေ မင်းကအသိမှမရှိ ဘဲနိုင်ငံရေးကို ၀င်စွတ်ဖတ်နေတယ် မင်းတိုဗမာတွေက ပြေားရရင်တော့ ခွေးလောက် အသိညဏ်မရှိဘူးကွာ မင်တိုအဖေ နေ၀င်း နုင့် သန်းရွေ ကို ပတွေ့တော်ပြီ မင်းညီမကို ပေးစားလိုက် ပါလားကွာ

Nai Candima said...

လုံးဝယုံကြည်လို့မရဘူးဆိုတာ ပြောနေဖို့မလိုပါ၊ ဒါပေမယ့် ကိုယ်လည်းမလုပ်နိုင် လုပ်နေသူတွေကိုလည်း မယုံဘူး မကောင်းဘူးချည်း အော်နေတာသင့်တော်ပါရဲ့လား..ဆိုတာ နဲနဲလောက်တော့ စဉ်းစားသင့်တယ်၊ နိုင်ငံရေးမှာ အပေးအယူအလျှော့အတင်းရှိတာ သတိပြုသင့်တယ်၊ လက်ရှိအစိုးရသစ်တက်ပြီးကတည်းက မျှော်လင့်စရာအပြောင်းအလဲ
တွေရှိခဲ့တာကို ငြင်းမရပါ၊ ဆင်းရဲအောက်ကျနေတဲ့နိုင်ငံကို ပြန်လည်ကယ်တင်နိုင်မယ့် လမ်းစလည်းတွေ့နေရတယ်၊ တစစပွင့်လင်းလာနေတဲ့ အခြေအနေတွေကို ပြည်တွင်းရောပြည်ပကပါ အသိအမှတ်ပြုနေကြတယ်၊ နောက်ပြန်မလှည့်သွားအောင်လည်း ဖက်ပေါင်းစုံမှ ကြိုးပမ်းနေကြတယ်၊ ကိုယ့်ရဲ့အပြောအဆို အရေးအသားတွေဟာ ကောင်းလာဖို့အားပေးရာမရောက်ဘဲ အဆိုးဖက်ကိုရောက်စေသလားဆိုတာ သတိထားသင့်တယ်၊ မကူညီနိုင်ရင်အသာနေပါ၊ မနှောက်ယှက်သင့်ပါ။

Nai Candima said...

အကြားအမြင်ဗဟုသုတနည်းရင် အမြင်ကျဉ်းမြောင်းစေတတ်တယ်၊ အမြင်ကျဉ်းသူဟာ မျှတတဲ့အမြင် အကြောင်းအကျိုးဆီလျှော်စွာ လက်တွေ့ကျကျစဉ်းစားတတ်တဲ့ဥာဏ်လည်း ခေါင်းပါးချို့တဲ့တတ်တယ်၊ အသိဥာဏ်ခေါင်းပါး အမြင်ကျဉ်းမြောင်းသူဟာ တယူသန်တဖတ်စွန်းသမားဖြစ်သွားတတ်တယ်၊ တဖတ်စွန်းသမားဟာ လူ့လောကရဲ့ အန္တရာယ်ပါ။

john said...

Dr lun swe ,
as you are a blogger , your idealogy is too stupid, please view A MAY SU in optimistic point of view.

i have no more impression on Dr lun swe , because your idealogy is AWKWARD. soory for my rude behavior

thanks
john

Nga Sanay said...

အောင်သောင်းဆိုသော ခေတ်အဆက်ဆက်က အတွေ.အဋ္ဌကုံရင့်သူဋ္ဌကီးသို.

"ငစနေ မင်းက အသက်ငယ်ပါသေးတယ် ခေတ်အဆက်ဆက်က အတွေ.အဋ္ဌကုံရင့်နေတဲ့ လူတွေပါ မင်းက ခွေးဝဲစား လောက်မှအသိ မရှိပါလား"
"ငစနေ မင်းကအသိမှမရှိ ဘဲနိုင်ငံရေးကို ၀င်စွတ်ဖတ်နေတယ် မင်းတို.ဗမာတွေကပြောရရင်တော့ ခွေးလောက် အသိညဏ်မရှိဘူးကွာ မင်တို.အဖေ နေ၀င်း နုင့် သန်းရွေ ကို ပထွေးတော်ပြီး မင်းညီမကို ပေးစားလိုက် ပါလားကွာ"

သူတပါးကို ခွေးဝဲစားလောက်နှိမ့်ချပြီး၊ ကိုယ့်ကိုကိုယ် ခေတ်အဆက်ဆက်က အတွေ.အဋ္ဌကုံရင့်နေတဲ့ လူပါလို. ပြောကတည်းက ခင်ဗျားရဲ့ အတွေးအခေါ်နဲ. စိတ်ဓါတ်က ပေါ်လွင်ပြီးသားပါ။

ကိုယ့်အရည်အချင်းနဲ. ရင့်ကျက်မှုကို ဖေါ်ပြထားတယ်လို. ယူဆပါတယ်။

အဋ္ဌကံပေးပါရစေ။ ကိုယ်ရည်ကိုယ်သွေး မြင့်တက်ဘို. စာအုပ်တွေရှာဖတ်ပါ။ ခင်ဗျားလို ခေတ်အဆက်ဆက်က လူအဖို. ဆရာဋ္ဌကီးပီမိုးနင်းရဲ့ ဋ္ဌကီးပွားချမ်းသာလိုလျှင် ဒါမှမဟုတ် ဆရာသက်လုံရဲ့ ဆောင်းပါးတွေ၊ နန်ဒသိန်းဇံရဲ့ စာအုပ်တွေ ဖတ်သင့်တယ်။

အင်းဂလိပ်လို ရှာဖတ်ချင်သပဆိုရင်တော့ ဆရာဋ္ဌကီး ပီမိုးနင်း ဖေါ်ပြလေ့ရှိတဲ့ Dale Carnegie ရဲ့ How to Win Friends & Influence People ကိုရှာဖတ်ပါ။ ဒိထက်အဆင့် ပိုမြင့်ချင်ရင်တော့ Gerry Spence ရဲ့ How to Argue and Win Every thing ကိုလေ့လာပါ။

စိတ်ခံစားချက်ကို ထိန်းပြီး ပိုရင့်ကျက်တဲ့ လူသားတယောက် ဖြစ်နိုင်ပါစေ။

ငစနေ

Anonymous said...

ဒေါက်တာ လွဲဆွေ ခံပျင်....ကျမအနေ နဲ ဘယ်တော မှ ၂၀၀၈ အေူခခံဥပဒေကိုပင်ဆင်ဖို့ူပည်သူကို ကတိမပေးခဲပါဘူး ဆိုတာ လုပ်မရတဲအဆုံး အသုံူးပုမေ့စကားတွေပါ။ တိုင်ူပည်တိုးတက်ရေးကို ဘဲ ကိုေူပာင်ုကီးနဲ ကတိပေးတာပါဘဲ....

ဧရာဝတီချစ်သူ said...

မင်းလဲ မြန်မာပြည် မပြန်ရဲဘဲနဲ. လျောက်ပြောနေ.. စာရွက်ပေါ်ရေးတာက ခက်တာမှ မဟုတ်တာ..။ တကယ်အလုပ်လုပ်ဘို.က ခက်တာ..။

Anonymous said...

ဒေါက်တာ လွမ်းဆွေ ကို ကျေးဇူးတင်တယ် ရေသာရေးစမ်းပါ တစ်ယူသန် အစွဲအလန်းတွေ ကို သိသိသာသာူမင်ခဲူပီဘဲ ၊ ဒေါ်စုမရှိ ရင် ရော..ဘာနဲအသက်ဆက်မှာလည်း ကိုယ်အားကိုယ် ကိုးစမ်းပါ သူမရှိရင်ရော ဗမာပြည်ူကီးပျက်စီးသွားရတောမေ့ပုံပေါက်နေပြီ ဘုရားအစား ဒေါ်စု ကို ကိုးကွယ်လိုက်ပါတောလား ။။။

Kyaw Zin said...

နေဦး
မေးပါရစေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDတို့၊ ပါတီစထူထောင်ချိန်က စပြီးယခုအချိန်ထိ ဘာလုပ်ခဲ့ပါသလဲ။
သေချာစဉ်းစားပြီးဖြေပါ။
ပြည်သူတွေက မျက်စေ့စုံမှိတ်ထောက်ခံသလောက်၊ ပြည် သူတွေအတွက် နိုင်ငံရေးအရ၊ ဘာတွေဆောင်ကျဉ်းပေးခဲ့ပါသလဲ။
စစ်အစိုးရကို အကြိမ်ကြိမ်အလျော့ပေးခဲ့တာကလွဲလို့ ဘာမှမလုပ်ခဲ့ဘူးဆိုတာ အမှန်အတိုင်းမြင်တတ်မယ်ဆိုရင်တွေ့မှပါ။
မျက်မှန်စိမ်းတတ်ပြီး ရိုးပြတ်ဝါးနေမယ်ဆိုရင်လဲ မပြောတော့ဘူး။

ttt said...

နာမယ် ဆိုးကြီးနဲ့ကျော်ကြားတာ ဘယ်ကောင်းမလဲ

smile said...

@Kyaw Zin:

Daw Suu and NLD have done nothing and contributed nothing to democracy.

1. in 1989, Daw Suu called for nation wide uprising and to march to Arr-Zar-Ni Gone on 19 July 1989, but all of us were at She gone Daging at 9 am as previewed. But At 9am Ko Myat San from Three colors arrived and distributed a statement signed by Daw Suu to cancel the march, but it was too late, many arrested, beaten and some died.

2. Besides, on 13th March 1989, daw suu was angry with others political figures including student leaders during the Phone Maw day.

3. Daw Suu called for failed boycott 2010 elections and is now only satisfied with 43 seats but has not prepared for Hluttaws. Instead she went for visiting tour in Europe simply to celebrate her fame/profile.

4. Daw suu urged Senator McCornell to extend "Burma Freedom Democracy act" and advised him to lift all sanctions only in 2015 whne she and NLD win majority seats in Elections.

5. Daw suu urged UN's envoy to be careful and not to score too much the government in Rohingyas problem. She simply tell all foreginers/UN/US/EU leaders to drop all sanctions/restrictions imposed on Myanmar only in 2015 when she has majority seats in Parliament.

Daw Suu has done nothing at all for democracy cause. The only thing she cares is her profile, her fame, personal influence and political power.

Now she is extremely jealous of all young politicians potential for 2015.

but Burmese are a stupid people, will massively vote for their God Daw suu in 2015.

Forget, a country and a people should not and must not at all get more than they merit. Let them have Daw Suu/NLF in 2015. They will see what they get :)

yeminthein said...

You can do as you like but don't touch our target.

Unknown said...

omg. all the people against u,Dr.lune swe.what is NLD .i will wait for next 5 years what NLD can do .don't dissapointed .even all the people in the world against u ,u have to do the right things because God knows who is right.i m not serious upon who is our country leader like D su.but only i want the thing is the good leader or the true one .warmly wellcome to any true leader to promote our country