Thursday, April 5, 2012

KNLA က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲ

KNLA က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲ
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၅ ရက်၊ ၂၀၁၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲကို မနေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNLA တပ်မဟာ ၅ ရဲ့ စစ်ရေးပြကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

3 comments:

Unknown said...

ဒါ သတင်းလားဗျာ။ အစိုးရ သတင်းစာနဲ့ ဘာကွာတုံး။

.. said...

မြန်မာပြည်သွားမဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ နော်မေဦးကို spokeswoman အဖြစ် ကေအန်ယူက သုံးတဲ့အတွက် ကေအန်ယူမှာ ပညာတတ်မျိုးဆက် ဘယ်လောက်ပြတ်သွားသလဲ ပေါ်လွင်နေပါတယ်။

နော်မေဦးကို ဖဒိုမန်းရှာနေရာမှာ အစားထိုးဖို့ကြိုးစားရင် ကေအန်ယူရဲ့ အမှားပဲ။ ဖဒိုမန်းရှာနေရာမျိုးအတွက် အလားအလာရှိတာ ဇိုရာဖန်းလို အမျိုးသမီးမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ခုငယ်သေးတယ်။ မြန်မာစကားကို ဒိထက်ပိုကျွမ်းကျင်အောင် လေ့ကျင့်ဘို့လိုတယ်။

ကေအန်ယူက ဖဒိုမန်းရှာလိုလူမျိုး များများမွေးဘို့လိုတာမှန်ပေမဲ့ နောမေဦးလို ကရင်မမျိုးဟာ ကေအန်ယူအတွက် လူမှန်မဟုတ်တာသေချာတယ်။ နော်မေဦးဟာ အနောက်နိုင်ငံမှာ စာသင်ခဲ့တဲ့ ပညာတတ်ယောက်ဖြစ်ပေမဲ့ စာရိတ္တပိုင်းရော အတွေးအခေါ်ပိုင်းမှာ ချွတ်ခြုံကျနေတဲ့ မိန်းမတဦးသာဖြစ်တယ်။

အတွေးအခေါ်ပိုင်းနဲ့ကြည့်ရင် နော်မေဦးမှာ ကရင့်တော်လှန်ရေးအတွက် ဘာမှအထောက်အကူပြုတဲ့ အယူအဆမျိုး မထူထောင်နိုင်တဲ့ပြင် အဆိုးဆုံးက ဖောက်ပြန်ရေးသမား ဒေါက်တာဇာနည်ရဲ့ ဦးနှောက်ဆေးတာ ခံခဲ့ရတဲ့ ကရင်မဖြစ်နေတယ်။

ဇာနည် မြန်မာပြည်က ထောက်လှမ်းရေးတွေနဲ့ ခိုးကြောင်ခိုးဝှက်သွားတွေ့ပီးပြန်လာတော့ အမေရိကန်မှာ နိုင်ငံရေးခွင်ပျောက်သွားတယ်။
ဒီအချိန်မှာ ဇာနည်ဟာ နော်မေဦးကို အသုံးချပီး နယ်စပ်လက်နက်ကိုင်တွေကို အမေရိကန်က ငွေထောက်ပံ့အောင် အမေရိကန်ကို လိမ်ဘို့ ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ပါ။ ဒီမှာတင် စစ်အစိုးရနဲ့ ဆက်ဆံရေးဆိုတဲ့ ပေါ်လစီကို အကောင်အထည်ဖော်ဘို့အတွက် ဇာနည်နဲ့ နော်မေဦး ပူးပေါင်းပီး ၂၀၀၄ အစောပိုင်းမှာ အမေရိကန်အစိုးရကို လောဘီလုပ်ဘို့ကြိုးစားခဲ့တာ ဘယ်သူမှ မထောက်ခံတဲ့အတွက် မအောင်မြင်ခဲ့ပါ။

ဒီအချိန်ကာလတွေမှာ နော်မေဦးဟာ ဇာနည်နဲ့ Living together အတူနေတယ်ဆိုတာ သိသူတွေ အများအပြားရှိခဲ့တဲ့။ မြင်သူတွေ အများကြီး ရှိခဲ့တယ်။

နော်မေဦးဟာ စကထဲက ကရင့်တော်လှန်ရေးအတွက် ဘာလုပ်မယ်ဆိုတဲ့ ပြတ်သားတဲ့ နိုင်ငံရေးခံယူချက်မရှိပဲ အခွင့်အရေးရမဲ့သူတွေနဲ့သာ ပူးပေါင်းတတ်သူဖြစ်တယ်။ ဇာနည်နဲ့ပေါင်းခဲ့တာလဲ ဇာနည်က အဲဒီအချိန်မှာ ငွေရအောင် တောင်းတတ်သူဆိုတော့ နော်မေဦးအတွက် သုံးလို့ဖြုန်းလို့ကောင်းတဲ့အချိန်ပါ။

နော်မေဦးလို စာရိတ္တပိုင်းရော အတွေးအခေါ်ပိုင်းမှာ ချွတ်ခြုံကျနေတဲ့ ကရင်မမျိုးကို spokeswoman အဖြစ် ကေအန်ယူပွဲထုတ်နေတာကို ဖဒိုမန်းရှားသာသိရင် ဖနောင့်နဲ့ ပေါက်ပစ်မလားတောင် တွေးမိတယ်။

Karen-Shop said...

ဖြစ်နိုင်ပါ့မလား ကောင်လေး။ မင်းဘယ်မှာလဲ သက်သေ အထောက်အထား ငါ့ကို ပြစမ်းပါအုံး။ မင်းကြောင့် သူတပါး သိက္ခာ ကျလိမ့်မယ်။