Monday, April 2, 2012

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)
နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်

ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။

အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။

3 comments:

SBT said...

ဝမ်းသာတယ်ဗျာ.. တချိန်က KSO ခေါင်းဆောင်တစ်ဦး ခုလို KKO မှာ ဦးဆောင်ပါဝင်လာတာကို ကြိုဆိုပါတယ်.. ကရင့်တော်လှန်ရေးသမိုင်းအရ ဗိုလ်မှုးရောဘတ်စံဟာ လေးစားအားကျစရာကောင်းတဲ့  ခေါင်းဆောင်တစ်ဦးပါ.. ခုလို ပြောင်းလဲဖွဲ့ စည်းနိုင်တာကိုလည်း အားရကျေနပ်တယ်.. စစ်အစိုးရကို အတွင်းစည်းကနေ ဒူးမထောက် လက်မမြောက် တွန်းလှန်ပုန်ကန်ရဲတဲ့ စောလားပွယ်ကို ခုလို စွမ်းဆောင်နိုင်တာ အသိအမှတ်ပြုပါတယ်.. ကျုပ်တို့ လည်း အမျိုးသားရေးအတွက် မကြာခင် လာရောက်ပူးပေါင်း လက်တွဲဆောင်ရွက်သွားမှာပါ..

skfjpqp said...

တော်လှန်သူတို့ရဲ့ ဇွဲလုံ့လကို လေးစားပါတယ်။ ကရင်နိုင်ငံတော်သစ် ပေါ်ပေါက်လာနိုင်ပါစေ။

လေးစားစွာဖြင့်

မြတ်နိုင်

kokozaw said...

Our Karen had a good history. We learn from our history. In the end we are going to victory. Every single Karen much proud of ourself and much know our destiny. We try fot our brighter days........
So wake up every Karen!........