Thursday, April 26, 2012

နှောင်းလူတို့၌ ဖြစ်ကြကုန်၏

နှောင်းလူတို့၌ ဖြစ်ကြကုန်၏
သံလွင်ခ

မြွေဆိုးမြွေဟောက်တသိုက်
အရေခွံလဲလိုက်တာနဲ့
မြွေလိမ္မာတွေဖြစ်
နိုင်ငံသစ်ရဲ့မျက်လှည့်ပွဲလား။

ဆောင့်ကြောင့်ထိုင်တတ်တဲ့ ခွေး
နည်းနည်းလေး မအူဘဲနေပြရုံနဲ့
ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
ကေသရာဇာဖြစ်ရရိုးလား။

ပုတ်သင်ညိုတွေကို ခေါင်းပေါင်းပေါင်း
အကောင်းစား တောင်ရှည်ဆင်
လွှတ်သဘင် ၀င်ခိုင်းရုံနဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီး
ပုံဖော်ပြီးပြီတဲ့လား။

အင်း ...
ကောသလမင်းရဲ့အိပ်မက်
မှန်ချက်တွေကတော့
ရက်စက်ပါရဲ့။ ။

သံလွင်ခ
(‘စီးဆင်းခဲ့သော ကဗျာများ’ စာအုပ်မှ ...)

10 comments:

zarni said...

အရမ်းကြိုက်တယ်

min said...

ပုတ်သင်ညိုမဟုတ်ပါဘူး ဖွတ်တွေပါ

Saw K Shan said...

ကောင်းလိုက်တာဗျာဒက်ထိကွက်တိ။

mrmonn said...

it is true!!!

minsoeaung said...

Dကြူရေ
တစ်ပုဒ်လောက်ဝင်ရေးပါလား။သူရေးသလိုထိမိပြတ်သား
လိုတိုရှင်းလေးရေးပေးပါ။ဗမအms

minsoeaung said...

ဆရာသံလွင်ခအားထေက်ခံခြင်း
ကဗျာမမီ
စာမပီ
ငါသည်သူငယ်တန်း။

ခေါင်းပေါင်းစထောင်
အိုဘယ်မောင်
တောင်မြောက်ဘယ်မှာလဲ။
အတ္တရှေ့တင်
တောသခင်
မာန်ဝင်နည်းနည်းလျော့။
သင့်ရှေ့ကသွား
သင်ခန်းစာများ
မြင်ကြားသိသလား။
အနတ္တမျိုး
အစိုးမရ
မုချအလှည့်ကျ။
Dr လွမ်းတွင်
အားပေးဝင်
အသင်စာရှုအကြံပြုါ်။
ဆရာခ အားပူဇော်ပါ၏။

Unknown said...

ကောင်းလိုက်တဲ့ ကဗျာ...
အဲ့ဒီ ဖွတ်တွေ ဖတ်သင့်တယ်။

yarzar said...

အဲဒိကဗျာဆရာမကစီးဆင်းခဲ့သောကဗျာများ
စာအုပ်ရေးတဲ့ဂျပန်ကသံလွင်ခမဟုတ်လား.
သူ့ကဗျာတွေဖတ်ဖူးတယ်.ကြိုက်တယ်ဗျာ.
ကဗျာရောလူရော.....

yarzar said...

sorryဗျ.ကျနော့်commentနဲနဲရိုင်းသွားတယ်
.အဲဒိဆရာမရဲ့တခြားကဗျာတွေရရင်
လည်းဖေါ်ပြပေးပါဦးဆရာ.ဆရာမရဲ့
ကဗျာတွေကျနော်တကယ်ကြိုက်လို့ပါ.

Unknown said...

မကောင်းမြင်တဲ့ ကဗျာကြီး .မကောင်းတဲ့ဘက်ကကြည့်
တဲ့ ကဗျာကြီး ...