Tuesday, April 3, 2012

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြင့်မြတ်ကျော် (ဆော်လမွန်ဆောက်လုပ်ရေး) တို့ အကျိုးတူ ပူးပေါင်း၍ လိမ်လည်ခြင်း (ပေးစာ)

နဝရတ်စင်တာကွန်ဒို အဆောက်အဦးအား မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြင့်မြတ်ကျော် (ဆော်လမွန်ဆောက်လုပ်ရေး) တို့ အကျိုးတူ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီဆိုပြီး ဆောက်လုပ်ခဲ့ကြတာပါ။ ရောင်းချစဉ်ကတော့ မြေအောက်ထပ် ကားပါကင်ပါတယ်ဆိုပြီး မြင့်မြတ်ကျော် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနက အတူတကွ ပူးပေါင်းကြော်ငြာ ရောင်းချခဲ့တာကတော့ သေချာပါတယ်။

မြန်မာ့အလင်းသတင်းစာတွင် ၂၆-၈-၂၀၀၅ နေ့စွဲဖြင့် စာမျက်နှာ ၁၈ တွင် ကြော်ငြာရောင်းချခဲ့စဉ်က

နဝရတ်စင်တာကွန်ဒို ဆောက်လုပ်စဉ်က ကြော်ငြာထားသော ဆိုင်းဘုတ်ကြီး

ပြီးတော့ အဲဒီ့ နဝရတ်စင်တာကွန်ဒို ဆောက်လုပ်စဉ်က ကြော်ငြာထားသော ဆိုင်းဘုတ်ကြီးမှာလည်း 60' x 50' RCC လေးခန်းတွဲ ၈ ထပ်တိုက်၊ မြေအောက်ထပ် ကားရပ်နားရန်နေရာ၊ နိုင်ငံတကာအဆင့်မီဆိုပြီး ကြော်ငြာရောင်းချခဲ့တာလည်း သေချာပါတယ်။

အခန်းပေး အခန်းယူစနစ်နဲ့ ဆောက်လုပ်တာကြောင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အခန်းများကို အိုးအိမ်က ရောင်းချခဲ့ပြီး ကန်ထရိုက်တာပိုင် အခန်းများကို ကန်ထရိုက်က ရောင်းချခဲ့တာပါ။

ယခုအခါ နိုင်ငံတော်က ပြည်သူပြည်သားများအား ကားဟောင်းအပ်၍ ကားသစ်များ စီးခွင့်ပြုထားသော အချိန်မှာ လမ်းတိုင်းမှာ ကားသစ်၊ ကားဟောင်းများနဲ့ ပြည့်နေပါတယ်။ ကားရပ်စရာနေရာ တော်တော့်ကို ရှားပါးနေချိန်ပါဗျာ။ ဒါပေမယ့် မြေအောက်ထပ် ကားရပ်နားရန် နေရာကတော့ ဟောင်းလောင်းကြီးပါဗျာ။ ကားအစီး ၄၀ ခန့် ဆံ့ပါတယ်ဗျာ။

ထို့အပြင် နိုင်ငံတကာအဆင့်မီဆိုတဲ့ စကားလုံးကို သုံးနှုန်းထားပါတယ်။ ဘယ်လိုနေရာက နိုင်ငံတကာအဆင့်မီနေလည်းတော့ မသိပါဘူးဗျာ။ မြေအောက်ထပ် ကားရပ်နားရန် နေရာမှာ ကားရပ်ခွင့်မရပါ။

ပြီးတော့ လေးခန်းတွဲ ၈ ထပ်တိုက်လို့ ကြော်ငြာထားတာကို ၉ ထပ် ဆောက်ပြီး အဲဒီ ၉ ထပ် တခုလုံးကို ကန်ထရိုက်က ရတယ်တဲ့ဗျာ။ (ဘယ်လိုခွဲဝေလည်းတော့ မသိပါဘူးဗျာ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်ဝင်းပဲ သိမယ်ထင်ပါတယ်ဗျာ။ အေးဗျာ ... ခင်ဗျား အရမ်းသဘောကောင်းတာပဲနော်။ ခင်ဗျားပိုင်တဲ့ မြေမှာ ကန်ထရိုက်တိုက်ဆောက်တဲ့အခါ အဲဒီလိုမျိုး လုပ်ပေးနော် လွှတ်တော်ကိုယ်စားလှယ်ကြီး)

ဒါကြောင့် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ဆောက်လုပ်စဉ်က ကြော်ငြာထားသော ဆိုင်းဘုတ်ကြီးတို့တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြင့်မြတ်ကျော် (ဆော်လမွန်ဆောက်လုပ်ရေး) တို့ အကျိုးတူ ပူးပေါင်း၍ အတိအလင်း ရေးသားကြော်ငြာထားသော စာသားများဟာ “တိတ်ဆိတ်သော ပဋိညာဉ်နှင့် သက်မဲ့သက်သေ” များ ဖြစ်ပါသော်လည်း အခက်ကြုံနေရပါတယ်ခင်ဗျာ။

အထက်ပါ အကြောင်းအရာနဲ့ပတ်သက်၍ အမှတ် ၁၈၆၊ မဟာဗန္ဓုလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ရှိသော “မူလဘူတ န၀ရတ်စင်တာ အဆောက်အဦပုံစံ” ကို ပြန်လည် စစ်ဆေးပေးပါရန် သက်ဆိုင်ရာအစိုးရဋ္ဌာနမှ လူကြီးများ သိရှိအောင် ကျေးဇူးပြု၍ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

န၀ရတ်စင်တာမိသားစု

1 comment:

ချိုဇင်သွယ် said...

သမ္မတကြီးထံ အိပ်ဖွင်.ပေးစာ
သမ္မတကြီး ခင်ဗျား ///// .....
ရန်ကုန်မြို.တော်စည်ပင် (ယာ/အုံ)က ၂၀၁၂ ခုနှစ်ဆန်းမှာ ၄ ထပ်နဲ.အထက်အဆောက်အဦများ မြေညီထပ်ကားပါကင် ထည်.သွင်းဆောက်လုပ်ရမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ.ပြီး (၁၅-၀၃-၁၂) မှာ မြေရှင် ၊ လုပ်ငန်းရှင်များ ရဲ.တင်ပြမှု ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ. Y.C.D.C မေးမြန်းချက် အပေါ် ဖြေကြားချက်တို.အပေါ် မူတည်ပြီး မြေညီထပ်ကားပါကင် ထည်.သွင်းဆောက်လုပ်ရမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ.တဲ.
ညွှန်ကြားချက်ကိုပြန်လည်ရုပ်သိမ်း ခဲ.ပါတယ်၊ ဒါပေမယ်. ၂၀၁၂ ခုနှစ် ၊ မတ်လကုန်မှာဘဲ နေပြည်တော်မှ ဖိအားပေးလို.ဆိုကာ မြေညီထပ်ကားပါကင် ထည်.သွင်းဆောက်လုပ်ရမှာဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ.ပါ တယ်၊
ရန်ကုန်ကမြေကွက်အများစု ဟာ ၂၅ပေ x ၅၀ ပေ တွေ ဖြစ်လို. ထုတ်ပြန်ထားတဲ.စည်ပင် ဥပဒေတွေအရ ဆောက်ရင် ဖေါ်ပြပါ ပုံအတိုင်း ၆ ပေအကျယ်ကား၁ စီးဝင်ထွက်လို.မဆန်.ပါ ၊ အမှန်ဆို ကားရဲ. အကျယ် ၆ပေ ....
အပြင် BACK မှန် နဲ. CLEARANCE အတွက် တဖက် ၁ ပေ ခွဲ လောက်ရှိ မှ ၀င်ထွက်လို့ရမှာပါ ။ အလားတူ ၃၂ပေxပေ၅၀ မြေကွက်ပေါ်မှာ နှစ်ခန်းတွဲဆောက်ခဲ့ရင်လည်း ကားများ ရှေ့နောက်တန်းစီဝင်ရပ်နိုင်ပေမဲ့ ပြန်ထွက်နိုင်ဖို့ အဆင်မပြေပါ ။..... ဖြစ်စဉ်က ယခင်လပိုင်းကဘဲ ဆောက်ပြီးခဲ.တဲ. ၄ ထပ်မှ ၈ ထပ်အဆောက်အဦတွေက မြေညီထပ် မှာဆို ဆိုင်ခန်းကြီးတွေ ဖွင်.လို. ၊ သိန်း ထောင်ချီနဲ.ရောင်းစားပြီးလို. ၊ ခုဆောက်တဲ.အဆောက်အဦတွေကမြေရှင်က သူ.ရဲ. မြေညီခန်းကို အနည်းဆုံး ကျပ် သိန်း ၇၀၀ (နေရာမကောင်း) မှ သိန်း ထောင်ချီ (နေရာကောင်းရင်) ကို တစ်ပြားမှမရဘဲ အများ ပြည်သူ ကားရပ်နားဖို. လှူရမယ်ဆိုတာလည်းလက်တွေ.မကျတဲ.အနေအထားပါ ၊ ရန်ကုန်မြို.ရပ်ကွက်လမ်းကြားထဲကမြေကကွက်ငယ်ပိုင်ရှင်တွေကိုမြေညီကားပါကင်လုပ်ဖို.ပေးဆပ်ရမယ်ဆိုရင် ညွှန်ကြားသူ မြို.တော်ဝန် ၊ ၀န်ကြီးချုပ် (ရကတ)အစရှိ တဲ.အာဏာပိုင်များရဲ.နေအိမ်မြေညီထပ်များ ကိုလည်း partition နဲ. external wall တွေဖျက်ပြီး မြေညီထပ်ကို အများပြည်သူကားရပ်နားဖို. လှူပြပါလားခင်ဗျာ ၊ ဒါတော.မဖြစ်နိုင်ဘူး ၊ နှမျော တယ်ဆိုရင် ရပ်ကွက်ထဲက မြေကွက်ငယ်ပိုင်ရှင်တွေရဲ.မြေညီထပ်ကို အာဏာနဲ.အများပိုင်ကားပါကင် မလုပ်ခိုင်းပါနဲ.ခင်ဗျာ ။
ယခုအခါမှာ မြို့တော်စည်ပင်ရဲ့ မြေညီထပ်ကားပါကင်အမိန့််ကြောင့် ယာ/အုံဌာနမှာ လေးထပ်နှင့်အထက် ဆောက်လုပ်ခွင့်တင်သူ ၉၀%ကျော် လျော့နည်းသွားပြီး တိုက်ခန်းဈေးတွေလည်း အဆမတန်မြင့်တက်လာပါတယ်။ အဆိုးဆုံးကတော့ ပန်းရံ ၊ လက်သမား ၊ သံချည်သံကွေး ၊ မြေတူး ၊ အလူမီနီယံ ၊ ဆေးသုတ် အစရှိသော ဆောက်လုပ်ရေးလုပ်သားပေါင်း သောင်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ကြရပြီး ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆောက်လုပ်ဆဲ တွေမရှိတော.လို. အဆိုးဆုံးအခြေအနေကို ရောက်ရှိလာမှာဖြစ်ကြောင်း ရိုသေစွာတင်ပြအပ်ပါသည် ။


နစ်နာရသောအိမ်ဟောင်းဖျက်ဆောက်မည်.
မြေရှင်များ