Sunday, April 8, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၄-၂၀၁၂ - ညပိုင်း)

- တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ညီလာခံကြီးတရပ် ကျင်းပ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည် click
- KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ click
- သမ္မတ ဦးသိန်းစိန် KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ click
- ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပြန်လာပြီ click
- မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇) click
- ငွေကြေးစနစ်သစ် ခြေလှမ်းအစ (ဆောင်းပါး) click
- သင်္ကြန်သံချပ်ကိစ္စအပေါ် အစိုးရသူအချင်းချင်း သဘောကွဲလွဲတာ အန္တရာယ်ကြီးတခု click
- ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့၏ ၀င်းကုန်းရွာ၊ မီးဘေးအလှူ click
- လက်ဆောင် (ကာတွန်း) click

1 comment:

Anonymous said...

"ဒီမိုကရေစီစစ်စစ် ဆိုတာ"
1 Comment - Show Original Post

Anonymous Anonymous said...

မှန်ပါပေသည်...။ယခုကာလတွင်...ပူးပေါင်းဆောင်ရွက်ရေးနည်းဗျုဟာမှလွဲ၍...အခြားမရှိပါချေ..။

တခုတော့ရှိလေသည်..။

မြန်မာ့လူ့ အဖွဲ့ အစည်းက...ဒီမိုကရေစီ သို့ လုံးဝရောက်ရှိကာ..ဒီမိုကရေစီထွန်းကားနေပြီဟု.
.တော့..ဆိုလို၍ကား..မရနိုင်သေးပေ..။

ခုမှ..အသွင်ကူးပြောင်းလျက်ရှိဆဲ..ဆိုသည်ကိုကား
အမြင်လည်းရှင်းကြစေ..လက်သင့်လည်းခံကြစေ..
ရန်ကားအရေးကြီးပေသည်..။


ထို့ အတူ...ဒီမိုကရေစီ၏အဓိကဆန့် ကျင်ဘက်မှာ
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပင်..ဖြစ်လေ၏..။

ကွန်မြူနစ်တိုင်းပြည်များတွင်..ပုဂ္ဂိုလ်ရေးဆည်းကပ် ကိုးကွယ်မှု...ဖြင့်..အာဏာရှင်စနစ်ကို..တည်ကြ၏
ကျားကန်လေ့ရှိကြ၏.။လီနင်..စတာလင်..မော်စီတုံး
ကင်အီဆွန်း...တို့ ကိုကြည့်...။လင်္ကျာစွန်းဖက်ဆစ်
နာဇီ..တို့ တွင်လည်း...ဟစ်တလာ..မူဆိုလိုနီ..တို့ ကိုကြည့်..။

ဒီမိုကရေစီ အခြေခိုင် လျက်ရှိနေကြကုန်သော တိုင်းကြီးပြည်ကြီး များ ကိုလေ့လာကြည့်ကြပါ..
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို..ရှေ့တန်းမတင်ကြတော့ပေ။

ဒီမိုကရေစီ၏အနှစ်သာရ..သည်ပင်.....လူတဦးတယောက်ကို..သူဘာလုပ်လုပ်အကုန်လုံးမှန်သည်ဟု..မျက်စေ့စုံပိတ်ခါ..လက်ခံ၍နောက်ကလိုက်လုပ်ကြ ရသည်မဟုတ်ပေ..။ဤသည်မှာ..အာဏာရှင်မျိုးစေ့ကိုပျိုးထောင်ပေးနေကြခြင်းသာဖြစ်၏..။
လူတစု...ကိစ္စကိုမူ...ဤအတိုင်းပဲဟုဆိုလျှင်...
Oligarchy..ဟုဆို၏..။

Autocracy ရော...Oligarchy ရော...
DEMOCRACY...မဟုတ်ပေ..။

ထို့ ကြောင့်..တကယ့်ဒီမိုကရေစီစစ်စစ်..ပါဟုဆိုပါလျှင်...ပုဂ္ဂိုလ်ရေးဆည်းကပ် ကိုးကွယ်မှု....ကို
ယနေ့ မှစ၍..တိုက်ဖျက်ကြပါ..။တွန်းလှန်ကြပါ..။
တော်လှန်ကြပါ...။

မည်သည့်ခေါင်းဆောင်၏နာမည်ကိုမျှ...မိမိ..မိမိပါတီ..ရွေးကောက်ပွဲ..မိမိ၏အကျိုးအတွက်...
အသုံးမချကြပါနှင့်တော့...။
အဲ့ဒီလိုလုပ်တာ...ရှက်ဖွယ်....ဟုနားလည်သဘောပေါက်ကြပါတော့...။

အမေရိကန်..ဂျပန်..နှင့်..ဥရောပ..တို့ မှာ...
ကိုယ့်နာမည် နှင့်..ကိုယ်သာ...နိုင်ငံရေး...
ရွက်ဆောင်ကြပါလေ၏...။

ကဲ..နှိုင်းယှဉ်ကာသာ..လေ့လာပြီး..ဆုံးဖြတ်ကြပေရော့...။
လွယ်တော့မလွယ်လှသေးဘူးထင်၏...။

စက်မှုကုန်ထုတ် အရင်းရှင်ဒီမိုကရေစီလူ့အဖွဲ့ အစည်း
ကိုခုမှစသွာရမှာကိုး...။
မြေယာလူ့ အဖွဲ့ အစည်း မှာပဲရှိနေသေးတော့..
ယဉ်ကျေးမှုဓလေ့စရိုက်တွေကလည်း..

ကျေးစေတမာန်ရဲ့  C-Box..
myanmarexpress.net ရဲ့ ရေးဟန်..
ဒေါက်တာလွမ်းဆွေရဲ့  blog comment တွေ..
Facebook ပေါ်က..ဒီမို နဲ့  စစ်ဗိုလ် ဆိုသူတွေ
ရဲ့ ..စာဟန်ပေဟန်..လေသံတွေက...
ယနေ့ ..ခေတ်ရဲ့ မျိုးဆက်သစ်ဆို သူတွေရဲ့ ..
ရုပ်ပိုင်းစိတ်ပိုင်းခြေအနေမှန်ကို...
မီးမောင်းထိုးပြနေတယ်ဆိုတာငြင်းလို့ ...
လုံးဝမရနိုင်ပါဘူး..။

ဒါတွေဟာ..လူတစုပါလို့ .တချိန်က.မြန်မာ့အလင်းသတင်းစာကလို...တော့..ခေါင်းမခါချင်ပါနဲ့ တော့....။အမှန်ကိုဝန်ခံပြီးပြုပြင်ကြပါတော့လို့ သာ..
စေတနာမှန်နဲ့ တိုက်တွန်းရေးသားလိုက်ရပါတော့တယ်။

******
ထို့ ကြောင့်..တကယ့်ဒီမိုကရေစီစစ်စစ်..ပါဟုဆိုပါလျှင်...ပုဂ္ဂိုလ်ရေးဆည်းကပ် ကိုးကွယ်မှု....ကို
ယနေ့ မှစ၍..တိုက်ဖျက်ကြပါ..။တွန်းလှန်ကြပါ..။
တော်လှန်ကြပါ...။
******


ဘာကြောင့်ဖျက်တာလဲ...အဝေဖန်မခံနိုင်ဘူးလား.။

April 9, 2012 2:19 AM