ကျမ်းကျိန်စာသားကိစ္စကြောင့် NLD ကိုယ်စားလှယ်များ
ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
သတင်း - အာရ်အက်ဖ်အေ (၂၂-၄-၂၀၁၂)
ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒါဟာ လွှတ်တော်ကို သပိတ်မှောက်တာမဟုတ်ဘဲ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲမို့ မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
“ကျနော်တို့က တက်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက်ကြောင့်၊ တစုံတရာ တိုးတက်မှု မရသေးတဲ့အတွက်ကြောင့် ဒီကနေ့ နေပြည်တော်ကို သွားဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့်မို့လို့ မနက်ဖန် ကျင်းပမယ့် ပထမအကြိမ် ကျင်းပမယ့် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ကျနော်တို့ တက်ရောက်ဦးမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းပြကြပါတယ်။ ဦးဉာဏ်ဝင်းတို့ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ ပြေလည်သွားမယ်ဆိုရင် အမြန်ဆုံး လွှတ်တော်တက်ရောက်တာကို တွေ့ရမှာပါ။”
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ Uphold စကားရပ်အစား respect လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ဆိုရာမှာ ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် မတက်ရောက်သေးတာလို့ ပြောပါတယ်။
ဒီနေ့ဟာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဆွေးနွေးပွဲသင်တန်း နောက်ဆုံးနေ့ဖြစ်ပြီး ဒီအခမ်းအနားကာလအတွင်း သတင်းထောက်တွေက မေးမြန်းတဲ့အခါ သပိတ်မှောက်တာမဟုတ်ဘဲ အချိန်အခါသင့်ချိန်ကို စောင့်နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေကြားတယ်လို့လည်း အေအက်ဖ်ပီသတင်းမှာ ပါရှိပါတယ်။
- လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး click
- မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ တာဝန်ပေးအပ် click
- ရွှေဂတ်စ်စီမံကိန်းကြောင့် ကံ့ကော်တော ဘုရားဖူးလာသူများ ဒုက္ခတွေ့ click
5 comments:
NLDလုပ်ဆောင်ချက်တွေမှန်ကန်ပါပေတယ်. မဲပေးရကြိုးနပ်လို့. တစ်မိသားစုလုံးကနောင်၂၀၁၅ကိုလည်းnldကိုသာလျှင်မဲပေးမှာပါ.ပါတီအသစ်တွေဖွဲ့မည့်ဆရာတို့ရေမဲတွေအားလုံးnldဘဲပေးကြမှာဗျ. ခင်ဗျားတို့အတွက်မရှိဘူးနော်. ရွှေးကေါက်ပွဲလုပ်စရာတောင်လိုမယ်မထင်ပါ. ကိုလူမင်းပြောသလို. NLD. ဟာပြည်သူ့ပါတီလေ
NLD မတက်တာမှန်တယ်
အဖွဲ့ချုပ်ကတော့ယခုလိုမှန်ကန်သောလုပ်ဆောင်မှု့တွေကြောင့်ပြည်သူတွေရဲ့တခဲနက်ထောက်ခံမှု့တွေရနေတာပါလား လေးစားပြီးတော့ကျေးဇူးတင်ပါတယ်NLD
NLD ရဲ့လုပ်ဆောင်ချက်တွေကလေးစားလောက်ပါပေတယ်....ပြည်သူ့ပါတီပီတပါတယ်...ကျေးဇူးတင်ပါတယ်NLD
မတက်သေးတာကို ဋ္ဌကိုက်တယ်။
မပြောင်းပေးရင် မတက်ဘူး။ ဒါဘွေဆော်ဦး တိုက်ပွဲဘဲ။
မပြောင်းပေးရင် မတက်ဘူး။ နဲနဲ ဋ္ဌကာလာရင် ပြည်သူလမ်းပေါ်ထွက်မယ်။ တိုက်ပွဲဖေါ်မယ်။ နိုင်ငံတကာကို လောလောဆယ် အားမကိုးနဲ.။ ကိုယ့်ဖါသာ ကိုယ်ဋ္ဌကိုးစား။
လွှတ်တော်ကိုယ်စားလှယ်တွေ ဆက်တိုက်ရဲမလား။ အဆိုးစုံး အခြေအနေကို ရင်ဆိုင်ဘို. ပြင်ထားဘို.လိုတယ်။
ပြီးတော့သာ ဖွတ်ရှုးမဖြစ်စေနဲ.။
ပြည်ပထွက်ပြေးလာပြီး၊ စိန်ဝင်းတို. လင်းပင်တို.လို. အစိုးရထောင်ဘို. မစဉ်းစားနဲ.။
ဒီတခါဆိုရင် အရိုက်ခံရမယ်။
ပြင်ပေးလို. ၀င်ခွင့်ရရင် ပွဲဦးထွက် အောင်ပွဲဘဲ။ စည်းရုံးပြီး ဆက်နွှဲဘို. ဋ္ဌကိုးစားလို. ရကောင်းရမယ်။ ဒီမိုအင်အားစုတွေ အားတက်မယ်။ ဗိုလ်ချုပ်တွေ သွေးပျက်မယ်။ သူတို. အချင်းချင်းဋ္ဌကား ဗယန်းဗတာ ဖြစ်မယ်။ ဟန်ချက်ပျက်သွားနိုင်တယ်။
အန်အယ်ဒီဘဲဖြစ်ဖြစ်၊ စစ်တပ်ကဘဲဖြစ်ဖြစ်၊ တိုင်းရင်းသားကဘဲဖြစ်ဖြစ်၊ ၈၈၈၈ဘဲဖြစ်ဖြစ်၊ ပြည်ပကဘဲဖြစ်ဖြစ်၊ ဘယ်သူတိုင်းပြည်အပါ် တကယ်စေတနာထားလဲ ဆိုတာ ပေါ်တော့မယ်။ လောလောဆယ်တော့ ဆီနဲ.ရေ ရောနေသေးတယ်။
ငစနေ
Post a Comment