Saturday, March 3, 2012

ဖန်းဖောင်ဒေးရှင်းမှ ၂၀၁၁ နှစ်အတွက် လူငယ်ခေါင်းဆောင်ဆု ရွေးချယ်ချီးမြှင့်

ဖန်းဖောင်ဒေးရှင်းမှ ၂၀၁၁ နှစ်အတွက် လူငယ်ခေါင်းဆောင်ဆု ရွေးချယ်ချီးမြှင့်
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း(အင်းစိန်)
မတ်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်

ကွယ်လွန်သူ KNU ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုပြီး ကျန်ရစ်သူသားသမီးများက တည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းမှ နှစ်စဉ်ပေးအပ်သည့် လူငယ်ခေါင်းဆောင်ဆုကို ၂၀၁၁ နှစ်အတွက် လူထုအကျိုးပြုလုပ်ငန်းကို ဆောင်ရွက်နေသည့် ဒူးပလာယာခရိုင်မှ FBR အဖွဲ့ဝင် စောထူးထူးအယ်ကို ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ KNU တပ်မဟာ ၅ ဌာနချုပ်တွင် ကြာသပတေးနေ့က ပေးအပ်ခဲ့သည်။

ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂,၀၀၀ ပါရှိသည့် ဆုကို ပဒိုမန်းရှာ၏ သားသမီးများဖြစ်သည့် စစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း တို့က ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရွေးချယ်ပေးအပ်မှုကို ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရသည့် ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ကာ ယခုဆုချီးမြှင့်မှုမှာ ၄ ကြိမ်မြောက် ဖြစ်သည်။

ဆုပေးပွဲသို့ နိုင်ငံတကာမှ ကရင်အမျိုးသား ၁၀၀ ကျော် တက်ရောက်အားပေးခဲ့ကြပြီး ပဒိုမန်းရှာလားဖန်း၏ အမည်မှာ “ကြယ်လတို့၏ အလင်းရောင်” ဟု အဓိပ္ပာယ်ရသည်။

No comments: