ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက်
ဒေါက်တာလွဏ်းဆွေ
တူတော်မောင် ဒေါက်တာလွဏ်းဆွေ …
မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးမှာ ပြတ်ပြတ်သားသား မိမိအမြင်အတိုင်း ရေးတတ် တွေးတတ်တာကို လေးစားလို့ သဘောထားချင်း တိုက်ဆိုင်လိမ့်မည်လို့ ယူဆလို့ ဒီစာကို ရေးကြည့်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ပြည်သူလူထု အားကိုးတာ ရာနှုန်းပြည့် ဆိုတာတော့ မငြင်းလိုပါ။ ပြည်လူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာတော့ နိုင်ငံရေးသမားတွေ ခွဲခြားဖို့ လိုတယ်လို့ ယူဆမိပါတယ်။
အန်အယ်ဒီပါတီဟာ ဒေါ်စု နေအိမ်အကျယ်ချုပ်ကျစဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ်လို့ ဦးဉာဏ်ဝင်းက မီဒီယာမှာ (ဒေါ်စုက မှာလိုက်တယ်) ဆိုသော စကားရပ်နှင့် တာဝန်ယူပြောခဲ့ပြီး ယခုတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ ဘာကြောင့် ၀င်ရတယ်ဆိုတာနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ စကားရပ်ကို ရှင်းရန် တာဝန်ရှိနေတာကို ၀န်ခံစကား မပြောတာသည် ခေါင်းဆောင်ကောင်းတဦး၏ တာဝန်ကို ရှောင်လွှဲရာရောက်နေသည်ဟု ယူဆမိတာ မှားသလားလို့ ဝေဖန်ပေးစေလိုပါတယ်။
ယခု ၂၀၁၂ နှစ် ကြားဖြတ်ရွေးကောက်ပွဲရခြင်းသည် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေသာလမ်းကို မှန်းကြည့်မည်ဆိုလျှင် အချက် ၂ ချက် တွေ့ရပါတယ်။
(၁) မိမိ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် ပြည်ထောင်စုလွှတ်တော်အတွင်းမှာပဲ နိုင်ငံရေးအနားယူတော့မည်လို့ ယူဆခြင်း။
(၂) စစ်အုပ်စု ပုံဖော်သော နှပ်ကြောင်းထဲ ၀င်သွားပြီးလို့ ယူဆမိခြင်း။
ဘာကြောင့်လဲဆိုတော့ ဒေါ်စုတယောက်အနေနှင့် တွက်လျှင် …
(က) ၂၀၁၂ ခုနှစ် ၂၀၁၅ နှစ် နောက်တကြိမ် ရွေးကောက်ပွဲရောက်ချိန်တွင် ဒေါ်စု အသက် ၇၁ နှစ်။
(ခ) အန်အယ်လ်ဒီပါတီကလည်း ယခု လူထုအမြင်က မြောက်ဆွမြောက်ဆွ လုပ်နေကြတဲ့ ပါတီဝင်တွေရဲ့ သရုပ်ပျက်မှု ရင်လေးနေကြတယ်။ မဲဆွယ်ပွဲတွေမှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေသလိုနှင့် သင်္ကြန်သံချပ်ထိုးအဖွဲ့ လုပ်ရပ်မျိုးအပြင် ဒေါ်စုကိုယ်တိုင် သူ့ပါတီကို သူမနိုင်ဖြစ်တာ သူကိုယ်တိုင် သိနေတယ်ဆိုတာ လူထုက သိတယ်။
(ဂ) ဒီတော့ သူ့အနေနှင့် ရွေးချယ်တင်မြှောက်ခံရမှာ သေချာနေတော့ အနည်းဆုံး ဒု-၀န်ကြီးတော့ ဖြစ်မှာ သေချာတယ်။
(ဃ) ၀န်ကြီးဖြစ်ရင် ဒေါ်စုအနေနှင့် အန်အယ်ဒီပါတီက ဖွဲ့စည်းပုံအရ နှုတ်ထွက်ရမယ်လေ။
(င) သူမရှိတော့ ဒီ ၃ နှစ်ကျော်အတွင်းမှာ အန်အယ်လ်ဒီကို သူဘယ်လိုထိန်းမလဲ၊ ဒီတော့ ၂၀၁၅ ရောက်ရင် အသက် ၇၁ နှစ်၊ အသက်ကြီးလို့ နိုင်ငံရေးအနားယူမယ်လို့ ပြောပြီး ဂုဏ်သိက္ခာဆယ်သွားမည်လို့ ယူဆမိပါတယ်။
ဒုတိယယူဆချက်အရတော့ လက်ရှိ စစ်အုပ်စုဟာ နိုင်ငံရေးပညာပါးနပ်စွာနှင့် ဒေါ်စုနှင့် အန်အယ်လ်ဒီကို နှပ်ကြောင်းပေးပြီး အပြီးအပိုင် ချုပ်ငြိမ်းအောင်လုပ်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာထဲ ရောက်သွားပြီဟု သုံးသပ်မိပါတယ်။
(A) ဒေါ်စု ရွေးကောက်ပွဲနိုင်မှာကို သိတယ်။ လွတ်တော်ထဲရောက်ရင် ၀န်ကြီး (၁) နေရာရအောင် လုပ်ပေးမည်၊ ပါတီက ထွက်ပေါ့။
(B) ဒေါ်စု အန်အယ်ဒီပါတီက ထွက်တော့ ၂၀၁၂ မှ ၂၀၁၅ အတွင်း ပါတီ တဖြေးဖြေး ပါဝါလျော့လာမယ်လေ။
(c) ၂၀၁၅ ခု ရွေးကောက်ပွဲလည်း စတော့ ဒေါ်စု အသက်ကြီးပြီ၊ အန်အယ်လ်ဒီပါတီကလည်း ဖရိုဖရဲဖြစ်နေချိန်၊ ဒီတော့ ဘာဖြစ်မလဲ။ - - - ယူဆမိပါတယ်။ အဲဒီကိစ္စကို သုံးသပ်ဝေဖန်ပေးပါ။
ဦးအေးမြင့် (လမ်းပြကြယ်)
ခင်မင်လေးစားရပါသော အန်ကယ် ဦးအေးမြင့် (လမ်းပြကြယ်) ခင်ဗျား …
ပေးစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖြေကြားခြင်းမပြုမီ ကျနော် တင်ပြချင်တဲ့ အချက်အလက်ကလေး အချို့ကို အရင်ဦးဆုံး တင်ပြခွင့်ပြုစေလိုပါတယ်။ အနည်းငယ် ဆက်စပ်မှု ရှိမယ်ထင်လို့ပါ။
ကျနော့်အနေနဲ့ အန်အယ်လ်ဒီပါတီနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော ဝေဖန်သုံးသပ် အကြံပြုတင်ပြတဲ့ ဆောင်းပါးတွေ မရေးဖြစ်ခဲ့တာ အတော်ကြာပါပြီ။ ပြောရရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က စပြီး အခုအချိန်အထိပဲ ဆိုပါတော့။
အဲသလို မရေးဖြစ်တော့ခြင်းဟာ ကျနော့်အနေနဲ့ အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ကုန် စိတ်ပျက် စိတ်မ၀င်စားတော့လို့ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ချင်တဲ့ လမ်းကြောင်းနဲ့ ကျနော် ဝေဖန်အကြံပြုတင်ပြခဲ့တဲ့ တိုက်ပွဲလမ်းကြောင်းတွေ မတူတော့လို့လည်း မဟုတ်ပါဘူး။
မရေးဖြစ်တော့တဲ့ အဓိက အကြောင်းအရင်းက ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်ကနေ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၁၂ ဧပြီ ၁ ရက်နေ့ကြား အချိန်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ လက်တွေ့ကျကျ လျှောက်လှမ်းကြည့်ချင်တဲ့ တိုက်ပွဲလမ်းကြောင်းကို (ကျနော်နဲ့ အမြင်သဘောထား မတူသော်ငြား) အကောင်းဆုံး ပံ့ပိုးရမယ့်အချိန်လို့ ယူဆလို့ မရေးဖြစ်တော့ခြင်းပဲဖြစ်ပါတယ် (အခြားရေးဖြစ်ခဲ့သူတွေရဲ့ ဆောင်းပါးတွေကိုတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေနဲ့ အခြားစိတ်ဝင်စားသူတွေ ဖတ်ရှုဆင်ခြင်သုံးသပ်နိုင်အောင် ကျနော့်ဘလော့မှာ တင်ဆက်ပေးခဲ့ပါတယ်)။ တနည်းပြောရရင် ၉၀ ရလဒ်ကို ပစ်ပြီး ၂၀၀၈ အခြေခံဥပေဒ (လင်ဆိုး) နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့၊ မြန်မာပြည်သူတွေက မိခင်လို အားကိုးယုံကြည်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့လမ်း (ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်တဲ့လမ်း) အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ ရှိတော့တယ်၊ ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့လမ်း မအောင်မြင်လို့ နောက်ပြန်ဆုတ်ခဲ့ရင်လည်း သူ့ကို အပြစ်ပြောနေစရာမလိုဘဲ (ဘာဖြစ်လို့ အပြစ်ပြောနေစရာ မလိုဘူးလဲဆိုတော့ ၈၈ ကတည်းက ကိုယ်တွေအားလုံး ယုံယုံကြည်ကြည် တင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်မို့ သူ မှားလည်း အကုန်လုံး မျှခံဖို့ပဲရှိတယ်လို့ ခံယူလို့ပါ) ကျနော်တို့ ယုံကြည်တဲ့ လူထုတိုက်ပွဲလမ်းကြောင်းအတွက် တဘက်တလမ်းက ကြိုတင်ပြင်ဆင်ထားဖို့ပဲ ရှိတော့တယ်လို့ ယူဆမိလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအပေါ် ဝေဖန်သုံးသပ် အကြံပြုတင်ပြတဲ့ ဆောင်းပါးတွေ ကျနော့်အနေနဲ့ ဆက်မရေးဖြစ်တော့ခြင်းပဲဖြစ်ပါတယ်။
အထက်မှာ ကျနော်ပေးခဲ့တဲ့ ဥပမာမျိုး ကျနော့်ထက် စောပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့သူတဦး ရှိပါတယ်။ သူကတော့ ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ပါ။ သူက ဖတ်သူ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် “ညီမလေးရေ … ဒီနေ့ ရာသီဥတု မကောင်းဘူး၊ အိမ်ပြန်မလာနဲ့၊ အမေ လမ်းမတော်ဖိုးတုတ်နဲ့ နောက်အိမ်ထောင်ပြုသွားတယ်” ဆိုတာမျိုး ဥပမာ ခပ်ကြမ်းကြမ်း ပေးပြီး ရေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိစုံမှိတ် ကြည်ညိုလေးစားသူတွေရဲ့ ၀ိုင်းအားပေးခြင်းကို ခံလိုက်ရပြီး တင်ထားတဲ့ စာသား ပြန်ဖြုတ်ပေးလိုက်ရတယ်လို့ ဖတ်လိုက်ရသူတွေရဲ့ တဆင့်စကား ကြားလိုက်ရဖူးပါတယ်။ အမှန်တော့ ကိုမိုးသီးဇွန် ပေးတဲ့ ဥပမာက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ကွက်တိပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာက ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် တင့်တယ်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တည်နေလို့သာ ကိုမိုးသီးဇွန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသူတွေရဲ့ အားပေးခြင်းကို ခံလိုက်ရတာလို့ ယူဆမိပါတယ်။ ကျနော့်အနေနဲ့ ကိုမိုးသီးဇွန်ကို ထောက်ခံပြောဆိုနေခြင်း မဟုတ်သလို လေးစားမြဲ လေးစားဆဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြက်ရယ်ပြုချင်လို့ ထပ်မံပြောဆိုနေခြင်းလည်း မဟုတ်ပါ။ ဖြစ်ရပ်နဲ့ ဥပမာ ကွက်တိဖြစ်သွားခဲ့တယ် ဆိုတာကို သတိရသွားလို့ရယ်၊ ပြည်သူချစ်နေရင် ဘာပဲလုပ်လုပ် တင့်တယ်တယ် ဆိုတာကို ဆင်ခြင်မိတာရယ်ကြောင့် ပြန်လည်တင်ပြခြင်းမျှသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့ “ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့လမ်း (ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်တဲ့လမ်း) အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ ရှိတော့တယ်” လို့ ပြောရတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က သူ ယုံကြည်လို့ ရွေးချယ်လိုက်တဲ့ တိုက်ပွဲလမ်းကြောင်းကို ပြန်ပြင်တော့မှာ မဟုတ်တော့တာရယ်၊ ဒီကနေ့ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုကို အံ့မခန်း ရရှိထားတဲ့ ပြိုင်စံမပေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်ထူး ဖြစ်တဲ့အတွက် ကျနော် အပါအ၀င် အခြားဝါရင့်ပုဂ္ဂိုလ်များ အကြံပြုတင်ပြတဲ့ တိုက်ပွဲလမ်းကြောင်း မည်၍မည်မျှပင် ကောင်းနေစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိုက်တဲ့ တိုက်ပွဲလမ်းကြောင်းကို ကျော်ပြီး ပြည်သူလူထု လက်ခံအောင် ချပြနိုင်ဖို့ အလှမ်းဝေးလွန်းလှတာရယ်ကြောင့် သူ ရွေးချယ်တဲ့ လမ်းကြောင်းကိုပဲ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုးဖို့ ရှိတော့တယ်လို့ ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် ကြံ့ဖွံ့ စစ်အုပ်စုအကျိုးစီးပွားနဲ့ ပြည်သူ့အကျိုးစီးပွား နှစ်ခုပဲ ရှိနေသေးတဲ့အချိန်မှာ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူလူထု လေးစားကြည်ညိုတဲ့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ရွေးချယ်မှု (မှားမှား မှန်မှန်) ကို အတတ်နိုင်ဆုံး ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီလို ဆုံးဖြတ်လို့ ကျနော် ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းကို စွန့်လွှတ်လိုက်ပြီလို့ မယူဆစေလိုပါဘူး။ ကျနော်တို့ လက်ခံယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းနောက်ကို ပြည်သူလူထု လိုက်ပါလာအောင် ဒေါ်အောင်ဆန်စုကြည်ကို ကျော်လွန်ပြီး ချမပြနိုင်သေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့ လမ်းကြောင်းကို အတတ်နိုင်ဆုံး ပံ့ပိုးရင်း ကျနော် ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်လာရင်၊ ပေါ်ပေါက်လာရင် အဆင့်သင့် တိုက်ပွဲဝင်နိုင်အောင် ဒီမိုကရေစီရေး တိုက်ပွဲဝင်အားလုံး ပြင်ဆင်ထားသင့်တယ်လို့ ယုံကြည်နေဆဲပါ။ ဘယ်လိုတိုက်ပွဲလမ်းကြောင်းလဲ ဆိုရင်တော့ ကျနော် ရေးသားတင်ပြခဲ့တဲ့ “အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့” ဆိုတဲ့ ဆောင်းပါးကိုသာ ပြန်ညွှန်းပါရစေတော့ …။
ဒါပေမယ့် နိုင်ငံရေးပြဿနာတွေကို အဖြေရှာရတဲ့ကိစ္စဟာ ဆန်းကြယ်ထွေပြားသလို သိမ်မွေ့နက်နဲပါတယ်။ အစတေးခံ တိုက်ပွဲဝင်ရမယ့် အချိန်ကာလတွေ ရှိတတ်သလို စိတ်ရှည်သည်းခံပြီး သိမ်သိမ်မွေ့မွေ့ ခေါင်းအေးအေးထား အဖြေရှာရမယ့် အချိန်ကာလတွေလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့်မို့ ကျနော်နဲ့ အမြင်မတူတဲ့ လမ်းကြောင်းကို ရွေးချယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကြောင်း မအောင်မြင်နိုင်ဘူးလို့လည်း ယတိပြတ် ပြောလို့မရသလို ဒေါ်အောင်ဆန်းစုကြည် ရင်မခုန်တော့ဘူးဆိုတဲ့ လူထုတော်လှန်ရေး (အခု အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေသလို) ဆိုတာလည်း ထပ်ပြီး မပေါ်ပေါက်နိုင်ဘူးလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဖြစ်စဉ်ကြီးတခုလုံးထဲမှာ ပါဝင်ပတ်သက်နေတဲ့ နှစ်ဘက် အဓိကဇာတ်ကောင်တွေရဲ့ တဦးချင်း စိတ်နေစိတ်ထားနဲ့ ဆုံးဖြတ်ချက် အမာအပျော့တွေအပေါ်မှာ မူတည်ပြီးတော့ ပွဲကြမ်းသွားတာတွေ ရှိနိုင်သလို သိမ်သိမ်မွေ့မွေ့ ပြောင်းလဲသွားနိုင်တဲ့ မထင်မှတ်တဲ့ အခြေအနေတွေလည်း အမျိုးမျိုး ဖြစ်တည်လာနိုင်တဲ့အတွက် ဆန်းကြယ်ထွေပြားတယ်လို့ ဆိုရခြင်းပါ (စစ်တုရင်စကားနဲ့ ပြောရရင်တော့ ကစားကွက် မကုန်နိုင်ဘူးပေါ့)။
(ဆက်လက်ဖတ်ရှုပါရန်)
37 comments:
ကောင်းပါတယ်.ဦးအေးမြင့်မေးထားတာလေးတွေ.
ကျွန်တော်ကတော့ဖြုတ်ဦးနှောက်လေးနဲ့မေးချင်ပါတယ်၁)ဗိုလိချုပ်အောင်ဆန်းရဲ့သမီးဆိုပြီးဗိုလ်ချုပ်ရဲ့စိန်နားကပ်ရောင်နဲ့ပါးပြောင်တာလား
၂)နိုင်ငံခြားမှာနေရင်မြန်မာပြည်ကအရမ်းအထင်ကြီးကြတယ်.၁၉၈ရလောက်ကပေါ့.နယ်-တောတို့ဆိုရင်အခုထိပြောမနေနဲ့-အထင်ကြီးဆဲပါ။
၃)နိုင်ငံရေးတခုလုပ်တော့မယ်ဆိုရင်အဲဒီနိုင်ငံရဲ့ဗျူဟာကိုနားလည်ပြီးလုပ်နိုင်တဲ့နိုင်ငံရေးအတွေ့ကြုံ၇ှိသင့်တယ်။
၎)နိုဘယ်ဆုတွေရပြီးမေတ္တာတရားထားတာတော့ကောင်းပါတယ်.ဒါပေမဲ့အသတ်ခံရတဲ့ပြည်သူတွေကအများကြီးဘဲ။ဒီလိုနိုင်ငံကိုနိုဘယ်ဆုကိုအရည်ဖျော်ပြီးသန်းရွှေကိုတိုက်ကျွှေးရုံနဲ့အောင်နိုင်မှာတဲ့လား။
၅)အသက်ကြီးရင့်တွေ့ရဲ့ဝန်းရံနေတဲ့ပါတီနော်။
၆)ဟုတ်ပ-ပါတီမဲဆွယ်တာက-ထောက်ခံတာလား-အန်တီစုကိုမြင်ဘူးချင်တာလားဆိုတာခွဲခြားသိနိုင်ဖို့ပြည်သူတွေကိုယ်တိုင်သိသင့်ပါတယ်။
ရ)မြန်မာပြည်မှာပညာရေးအဆင့်အတန်းကအရမ်းနိမ့်တော့နယ်-တောဘက်မှာဆိုရင်စဉ်းစားနိုင်တာလုံးဝမရှိဘူး။အထင်ကြီးဖို့ဟန်ပြရင်အထင်ကြီးဖို့ဘဲသိတယ်.ကျွန်တော်မြန်မာပြည်ကိုအလည်ပြန်ရင်-အရင်မြန်မာရုပ်ရှင်ကားထဲကလို-ဘိလပ်ပြန်ကြီး-လိုထင်မှတ်ပြီးအထင်ကြီးကြတာကျွန်တော်အရမ်းသနားဝမ်းနည်းမိတယ်.ရန်ကုန်မှာတော့ဒုနဲ့ဒေးပါ.နိုင်ငံခြားမှာနေမှအိမ်ကလူတွေထမင်းစားရမှာမို့သွားရတာသူတို့နားမလည်ကြပါဘူးလေ။
အဝေးကနေပြောနေလိုက်ကြတာ အမျိုးမျိုးဘဲ။ မြန်မာပြည်ပြန်လာခဲ့လေ နိုင်ငံရေးအတူတူလုပ်ကြမယ်လေ။
ဖြုတ်ဦးနှောက် မိတ္ထီလာသား သက်ထွန်းဦးရေ
ဖြုတ်ဦးနှောက် နဲ့  ၀င်မရေးပါနဲ့ လား..
(၁) ဗိုလ်ချုပ်လမ်းစဉ်လိုက်လုပ်လို့  ဦးအောင်ဆန်းဦးလို မဟုတ်ပဲ ပြည်သူချစ်တာပေါ့။ အလုပ်နဲ့ သက်သေပြလို့ 
(၂) နိုင်ငံခြားရောက်မြန်မာအားလုံးလိုလို ကဒေါ်စုကို ချစ်ကြတယ်။ ဘိလပ်ကလူတွေအပါအ၀င်ပေါ့။
အဲဒါဆို သဘောပေါက်။
(၃) ဖြုတ်ဦးနှောက်က နိုင်ငံရေးပြောမနေပါနဲ့ ။ သူမ ဘာတွေလုပ်တယ် ဘာတွေပြောတယ်ဆိုတာနားထောင်ကြည့်။
(၄) သူမ သာ မရှိရင် လူတွေပိုပြီးသေကြမယ်။ မင်းစားနေတဲ့ ထမင်းလုတ်ကို သေနတ်သံတွေကြားက စားရလိမ့်မယ်။
(၅) အသက်ငယ်သူအားလုံး ဖမ်းပြီး ထောင်ထဲထဲ့ခဲ့တာကိုး။ အသက်ကြီး အသက်ငယ် မပြောစမ်းပါနဲ့ ။ လူဆိုတာ အားထုတ်မှုပေါ်ပဲမူတည်တယ်။
(၆) မင်း သူမ ဟောပြောစဉ်မှာ ကျောပေးပြီး ပြည်သူတွေဘက်ကို ကြည့်လိုက်။ လူတိုင်း လာကြည့်တာလား တကယ်ချစ်လို့ လား ဆိုတာတွေ့ လိမ့်မယ်။
(၇) နံပါတ်(၂) မှာပြောထားတယ်။ မြန်မာပြည်သားများ ပညာရေးနိမ့်တာမှန်ပေမယ့် အသိအမြင်တော့ မနိမ့်ကျသေးပါဘူး။
မင်းဝမ်းနည်းပြီး သေမယ်ဆို ဗုံးချိတ်ပေးလိုက်မယ်။ နေပြည်တော်သွားကွာ..
အကျိုးရှိတာပေါ့။
ဒုက္ခတော့ ဒုက္ခပဲ။ အားလုံး တစ်သံတည်း ထွက်ရမယ်လို့တော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေကို မျက်ကန်းတွေ၊ စဉ်းစားဥာဏ်မရှိသူတွေ ဆိုတာမျိုးပြောပြီး ကိုယ်မှ မပြောပြရင် တစ်တိုင်းပြည်လုံး အမှန်မမြင်နိုင်ကြတော့သလိုချည်း ပြောပြောနေကြတာတော့ တမျိုးပဲဗျာ။ ကိုယ်မှန်တယ်ထင်တာ ကိုယ်ပြောတာတော့ နားလည်ပါတယ်။ မှားမှန်းသိသိကြီးနဲ့ ပြောတာမဟုတ်ရင် ပြီးတာပါပဲ။ အရေးအကြောင်းဆို တစ်ယောက်တစ်ပေါက် လုပ်တတ်တာ ကျွန်တော်တို့တွေ အကျင့်ဖြစ်နေကြတာ ထင်ပါရဲ့ဗျာ။
ဒီလိုပါပဲ.... လောကကြီးမှာ သူတော်ကောင်း ရှိသလို၊ သူယုတ်လည်း ရှိတယ်။ စိတ်ထားမြင့်မြတ်သူရှိသလို၊ စိတ်ထားယုတ်ညံ့သူရှိတယ်။ ခေတ်ပညာတတ်ပြီး ဆင်ခြင်တုံတရားနုံချာ သလို၊ ခေတ်ပညာမတတ်သော်လည်း အသိညဏ်ရှိသူလည်း မနည်းလှပါ။ ကို့ယ်အလုပ်ကိုကိုယ် တစိုက်မတ်မတ် လုပ်တတ်တဲ့သူ ရှိသလ၊ို သူများလုပ်တာကို တစိုက်မတ်မတ် ဝေဖန်တတ်တဲ့သူလဲရှိတယ်။ ဘုရားရှင်သော်မှ အဝေဖန်ခံ၊ မလိုမုန်းထားခံရသေးတာပဲ။ လောက သဘာဝပါပဲ။ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
ဒေါ်စုပာာသူ့တစ်ယောက်စာစားဝတ်နေရေးအတွက်တာဆိုရင်သူ့တသက်စားလို့မကုန်ဘူးလေ
မြန်မာနိုင်ငံအတွက်သူလုပ်ပေးနေတာကိုမျောက်
ုပြဆန်တောင်းစားတဲ့ထိုင်းနိုင်ငံေ၇ာက်ငလုပ်စား
တွေကတော့သူတို့ထမင်းငတ်မှာကြောက်လို့
အမ်အယ်ဒီကိုစော်ကားဒေါ်စုကိုစော်ကားနဲ့ပြည်သူကိုပါစော်ကားလာပြီဒေါ်စုကိုမဲပေးတာမပာုတ်ဘူးအမ်အယ်ဒီကိုမေးပေးတာလေအဲဒါကိုတမျိုး
လျောက်ပြောနေတဲ့ငနာတွေကဒေါ်စုကိုမြင်ဘူး
ခြင်လို့အားပေးတာကြနေတာဘဲလူတိုင်းထမင်း
စားကြီးတာလေချီးစားကြီးတာမပာုတ်ဘူးအဲဒါကိုမင်းတို့တွေသိဖို့လိုတယ်ငါလည်းမဲဆောက်မှာနောသတ်တိရှိရင်လာခဲ့ဒါဘဲ
ဦးအေးမြင့် မခံခြင်းစိတ်နဲ့ အမတ်ဝင်ေ၇ွးဖို့ စည်းရုံးလိုက်မဆင်းနေနဲ့အုံး တော်ကြာ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ ဆင်ဖြူတော်ပေါ်တယ်ဆိုပြီး လာဖမ်းဦမယ်
အခုလိုပြောလိုက်တော့ ဘာကောင်မဟုတ်တဲ့လူ က ခင်ဗျာလို့ နာမည်၇ှိတဲ့လူကို ဒီလိုပြောတော့ ဘယ်လိုခံစား၇သလဲ ကိုယ်ချင်းစားတ၇ားလေးတော့၇မယ်ထင်တယ်
NEWTONေ၇...မိတ္တီလာသားကို သိပ်မပြောပါနဲ့ကွားးးးမိတ္တီလာ ၁ မြို့  မီးလောက်လိုက်တာ ဒီကောင်ဥဏှောက်ပါ မီးဟပ်သွားလို့ ကျပ်မပြည့်တောဘူးးးးးလမ်ပြကြယ်ဦးအေးမြင့် ကိုကိုယ် ကို ယုံကြည့်မူအပြည့်နဲ့ ကိုယ်လိပ်ပြာ ကိုယ်သန့်၇င်းတော့ ဘာတွေညာတွေ မေးမနေဲ့  ကိုယ်နယ်မြေမှာ အမတ်ဝင်ေ၇ွးကြည့်လိုက်ပါ...ဒေါ်စုနဲ့၇င်ဘောင်တန်းခြင်း၇င်တော့ ဥပတီရုပ် တော့ အ၇င်ယှဉ် ကြည့် ။ မိန်မ၁ယောက်ကို ဗျားးးး၁၀တောင်ဝတ်ကြီးနဲ့ ၃ တောင်ဝတ်စကားတွေလျှောက်ပြောနေတာ ပဲ့လိုက်တာ
HAHA AGREED NEWTON!
ကျနော်လဲ ဒေါက်တာလွဏ်းဆွေ နဲ့ အမြင်မတူသူမဟုတ်ပါဘူး။ ဒါပေမယ့် သူဘာသာ တရုတ်ပုံ မက လို့  ကုလားပုံ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ မြန်မာပြည်မှာ တရားဝင်နေထိုင်သူတွေ အားလုံး တန်းတူအခွင့်အရေးရှိတဲ့ နိုင်ငံသားတွေပါ။ နိုင်ငံရေးလုပ်နေတဲ့ လူတွေထဲမှာလည်း ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့  အတူတူ ထောင်အကျခံပြီး လုပ်နေတဲ့ မြန်မာ မဟုတ်တဲ့ တခြား လူမျိုးတွေလဲ ပါပါတယ်။ ဘာလူမျိုးဆိုတာ အရေမကြီးပါဘူး။ ဒီ တိုင်းပြည် အတွက် ဘယ်လောက် စေတနာရှိလဲ ဆိုတာပို အရေးကြီးပါတယ်။
ဆရာတို့က ဒီမိုကရေစီဆိုတာ မီးခလုတ်ဖွင့်လိုက်သလို ထောက်ဆိုနှိပ်လိုက်ရင်း ဒပ်ခနဲလင်းသွားမယ် လို့ထင်နေကြတယ်နော်။ မလင်းရင် ဒေါ်အောင်ဆန်းစုကြည် အပြစ်ပေါ့ ဟုတ်လား။ နှစ်ပေါင်း ၆၀ လောက် ဒီမိုကရေစီနဲ့ ကင်းကွာပြီး ဘက်ပေါင်းစုံက ဖိနိပ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံလေ … သိပ်စိတ်ကူးမယဉ်ကြပါနဲ့ဗျာ။
အခုလက်ရှိ လွှတ်တော်ကို ‘နိုင်ငံရေးအနားယူတဲ့ ရိပ်သာလို့’ ဆရာတို့ကထင်နေတာကိုး
ဆရာတို့ပြောပြောနေတဲ့ တိုက်ပွဲလမ်းကြောင်းတွေက အနှစ် ၂၀ ကျော် မလုပ်နိုင်ခဲ့တာတွေ ကို အခုလက်ရှိ လွှတ်တော်က ၁ နှစ်လောက်နဲ့ လုပ်နိုင်နေတယ်လေ။ ဒေါ်အောင်ဆန်းစုကြည် (in put) အားနဲ့သာဆိုရင် လွှတ်တော်ကအားပိုရှိလာနိုင်တယ်။ ပြည်သူတွေအတွက်လေရှုပေါက်တွေ ပိုရလာနိုင်တယ်။
ဆရာတို့က ကိုယ်စိတ်နဲ့ပဲနှိုင်းနေတာကို ‘အနည်းဆုံးဒုဝန်ကြီး’ ဟုတ်လား … ဆရာတို့ကို ဘယ်သူက အဲဒီ ဒုဝန်ကြီး ရာထူးကိုယူမယ်ပြောနေလို့လဲ … အံမယ် ဆရာတို့စိတ်ကူးနဲ့ ဆရာတို့ကတော့ ဟုတ်နေတာပေါ့နော် ဒုဝန်ကြီး ရာထူးကိုယူမယ်၊ ပါတီကထွက်ရမယ်၊ ပါတီပျက်မယ် … ဟုတ်လား သိပ်ပျော်နေကြတယ်ပေါ့ ဟဲဟဲ ပြီးတော့ပါသေးတယ် “၂၀၁၂ ခုနှစ် ၂၀၁၅ နှစ် နောက်တကြိမ် ရွေးကောက်ပွဲရောက်ချိန်တွင် ဒေါ်စု အသက် ၇၁ နှစ်” ဆိုဘဲ တွက်တာတွက်တာ။ ဆရာတို့တွေ ဘာကိုမှ အဖြစ်ရှိအောင်မလုပ်နိုင်ကြတာ အဒိက အဲဒါကြောင့်ဘဲ သိပ်စိတ်ကူးယဉ်တာကိုး။ စစ်တုရင်လို မစဉ်းစားဘဲ ကျားထိုးသလိုဘဲ စဉ်းစားတတ်တာကိုး။ နိုင်ငံရေးမှာ Force move မရှိဘူး ဆရာတို့ရေ ဒါကြောင့် နိုင်ငံရေးက စစ်တုရင်ထက်တောင် ခက်သေးတယ်။ ဆရာတို့ရဲ့ ကျားကွက်လောက်နဲ့ တော့ မရဘူး ဆရာတို့ရေ။
လာသေးတယ် “၂၀၁၅ ခု ရွေးကောက်ပွဲလည်း စတော့ ဒေါ်စု အသက်ကြီးပြီ၊ အန်အယ်လ်ဒီပါတီကလည်း ဖရိုဖရဲဖြစ်နေချိန်၊” ဆိုဘဲ။ ဆရာတို့ဖြစ်စေချင်တိုင်း ဖြစ်မှာကျလို့။ ဒေါ်အောင်ဆန်းစုကြည်က ပါတီကိုမတည်ဆောက်တော့ဘူးလား။ သို့မဟုတ် ဒီကြားထဲမှာ အရည်အချင်းရှိတဲ့ လူတွေ မပေါ်ထွက်လာနိုင်တော့ဘူးလား။
နောက်အရေးကြီးဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်တဲ့လူ အခုလက်ရှိမြန်မာနိုင်ငံမှာ မရှိဘူး။ သူ့ရဲ့လမ်းကြောင်းကို ဝိုင်းဝန်းပံပိုးသွားရင် အရွေ့တစ်ခုပေါ်လာနိုင်တယ်။ အနောက်နိုင်ငံတွေကလုပ်နေတာလည်း ဒါပဲ။ မြန်မာတွေကတော့ ကိုယ်နဲ့မတူရင်၊ ကိုယ့်ကိုနေရာမပေးရင်၊ ပက်ပက်စက်စက်ဝေဖန်မယ်၊ ကလန့်တိုက်မယ်၊ ဆရာကြီးလုပ်မယ် (ဘာမှသာမတတ်ချင်နေမယ်) သမိုင်းကိုပြန်ကြည့်ပါ ဒို့မြန်မာတွေကွဲချက်ကတော့။ တချားမကြည့်နဲ့ မိုးသီးဇွန်ကိုကြည့် ရပ်ကွက်လူကြီး အလုပ်တောင် အောင်အောင်မြင်မြင်လုပ်နိုင်မှာ မဟုတ်ပါဘူး … သူလုပ်လိုက်တာ အေဘီဘာဖြစ်သွားလည်း ကြည့်ပါလား (ဘယ်လိုမှတော့ မဖြစ်နိုင်ပါဘူး) ဆိုကြပါတော့ သူသာ ခေါင်းဆောင်ဖြစ်ရင် … အင်းမတွေးရဲစရာပါ နှစ်ယောက်တစ်ပိုင်း တပ်ကလေးကိုတောင် သုံးပိုင်းလောက်ကွဲအောင် ခေါင်းဆောင်တတ်တာ။
ဆရာတို့တွေက Bigger picture ကိုမကြည့်တတ်ဘူး။ Middle ground ကိုရှာဖို့စိတ်ကူးမရှိဘူး။ စစ်တပ်နဲ့ဘာမှ မထူးဘူး all or none အဆင့်ကမတက်နိုင်ကြဘူး။
Good coments thargi! Lam pya kyal, moe thee zon should what they did for our country. I no believe him because of him many students was tortures and killed.
အားလုံးကို ပြောချင်တာကတော့
ကျွန်တော်တို့  မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို မဆလ နဝတ နဲ့ 
နအဖ ဆိုတဲ့  ပညာမဲ့ စစ်အာဏာရူးတွေက အလုံးစုံ ပြက်စီးအောင်
ဖြက်စီးပြီးသွားပါပြ
ကိုယ့်ထက်သာ မနာလို ဘေးထိုင် ဘုပြော ကန့် လန့်  တိုက်မယ့်ကောင်တွေများ
ပြီး မြန်မာပြည်ကြီးရှေ့ရေးကတော့ ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲဗျာ
ယခုပြောမယ့်ဗိုလ်ချုပ်စကား:- ကျုပ်တို့ ဗမာတွေမယ် တလွဲဆပင်ကောင်းနေကြတယ်.ဟလား.. အားဏာရှင်တွေကိုတော်လှန်ဘို့ မှာ စည်းလုံးမှုမရှိကြဘူး.၊ရန်သူကိုမျက်နှာချိုသွေးဘို့ တော့ လုပ်ခြင်ကြတယ်-ကိုယ့်အချင်းချင်းချဘို့ တော့သိကြ တယ် ဖါနိုင်ငံရေးသမားတွေဘဲ..
(8888 gold fingers said.. ယခုပြောမယ့်ဗိုလ်ချုပ်စကား:- ကျုပ်တို့ ဗမာတွေမယ် တလွဲဆပင်ကောင်းနေ ကြတယ်.ဟလား.. အားဏာရှင်တွေကိုတော်လှန်ဘို့ မှာ စည်းလုံးမှုမရှိကြဘူး.၊ရန်သူကိုမျက်နှာချိုသွေးဘို့ တော့ လုပ်ခြင်ကြတယ်-ကိုယ့်အချင်းချင်းချဘို့ တော့သိကြ တယ် ဖါနိုင်ငံရေးသမားတွေဘဲ..)
ဟုတ်လိုက်တာ မောင်မင်းကြီးသားရယ်။ ကျုပ်တော့ အစလေးနည်းနည်း မြည်းကြည့်လိုက်တာနဲ့ ဘယ်လိုအမျိုး အစားဆိုတာ မှန်းလို့ရလို့ ရှေ့ဆက်မဖတ်တော့ဘူး။ အကုသိုလ်များမယ့် စာဆိုတာ သိလိုက်ပြီလေ။ ခုလဲ စာမဖတ်ဘဲ ကွန်မန့်တွေဘဲလိုက်ဖတ်ကြည့်ပြီး ဒါလေးကို သဘောကျလွန်းလို့ ထောက်ခံပေးလိုက်တာ
လူ ဆိုတာ ကိုယ်ပိုင်အယူအဆ၊ ထင်မြင်ချက် ကိုယ်စီ ရှိကြတယ်။ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်တယ်။ ဒါပေမဲ့ သူတစ်ပါး ကို ငါ ယူဆသလို ယူဆရမယ်။ ငါ့အယူအဆ အမှန်ဆိုပြီး သူတစ်ပါးရဲ့ လွတ်လပ်မှုကို မကျူးကျော် သင့်ဘူး။
လူလူချင်း အယူအဆချင်း မတူပေမယ့် လောကကြီးဟာ အကျယ်ကြီးပါပဲ။ နေစရာ ရပ်တည်စရာတွေ အကျယ်ကြီး ရှိပါတယ်။ ဘယ်သူ့ကိုမှ တွန်းထိုးပစ်နေစရာ မလိုပါဘူး။ သူတစ်ပါးအပေါ် တရားမဲ့ မကျူးကျော် ဖို့ပါဘဲ။
အမေရိကန်ပြည် ၁၈၀၁ မှ ၁၈၀၅ အထိ ဒုသမ္မတ ဖြစ်ခဲ့တဲ့ (အာရွန်ဘား) A-- Burr ဆိုတဲ့သူဟာ တစ်ခါတော့ သူနဲ့ ရန်ဖြစ်တဲ့သူ နဲ့ နှစ်ယောက်သေနတ်ချင်းပြိုင်ပစ်ကြတယ်။ ဒီတော့ ဟိုလူ သေသွား တယ်။ အဲဒီခေတ် က သဘောတူ ပြိုင်ပစ် သတ်တာမျိုး တရားဝင်တယ်။ လူသတ်မှုမဖြစ်ဘူး။
နောက် ဘား အသက်ကြီးတဲ့အချိန်မှာ ဒီကိစ္စကို သူ နောင်တရတယ် ထင်ပါရဲ့။ တစ်ခါတော့ သူ နေတဲ့ အခန်းထဲ ကို ယင်ကောင် ၀င်လာတယ်။ ဦးဆုံး ယင်ရိုက်တဲ့ တုတ်ကြီးနဲ့ ရိုက်သတ်မယ်လုပ်ပြီးမှ ပြတင်းပေါက် ဖွင့်ပြီး ယင် ကို ထုတ်ပစ်လိုက်သတဲ့။ သူ့ပါးစပ်က ပြောလိုက်သေးတယ်။
" မင်းနဲ့ ငါနဲ့ နေစရာ လောကကြီးက အကျယ်ကြီးပါကွာ "http://www.shwezinu.com/2012/02/blog-post.html
ကွန်မန့် တော်တော်များများကို ဆင်ဆာမလုပ်ဘဲ ပေးခွင့် ပြုထားတဲ့ ဒေါက်တာလွမ်းဆွေကို ချီးကျူးပါတယ်။ လမ်းပြကြယ်ဦးအေးမြင့်ရဲ့ ရုပ်ပိုင်း ဆိုင်ရာအားနည်းမှုကို ရှုတ်ချတဲ့ ကွန့် မန့် တင်သူကို လည်း ပြင်းပြင်းထန်ထန်ကိုကန့် ကွက်တယ်။ သူလည်း တောင်သူလယ်သမားတော်တော်များများရဲ့ အကျိုးကိုဆောင်ရွက်ဖူးသူတဦးဖြစ်တယ်ဆိုတာမေ့မထားသင့်ပါဘူး။ Nld ဟာအခုချိန် မှာဒေါ်အောင်ဆန်းစုကြည် နောက်ဒုတိယအင်းအားကောင်း တဲ့ခေါင်းဆောင်မရှိသေးဘူးဆိုတာတော့မှန်ပါ တယ်။ ဒါပေမယ့်ဒါဟာ ပါတီကိုမထောက်ခံဘဲ ဒေါ်စုကိုဘဲထောက်ခံနေလို့ တော့မဟုတ်ပါဘူး၊ လူထုရဲ့ အကြောက်တရားကို ဖြိုနိုင် တာဒေါ်စုတစ်ယောက်ဘဲဖြစ်နေလို့ ပါ။ ဒါကိုလည်း ဒေါ်စုကသိလို့ ပြည်သူတွေ မကြောက်ကြဖို့ တိုက်တွန်းနေတာပါ။ အခုရွေးကောက်ပွဲဝင်တယ်ဆိုတာကလည်း အမတ်လုပ်ဖို့ ထက် တရားဝင်စည်းရုံးရေးဘောင်ကို ယူပြီး မျက်နှာသစ် နိုင်ငံရေးသမား ကွာလတီနိုင်ငံရေး သမားတွေမွေးထုတ်ဖို့ ပါ။ နယ်တွေမှာ အရင် တရားမ၀င်ပုံစံမျိုး ရှိစဉ်က အစည်းအဝေးပွဲဆို အဖွဲ့ ဝင်တစ်ချို့ တောင်မလာရဲကြပါဘူး အခုတော့ အခြေနေက တော်တော်ကိုပြောင်းလဲနေပါပြီ၊ အဲဒီနေရာတွေမှာ ဒေါ်စုလည်းမလာပါဘူး ဒါပေမယ့် လူတွေက nld ကိုထောက်ခံကြလို့ သာလာခဲ့ကြတာပါ။ ဒေါ်စု ဒုတိယ၀န်ကြီးယူပြီး နိုင်ငံရေးကနားမယ်ဆိုတဲ့ ပျက်လုံးက မရီရပါဘူး။တခြားပျက်လုံးလေးပြောင်းပေးပါ။ အဲဒီလောက်အတွေတိမ်နေတာကို သိရတော့ ပြည်သူတွေကို အသိမြင်နိမ့်ကျတယ်ပြောနေတဲ့ လမ်းပြကြယ်ခေါင်းဆောင်ရဲ့ ညဏ်ပြေးမှုကိုချီးကျူးမိပါရဲ့ ။ ပြောဖို့ ရေးဖို့ သိပ်လွယ်ပေမယ့် လုပ်ဖို့ သိပ်ခက်ပါတယ်။ အာရပ်ကလို ပြောင်းလဲမှုက မြန်မာပြည်မှာ ကအင်မတန်ခက်ခဲပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သတ္တိချင်းကွာလို့ ပါ။ ဆီးရီးယားမှာ လူတွေဘယ်လောက်သေသေ သောကြာနေ့ တိုင်း ဆန္ဒပြမပျက်ပါဘူး၊ ဒီမှာကတော့ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးတွေ ဦးပဇင်းတွေ အရိုက်ခံနေရတာတောင် ၀ရုန်းသုန်းကားပြေးဖို့ ဘဲ သိတဲ့ သတ္တိလောက်သာရှိ ကြတာပါ။ မပြစ်လုပ်ရဲတယ်၊ ပြစ်ရင်ပြေးမယ်။ဒါကမှန်ပါတယ် သေစေနိုင်တဲ့လက်နက်နဲ့ ပြစ်နေမှာတော့ ပြေးရမှာဘဲ ဒါပေမယ့် နောက်ရက်တွေမှာ ကြောက်ကြောက်နဲ့ လုပ်ဖို့ သတ္တိရှိရင်ဘဲလုံလောက်ပါပြီ အဲဒီလိုဆိုရင် ခင်ဗျားတို့ တွေးတဲ့ တော်လှန်ရေးက စလို့ ရပါပြီ ဒါကြောင့် ဒေါ်စုလိုငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဦးနှောက်သုံးလုပ်တဲ့ လုပ်ငန်းစဉ်မှာ လူတွေက နှစ်သက်နေကြတာပါ။ အဲဒီနည်းနဲ့ မရရင်တော့ ခံချင်ရင်လည်းဆက်ခံ မခံချင်ရင်လည်း ချပေါ့ သေကြမှာတော့အမှန်ပါဘဲ
ဘာပဲပြောပြော သဘောတူတာ မတူတာ အပထား ထူးခြားဆန်းသစ်တဲ့ အတွေးအမြင်တွေပေါ်ထွက်လာတဲ့ ကိစ္စကတော့ ဒီမိုကရေစီရဲ့ သဘာဝဖြစ်တာမို့ ကြိုဆိုကြရမှာဖြစ်တယ်ဗျာ။ ထူးခြားဆန်းသစ်တိုင်း အမှန်တရား ဟုတ်/မဟုတ်နဲ့ ပြည်သူကို အကျိုးပြု/မပြု ဆိုတာကိုတော့ သမိုင်းကပဲ ဆုံးဖြတ်မှာဖြစ်တယ်ဗျာ(မောင်ဝံသ)
စိတ်ဝင်စားစရာမဲဆွယ် နိုင်ငံရေးဟောပြောချက်အချို့ ။http://oothandar.blogspot.com/2012/03/blog-post_9642.html
ကဲ မရေးချင်ပဲ ရေးရအုံးမယ်။ အေးမြင့်တို့ တော်တော်နာမည်ကြီးချင်ပုံပဲ။ နော်အုံးလှကတော့ သူခံယူချက်ပါ။ ရိုးသားတယ်။ အေးမြင့်ကတော့ တောင်သူလယ်သမားအရေးလုပ်ပေးမယ်ဆိုပြီး တောင်သူတွေအိမ်ဦးခန်းတက်ထိုင်။ မီဒီယာမှာ နာမည်ကြီးချင်အောင်လုပ်။ တော်ပါပြီ မောင်အေးမြင့်ရယ်။ ရိုးနေပါပြီ။ အေးမြင်နဲ့ လွဏ်းဆွေကတဂုဏ်းတည်းလေ။ လွဏ်းဆွေက ဘလော့ဂါ စစ်စစ်လားဆိုတော့လည်းမဟုတ်။ ကဗျာဆရာလား စာရေးဆရာလားဆိုတော့လည်းမဟုတ်။ နိုင်ငံရေးသမားလားဆိုတော့ အင်တာဗျူးပြောတာတွေနားထောင်ကြည့် သိလိမ့်မယ်။ အဲတော့ ပြောရရင်ဒေါ်စုကို တရားထစွဲတဲ့ ကိုယ်စားလောင်းလိုပဲ လူသိများစေချင်တဲ့သဘောပေါ့။ နောက်ပြီး ငါးမင်းဆွေနောက်တစ်ယောက်လေ။ သေချာကြည့်။ ငါးမင်းဆွေရယ်။ အေးမြင့်ရယ်။ လွဏ်းဆွေရယ်။ ရုပ်အင်္ဂါရပ်တွေ သိပ်မကွာဘူး။ နောက်ဆုံးပြောချင်တယ်ဗျာ Negative တွေ သိပ်မလုပ်ကြနဲ့ဗျာ။ ပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်နေမှ ခင်ဗျားတို့အတွက် သတင်းအဖျင်းတွေဖြစ်မယ်ဆိုတာ ကျုပ်သိတယ်။ နောက်ဆုံးပြောချင်တယ် ကိုယ့်ဘာသာ လိပ်ပြာသန့်သန့်နဲ့ စဉ်းစား။ နိုင်ငံအတွက်ဘာတွေလုပ်နေကြလဲဆိုတာ။ အားမရင်းနဲ့။ တောင်သူအရေးလုပ်တယ်ပြောပြီး တောင်သူတွေအိမ်ဦးခန်းတက်ထိုင်။ ဟန်ပြဓါတ်ပုံရိုက်။ အင်တာနက်ပေါ်တင်တဲ့ အေးမြင့်ရဲ့ လုပ်ရုပ်က ကိုကျော်သူ ချီးကျွေးရမယ်။ လွဏ်းဆွေကို ဧရာဝတီအောင်ဇော့်ချီးကျွးရမယ်။ ဒီလောက်ပဲ။( လွဏ်းဆွေ မင်းသတ္တိရှိရင် ဒီကော်မန့်တင်ပေးလိုက်လေ။)။ မင်းယောကျာ်းဆိုရင်။
မှန်
ဒီလောက်ပြောနေလဲ ကိုယ့်ကိုယ် သိကြမှာမဟုတ်ပါဘူးဗျာ။လောက်တွေဆိုတော့---တွင်းထဲမှာပဲပျော်ကြတယ်လေ။
ွGood comment Willain Thargi
William Thargi ပြောတာ ကိုယ်ပြောချင်တာနဲ့ ကွက်တိပါပဲ။ ကျေးဇူးပဲ ကို Thargi ရေ.. အဲ့ဒီ ကွန်မန့်လေး ကတော့ ဒက်ထိပါပဲ။
ကောင်းတယ် WILLIAM THARGI ရဲ့ comment .. …
‘ကောင်လေး’ ရေ့  .. .. ငါဆဲချင်တာ မင်း ထဆဲပေးလို့လဲ ကျေးဇူးတင်တယ် .. ..
လမ်းပြကြယ် တို့ ၊ လွဏ်းဆွေ တို့ ၊ မိုးသီးဇွန် တို့ လို စောက်သုံး နဲနဲမှ မကျ ၊ ကိုယ့်ကျောင်းသား အချင်းချင်းတွေကို သတ်ခဲ့ပြီး ကိုယ်မဟုတ်သလိုနေခဲ့တဲ့ သူတောင်းစား အဆင့်သာသာ စိတ်ဓါတ် ရှိတဲ့သူ တွေကများ တိုင်းပြည်ကောင်းစားရေး လက်တွေ့ အနာခံ လုပ်နေကြသူတွေကိုများ မနာလိုစွာ သွေးခွဲချင်နေကြတဲ့ကောင်တွေ .. ..
ငမိုက်သား အောင်သိန်းလင်း လောက်တောင် အဖြစ်ရှိတဲ့ ကောင်တွေမဟုတ်ဘူး .. ..
အမှန်ကို နားလည်ကြတဲ့ .. .. မတွေဝေကြတဲ့ ပြည်သူတွေများနေ လို့ပဲ ဖြေသာ ရတော့တယ် .. ..
သိသလောက် ဒေါက်တာလွဏ်းဆွေက ဒီလောက် မဟုတ်ပါဘူး၊ လူလုံးမပြရဲတဲ့ ၀တုတ်တို့  ဖေ့စ်ဘုတ် မှာမိန်မးလို အော်ပြီး Like လုပ်မည့်သူ လေး၊ ငါးယောက်ထက် မပိုလို ညစ်နေတဲ့ ငပေါတို့ လောက် မဆိုးပါဘူး။
မိတ္ထီလာသားတွေသိက္ခာကျရပေါ့
ခွေးသူခိုး ဖြုတ်ဦးနှောက်နဲ့လမ်းပျောက်ကောင်စိန်အေးမြင့်
တို့ပေါ်လာတော့ဒေါက်တာလူရှုပ်တအားတက်တာပေါ့
ဗိုလ်ချုပ်က တကယ်ကိုယ်ကျိုးမဖက်တဲ့သူပါ..ဗမာတွေကောင်းစာဖို့သေပေးခဲ့ရတယ်လေ..အခုလေး မြန်မာ (ဗမာ) တွေကောင်းစာဖို့အဖွားစုကသေပေးရအုံမယ်..
ကောင်းလိုက်တာ
ပြောချင်တာတွေ အကုန်လုံးကို COMMENT ပေးသွားတဲ့ လူတွေ ကို ကျေးဇူးပါတယ်...
ကိုယ်ကျတော့လဲ ဘာမှ မလုပ်..
ကောင်းရာကောင်းကြောင်း လုပ်ပေးနေတာကိုလဲ ကန့်လန့် ကန့်လန့်နဲ့
ဒီကြားထဲ ဒေါ်စု ကို မြင်စိုင်းစုကြည်လို့ ပြောထားတဲ့ ဟိုအုပ်စု နေထားဦး. အလှည့်ကျရင် မနွဲ့စတမ်းပဲ
လမ်းပြကြယ်ကြီးရေ ဒေါ်စုက ဒုဝန်ကြီးနေရာယူပြီး နိုင်ငံရေးက အနိုင်ပိုင်းပြီးနားမယ်တဲ့လား .....ခင်ဗျားနဲ. ဒေါက်တိုင်ကြီးရဲ. စိတ်ဓာတ်ကို သဘောပေါက်သွားပြီ လေးစားတယ်ဗျာ နှစ်ယောက်လုံးကို ...........
ဦးအေးမြင့် ပဲခူးသားတစ်ယောက်အနေနဲ့ လမ်းပြကြယ်ဆိုတဲ့အမည်နဲ့ အရင်ကဦးကို
ကျွန်တော် တော်တော်အထင်ကြီးမိတယ်။
ဦးရဲ့ဦးနှောက်ထဲမှာဒီလောက် ကလေးဆန်တဲ့အတွေးမျိုးဝင်လာမိတဲ့အချိန်ကစပြီး
အောက်တန်းကျတယ်ဆိုတဲ့ စကားဟာ ဦးနဲ့တောင်မတန်တော့ဘူးလို့ ထင်မိတယ်
နေရဲနီ(ကဗျာချစ်သူ)
အားလုံးသတိ
အဟက်.. ကော်မန့်တွေကို ကြည့်ပြီး အကဲဖြတ်ကြည့်ရင်တော့ ဒေါ်စုအားပေးသူ ၈၀ရာနှုန်းလောက်ဟာ ဒီမိုကရေစီရဲ့ အနှစ်သဘောတရားကို နားမလည်တဲ့ လူတွေလို့ ကျွန်တော်စွပ်စွဲရင် လွန်မလားပဲလေ.. ဦးအေးမြင့်နဲ့ ဒေါက်တာလွမ်းတို့ရဲ့ ဘယ်အမြင်ကတော့ ပေါက်ကရပါလေလို့ (တကယ်လဲ ပေါက်ကရပါပဲ.. ဟားဟား..) အချက်အလက်နဲ့ ပြောတာမျိုးထက် ဒေါ်စုရဲ့ ဖရုံသီးဇါတ်ကပဲ ပြစ်မျိုးမှဲ့မထင် လိုက်ရူးပြလို့ ကောင်းလိုက်လေလို့ ၀ိုင်းသြောဘာပေးကြတဲ့ ဒေါ်စုကိုးကွယ်သူတွေဟာ ဒေါ်စုမကြိုက်တဲ့ ဒီမိုကရေစီမကျ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတွေ.. ရိုင်းစိုင်းကြမ်းတမ်းကြသူတွေ ဖြစ်နေတာတော့ အံ့သြောဖွယ်ပါဗျား.. :P
အားလုံးသက်သာ
မောင်သတိ
၁၉ ၆၂ ကနေ ၂၀၁၂ နှစ်ပေါင်း ၅၀ကျော် စစ်ယူနီဖေါင်းဝတ် တသွေးတသန် တမိန်.နဲ. ချီးဘရိန်းတွေ အုပ်ချုပ်ပြီးပြီ။ တိုင်းပြည်လည်း ဖါနိုင်ငံဖြစ်ပြီ။ ပြည်တွင်းပြည်ပ ဖါပေါင်းစုံ ပြန်နှံ့နေပြီ။ အလီဘာဘာ၊ ငတက်ပြား၊ ရော်ဘင်ဟု ရှုံးလောက်အောင် သူခိုးလူမျိုးလည်းဖြစ်ခဲ့ပြီ။
ခုဒီမိုကရေစီတတ်ရောင်ကားနဲ. ရောင်စိန် အရပ်သားတွေ တိုင်းပြည်အုပ်ချုပ်ဘို. စိတ်ကူးယဉ်တာဆူနေပြန်ပြီ။ ဘယ်သူတင်ပြတာမှ လက်မခံဘဲ မေမေဘုရားကိုမထိနဲ. ဓါးဋ္ဌကည့်ဆိုပြီး ဋ္ဌကက်တူရွေးကတော်တော် မယ်ဘော်မောင်ဘော်တွေက ကဲနေလိုက်ဋ္ဌကတာ။ စိတ်ပျက်ပါရဲ.။
နင်တို.ဋ္ဌေကာင့် မေမေဘုရားစိတ်ဆင်းရဲရလိမ့်မယ်။ မေမေဘုရားက ဒီမိုကရေစီအဋ္ဌေကာင်း ကဘာပတ်လာတော့သိတယ်။ နင်တို.သာ ဘုမသိဘမသိနဲ. တတ်ရောင်ကားလုပ်နေဋ္ဌကတာ။ ဒီမိုကရေစီဆိုတာ မတူညီတဲ့ အမြင်တွေကို လက်တွဲ ဆောင်ရွက်လို. ရအောင် လုပ်ရတယ် ဆိုဘဲ။ အပြုသဘောနဲ. ထောက်ပြလာတာတွေကို လက်ခံရမယ်ဟဲ့။ နင်တို.လည်း ချီးဘရိန်း စစ်ယူနီဖေါင်းတွေနဲ. သိပ်မကွာပါဘူး။
ဒီလောက်ဘဲပြောတတ်တယ်။
ဋ္ဌကိုက်သလိုသာ ဆဲဋ္ဌကပေတော့။ နင်တို. အဲဒါဘဲတတ်တယ်။
မင်းနှစ်ပါးစံတဲ့ တောင်ပြုံးက
နတ်ကတော် ပူနောင်ချပ်ချိန်း
I like and agree with
1)Newton
2)William Thargi.
Especially William Thargi.
Very good, sharp and open mind.
ဦးအေးမြင့် ပဲခူးသားတစ်ယောက်အနေနဲ့ လမ်းပြကြယ်ဆိုတဲ့အမည်နဲ့ အရင်ကဦးကို
ကျွန်တော် တော်တော်အထင်ကြီးမိတယ်။
ဦးရဲ့ဦးနှောက်ထဲမှာဒီလောက် ကလေးဆန်တဲ့အတွေးမျိုးဝင်လာမိတဲ့အချိန်ကစပြီး
အောက်တန်းကျတယ်ဆိုတဲ့ စကားဟာ ဦးနဲ့တောင်မတန်တော့ဘူးလို့ ထင်မိတယ်
နေရဲနီ(ကဗျာချစ်သူ)
ကွန်မန့် တော်တော်များများကို ဆင်ဆာမလုပ်ဘဲ ပေးခွင့် ပြုထားတဲ့ ဒေါက်တာလွမ်းဆွေကို ချီးကျူးပါတယ်
ဒါပေမယ့်ဒါဟာ ပါတီကိုမထောက်ခံဘဲ ဒေါ်စုကိုဘဲထောက်ခံနေလို့ တော့မဟုတ်ပါဘူး၊ဒေါ်စု ဒုတိယ၀န်ကြီးယူပြီး နိုင်ငံရေးကနားမယ်ဆိုတဲ့ ပျက်လုံးက မရီရပါဘူး။တခြားပျက်လုံးလေးပြောင်းပေးပါ။ အဲဒီလောက်အတွေတိမ်နေတာကို သိရတော့ ပြည်သူတွေကို အသိမြင်နိမ့်ကျတယ်ပြောနေတဲ့ လမ်းပြကြယ်ခေါင်းဆောင်ရဲ့ ညဏ်ပြေးမှုကိုချီးကျူးမိပါရဲ့ ။ ပြောဖို့ ရေးဖို့ သိပ်လွယ်ပေမယ့် လုပ်ဖို့ သိပ်ခက်ပါတယ်။ MG MG Hla
Our people are not stupid.
ဦးအေးမြင့်ခင်ဗျား....ဦးအေးမြင့်ရဲ့လက်ထဲကို အခုလက်ရှိအခြေအနေအတိုင်း ဘက်ပေါင်းစုံက ယိုယွင်းနေတဲ့ ဗမာပြည်ကြီးကို ထိုးထဲ့ပေးလိုက်မယ်ဆိုရင် ဘာတွေများလုပ်လုပ်ပေးမယ် ဆိုတာကိုဖြေကြားပေးပါခင်ဗျား....
Post a Comment