သတင်းထောက်ပါး ရိုက်တာ ကျပ်တထောင်ပဲ ကုန်တယ်ဆိုပဲ
စိန်သံလုံး
၂၀၁၀ မေ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ဧည့်ခံပွဲတခုမှာ 7 day ဂျာနယ်က ရုပ်ရှင်အနုပညာ သတင်းထောက် မအေးသူစံက ထက်ထက်မိုးဦးနဲ့ တွေ့တဲ့အခါ ထက်ထက်မိုးဦးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတခုကို မေးခဲ့မိတယ်။ ပထမပိုင်းမှာတော့ မေးသမျှ ဖြေတာပေါ့။ နောက်ပိုင်းကျတော့ ထက်ထက်မိုးဦးရဲ့ ပရိသတ်တွေ သိချင်တဲ့ အိမ်ထောင်ရေးကိစ္စကို မေးမိတာပေါ့။ ဗြုန်းဒိုင်းကြီး ယူလိုက်တဲ့ ယောက်ျားနဲ့ ဘယ်မှာတွေ့တာလဲ၊ ဘယ်လိုဆုံးဖြတ်ပြီး ယူဖြစ်တာလဲ၊ ဘာကြောင့်လဲဆိုတဲ့ သတင်းထောက်တွေ မေးနေကျ ဘ ၆ လုံးထဲက ဘ သုံးလုံး ကိုပဲ မေးရသေးတယ်၊ ထက်ထက်မိုးဦးက ဘာကြောင့်မှန်းမသိ စိတ်ဆိုးပြီး သတင်းထောက် အေးသူစံကို ဆံပင်ဆွဲ ပါးရိုက်တော့တာပဲ။ နောက်ပြီး လည်ပင်းကိုလည်း ကုတ်ခြစ်လိုက်တာပေါ့။
ဇာတ်လမ်းက ဒီလောက်ပါပဲ။ ရုပ်ရှင်ထဲမှာဆိုရင်တော့ တခုခုကြောင့် အထွဋ်အထိပ်ကို ရောက်သွားတယ် ခေါ်တာပေါ့။ အဲဒီကိစ္စအတွက် မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းက ရှုတ်ချတယ်ဆိုပြီး ကြေညာချက်ပဲ ထုတ်ပေးတယ်။ ထက်ထက်မိုးဦးကို ပြတ်ပြတ်သားသား ခေါ်မပြောခဲ့ဘူး။ အဲဒီတုန်းက ရုပ်ရှင်အစည်းအရုံးကလည်း ထိထိရောက်ရောက် ခေါ်ယူညှိနိုင်းပေးခဲ့ခြင်း မရှိခဲ့ဘူးလေ။ နေသာသပ လေညာကပေါ့။
ဒီထက်ဆိုးတာက အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီးကလည်း အားနည်းတဲ့ သတင်းထောက်ဘက်က မပါခဲ့ဘူးလေ။ ထက်ထက်မိုးဦးကို ရုံးချိန်း မသွားနဲ့လို့တောင် တားပြီး ကာကွယ်ပေးခဲ့သေးတယ်။ မင်းသမီးက “အဘရေ ... ကယ်ပါဦး” လို့ နှစ်ခါ မချွဲရဘူး၊ နွားပြာကြီး အောက်သွားမရှိသလိုမျိုးပေါ့။ လူပုံအလယ်မှာ စော်ကားခြင်း အနိုင်ကျင့်ခြင်း ခံရသူက မိန်းမသားဆိုတော့ ရှက်တာပေါ့။ ဂုဏ်သိက္ခာပိုင်းပါ စော်ကားခြင်း ခံရတော့လည်း တရားဥပဒေကို အားကိုးပြီး ရန်ကင်းတရားရုံးကို တိုင်ခဲ့တာပေါ့။ ပြန်ကြားရေးဝန်ကြီးဆိုတာ ရုပ်ရှင်နဲ့ စာပေကို တာဝန်ယူရတယ် ဆိုပေမယ့် မင်းသမီးများနဲ့ ပိုရင်းနှီးတယ်။ သတင်းထောက်အားလုံးကို သူ့လက်အောက်ကလိုပဲ သဘောထားရုံကလွဲလို့ လေးစားရကောင်းမှန်း သိပုံမရဘူး။ ဒါကြောင့် မင်းသမီးဘက်က အကာအကွယ်ပေးတာပေါ့။
အမှုဖြစ်ပြီး ၁ နှစ်နဲ့ ၁၀ လအကြာ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက် သောကြာနေ့မှာတော့ ရန်ကင်းမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ်တထောင် ပေးဆောင်စေတဲ့။ ကဲ ... ကောင်းကြသေးရဲ့လား၊ တော်တော်လည်း မျက်နှာပြောင်တိုက်ရဲတဲ့ စီရင်ချက်ပဲ။ ဥပဒေမှာ ဒဏ်ငွေ ကျပ်တထောင် သို့မဟုတ် ထောင်ဒဏ် ၁ လ သို့မဟုတ် အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်လို့ သတ်မှတ်ထားရာမှာ အနည်းဆုံး ကျပ်ငွေ တထောင်ပဲ အပြစ်ပေးတယ်။ ဒီလို သက်သာဖို့ တရားသူကြီးကို တရားခံ ထက်ထက်မိုးဦးက ငွေမပေးဘဲ နေမှာလား။ အာမခံအတွက်တောင် ကျပ် ၁၀ သိန်း တင်ထားရတဲ့ အမှုမှာ အပြစ်ဒဏ်က ကျပ်ငွေ တထောင် ဆိုတော့ ရယ်စရာ မကောင်းဘူးလား။ ဟာသစာရေးဆရာတွေ ရေးတာထက်တောင် ရယ်ရသေးတယ်ဗျာ။ လုပ်ရက်ကြပါပေ့။
တကယ်ဆို ထက်ထက်မိုးဦးက နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတယောက်၊ ရထားတဲ့ ငွေကြေးကလည်း နည်းနည်းနောနော မဟုတ်။ ကျပ်ငွေ တထောင်ဆိုတာ ထက်ထက်မိုးဦးရဲ့ သွားကြားထိုးတံဖိုးလောက်ပဲ ရှိတာပါ။ တကယ်နစ်နာတဲ့ အေးသူစံဆိုတာက သတင်းထောက်တဦးပါ။ ချမ်းသာသူ မဟုတ်ပေမယ့် သတင်းထောက်တယောက် စော်ကားခြင်းခံရတဲ့ ဂုဏ်သိက္ခာအတွက် ရုံးချိန်း ၇၀ ကျော်တက်ပြီး ကျပ်တထောင်မကသော ငွေကြေးတွေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့အတူ တရားဥပဒေကို လေးလေးစားစား ရင်ဆိုင်ခဲ့ရတာပါ။ ခုကိစ္စမှာ စီရင်ချက်ကို မကျေနပ်ပေမယ့် ငွေကုန်မခံနိုင်တော့လို့ ကုန်ကျမယ့်ငွေတွေ မတတ်နိုင်တော့လို့ အယူခံမ၀င်တော့ပါဘူးတဲ့ (မှတ်ချက် - တရားရုံးတွေမှာ အမှုခေါ်ပေးတဲ့ စာရေးတွေကို လက်ဖက်ရည်တိုက်ရ၊ လက်ဖက်ရည်ဖိုး ပေးရ၊ တရားသူကြီးကို ဂါရ၀ပြုရ၊ ရဲကို မြိုဖို့ဆို့ဖို့ ပေးရဆိုတဲ့ ကုန်ကျစားရိတ်က ရုံးချိန်းတိုင်း ရှိတယ်။ ရုံးချိန်း ၇၀ ဆိုတော့ တွက်ကြည့်ပေါ့။)
ဒီတော့ကာ ကိုဇော်သက်ထွေး၊ ဒေါ်အေးအေးဝင်း (AP သတင်းဌာန)၊ ကိုဝေဖြိုး၊ ကိုမျိုးမြင့်ညိမ်း၊ ကိုချစ်ဝင်းမောင်တို့ ဆောင်ရွက်နေတဲ့ မြန်မာစာနယ်ဇင်းသမဂ္ဂကတော့ တရားသဖြင့် ရောက်အောင် ကူညီကြလိမ့်မယ်လို့တော့ အားကိုးယုံကြည်မိပါတယ်။ ကွာဟမှုကြီးလွန်းတဲ့အတွက် မျှမျှတတ ဖြစ်စေချင်ပါတယ်။ နိုင်ငံတော်သမ္မတကလည်း တရားဥပဒေစိုးမိုးရေးကို လိုလားပါတယ်လို့ ၁၀ ကြိမ်လောက် မိန့်ခွန်းထဲမှာ ပြောသွားခဲ့တာကြောင့် (ငွေများ တရားနိုင်တဲ့) ဖြစ်ရပ်မျိုးကိုတော့ အားမပေးသင့်ပါဘူး။
ထက်ထက်မိုးဦးဆိုတာ တချိန်က မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့ ရွှေတောင်ကြားလမ်း နိုက်ကလပ်က ဘ၀စခဲ့သူပါ။ သူလည်းပဲ အောက်ခြေဘ၀ကို ဖြတ်သန်းခဲ့ဖူးသူဆိုတာ ပတ်သက်ခဲ့သူတိုင်း သိကြပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်ဘ၀ကို ရောက်ပြီး ငွေသိန်းပေါင်းများစွာ ရရှိခဲ့တဲ့ ပြည်သူ့အချစ်တော် မင်းသမီးတဦးအနေနဲ့ ရမ်းကားစော်ကားမှုကြောင့် ပြည်သူ့ချဉ်ဖတ် မဖြစ်စေချင်ဘူး။ အခု စော်ကားခြင်း ခံရသူက သတင်းထောက်တဦး ဖြစ်နေလို့လည်း သတင်းလောကသားတွေ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သတင်းထောက်တယောက်ကို လူပုံအလယ်မှာ ဆံပင်ဆွဲပြီး ပါးရိုက်ခဲ့တဲ့ ပြစ်မှုက တထောင်ထဲပဲ စီရင်ချက်ကျတယ်ဆိုတော့ ထက်ထက်မိုးဦးရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ တနေ့ကို လူ ၁၀၀ လောက် ပါးရိုက်ရင်တောင် ငွေကုန်ကြေးကျ သိပ်မများလို့ လွယ်လွယ်ကူကူ ကျူးလွန်ဖို့ လွယ်လွယ်လေးပဲ။
တရားဥပဒေဆိုတာ မှားမိတဲ့ ပြစ်မှုအတွက် နောင်ကျဉ်အောင် မတရားလုပ်သူတွေ ထပ်ပြီး မကျူးလွန်ရဲအောင် ဟန့်တားနိုင်မှ အဓိပ္ပာယ်ရှိမှာပါ။ အရင်ခေတ်က သတ်မှတ်ခဲ့တဲ့ ငွေကြေးဖြစ်လို့ ခေတ်နဲ့အညီ ပြုပြင်ဖို့လိုသလို အဲဒီလို အနိမ့်ဆုံး ပြစ်ဒဏ် စီရင်ချက်ချတဲ့ တရားသူကြီးကို ငွေ ၅,၀၀၀ ပေးပြီး ပါးငါးချက်လောက် ရိုက်ကြည့်ချင်တယ်။ ဘယ်လိုခံစားရမလဲ ဆိုတာကို သိချင်လိုက်တာနော်။ ဒါပေမယ့် ထက်ထက်မိုးဦးကတော့ မဆင်မခြင် ရမ်းကားတဲ့ တရားခံ ဖြစ်သွားပြီ။ တရားရုံးက သက်ညှာစွာဖြင့် သာမန် နာကျင်မှုပဲ သတ်မှတ်တယ်။ တရားသူကြီးရဲ့ မင်းသမီးအပေါ် ညှာတာမှုကို လေးစားမိပါရဲ့။ ဘာပဲဖြစ်ဖြစ် ငွေများ တရားနိုင်တဲ့ခေတ်က မကုန်နိုင်သေးဘူး။ တရားရုံးတခုမှာ ဥပဒေအတိုင်း အနိုင်ရဖို့က ရှေ့နေကောင်းကောင်း မလိုဘူး။ ရဲ၊ တရားသူကြီး၊ ဥပဒေအကျိုးတော်ဆောင်တို့ကို ငွေများများ ပေးနိုင်ဖို့ပဲ လိုတယ်။ အဲဒီစနစ်ကြီးက အခုထိ အမြစ်တွယ်တုန်း၊ လာဘ်ပေးလာဘ်ယူဆိုတာ တရားရုံးက စတာ၊ တကယ်အမှုဖြစ်ဖူးသူတိုင်း ကိုယ်တွေ့ကြုံဖူးတယ်။ မယုံမရှိနဲ့။
ဘာပဲဖြစ်ဖြစ် သားသမီးချင်း ကိုယ်ချင်းစာပါ။ တရားဥပဒေကို ပြက်ရယ်မပြုသင့်ပါ။ နောက်ဆို သတင်းထောက်တွေ သတိထားပါ။ ပါးရိုက်ခံရရင် ကျပ်တထောင်ပဲ ကုန်မယ်။ ပြည်သူ့အတွက် ပြည်သူ့ဘက်က ရပ်တည်ချင်တဲ့ သတင်းထောက်တွေ ပါးရိုက်ခံနိုင်မှ သတင်းထောက်လုပ်ပါ။ ဒါပေမယ့် ပြစ်ဒဏ်က ကျပ်တထောင်ပဲ ဖြစ်တာမို့ နောက်တခါကျရင် ၃ သောင်းဖိုးလောက် အရိုက်ခံရရင် ပါးက ခံနိုင်ပါ့မလား။ သတင်းထောက်တွေ သံချပ်ကာအင်္ကျီ မ၀တ်ရင်တောင် ပါးကာကိရိယာ တပ်ထားဖို့တော့ လိုမယ်နော် (သတိ ... ခွေးကိုက်တတ်သည်။)
စိန်သံလုံး
19 comments:
အရူးကျော်ဆန်းရယ် ဖာထက်ထက် ရယ် စောက်သုံးမကျတဲ့ တရားသူကြီးရယ်။သုံယောက်ပေါင်းလောင်းကျော်ပေါ့နော။
သူကလည်း ဘာတွေသွားမေးတယ်ဆိုတာကို အတိအကျ
ထုတ်ပြောတာမှမဟုတ်တာ အခုဖေါ်ပြတဲ့မေးခွန်းတွေထက်
သူတကယ်မေးတာ ထိထက်မကလို.နေမှာပေါ့ဗျာ မြန်မာပြည်လေ
နိုင်ငံခြားကသင်းထောက်တွေလို မေးလို.တော့ရမလား ပြောရရင်တော့ မြန်မာပြည်က တစ်ချို့သင်းထောက်တွေက
မာန်တက်လွန်းအားကြီးပါတယ် ဥပမာ မြတ်ခိုင်တို့လို
သာကူးတွေပေါ့ ပြောလိုက်ရင်တောု့ကားကောင်းအောင်
ပြည်သူအတွက် ပြည်သူအတွက်နဲ့ ၀ါဿနာသတင်းထောက်ရယ် အသပြာသတင်းထောက်ရယ် ကျော်ကြားချင်တဲ့သတင်းထောက်ရယ် ရှိတဲ့အထဲမှာ ပြည်သူအတွက်ဆိုပီး ၀ါဿနာသတင်းထောက်က နည်းပါတယ်
ဖာခေါင်းကျော်ဆန်း ဖာသည်မ မှုံရွှေရည် ဖာကျိုး တရားသူကြီး တို့ ၏ ဥပဒေ လက်တလုံးခြားလုပ်မှုကြီး
၁ထောင်ကျပ် ရတာ ကံကောင်း ... ( သတင်းထောက်မို့လို့ ၁ ထောင် ကျပ်ရတာဖြစ်မယ် ) ... တကယ်ဆို ... ၁ ထောင်ဖိုး ဆို ၃ ချက်ရိုက်လို့ရတယ် ...(ဈေးထဲမှာအကြွေးသွားတောင်းတဲ့အဒေါ်ကြီးကို အကြွေုးယူသူက မချေမငံ ပြန်ပြောလို့ အကြွေးရှင်က ဒေါသထွက်ပြီး ပါးရိုက်လိုက်တာ အကြွေးယူသူက မကျေနပ်လို့ တရားစွဲလိုက်တာ တရားသူကြီးက အမိန့်ချလိုက်တယ် ...ဒဏ်ငွေ ၃၅၀ကျပ်ပေးဆောင်စေ ... ) ဒါကြောင့် ၁ ထောင်ရတာ ကံကောင်း ... :)
ဒီကောင်မ ထက်ထက်မိုးဦးကို တွေ့ တဲ့နေရာမှာပါးဆွဲရိုက်ပစ်ပြီး ငွေတစ်ထောင်နဲ့ ပစစ်ပေါက်ခြင်တယ်
ထက်ထက်မိုးဦးက မင်းသမီးဆိုပြီး မာန်တက်ချက်တိုင်း တက်ပြီး ပြည်သူတွေကို ပါးရိုက်ပြီးစော်ကားတယ်.ပြည်သူကျွေးတဲ့ထမင်းကို စားပြီး ပြည်သူကို ပြန်စော်ကားတယ် ပိုက်ဆံရှိတဲ့ဆိုပြီး တရားသူကြီးနဲ့ပေါင်းပြီးလုပ်ချင်တိုင်းလုပ်နေတယ်. မြန်မာပြည်က တရားဥပဒေဆိုတာ ဘယ်ရောက်ကုန်ပြီးလဲ..သမတ သိန်းစိန် အော်နေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်ရောက်ကုန်ပြီးလဲ..မြန်မာပြည်သူတွေအတွက် ရင်လေးစရာဘဲ.
သားကြီးရေ
အဲဒီ သတင်းထောက် မမ က မင်းရဲ့ အမေ သို့  မင်းရဲ့ အမ သို့  မင်းညီမဆိုရင်လည်း ဒီစကားပဲပြောနိင်ပါစေလို့ ဆုတောင်းတယ်ကွာ
ထက်ထက်မိုးဦးတစ်ယောက်က သူ.မှာ အခြေအနေဆိုးဝါးတဲ့ အပြစ်အနာဆာတွေ၊ အားနည်းချက်တွေရှိနေရင် သတင်းထောက်တွေကို ဝေးဝေးကရှောင်နေပေါ့၊ သတင်းထောက်ကတော့ မေးချင်ရမေးမှာပဲ၊ လမ်းဘေးမှာ ခန္ဓာကိုယ်နဲ.ရင်းပြီးလုပ်စားတဲ့ မိန်းမတွေတောင် ထက်ထက်မိုးဦးလောက် မိုက်ရိုင်းမယ်လို.မထင်မိပါဖူး၊ ပညာကမတတ်၊ အဆင့်အတန်းကမရှိတော့ သတင်းထောက်ကို ပါးရိုက်တာပဲဖြစ်လိမ့်မယ်၊ ဒီကြားထဲ ကျော်ဆန်းတို.က တရားသူကြီးကို ဖိအားတွေပေး၊ တရားသူကြီးဆိုတာကလဲ ဒီလိုအမူ.ကို မပြောနဲ. လူသတ်မူ.တောင်ငွေပေး ရင်လွတ်သေးတာပဲ၊ ဖော်လံဖားကျော်ဆန်းတို. ငတက်ပြားကြီး အောင်သောင်းတို.ကလဲ အစိုးရအဖွဲ.အစည်းထဲ၊ လွှတ်တော်ထဲမှာ မရှိသင့်တဲ့ စုန်းပြူးတွေဖြစ်တယ်၊ သမ္မတဦးသိန်းစိန်အနေဖြင့် တကယ့်ကို ပြောင်းလဲချင်တယ်ဆိုရင်အဲဒီ့ ဘရုတ်သုတ်ခအဖွဲ.တွေကို အရင်ဖယ်ရှားသင့်တယ်၊
ဒီမိုကရေစီထွန်းကားဖို.က တရားဥပဒေစိုးမိုးရေး ရှိရပါလိမ့်မယ်၊ ဒီလိုတရားဥပေဒစိုးမိုးရေး ဦးဆောင်တဲ့ အဖွဲ.အစည်းကမှ ခြစား၊ အကျင့်ပျက်နေမှတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို.က သိပ်တော့မလွယ်လှသေးပါဖူး၊
အရင်တုန်းက ဖတ်ဖူးတာလေး တခုရှိတယ် ကိုရီးယား မင်းသား မင်းသမီးတွေ ကို အင်တာဗျူး ချင်ရင် ဗျူးမယ့် လူက သူအင်တာဗျူးမယ့် မေးခွန်းတွေကို အရင်ပြပေးရတယ်တဲ့ အဲ့ဒီ မေးခွန်းတွေထဲက မှ မင်းသား မင်းသမီး ဖြေပေးနိုင်မယ့် မေးခွန်းတွေကို ပြန်အကြောင်းကြားပေးပါတယ်တဲ့ ပြီးတော့ အလကား ဗျူးမပေးပါဘူး အခကြေးငွေ ပေးပြီးမှ ဗျူးလို့ ရပါတယ် ..... အခုဟာ က အဆင်ပြေ သလိုမေးချင်တာမေးမယ် ဆိုတာမျိုး ဖြစ်နေတယ်လေ ပြီးတော့ သူမေးတာက အနုပညာ နဲ့လည်း မပတ်သက်ဘူး သူများ အိမ်ထောင်ရေးကို စပ်စပ်စုစု လိုက်မေးသလိုမျိုး ဖြစ်နေတယ်လို့ ထင်ပါတယ် .... သတင်းထောက်တွေ သတင်းယူပေးလို့ ပြည်သူတွေ အကြောင်းအရာ ပေါင်းစုံ ကို သိရှိခွင့်ရတာတော့ မှန်ပါတယ် ဒါပေမယ့် သူများထက်ထူးအောင် အစုံလျှောက်မေးတာတော့ သိပ်မကောင်းပါဘူး ( လူတယောက်ကို ဘာပြဿနာ မှ မရှိဘဲ ပါးရိုက်ပြီး ပိုက်ဆံ ၁၀၀၀ ပေးလို့မရတာတော့ လူတိုင်းသိမှာပါ )
ထက်ထက်မိုးဦးနဲ့ ပါးရိုက်ခံရတဲ့သတင်းထောက်မအမှုကတော့ပြီးဆုံးသွားပါ ပြီ။ မပြီးသေးတာက ဘေးကညှောင့်နေတဲ့ကောင်တွေပါ။
တရားရုံးက နှစ်ဦးနှစ်ဘက် နစ်နာမှုတွေရှိလို့ ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေဆိုတဲ့မူနဲ့ ဆုံးဖြတ်ပေး တာကို ဘေးကကောင်တွေကကျိတ်မနိုင်ခဲမရဖြစ်နေကြ တယ်။ မင်းတို့ကောင်တွေက တစ်စိတ်ရှိ ရဲတွေ၊ တရားရုံးတွေပဲ ရန်လုပ်နေကြတယ်။
အွန်လိုင်းမှာ comment တက်ရေးတာလောက်နဲ့ မင်း တို့လုပ်ဆောင်ချက်တွေကစာမဖွဲ့လောက်ပါဘူး။
မင်းတို့မကျေနပ်သေးရင် ပါးရိုက်ခံရတဲ့သတင်းထောက်မဘက်က ငွေကြေးပံ့ပိုးပေးပြီး အမှုကို အယူခံဆက်တက်ခိုင်းလေ။
ဟိုပါးရိုက်ခံရတဲ့သတင်းထောက်မက ငွေပြတ်သွားပြီ၊ လူလည်ပန်းနေပြီ၊ သူ့ဘာသာသူအမှုကိုဆက်ရှည်ချင်ရင်တော့ ဖာခံပြီးပိုက်ဆံစုမှပဲရတော့မယ်၊ မင်းတို့သူ့ကိုထောက်ပံ့ချင်ရင်တော့ ပုံမှန်ဈေးတစ်လျှော့ ၁၀၀၀၀ ကျပ် လောက်ကို ၂၀၀၀၀ ကျပ်လောက်ပေးပြီးချပေးလိုက်ပေါ့။
အဲဒါဆို တစ်လလောက်နဲ့ ဆယ်သိန်းလောက်ရရင်သူအမှုဆက်လိုက်လို့ရတာပေါ့။
စေတနာနဲ့ငွေ ရလွယ်တဲ့နည်းပြောပြတာနော်။
ပါးရိုက်ခံရတဲ့သတင်းထောက်မဆန္ဒရှိရင်လုပ်ကွက်ချပြတာပါ။
အေး အဲဒါကတစ်ပိုင်း
နောက်တစ်ပိုင်းက ပါးရိုက်ခံရတဲ့သတင်းထောက်မ မကျေနပ်လို့ ပါးပြန်ရိုက်ချင်ရင်တော့ တစ်ချက် တစ်ထောင်နဲ့ ရိုက်ခွင့်ရမယ့် လုပ်ကွက်တစ်ကွက်ပြောပြမယ်။
ငါလည်းငွေလိုနေတယ်၊ ပါးရိုက်ခံရတဲ့သတင်းထောက်မလည်း စိတ်ကျေနပ်သွားအောင် ငါ့ပါးကို တစ်ချက်တစ်ထောင်နဲ့ တစ်နေ့ ၁၀ ချက်လောက်ရိုက်ပါ။ တစ်ရက်ခြားအရိုက်ခံပါ့မယ်။
တစ်ရက် ၁၀ ချက်x တစ်လ ၁၅ ရက်x တစ်ချက် ၁၀၀၀ ကျပ်= ၁၅၀၀၀၀ ကျပ်(တစ်သိန်းငါးသောင်း)
ကဲ ပါးရိုက်ခံရတဲ့သတင်းထောက်မ ဘယ်လိုလဲ သဘောကျသွားပြီလား၊ မိုက်တယ်နော်၊ ပါးရိုက်ခံရတဲ့သတင်းထောက်မလည်းစိတ်ကျေနပ်၊ ငါလည်းငွေရေးကြေးရေးအဆင်ပြေ၊ ရဲစခန်းလည်းသွားစရာမလို၊ ရုံးချိန်း အခါ ၇၀ လည်း သွားစရာမလိုပါဘူး၊ ဘယ်သူ့ကိုမှ မတိုင်ပါဘူး။ ငွေကိုသာလက်ငင်းရှင်းပါ။
သဘောတူကျနပ်ရင် ဒေါက်တာလွဏ်းဆွေဘလော့မှာ comment ပေးရင်းနဲ့ ပါးရိုက်လုပ်ငန်းကိစ္စဆွေးနွေး
ကြတာပေါ့
မင်းတို့တစ်တွေ ဝိုင်းဖဲ့တာ တစ်ထောင်မက နစ်နာနေပြီဆိုတာ သတိထားကြဦး။ ထက်ထက်မိုးဦးက မင်းတို့နှမဖြစ်ရင်ကော ဒီလိုရေးကြဦးမှာလား။ လူမသိသူမသိသတင်းထောက်ပေါက်စမ သိက္ခာတောင် တစ်ထောင်မကတန်ရင် လူကြားထဲ စောက်တစ်လွဲတွေ အမေးခံရတဲ့ ဟိုဘက်ကိုရော ဘယ်လိုစဉ်းစားမလဲ။ သိက္ခာအတွက် ပါးရိုက်ရုံသာမက လူပါသတ်မိလို့ ထောင်ကျရတဲ့ တရားခံတွေ ထောင်ထဲမှာ တစ်ပုံကြီး။ မျှမျှတတတွေး၊ မတွေးတတ်သေးရင် မင်းတို့နှမကို ငါကိုယ်တိုင်ပါးစပ်နဲ့ပဲ သေချင်စိတ်ပေါက်သွားအာင် အင်တာဗျူးပြမယ်။
ထက်ထက်မိုးဦးဆိုတာ တချိန်က မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့ ရွှေတောင်ကြားလမ်း နိုက်ကလပ်က ဘ၀စခဲ့သူပါ။ သူလည်းပဲ အောက်ခြေဘ၀ကို ဖြတ်သန်းခဲ့ဖူးသူဆိုတာ ပတ်သက်ခဲ့သူတိုင်း သိကြပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်ဘ၀ကို ရောက်ပြီး ငွေသိန်းပေါင်းများစွာ ရရှိခဲ့တဲ့ ပြည်သူ့အချစ်တော် မင်းသမီးတဦးအနေနဲ့ ရမ်းကားစော်ကားမှုကြောင့် ပြည်သူ့ချဉ်ဖတ် မဖြစ်စေချင်ဘူး။
(လွဏ်းဆွေလေး ရေ လုပ်ပြန်ပလား
မင်းနော်မိန်းမလိုမိန်းမရမိန်းမတွေကိုဘဲတိုက်ခိုက်နေပါလား
ဟိုကဘာမေးလဲမှမသိတာ မေးချင်တိုင်းမေးတာကို ငြိမ်ခံနေရမလား)
ငါလဲမေးမယ်ကွ
1။ မောင်လွဏ်းဆွေ ဘာလို့မြန်မာပြည်ကထွက်ပြေးလာသလဲ
2။ ဘာလို့မြှားနတ်မောင်ကိုဆက်မလုပ်တာလဲ
3။comment တွေကပြောတဲ့အတိုင်း ဖာခေါင်း
အရက်သမား နိုက်ကလပ်တစ်ကုလျှောက်သွားပြီး
ဒေါ်လာတောင်းစားနေတာဟုတ်ပါသလား
မိန်းမချင်းရန်ဖြစ်တာ က 1000ဘဲဆောင်ရတာ ရုံးတော်ကိုပါ။
မင်းသမီးနဲ့မို့လို့တိုင်းကျော်ပြည်ကျော်ဖြစ်တာပါ
ပြီးတော့ ရာဇသတ်ကြီးလေးဘာလေးဖတ်ကြဟ
ဒဏ်ငွေတွေကခေတ်မမှီတော့ဘူး
သေဒဏ်ချပေးရမှာလား
သို့မဟုတ် တစ်သက်တစ်ကျွန်းလား
စိန်သံလုံးရာ
ယောင်္ကျားပါးစပ်တဲ့
ပြောတော့အကြီးကြီး နိုင်ငံရေးသမားတဲ့
ဖာသယ်မပါးစပ်ကျနေတာဘဲ
အွန်လိုင်းမှာအတင်းတုပ်နေတယ်
ဖာခေါင်း
ငွေတစ်ပဲတန်တဲ.အမူ.ကိုဘာဖြစ်လို.ဒီလောက်ကြာအောင်အချိန်ဆွဲကြသလဲအခုတော.ှဖွတ်မရဓားမအဆုးဖြစ်ရပြီ။
မင်းသမီးကလည်းဒီလိုမလုပ်သင်.။
အခုကိစ္စက သတင်းထောက်နဲ့ မင်းသမီးကိစ္စမဟုတ်ဘူး။ ပါး၇ိုက်တဲ့အမှုကို ၇ုံးချိန်း၇၀နဲ့ နှစ်နှစ်လောက် အချိန်ဆွဲ၊ အားနဲတဲ့ တ၇ားခံကို လုံးလုံးပါးပါးအောင်လုပ်ပီး တမင်သက်သက်ညှင်းသတ်တဲ့ တ၇ားသူကြီး၇ဲ့ကစတဲ့ မြန်မာပြည်၇ဲ့ အသုံးမကျတဲ့ တ၇ားစီ၇င်ေ၇းစနစ်ကို မကျေနပ်မနပ်ဖြစ်နေကြတာပါ။
တရားသူကြီးကို မတရားဘူး ပြောတဲ့သူတွေကိုယ်တိုင်က ကိုယ်ကိုတိုင် တရားရှိရဲ့လားလို့ ပြန်စဉ်းစားကြပါ။ မှားတယ်မှန်တယ်ဆိုတာ ပိုက်ဆံချမ်းသာတာ ဆင်းရဲတာနဲ့မဆိုင်ပါဘူး။ အားနည်းတာ အားကြီးတာနဲ့မဆိုင်ပါဘူး။ ဆောင်းပါးရေးဆရာက ရေးထားတယ်။ ပုဂ္ဂိုလ်ရေးမေးခွန်းလေး တစ်ခုမေးမိတာနဲ့တဲ့။ ဆောင်းပါးဆရာ အဲဒီအင်တာဗျူးကို မဖက်ဖူးဘူးထင်တယ်။ မေးထားတဲ့မေးခွန်းတွေအကုန်လုံးက သူများရဲ့ ပုဂ္ဂိုလ်ရေးကိုထိခိုက်တဲ့မေးခွန်းပါပဲ။ မြန်မာစကားပုံမှာ ရှိပါတယ်။ အပြောမတက်ရင် သတ်တာထက်နာတယ်ဆိုတာ။ ပါးရိုက်ခံရတာမှ နာတာ မဟုတ်ပါဘူး။ အင်တာဗျူးတဲ့တဲ့မေးခွန်းတွေက နာစရာကောင်းလို့ သူနာလို့ သူပြန်ရိုက်တာဖြစ်မှာပါ။ ထက်ထက်မိုးဦး သရုပ်ဆောင်လုပ်တာ မနှစ်ကမှ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ရှိပြီ။ သူအရင်တုန်းက သတင်းထောက်ကို ပါးရိုက်တာ ကြားဖူးကြပါလား၊ ဒါမှမဟုတ် ပရိတ်သိတ်ကို မောက်မောက်မာမာ ပြောတာကို ကြားဖူးကြပါသလား။ ထက်ထက်မိုးဦးမှန်တယ်လို့ ပြောတာမဟုတ်ပါဘူး။ နှစ်ယောက်စလုံးမှားလို့ အမှားဖြစ်လာတာပါ။ ဒါပေမယ့် သတင်းထောက်ကိုလာမထိနဲ့ ဆိုတဲ့ တဖက်သတ် အရေးအသားမျိုးတော မကောင်းပါဘူး။ နှစ်ဖက်စလုံးအတွက် ကိုယ်ချင်းစာပြီးရေးတာ ကောင်းပါတယ်။ ထက်ထက်မိုးဦး က ကလပ်ကပဲတက်လာ သတင်းထောက်ကပဲတက်လာ ဒါအရေးမကြီးပါဘူး။ ထက်ထက်မိုးဦး ယောက်ျား ဘယ်နှစ်ယောက်ရတာလည်း သူ့ကိစ္စပါပဲ။ သူက သမ္မတမဟုတ်ဘူး။ နိုင်ငံ ဂုဏ်ဆောင်ပုဂ္ဂိုလ်မဟုတ်ဘူး။ သူက သဘင်သည်ပဲ။ သဘင်သည်ဆိုတာ သရုပ်ဆောင်တက်ဖို့ပဲလိုတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာက အရေးမကြီးပါဘူး။ သဘင်သည်ဆိုတာ စတုတ္ထမဏ္ဍိုင်မဟုတ်ပါဘူး။ သတင်း ၀က်ဆိုဒ်တွေကသာ စတုတ္ထမဏ္ဍိုင်တွေပါ။
မင်းသမီး၊မင်းသားကိုးကွယ်တတ်သူတွေကတော့
ဒေါ်ထက်ဖက်ကနာချင်ကြမှာပေါ့
အနုပညာသည်ဆိုတာလူမှုအတွင်းရေးတွေရှင်းရှင်းလင်း
လင်းမရှိတတ်တာမြန်မာတနိုင်ငံတည်းမှာမှမဟုတ်တာ
အနုပညာသည်တို့ရဲ့လူမှုကျင့်ဝတ်ကောင်းမွန်မှုကိုဘယ်သူကတခုတ်ရရမျှော်ကြည့်ဖူးပါသလဲ
သူတို့ရဲ့ရုပ်ရည်သွင်ပြင်၊၀တ်စားပုံဖက်ရှင်၊ နေ့စဉ်ဘ၀လှုပ်ရှားပုံ၊အတွင်းရေးနဲ့အတင်းအဖျင်းတွေလောက်ကိုသာစိတ်ဝင်စားကြတာများပါတယ်၊ သရုပ်ဆောင်ကောင်းလို့ဆိုတာလေးတော့ဖြည့်ချင်ဖြည့်လိုက်ပါအုံး
အနုပညာသတင်းလိုက်တဲ့သတင်းသမားကဘာများမေးစရာရှိတတ်လဲဆိုတာလည်းတွေးကြအုံးလေဗျာ
မအေးသူစံကိုတော့အကြံပေးပါရစေ
နောင်ဆိုအခုလိုအကျိုးမဲ့ဖြစ်စေတဲ့အနုပညာရှင်တွေရဲ့အတင်းသတင်းတွေအစားပြည်သူ့အကျိုးကိုဖော်ဆောင်
နိုင်တဲ့သတင်းမျိုးကိုပဲလိုက်ပါ
မထက်ထက်မိုးဦး ကိုကျနော်မကြိုက်ပါဘူး ။ သူ့အနုပညာကိုလည်းလုံးဝအထင်မကြီးပါဘူး ။ မအေးသူစံ ကိုလည်းကျနော်မသိပါဘူး။
အခင်းဖြစ်ပြီးစက အဲဒီသတင်းကို ဧရာဝတီဘလော့ဂ် မှာကျနော်ဖတ်ရပါတယ်။ အဲဒီ သတင်းထဲမှာ မအေးသူစံ က မင်းသမီး ရဲ့ကိုယ်ဝန်
ကိစ္စ ကိုမေးလို့ ပါးရိုက်ခံရတာလို့ ရေးထားတာပါ။ သတင်းထောက်ရဲ့ အကြောင်းပြချက်က စာနယ်ဇင်းလွတ်လပ်ခွင့် အရ ပွင့်ပွင့်လင်းလင်း
တဲ့တိုး မေးတာလို့ပြောပါတယ်။ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရှိနေတုန်းပါ ။ စာနယ်ဇင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိ
သလဲဆိုတာလူတိုင်းသိပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုပြီး မင်းသမီး ကိုမေးခဲ့တဲ့မေးခွန်းမျိုး မသန္တာရွှေ ကိုမေးရဲမလားဆိုတာ မေးခွန်းထုက်
ချင်စရာပါ ။ မြန်မာပြည်ရဲ့တရားရေးစံနစ် ကို ဆင်းရဲသားတွေအားကိုးလို့မရတာလူတိုင်းသိပါတယ်။ ရုံးချိန်း အကြိမ် ၇၀ တက်ပြီး စိတ်ပျက်စရာ
စီရင်ချက်ကို ရခဲ့တဲ့ မအေးသူစံ အတွက် စိတ်မကောင်းဖြစ်ရတာအမှန်ပါ ။ ဒီသတင်း ကို မြန်မာပြည် မှာထုက်နေတဲ့ ဂျာနယ်တွေမှာ ကျယ်ကျယ်ပျံ့ပျံ့
ဖော်ပြခွင့်ရရင် တရားသူကြီးတွေ အချိုးပြောင်းဖို့ အနည်းနဲ့အများ အထောက်အကူ ပြုပါလိမ့်မယ် ။
Post a Comment