သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ (၉-၃-၂၀၁၂)
သမ္မတကြီးခင်ဗျာ ...
ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါသည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စမှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲဖြစ်ပါသည်။
သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တနှစ်တာကာလအတွင်းမှာ အကျဉ်းသားပေါင်း ၂၈,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတလျှောက်အရ တနှစ်အတွင်း၌ အကြိမ်ရေအများဆုံးပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်းအသစ်တင်ရမည် ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။
ထို့အပြင် “ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်န၀ါရီလအတွင်းမှာ ၂ ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့် ပေးရခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ပြောပြသွားသည်ကိုလည်း တွေ့ရပါသည်။ လွတ်လပ်ခြင်းအလှူ ပေးလှူခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတကြီးသည် ဂုဏ်ယူဝင့်ကြွားထိုက်သည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။ သို့သော် သမ္မတကြီးသည် လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ကား အရိပ်အမြွက်မျှပင် ပြောကြားခဲ့ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပါသည်။
သမ္မတကြီးခင်ဗျာ ...
လက်ရှိထောင်ထဲမှာ ကျန်ရစ်ခဲ့ကြသော ယုံကြည်ချက်အကျဉ်းသားများသည်လည်း အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ခွင့်မရှိကြတော့ဘူးလား ခင်ဗျာ။ သူတို့ကို ချန်ထားခဲ့ခြင်းကြောင့် သမ္မတကြီး မျှော်မှန်းသည့် “အားလုံးပါဝင်ခွင့်” သည် ပြီးပြည့်စုံသော မျှော်မှန်းချက်ဟု ပြော၍ ဖြစ်နိုင်ပါမည်လားခင်ဗျာ။
သမ္မတကြီးခင်ဗျာ ...
ထောင်ကျသူချင်းအတူတူ မိဘက လွတ်လာပြီး သားသမီးက ကျန်နေခဲ့လျှင်၊ ဆရာက လွတ်လာပြီး တပည့်များက ကျန်နေခဲ့လျှင်၊ လွတ်လာသည့် မိဘဆရာသမားများ စိတ်ချမ်းသာစွာ၊ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါမည်လား ခင်ဗျာ။ ကျန်ရစ်သူ တပည့်သားသမီးများကရော ပိုပြီးအားငယ်၊ ပိုပြီးဝမ်းနည်းနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်မလာနိုင်တော့ဘူးလားခင်ဗျာ။ ပြန်ခဲ့သူနှင့် ကျန်ခဲ့သူအပေါ် သမ္မတကြီး စက္ကန့်ပိုင်းလေးလောက် ကိုယ်ချင်းစာကြည့်စေချင်ပါသည်ခင်ဗျာ။
သမ္မတကြီးခင်ဗျာ ...
ပြစ်မှုတူ၊ ပြစ်ဒဏ်တူ၊ ပုဒ်မတူချင်းဖြစ်ပါလျက် အချို့ကို လွှတ်ပြီး၊ အချို့ကို မလွှတ်ဘဲ ထားခဲ့ခြင်းကြောင့် သမ္မတကြီး ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် မျှတမှုရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုနိုင်ပါမည်လား ခင်ဗျာ။ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည်လည်း တရားမျှတသည့် အမိန့်ဖြစ်နိုင်ပါမည်လား ခင်ဗျာ။ သမ္မတကြီးသည်လည်း တရားသောမင်း ဖြစ်နိုင်ပါမည်လား ခင်ဗျာ။
ဘုရားလောင်း ဇနသန္ဒမင်းကြီး နန်းတက်စကာလ၌ ထောင်တံခါးများ အရှင်းဖွင့်၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူးပါသည်။ သမ္မတကြီးအနေဖြင့် ထောင်တံခါးများ ဟင်းလင်းဖွင့်၍ အရှင်းမလွှတ်နိုင်တောင် ယုံကြည်ချက်အကျဉ်းသားများကိုတော့ တယောက်မကျန် လွှတ်ပေးသင့်သည်ဟု ယုံကြည်မိပါသည်။ ကိုယ့်အိပ်ကပ်ထဲမှ စိုက်ထုတ်လှူရသည့် အလှူဒါနမျိုး မဟုတ်သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်တည်းဟူသော လွတ်လပ်ရေးအလှူကြီးကို တွန့်တိုဆုတ်နစ်မှုမရှိဘဲ အမြန်ပေးလှူစေလိုပါသည်။ သို့မှသာ သမ္မတကြီး မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အမြန်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံတော်များ၌ နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်အကျဉ်းသား) မရှိသောကြောင့် (၀ါ) နိုင်ငံရေးအကျဉ်းသားရှိနေလျှင် ဒီမိုကရေစီနိုင်ငံ မပီသသောကြောင့် ဖြစ်ပါသည်။
၁၃-၁-၂၀၁၂ နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ ...
ဦးပဉ္စင်း ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
7 comments:
ဒီသမ္မတကေ၇ှ့ကလက်နဲ့ေ၇း သမ္မတနောက်လိုက်တွေက ခြေနဲ့ဖျက်။ ကောင်းကွာ။ သမ္မတကို ယုံကြည်စိတ်တွေ ကုန်ခန်းချင်နေပီ။ ။
သမ္မတကြီးခင်ဗျာ၊ သမ္မတကြီးခင်ဗျာ ဆိုပြီ ခင်ဗျာ ချင်းထပ်အောင် ရေးထားတာ ဖတ်ပြီး လူတစ်ယောက်ရေးတာများလား-လို့တောင် အမှတ်မှားမိပါရဲ့ ။ ပုံတော်ကို တွေ့လိုက်ရမှဘဲ အော် ဆရာတော်အရှင်ဝီရသူ ဖြစ်နေပါပေါ့လား။
ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားတဲ့ သီလသမာဓိပညာနဲ့ ပြည့်စုံတော်မူကြတဲ့ ဆရာတော်ကြီးတွေက ဆရာတော်တစ်ပါးအနေနဲ့ ဒကာတွေ ဒကာမတွေထံကို စာရေးတဲ့အခါမျိုးမှာ ခုလိုမျိုး ခင်ဗျာ-ခင်ဗျာ-ခင်ဗျာ လို့ ရေးကြရိုးထုံးစံ ရှိပါသလား။
မစိုးရိမ်တိုက်သစ်က အခြားဆရာတော်ဘုရားများလည်း လူတွေဆီကို စာရေးတဲ့အခါ ဒီလိုမျိုး ခင်ဗျာ-လို့ စာရေးကြမည် မထင်ပါ။
ဟုတ်ပါတယ်။ ခင်ဗျာ ခင်ဗျာ နဲ့ ထပ်ခါထပ်ခါ ဖတ်ရတော့ စိတ်ထဲ တစ်မျိုးကြီးဖြစ်နေသလိုပဲ။ ဒါပေမယ့်လို့ အကြောင်းရှိမယ်နဲ့တူပါတယ် အဲဒီ “ခင်ဗျာ”သုံးရခြင်းအကြောင်း။ စာရေးဆရာတစ်ယောက် (သို့)တစ်ပါးကတော့ ဒီလောက်စကားလုံးလေးကိုတော့ အမှားဖြစ်အောင် ရေးမယ် မထင်မိဘူး။ အကြောင်းတစ်ခုခုတော့ ရှိလိမ့်မယ်ဗျ။ ဥပမာ စာရေးသူက ဘုန်းကြီးတစ်ပါးဆိုပေမယ့် တရားဝင်သင်္ကန်းပြန်မ၀တ်ရသေးတာကြောင့်၊ ဖိုးသူတော် အ၀တ်ဖြူလိုမျိုး ၀တ်ထားတုန်းဖြစ်တာကြောင့် အဲဒီလိုသုံးရပါတယ် ပြောရင်လည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဘုန်းကြီးတစ်ပါးအနေနဲ့ ရေးတယ်ဆိုရင်လည်းပဲ... “ဒကာတော် သမ္မတကြီး” ဆိုတာမျိုးလည်း ဘုန်းကြီးများ သုံးဖူးတာကို တွေ့ရမိပါတယ်။ ဘယ်လိုသုံးသင့်တယ်၊ ဘာကြောင့်သုံးရတယ်ဆိုတာကိုတော့ စာရေးသူကာယကံရှင်သာလျှင် သိနိုင်ပါကြောင်း...
ဟုတ်ပါ့ .. ခင်ဗျာ တွေကြီး ထပ်နေတော့ .. ဖတ်မကောင်းဘူး ဖြစ်နေတယ် .. ပိုဆိုးတာက ရေးသားပေးပို့သူက ဆရာတော် ၀ီရသူ ( ရဲရင့်သူ) ဖြစ်ပြန်တယ် .. တို့ ဆရာတော် ထောင်ကထွက်လာပြီး ဘာဖြစ်သွားပါလိမ့်လို့တောင် တွေးမိတယ် .. ရေးစမ်းပါ ဒကာ တို့ ဦးဇင်းတို့ ဘုန်းဘုန်းတို့ ..
ဆရာတော် ၀ီရသူဆိုတာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာရင် စံပြ ရဟန်းတော်တစ်ပါးပါ .. စာရေးတယ်ဆိုတာကလဲ သူတပါး သို့မဟုတ် ဒကာ (ဆရာတော် ရည်ညွန်းသူ) ဒကာမများ ဖတ်ပြီး အားရှိလာအောင် ထောက်ခံလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားလုံးကို သုံးနှုံးသင့်ပါကြောင်း ..
ိဆရာတော် ဦးသိန်းစိန်ကိုအမွန်းတင်လွန်းအားကြီးတယ်လို.မြင်တယ်၊ ဆရာတော်ပြောသလို မြစ်ဆုံရေကာတည်တည်ဆောက်မူတွေလည်းမရပ်ဘာမယုံရင်ဆရာတော်ကိုယ်တိုင်သွားကြည်တော်မူဘာ။ ဒီလူတွေကိုအချိုတပ်ပြီးပြောရင်းလည်းဘယ်တော.မှအမြင်မှန်ရမှာမဟုတ်ဘူး
ရှင်းရှင်းပြောရရင်..
လူနာမည်နဲ့ ပဲရေးပြီး...NLD ပါတီဝင်လိုက်ပါတော့..
Those left in prisons are concerned with criminal act, not by political Act 5(A).
For example, Saya ko Mann Htun of Geography (Myitkyina Univ.) remained due to attempting to destroy the Mandalay power station.
Post a Comment