လူမှုအင်တာနက်ကွန်ရက်တွေ၊ ဆက်သွယ်ရေးနည်းပညာ တိုးတက်ပြောင်းလဲမှုတွေ၊ Wikileaks လို အရေးကြီးသတင်းတွေ ဖွင့်ချမှုတွေနဲ့အတူ သတင်းစာနယ်ဇင်းလောကမှာ အရင်က မဖြစ်ခဲ့ဖူးတဲ့ အရာတွေ ဖြစ်လာသလို သတင်းထောက်ကျင့်ဝတ်နဲ့ ပတ်သက်လို့ အခြေအတင် ငြင်းခုန်ဆွေးနွေးရတဲ့ အခြေအနေတခုကို ရောက်နေပါတယ်။ ဒီအထဲမှာ အမေရိကန်သတင်းထောက်လောကရဲ့ မိခင်ကြီးလို့ တင်စားခေါ်ဝေါ်တဲ့ အသက် ၉၀ ကျော်ထိ သတင်းထောက်လောကမှာ ရပ်တည်ခဲ့သူ ဟဲလ်လင်သောမတ်စ်ရဲ့ ဖြစ်ရပ်ဟာ စိတ်ဝင်းစားစရာပါ။ သတင်းထောက်တယောက်ဟာ သူ ရေးသားဖန်တီးတဲ့ သတင်းမှာသာ သတင်းထောက်ကျင့်ဝတ် လိုက်နာဖို့ လိုတာလား ဒါမှမဟုတ် နေရာတိုင်း အရာတိုင်း ပြောဆိုမှုတိုင်းမှာပါ လိုက်နာဖို့ လိုသလားဆိုတဲ့ ငြင်းခုန် ဆွေးနွေးမှုကို ဖြစ်စေခဲ့တဲ့ ဟဲလ်လင်ရဲ့ ဖြစ်ရပ်ကို ဒီတပတ် အစီအစဉ်အတွက် ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)
Monday, February 6, 2012
မိုးအေး (DVB) တင်ဆက်သည့် “သတင်းထောက်တယောက်ဟာ သူရေးသားတဲ့ သတင်းမှာသာ သတင်းထောက်ကျင့်ဝတ် လိုက်နာဖို့ လိုတာလား ဒါမှမဟုတ် နေရာတိုင်း အရာတိုင်း ပြောဆိုမှုတိုင်းမှာပါ လိုက်နာဖို့ လိုသလားဆိုတဲ့ ငြင်းခုန်ဆွေးနွေးမူကို ဖြစ်စေခဲ့တဲ့ ဟဲလ်လင်သောမတ်စ်ရဲ့ ဖြစ်ရပ်”
Posted by ဒေါက်တာလွဏ်းဆွေ at 9:50 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment