ဒီမိုကရေစီ ရပါစ ...
အောင်မျိုးထွန်း
မင်းသားကြီးကျော်ဟိန်းရဲ့ အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ စကားတခွန်းကို နားထဲကြားယောင်နေမိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရန်ကုန်မြို့ ဘောလုံးကွင်းကြီးတကွင်းမှာ ဖျော်ဖြေတဲ့ ရှိုးပွဲကြားထဲ “ပျော်ကြတယ် မဟုတ်လား၊ ဒီမိုကရေစီ လိုသေးလား” ဆိုပြီး ပရိသတ်ကို စင်မြင့်ပေါ်က ဟော့ပ်သွားတဲ့ လေသံကို အဲဒီ့ပွဲကို ရောက်သွားတဲ့ သူငယ်ချင်းက ပြန်ပြီး ဖောက်သည်ချခဲ့တာပါ။ ဗိုလ်စောမောင် အာဏာသိမ်းပြီး ဘာမှ မကြာခင် လုပ်တဲ့ စင်မြင့်ပွဲမှာဆိုတော့ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ မြို့ခံပရိသတ်ခမျာ ကြောင်အမ်းအမ်း ဖြစ်ပြီး လက်ခုပ်ပဲ ထ တီးရတော့မလို၊ လက်သီးပဲ ဆုပ်ရတော့မလို ...။
ခုတော့ တဖုံ ...။
“အဆင်မပြေရင် လက်ခုပ်သံလေး ကြားချင်ပါတယ်”
“ရွှီး ... ဖြောင်း ... ဖြောင်း ... ဖြောင်း”
“ရွှီး ... ဖြောင်း ဒီမိုကရေစီ” တွေနဲ့ ရှောင်ပြေးမလွတ်နိုင်တဲ့ ပစ္စက္ခဘ၀မှာ အွန်လိုင်းပေါ်က သတင်းတွေ၊ ဆောင်းပါးတွေ၊ မှတ်ချက်တွေကပဲ ဂယ်ပေါက်တခုနှယ် ဖြစ်လာရတာ အဆန်းမဟုတ်ပါဘူး။ လူထုစိန်ဝင်းရဲ့ ပိဿာလေး ဘေးပစ် ဝေဖန်ချက်ဖြစ်တဲ့ ...
“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလို ဖြစ်နေပြီဆိုတော့ သာမန်ပြည်သူများမှာ သတင်းမီဒီယာတွေပဲ အားကိုးအားထားပြုပါတော့တယ်” အရေးအသားဟာ ရွှီးဖြောင်းဒီမိုကရေစီကို တုတ်နဲ့ထိုးကလော်လိုက်သလို ဖြစ်ပေမယ့် အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သက်ကြားအို သတင်းစာဆရာကြီး မျက်စေ့လျှမ်းနေတာတွေ ရှိပါသေးတယ်။
“ဘာပဲဖြစ်ဖြစ် ... လူနည်းစုဖြစ်ပါစေ၊ နောက်ဆုံး တဦးချင်းအမြင် ဖြစ်ပါစေဦး ... နိုင်ငံရေးထင်မြင်ချက်တခုဟာ ထည့်စဉ်းစားစရာကောင်းလောက်အောင် အတွေးသစ်တခုလို့ ထင်မှတ်ခဲ့ရင် မိမိရပ်ခံမှုနဲ့ မတိုက်ဆိုင်စေဦးတော့ ၅၀-၅၀ မဟုတ်တောင် ၃၀ % လောက်တော့ ဇောင်းပေးသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကြီး ပီသရမယ်မဟုတ်လား။ မြင်းတွေလို နှာခေါင်းပေါက်ထဲ ကြိုးထိုးထည့်၊ ဘေးဘီ မကြည့်ရအောင် မျက်စေ့စုံ ဖုံးကာထားတဲ့ ခိုင်းမြင်းနိုင်ငံရေးမျိုး ခေတ်ထလာရင်တော့ “ဝေးပြီ ဒီမိုကရေစီ” ဖြစ်ဦးမှာပါပဲ။”
ပြည်တွင်းသတင်းမီဒီယာတွေဘက်မှာလည်း ပြဿနာပေါင်းစုံနဲ့ ဗွက်ထနေပြီး ညီအစ်ကိုမသိတသိနဲ့ မူဝါဒလား၊ အယ်ဒီတာချုပ်ရဲ့ လိုဘလား၊ ပိုင်ရှင်ရဲ့ ပရင်စပယ်လား ဒါမှမဟုတ် သတင်းသမားရဲ့ နိုင်ငံရေး ရပ်ခံမှုလား ဆိုပြီး ရှုပ်ထွေးပွေလီလှတဲ့ ဖြတ်တောက်ပိတ်ဆို့မှုကြားထဲမှာ ဆန့်ငင်ဆန့်ငင်တောင် အသက်ထွက်ခွင့်မရရှာတဲ့ သတင်းနဲ့ နိုင်ငံရေးယူဆချက်တွေ အောတိုက်လာနေပါတယ်။ ဒါဟာ ... ဒီမိုကရေစီရေးအတွက် အန္တရာယ်လက်မည်းကြီးပါ။
NLD ပါတီ မှတ်ပုံတင်သင့် မသင့် ကိစ္စမှာ ပြည်တွင်းဂျာနယ် ၃ စောင်က ကျနော့်ဆီ ဆက်သွယ်ပြီး အင်တာဗျူးလုပ်ဖို့ ကမ်းလှမ်းပါတယ်။ မှတ်ပုံမတင်တဲ့ဘက်က မားမားရပ်ခံတဲ့အကြောင်း နမူနာလောက်ပဲ ပြောဆိုပြီး အိမ်ကိုလာခဲ့ကြပါလို့ ဖိတ်ခေါ်တော့ ပေါ်မလာဇာတ်ကားရိုက်သွားကြပါတယ်။ ဒီမှာတင် မြန်မာ့နိုင်ငံရေး (အထူးသဖြင့်) အတိုက်အခံနိုင်ငံရေးနဲ့ အာဏာရပါတီပေါ်လစီကို ပြန်လှန်စောကြောရပါတော့တယ်။ ဦးသိန်းစိန်အစိုးရဘက်က NLD ကို ၂၀၀၈ အတွင်းစည်းထဲ အသည်းအသန် မောင်းသွင်းနေတဲ့အချိန်မှာ အခြားအယူအဆဘက်က ဝေဖန်ထောက်ပြလာမယ့် အရေးအသားမှန်သမျှဟာ အာဏာရအစိုးရအတွက် မင်္ဂလာမဲ့စေတယ်လို့ ဂျာနယ်တွေဘက်က တင်ကြို ပိုင်းဖြတ်ထားလေသလား။ ဒါမှမဟုတ် ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲလား။ ဘာပဲဖြစ်ဖြစ် ... လူနည်းစုဖြစ်ပါစေ၊ နောက်ဆုံး တဦးချင်းအမြင် ဖြစ်ပါစေဦး ... နိုင်ငံရေးထင်မြင်ချက်တခုဟာ ထည့်စဉ်းစားစရာကောင်းလောက်အောင် အတွေးသစ်တခုလို့ ထင်မှတ်ခဲ့ရင် မိမိရပ်ခံမှုနဲ့ မတိုက်ဆိုင်စေဦးတော့ ၅၀-၅၀ မဟုတ်တောင် ၃၀ % လောက်တော့ ဇောင်းပေးသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကြီး ပီသရမယ်မဟုတ်လား။ မြင်းတွေလို နှာခေါင်းပေါက်ထဲ ကြိုးထိုးထည့်၊ ဘေးဘီ မကြည့်ရအောင် မျက်စေ့စုံ ဖုံးကာထားတဲ့ ခိုင်းမြင်းနိုင်ငံရေးမျိုး ခေတ်ထလာရင်တော့ “ဝေးပြီ ဒီမိုကရေစီ” ဖြစ်ဦးမှာပါပဲ။
ရှေ့နေ ကိုဖိုးဖြူရဲ့ အိုးအိမ်ဦးစီးဌာနရှေ့ ဆန္ဒပြပွဲ၊ ရွှေဝါရောင် ၄ နှစ်ပြည့် ဆုတောင်းပွဲ၊ ရွှေည၀ါဆရာတော်ကို လူဝတ်လဲခိုင်းတဲ့ကိစ္စ၊ ဒယ်အိုးဆရာတော် တရားမဟောရ၊ မဟာမုနိဘုရားကြီး သံဃာငါးပါးသတင်း ... စတာတွေဟာ သတင်းအဆင့်အတန်း မပြည့်မီလို့လား။ လယ်သိမ်းခံရတဲ့သတင်း၊ စစ်ပွဲနယ်မြေတွေက ဒုက္ခသည်တွေရဲ့ဘ၀နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်း၊ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဥပဒေနဲ့အညီ ရပိုင်ခွင့်ဆုံးရှုံးနေတဲ့သတင်း ... ဒါတွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အုတ်တချပ်သဲတပွင့် အသွင်မဆောင်လို့လား။ စာဖတ်ပရိသတ်တွေရဲ့ ဦးနှောက်အခန်းထဲ ဒီသတင်းတွေ ပြေးဝင်နေရာယူသွားမှာ စိုးထိတ်နေတာ စမတ်ကျတဲ့ အခင်းအကျင်းလား။ အာဏာရပါတီရဲ့အလုပ်ကို ချီးမြှောက်ချင်သပဆိုရင်လည်း ဟိတ်ဟန်ထုတ် အတိုက်အခံလုပ်မနေဘဲ ကြံ့ဖွံ့ပါတီထဲသာ ခြေစုံပစ်ဝင်ကြဖို့ပဲ ကောင်းတော့တယ်။
“လူနည်းစုအမြင်တွေကို ရှင်သန်ပေါက်ဖွားခွင့် သင်းကွပ်ထားခြင်းဟာ ဒီမိုကရေစီမဆန်တဲ့အပြင် အာဏာရှင်စနစ်သစ်တမျိုးကို ခြေချကြီးထွားခွင့် ပေးနေသလိုပဲဖြစ်မယ်။ အဆိုးရွားဆုံးက NLD နဲ့ ဒေါ်စုကို ထောက်ပြဝေဖန်လိုက်ရင်ပဲ ကွန်မြူနစ်လို့ တံဆိပ်တပ်လိုတပ်၊ ရှစ်လုံးဂိုဏ်းထဲ ဆွဲထည့်လိုထည့်၊ မှိတ်တုပ်မှိတ်တုပ် ဒီမိုကရေစီမီးပွင့်လေးကို ရိုက်ခွဲသူလို့ စွပ်စွဲလိုစွပ်စွဲနဲ့ ...။”
တနှစ်တခါ ချင်းမိုင်မှာ ပန်းချီပြပွဲသွားလုပ်တဲ့ သူငယ်ချင်းက “ဒေါ်စုက သူ့ကို အရသာမပေးတော့ဘူး” လို့ ခပ်ထွေထွေ ပြောသွားသလို၊ တက္ကသိုလ်တုန်းက သူငယ်ချင်းကလည်း “ဂျာနယ်တွေ လှန်မကြည့်ပါနဲ့ကွာ၊ ဒါချည်းပါပဲ” လို့ စိတ်ပျက်လက်ပျက် ရင်ဖွင့်သွားဖူးပါတယ်။ လူနည်းစုအမြင်တွေကို ရှင်သန်ပေါက်ဖွားခွင့် သင်းကွပ်ထားခြင်းဟာ ဒီမိုကရေစီမဆန်တဲ့အပြင် အာဏာရှင်စနစ်သစ်တမျိုးကို ခြေချကြီးထွားခွင့် ပေးနေသလိုပဲဖြစ်မယ်။ အဆိုးရွားဆုံးက NLD နဲ့ ဒေါ်စုကို ထောက်ပြဝေဖန်လိုက်ရင်ပဲ ကွန်မြူနစ်လို့ တံဆိပ်တပ်လိုတပ်၊ ရှစ်လုံးဂိုဏ်းထဲ ဆွဲထည့်လိုထည့်၊ မှိတ်တုပ်မှိတ်တုပ် ဒီမိုကရေစီမီးပွင့်လေးကို ရိုက်ခွဲသူလို့ စွပ်စွဲလိုစွပ်စွဲနဲ့ ...။
ခုအချိန်မှာ ကွန်မြူနစ်တွေက (လက်ကျန်ရှိနေသေးရင်တောင်) ဒေါ်စုကို ပေါ်ပေါ်ထင်ထင် မဝေဖန်ဘူး၊ နားရွက်တံတွေး မစွတ်ဘူး။ သူတို့က လူနတ်ဗြဟ္မာတွေ၊ မတုံးဘူး မညံ့ဘူး။ ရေချိန်တွက်ဆပြီး မီးစင်ကြည့် ၀န်းရံကြဦးမှာ။ ရှစ်လုံးဂိုဏ်းဆိုတာတော့ စီမံချက်ကောင်းကောင်းနဲ့ အနားယူသွားသူ ဦးသန်းရွှေရဲ့လေသံကို ဖမ်းပြီး ဒန်းစီးတရားနာနေကြတဲ့ နိုင်ငံရေးလော်ဘီတချို့ရဲ့ ကောလဟလနဲ့ မှန်ကူကွက်များပါပဲ။ တကယ့် အရေးပါအရာရောက်တဲ့ အစိုးရရဲ့ နိုင်ငံရေးဖြစ်စဉ်တွေက မျက်လှည့်ဆရာတယောက်ရဲ့ ဦးထုပ်မည်းထဲက ခိုတွေ ပန်းပွင့်တွေ ပန်းကန်ပြားတွေ ဟောတမျိုး ဟောတမျိုးနဲ့ လျှောကနဲ လျှောကနဲ ထွက်ကျနေတာ အဆန်းသား ...။
ရေခဲပျော်ချိန်၊ ဒီမိုကရေစီစန်းထချိန်လို့ ကုန်းအော်နေကြသူတွေဟာ ပြည်ပရောက်မြန်မာများ မဟုတ်ကြဘဲ နိုင်ငံခြားသား အများစုဖြစ်နေတာ နည်းနည်းထူးဆန်းပါတယ်။ ဦးသိန်းစိန်အစိုးရကို နဝေတိန်တောင်နဲ့ ဝေခွဲမရဖြစ်နေချိန်မှာ နိုင်ငံခြားသား (အဖြူအများစု)တွေက ပြောင်းပြီ ... ပြောင်းပြီလို့ လက်သီးလက်မောင်းတန်း၊ ကဆုန်ပေါက် ဒုံးစိုင်းဝင်လာကြတာနဲ့ ပြည်တွင်းအတိုက်အခံများကလည်း ရေလိုက်ငါးလိုက် အဲ့ခိုးသံ လိုက်ထွက်ကြတာ အံ့ဘနန်းပါ။ ပြည်သူလူထုအများစုက မဟုတ်သေးဘူး၊ အောက်ခြေမှာ ဒုံရင်းပဲလို့ ပြောဖို့ ဟခါနီး ပါးစပ်တွေခမျာ ကော်လာရှည်အလုံးတွေကြောင့် အိုးအိုး ... အင်းအင်း ဖြစ်သွားကြတာ ၀မ်းနည်းဖွယ်ပါပဲ။ လာသမျှ ပုဂ္ဂိုလ်အားလုံးနီးနီး အစိုးရအဖွဲ့နဲ့တွေ့၊ ဒေါ်စုနဲ့တွေ့ (တခါတလေ CEC အဖွဲ့ ဘေးရောက်သွားသေးတယ်)၊ ပြီးရင် ပြန်၊ ဒီမိုကရေစီလမ်းစ ပေါ်ထွန်းပြီလို့ စတိတ်မန့်တွေထုတ်နဲ့ အတိုင်အဖောက် ညီနေလိုက်ကြတာ။
အောက်ခြေလူထုက ခေါင်းလေးတွေကုတ်၊ မျက်စေ့လေးတွေပြူးပြီး ဒီမိုကရေစီဘိုးတော်ကြီးတွေ ရက်စ်ရင်တော့ ဟုတ်မှာပါပဲလေနဲ့ ငြိမ်ကုပ်နေကြတာကို ပိုင်ပြီ တွက်ထားပုံရပါတယ်။ ဆင်းရဲတွင်းနက်ပြီး ထင်သလိုလုပ်တာ ခံနေရတဲ့ အောက်ခြေလူထုရဲ့အသံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအယူအဆတွေကို ဘယ်နေရာမှာ ဖော်ထုတ်ခွင့်ရှိမလဲ၊ ဘယ်နေရာမှာ နားထောင်ဖတ်ရှုခွင့်ရမလဲ။ ဒီကနေ့ အင်တာနက် အွန်လိုင်းဟာ ဒီအခွင့်အရေးတွေ အပြည့်ပေးနေတဲ့ လွတ်လပ်ကျယ်ပြောတဲ့ နေရာတခုပါ။
နောက်တဆင့်အနေနဲ့ ပြည်တွင်းပုံနှိပ်မီဒီယာတွေပေါ် ရောက်ဖို့ ကျနော်တို့အားလုံး ခံယူချက်ပြင်းပြင်းထားပြီး မဆုတ်မနစ် လုံ့လစိုက်ရပါလိမ့်မယ်။ အာဏာရှင်နောက်မြီးဆွဲတွေရဲ့ ကီးဘုတ်တော်လှန်ရေးလို့ တမျိုး၊ ဆင်ကြီးဘေးနား သေးကော့ပန်းနေကြတဲ့ ပုရွက်ဆိတ်လိုကောင်တွေလို့ တဖုံ၊ အပုတ်ချ တိုက်ခိုက်ရုံတင် မကသေးဘူး၊ တဘက်မှာတော့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးလို့ ကြွေးကြော်နေတာ အော့နှလုံးနာစရာပါပဲ။
နှစ်ပေါင်းအစိတ်နီးပါး ခေါက်ရိုးကျိုး အသားကျနေတဲ့ စစ်မူစစ်ကျင့်တွေကို တွန်းလှန်ရပါဦးမယ်။ အယူအဆပေါင်းစုံကို မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်ခွင့်မပေးနိုင်တဲ့ အစိုးရရော၊ အတိုက်အခံရော ဒီမိုကရေစီနဲ့ ထိုက်တန်ပြီလို့ ပြောဖို့ စောပါသေးတယ်။
အောင်မျိုးထွန်း
16 comments:
ဝေဖန်တာကလွယ်ပါတယ်..
ဥပမာဗျာ..ပြေးပွဲတစ်ခုဆိုပါတော့..ပြိုင်ပွဲဝင်ပြီပြေးနေတဲ့
သူတွေအချင်းချင်းနာလည်းတယ်ဗျ..မောတာကိုလဲကိုချင်
စာတယ်..အချင်းချင်းလဲအားပေးတယ်..နှစ်လည်းနှစ်သိမ့်တယ်...အြဲုပသာနာ.အပြင်ကနေတဲ့သူတွေဗျ..ဘေး..ကနေဘယ်လိုပြေးပါလား..ဒီလောက်တောင်မြန်မြန်မ
ပြေးနိုင်လဲထွက်ကွာဘာကွာညာကွာပေါ့ဗျာ..သူ့ကြည့်လိုက်တော့.ဆေးလိပ်လေးဖွာသလို..ဘီယာခွက်က
လေးမော့သလို..ပေါ့.ဗျာ..ခုလဲကြည့်..အတူတူအ
အနစ်နာခံ..အတူကြိုးစားနေတဲ့..မင်းကိုနိုင်ကိုကို
ကြီး..အကျဉ်းကျခံခံခဲ့ရတဲ့..ကျောင်းသားခေါင်ဆောင်တွေက..ဒေါ်စုကိုမဝေဖန်ဘူး..ကြောက်လို့..ပြည်ပထွက်ပြေး..အရက်ဝိုင်းနဲ့.အစည်းဝေးလုပ်..အချင်း
ချင်းသတ်..ပိုကောင်းမဲ့..နေရာသစ်ရှာ..ပရောချက်ပြ
ငွေတောင်းနေတဲ့..ခင်ဗျာတို့ကကြည့်ဝေဖန်နေတော့
ခက်ဘူးလာဗျာ..
don' be jealous stupid.we love daw su..
အလူတတ်ကြီးလုပ်ပြီး အတုံးလိုက် အတစ်လိုက် ဝေဘန်လိုက် တာများဗျာ အကုန်လုံး လူ အ တွေဖြစ်ကုန်ရော ။တစ်ယောက်ထဲ အမြင်ကိုလည်း လက်ခံပါကယ်ဗျား ကဲ ကျေနပ်တော့နော်။နောက်ဘာမှထပ်မရေးနဲ့တော့
ကို့လူရေ...အမူးသမား ပန်းချီဆရာပြောတာ မဆန်းပါဘူးကွာ သူဖီးလာမှာက အရက်ပလင်းနဲ့
အရက်ခွက်ပေါ့ အမေစုလို လူကြီးလူကောင်းကို ဘယ်ခံတွင်းတွေ့မလဲ ကိုယ်လူလည်း အရက်ဖိုးလေး
နည်းနည်း ရထားပုံပေါ်တယ် မူးရင်အိပ်နေပါကွာ
ကြီးကြီးကျယ်ကျယ်တွေပြောမနေပါနဲ့
ကျွန်တော်လဲဘဲနိုင်ငံရေးwebsiteတွေတော်တော်များများဖတ်ပါတယ်။ခင်ဗျားတို.လို ဒီမိုကရေစီ ဆိုပြီးလုပ်စားတဲ.သူတွေကတော.ဗိုလ်ချုပ်အောင်ဆန်းရှိနေလဲအကောင်းပြောမှာမဟုတ်ဘူး။
ကဲကျွန်တော်ကိုအောင်မျိုးထွန်းကိုတစ်ခုပဲမေးမယ်,ခင်ဗျားရဲ.မိသားစုအတွင်းလေးထဲမှာပဲခင်ဗျားဘာများလုပ်ခဲ.ဘူးသလဲ။
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
Saturday, January 21, 2012
စာအမှတ် - ၁/၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျာင်းသားများ
88generation@gmail.com
၂၁ - ဇန်နဝါရီ -၂ဝ၁၂
ရန်ကုန်၊ မြန်မာ။
၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေး ၀န်းရံသွားမည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။
၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။
၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။
Ref:
http://www.irrawaddyblog.com/2012/01/blog-post_3843.html
ပြုပြင်ပြောင်းလဲရေးလက်မခံရင်..တော်လှန်ရေးလုပ်ပါ
ဗကပ နဲ့ တူရာတွဲလုပ်ပေါ့..။
အစွန်းရောက်တွေ နဲ့  ကွန်မြူနစ်တွေ၊တာလီဘန်တွေ
ပေါင်းနေကြပြီလေ..။
အာနိုးက..anti-American ထင်တယ်..။
ပြုပြင်ပြောင်းလဲရေးလက်မခံရင်..တော်လှန်ရေးလုပ်ပါ
ဗကပ နဲ့ တူရာတွဲလုပ်ပေါ့..။
အစွန်းရောက်တွေ နဲ့  ကွန်မြူနစ်တွေ၊တာလီဘန်တွေ
ပေါင်းနေကြပြီလေ..။
အာနိုးက..anti-American ထင်တယ်..။
ဒီကမ္ဘာကြီးမှာ လူသာပုပေမဲ့ အတွေးအခေါ် မြင့်မားတော့ကမ္ဘာ့ ခေါင်းဆောင်ကြီးတွေရဲ့စာရင်းမှာပါဝင်ခဲ့တာတွေ အများကြီးမှ အများကြီးပါ
ကိုယ့်လူရဲ့ အရပ် ပုတယ် မပုဘူးလို့မခန့်မှန်းနိုင်ပေမဲ့ အတွေးအခေါ်ကတော့ဖြင့် တော်တော့ကို ပုလွန်းပါတယ်။ အများနဲ့ယှဉ်လိုက်ရင် ကိုယ်လူရဲ့ ဦးနှောက်က ချက်ရဲ့အောက်ဘက် တမိုက်လောက်မှာဘဲ ရှိနိုင်ပါတယ် တော်တော် သနားဖို့ကောင်ပါတယ် ။ သနားလိုက်ပါတယ်
U stupid thinking !!! Crazy
"မြင်းတွေလို နှာခေါင်းပေါက်ထဲ ကြိုးထိုးထည့်၊"
နဖားထိုးလို့ရသော မြင်းဟု မတွေးဘူးသေးပါ။ နွားများသာ နဖားထိုးသည်ကို မြင်ဖူး၊ ကြားဖူးပါသည်။
ကိုအောင်မျိုးထွန်း ရဲ. အယူအဆကို လက်ခံတယ်ဗျာ.
ဒီမိုကရေစီ မှာ ဝေဖန်မှု ကို ခံနိုင် ရမယ်. ဒီမိုကရေစီဆိုပီး အသံကောင်းဟစ်နေတဲ. NLD မှာရော ဒီမိုကရေစီ အစစ်ရှိလို.လား.. လူကိုယ်ကွယ်တဲ. စနစ် ဒီမိုကရေစီ အတုပဲ တွေ.နေရတယ်ဗျာ....
Hi,
What is shitlonegang?
maynadekyaw
လူတစ်ယောက်ရဲ့အမြင်ပင်ဖြစ်ပါစေ အလေးထားသင့်တယ်လို့ ဆောင်းပါးရှင်ကပြောတယ်။ဒါဆိုရင် ခင်ဗျားတို့လိုလူတွေကို ကွန်မန့်တွေမှာ ဒီလောက်ဝေဘန်နေတာကိုတော့ ခင်ဗျားတို့ကအလေးမထားတာလား-။ မျက်နှာပြောင်တိုက်တာလား-။အရှက်မရှိတာလား-။ဒီနေ့မွေးတဲ့ကလေးကို မနက်ဖြန်မှာ လမ်းလျှောက်သွားစေချင်လို့မရဘူုး။ ဒီမိုကရေစီဆိုတာလည်း နေ့ချင်းညချင်းအားလုံးကောင်းသွားအောင်လုပ်ဆောင်လို့ရတာမဟုတ်ဘူး။ အသားကျအောင်အချိန်ယူရပါသေးတယ်။ဘယ်နိုင်ငံမဆို ချက်ချင်းလက်ငင်းပြောင်းမသွားနိုင်ပါဘူး။ မင်းတို့လိုဝေဘန်နေတဲ့ကောင်တွေခေါင်းဆောင်လုပ်လည်း မင်းထောက်ပြတဲ့အချက်တွေချက်ချင်းကောင်းသွားမယ် မထင်နဲ့ အရူးရဲ့။
ကောင်းလိုက်တဲ့ ဝေဖန်မှုပါပဲ စဉ်းစားဆင်ခြင်နိုင်ဖို့  ဝေဖန်ထောက်ပြမှုဆိုတာနေရာတိုင်းမှာလိုအပ်ပါတယ်
Soe Thura Tun
ပထမ အချက် - သတင်းမီဒီယာ ဟာ လွတ်လပ်ခွင့် ရနေတာမဟုတ်သေးဘူး။ ရတဲ့ ဂယ်ပေါက်က နေ အတင်း တိုးထွက်ပြီး ပြောနိုင်သမျှ ပြောနေတာ ဆိုတာ သတိထားသင့်တယ်။ သူငယ်ချင်း ပြောတဲ့ သတင်းတွေ ကို ဖော်ပြခွင့် ရဖို့ သူတို့ ဘယ်လောက်ကြိုးစားခဲ့ကြသေးသလဲ၊ အခု စာမျက်နှာပေါ်မှာ တွေ့နေရတဲ့ သတင်း လောက် ပါအောင် ကို ဘယ်လောက်လုပ်ခဲ့ကြရသလဲ။ ဒီလမ်းပေါ်မှာ စာစောင် ဘယ်နှစောင် ဘယ်နှခါ အပိတ်ခံခဲ့ရသလဲ ဆိုတာ သတိထားလိုက်ပါအုံး။ မင်းပြောချင်တဲ့ ဝေဖန်ချက်တွေ (၃၀%) ကို ကော မထည့်ချင် လို့မထည့်တာလား။ ပါမလာတာလား။ ထည့်လို့ မရမယ့် အတူတူ လာမဗျူးတော့တာလား။ အသေးစိတ်လိုက် ကြည့်ရင် ပိုကောင်းပါတယ်။
ဒုတိယအချက် - နိုင်ငံခြားသား အများက ပြောနေပြီဆိုရင် သတိထားသင့်ပါတယ်။ ဘာလို့ပြောလဲ လို့ အလေး ထား စဉ်းစားရမယ်။ နိုင်ငံခြားသားကို အထင်ကြီးတာ သေးတာ နဲ့မဆိုင်ပါ။ ၂၀၀၇ တုံးက လူထုနဲ့ တပ် အမုန်းကြီး မုန်းကြပြီ ထင်နေတာ။ လပိုင်းကြာတော့။ ပြည်တွင်းနဲ့ အိမ်နီးချင်း ဘာသာတူ တိုင်းပြည်တွေက သွေးအေးပြီး လက်ဆွဲနှုတ်ဆက်တဲ့သူက ဆက်နေကြတဲ့အချိန် အဲဒီ နိုင်ငံခြားသား တွေက သံဃာတွေ အတွက် အခဲမကြေ နိုင်ဖြစ်နေတုံး ပဲ ရှိခဲ့ကြဘူးတယ်။ သူတို့က ခံစားချက်နဲ့ မကြည့်ဘူး။ လက်တွေ့ ဖြစ်စဉ် နဲ့ကြည့် တော့ သွေးအေး၊ သွေးပူ တယ် ဆိုတာမရှိဘူး။ ခု အခြေအနေမှာလည်း ဒေါ်စုကို ချစ်ခင်မှု နဲ့ သူတို့ စဉ်းစားတာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။
တတိယအချက် - အောက်ခြေလူထုရဲ့အသံ ကို ဖော်ပြဖို့ က တို့အားလုံးရဲ့တာဝန်ပဲလေ။ တတ်အားသမျှ ကြိုးစားဖော်ပြကြပါ။ စာစောင်ပေါ်တင်မရတဲ့သတင်း တွေကို မီဒီယာသမားတွေ အခြားနည်း မျိုးစုံ နဲ့ ဖော်ထုတ် နေမှန်း သတိထားမိတယ်။ ခုချိန်မှာ ဒေါ်စု ဖက်ကို ပြောချင်ရင်အချက်အလက် နဲ့ သေသေချာချာ ဝေဖန် သင့်တယ်။ ရိသဲ့သဲ့ နဲ့ ဟိုတုန်းက သတင်းစာ ဆောင်းပါးလို့ သိမ်းကျုံးတွယ် ထည့် နေလို့ကတော့ ပြည်သူ့ မေတ္တာကို ခံယူရမှာပဲဖြစ်တယ်။ ကွန်မြူနစ်လို့ ပြောတာ မင်းတို့တွေ ကွန်မြူနစ်ဝါဒကို ယုံကြည်သူတွေ မဟုတ်မှန်း သိလျက်နဲ့ ပြောတာ။ တကယ်ယုံသူ၊ ယုံခဲ့သူတွေက နိုင်ငံရေးရင့်ကျက်သလို လူထု ရဲ့ အသံကို သိတယ်လေ။ မင်းတို့တွေ စကားလုံး တိုက်ပွဲ၊ နံမည်ပေး တိုက်ပွဲ တွေ နဲ့ လုပ်ထုံးလုပ်နည်း မှား နေတာကို ပြောချင်တာပဲဖြစ်မယ်။ အရည်အချင်းမြင့်တဲ့ မင်းတို့တွေ အနေနဲ့ ကိုယ့်ဖက်က လူထုခေါင်းဆောင်ကို ရိသဲ့သဲ့ လုပ်နေမယ့် အစား ခုန ပြောတဲ့ အောက်ခြေလူထုရဲ့ အသံ၊ ဒုက္ခသည် နဲ့ စစ်ပြဿနာ၊ လယ်ပြဿနာ တွေကို ကြိုးစားဖွင့်ပြကြရင် အထူး လေးစားဖွယ်ဖြစ်မှာပဲ။ NLD နဲ့ လမ်းမတူရင်လဲ ကိုယ့်နည်းနဲ့ကိုယ် ကြိုးစားကြရင် ဗိုလ်ချုပ်တို့ ၄၆-၄၇ ခေတ်ကလို အင်အားကြီးဖြစ်မှာပဲ။ ခု ထိ အဲဒါတွေကို ဖော်ထုတ်နေသူ ထဲက အများစု က အားအားလျားလျား ကိုယ့်လူကိုယ် ရိတာသဲ့တာ လုပ်မနေကြဘူး။ ကိုယ့်အလုပ်ကိုယ်လုပ် နေကြပါတယ်။
သို့
ဒေါက်တာ လွဏ်းဆွေ nld နဲ့ဒေါ်စုကို ကိုယ်ကိုတိုင် ဆဲလို့အားမရနိုင်ဖြစ်နေလို့ ဆဲနိုင်တဲ့ သူတွေကို ဝက်ဆိုက်ထဲခေါ် ခေါ်ထဲ့နေတာ ဘယ်လောက်ကြာအောင် လုပ်နေမှာလဲ လုပ်ထားပါရပါတယ် ၊ တခုတော့သတိပေးချင်တယ် ကိုယ့်ကို ကိုယ်ကါကွယ်နိုင်ပါစေ။ ဒီတခါဘဲ သတိပေးပါ့မယ် နောက်ကိုဘယ်တော့မှ မပေးတော့ပါ ဆန္ဒရှိတဲ့ အတိုင်းလုပ်နိုင်ပါတယ်
Post a Comment