သမိုင်းအဖျက်ခံရသူများ၏ စိန်ခေါ်သံ
နန်းအောင်ထွေးကြည်
ကြောက်စရာမလို ပုန်းစရာလည်းမလို
ပြေးစရာမလို ရှောင်စရာလည်းမလို
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
အနှစ် ၂၀ လုံး စကားတွေ ဖောင်ဖွဲ့
သူလျှိုမို့လို့ သတ်ရပါသည်
စပိုင်မို့လို့ အပြစ်ပေးရပါသည်
ရင်နဲ့မမျှ နာကျင်ခဲ့ရ
အချိန်မတန်သေး၍ ရေငုံနှုတ်ဆိတ်နေခဲ့ရသည်။
ငါ့လက်ထဲမှာ သေနတ်မရှိ
ခုတ်ဖြတ်ဖို့လည်း ဓားမရှိပါ
လက်ဖြတ်ပစ်ဖို့ မိုင်းမရှိ
ရက်စက်ဖို့လည်း ကားစင်မရှိပါ
ကွန်ပြူတာခလုတ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
မင်းက ဘာလို့ကြောက်နေလဲ
အချိန်မဆွဲနဲ့ ရှောင်မပြေးနဲ့
ယောက်ျားဆိုတာ
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ဟိုးတချိန်က မနောမြေမှာ
ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်
ကျောင်းသားစစ်တယောက် မှားပါခဲ့ရင်
ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်မတဲ့
ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ
မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း
ရိုက်ထားတဲ့ကား ချပြလိုက်စမ်း
မင်းသား မင်းသမီး တင်ကာထားသမို့
ကြည့်လိုက်ချင်သည်
ငါက ဒါမေး မင်းက ဒါဖြေ
ဇာတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ
မရှိတဲ့အဆိပ် လုပ်ယူပြသ
ဓာတ်ခဲထဲမှ အမှုန့်များနဲ့ လိမ်ညာကောက်ကျစ်
ဒါလား ... ကျောင်းသား မင်းမပြောနဲ့
မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ
ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုလူတစု
အုပ်ချုပ်ခဲ့လို့
ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့
ကမ္ဘာမကြေ မြန်မာပြည်
ခွပ်ဒေါင်းတို့ရဲ့ စိန်ခေါ်သံတွေ
ပျံ့နှံ့နေပြီ နားထောင်လိုက်စမ်း
ကြောက်နေပြီလား
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား ... ငါက မင်းကို စိန်ခေါ်တယ်။
လူမသတ်ခဲ့သော ကျောင်းသားလက်များ
မိဘပြည်သူ ကြည်ဖြူလိမ့်မယ်
ကျောင်းသားဆိုတာ ဖြူစင်ရတယ်
သွေးညှီနံ့နဲ့ ကင်းဝေးရတယ်
ရှေ့ဆက်မပြောနဲ့ ကျောင်းသားပါလို့
မကဒတက ကျောင်းသားတပ်မတော်
မင်းတို့တတွေက ကျောင်းသားသတ်မတော်
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
မင်းတို့တတွေရဲ့ သမိုင်းကြွေး
မင်းတို့ပြန်ပေး
AB ကို ဖြူစင်အောင်လုပ်
ပြည်သူတွေကြား ရွံအောင်မလုပ်နဲ့
မင်းတို့တတွေကို ကျောင်းသားသမိုင်းမှာ ကဗ္ပည်းတင်လိုက်မယ်
စစ်အာဏာရှင် ဖက်ဆစ်များနဲ့ တဂိုဏ်းတည်းလို့
ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ
မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
ငါတို့သမိုင်းစစ် ပေါ်ထွန်းနေပြီ
မင်းတို့သမိုင်းညစ် အများသိပြီ
ငါ့မိဘရင် ငါပြန်ရဲတယ်
ငါ့ပြည်သူ့ရင် ငါခိုလှုံရဲတယ်
ငါတို့တတွေမှာ အပြစ်မရှိပါ …
မင်းတို့မှာသာ အပြစ်က အနှစ် ၁၀၀ …
ငါ့လို မင်းတို့ ပြည်ပြန်ရဲလား
ပြည်သူ့ရှေ့မှောက် လျှောက်လှမ်းရဲလား
သံဃာမြတ်ကို ဖူးမျှော်ရဲလား
၈၈ မျိုးဆက်အပေါင်းနဲ့ ပြန်ပေါင်းရဲလား
မျိုးဆက်သစ်များနဲ့ တွေ့ဆုံရဲလား
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။
(၁၉၉၁ မှ ၁၉၉၂ ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော၊ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို့အား ရည်စူးပါသည်။)
နန်းအောင်ထွေးကြည်
(မောင်မောင်ဝမ်းဖေ့စ်ဘွတ်ခ်မှ ...)
13 comments:
ဘ၀နှင့်ရင်း၍ရေးထားသော ကဗျာတပုဒ်ပါပဲ..။
လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်၏အမှားသာဖြစ်
သည်။
နိုင်ငံရေးလမ်းစဉ်တရပ်ကိုစိတ်ခံစားချက်မျှဖြင့်မချမှတ်အပ်ကြောင်း၊ကြီးစွာသော သင်ခန်းစာ ကို သမိုင်းဝင်မော်ကွန်းထိုး၍၊နာယူကြပေတော့။
ဒါတောင်..ခုထိ..တော်လှန်ရေး
စစ်သွေးကြွပြီး..၊ကိုယ့်အမှားကိုယ်မြင်ဘို့ ကမလွယ်။
ပိုဆိုးသည်က သိက္ခာကိုထိန်းဘို့ ဆိုပြီး
နှစ်၂၀ ကျော် စုပေါင်းထိန်ချန်ထားမှုဖြစ်၏။
ဒီကိစ္စတခုထဲအတွက် ABSDF သည် ဗကပ နှင့်တန်းတူအဆင့်အတန်း
ဟုသတ်မှတ်ရန် မှတပါးအခြားမရှိပြီ။
တာဝန်ရှိသူများ..
လက်နက်ကိုင်လမ်းစဉ်ကိုစွန့် ၍ တရားဥပဒေနှင့်ရင်ဆိုင်ပါ။
(သို့ မဟုတ် ပါ က )
အမြစ်ပြတ်ချေမှုန်းခံ၍ တရားဥပဒေနှင့်
ရင်ဆိုင်ရပေလိမ့်မည်။
နောက်တဖွဲ့ ကျန်နေသေးသည်။
စွမ်းအားမြှင့်အဖွဲ့ ဖြစ်သည်။
လက်နက်ချအဖမ်းခံရန်(သို့ )အမြစ်ပြတ်ချေမှုန်းခံ၍ တရားဥပဒေနှင့်ရင်ဆိုင်ရန်ဖြစ်သည်။
ဒီကိစ္စက..သင်ပုန်းချေလို့ လုံးဝမရပေ။
ယခုကိစ္စများတွင်..တိုင်းရင်းသားလက်နက်ကိုင်များ
မပါဝင်ပါ။
ဗကပ အပေါ်လည်း တသဘောထားတည်းဟု မှတ်ယူပါ။
ဒီမိုကရေစီ အရေခြုံလာဘို့ မစဉ်းစားပါနှင့်။
အမှန်တရားအတွက် အများကိုယ်စား စိန်ခေါ်ရဲသူအား
လေးစားစွာဖြင့် အနူးအညွတ် ဦးညွတ်ပါသည်။မကဒတ ခေါင်းဆောင်အများဆုံးစုဟာ တရားလက်လွတ် သက်ဖျက်ညှင်းပမ်းမှုတွေမှာ တိုက်ရိုက်သော၎င်း သွယ်ဝိုက်သောနည်းဖြင်၎င်း အားပေးအားမြှောက် ကျူးလွန်ခဲ့သူများသာဖြစ်ပြီး ခေါင်းရှောင်နေကြပါသည်။
ထိုသူများများသည် အခုချိန်ခါတွင် အနာဂါတ်မြန်မာ့နိုင်ငံရေးမှာ ခွတ်ထိုးခွတ်လှံ အခွင့်အရေးရရန် နည်းလမ်းများစွာ ရှာကြံနေကြသည်။
ဒီအဖြစ်ကို ခြေခံပြီး ABSDF တခုလုံးကို လာရောချ ပြစ်ဖို့ မကြိုးစားပါနဲ့ ကျောင်းသားတပ်မတော်မှာ ပြည်သူ့အတွတ်ဆိုတဲ့ အသိတခုထဲနဲ့ ရိုးရိုးစင်စင် ပေးဆပ်ခဲ့သူတွေ အများကြီးရှိပါတယ်။
This people affraid that a powerful Bamar armed organisation might reappears to fight Thein Sein's Holocaust Army.
If one Bamar from each house comes out and join ABSDF Naypyitaw will be finished in 2 -3 years.
That why Thein Sein Army is trying all their best to attack ABSDF.
Naypyitaw is using Nan Aung Thwe Kyi and her group as scape goat.
We want justice for everyone not only in this case but also for people who were killed under military regime. So we must bring all killers group of military junta and military dogs to justice for their crime against humanity, killing for Monks, Students, and People.
အစ်မ နန်းအောင်ထွေးကြည်
ဒီကဗျာက အစ်မ ရင်ထဲက လျှံကျလာတဲ့ ကဗျာဖြစ်လို့ ဖတ်ရတဲ့သူအတွက် ရင်နင့်အောင် ခံစားရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရက်စက်လွန်းတဲ့ ဇာတ်တူသားစားမှုတွေကို သမိုင်းအရ သိပြီးဖြစ်လို့ ဒီလိုမျိုး နောက်ထပ်အမှားတွေ ပေါ်မလာနိုင်တော့ဘူး-လို့ ထင်ထားခဲ့တာ။
အခုတော့ အင်း...
ဒီဖြစ်ရပ်ကို အမှန်တရားခုံရုံးကို ပို့ဆောင်ပေးနိုင်မှ သမိုင်းတာဝန်ကျေမယ်။
ABSDF နှင့် ဗကပ ကဲ့ သို့ အဖွဲ့ မျိုးတွေ ဟာ ခမာနီ ၊ အင်ဒိုနီးရှားကကွန်မြူနစ် တွေနှင့်အတူတူပဲ ဆိုသည် ကို ဖွင့်ချပြရမည့်အချိန်ရောက်ပါပြီ။
၎င်းတို့ ကို...တော်လှန်ရေးသမားများ ဟု မသုံးပဲ ၊ ကလေကချေ အကြမ်းဖက်သမား များ ဟုသာသုံးနှုံး သင့်ပါသည်။
ကမ္ဘာ သို့ အဖြစ်မှန် ဖေါ်ထုတ်ပြီး ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြင့် ခုံရုံးတင်စစ်ဆေးပါ။
ABSDF နှင့်ဗကပ...အပါအ၀င်လက်နက်ကိုင်အဖွဲ့ အချို့ ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် မလိုအပ် ၊ Talibanကဲ့သို့ ရှင်းပစ်သင့်သည်။
မတရားသင်းအက်ဥပဒေ မှာ ခေတ်နှင့်အညီ ဆက်လက်ထားရှိရန်သာဖြစ်၏ ။
ABSDF ကို ဗကပ နည်းတူ ရာသက်ပန် မတရားသင်း အဖြစ် ကြေညာပါ။
အမြစ်ပြတ်ချေမှုန်းပါ။
မင်းမဲ့စရိုက်များကို ပီပြင်စွာ ဖွင့်ချပါ။
တာဝန်ရှိသူများကို ဥပဒေ နှင့်အညီ စီရင်ပါ။
ွှနိုင်ငံတကာက သိပါစေ။
အထူးသဖြင့် အမေရိကန်ပြည်ထောင်စုပါ။
ပြည်တွင်းကို ၊ ပြည်ပ က နိုင်ငံရေးအကျင့်ပျက် ဂျပိုးသူခိုးတွေပြန်ဝင်လာတာ လက်မခံပါနှင့်..။
၈၈ဆိုပြီး လေကျယ်....လူထုအုံကြွမှုကိုကိုယ်ကဖန်တီးလို့ ဖြစ်တယ်ထင်...လူကြီးမှန်းမသိ မိုက်ရိုင်း ၊ ပခုံးချင်းယှဉ် ခွာရာတိုင်း မြန်မာ့နိုင်ငံရေးလောက ကို အကျည့်တန်စေခဲ့တာများပြီ။
မိဘတိုင်းတွင်သားငယ်သမီးငယ်များရှိကြသည်။ ထာဝရတော်လှန်ရေးပုံစံမျိုး ဖြင့် ကျောင်းမှာအစိုးရ
ဆန့် ကျင်..သပိတ်မှောက် နောက်ပြီး တော့ တောခိုလက်နက်ကိုင်..ဗုံးထောင်ခိုင်း..ဒီသံသရာထဲလည်
ခိုင်းဘို့  ABSDF နဲ့ ဗကပ စတဲ့လက်နက်ကိုင်အဖွဲ့ တွေ က ရာသက်ပန်စစ်တပ်မုန်းတီးရေး အယူအဆတပ်ပေးနေတာလား..။
ပြီးတော့..အရှက်မရှိ..
အမျိုးသားပြန်လည်သင့်မြတ်ရေး....
ပြောလိုက်ကြသေး..။
ဒါကြောင့်..ကျောင်းသားတပ်မတော်..ဆိုတာမျိုး..တိုင်းပြည်မှာ လုံးဝမရှိသင့် လုံးဝမရှိအပ်..။
ထိုဖြစ်ရပ်များအားလုံးတွက် ဥက္ကဌ(ဟောင်း) မိုးသီးဇွန်မှာ (တနည်းနည်းနှင့်)တာဝန်ရှိပါသလား။
သူ ဥက္ကဌ ဖြစ်ချိန်မှာ ဖြစ်ပွားသွားတာလား။ ထွက်သွားပြီးမှာ ဖြစ်ပွားခဲ့တာလား။
there are three bamar armed groups in Myanmar. Government, Ba Ka Ba and ABSDF. all are bull shit! Always kill each other and tried to become power holder. Bamar should learn lesson already. it's been how many years. still tried to suppress ethnic people? who are evil now han?
အရင် ဆုံးလုပ်နိုင်တဲ့ Justice ကတော့ သူတို့တွေ နေနေတဲ့ နိုင်ငံ အစိုးရ၊ US မှာဆိုရင် State Department သို့မဟုတ် Mrs Clinton သို့မဟုတ် President အစရှိတာတွေဆီကို စာပို့ ပြီး၊ ဒီလူတွေဟာ အဲ့ဒီ အချိန်တုံးက ဒီလို ပြင်းထန်တဲ့ မှုခင်းတွေ ကျူးလွန်ရာမှာ တာဝန်ရှိသူတွေ ဖြစ်ကြောင်း စာရေး ပြောနိုင်ပါတယ်။
ဒီလို လူစားတွေ အဲ့ဒီ နိုင်ငံတွေမှာ မရှိသင့်တော့ဘူး။ တရားရုံး တစ်ခုခုမှာ ရင်ဆိုင်သင့်နေပြီ။
ABSDF ဆိုတာလည်း မရှိသင့်တော့ဘူး။ KNU အပါအဝင် တကယ့် တိုင်းရင်းသားအရေး လုပ်နေတဲ့ အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး လုပ်တာလုပ်သင့်ပေမယ့်၊ ABSDF တို့ စွမ်းအားမြှင့်တို့ ဝ အဖွဲ့ တို့ဆို တာ အပြုတ်ဖြုတ်ရမယ့် အဖွဲ့ တွေဖြစ်ပါတယ်။
Burmese public need 'truth' and 'justice'!!! Formal ones!!!
လောလောဆယ် ခိုင်မာတဲ့ အထောက်အထားတွေ မရှာနိုင်သေးရင်တောင် US State Department ကို ကိုယ်တိုင်စာရေး ပြီးပြောနိုင်ပါတယ် မနန်းအောင်ထွေးကြည်ရေ။
ဒီ web page တွေကို reference အနေနဲ့ ထည့်ပေးလိုက်ပါ။ သူတို့ မှာ Burmese ဘာသာ ပြန်နိုင်တဲ့လူတွေ၊ မြန်မာ လို ကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။
ဒီလူတွေပြည်တွင်းကိုပြန်လာခဲ့ရင်တော့တရားဥပဒေနဲ့ အညီကြိုးစင်တက်နိုင်အောင်ဝိုင်းဝန်းကြိုးပမ်းကြပါ။
Post a Comment