Nannyuntwai, Who did people cry in our country?Don't blame the Sayrdaw.Do u think it is fair justice for sayardaw?why don't u tell unfair situation on this time? I don't think that u respect the sayardaw.SHOULD STAND IN DAMMA (or) RIGHT.
May i know who force and urge the monks' governing body to order for Shwe Nya War Sayardaw? Later, will also order to A Shin SANDA DI KA who donate fund to Bogyoke Film?
Maung, If u r not buddhist monk how can you dare to say to Monk (Sangha). Shouldn't accuse from people to Monk. Your mother should teach you tame.No need to use pardi with your talent.Go hell and Rest In Peace there.
15 comments:
ဆရာတော်က ဘာကြောင့် ပြည်သူတွေ ဒီလိုမျက်ရည်ကျဖြစ်အောင်လုပ်ရတာလဲ။မေတ္တာနဲ့တုန့်ပြန်မယ်ဆိုရင် ဒီလိုမလုပ်သင့်ပါဘူး။ နောက်ပြီး ကျောင်းတိုက်က သံဃာ ၁၀၀ ကျော်ကို ပင့်သွားမယ်ဆိုတာကလဲ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဆရာတော်တပါးကိုဘဲ ကျောင်းတိုက်မှာမနေဘို့ အမိန့်ထုတ်တာ ဘာကြောင့် ကျန်တဲ့သံဃာတွေကို ခေါ်သွားဘို့လုပ်တာလဲ။ ဒါဟာလဲစဉ်းစားစရာပါ။ ဆရာတော်ကို မကြည်ညိုလို့မဟုတ်ဘူး။ သန့်ရှင်းဖြူစင်တဲ့ မေတ္တာတရားနဲ့ တုန့်ပြန်သင့်ပါတယ်
Nannyuntwai,
Who did people cry in our country?Don't blame the Sayrdaw.Do u think it is fair justice for sayardaw?why don't u tell unfair situation on this time? I don't think that u respect the sayardaw.SHOULD STAND IN DAMMA (or) RIGHT.
ရွှေည၀ါဆရာတော်ကနေ ပြည်သူမျက်ရည်ကျ ဆရာတော်အဖြစ်နာမည်ရချင်လိုနေမှာပေါ့ 
ငါတို့ လို နေ့ တိုင်းဆွမ်းခံကြွနေတဲ့သံဃာကျ တောဘာလို အလှူငွေသိန်းချီးမလှူတာလဲ
ရွှေည၀ါဆရာတော်လည်းသံဃာထဲကသံ
ဃာတစ်ပါးမို့ တကာ၊မတို့ ရဲ့ သဒ္ဓါတရားကို ဆန်းစစ်သင့်တယ် ၊ နောက်ရောက်မဲ့သံဃာ အကောင်းဆုံးဖြစ်အောင်ပံပို့ သင့်တယ် ပြီးတော ဒီကျောင်းတိုက်ကိုလည်းဒီထက်တိုး တက်အောင်ပံပို့ သင့်တယ် ။ ဒါမှတကာ၊မတို့ ရဲ့
သာသနာအပေါ်မှာပို့ ပြီးတောစစ်မှန်တဲ့သဒ္ဓါ တရားနဲ ယုံကြည်မှု့ ဖြစ်လာမှာပါ ။
ဗုဒ္ဓဘာသာဝင်တွေ အကြားမှာ ဒီလိုမျိုး ၀မ်းနည်းစရာ မြင်ကွင်းတွေ တွေ့ မြင်ရတာ အလွန်ကို စိတ်ထိခိုက်ပါတယ်။ ဒါပေမဲ့ ပြောလိုက်ရဦးမယ်။ ဒီလို ဖြစ်အောင် ဘယ်သူကမှ ဖန်တီးတာ မဟုတ်ဘူး။ ရွှေည၀ါဆရာတော်ကိုယ်တိုင် ဖန်တီးတာ။
ဆရာတော်ကြီးတွေက တရားမဟောဖို့ တားမြစ်ထားတဲ့ ကာလမှာ ဆရာတော်ကြီးတွေကို လေးစားသောအားဖြင့် တရားမဟောဘဲ ကိုယ်ရှိန်သတ်ပြီး နေလိုက်ရင် ဒီလို မဖြစ်ဘူး။ ဒီခေတ်မှာ ကိုယ်အသိပေးချင်တဲ့ အကြောင်းအရာကို တရားဟောတဲ့နည်းတစ်နည်းတည်းနဲ့ အသိပေးလို့ရတာ မဟုတ်ပါ။ တခြားနည်းပေါင်းများစွာနဲ့ အသိပေးလို့ရတယ်။ ခုတော့ တားမြစ်ချက်ကို မလိုက်နာဘဲ ဟောတယ်။ ဟောလို့ အပြစ်ဖြစ်ပြီး ဆရာတော်ကြီးတွေကို တောင်းပန်ပြန်တော့လဲ ဘယ်လိုတောင်းပန်တာလဲ၊တောင်းပန်လိုက်ပြီးတာပဲ၊နောက် ကိုယ်ဟောချင်သလို ဟောတာပေါ့-ဆိုတာမျိုးနဲ့ တောင်းပန်တာလား။ ဒါမှမဟုတ်- နောက်နောင် ဆရာတော်ကြီးတွေ မိန့်ကြားသလို တိတိကျကျ လိုက်နာမယ်၊ လက်တစ်လုံးခြား မလုပ်တော့ပါဘူးဆိုတဲ့ ခံယူချက်မျိုးနဲ့ တောင်းပန်တာလား။ ဒါတော့ ရွှေည၀ါဆရာတော်ဘဲ သိမယ်။
ရွှေည၀ါဆရာတော်ကိုယ်တိုင်က မန်းဒီချုပ်ရုံးတရားမှာ “တို့က လက်တစ်လုံးခြားလေး လုပ်တာပေါ့” လို့တောင် ထည့်ပြောသွားတာဆိုတော့ ဆရာတော်ကြီးတွေက ရွှေည၀ါရဲ့ တောင်းပန်မှုကို ဘယ်လို ယုံကြည်နိုင်ပါ့မလဲ။
တောင်းပန်မှုနဲ့အတူ နောက်နောင် မကျူးလွန်တော့ပါဘူး ဆိုတဲ့ (အာယတိံ သံဝရ ) ပါမှ တောင်းပန်ရာရောက်တယ်။ ဒီလိုမှ မဟုတ်လို့ကတော့ ဒုလ္လဘ၀တ်တုန်းက ဥပဇ္ဈယ်ဆရာတော် ရွတ်ပြသလို (သံဝရ အာယတိံ မပါလျှင်၊ ခါ အကြိမ်တစ်ရာ ထပ်ခါ ကြားသော်လဲ၊ မြတ်ဘုရားမိန့်အာဏာ ကျူးလွန်လျက်သာ) ဆိုတာမျိုး ဖြစ်မှာဘဲ။
နောက်ပြီး နိုင်ငံရေးသမားတွေကလဲ ရဟန်းသံဃာကိစ္စမှာ ဆရာတော်ကြီးတွေဆီကို လက်မှတ်တွေစု ထိုးတင်တာတို့၊ သမ္မတဆီ စာတင်တာတို့ ဒါတွေဟာ ဘာလဲ၊ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ လုပ်ထုံးတွေလား။ ဆရာတော်ကြီးတွေကို ချဲလင့် လုပ်တာလား။ အင်အားပြပြီး ခြိမ်းခြောက်တာလား။ လားပေါင်းများစွာ မေးစရာတွေ ရှိပါတယ်။ အခုလဲ ဆွမ်းခံကြွတဲ့နောက် တကောက်ကောက်လိုက်ပြီး ဟန်ရေးပြနေကြပြန်ပြီ။ ဒါတွေဟာ အထင်လွဲစရာတွေ အထင်မှားစရာတွေ ဖြစ်တယ်ဆိုတာကို သတိထားကြဦး။ ဒီကူညီမှုက ရွှေည၀ါဆရာတော်အတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်နေတယ်။
ထားပါတော့။ အရာအားလုံးဟာ အကြောင်းကြောင့် အကျိုးဖြစ်တာပါ။ ဗုဒ္ဓဘာသာဝင်တွေ ပီပီ
ဘယ်သူမပြု မိမိမှု-လို့ပဲ နှလုံးသွင်းဆင်ခြင်ကြစေချင်ပါတယ်။
အေးကွာ ခုဆရာတော်ကိုတောင် ဝေဖန်နေကြတဲ့ ငရဲမကြောက်တဲ့ သတ်မတော် သမားတွေကတော့ ဘုရားလည်း မကြောက် တရားလည်းမကြောက် သံဃာလည်းမကြောက် .ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းလည်း စော်ကားလို့ စော်ကား.. မင်းတို့လိုကောင်မျိုးတွေမှ ငရဲမကျရင် ဘယ်သူကျမလည်း. ဟေ့ကောင်တွေ မင်းတို့ ယောက်ကျားပါနော်.. လုပ်ရဲရင်တော့ ခံရဲရမယ်..
ပြည်သူတွေကတန်ဖိုးရှိတဲ့ ဆရာတော်မို့လိုပေါ့ဗျာ။
ငါတို့ဆုံးရှုံးရတော့မယ်ဆိုပြီငိုကြွေးနေတာလေဗျာ။
အင်းကျွန်တော်တို့နိုင်ငံကြီးလဲခက်ပါလားဗျာ။
ဆရာတော်ကိုတော့ မကောင်းပြောတဲ့လူတွေ ကျန်းမာချမ်းသာပါစေလို မေတ္တာပို့ပါတယ်ဗျာ။
လူဆိုတာကတော့မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတာသိထားဘိုလိုတယ်ဗျာ။ ကျွန်တော်တို့လူငယ်တွေတောင်သိတယ်ဗျာ။ခင်ဗျာတို့တွေအသက်ကြီးပြီအချိန်မစီးဘူးဗျာ။
ဖြစ်သင့်တာထက် ဖြစ်ချင်နေတဲ့ အတ္တများသော ဝေဖန်ချက်တွေပါလား။
“ စေတနာအမှား”
ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ ရွှေည၀ါဆရာတော်ရဲ့ နှုတ်ဆက် ဆွမ်းအလှူခံပွဲ (ရုပ်သံ+ဓာတ်ပုံ)ဟူသောခေါင်းစဉ် နဲ့ အတူဆရာတော်ဆွမ်းခံရင်းေ၇နွေးကြမ်းဘုဉ်းပေးနေပုံဓါတ်ပုံအားတွေ့ မြင်လိုက်ရသည့်အခါရင်ထဲမကောင်းဖြစ်သွားရသလိုစိုးရိမ်စိတ်လည်းဖြစ်သွားရ၏။သဒ္ဓါစိတ်တွေဖြင့်ပေးလှူသောအလှူရှင်နှင့်သတင်းပေးသောသတင်းသမားတို့ ကိုလည်းစိတ်မကောင်းမဖြစ်စေလိုပေမဲ့ရေနွေးခွက်ပေါ်ကတံဆိပ်ကမသမာသူတွေအတွက်အသုံးချစရာမီဒီယာလက်နက်မဖြစ်စေလိုသောကြောင့်စေတနာအမှားနောင်မဖြစ်ကြရအောင်သတိပြုနိုင်ကြပါစေ...။
May i know who force and urge the monks' governing body to order for Shwe Nya War Sayardaw? Later, will also order to A Shin SANDA DI KA who donate fund to Bogyoke Film?
ရွှေည၀ါ ဆရာတော်ဟာ စကားကို မဆင်မခြင် ပြောတတ် တယ်ဆိုတာ သူ့ ရဲ့  အသံတွေ၊ ဟောပြော မှုတွေကို ကြားလိုက်တာနဲ့  သိလို့ ရပါတယ်။
ဇာဂနာက အစိုးရ မကောင်းကြောင်းပြောပြီး လူထုဆီက အလက်ခုပ်သံ ချူ ပါတယ်။
ရွှေည၀ါက သံဃ မဟာနာယက ဆရာတော်ကြီးတွေကို မထိလေးစား လုပ်ပြီး ဗုဒ္ဓု ဘာသာဝင် တွေဆီက မျက်ရည်ကို ချူ ယူနေပါတယ်။
တစ်နည်းအားဖြင့်တော့ ရွှေည၀ါက ငိုပြနေတာပါ။
ရွှေည၀ါရယ်၊ ၀ီရသူရယ်၊ ဂမ္ဘီရယ် တဖြည်းဖြည်းနဲ့  သာသနာပြု အမည်ခံရင်း သာသနဖျက်တဲ့  ဘက်ကို ဦးတည်နေပါပြီ။ ဘာကြောင့်လဲဆိုတော့...
၁။ စည်းလုံးညီညွတ်ရေးကို သဘော မပေါက်နိုင်ခြင်း
(သမဂ္ဂါနံ တပေါ သုခေါ ) ဘုရားဟောကို လက်တွေ့  သဘောနဲ့  နားမလည်ခြင်း
၂။ Emotional stories or Soft-stories တွေကို ဖန်တီးနေခြင်း
၃။ နိုင်ငံရေးသမားတွေရဲ့  အသုံးချခံဘ၀ကို ရောက်မှန်း မသိ ရောက်နေခြင်း
၎။ အမျိုးသားနိုင်ငံရေးနဲ့  ပါတီနိုင်ငံရေးကို လုံးဝ နားမ လည်ခြင်း
၅။ ထင်ပေါ် ကျော်ကြားလိုခြင်း
၆။ ဘ၀မှန်ကို ဆန္ဒစောခြင်းဖြင့် ဖုံးကွယ်နေခြင်း
၇။ စကားလုံးတွေက မေတ္တာ၊ ပြောတော့ ဒေါသ၊ လုပ်တော့ မောဟ ဖြစ်နေခြင်း စတဲ့  အချက်တွေဟာ အထက်ပါ ဘုန်းကြီးနိုင်ငံရေးသမားများကို အတိဒုက္ခရောက်စေခဲ့တဲ့ အကြောင်းတွေပါပဲ။ ဘယ်သူ မပြု မိ မိမှုပါ။ တစ်ခြား ဘယ်သူ့ ကြောင့်မှ မဟုတ်ပါဘူး။
ဒေါက်တာလွမ်းဆွေခင်ဗျာ. ဒီဓါတ်ပုံတွေဟာ. ဒီမိုဝေယံဆီကများ. လား?သတင်းရင်းမြစ်. ရေးထားတာ. မတွေ့မိသလိုပါဘဲ။
Maung,
If u r not buddhist monk how can you dare to say to Monk (Sangha). Shouldn't accuse from people to Monk. Your mother should teach you tame.No need to use pardi with your talent.Go hell and Rest In Peace there.
ကိုချမ်း၊ကိုသစ္စာ၊မောင်. ဆိုတဲ့. ပုဂ္ဂိုလ်အပေါင်းတို့။မောင်ဆိုတဲ့. ပုဂ္ဂိုလ်ကတော့. အရိုင်းဆုံးဘဲ၊. ရဟန်းသံဃာ. တွေကို. ခေါ်ဝေါ်
တဲ့. အခေါ်အဝေါ်ကို. ဆင်ခြင်စေခြင်ပါတယ်။. သံဃာဟာ. ဘုရားနဲ့မိဘနဲ့ရော. တဂိုဏ်းထဲဖြစ်တာကြောင့်. လူကြီးမင်းရဲ့. အဖေနဲ့အမေကို. ဦး. ၊ဒေါ်. မတပ်ဘဲ. ခေါ်နေကျများလား?
ငမောင်တို့ဝင်လာပြီ
လခစား ကွန်မင့်ရေးသူ
ငမောင် ဥက္ကဋ္ဌဆရာတော်က တရားဟောလို့ရပြီ လို့လက်မှတ်ထုတ်ပေးပြီးတာတောင် ဥက္ကဋ္ဌ ထက်ကြီးသူ ကပေါ်လာတော့ သံဃာမနာယက အထက် လူတွေဟာ သံဃာကိုသင်းခွဲ နေတာသာဖြစ်တယ်။
ပြည်သူဆိက မျက်ရည်ကျအောင် လုပ်တာက စစ်တပ်လက်ပါးစေနဲ့စစ်တပ်အခိုင်းခံ သင်္ကန်းဝတ်တွေဖြစ်တယ်
နာမည်ကြီးချင်လို့ လုပ်တယ်လို့ပဲမြင်တယ်။ ဘုန်းကြီးနှုတ်ဆက်ပွဲ ဆွမ်းခံထွက်ခြင်း တစ်ခါမှမကြားဘူးပါ။ ပါတီမလုပ်တာကံကောင်းဗျ။ တစ်ဖက်ကကဲ့ပြီးတစ်ဖက်မှာလှူ ဒါတော့ကောင်းပါတယ်။ ပါဠိစာတတ်တိုင်း တရားဟော ဘုန်းကြီး မဖြစ်နိုင်သလို ၊ တရားဟောင်းကောင်းတိုင်း လည်း ပါဠိနှင့်ဘုရားဟောတွေကို သေချာနားမလည်တဲ့ ကိုယ်တော်တွေလည်း မြန်မာပြည်မှာ များလာတာကို သွန်သင်ပေးတဲ့ သံဃာ့နာယကများကို အထူးကျေးဇူးတင်ပါတယ်ဘုရား။
Post a Comment