Wednesday, January 11, 2012

ပြည်တွင်းထုတ် The Express Times ဂျာနယ်မှ သတင်းထောက်တဦး၏ ပြန်တော်ပြန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်ရှိအပြောင်းအလဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခဲ့မှုများအပေါ် မေးမြန်းချက်များနှင့်ပတ်သက်၍ ဖြေကြားချက်များ (အသံ)

ဒေါက်တာလွဏ်းဆွေ

ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် CDC ဒု-ကျောင်းအုပ် ဆရာနေမျိုးအေးမှတဆင့် ဆက်သွယ်ဖိတ်ခေါ်မှုဖြင့် မဲဆောက်သို့ ရောက်ရှိနေသည့် ပြည်တွင်းထုတ် The Express Times ဂျာနယ်မှ သတင်းထောက်တဦးနှင့် အမေးအဖြေများ ပြုလုပ်ဖြစ်ခဲ့သည်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်သည့် သူ၏ မေးခွန်းအတော်များများကို ကျနော် ဖြေကြားဖြစ်ခဲ့သည်။ သူက အပြန်တွင် ဆရာနေမျိုးအေး၏ ကွန်ပျူတာထဲ၌ အသံဖိုင်ကို ကော်ပီထားပေးခဲ့သည်။ ပြည်တွင်းဂျာနယ်၌ ဖော်ပြဖြစ်ခဲ့ပါက မူရင်းအသံဖိုင်နှင့် တိုက်ဆိုင်ဖတ်ရှုနိုင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ဖော်ပြတင်ဆက်ခွင့်မရခဲ့ပါက မှတ်တမ်းအဖြစ် သိမ်းဆည်ထားနိုင်ရန် အသံဖိုင်ကို ချန်ထားပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိလည်း ပြည်တွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ဖော်ပြတင်ဆက်နိုင်ခြင်းမရှိသည့်အတွက် သူ့ထံ ခွင့်တောင်း၍ သူ ချန်ထားခဲ့သည့် အသံဖိုင်ထဲမှ ပြန်တော်ပြန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်ရှိအပြောင်းအလဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခဲ့မှုများအပေါ် ကျနော်၏ ဖြေကြားချက်များကို ထုတ်နှုတ်တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။

အသံဖိုင် နားဆင်ရန် (ကြာမြင့်ချိန် - ၁၄ မိနစ် ၁၂ စက္ကန့်)

1 comment:

aung said...

Dr Lun Swe, you are absolutely right. Thein Sein camouflage junta know how to play game. Let me put it this way toward changing- 40% positive (really changing), 20% big question mark (wait and see) and 40% negative (to me forever they are Liar).