Thursday, January 26, 2012

ဒေါက်တာလွဏ်းဆွေမှတဆင့် Burma VJ Media Network သို့ အကြံပြုချက်

ဒေါက်တာလွဏ်းဆွေရှင့် ...

ဆရာ့ Blog ကို သူငယ်ချင်းတယောက်ပြောလို့ သိကတည်းက အမြဲတမ်းနီးပါး ကြည့်ဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းတွေက နေ့စဉ်နဲ့အမျှ သက်ဝင်လှုပ်ရှားလာပြီး တိုင်းပြည်အတွက် နေ့စဉ်သမိုင်းမှတ်တမ်းတွေလို ဖြစ်နေတာမို့ အထူးအလေးပေးပြီး အချိန်ပေးပြီး ကြည့်ဖြစ်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေက သမိုင်းမှတ်တမ်းတွေ ဖြစ်လာမှာမို့ အလွန်အရေးကြီးပါတယ်။

များသောအားဖြင့် ဆရာ့ဘလော့မှာ တင်ပေးတဲ့ ဗီဒီယိုသတင်းတွေရဲ့ Source တွေက Burma VJ Media Network ကဖြစ်ပြီး သူတို့ ရိုက်ကူးထားတာ အင်မတန်ညံ့ပါတယ်။ ကင်မရာကလည်း ကောင်းဖို့ လိုနေပါတယ်။ အခုသတင်းတွေ၊ ဓာတ်ပုံတွေက ကိုယ့်လက်ထဲရှိတဲ့ ဖုန်းလေးနဲ့ ကြုံတုန်းလေး ရိုက်လိုက်ရတာ ကိုယ်တတ်နိုင်သလောက်လေး ပေးဝယ်ထားတဲ့ ကင်မရာလေးမို့ quality က ဒီလောက်ပဲရတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ Professional သတင်းသမားတွေဖြစ်ပြီး ကင်မရာရိုက်နေရင်း လက်က တချိန်လုံး လှုပ်နေပါတယ်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ မိန့်ခွန်းပြောနေတဲ့ အင်မတန်ငြိမ်တဲ့ အရုပ်တွေ ဖမ်းတာတောင် အဲဒီသတင်း ၃ မိနစ်လောက် ကြည့်ပြီးရင် လူက မူးသွားပါတယ်။

လွတ်လပ်ခြင်း အနုပညာပွဲတော်တုန်းကလည်း အဲလိုပါပဲ။ ပုံတွေက တချိန်လုံး ရမ်းနေပါတယ်။ မနေနိုင်လို့ Comment ၀င်ရေးမိပါသေးတယ်။ ဖတ်ပုံမရပါဘူး။ ခုထိလည်း အဲလို ရမ်းနေတုန်း၊ မှုန်နေတုန်းပါပဲ။ ဆရာတို့ သတင်းသမား အချင်းချင်းတော့ အဆက်အသွယ်ရှိမယ်ထင်လို့ ဆရာမှတဆင့် အကြံပြုအပ်ပါတယ်။ နောင်မှာ သမိုင်းဝင်မှတ်တမ်းတွေ ဖြစ်လာမှာမို့ သတင်းဌာနကြီးတခုအနေနဲ့ Professional Camera ကို အသုံးပြုပြီး Professional cameraman ကိုသာ သတင်းယူခိုင်းသင့်ပါကြောင်း ပြောပါရစေ။

အစိုးရဘက်မှာတော့ နိုင်ငံတော်အဆင့် သတင်းစာဆရာ၊ ဓာတ်ပုံဆရာတွေ ရှိမှာပါ။ အခုက ကိုယ့်ပြည်သူပြည်သားတွေ ကိုယ့်အကျိုးကိုယ်ကြိုးပမ်း၊ ကိုယ့်ဘက်က အမြဲရှိတဲ့ ကိုယ့်အမေကို ကိုယ်ထောက်ခံနေရတာမို့ အစိုးရဘက်က လာပြီး သတင်းမှတ်တမ်းတင်မှာ မဟုတ်ပါဘူး။ သမိုင်းတင်ကျန်မယ့် ဓာတ်ပုံကောင်းလေးတွေ မရလိုက်မှာစိုးလို့ပါ။ ဒီနေ့ဆို Pakistan President နဲ့ တွေ့တဲ့ပုံတွေ အကုန်မှုန်နေတာပါပဲ။ ကျမပဲ မျက်စိမကောင်းတော့တာလား ထင်မိလို့ တခြားပုံတွေတောင် လျှောက်ရှာကြည့်မိပါတယ်။ အင်တာနက်က ရှုခင်းပုံတွေ ကြည့်လေ လှလေ သတင်းဓာတ်ပုံတွေကို အားမရဖြစ်မိလေပဲမို့ ဆရာ့ဆီတကြိမ်မှ စာမပို့ဖူးပေမယ့် ပို့လိုက်ရပါတယ်ရှင့်။ ဆရာ စာကို အဆုံးထိ ဖတ်မယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာပါစေ ...
SMT
၂၄-၁-၂၀၁၂

SMT ခင်ဗျား ...

ကျနော်ကတော့ ဘလော့မှာ ဒီ quality လောက်နဲ့ပဲ ထပ်ဆင့်မျှဝေခွင့်ရနေတဲ့အပေါ် Burma VJ Media Network အဖွဲ့သားတွေကို အထူးကျေးဇူးတင်နေရတာပါ။ ကိုယ်က ဘလော့ဆိုတော့ သတင်းထောက် ခန့်ဖို့၊ ကင်မရာမင်း ထားဖို့ စရိတ်စက မတတ်နိုင်တဲ့ အနေအထားမို့ လုပ်နိုင်သူတွေဆီက တဆင့်ပြန်လည်မျှဝေခွင့်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ယူနေရတာပါ။ SMT ရဲ့ အကြံပြုချက်ကို ဖတ်ပြီး Burma VJ Media Network အဖွဲ့သားများလည်း နောက်လာမယ့် ဗီဒီယိုဖိုင်တွေကို သူတို့တတ်နိုင်သမျှ အကောင်းဆုံး ကွာလတီဖြစ်အောင် စွမ်းဆောင်ပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

5 comments:

Facebook Sexxxy said...

SMT ပြောတာတွေအားလုံးမှန်ပါတယ်။အခုလိုမျိုးရုပ်သံမှတ်တမ်းတွေဟာနောင်တစ်ချိန်မှာ
သမိုင်းမှာထင်ကျန်ခဲ့မယ့်အရာတွေပါဘဲ။ဒီလိုမျိုးအရာတွေကိုနောက်ဆုံးပေါ်ကင်မရာအကောင်းစားတွေနဲ့ 
ရိုက်ပြီးQuality ကောင်းကောင်းနဲ့ အင်တာနက်ကပေးနိုင်ဖို့ ဆိုသည်မှာ High Speed Bandwidth အင်တာနက်ကွန်နက်ရှင်တစ်ခုရှိမှကိုရပါမည်။ Burma VJ အဖွဲ့ သားများသည် Camera
အကောင်းစားသုံးထားခဲ့ရင်တောင်မှအဲဒီ့ Video မှတ်တမ်းများကိုမြန်မာနိုင်ငံပြည်သူအများစုသုံးသောအင်တာနက်မှတဆင့်
Uploadလုပ်မည်ဆိုလျှင်တောင်မှလုံးဝမဖြစ်နိုင်ပါ။ယခုလို flv,3gp,mp4 Quality ကြည့်ရသည်ကိုပင်ကျေးဇူးတင်ရပါမည်ဖြစ်ပါသည်။

Anonymous said...

Stupid gal! Where got money to buy good camera? U pay? Think ur self , use ur brain! Everybody want excellent! U understand. What sort of gal?

မန်းဒုံ said...

ပုံမငြိမ်တာကတော့ ဖြစ်တတ်ကဆန်း ရိုက်လို့နေမှာပါ။
တိုက်ပွဲရိုက်ရင်တော့ထားလိုက်လို့ရပါတယ်။

အရည်အသွေးမကောင်းတာကတော့ ဖိုင်ကို အရမ်းချုပ်လိုက်တာဖြစ်မှာပါ။ ဖိုင်ဆိုက်များနေရင် မြန်မာပြည်အင်တာနက်လိုင်းနဲ့က youtube တင်လို့မလွယ်ဘူးလေ

ဘာပဲဖြစ်ဖြစ် နည်းစံနစ် သုံးတတ်ဖို့လိုပါတယ်။format factory လို သုံးရင် ရနိုင်ပါတယ်။
ကင်မရာကျတော့ သာမာန်လည်း ကြည်ပါတယ်။

KSMofBaltimore said...

I guess some camcorders they used may not have image stabilization feature. ( or the feature is turned off by mistake.)
There will be a way to get financial support to get better quality camcorder if there is a will to get it.
The image blur and shaking camera affect will be there no matter what size of file if it was captured that way. The quality video will still be quality video even the resolution is reduced.
We all agree that the technical training may be lacking in Myanmar for BurmaVJ volunteer but we appreciate the effort put out by those people.

Exploring 3D World said...

Sanpo Eightlay Sanpay Eightlo. This is our Burmese saukkyin.
If you get rice you ask more. Please give me a bag. If you received a bagful of rice you will say Please do something, the bag is so heavy.