Sunday, January 29, 2012

အမေရိကန်သို့ မထွက်ခွာမီ ဇာဂနာ ဘာတွေလုပ်သွားခဲ့သလဲ (ဓာတ်ပုံသတင်း)

ဦးဇာဂနာ အမေရိကန်ခရီးစဉ် စတင်ထွက်ခွာပါပြီ။
သင်တန်းဆင်း ဒါရိုက်တာများရဲ့လက်ရာ လှေသမား၊ ဘတ်စ်ကားမှတ်တိုင်၊ လမ်းပုံပြင်၊ ကောင်မလေးတယောက်အကြောင်း ဇာတ်ကားလေးကားကို အမေရိကန်နိုင်ငံမှာ ပြဖို့ ယူဆောင်လာခဲ့ပါပြီခင်ဗျာ။
မိတ်ဆွေများခင်ဗျား … ဒီနေ့ပဲ အမေရိကန်နိုင်ငံကို စတင်ထွက်ခွာပါပြီ။ အခွင့်သာရင် တွေ့ကြတာပလေ။
The Art of freedom Film festival ပြိုင်ပွဲ ဆန်ကာတင် အဆင့်ရောက်လာတဲ့ ဒါရိုက်တာ ၂၀ ဦးကို အမေရိကန်ဒါရိုက်တာ ဂျွန်ဆစ်စကယ်၊ မစ်ချယ်ဘလော့နဲ့ စန်ဒရာရပ်ရှ်တို့ ၂ ပတ်ကြာ သင်တန်းပို့ချခဲ့ရာမှာ ဒီနေ့ (၂၈-၁-၂၀၁၂) ပဲ သင်တန်းဆင်းခဲ့ပါတယ်။
စာအုပ်မိတ်ဆက်ပွဲမှာ နှုတ်ဆက်စကား ပြောနေကြပုံ (၀ဲမှ ယာ) ဇာဂနာ၊ မျိုးကိုမျိုး၊ မောင်လွင်မွန်(ကသာ)၊ ဌေးကြွယ်၊ မင်းကိုနိုင်၊ ဂျင်မီနဲ့ မြင့်ဝင်းမောင် (၂၇-၁-၂၀၁၂)
ဌေးကြွယ်က နှုတ်ဆက်စကား ပြောနေပုံ
၁၉၈၈ ခုနှစ်အရေးတော်ပုံမှာ ၅ည နဲ့ ထောင်ကျသွားတဲ့ ကျောင်းသားခေါင်းဆောင်တယောက်အကြောင်းကို နိုင်ငံရေးအကျဉ်းသားဟောင်း မျိုးကိုမျိုးက ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ရောင်းရငွေရဲ့ ၃၅% ကိုတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် လှူမှာပါ။ ဒီနေ့ (၂၇-၁-၂၀၁၂) စာအုပ်မိတ်ဆက်ပွဲကို စာပေလောကမှာ လုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးနဲ့ မင်းကိုနိုင်၊ ဇာဂနာတို့ တွေ့ဆုံစဉ် (၂၆-၁-၂၀၁၂)။
ရသအလင်းမှတဆင့် လှူဒါန်းတဲ့ ခြောက်သောင်းတထောင်ကျပ်နဲ့ ဒေါ်မိုမိုတို့ သူငယ်ချင်းတစုက လှူဒါန်းတဲ့ ကျပ်ရှစ်သောင်းလေးထောင်တို့ကို မဂ္ဂင်ဆရာတော်ထံ ပေးပို့လှူဒါန်းခဲ့ပါတယ် (၂၆-၁-၂၀၁၂)။
ရသအလင်းမှတစ်ဆင့် ကိုနေမျိုးဇင်ကို မဥမ္မာကျော်က စင်ကာပူ ၁၃၀ လှူဒါန်းခဲ့ပါတယ် (၂၆-၁-၂၀၁၂)။
ရသအလင်း ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းလိုက်တဲ့ (ကိုတင်မောင်ဆွေ၊ ကိုသက်နောင်၊ ဦးသန်းလွင်၊ ရဲရင့်ပို့ဆောင်ရေး) တို့ရဲ့ အလှူငွေ စင်ကာပူ ၈၀၀ ကို နာရေးကူညီမှုအသင်းသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်။ သာဓုခေါ်နိုင်ကြဖို့ပါ (၂၆-၂-၂၀၁၂)။
NLD ပညာရေးရန်ပုံငွေအတွက် ရသအလင်းဖောင်ဒေးရှင်း (စင်ကာပူ) မှ လှူဒါန်းတဲ့ အလှူငွေ ၁၄ သိန်း၂ သောင်း ခုနှစ်ထောင်ကို ဦးဝင်းထိန်က လက်ခံခဲ့ပါတယ် (၂၅-၁-၂၀၁၂)။
(Photo - Maung Thura's Facebook)

No comments: