- နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ရွေးချယ် click
- NLD စာစောင်သစ်ထုတ် click
- ဇန်န၀ါရီလ ၁၆ ရက် တမိနစ် သတင်းဗွီဒီယို click
- မဂ္ဂင်ကျောင်းမှာ အရှင်ဂမ္ဘီရနဲ့ ဆရာတော်တွေ ပြန်လည်သီတင်းသုံး click
- ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဇာဂနာကို ဖိတ်ကြား click
- ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် မေးခွန်းအချို့ click
- သမ္မတဦးသိန်းစိန်အတွက် ကျေးဇူးတင်လွှာ (ရုပ်သံ) click
- မြန်မာ့တိုးတက်မှုတွေကို စောင့်ကြည့်နေ အမေရိကန်အမတ် ပြော click
- မြန်မာပြုပြင်ပြောင်းလဲမှု လမ်းမှန်ကို ဦးတည် click
- ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ အမေရိကန် ဆီနိတ်တာ ပြော click
- မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကို ကင်တားနား စောင့်ကြည့် click
- ရွှေည၀ါဆရာတော်အတွက် သာဓုခေါ်ဆိုခွင့် click
- မြန်မာအစိုးရနဲ့ SSA တောင်ပိုင်း သဘောတူညီချက်အသစ် လက်မှတ်ရေးထိုး click
- ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နဲ့ SSA တောင်ပိုင်း လက်မှတ်ထိုး click
- အပစ်ရပ်ပြီး ကလေးစစ်သား၊ အလုပ်သမားအရေး အလေးပေးရန် အစီရင်ခံစာဆို click
- ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ click
- နောက်ကြောင်း ပြန်မလှည့်ကြေးနော် ဗိုလ်ဖင်တွန့် (သရော်စာ) click
- အုတ်ဖုတ်လုပ်သား နှစ်ထောင်ကျော် အလုပ်လက်မဲ့အရေး ရင်ဆိုင်ရနိုင် (ရုပ်သံ) click
- ကျောက်စိမ်းတွင်းမှ ပြေးလာသော အလုပ်သမားများကို ဒေသခံတို့ ရိက္ခာပေးဝေ (ဓာတ်ပုံသတင်း) click
- ကျောက်မျက်ပြပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်မှာ စိုးရိမ် click
- ပြိုင်တူ တွန်းလျှင် ရွေ့နိုင်သည် တေးစီးရီး ထွက်ရှိ click
- မသိနားမလည်မှုကြောင့် ကြုံရတဲ့ အန္တရာယ် click
- ပြောင်းလဲနေတဲ့ ကျနော်တို့ကမ္ဘာကြီး၊ ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာများ (ဆောင်းပါး) click
- မန်းတက္ကသိုလ်က ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) (ဆောင်းပါး) click
- ဆီးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ဘန်ကီမွန်း တိုက်တွန်း click
- လစ်ဗျားမှာ လက်နက်ကိုင်တွေကြောင့် ပြည်တွင်းစစ် ဖြစ်နိုင် click
- ပါကစ္စတန်ဝန်ကြီးချုပ်ကို ရုံးတော် ဆင့်ခေါ် click
- ပါကစ္စတန်ဝန်ကြီးချုပ် တရားရုံးမှာ စစ်ဆေးခံမည် click
- EU စီးပွားရေးကယ်ဆယ်ရေးအဖွဲ့ အဆင့်လျော့ သတ်မှတ်ခံရ click
- အမေရိကန် စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ် click
- Huntsman ၀င်မပြိုင်ဘဲ နောက်ဆုတ်ပြီ click
- ဆန္ဒပြခေါင်းဆောင်ကို တရုတ်ကျေးရွာ အကြီးအကဲခန့် click
- လန်ဒန်မြို့မှာ တရုတ်ယွမ်ငွေဈေးကွက် ဖွင့်မည် click
- အေပီသတင်းဌာန မြောက်ကိုရီးယားမှာ စဖွင့် click
- အပျော်စီးသင်္ဘော တိမ်းမှောက်မှု စုံစမ်းစစ်ဆေးပြီ click
Tuesday, January 17, 2012
Subscribe to:
Post Comments (Atom)
1 comment:
သတိရကြပါဦး။
ဗိုလ်ချုပ်ခင်ညွန့်က နိုင်/ကျဉ်းလား?
၁၉၈၈ နဝတ အာဏာရကတည်းက
ဆန္ဒပြခဲ့တဲ့ အပြစ်မဲ့သူများကို
ရန်သူသဖွယ် ညသန်းကောင်မှာ
တစ်အိမ်တက်ဆင်းလိုက်လံရှာ
ဖမ်းဆီးနှိပ်စက် ထောင်ချ
( ဒုတိယကမ္ဘာစစ်တုန်းက
ဂျာမဏီမှာဂက်စ်တာပိုတွေ
ဂျူးနဲ့ပိုလန် တွေကိုလိုက်သလိုမျိုး)
ထောင်ကလွတ်လာရင်
လူတောမတိုးရဲ၊ကိုယ့်အသက်မွေးကြောင်းလုပ်
ကိုင်စားခွင့်ပြန်မရ၊ကျောင်းပြန်တက်ခွင့်မရ
ပြည်သူကို '' ချဲထီ'' နဲ့စနစ်တကျ
အောက်တန်းကျအောင်လုပ်
ထောင်ကပြန်လွတ်လာလို့ဘာမှလုပ်ကိုင်စားခွင့်
မရလို့ စားဝတ်နေရေးအတွက်ချဲထိုးပြန်တော့
ဒီမိုကရေစီကြောင့်ထောင်ကျဖူးသူဆို
လောင်းကစားပုဒ်မနဲ့ထောင်ထဲပြန်ထဲ့
သူတို့ ထောက်လှမ်းရေးကို ဆက်ကြေးပေးထားတဲ့
ဒိုင်တွေဆို တိုက်ဆောက် ကားစီး
ဂိုဏ်းစတားလိုနေ၊ရပ်မိရပ်ဖခန့်။
ဒါထောက်လှမ်းရေးခေါင်းဆောင်ကြီးဖန်တီးခဲ့တာပဲမဟုတ်ပါလား?
ပညာရေးကိုစနစ်တကျဖျက်စီး၊
စစ်တက္ကသိုလ်ကလေအေးပေးစက်နဲ့
လွိုင်ကော်ကျောက်ပြားခင်းနဲ့
အင်မတန်သွားရေးလာရေးကောင်းတဲ့
သာယာတဲ့နေရာတွေမှာ
ငါတို့တွေရဲ့ ရန်ကုန် မြို့လည်က တက္ကသိုလ်တွေကို
လယ်ကွင်းထဲပို့၊သွားရေးလာရေးအဆင်မပြေအောင်ထား
တက္ကသိုလ်ကျောင်းသားဆိုတဲ့မာန်ကိုဖျက်စီး၊
စာမတတ်ပဲ၊ရက်ပိုင်းနဲ့စာမေးပွဲအောင်တဲ့စနစ်
ဆရာ/မ တွေရဲ့ ကိုယ်ကျင့်သိက္ခာနဲ့စေတနာကိုလည်း
ဘဝပေးဝမ်းရေး အခြေအနေနဲ့ဖျက်ဆီး။
ရန်ကုန်တက္ကသိုလ်တွေမှာလူလာစုရင်
ဒီပညာတတ်ကလေးတွေကြောင့် ငါတို့လက်တစ်ဆုပ်စာ
ဘူဇွာ၊မင်းဆွေမင်းမျိုး၊ အာနာရှင်တို့ရဲ့ စည်းစိမ်တော့
ပျက်ရချေရဲ့ဆိုတဲ့အကြောက်တရားကြောင့်
''လူတိုင်းပညာတတ်စေချင်တဲ့စေတနာ'' ဆိုတဲ့
သကြားအုပ်ထားတဲ့တမာစကားနဲ့
မြို့သေးနယ်သေးတွေရဲ့နယ်စွန်နယ်ဖျားမှာ
တစ်ခါဆောက်ပြီးပြန်လှဲ့မကြည့်တော့တဲ့
မပြည့်စုံသော အမည်ခံတက္ကသိုလ်များဆောက်
ဘဏ္ဍာတစ်ဝက်ကို ဆိုင်ရာများအိပ်ကပ်ထဲထဲ့
ကျောင်းသားများက ကိုယ့်တက္ကသိုလ် သွားရာ
လမ်းတစ်လျှောက်မှာ ''ငါဟဲ့တကက္ကသိုလ်ကျောင်းသား''လို့
မဝင့်စားရဲပဲ လမ်းတစ်လျှောက် ဝဲယာမှာရှိနေတဲ့
သားသတ်သမားများရှိရာရပ်ကွက်၊အရက်ပုန်းကိုဆက်ကြေး
ပေးပြီးပြောင်ပြောင်တင်းတင်းချက်ရောင်းကာ
လူမိုက်မွေးနေထိုင်တဲ့ရပ်ကွက်၊တွေကို ကြောက်ရွံ့စိတ်တွေတွေခေါင်းငုံ့ဖြတ်သန်းတက်ခဲ့ရပြီး
သိမ်ငယ်စိတ်တွေကို သွတ်သွင်းပေးခဲ့တာလည်း
ဒီ '' ပညာရေးကော်မီတီ ဥက္ကဌကြီး'' ပဲမဟုတ်ပါလား?
သေနပ်ကိုင်တဲ့ သူပုန်ဆိုတာငါတို့ရဲ့ရန်သူမဟုတ်ဘူး၊
ညီရင်းအစ်ကိုတွေ၊ ဒါကြောင့်နင်တို့ရနေတဲ့
ဘိန်း၊ကျောက်စိမ်း၊ကျွန်း ငါတို့လဲပေး
နင်တို့လဲ ကြိုက်ရာလုပ် ငါတို့ကိုမတိုက်နဲ့၊
ငါတို့လဲနင်တို့ကိုမတိုက်တော့ဘူး။
ကျောင်းသားကတော့ငါတို့အစိုးရရဲ့ရန်သူ
ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ရေးဖခင်
သခင်အောင်ဆန်း လည်း ရန်ကုန်တက္ကသိုလ်ကထွက်တာ
စစ်တက္ကသိုလ်ကမဟုတ်ဘူး။
ဒါ့ကြောင့် ကျောင်းသားနိုင်ငံရေးမလုပ်ရဲအောင်နှိပ်ကွပ်၊
ကျောင်းသားလက်နက်ကိုင်တွေကိုသတ်။
(လက်နက်ကိုင်သူပုန်ကတော့ ညီရင်းအကိုနော်)
ဒါတွေစီစဉ်ခဲ့တာလဲ
''နယ်စပ်ရေးရာနဲ့တိုင်းရင်းသားဖွံ့ဖြိုးရေးကော်မီတီ''
ရဲ့ဥက္ကဌကြီး ဖြစ်တဲ့ မူလအစ န၊ဝ၊တ ရဲ့
အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်ပဲမဟုတ်ပါလား?
ပြောကြကြေးဆို အဲဒီ န၊ဝ၊တ စတုန်းက
ဗိုလ်ချုပ်သန်းရွှေဆိုတာ ဘာမျှအရေးမပါခဲ့တဲ့လူပဲ။
တစ်ကဲ့ ဒီလို ကြိုးကိုင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့
ဗိုလ်ချုပ်ခင်ညွန့်လွတ်တာကို
'' မင်းကိုနိုင်'' လွတ်သလိုကြိုဆိုကြသူများကိုတော့
အတော်အံ့ဩမိပါရဲ့။
ဘာတဲ့ ''ဒေါ်အောင်ဆန်းစုကြည်လိုပြောရဲဆိုရဲသူတစ်
ယောက် လွှတ်တော်ထဲရောက်သွားမှာကိုထောက်ခံတယ်''
ဆိုလား၊
ဒါဆို သူအာဏာရှိစဉ်တုန်းက ဘာလို့မထောက်ခံခဲ့လဲ?
'' မီဒီယာတွေလည်းလွတ်လပ်ခွင့်ရလာပြီဆိုတော့
ကိုယ်တို့လည်းပြောစရာရှိရင် မီဒီယာတွေကနေပြောမယ်''
ဆိုလား၊
သူအာဏာရှိနေတုန်းကဘယ်မီဒီယာကိုများပြည်သူလွတ်လပ်စွာ
သုံးခွင့်ရခဲ့လဲ?
နာရေးကြော်ငြာတောင် ပြန်စဉ်းစားဦး။
သတိရကြပါဦး။
မမေ့ကြနဲ့ဦး။
Post a Comment