Sunday, January 22, 2012

မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ရေးတို့အတွက် ရည်စူး၍ ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအင်အားစုများ ရွှေတိဂုံဘုရားတွင် ဆီမီးပူဇော်

(Photo - Yangon Media Group)

3 comments:

yoo said...

သတင်းစာရှင်းလင်းပွဲလုပ်၊ သဘောထားထုတ်ပြန်ချက်
တွေထုတ် ပြီးသကာလ..
ဝေဖန်သံတွေ ထွက်လာတော့..
ကုလားချွတ်ပရား လဲ ကိုယ့်ဆရာသမားတွေရဲ့ သဘောထား ဖတ်ကြည့်မိတော့တယ်..။
၁။....

အားရို ရို....ချွတ်ပရားပဲ လူမျိုးခြားဖြစ်လို့ 
ဗမာစာ မကျွမ်းတာပဲလား မသိဘူး..။
သဘောထားအချက် ၁ ကလဲ မိတ်ဆက် တာချည်း
ဖြစ်နေတယ်။ ထားပါလေ...။

၂။..လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် (ခံစားခဲ့ကြရပြီး) ဖြစ်သည်...တဲ့ ...၊
အဘားရေ...(ခံစားနေရသည်) ဖြစ်ရမှာပေါ့ ..။

၃။ ယနေ့အချိန်အထိ.......ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်..တဲ့။

(လက်ရှိကာလတွင်)..ဒါမှမဟုတ်..
(ယနေ့ အချိန်ကာလတွင်)...လို့ 
ဆိုရင် ပို သင့်မယ်။

၎။ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။
၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။

အချက် ၅။ ပါ (အမျိုးသား အင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်)၊

အချက် ၈။ ပါ (နိုင်ငံတော် သမ္မတ
ဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော် အင်အားစု၊ နိုင်ငံရေး ပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့
လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ
ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့်
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်၊)

အချက် ၄ နဲ့ အချက် ၅၊၈ အကြား...
တူ တာ၊ မတူတာ တွေ ဖြစ်လာလို့ ကတော့..
ဂျွမ်း ပစ်နေမှာ မြင်ယောင်သေးတယ်။

ခုလို အချိန်ကာလမျိုးမှာ...
အချက် ၄၊၅၊၈ ကို ပေါင်းပြီး သဘောထား
ထုတ်သင့်တယ် ထင်တာပဲလေ..၊
ဆိုလိုတာက..
(ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ
ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့်
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်)..ဆိုတာမျိုးပါ။

ဒေါ်စုတို့ လဲ ဒီတစ်ခေါက် နိုင်/ကျဉ်း အလွှတ်မှာ
ငြိမ် နေကြတယ်။ စောင့်ကြည့်နေတာပေါ့ လေ။
အနိုင်ကျင့် အကျဉ်းသား မောင်ခင်ညွှန့် ကို
သွားတွေ့ တဲ့  ဒီမိုငတုန်း ကို ကမ်းလှမ်းတာ၊
ဟိုက ငြင်း လိုက်တော့ သူတို့ အတွက်သင်ခန်းစာပေါ့။

SAW said...

“ ဒေါင်း ” ကို ကြိုးမချည်ဘဲ ကြိုးဖြုတ်ပေးလိုက်ပါပြီ

ဒေါင်း တို့ ဟာ-

လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြ သူတွေဖြစ်ပါတယ်။ ဒီနေ့ ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေ၊ ဒေါင်းတို့ကိုယ်တိုင် လက်တွေ့ ခံစားနေရတဲ့ လွတ်လပ်မူ အသီးအပွင့်တွေဟာ ဒေါင်းတို့  လုပ်လို့  ဖြစ်လာတာ မဟုတ်ပါဘူး။ လမ်းပြမြေပုံ ၇ ချက်က ထွက်လာတဲ့ အသီးအပွင့်တွေပါ။

ပြည်သူလူထုက ၈၈ ဆိုရင် ခေါင်းပြတ်တွေ နဲ့ တွဲမြင်ကြတယ်။ ဒီရုပ်ပုံကို ပြည်သူတွေရဲ့  မျက်စိထဲကထွက်အောင် ပျောက်အောင်ဘဲ အရင်လုပ်အုံး။ ၈၈တွေလုပ်လို့  ပြည်သူတွေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ တိုးတက်လာတယ် ဆိုတာဘဲ မြင်ချင်တယ်။
ဒီတစ်ခါ ဒေါင်းတွန်သံကပြည်သူတွေ တိုးတက်ကောင်းမွန်ဖို့ ဘဲ ဖြစ်စေချင်တယ်။

Ba said...

၈၈တုန်းက ငါတို့ဒီမိုကရေစီ ပဲတောင်းခဲ့တယ်။
တို့အားလုံး ပညာတတ်တွေကွ။
ဂိုဒေါင်တွေမဖောက်ခဲ့ဘူး၊
ခေါင်းမဖြတ်ခဲ့ဘူး၊
ကိုယ့်ရပ်ကွက်၊ကိုယ့်မြို့၊ကိုယ့်ရွာငြိမ်းချမ်းအောင်
ကိုယ်တိုင်စောင့်ရှောက်ခဲ့တယ်ကွ။
ထောင်ထဲက နှစ်ကြီးသမားတွေကို
စိတ်ကြွဆေး ထိုး၊တိုက်ပြီး
ခိုးဆိုးလုယက်တိုက်ခိုက်ခေါင်းဖြတ်ဖို့
စီစဉ်ပြီးလွှတ်လိုက်တဲ့ ထောက်လှမ်းရေးတပ်ရဲ့
အကြီးအကဲ ညွန်မှူးကဘယ်သူတုန်း?၈၈တုန်းက ငါတို့ဒီမိုကရေစီ ပဲတောင်းခဲ့တယ်။
တို့အားလုံး ပညာတတ်တွေကွ။
ဂိုဒေါင်တွေမဖောက်ခဲ့ဘူး၊
ခေါင်းမဖြတ်ခဲ့ဘူး၊
ကိုယ့်ရပ်ကွက်၊ကိုယ့်မြို့၊ကိုယ့်ရွာငြိမ်းချမ်းအောင်
ကိုယ်တိုင်စောင့်ရှောက်ခဲ့တယ်ကွ။
ထောင်ထဲက နှစ်ကြီးသမားတွေကို
စိတ်ကြွဆေး ထိုး၊တိုက်ပြီး
ခိုးဆိုးလုယက်တိုက်ခိုက်ခေါင်းဖြတ်ဖို့
စီစဉ်ပြီးလွှတ်လိုက်တဲ့ ထောက်လှမ်းရေးတပ်ရဲ့
အကြီးအကဲ ညွန်မှူးကဘယ်သူတုန်း?