Friday, January 6, 2012
ရန်ကုန်တိုင်း တွံတေးမြို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ ဆန္ဒပြ
Posted by ဒေါက်တာလွဏ်းဆွေ at 6:03 PM
Labels: ဗွီဒီယိုမှတ်တမ်း
Subscribe to:
Post Comments (Atom)
Posted by ဒေါက်တာလွဏ်းဆွေ at 6:03 PM
Labels: ဗွီဒီယိုမှတ်တမ်း
5 comments:
နိုင်ငံရေးအကျဉ်းသားတွေ ဘယ်တော့လွှတ်မလဲ ဆိုတော့ ကျွန်တော့အမြင်---
ဒေါ်စု လွှတ်တော်ထဲရောက်ပြီး ၅ညတို့၊ အိလက်ထရောနစ်တို့ ပယ်ဖျက်ဖို့ အဆိုတင်၊ တမတ်သား နဲ့ ကြံဖွံ့ အမတ်မင်းများက တခဲနက် ထောက်ခံ၊ သမ္မတကြီးက ပဏာယူအတည်ပြုပြီး လွှတ်။ ကမ္ဘာက ဩဘာပေး။ ဆန်ရှင်တွေ ရုတ်သိမ်း။ အမေရိကန်နဲ့ အဆင်ပြေ။ အားလုံး သပိတ်ဝင် အိတ်ဝင်ဖြစ်ပြီဆိုမှ NLD ကို တဖြည်းဖြည်း ဝက်အူကျပ်၊ တမတ်သား နဲ့ ကြံဖွံ့ အမတ်မင်းများက စိတ်ကြိုက်ချယ်လှယ်၊ ...... ဒါတွေဟာ စီမံကိန်းပါ...
အခု အရွေ့အားလုံးဟာ အစိုးရအကွက်ထဲ NLD ဝင် ကစားတာပါ။ NLD အတွက် ပြန်လည်ထူထောင်ဖို့ time & space အတွက် အလဲအထပ်လုပ်တာပါ။
တဖက်က ဒေါ်စုရဲ့ အစွဲအလမ်းပါ။ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်ဆိုပြီး ငယ်ကတည်းက ချစ်စိတ်နဲ့ "သူတို့တွေလည်း ကိုယ့်လူမျိုးမို့ မျိုးချစ်စိတ်ရှိနိုင်တယ်၊ ယုံကြည်မူ ထူထောင်ပြီး ဖျောင်းဖျမယ်။ အတိတ်အတွက် စိုးရိမ်မူတွေကို အာမခံမယ်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန့်စားပြီး ကျားမြွှီးဆွဲတာပါ။
တကယ် ပြည်ချစ်စစ်သား၊ ပြည်ချစ်အမတ်မင်း မှန်ရင် ဒီလို ကောက်ကောက်ကွေ့ကွေ့ ညဏ်စိညဏ်နက်ထုတ်ရန် မလိုပါ။ နိုင်ငံတကာရှေ့ အားလုံး စုံညီ ဆွေးနွေး၊ လက်မှတ်ထိုး သဘောတူလိုက်ရုံပါ။
ရှင်းတာကို ရှုပ်အောင်လုပ်တာ အမြတ်ထုတ်ချင်လို့မှတပါး အခြားမရှိပါ။
ယခုငါးနှစ်သက်တမ်းဟာ အစိုးရရဲ့ စနစ်သစ် ပြင်ဆင်ကာလဖြစ်သလို အုပ်ချုပ်ရေး၊ ဘဏ္ဏာရေး စည်းလုံးရေး အားအနည်းဆုံးကာလပါ။
အုပ်ချုပ်ရေးဘက်မှာ အမတ်မင်းများ၊ ဝန်အဖွဲ့များ၊ ဘောင်းဘီဝတ်/ချွတ်များ အာဏာ/လုပ်ပိုင်ခွင့် ခွဲဝေမူ ဖရိုဖရဲ၊
ဘဏ္ဏာရေးဘက်မှာ (သွားလေသူများ သိမ်းကျုံးယူသွား၍) လုပ်ငန်းရှင်ဘဏ်တွေဆီက ချေးငွေယူပြီး ဂုန်းကျော်တံတားဆောက်ရတာမျိုး၊ အရှုံးခံစိုက်ထုတ်ထားပါတယ်ဆိုတဲ့ မီတာခတွေ မနိုင်တော့တာမျိုး၊တွေနဲ့ ဖရိုဖရဲ၊
စည်းလုံးရေးဘက်မှာ တပ်သားတွေ ငတ်ပြတ်နေပြီး တပ်မူးတွေ အရင်စနစ်ဟောင်း ပြန်လွမ်းပြီး မကျေနပ်မူ၊ ပြည်သူတွေရဲ့ သေမထူး နေမထူးစိတ် ပြင်းထန်လာမူ စတဲ့ ဖရိုဖရဲ၊
ဖရိုဖရဲတွေ ကြားကန်ဖို့ ၊ ချွေးသိမ့်ဖို့၊ မျှော်လင့်ချက်တွေနဲ့ အချိန်ဆွဲဖို့၊
ကမ္ဘာကျော် လံကျူပ် ဇတ်လမ်းကပါတော့သည်၊ NLD နဲ အမေရိကန်ကလည်း ကိုယ့်တွတ်ကိန်းနဲ့ကို ဝင်ပါလာတော့ ပွဲကမြိုင်တာပေါ့။...
သေသေချာချာ တွေးကြည့်တော့ သိန်း/သန်း တို့က သူ့လမ်း သူသွားနေတာပါ။အတိတ်ကြောက်(ဒေါသနဲ့) လို့ အာဏာဖက်တွယ်ထားတာ မဟုတ်ပါ၊ အနာဂတ်မက် (လောဘ) ကြောင့် အာဏာဆုပ်ကိုင်ထားတာပါ။
ဒေါ်စုက "လူပြောင်းရန်မလို မူပြောင်းဖို့" ( =value change) ညိနိုင်းတော့ " မတူတာဖယ်၊တူတာတွဲလုပ်" ဖို့ဖြစ်လာကြတာပါ။သဘောက ထိုင်ခုံဖယ်ပေးရန်မလို၊ ဥပဒေပြင်ပေးဖို့နဲ့ ဥပဒေအတိုင်း ကျင့်ဖို့ပါ။ အရမ်းကောင်းတဲ့ အစိအစဉ်ပါ။
ဒါပေမယ့် လက်တွေ့မှာ သူတို့ကိုယ်တိုင် ကိုယ့်ဥပဒေကို ကိုယ်မလိုက်နာချင်၊ ခေတ်ဟောင်း စေတလုံးပိုင်ရှင်တွေလို ဆက်နေချင် တဲ့ လောဘ၊ ဒေါ်စုရဲ့ ဖြူစင်တဲ့ စေတနာကို ပရိယယ်ထင်၊ ကြီးထွားလာတဲ့ လူထုထောက်ခံမူတွေကို လန့်လာတဲ့ ဒေါသတွေနဲ့ လှည့်စားပြီး Sanction ရုတ်အောင်လုပ်၊ နိုင်ငံတကာအမြင် legitimacy ဖြစ်အောင် လုပ်ဖို့ ဦးတည်လာတာပါ။
လွှတ်တော်ထဲ NLD ဝင်၊ ကြံဖွံ နဲ့ တမတ်သား ကြား မဲအင်အားနဲ့ ဖိ၊ကစား။ နိုင်ငံတကာ နဲ့ ပြည်သူအမြင်မှာ ဒီမိုကရေစိလမ်းပေါ် ရောက်ပြီလို့ ပြရုပ်ဖော်ဖို့ ကြံပေမယ့်..... ဒီလွှတ်တော်ဝင်ပေါက်ကို ၈၈ စင်စစ်တွေ ရောက်လာမှာ အကြောက်ဆုံးပဲ။
မကြောက်တတ်တဲ့ ဒေါ်စုရဲ့ အကြောက်ဆုံးအရာက "ပြည်သူနာမှာ အရမ်းစိုးရိမ်" တာပါ။ မိခင်စိတ်ပါ။ (၈၈ စင်စစ်တွေက ဖခင်စိတ်ပါ။) သိန်း/သန်း တိုက မိခင်စိတ်ရှိသူနဲ့သာ ကစားချင်တာပါ။ ဒါဟာ ဆိုက်ဝါး အဖိုးအိုကြီးရဲ့ အကွက်ပါ။
ကျွန်တော်တို့ ယုံခဲ့ကြတယ်။ ဦးသိန်းစိန်မှာ ယုံကြည်ဖွယ်ကောင်းပြီး အာဏာရှိတယ်၊ဦးရွှေမန်းက ရိုးရှင်းတယ်၊ ဦးခင်အောင်မြင့်က ဒေါ်စုကို လေးစားတယ်။ ဒီလိုလူတွေက ဟော.. လူမုန်းတဲ့ ဦးကျော်ဆန်း၊ ဦးတင်အောင်မြင့်ဦး တို့နဲ့ ကွာခြားတယ်။ အပျော့၊ အမာ ကွဲတယ်။.....လို့ မြင်ခဲ့ကြတယ်။ ဒီလူကြီး သုံးဦးမှာ ရှိတဲ့ အာဏာက ဦးသန်းရွှေလို စေတလုံးပိုင် အာဏာမဟုတ်ပါဘူး။
ဦးသန်းရွှေ၊ ဦးနေဝင်းတို့တဦးအာဏာရှင် တွေလို လူတဦးစီ ဗီဇ (DNA)က အဖွဲ့အစည်း ဗီဇ (DNA) ကို လွှမ်းမိုးနိုင်ပုံ မပေါ်ပါဘူး။ အခုဦးသိန်းစိန်တို့က တဦးအာဏာရှင် မဟုတ်ပါဘူး။ တစုအာဏာရှင် ပုံစံပါ။ တစုအာဏာရှင် ပုံစံမှာ တဦးစီက ပြောချင်တာပြောပေမယ့် အဖွဲ့အစည်း ဗီဇ (DNA) အတိုင်း လုပ်ဆောင်ကြမှာပါ။
အပေါ်ယံကြည့်ရင် အချင်းချင်း မတည့်သလို၊ ပြိုင်ဆိုင်နေသလို ရှိပေမယ့် အခြေခံအယူအဆ၊ လမ်းစဉ်က အတူတူပါ။
သူတို့အချင်းချင်း လုပ်တဲ့ Check and Balance ကို မဏ္ဏတိုင် လေးရပ် Check and Balance စင်စစ်လို့ မထင်ကြပါနဲ့။ ဥပဒေပြင်ရေး၊ စိုးမိုးရေး ဆိုးတာ တစုအာဏာရှင်တွေအတွက်လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ပြင်မယ့် ဥပဒေ၊ စိုးမိုးမယ့် ဥပဒေ ကတော့ တစုအာဏာရှင်တွေ အတွက်သက်သက်ပါ။
ဒီစပ်ကူးမတ်ကူးကာလ၊ ပြင်ဆင်ချိန်မှာ သူတို့ ဟန်ချက်မပျက်ဖို့၊ အတိုက်အခံအားတွေကို ထိန်းထားနိုင်ဖို့ NLD နဲ့ ယာယီငြိမ်းချမ်းရေး လိုပါတယ်။ ဒီငါးနှစ်တာကာလ လွန်သွားရင် သူ့တို့စနစ်ကောင်းကောင်း အခြေတည်ပြီလို့ ယူဆပုံပါ။ သူ့တို့မှာ စီမံကိန်းရှိပါတယ်။ ဒါကြောင့် အဖိုးကြီး ဒူးနံ့ပြီး အိမ်ထဲစာဖတ်နေနိုင်တာပေါ့။
True heroes. Salute you all.
Nga Sanay
Post a Comment