Friday, January 20, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၁-၂၀၁၂ - ညပိုင်း)

- ပြန်လွတ်လာသည့်​ သံဃာများ​ကို သိက္ခာထပ်ပွဲ ကျင်း​ပ​ပေး​မည် click
- ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုး (ရုပ်သံ) click
- တရားဝင် အကြောင်းကြားစာနှင့် ကျောင်းထဲကို ဝင်လာတာပါဟု မဂ္ဂင်ဆရာတော် ဦးဣန္ဒက မိန့်ကြား click
- လက်နက်ကိုင်တပ်နှင့်​ ဆက်စပ် ဖမ်း​ဆီး​ခံရသူများ​ ပြန်မလွတ်သေး​ click
- ၉၀ အနိုင်ရ တိုင်းရင်းသားပါတီများ မှတ်ပုံတင်ကြမည် click
- ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၅ မြို့နယ် အစည်းဝေး (ရုပ်သံ) click
- အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် မဲဆွယ်မှု ပဲခူး​တိုင်း​တွင် စတင်လှုပ်ရှား​ click
- ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်က အရွေးခံမယ့် ဦးဖြိုးမင်းသိန်း (ရုပ်သံ) click
- လွှတ်တော်ရဲ့ အခန်းကဏ္ဍ (အင်တာဗျူး) click
- ပြည်ပအတိုက်အခံများကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းပြီ click
- တိုင်းသိပြည်သိ တန်းတူရည်တူ တိုက်ရိုက်ဖိတ်ခေါ်မှုက စတင်ရမယ် (ဆောင်းပါး) click
- “တကယ် ငြိမ်းချမ်းရေး ရချင်ရင် အားလုံးနဲ့ စကားပြော” (အင်တာဗျူး) click
- ပြည်သူတွေ ယုံကြည်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေဆက်လုပ်ရမလဲ (ဆောင်းပါး) click
- သမ္မတ ဦးသိန်းစိန်၏ အကျိုးမရှိ ကချင်ထိုးစစ် ရပ်ဆိုင်းအမိန့် click
- စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းစေလိုကြောင်း ဦးသိန်းစိန် ပြော click
- EU ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းဖွယ်ရှိ click
- မြန်မာအစိုးရတပ် ခမရ ၃၂၁ က တရုတ်နိုင်ငံသားတဦးကို သတ်ဖြတ် click
- က​လေး​စစ်သား​ကို ပြန်​တွေ့သော်လည်း​ ​ခေါ်ယူရန် ခက်ခဲ​နေ click
- “ကလေးစစ်သား မရှိစေရတော့” ဟု မြန်မာအစိုးရကိုယ်စားလှယ် ပြော click
- ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်းထုတ်ပြန်ချက် click
- ကမ္ဘာလှည့်မယ့် ဇာဂနာ တစေ့တစောင်း click
- သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးကျော် ကွယ်လွန် click
- “အဘ” နဲ့ သူ၏ စာမျက်နှာများ click
- ဂျာနယ်မင်းသားကြီး ဦးခင်ညွန့်၊ ဘယ်ဟာရှားသလဲ စံရတီမိုးမြင့်နဲ့ ခြေစမ်းပွဲကန်မယ့် ဇေယျာသော် click
- မေးခွန်းထုတ်ခံနေရတဲ့ အပြောင်းအလဲ (ဆောင်းပါး) click
- လိမ္မော်ရောင် စာမျက်နှာများ (ဆောင်းပါး) click
- မြန်မာဒုက္ခသည်၊​ အလုပ်သမား​များ​နှင့်​ ပတ်သက်ပြီး​ နှီးနှောဖလှယ်ပွဲ ကျင်း​ပ click
- ဆင်း​ရဲမွဲ​တေမှု​ လျှော့​ချ​ရေး​စီမံကိန်း​ အ​သေး​စား​ချေး​ငွေ လိုအပ်သူများ​ထံ မ​ရောက် click
- မူစယ်မြို့ ရွှေဆိုင်ပိုင်ရှင်တဦး သိန်းထောင်ချီတန်ဖိုးရှိ ရတနာများ ဓားပြတိုက်ခံရ click
- နတ်ထိပ်ရွာသူကြီးနှင့် ရွာသား ၂ ဦး ပြန်လည်ရောက်ရှိ click
- အခြေအနေမကောင်းတဲ့ ရန်ကုန်က ၈ ထပ်တိုက် (ဓာတ်ပုံသတင်း) click
- မပြိုခင် အက်ကြောင်း ကြိုမြင်နေရတဲ့ အလုံက ၈ ထပ်တိုက် (ရုပ်သံ) click
- ရေသန့်ရှားပါးသည့် အရပ်ဒေသများအတွက် ရေသန့်နည်းပညာသင်တန်း (ရုပ်သံ) click
- ၀န်ကြီး၊ ညွှန်မှူးများနဲ့ ဂေါက် (ပေးစာ) click
- ကျောင်းတွင်း ဒီမိုကရေစီ (၁၉၅၂ ခု ထုတ် စာအုပ်) click
- အိမ်ကလေး - ၁၃ (၀တ္ထုတို) click
- စစ်ပွဲကြီးတွေ ပြီးတဲ့ခါ (ကဗျာ) click
- အိမ်အပြန်လမ်းဟာ ကွေ့ကောက်လွန်းတယ် (ကဗျာ) click
- ၂၀၁၂ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ click

4 comments:

Watcher said...

ဝေဖန် အကြံပြုလိုပါသည်…….
“မြန်မာသံ တေးသီချင်းတွေကို နှစ်သက်မြတ်နိုးသူလို့ လူအများပြောကြတဲ့ ဦးခင်ညွန့်ဟာ မြန်မာ့ရိုးရာ ဆိုကရေးတီး ပြိုင်ပွဲတွေကိုလည်း စတင်ဖော်ထုတ် ကျင်းပပေးတဲ့ ပိုင်အိုးနီးယားကြီး ဖြစ်တဲ့အပြင် မြန်မာသံ အနုပညာသမားတွေကို နေရာပေး လုပ်ကိုင်ခွင့်တွေ ပေးထားသူလို့လည်း ဆိုနိုင်ပါတယ်။”
……အနည်းဆုံးတော့ ဦးခင်ညွန့်ဟာ မြန်မာ့ရိုးရာကို ချစ်မြတ်နိုးသူလိုပြောလို့ရပါသေးတယ်…
တိုင်းတပါးကို လည်း ထွက်မပြေးခဲ့ပါဘူး..(အဖမ်းခံရမယ်ဆိုတာသိသိကြီးနဲ့).. တရုပ်ပြည်က ပြန်လာခဲ့တယ်လေ…လုပ်ရဲရင် ခံရဲတယ်……
ဦးခင်ညွန့် ဆိုတာရှိခဲ့လို့ မြန်မာပြည်သူတွေ အင်တာနက်ဆိုတာ သိခဲ့ရတယ် မဟုတ်လား… သူ့မိသားစု စီးပွာရေး ဆိုပေမယ့်.. တိုင်းပြည်အတွက်တော့ အကျိုးရှိခဲ့ပါတယ်…. ဘယ်အရာမဆို ယုံကြည်မှုရှိတဲ့သူ ကိုဘဲ လုပ်ခိုင်းရမှာပေါ့……. သား သမီးဆိုတာ ကိုယ့်အတွက် အယုံကြည်ရဆုံးပဲလေ….
မြန်မာပြည်သူတွေကလဲသိခဲ့ကြပါတယ်….ဗိုလ်ချုပ်ခင်ညွန့် ကနေ ဦးခင်ညွန့် လို့တောင် ပြောင်းခေါ် ခဲ့သေးတာဘဲ…..
တချိန် တခါကတော့.. ဆရာပေါင်းမှားခဲ့တာပါ…. အဇာတသတ်တောင်မှ ဒေ၀ဒတ်ကို ဆရာတင်မိလို့ မှားခဲ့တာဘဲ…… ခွင်လွှတ်သင့်ရင် ခွင်လွှတ်ရမှာဘဲ……
ဦးခင်ညွန့်လောက် တော်တဲ့သူ… နိုင်ငံရေးကျွမ်းကျင်တဲ့သူ… နိုင်ငံတကာမှာ ၀င်ဆံ့တဲ့သူ.. ယခု နိုင်ငံရေး သမားတွေထဲမှာ ဘယ်လောက်ရှိလို့လဲ…. တယောက် ၂ ယောက်လောက်နဲ့ တိုင်းပြည် တခုလုံးကို ဦးဆောင် လို့ မရနိုင်ပါဘူး… တော်တဲ့သူကို လက်တွဲခေါ်ရမှာဘဲ…. တတ်တဲ့သူကိုလုပ်ခိုင်းရမှာဘဲ.. ကိုယ် ကိုယ်တိုင် ဘာမှ မတတ်ဘဲနဲ့ ဆရာကြီး ၀င်လုပ်လို့မရဘူး….
ဇေယျာသော်လို နို့နံ့ မစင်သေးတဲ့သူမျိုးကို ခေါင်းဆောင်ခိုင်းကြမှာလား… သူက ဘာတွေလေ့လာထားလို့လဲ..
နိုင်ငံရေးနဲ့ပတ်သက်လို့ကော… ဘာတွေသိထားလဲ…. သူ့အတွက် နိုင်ငံရေးကို လေ့လာဖို့ လိုပါသေးတယ်… အထင်သေးလို့ ပြောတာမဟုတ်ပါဘူး…. ရင့်ကျက်မှု အတိုင်းအတာတခုအထိ လိုသေးပါတယ်….

Ba said...

သတိရကြပါဦး။
ဗိုလ်ချုပ်ခင်ညွန့်က နိုင်/ကျဉ်းလား?
၁၉၈၈ နဝတ အာဏာရကတည်းက
ဆန္ဒပြခဲ့တဲ့ အပြစ်မဲ့သူများကို
ရန်သူသဖွယ် ညသန်းကောင်မှာ
တစ်အိမ်တက်ဆင်းလိုက်လံရှာ
ဖမ်းဆီးနှိပ်စက် ထောင်ချ
( ဒုတိယကမ္ဘာစစ်တုန်းက
ဂျာမဏီမှာဂက်စ်တာပိုတွေ
ဂျူးနဲ့ပိုလန် တွေကိုလိုက်သလိုမျိုး)
ထောင်ကလွတ်လာရင်
လူတောမတိုးရဲ၊ကိုယ့်အသက်မွေးကြောင်းလုပ်
ကိုင်စားခွင့်ပြန်မရ၊ကျောင်းပြန်တက်ခွင့်မရ
ပြည်သူကို '' ချဲထီ'' နဲ့စနစ်တကျ
အောက်တန်းကျအောင်လုပ်
ထောင်ကပြန်လွတ်လာလို့ဘာမှလုပ်ကိုင်စားခွင့်
မရလို့ စားဝတ်နေရေးအတွက်ချဲထိုးပြန်တော့
ဒီမိုကရေစီကြောင့်ထောင်ကျဖူးသူဆို
လောင်းကစားပုဒ်မနဲ့ထောင်ထဲပြန်ထဲ့
သူတို့ ထောက်လှမ်းရေးကို ဆက်ကြေးပေးထားတဲ့
ဒိုင်တွေဆို တိုက်ဆောက် ကားစီး
ဂိုဏ်းစတားလိုနေ၊ရပ်မိရပ်ဖခန့်။
ဒါထောက်လှမ်းရေးခေါင်းဆောင်ကြီးဖန်တီးခဲ့တာပဲမဟုတ်ပါလား?
ပညာရေးကိုစနစ်တကျဖျက်စီး၊
စစ်တက္ကသိုလ်ကလေအေးပေးစက်နဲ့
လွိုင်ကော်ကျောက်ပြားခင်းနဲ့
အင်မတန်သွားရေးလာရေးကောင်းတဲ့
သာယာတဲ့နေရာတွေမှာ
ငါတို့တွေရဲ့ ရန်ကုန် မြို့လည်က တက္ကသိုလ်တွေကို
လယ်ကွင်းထဲပို့၊သွားရေးလာရေးအဆင်မပြေအောင်ထား
တက္ကသိုလ်ကျောင်းသားဆိုတဲ့မာန်ကိုဖျက်စီး၊
စာမတတ်ပဲ၊ရက်ပိုင်းနဲ့စာမေးပွဲအောင်တဲ့စနစ်
ဆရာ/မ တွေရဲ့ ကိုယ်ကျင့်သိက္ခာနဲ့စေတနာကိုလည်း
ဘဝပေးဝမ်းရေး အခြေအနေနဲ့ဖျက်ဆီး။
ရန်ကုန်တက္ကသိုလ်တွေမှာလူလာစုရင်
ဒီပညာတတ်ကလေးတွေကြောင့် ငါတို့လက်တစ်ဆုပ်စာ
ဘူဇွာ၊မင်းဆွေမင်းမျိုး၊ အာနာရှင်တို့ရဲ့ စည်းစိမ်တော့
ပျက်ရချေရဲ့ဆိုတဲ့အကြောက်တရားကြောင့်
''လူတိုင်းပညာတတ်စေချင်တဲ့စေတနာ'' ဆိုတဲ့
သကြားအုပ်ထားတဲ့တမာစကားနဲ့
မြို့သေးနယ်သေးတွေရဲ့နယ်စွန်နယ်ဖျားမှာ
တစ်ခါဆောက်ပြီးပြန်လှဲ့မကြည့်တော့တဲ့
မပြည့်စုံသော အမည်ခံတက္ကသိုလ်များဆောက်
ဘဏ္ဍာတစ်ဝက်ကို ဆိုင်ရာများအိပ်ကပ်ထဲထဲ့
ကျောင်းသားများက ကိုယ့်တက္ကသိုလ် သွားရာ
လမ်းတစ်လျှောက်မှာ ''ငါဟဲ့တကက္ကသိုလ်ကျောင်းသား''လို့
မဝင့်စားရဲပဲ လမ်းတစ်လျှောက် ဝဲယာမှာရှိနေတဲ့
သားသတ်သမားများရှိရာရပ်ကွက်၊အရက်ပုန်းကိုဆက်ကြေး
ပေးပြီးပြောင်ပြောင်တင်းတင်းချက်ရောင်းကာ
လူမိုက်မွေးနေထိုင်တဲ့ရပ်ကွက်၊တွေကို ကြောက်ရွံ့စိတ်တွေတွေခေါင်းငုံ့ဖြတ်သန်းတက်ခဲ့ရပြီး
သိမ်ငယ်စိတ်တွေကို သွတ်သွင်းပေးခဲ့တာလည်း
ဒီ '' ပညာရေးကော်မီတီ ဥက္ကဌကြီး'' ပဲမဟုတ်ပါလား?
သေနပ်ကိုင်တဲ့ သူပုန်ဆိုတာငါတို့ရဲ့ရန်သူမဟုတ်ဘူး၊
ညီရင်းအစ်ကိုတွေ၊ ဒါကြောင့်နင်တို့ရနေတဲ့
ဘိန်း၊ကျောက်စိမ်း၊ကျွန်း ငါတို့လဲပေး
နင်တို့လဲ ကြိုက်ရာလုပ် ငါတို့ကိုမတိုက်နဲ့၊
ငါတို့လဲနင်တို့ကိုမတိုက်တော့ဘူး။
ကျောင်းသားကတော့ငါတို့အစိုးရရဲ့ရန်သူ
ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ရေးဖခင်
သခင်အောင်ဆန်း လည်း ရန်ကုန်တက္ကသိုလ်ကထွက်တာ
စစ်တက္ကသိုလ်ကမဟုတ်ဘူး။
ဒါ့ကြောင့် ကျောင်းသားနိုင်ငံရေးမလုပ်ရဲအောင်နှိပ်ကွပ်၊
ကျောင်းသားလက်နက်ကိုင်တွေကိုသတ်။
(လက်နက်ကိုင်သူပုန်ကတော့ ညီရင်းအကိုနော်)
ဒါတွေစီစဉ်ခဲ့တာလဲ
''နယ်စပ်ရေးရာနဲ့တိုင်းရင်းသားဖွံ့ဖြိုးရေးကော်မီတီ''
ရဲ့ဥက္ကဌကြီး ဖြစ်တဲ့ မူလအစ န၊ဝ၊တ ရဲ့
အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်ပဲမဟုတ်ပါလား?
ပြောကြကြေးဆို အဲဒီ န၊ဝ၊တ စတုန်းက
ဗိုလ်ချုပ်သန်းရွှေဆိုတာ ဘာမျှအရေးမပါခဲ့တဲ့လူပဲ။
တစ်ကဲ့ ဒီလို ကြိုးကိုင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့
ဗိုလ်ချုပ်ခင်ညွန့်လွတ်တာကို
'' မင်းကိုနိုင်'' လွတ်သလိုကြိုဆိုကြသူများကိုတော့
အတော်အံ့ဩမိပါရဲ့။
ဘာတဲ့ ''ဒေါ်အောင်ဆန်းစုကြည်လိုပြောရဲဆိုရဲသူတစ်
ယောက် လွှတ်တော်ထဲရောက်သွားမှာကိုထောက်ခံတယ်''
ဆိုလား၊
ဒါဆို သူအာဏာရှိစဉ်တုန်းက ဘာလို့မထောက်ခံခဲ့လဲ?
'' မီဒီယာတွေလည်းလွတ်လပ်ခွင့်ရလာပြီဆိုတော့
ကိုယ်တို့လည်းပြောစရာရှိရင် မီဒီယာတွေကနေပြောမယ်''
ဆိုလား၊
သူအာဏာရှိနေတုန်းကဘယ်မီဒီယာကိုများပြည်သူလွတ်လပ်စွာ
သုံးခွင့်ရခဲ့လဲ?
နာရေးကြော်ငြာတောင် ပြန်စဉ်းစားဦး။
သတိရကြပါဦး။
မမေ့ကြနဲ့ဦး။။

Ba said...

ဗိုလ်ချုပ်ခင်ညွန့်ကားအလွန်တော်သောထောက်လှမ်းရေးပင်
သူ့ထောက်လှမ်းရေးညွှန်ချုပ်
အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း
မပေါ်သောအမှုဆိုလို့ တစ်ခု ( တစ်ခု ) သာ
လျှင်ရှိခဲ့ပေသည်။
ထိုအမှုသည်ကား ---------------
အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးလုပ်ကြံ
ခံရမှုများနှင့်ပါတ်သက်၍သာတည်း။
ကျန်အရေးကြီးအမှုများအားလုံး ဖော်ထုတ်
နိုင်ခဲ့သည် သာပင်။
ကြိုတင်တော့မကာကွယ်နိုင်ခဲ့ပါချေ။
မြို့တော်ကြီးမှာ ဗုံးကွဲသည်၊
အပြစ်မဲ့ ပြည်သူများသေကြေ ဒါဏ်ရာရ
သည့်အခါလည်းရှိသည်၊တစ်ခါတစ်ရံပျက်စီး
ဆုံးရှုံးမှူလောက်သာဖြစ်သည်။
တစ်ပါတ်ခန့်ကြာလျှင် ထိုတရားခံလက်သည်များကို
ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင် သတင်းစာများမှာ
ဝေဝေစာစာပါလာပေပြီ။
ထို့နောက် သတင်းစာရှင်းလင်းပွဲကြီးအကြီးအကျယ်
ကျင်းပပေပြီ။
ထိုတရားခံများကား နယ်စပ်ဘယ်စခန်းမှာ
ဘယ်ဖောက်ခွဲရေးသင်တန်းတက်ပြီး၊
ဘယ်သူ၏စေခိုင်းချက်ကြောင့်၊ဘယ်သူနှင့်
ဘယ်လိုဆက်သွယ်ကာ၊ဘယ်နှစ်ရက်နေ့က
ဘယ်နေရာမှာ ဘယ်လို ဖောက်ခွဲ (သို့မဟုတ်)
ဖောက်ခွဲရန်စီစဉ်ခဲ့ကြောင်း၊စသည်စသည်ဖြင့်
အကြားအမြင်ရ ပုဂ္ဂိုလ်များသဖွယ် သတင်း
ဖော်ပြပေတော့သည်။
ဖြစ်ပြီးဒီလောက်ရက်ပိုင်းအတွင်း ဒီလောက်
အတိအကျ ဖော်ထုတ်နိုင်ရဲ့သားနဲ့တောင်
တစ်ခါမှ ကြိုတင်မတားဆီးနိုင်ခဲ့ပါလား။
တရားခံများကိုလည်း လျှောက်လဲ၊ခုခံ
ချေပခွင့်မပေး အကျင်းချုံ့ တရားစီရင်ကာ
ကြီးလေးသော ပြစ်ဒါဏ် များချမှတ်ပြစ်လိုက်ပေတော့သည်။
ထိုတရားခံများကား မည်သူများနည်း?
အားလုံးလိုလိုမှာ ဒီမိုကရေစီရေးအတွက်
အပ်တိုတစ်ချောင်းမျှမကိုင်ပဲ စွန့်လွှတ်အနစ်နာခံ
လှုပ်ရှားနေကြသူတွေချည်းသာပင်။
သူတို့၏သတင်းတွေထဲဖော်ပြထားသော
အချို့စွတ်စွဲချက်များဆိုလျှင် ထိုအစွတ်စွဲခံရသူများ
ကိုယ်တိုင်ပင်လျှင် မမြင်ဖူး၊မတွေ့ဖူး၊မကြားဖူး
မရောက်ဖူး၊မကိုင်တွယ်ခဲ့ဖူးပါပေ။
ထိုသူများအားလုံးလွတ်ကြပေပြီလား?
၁၉၉၀ ရွေးကောက်ပွဲတွင်ရွေးကောက်ခံ
အဖွဲ့ချုပ်ဝင်ကိုယ်စားလှယ်များအကြောင်းပြန်စဉ်းစားပါဦး။
မိမိမြို့အိမ်၊မိမိမြို့ရွာမှာမနေရဲ၊
မိမိရဲ့မိသားစုနဲ့ဝေးရာပြေးရှောင်၊
စီးပွါးပျက်၊ဘဝပျက်၊ကျီးလန့်စာစား၊
ဘဝမပျက်ခံချင်ရင် ထောက်လှမ်းရေးကိုတိုးလျှိုးတောင်းပန်၊
''မိမိဆန္ဒအလျှောက်အရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ
လည်းကောင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ
လည်းကောင်းနှုတ်ထွက်ကြောင်း'' ဝန်ခံလက်မှတ်ထိုး
လူ့သိက္ခာညိုးနွမ်းခဲ့ရ၊
အဲလိုမှမလုပ်ရင်ထောင်ထဲရောက်၊
ဘဝပျက်ခဲ့ရ။
ဒါတွေဘယ်သူစီစဉ်ညွန်ကြားခဲ့တာလဲ?
၁၉၈၈ နဝတ နဲ့၁၉၉၂ နဝတ မှာ
ဗိုလ်ချုပ်စောမောင်နဲ့ဗိုလ်ချုပ်သန်းရွှေ ဥက္ကဌ
အပြောင်းအလဲတစ်ခုပဲရှိတယ်
အတွင်းရေးမှူးတစ်ကတော့ မင်းသားကြီးပဲ။
နောက်တစ်ခု ဗိုလ်ချုပ်ခင်ညွန့်
ဘာ့ကြောင့်အဖမ်းခံရတာလဲ?
ဒီမိုကရေစီလိုလားလို့လား?
ဒီမိုကရေစီဘက်တော်သားမို့လား?
ဒီမိုကရေစီတောင်းလို့လား?
ဒီမိုကရေစီကိုကာကွယ်လို့လား?
လုံးဝလုံးဝပဲ။
သူတို့အချင်းချင်းအဝေမတဲ့ရာကနေ
''ဘယ်သူခွဲခွဲတို့မကွဲအမြဲစည်းလုံးမည်''
ဆိုတဲ့တပ်မတော်ကြီးပြိုကွဲပြီး
အဆီတစ်ထပ်၊အသားတစ်ထပ်ရှိနေတဲ့ တန်ခိုးအာဏာကို
သူတို့လက်တစ်ဆုပ်စာလူတစ်စုလက်ထဲကလုယူဖို့ကြံလာလို့
လက်ဦးသူဆော်ကြေးဆိုတဲ့ ဥပဒေအရ
ဥက္ကဌကြီးရဲ့ နှိပ်ကွပ်ချင်းကိုခံခဲ့ရတာမဟုတ်လား?
၂၀၀၄ တုန်းက ဗိုလ်ချုပ်သူရရွှေမန်း က သူ့ရဲ့ခမီးခမက်
ဇေကမ္ဘာခင်ရွှေအမှူးပြူသော သူကြွယ်ကြီးများကိုဖိတ်ကြားပြီး
''စစ်ထောက်လှမ်းရေးများရဲ့အနိုင့်အထက်ပြုကျင့်ခံရမှုများ
ချိန်းခြောက်ခံရမှုများရှိလျှင်တိုင်ကြားနိုင်ပါတယ်'' ဆိုတဲ့
သတင်းစာရှင်းလင်းပွဲမိန့်ခွန်းအရ ဒီမိုကရေစီအရေးကြောင့်
နစ်နာဆုံးရှုံးသူ ဘယ်သူတွေများ အရော်အစားပြန်ရခဲ့ပါသလဲ?
တိုင်ကြားသူတွေတောင်ထပ်ပြီး သတိပေးခံရ၊အရေးရူခံရနဲ့ပါ။
ပြန်စဉ်းစားပါဦး၊
သတိရပါဦး၊
မမေ့ကြပါနဲ့ဦး

yoo said...

(ငါတို့တွေရဲ့ ရန်ကုန် မြို့လည်က တက္ကသိုလ်တွေကို
လယ်ကွင်းထဲပို့၊
သွားရေးလာရေးအဆင်မပြေအောင်ထား၊
တက္ကသိုလ်ကျောင်းသားဆိုတဲ့မာန်ကိုဖျက်စီး။

တစ်ခါဆောက်ပြီးပြန်လှဲ့မကြည့်တော့တဲ့
မပြည့်စုံသော အမည်ခံတက္ကသိုလ်များဆောက်
ဘဏ္ဍာတစ်ဝက်ကို ဆိုင်ရာများအိပ်ကပ်ထဲထဲ့)

၂၀၀၄ သြဂုတ်လလောက်မှာ ပညာရေးကော်မီတီ ဥက္ကဌကြီး မောင်ခင်ညွှန့် ကို ကျွေး လိုက်တာ
စော သွားပေလို့ ပေါ့ ။
နောက်ကျသွားလို့ ကတော့...
လက်ရှိ ကမာရွတ်က တက္ကသိုလ်တစ်ဝင်းလုးံ
မရှိတော့ဘူး။
အမှတ်တရ ဓာတ်ပုံ ပဲ ကျန်တော့မှာ။

၁၉၈၈ ကနေ ၂၀၀၄၊ (၁၆)နှစ် တာ ကာလ
အတွင်း ကျုးလွန်ခဲ့တဲ့ သူ့ ရဲ့  ပြစ်မှုတွေ ကို
မေ့ ဖို့ ရန် အကြောင်းမရှိ။
သမိုင်းမှတ်တမ်းတင်ဖို့  ဆက်လက်ဆောင်ရွက်ရန် သာလိုသည်။

လွတ်လာအပြီး မီဒီယာများတွင် သူ၏ပြောဆိုချက်များကို သေချာလေ့လာလျှင်
လှည့် ဖျားမှု အရိပ်အယောင်များ စတင်တွေ့ နေရပြီဖြစ်သည်။

(၁၆)နှစ် တာ ကာလအတွင်း
ကျုးလွန်ခဲ့တဲ့ လုပ်ဆောင်ချက်များကိုတော့ ဖုးံကွယ်ထားပြီး..
နိုင်ငံအတွက် ရှေ့ ဖြစ်ဟောကိန်းများကို
စတင်ထုတ်ဖော်ဖွင့်လှစ်ပြနေတော့....
ဒုက္ခ ပါပဲ ပြောရမလို ဖြစ်နေပြီ။