Sunday, January 15, 2012
Subscribe to:
Post Comments (Atom)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
10 comments:
လေးစားပါတယ် ကိုမင်းကိုနိုင်။
ကိုမင်းကိုနိုင်ရေ ...... မတိတ်နိုင်တဲ့ မျက်ရည်တွေကို ....မဲဆောက်တိတ်နိုင်က တိတ်နိုင်မယ်တဲ့..... ဒါပေမရ့် အစ်ကိုတို့လွတ်လို့ တိတ်နိုင် ထမင်းငတ်ပြီး မျက်ရည်ကျတာ ဘယ်သူသုတ်ပေးမလဲနော်....ဟင့်....ဟင့်
ကို မင်းကိုနိုင်က ရုပ်ရှင်ရိုက်သင့်ပါတယ်။ ပြောပုံ ဆိုပုံက နိုင်ငံရေးထက် စာသံ ကဗျာသံပိုပါနေလို့ပါ။ ကိုမင်းကိုနိုင် အားသန်တာက လူအုပ်စုများများရအောင် လှုံ့ဆော်ရေးစကားပြောတာပါ။ စကားလုံးလှလှ နဲ့ လူအုံလူများလာအောင် ဆွဲဆောင်ပြောဆို နိုင်တဲ့ဘက်ကို အားပိုများ ပါတယ်။ ကိုဇာဂနာရဲ့ နောက်မှ လွှတ်ပေးရတဲ့ အကြောင်းအရင်းက အဲဒါပါ။ သရုပ်ဆောင်ပါ ပိုကောင်းရင် နိုင်ငံကျော် ရုပ်ရှင်မင်းသားချော ဖြစ်နိုင်ပါတယ်။ ယနေ့အထိ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံ ရေးတစ်ခုခုအတွက် တာဝန်ယူမယ် ဆိုတဲ့ ခံယူချက်မျိုးတွေ ပြောစကားထဲမှာ မတွေ့ရသေးပါဘူး။ ၈၈ တုံးက ဒီမိုကရေစီ ဆိုတာကို englishလိုသိရုံနဲ့ ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုပြီး အသံတွေဝင်အောင် အော်ဟစ်တောင်းဆိုခဲ့ဘူးတယ်။ (၈၈ အကြောင်းကို မသိဘူးလို့ ထင်မှာ စိုးလို့ထည့်ပြောတာပါ။)။ လူစိတ်ဝင်စားတာကို အခွင့်ကောင်းယူပြီး ပေါ်ပြူလာဖြစ်အောင် ထပ်လုပ်မယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးအတွက် လွတ်လပ်စွာ လှုပ်ရှားရမယ့်အချိန်တွေ နှမြောဖို့ကောင်းပါတယ်။ ယနေ့မြန်မာ့လွှတ်တော်ဟာ ဘယ်သူ ဘယ်ဝါတွေရဲ့ကြိုးနဲ့မှာ ချည်နှောင် မထားပါဘူး။ တကယ့်ဝါရင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်တောင် လွှတ်တော်ထဲကနေ ပြည်သူတွေအတွက် အလုပ်လုပ်ဖို့ပြင်ဆင်နေချိန်မှာ ကိုမင်းကိုနိုင်က ဘယ်နေရာကနေ တာဝန်ယူမလဲဆိုတာ ကျွန်တော်သိချင်နေပါတယ်။ (မှားယွင်းမှုရှိရင် ခွင့်လွှတ်ပါ။ ကျေနပ်မှုမရှိရင် တုံ့ပြန်ရေးသား နိုင်ပါတယ်။ ယခင်စစ်အစိုးရ လုပ်ရပ်တွေကို လက်မခံနိုင်လို့ သူတို့နဲ့ဝေးရာကို လာပြီး အလုပ်လုပ်နေသူပါ။) ကျေးဇူးတင်ပါတယ်။
You are great leader KO Min Ko Naing
Real leader is the one who loves people and whom is loved by people. Nobody can deny Ko Min Ko Naing's selflessness and perseverance for our country.
ကိုမင်းကိုနိုင်ပြောသလို နိုင်ငံတကာအဆင့်
ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များအနေနဲ့ အသိအမှတ်ပြုဖို့လိုအပ်သလို နိုင်ငံတကာအဆင့်
ရောက်နေပြီဖြစ်တဲ့ ကိုမင်းကိုနိုင်ကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်၊ ဒါ့အပြင် လူထုဖက်ကအမြဲရပ်တည်တဲ့ ကိုမင်းကိုနိုင်အနေနဲ့ နိုင်ငံတာဝန်တခုခုကို ထမ်းဆောင်ဖို့ လူထုကတောင်းဆိုလာပြီဆိုရင် လက်ခံသင့်တယ်လို့ ယူဆပါတယ်၊ အခုလိုအရေးကြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကိုမင်းကိုနိုင်တို့ ၈၈ကျောင်းသားတွေအားလုံး နိုင်ငံနဲ့ပြည်သူတွေအတွက် ပိုပြီးလုပ်ပိုင်ခွင့်ရှိတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူသင့်တယ်လို့ ယူဆပါတယ်။
ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့လို့ စည်းကမ်းရှိတဲ့နိုင်ငံရေးသမားတွေ အများကြီးလို့အပ်ပါတယ်။အမိမြန်မာပြည်ကြီးအတွက်ပေါ့နော်.........အရာရာကိုပါ...နုတ်၏ယဉ်ကျေးခြင်း၊တဖက်အတိုက်အခံပေါ်လေးစားမှုရှိခြင်း၊တကယ်ကို လေးစားမိပါတယ်.......။အကိုတို့ရယ်...........။
ကိုရင် တို့ရေ
ကိုမင်းကိုနိုင် ဘာလုပ်ပြမလဲ ဆိုတာ တကယ်သိချင်တယ်
ဆိုရင် ခဏတော့ စောင့်ကြည့်ပေးပါဦး။ ဒီအချိန်မှာ ကိုရင်တို့ ဒီပုံစံမျိုး ၀င်ပြီး ရေးတာတွေ မေးတာ တွေက တမင်သက်သက် လူလည်ဝင်ကျ သလိုမျိုး ဖြစ်မနေဘူးလား။ ရှက် ရှက်
ကိုရင်ရေ . နိုင်ငံရေးဆိုတာဘာလဲ၊ဘယ်လဲဆိုတာ အလွန်နက်နဲပါတယ်. လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်လည်းရှိပါတယ်။တကယ်တော့ လူထုကအဆုံးအဖြတ်ပေးမှာပါ။ ရေရှည်ပဲကြည့်ကြတာပေါ့။ အပြောသမားလား၊အလုပ်သမားလား။ယခုအချိန်မှာတော့ဒိုင်ယာလော့ခ်သက်သက်မရတော့ပါဘူး။ ပြည်သူကိုကိုယ်စားပြုတယ်ဆိုရင်တော့ စီတန်းလှည့်လည်ဆန်ဒပြရုံနဲ့မရတော့ပါဘူး။ပြည်သူတွေကလည်း ငြိမ်းချမ်းစွာအသက်ရှင်ရပ်တည်ရေးရုန်းကန်နေရတာပါ။ ပြည်သူဘ၀ထင်ဟပ်မယ့်အလုပ်တွေလုပ်ပြရတော့မှာပါ။ အစိုးရမလုပ်နိုင်တဲ့လုပ်ရပ်တွေမှာကိုယ်ကိုယ်တိုင်ပြည်သူအတွက်အထောက်အကူပြုလုပ်မလား၊ဥပမာ- ကိုကျော်သူတို့လိုပေါ့၊ လက်တွေ့သမားပဲဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသားဒေသတွေမှာဖြစ်နေပျက်နေတာတွေ၊ဆင်းရဲမွဲတေမှုလျှော့ချရေး၊ဖိနှိပ်အနိုင်ကျင့်မှုကင်းတဲ့လွတ်လပ်တဲ့လူမှုဘ၀ကိုပဲမျှော်လင်တာပါ။
ကိုယ်မလုပ်နိုင်တာလုပ်တာလေးစားစရာပါ။
တကယ်တော့ကိုမင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်တို့ဆိုတာ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်မဟုတ်ပါဘူး၊ ၈၈ ဦးဆောင်ကျောင်းသားများအဖွဲ့ပဲဖြစ်သင့်ပါတယ်။ ၈၈ မှာဒီလူတွေပဲဦးဆောင်ဦးရွက်ပြုခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေပါ။ အဲဒီနဲ့အတူ လူ့ဘောင်သစ်အဖွဲ့က မိုးသီးဇွန်၊ မိုးဟိန်း၊ မြင့်ဇော် တို့လည်း ၈၈နဲ့အတူဦးဆောင်သူတွေပါဘဲ။အဲဒီတော့ကိုယ်မလုပ်နိုင်တဲ့အလုပ်၊ကိုယ်မစွန့်စားရဲတာကိုစွန့်စွန့်စားစားလုပ်ခဲ့တာသမိုင်းမှတ်တိုင်ရှိပြီးသားသူတွေကို လေးစားရမှာပါ။
Post a Comment