Sunday, January 22, 2012

ဇာဂနာရဲ့ “ဘာဘာညာညာ ဇာဂနာ - အပိုင်း (၁)” - ခွင့်လွှတ်ခြင်း သင်ခန်းစာ

9 comments:

Weik Zar said...

ပေါတာကြီး နင်ကသာ ခွင့်လွှတ်နေ၊ကိုသက်နွယ်
မနေ့ကဆုံြး့ပီး။၁၃ ရက်နေ့ကမှလွတ်တာ။
နင့်အဘနဲ့သူ့လူတွေက
၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့
မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ်
တသက်တကျွန်း ချခဲ့တာလေ။
ချီးကျွေးပြီးတောင်စစ်ခဲ့တာ။သူ့အမ
ကိုသွားမေးကြည့်၊ခွင့်လွှတ်နိုင်မလားလို့။

Thu said...

'အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ဘူး" (မဟတ္တမဂန္ဓီ)

Zagana said forgive to all without memory, good EQ and bad IQ director of Bogyoke movie. A sign of Myanmar inferiority.

http://www.weeklyeleven.com/index.php?option=com_content&view=article&id=11981%3A2012-01-20-08-47-13&catid=78%3A2009-11-13-06-25-17&Itemid=135
ခွင့်လွှတ်တယ်၊ မေ့ပစ်ဖို့တော့မဟုတ်ဘူး

Thu said...

နောက် ဦးခင်ညွန့်က အကယ်ဒမီနဲ့ ပတ် သက်ပြီးလည်း ထိုက်ထိုက်တန်တန် မှန်မှန်ကန်ကန် လုပ်ပေးခဲ့တယ်။ အဲဒီဟာတွေက အစ်မရဲ့ ရင်ထဲမှာ ကျေးဇူးရှိတဲ့ လူတစ်ယောက်လို့ မြင်တယ်။ သူ လွတ်မြောက် လာတော့ အရမ်းဝမ်း သာတယ်။ ဒါ့ကြောင့် သွားတွေ့တာပါ” ဟု ၄င်းက ပြောသည်။(ဒါရိုက်တာ ကြည်ဖြူသျှင်). ဦးဇင် ဝိုင်းကလည်း ”ဦးခင်ညွန့်က ရုပ်ရှင် လောကမှာ ကောင်းကျိုးတွေ ပြုခဲ့တယ်ဆိုပြီး တွေ့ချင်တယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကလည်း ဦးခင်ညွန့်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးလို့ မြင်ဖူးချင်တဲ့ အတွက် ဦးသူရတို့နဲ့ လိုက်ခဲ့တာပါ။ (ဒါရိုက်တာ ကြည်ဖြူသျှင်) http://popularmyanmar.com/mpaper/archives/35054

Set Htun said...

Very sad to see Bogyoke movie directors' shallow attitude, and appreciate on Tha Zoe's openness and honesty : ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ (သားစိုး)

Set Htun said...

'အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ဘူး" (မဟတ္တမဂန္ဓီ)
We proud to Zaganar who is noblest man than that of Ghandi.

myochitnanda said...

ဇာဂနာ ပြောသွားတာလဲ "ခွင့်လွှတ်တယ်- ဒါပေမယ့် ခံခဲ့ရတာတွေတော့ မေ့သွားမှာမဟုတ်ဖူး " ဆိုတာ ပါ.. ကိုယ်တိုင် သွားလို့  ကိုယ်တိုင်ုကားခဲ့တာပါ.. ဇာဂနာနဲ့  အမြင်သဘောမတူတာတွေ အများအပြားရှိပေမယ့် ဒီခံယူချက်တော့ လေးစားစွာနဲ့  သဘောတူပါတယ်.. ကျွန်တော်တို့  တနိုင်ငံလုံးအတွက်၊ ခင်ဗျားတို့ -ကျွန်တော်တို့ ရဲ့  လူထုအကျိုးအတွက်ပဲ ဦးတည်ုကရအောင်လား.. ဇာဂနာခံခဲ့ရတာ၊ ကိုသက်နွယ် ဘ၀ပျက်ခဲ့ရတာတွေကို ဆန်စေု့ကက်ကောက် လိုက်လုပ်မနေပဲ (သူ့ အမခွင့်မလွှတ်နိုင်တာလည်း သူ့ အမဖြစ်နေတာကိုးဗျ- လူတွေကိုး၊ ကိုသက်နွယ်ဆုံးတဲ့ကိစ္စ ကို unknown နဲ့  သူ့ အမ ဘယ်သူပိုခံစားရမယ် ထင်သလဲ ?)... ကျွန်တော့်ကိုယ်ပိုင်အမြင်နဲ့  ပြောမယ်ဆိုရင် ကိုဇာဂနာ မှားသွားတာက ခင်ညွန့် ကို ကိုယ်တိုင်သွားတွေ့ လိုက်တာပါ... ကျန်တာတွေ ခွင့်လွှတ်ုကပါ... ခွင့်မလွှတ်တော့ရော ဘာတွေလုပ်နိုင်၊ ဘာတွေလုပ်လို့ ၊ ဘာတွေဆက်ဖြစ်ုကမှာလဲ ? နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်သူတွေ အဓိက ခံစားရမှာလဲ ? ဒီလိုနဲ့  ကိုယ့်အချင်းချင်း ခွက်စောင်းတွေခုတ် (စစ်တပ်ကို ဘာမှလုပ်မရလို့ )၊ေုကငြာချက်တွေထုတ်၊ သံရုံးတွေရှေ့  အာကွဲအောင်အော်၊ အဘတော် အမေရိကန် လည်း မကယ်နိုင်၊ အင်္ဂလန်ဘိုးဘိုးလည်း မဆွဲရဲပဲ၊ အလှူရှင်တွေကျေးဇူးနဲ့  မဟာတော်လှန်ရေး ထိပ်သီုးကီးတွေလည်း မယားတွဲလောင်း-သားတွဲလောင်းနဲ့  လောကစည်းစိမ်သစ်တွေကိုခံစား၊ ပြည်တွင်းက အတိုက်အခံသမားတွေမှာ ထောင့်အပြင်- စစ်ခွေးတိုက်ရော- စိတ္တဇဆေးရုံအပြင်- သင်းချိုင်းတွေမှာ ဘ၀ဆုံးသွာုးကတာ အရိုးတွေမှ ပုံလို့ ... ပြည်သူတွေမှာ နိုင်ငံရပ်ခြားမှာ ခွေးတိုးဝက်ဝင် ရှာဖွေရှင်သန်နေုကရတာ... တော်ုကပါတော့ ကိုဒီမိုအရေခြုံကီးများ၊ စစ်မှန်ပါတယ်ဆိုတဲ့ တော်လှန်ရေးသမာုးကီးများ- တော်တာပဲ လှန်ုကပါ... မတော်တရော်တွေ မတွေး၊မလုပ်ုကပါနဲ့ ... လူသားတွေပီပီ အမှားတွေ ရှိုကပါလိမ့်မယ်- အပြုသဘောနဲ့  ထောက်ပြုကပါ... နှစ်ဖက်တွေးပါ... မတုံုးကပါနဲ့ ... ချွန်ုကပါ...စစ်အစိုးရလောက် ခေါင်းမရှိပဲ စစ်အစိုးရကို တော်လှန်ဖို့  မုကိုးစားပါနဲ့ ... ကိုယ့်ကိုကိုယ်၊ ကိုယ့်အဖွဲ့ အစည်းကို အရည်အချင်းပြည်အောင် အရင်လုပ်ပြီးမှ သူတပါးကို ကူညီဖို့  တော်လှန်ရေးလုပ်ပါ... မဟုတ်ရင် တော်လှန်ရေးနာမည်ပျက်တယ်... ခွင့်လွှတ်ချင်ချင် မလွှတ်ချင်ချင်- ခွင့်လွှတ်လိုက်ပါ- ဘယ်သူ့ အတွက်လဲ- ပြည်သူလူထုအတွက်- ပိုမိုကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်အတွက်... ခွင့်မလွှတ်နိုင်တော့ရော- ဘာလုပ်ုကမှာလဲ ? ဘော်ဒါတွေကို ဖုန်းဆက်ခေါ်- ဘီယာဆိုင်သွား ရင်ဖွင့်ပေါက်ကွဲ... မူးမူးနဲ့ အိပ်ပြန်လာ အင်တာနက်မှာ ကွန်မန့် တွေလျှောက်ရေး... သောက်တလွဲတွေလုပ် ... အဲသလိုနဲ့  မိုးချုပ်.... တကယ့်တော်လှန်ရေး စ.....

Xplode said...

ကို ဇာကနားဂျီး...

Watcher said...

myochitnanda ပြောသွားတာ အရမ်းကောင်းပါတယ်... ဘာမှ ထပ်ရေးစရာ မရှိအောင် ပြည့်စုံပါတယ်... Like.. so much...

Khin maung Kyi said...

ခင်ညွန့်ကိုခွင့်လွှတ်သင့် မသင့်ဆိုတာ ကိုတော့မစဉ်းစားပါ။ ဦးနေ၀င်းကစလို့ စိန်လွင်၊ စောမောင်၊ ခင်ညွန့်၊ မျိုးညွန့်၊ သန်းရွှေ နဲ့ တကွ စစ်ယူနီဖေါင်းချွတ်ပြီး အရပ်သားအစိုးရ အယောင်ဆောင်ထားကြတဲ့ အခုလက်ရှိ စစ်ဗိုလ်ချွတ်ကြီးများရဲ့ မြန်မာပြည်ကိုဖျက်ဆီးခဲ့ကြပုံတွေ၊ မြန်မာတိုင်းရင်းသားပြည်သူအပေါင်းအပေါ်ဘယ်လို ဘယ်လောက် ရက်စက် ယုတ်မာ ကောက်ကျစ်စဉ်းလဲစွာ ပြုလုပ်ခဲ့ကြတယ်ဆိုတာကို ကျွန်မရဲ့ သားသမီး မြေးမြစ် ကစလို့ ကိုယ်လက်လှမ်းမှီသမျှ နောင်လာ နောက်သားများကို ပြောပြပါမှ၊ တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့တဲ့ ကျွန်မဘ၀ အတွက်ဖြေဆည်နိုင်မှာပါ။