Monday, January 9, 2012

မြန်မာအပေါ် ဒဏ်ခတ်ဖို့ ဒေါ်စု တောင်းဆိုခဲ့သလား

မြန်မာအပေါ် ဒဏ်ခတ်ဖို့ ဒေါ်စု တောင်းဆိုခဲ့သလား
ဒိန်ဖန်ခူး

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားသည့် အကြောင်းအမျိုးမျိုးအနက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဖို့ တောင်းဆိုခဲ့သည့် သာဓကရှိသည်။ သို့သော် နောက်ပိုင်းမှာ အန်အယ်လ်ဒီက စီးပွားရေး ပိတ်ဆို့ဖို့ မတောင်းဆိုခဲ့သယောင် အန်အယ်လ်ဒီမှ ထုတ်ပြန်ချက် ထုတ်ခဲ့ဖူးသည်။ သမိုင်းကြောင်း ရှင်းစေရန် ပြန်ကြည့်မည်။

အန်အယ်လ်ဒီသည် စီးပွားရေးပိတ်ဆို့မှုတွေ မတောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ် ဧပြီင်္လမှာ ပြောသည့် စကားကို ကိုးကားပြီး အန်အယ်လ်ဒီ၏ တချိန်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေချိန်ဖြစ်သည့်အတွက် မီဒီယာတွေက ဒေါ်စုကို ထိုအချိန်က မေးခွင့်မရခဲ့ပေ။

ဒီမိုကရေစီရေး ထောက်ခံသူတွေကို စစ်အစိုးရက ဖမ်းဆီးနေသည့်အတွက် စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) လုပ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်။

၁၉၉၇ ခု ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရေးအတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည့်အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ ၃ ရက်နေ့စွဲပါ ရန်ကုန်က လာသည့် အေပီသတင်းမှာ အောက်ပါအတိုင်း ဖော်ပြထားသည်။

Burma's Suu Kyi Urges Sanctions
Monday, February 3, 1997 4:53 pm EST

RANGOON, Burma (AP) -- Nobel Peace Prize-winner Aung San Suu Kyi appealed Monday for international sanctions against Burma's military regime, saying it has arrested scores of pro-democracy supporters since quelling a student uprising.

More than 100 people -- double the number acknowledged by the government -- have been arrested in the wake of the December student protests, including 52 supporters of her National League for Democracy, Suu Kyi said. After secret trials, Burma announced it had sentenced 34 people to seven-year prison terms for fomenting the protests, Burma's most significant demonstrations since an uprising against military rule in 1988. Sanctions are essential given ``large-scale repression of the democracy movement,'' Suu Kyi told reporters, who were given a rare chance to meet with her in what has been increasing government restrictions on her movements.

Security officials checked journalists' identifications before allowing them past the government barricades around the lakeside home of Suu Kyi, winner of the 1991 Nobel Peace Prize for her efforts to bring democracy to Burma. Plainclothes officers took photographs of those entering.

Burma's ruling State Law and Order Restoration Council, which succeeded an earlier military regime in 1988 after gunning down thousands of protesters, has opened the economy to foreign investment after years of isolation.

Suu Kyi rejected the argument that foreign investment in Burma will raise living standards and freedom.

``The reason why we want sanctions is because what the international investment is doing now is putting more and more money into the pockets of a small privileged group, who become more keen on preserving the status quo,'' she said.

She also praised the ``great perseverance and courage'' of supporters who have gathered at the Shwedagon pagoda, Rangoon's holiest shrine, in recent weeks in the vain hope she would appear to speak.

``We think that every single person who turns up for the weekend has 10,000 behind him or her,'' she said.

Inside the compound, about 20 party supporters made preparations for a celebration Suu Kyi plans to hold Feb. 12 for Union Day, marking a pact signed by anti-colonial leaders against British rule.

Suu Kyi expressed hope that 4,000 to 5,000 people would come -- more than the regime has allowed her to meet in months.

She faulted the government for the secret trials of those accused in the December protests.

``If the authorities have solid evidence of their guilt, they should have no qualms about making the trials public,'' Suu Kyi said.

The U.S. State Department, in its annual human rights report issued last week, said that such trials in Burma usually are decided in advance and that maltreatment in prison is common.

Burmese Foreign Minister Ohn Gyaw said Saturday the report was ``not duly substantiated.''

The SLORC has curtailed Suu Kyi's movement to the extent possible without formally returning her to house arrest. She was freed from six years of house arrest in 1995. The government has refused her calls for a dialogue. Suu Kyi's supporters overwhelmingly won democratic elections in 1990, but the regime never honored the result.

[Associated Press, 3 Feb 1997].

၁၉၉၆ ခု ဇူလိုင်လတုံးကလည်း အီးယူပါလီမန်အမတ်တွေကို ပြသဖို့ မြန်မာပြည်က ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် ၁၈ ရက်နေ့စွဲပါ ဘရပ်ဆဲက လာသည့် ရိုက်တာသတင်းမှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့သည့်အတွက် အခွင့်ထူးခံလူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး သာမန်ပြည်သူတွေကို မထိခိုက်နိုင်ကြောင်း အီးယူကို ပို့သည့် ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၆ ခုနှစ်က ပြောခဲ့သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် သာမန်မြန်မာပြည်သူကို ထိခိုက်ဖို့မဟုတ်ဘဲ စစ်အစိုးရ၊ စစ်အစိုးရနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ စစ်အစိုးရကို မှီပြီး စီးပွားရှာနေသူများအတွက် ရည်ရွယ်ထားသည့် Targeted Sanctions ဖြစ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။

အဆိုပါ အထောက်အထားတွေအရ အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရအပေါ် နိုင်ငံတကာက ဆန်ရှင်လုပ် ဒဏ်ခတ်ဖို့ တောင်းဆိုခဲ့ကြောင်း ထင်ရှားသည်။

သို့သော် အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေမှ ဆန်ရှင်ဥပဒေ ပြဌာန်းသည့်အခါ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဥပဒေမှာ မဖော်ပြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအပေါ် အခြေခံပြီး စစ်အစိုးရဘက်က ပြောင်းလဲလာအောင် ရည်ရွယ်သည့်အနေနှင့် ဒဏ်ခတ်ကြခြင်းဖြစ်သည်။ ထိုသို့ ဒဏ်ခတ်ရန် ဒေါ်စု တောင်းဆိုခဲ့သည်ကို အကြောင်းပြုပြီး ဆန်ရှင်ပိတ်ဆို့မှုအတွက် ဒေါ်စုမှာ တာဝန်ရှိသည်ဟု စစ်အစိုးရက တစိုက်မတ်မတ် စွပ်စွဲခဲ့သည့်အတွက် ဒေါ်စု ဆန်ရှင်ကျိန်စာသင့်နေရခြင်းဖြစ်သည်။ အမှန်စင်စစ် မြန်မာအပေါ် ဆန်ရှင်ပိတ်ဆို့မှုများအတွက် ဒေါ်စု တဦးတည်းတွင် တာဝန်ရှိသည်ဆိုသည်မှာ မဟုတ်ပါ။ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အဓိကဖြစ်သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှု

မြန်မာစစ်အစိုးရကို အမေရိကန်က စီးပွားရေးဒဏ်ခတ်သည့် အသုံးအနှုန်းကို မြန်မာပြည်သူတွေ ရင်းနှီးပြီးဖြစ်သည်။ သို့သော် မည်သို့မည်ပုံ စီးပွားရေးဒဏ်ခတ်သည်ကို ရှင်းရှင်းလင်းလင်း နားမလည်သူများလည်း ရှိသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ရာတွင် ပုံစံအမျိုးအမျိုးရှိသည်။

ဥပမာ - အမေရိကန်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန် တားမြစ်သည့် ဒဏ်ခတ်မှု (Sanctions for new investment)၊ စစ်အစိုးရပိုင် လုပ်ငန်းများကို ပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာ ဒဏ်ခတ်မှု (Financial Sanctions)၊ ၂၀၀၈ ခုနှစ်မှာ ထပ်မံပြဋ္ဌာန်းသည့် မြန်မာ့ကျောက်မျက်ရတနာများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ပင်သည့် ဒဏ်ခတ်မှု (Block Burma Jade Act)၊ မြန်မာစစ်အစိုးရအား ထောက်ပံ့ပေးနေသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ (ဥပမာ- ဘိန်းဘုရင် လော်စစ်ဟန်နှင့် သား စတီဗင်လော၊ ဦးတေဇ ... စသည်) အား အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းရှင်များနှင့် မဆက်ဆံရမည့်သူများအဖြစ် နာမည်ပျက်စာရင်းသွင်းသည့်နည်း ... စသဖြင့် အမျိုးမျိုးရှိသည်။

၁၉၉၇ ခု မေလ ၂၀ ရက်မှ စတင်၍ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန် တားမြစ်သည့် ဒဏ်ခတ်မှုကို စတင်သည်။ အမေရိကန် သမ္မတဘုရှ်သည် လက်ရှိမြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများအား တိုးချဲ့ထားသည့် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သည်။

ဘုရှ်သည် ထိုဥပဒေပြဋ္ဌာန်းမှု ဖြစ်မြောက်စေရေးအတွက် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် သမ္မတအမိန့်ဒီဂရီတရပ် ထုတ်ပြန်သည်။ ထိုအမိန့်ထဲတွင် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း၊ ပြည်ပသို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တင်ပို့ခြင်းတို့ကို တားမြစ်ခြင်း၊ အမိန့်တည်ပြီး ရက်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံထွက်ကုန်များ အမေရိကန်တင်သွင်းခွင့် တားမြစ်ခြင်း ... စသည်တို့ ပါဝင်သည်။

အမေရိကန်သမ္မတဟောင်း ကလင်တန်၏ သမ္မတအမိန့် ဒီဂရီနံပါတ် ၁၃၀၄၇ ထုတ်ပြန်ခဲ့ချိန် ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကတည်းက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ စတင် အာဏာသက်ဝင်နေပြီဖြစ်သည်။ ထိုအမိန့်အရ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် ထပ်မံပြုလုပ်ခြင်းကို တားမြစ်သကဲ့သို့ အခြားသော နိုင်ငံခြားသား၊ နိုင်ငံခြားအဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း ကူညီပေးမှုကိုလည်း တားမြစ်သည်။ ထိုအမိန့်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) မှ စီရင်သော မြန်မာပိတ်ဆို့မှု စည်းမျဉ်းဥပဒေ (၃၁) (C.F.R)၊ အပိုင်း ၅၃၇ "မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုစည်းမျဉ်းဥပဒေ" ဖြင့် အကောင်အထည်ဖော်သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု စည်းမျဉ်းဥပဒေအရ မြန်မာအစိုးရနှင့် စာချုပ်တရပ် ချုပ်ဆိုခြင်းမျိုးဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတွင်း ရှိနေသော သဘာဝရင်းမြစ်များ (သဘာဝရင်းမြစ်၊ စိုက်ပျိုးရေးဆိုင်ရာရင်းမြစ်၊ စီးပွားရေးဆိုင်ရာရင်းမြစ်၊ ငွေကြေးဆိုင်ရာရင်းမြစ်၊ စက်မှုလုပ်ငန်းဆိုင်ရာရင်းမြစ်၊ လူသားရင်းမြစ်များ အပါအ၀င်) တိုးတက်ဖွံ့ဖြိုးရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်း အသွင်မျိုးဖြင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို “ရင်းနှီးမြှုပ်နှံမှုအသစ်” ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှိနေသော အရင်းအမြစ်များကို အခြေခံပြီး ကုမ္ပဏီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြတ်အစွန်း အများအပြား ရရှိနေသည့် တတိယနိုင်ငံကုမ္ပဏီမှ အစုရှယ်ယာ ၀ယ်ယူခြင်းမျိုး မပြုလုပ်ရန်လည်း အမေရိကန်နိုင်ငံသားများ၊ အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများအား တားမြစ်ထားသည်။ သမ္မတဒီဂရီအမိန့် နံပါတ် ၁၃၀၄၇ ၏ ပြဋ္ဌာန်းချက်များသည် အမိန့်သစ်နှင့် ဆီလျော်နေသည့် ကာလအထိ ထိုတားမြစ်မှုများ ဆက်လက်ရှိနေမည်ဖြစ်သည်။

သွင်းကုန်ပိတ်ဆို့ခြင်း

ထိုဥပဒေသည် အတည်ပြုသည့်နေ့မှ ရက် ၃၀ အတွင်းစတင်ကာ မြန်မာနိုင်ငံမှ ထုတ်ကုန်မှန်သမျှ တင်သွင်းခြင်းကို တားမြစ်သည်။ ထိုဥပဒေပြဋ္ဌာန်းချက်အရ သွင်းကုန်ပစ္စည်းများ မ၀ယ်ယူရန် အထူးသတ်မှတ်ထားသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှာ (၁) နအဖ၊ (၂) နအဖအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ (၃) မူးယစ်မှောင်ခိုလုပ်သည်ဟု အမည်ပေါက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ (၄) မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဦးပိုင်၏အကျိုးစီးပွား ပါဝင်နေသည့် ကုမ္ပဏီအားလုံး၊ (၅) မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် MEC ၏ အကျိုးစီးပွား ပါဝင်နေသည့် ကုမ္ပဏီအားလုံး၊ (၆) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ (၇) အထက်ပါ ကုမ္ပဏီများ အဖွဲ့အစည်းများကို ဆက်ခံလုပ်ကိုင်သူအားလုံးတို့ဖြစ်သည်။

ထိုတားမြစ်သည့် အခွင့်အာဏာနှင့် နိုင်ငံတကာ အရေးပေါ် စီးပွားရေးအာဏာများဥပဒေ (IEEPA) အောက်တွင်ရှိ အထွေထွေလုပ်ပိုင်ခွင့်ကို အသုံးပြုကာ သမ္မတသည် အမိန့်ချမှတ်ပြီး ရက်ပေါင်း ၃၀ မှ စတင်၍ ၂၀၀၃ ခု သြဂုတ်လ ၂၈ ရက်မှစ၍ မြန်မာနိုင်ငံမှ ထုတ်ကုန်မှန်သမျှ တင်သွင်းခြင်း တားမြစ်သည့် ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် စတင်အကောင်အထည်ဖော်ခဲ့သည်။

ပိုင်ဆိုင်မှုသိမ်းဆည်းခြင်း

ထိုဥပဒေအရ သမ္မတအနေဖြင့် အမေရိကန်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ရှိနေသော နအဖ၊ နအဖ၏ အကြီးတန်းအရာရှိများ သို့မဟုတ် နအဖ၏ နိုင်ငံရေးအင်အားစု၊ ကြံ့ဖွံ့ ... စသည်တို့၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ရန် လိုအပ်ပြီး ပိုင်ဆိုင်မှုများအား OFAC သို့ အစီရင်ခံရသည်။ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ အကျုံးဝင်သော သမ္မတအမိန့်အောက်တွင် သမ္မတသည် အမိန့်အောက်တွင် စာရင်းရှိနေသည့် အထက်ပါ အဖွဲ့အစည်းများနှင့် အခြားမြန်မာအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ထားပြီး နောင်တွင် မြန်မာစစ်အစိုးရမှ ဖွဲ့စည်းမည့် အခြားအဖွဲ့အစည်းများကိုလည်း ပိတ်ဆို့ဦးမည်ဖြစ်သည်။ IEEPA ၏ အခန်း ၂၀၃ (ခ) အရ သမ္မတအမိန့်ဖြင့် အထက်ပါ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအတွက် ကိုယ်စားဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ထားသော၊ ထိန်းချုပ်ထားသော အဖွဲ့အစည်းများကိုလည်း ထပ်မံပိတ်ဆို့မည်ဖြစ်သည်။

ပို့ကုန်ပိတ်ဆို့ခြင်း

IEEPA နှင့် TSRA တို့၏ အခန်း ၂၀၃ (ခ) တွင် ပြဋ္ဌာန်းထားသည်မှလွဲ၍ သမ္မတအမိန့်သည် အမေရိကန်ပြည်ထောင်စုမှ (သို့) အမေရိကန်နိုင်ငံသား၊ အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ (မည်သည့် နေရာတွင် ရှိနေစေကာမူ) အနေဖြင့် မည်သည့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကိုမျှ ပြည်ပတင်ပို့ခြင်း သို့မဟုတ် တဆင့်ခံ ပြန်လည်တင်ပို့ခြင်းကို တားမြစ်သည်။

ထို့အတူ အမေရိကန်နိုင်ငံတွင်းတွင်ဖြစ်စေ၊ အမေရိကန်နိုင်ငံသား၊ အမေရိကန်အဖွဲ့အစည်းများမှဖြစ်စေ လုပ်ကိုင်ဆောင်ရွက်လာခဲ့လျှင် တားမြစ်ပိတ်ပင်ခြင်း ခံထားရသည့် နိုင်ငံခြားသားက ပြုလုပ်သော အရောင်းအ၀ယ်ကိစ္စများအတွက် အမေရိကန်နိုင်ငံသား၊ အမေရိကန်အဖွဲ့အစည်း များက အတည်ပြုခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ လုပ်ငန်းအဆင်ပြေအောင် လုပ်ပေးခြင်း (သို့) အာမခံပေးခြင်းတို့ကိုလည်း တားမြစ်သည်။ သို့ရာတွင် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍မူ သမ္မတအမိန့်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိပေ။

နိုင်ငံတကာက မြန်မာနိုင်ငံအား ချေးငှားမှုများကို ကန့်ကွက်ခြင်း

ထိုဥပဒေအရ မြန်မာနိုင်ငံအား နိုင်ငံခြားတိုင်းပြည်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ငွေကြေးအားဖြင့်ဖြစ်စေ၊ နည်းပညာထောက်ပံ့မှုအရဖြစ်စေ ချေးငှားလုပ်ဆောင်ခြင်းများအား အမေရိကန်ပြည်ထောင်စု အနေဖြင့် ဆန့်ကျင်ကန့်ကွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသူများကို ကူညီထောက်ပံ့ပေးရမည်ဖြစ်သည်။

သတ်မှတ်ထားသည့် အခြေအနေများ ရောက်ရှိလျှင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုကို သမ္မတအား ရုပ်သိမ်းခွင့်ပေးထားခြင်း

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေအနေ အရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတ အနေဖြင့် ရုပ်သိမ်းနိုင်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီအင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါ အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း ... စသည်တို့ ပါဝင်သည်။

သွင်းကုန်ပိတ်ဆို့မှုဥပဒေကို လွှတ်တော်မှ သက်တမ်းတိုးခြင်းမရှိပါက ထိုဥပဒေ စတင် အာဏာတည်သည့်နေ့မှ ၁ နှစ်အကြာတွင် သက်တမ်းကုန်မည်ဖြစ်သည်။ သွင်းကုန်ပိတ်ဆို့မှုဥပဒေကို စတင်ပြဋ္ဌာန်းသည့် နေ့မှ ၃ နှစ်အထိသာ သက်တမ်းတိုးနိုင်သည်။

အကယ်၍ သွင်းကုန်ပိတ်ဆို့မှုဥပဒေကြောင့် အမေရိကန်အကျိုးစီးပွား ထိခိုက်မည်ဟု အမေရိကန်သမ္မတက ဆုံးဖြတ်ပြီး လွှတ်တော်ကို အကြောင်းကြားခဲ့လျှင် သွင်းကုန်ပိတ်ဆို့မှုဥပဒေကို ရုပ်သိမ်းရန် လွှတ်တော်က သမ္မတအား လုပ်ပိုင်ခွင့်ပေးနိုင်သည်။ သို့ရာတွင် သမ္မတသည် IEEPA နှင့် ထိုဥပဒေအောက်ရှိ သူ့အခွင့်အာဏာအရ သမ္မတအမိန့်ကို တင်သွင်းထားသောကြောင့် ပိတ်ဆို့မှုများကို သမ္မတအမိန့်ဖြင့် ရုပ်သိမ်းခွင့်မရှိပေ။ ။

ဒိန်ဖန်ခူး
(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်မှ ...)

12 comments:

shwe li said...

don't blame to dassk.if Burmese government is good to people of Burma it will be no sanctions.

SAW said...

Why she can't call "Myanmar"?
Why she can't say "Lift the all sanctions?"

kan said...

စိတ်မဝင်စားပါ။ မပြောပလောက်သော အကြောင်းများကိုမှန်ဘီလူးကိုင်းပြီး နာက်ကြောင်းပြန်ရှာဖွေရေးထက် ရှေ့လာမည့်အများကောင်းကျိုးကိုသာ ရှေ့ရှုပါဟု။မြောက်ကိုရီးယားကျတော့ရော ဒေါ်အောင်ဆန်းစုကြည် တောင်းခဲ့၍ဖြစ်နှီုင်ပါသလော။

Anonymous said...

နိုင်ငံရေးလုပ်စားမှာလား အညှောင့် လုပ်မှာလားဗျာ။ တရုတ်သူလျှိုတော့ မဟုတ်လောက်ပါဘူးနော်။ နှစ်ပေါင်းများစွာ နိုင်ငံရေးလုပ်စားနေသူတစ်ဦးဆိုရင်တော့ တစ်ဖက် ဖက်မှာရှိရမယ်။ အစိုးရ၊ ဒါမှမဟုတ် အတိုက်အခံဘက်ပေါ့။ နှစ်ဖက်စလုံး မဟုတ်ဆိုရင်တော့...။ သူလျှိုဘဲ။

Unknown said...

အဲဒီ စီးပွားရေးပိတ်ဆို့မှုဟာ
စစ်အစိုးရကိုတော်တော်ဒုက္ခ
ရောက်တာ။အဲဒီ စီးပွားရေးပိတ်ဆို့မှုသာ
မရှိရင်စဉ်းစားတာကြည့်တော့။
အမြင်ကျယ်ကြပါ။
ရယူမှုနဲ့ပေးဆပ်မှုတော့ရှိရမှာပဲ၊
အကျဉ်းသားကိစ္စလည်းဒီလိုပါပဲ၊
အစိုးရရဲ့အကြီးမားဆုံးပြန်ပေးဆွဲမှု့
ကြီးတခုပေါ့။

Anonymous said...

ဘယ်သူမှာအပြစ်ရှိလဲ။ နိုင်ငံရေးသမားတွေကို ဖမ်းတဲသူလား၊ sunctions ကိုတောင်းဆိုတဲသူလား။ စာရေးသူနဲ့ blogs ပိုင်းရှင်ကတော့ နိုင်ငံရေးသမားတွေကိုဖမ်းတဲသူကိုအပြစ်လို့မမြင်ဘူးထင်တယ်။ Sanctions မရှိရင် တိုးတက်အောင်လုပ်နိုင်တဲအစိုးရလား။ သူတို့ ကျွမ်းကျင်တာ ဘုန်းဖိုဘဲ။ ဂုတ်သွေးစုတ်ဖို့ဘဲ။ ပြည်တွင်းက လုပ်ငန်းရှင်းကြီးတွေဆီကတော အခွန်းအပြည့်အဝရအောင်းမကောက်ဘူး။ ပြည်ပမှာ ပင်ပင်ပန်းပန်းရှာထားတဲ့သူတွေဆီကတော့ မကျန်ခဲအောင်ဒေါင့်ပေါင်းစုံးကကောက်တတ်တယ်။ အခုလဲ အခွန်းတွေလျော်တယ်ဆိုပြီးဘာလို့ ဆက်ကောက်နေသေးလဲ။ ကြွေးကျန်းတွေပါလျော်လိုက်ပါလား။

SAW said...

စစ်အစိုးရကိုတော်တော်ဒုက္ခရောက်သွားလား တော့မသိ။ စစ်အစိုးရ က ချပေးခဲ့တဲ့ လမ်းကြောင်းနဲ့ အုတ်မြစ်ကိုချပေး သွားခဲ့တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အခု လျှောက်လှမ်းနေကြပြီး စစ်အစိုးရကဘဲ သူ့ရဲ့  စစ်အုပ်ချုပ်ရေး ကို ကောင်းမွန်စွာ အဆုံးသတ်ပေးသွားခဲ့လို့  အရှေ့ နဲ့  အနောက်ဖက်က ၀န်ကြီးတွေ တစ်ပါးပြီး တစ်ပါး တန်းစီပြီး လာနေတယ်မလား။ အမြင် ကျယ်ကြပါ။ ရယူမှုနဲ့ပေးဆပ်မှုတော့ ရှိရမှာပဲ၊
အကျဉ်းသား ကိစ္စလည်းဒီလိုပါပဲ၊ အစိုးရက
သူ့ နိုင်ငံ ၁၀၀ ရာခိုင်နှုံး လုံခြုံပြီလို့  စိတ်ချတဲ့ အခါ လွှတ်ပေးလိမ့်မယ်။

min said...

ဒီ saw ဆိုတဲ့ကောင်နဲ့ခဏခဏတွေ့နေရတာသည်းခံခြင်းကိုကုန်ဆုံးအောင်လုပ်တာခံနေရသလိုဘဲ။အနောက်နိုင်ငံနဲကမ္ဘာကပိတ်ဆို့မှုလုပ်တာဟာဒေါ်စုပိတ်ပါဆိုလို့ပိတ်ရလောက်အောင်အဲဒီပုဂ္ဂိုလ်တွေက saw လိုစောက်ထုံတွေမဟုတ်ဘူး၊သူများခိုင်းတိုင်းလိုက်လုပ်နေတာမဟုတ်ဘူး။ဘယ်ဟာကိုလုပ်သင့်တယ်ဆိုတာသူတို့ဘာသာသိ၊ဆုံးဖြတ်ပြီးပိတ်တာ၊ဒီမိုကရေစီစနစ်ကိုတကယ်လက်တွေ့ကျင့်သုံးနေတဲ့တိုင်းပြည်တွေကိုအဲဒီလိုပိတ်ဆို့မှုလုပ်တာတွေ့ဘူးလား၊ကမ္ဘာကျော်တယောက်ကထပြီးအဲဒီနိုင်ငံကိုစီးပွားရေးပိတ်ပါလို့ဒီမိုကရေစီစနစ်နဲ့သွားနေတဲ့နိုင်ငံတခုကိုလှမ်းပိတ်ခိုင်းရင်နိုင်ငံတကာကပိတ်မယ်လို့များထင်ပါသလား။လက်ရှိတိုင်းပြည်အကောင်းဘက်ကိုအနဲနဲ့အများရောက်လာတာကြိုဆိုတယ်၊ဒေါ်စုနဲ့ပူးပေါင်းပြီးလုပ်မှမဟုတ်ဘူးတကယ်လို့သာကောင်းစေခြင်ရင်သူတို့ဘာသာသူတို့ဒေါ်စုမပါဘဲတောင်လုပ်လို့ရတယ်၊အဲဒီလိုတွေမဖြစ်လို့ဒေါ်စုအပါအ၀င်မနေနိုင်သူတွေလစာမဲ့ထပြီးလုပ်နေတာကို(ကွန်မန့်ထိုင်ရေးပြီးတိုင်းပြည်အကျိုးပြုလုပ်မနေပါနဲ့)ထအော်မနေရင်ပိုကောင်းမယ်ထင်ပါတယ်။ ပိတ်ဆို့မှုတွေဆက်လုပ်ထားပါအုံးဗျို့ ကဲ လှမ်းတော့အော်ကြည့်လိုက်တာဘဲ၊နိုင်ငံတကာကဘယ်လိုတုန့်ပြန်မှာပါလိမ့်။

Blogger Koko said...

ဝန်ကြီးတွေတပါးပြီးတပါး လာလည်တာ ကို ဂုဏ်ယူနေ ပြန်ပြီ.. လာတဲ့ဝန်ကြီးတွေ အကုန်လုံးက လည်း စောင့်ကြည့်ရမယ် ဆိုတာတွေဘဲ ပြောသွားကြ တယ်.. ဘာလို့လည်း သိလား.. အနှစ် ၂၀ ကျော်ကျော် လုံး လူ့သိက္ခာမရှိ -- အရှက်မရှိ အတည်ပေါက်နဲ့လိမ်လိုက် -- ဗြောင်လိမ်လိုက်-- ဓါတ်ပုံ တွေပြလိမ်လိုက်.. သတင်းစာရှင်းလင်းပွဲနဲ့လိမ် လိုက်.. အထက်ကိုတင်ပြဦးမယ်ပြောပြီးလိမ်လိုက်. အမျိုးသားညီလာခံ ပြလိမ်လိုက်.. အဲလို အလိမ်တကာ့ထိပ်ခေါင် .. ကလိမ်စေ့တွေ ငြမ်းအထပ်ထက် ဆင်ထားတဲ့ လူတွေ ပြောတဲ့စကား.. ပေးတဲ့ကတိ ကို ဘယ်သူမှ ယုံမစားရဲဘူး.. သန်းရွှေက တော်တော် SAW ကကဲကဲ နဲ့ ခပ်ကြောင်ကြောင်ကွန်မင့်တွေ ရပ်တော့...

lu lu gyi said...

ဒေါက်တာကြီး
စစ်အစိုး၇ကပို
ကောင်းသွားပြန်ပြီလား
တပ်လည်းတပ်နိုင်ပါတယ်
သာကူးတို.၇ယ်

chipi said...

ဟေ့ကောင် saw ရေ မင်းရဲ့ အဆင့်မရှိတဲ့ အတွေးအခေါ်တွေနဲ့ ၀င်ဝင် မရေးပါနဲ့ကွာ။မင်း မရှက်ဘူးလား ဦးနှောက်၇ှိရင် သိပါတယ်ကွာ လွယ်လွယ်လေးပါ။ ဘယ်သူက တိုင်းပြည်အတွက်လုပ်နေလဲ ၊ ဘယ်သူက တိုင်းပြည်ပျက်အောင် လုပ်နေလဲဆိုတာ ။မင်း ပထွေးတွေ အကြောင်းဝင်ဝင် မရေးစမ်းနဲ့ကွာ ကျက်သရေကို မရှိဘူး။

shwethee said...

အကြောင်းမရှိအကြောင်းရှာကျားဖင်နှိုက်ချင်နေတဲ့သူမျိုးကလဲရှိသေး၊ ဘာတဲ့..Why she can't call "Myanmar"? မခေါ်တော့ဘာဖြစ်သတုံး.. အေးလေ..အဖေတွေကလဲ အလုပ်မရှိကြောင်ရေချိုး..တိရစ္ဆန်ကို ဆင်ဖြူဆို ပြီး နန်းတော်ဆောက်..အစိုးရ၀န်ကြီးဠာန၁ခုကိုတာဝန်ယူခိုင်း..