စစ်တပ် ဘာကြောင့် သမ္မတအပေါ် ရောက်နေလဲ
ဒိန်ဖန်ခူး
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ် မသိရသေးပေမယ့် နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။
သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) မှာ ဆိုထားတဲ့အတွက် ကာလုံရဲ့အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄ (ခ) နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။
ပုဒ်မ ၂၀၄ (က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။
ကာလုံက သမ္မတအထက် ရောက်နေ
လက်တွေ့မှာ ၂၀၁၂ ခု ဇန်န၀ါရီ ၂ ရက်နေ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွတ်ငြိမ်းချမ်းသာခွင့် အမည်တပ်ထားပေမယ့် ပြစ်ဒဏ်သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်မ ၂၀၄ (က) နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။
သတင်းစာမှာ အမိန့်အပြည့်အစုံ ထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄ (ခ) ဖြစ်နေပြီး အမိန့်စာသားက ပုဒ်မ ၂၀၄ (က) ဖြစ်နေတာ တွေ့ရပါတယ်။
ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) (ခ) ၂ မျိုးလုံးကို စွက်ဖက်ကျင့်သုံးနေတဲ့အတွက် သမ္မတဦးသိန်းစိန်ထက် ပိုပြီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။
တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦး ပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။
ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲ အသာရနေလဲ
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲ ပြန်ကြည့်ရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တို့ ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလည်း ကြံ့ဖွံ့အမတ်တွေက တင်မြှောက်တဲ့ ဒု-သမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒု-သမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့ ၅၅ % က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပြီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမယ့် ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော်၊ တတိယ ၅ နှစ်သက်တမ်းလွှတ်တော် ... စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတမ်း ၆ မဲ အသာစီးရနေဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒု-သမ္မတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေ ဖြစ်နေလို့ ဒီ ၅ ဦးစလုံးကို အရပ်သားလို့ ထားတွက်ကြတာ ဖြစ်ပါတယ်။
ကာလုံအဖွဲ့ဝင် ၁၁ ဦး
တနည်းပြောရရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ ဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့အတွက် တကယ့်ဆုံးဖြတ်ခွင့်အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလို့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ယူဆတာ ဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထား ဘာလဲ၊ သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား၊ နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလည်း စဉ်းစားစရာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းဖို့ လိုသလား
အထူးသဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေညာတဲ့အပိုင်းမှာ ပိုပြီး ပေါ်လွင်လာပါတယ်။
အရေးပေါ် အခြေအနေတောင်မှ ၂ မျိုး ရှိပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိပါးစေမယ့် အရေးပေါ်အခြေအနေမျိုးဆိုရင် သမ္မတဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ ညှိပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။
တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို တို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့ ၀န်ကြီးတွေမို့ ၀န်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်နေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
နောက် အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်၊ တိုင်းရင်းသားစည်းလုံးမှု ပြိုကွဲမယ့် အန္တရာယ်နဲ့ အချုပ်အခြာအာဏာ လက်လွှတ်ရမယ့် အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပြီဆိုရင် သမ္မတဦးသိန်းစိန်က အချိန် ၁ နှစ်ကြာမယ့် အရေးပေါ်အခြေအနေ ကြေငြာပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတက လွှဲပြောင်းအပ်နှင်းပေးမယ့် အာဏာကြီး ၃ ရပ်ကို လက်ခံယူဖို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပြီးလို့ နောက်ထပ် အချိန်တိုးပေးဖို့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။
သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ဖြစ်လာရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အနေနဲ့ ဦးသန်းရွှေရဲ့ သြဇာက လွတ်အောင် ဦးနေ၀င်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဖို့ ကြိုးစားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
သမ္မတနဲ့ ကာလုံ
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန် ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ပေးထားမယ့် အရေးပေါ်အခြေအနေ ကြေညာမယ့် ဆုံးဖြတ်ချက်မျိုးဆိုရင်လည်း သမ္မတကသာ ဆုံးဖြတ်နိုင်ပါတယ်။
ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဖို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။ ဒါမှလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ခြိမ်းခြောက်မှုကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာ ဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မထက်ပိုပြီး အာဏာကြီးနေတာကို နိုင်ငံရေးအကျဉ်းသားလွှတ်ရေးကိစ္စမှာ အထင်အရှား မြင်ရပါတယ်။
စစ်အစိုးရ အခြေခံဥပဒေကို ကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမ္မတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေးအာဏာကိုတော့ ရွေးကောက်ခံအမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။
ဒိန်ဖန်ခူး
(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်မှ ...)
15 comments:
This focus means very clear about Than Shwe.He still seized power behind Thein sein goverment.He created artificial democracy goverment and showing black magics
to the world.He never give up and
release for his dictators group.
I think the present government is very moderate. Any government does not want to put its people behind bars, sacrificing the labour of the nation. Do not forget that in the past Government senior officials stated that prisoners will be released when they are certain not to disrupt the nation’s stability and peace; that now.
သေသေချာချာ တွေးကြည့်တော့ သိန်း/သန်း တို့က သူ့လမ်း သူသွားနေတာပါ။အတိတ်ကြောက်(ဒေါသနဲ့) လို့ အာဏာဖက်တွယ်ထားတာ မဟုတ်ပါ၊ အနာဂတ်မက် (လောဘ) ကြောင့် အာဏာဆုပ်ကိုင်ထားတာပါ။
ဒေါ်စုက "လူပြောင်းရန်မလို မူပြောင်းဖို့" ( =value change) ညိနိုင်းတော့ " မတူတာဖယ်၊တူတာတွဲလုပ်" ဖို့ဖြစ်လာကြတာပါ။သဘောက ထိုင်ခုံဖယ်ပေးရန်မလို၊ ဥပဒေပြင်ပေးဖို့နဲ့ ဥပဒေအတိုင်း ကျင့်ဖို့ပါ။ အရမ်းကောင်းတဲ့ အစိအစဉ်ပါ။
ဒါပေမယ့် လက်တွေ့မှာ သူတို့ကိုယ်တိုင် ကိုယ့်ဥပဒေကို ကိုယ်မလိုက်နာချင်၊ ခေတ်ဟောင်း စေတလုံးပိုင်ရှင်တွေလို ဆက်နေချင် တဲ့ လောဘ၊ ဒေါ်စုရဲ့ ဖြူစင်တဲ့ စေတနာကို ပရိယယ်ထင်၊ ကြီးထွားလာတဲ့ လူထုထောက်ခံမူတွေကို လန့်လာတဲ့ ဒေါသတွေနဲ့ လှည့်စားပြီး Sanction ရုတ်အောင်လုပ်၊ နိုင်ငံတကာအမြင် legitimacy ဖြစ်အောင် လုပ်ဖို့ ဦးတည်လာတာပါ။
လွှတ်တော်ထဲ NLD ဝင်၊ ကြံဖွံ နဲ့ တမတ်သား ကြား မဲအင်အားနဲ့ ဖိ၊ကစား။ နိုင်ငံတကာ နဲ့ ပြည်သူအမြင်မှာ ဒီမိုကရေစိလမ်းပေါ် ရောက်ပြီလို့ ပြရုပ်ဖော်ဖို့ ကြံပေမယ့်..... ဒီလွှတ်တော်ဝင်ပေါက်ကို ၈၈ စင်စစ်တွေ ရောက်လာမှာ အကြောက်ဆုံးပဲ။
မကြောက်တတ်တဲ့ ဒေါ်စုရဲ့ အကြောက်ဆုံးအရာက "ပြည်သူနာမှာ အရမ်းစိုးရိမ်" တာပါ။ မိခင်စိတ်ပါ။ (၈၈ စင်စစ်တွေက ဖခင်စိတ်ပါ။) သိန်း/သန်း တိုက မိခင်စိတ်ရှိသူနဲ့သာ ကစားချင်တာပါ။ ဒါဟာ ဆိုက်ဝါး အဖိုးအိုကြီးရဲ့ အကွက်ပါ။
ဦးသန်းရွှေ၊ ဦးနေဝင်းတို့တဦးအာဏာရှင် တွေလို လူတဦးစီ ဗီဇ (DNA)က အဖွဲ့အစည်း ဗီဇ (DNA) ကို လွှမ်းမိုးနိုင်ပုံ မပေါ်ပါဘူး။ အခုဦးသိန်းစိန်တို့က တဦးအာဏာရှင် မဟုတ်ပါဘူး။ တစုအာဏာရှင် ပုံစံပါ။ တစုအာဏာရှင် ပုံစံမှာ တဦးစီက ပြောချင်တာပြောပေမယ့် အဖွဲ့အစည်း ဗီဇ (DNA) အတိုင်း လုပ်ဆောင်ကြမှာပါ။
အပေါ်ယံကြည့်ရင် အချင်းချင်း မတည့်သလို၊ ပြိုင်ဆိုင်နေသလို ရှိပေမယ့် အခြေခံအယူအဆ၊ လမ်းစဉ်က အတူတူပါ။
သူတို့အချင်းချင်း လုပ်တဲ့ Check and Balance ကို မဏ္ဏတိုင် လေးရပ် Check and Balance စင်စစ်လို့ မထင်ကြပါနဲ့။ ဥပဒေပြင်ရေး၊ စိုးမိုးရေး ဆိုးတာ တစုအာဏာရှင်တွေအတွက်လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ပြင်မယ့် ဥပဒေ၊ စိုးမိုးမယ့် ဥပဒေ ကတော့ တစုအာဏာရှင်တွေ အတွက်သက်သက်ပါ။
ဒီစပ်ကူးမတ်ကူးကာလ၊ ပြင်ဆင်ချိန်မှာ သူတို့ ဟန်ချက်မပျက်ဖို့၊ အတိုက်အခံအားတွေကို ထိန်းထားနိုင်ဖို့ NLD နဲ့ ယာယီငြိမ်းချမ်းရေး လိုပါတယ်။ ဒီငါးနှစ်တာကာလ လွန်သွားရင် သူ့တို့စနစ်ကောင်းကောင်း အခြေတည်ပြီလို့ ယူဆပုံပါ။ သူ့တို့မှာ စီမံကိန်းရှိပါတယ်။ ဒါကြောင့် အဖိုးကြီး ဒူးနံ့ပြီး အိမ်ထဲစာဖတ်နေနိုင်တာပေါ့။
နိုင်ငံရေးအကျဉ်းသားတွေ ဘယ်တော့လွှတ်မလဲ ဆိုတော့
ဒေါ်စု လွှတ်တော်ထဲရောက်ပြီး ၅ညတို့၊ အိလက်ထရောနစ်တို့ ပယ်ဖျက်ဖို့ အဆိုတင်၊ တမတ်သား နဲ့ ကြံဖွံ့ အမတ်မင်းများက တခဲနက် ထောက်ခံ၊ သမ္မတကြီးက ပဏာယူအတည်ပြုပြီး လွှတ်။ ကမ္ဘာက ဩဘာပေး။ ဆန်ရှင်တွေ ရုတ်သိမ်း။ အမေရိကန်နဲ့ အဆင်ပြေ။ အားလုံး သပိတ်ဝင် အိတ်ဝင်ဖြစ်ပြီဆိုမှ NLD ကို တဖြည်းဖြည်း ဝက်အူကျပ်၊ တမတ်သား နဲ့ ကြံဖွံ့ အမတ်မင်းများက စိတ်ကြိုက်ချယ်လှယ်၊ ...... ဒါတွေဟာ စီမံကိန်းပါ...
အခု အရွေ့အားလုံးဟာ အစိုးရအကွက်ထဲ NLD ဝင် ကစားတာပါ။ NLD အတွက် ပြန်လည်ထူထောင်ဖို့ time & space အတွက် အလဲအထပ်လုပ်တာပါ။
တဖက်က ဒေါ်စုရဲ့ အစွဲအလမ်းပါ။ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်ဆိုပြီး ငယ်ကတည်းက ချစ်စိတ်နဲ့ "သူတို့တွေလည်း ကိုယ့်လူမျိုးမို့ မျိုးချစ်စိတ်ရှိနိုင်တယ်၊ ယုံကြည်မူ ထူထောင်ပြီး ဖျောင်းဖျမယ်။ အတိတ်အတွက် စိုးရိမ်မူတွေကို အာမခံမယ်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန့်စားပြီး ကျားမြွှီးဆွဲတာပါ။
တကယ် ပြည်ချစ်စစ်သား၊ ပြည်ချစ်အမတ်မင်း မှန်ရင် ဒီလို ကောက်ကောက်ကွေ့ကွေ့ ညဏ်စိညဏ်နက်ထုတ်ရန် မလိုပါ။ နိုင်ငံတကာရှေ့ အားလုံး စုံညီ ဆွေးနွေး၊ လက်မှတ်ထိုး သဘောတူလိုက်ရုံပါ။
ရှင်းတာကို ရှုပ်အောင်လုပ်တာ အမြတ်ထုတ်ချင်လို့မှတပါး အခြားမရှိပါ။
ဒေါ်စုက ထိန်းထိန်းသိမ်းသိန်းပြောတာ လုပ်ငန်းစဉ် ထိခိုက်မှာစိုးလို့။ ပွင့်ပွင့်လင်းလင်းသိချင်ရင် ဒေါ်စုကို မမေးနဲ့ ဦးဝင်းတင်ကို မေး။ ဇာဂနာကို မေး။ NLD က ဒီလမ်လျှောက်တာ လူထုနာမှာ စိုးလို့၊ လူထုပေါက်ကွဲလုစဲစဲ " အစိုးရ ကိုယ်စား ခေါင်းခံပြီး မီးညိမ်းပေး တာ။' ဒါပေမယ့် အစိုးရက ဒီအပေါ်မယ် အမြတ်ထုတ် လိုချင်တာယူ၊ မလိုတဲ့အခါ ဗလောင်းဗလဲ လုပ်မယ့် အရိပ်အယောင်ပေါ်နေပါပြီ။ တကယ်တော့ ကာလုံ (၁၁) ဦးကြောင့်၊ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုပြီး " ဦးသန်းရွှေ/မောင်အေး ကွဲမလိုလို" ဇတ်ဟောင်းပြန်ကပြီး ဝေဝါးအောင်လုပ်နေတာပါ။
ခုအစိုး ရက လျှော့လိုက်တင်းလိုက် နဲ့ကစားနေတာ ကျွန်တော်တို့ ပြည်သူ့အသံနဲ့ Media တွေကြောင့်ပဲလို့ ထင်ရင် လုံးလုံးကြီးမှား ပါလိမ့် မယ်။။။ 30% လောက်တော့မှန်နိုင်ပါတယ်။။ကျန်တဲ့အပိုင်းကတော့ ရပ်တည်ဘို့တောင် ခက်ခဲ နေပြီဖြစ်တဲ့ လက်ရှိအစိုးရရဲ့ Sanction ရုပ်အောင် ကြိုးပမ်းမှူတွေပါ။။။တိုင်းပြည် ပြောင်းလဲအောင်လုပ်ချင်ပေမဲ့ လုပ်နိုင်တဲ့ အရည်အချင်းလဲမရှိ နေရာပျောက် လဲမခံနိုင် နဲ့။။။ ဦးသိန်းစိန် ၊ ဟီလာရင် ကလင်တန်နဲ့ တွေ့ တုန်းကပြော လိုက်တဲ့စကားတခွန်း အပေါ် တွေးမိတယ် ဗျ။။။ "မိုးရွာတုန်း ရေခံ " ဆိုတာ ပါ။။ အားလုံးကဘယ်လိုထင်လဲ မသိဘူး ကျွန်တော်တော့ "( ခင်များတို့ တွေ ကျုပ်တို့ လက်ခံတုန်း Sanction တွေရုပ်ပြီး လာပေါင်းနော်၊၊ မဟုတ်ရင် တရုပ် ကိုနေရာပေးလိုက်မယ်လို့ပြောချင်တာလို့)ထင်ပါတယ်။။။ (ဘာတွေဘယ် ရောက်ကုန်ပြီ မသိ တော့ဘူး) ပြောချင်တာတော့ဗျာ ၊ PUblic & Media ကိုအစိုးရက ဂေါင်းထဲ မထားဘူးဗျိုး။။။
အစိုးရ သွားချင်တဲ့ ပုံစံကတော့ တဖြည်းဖြည်းချင်း ပုံပေါ်လာပါပြီ။ ဦးနေ၀င်း လက်ထက်ကစလို့ ၂၆ နှစ် လုံးလုံး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အနေနဲ့ လုပ်ခဲ့ရာမှာ ၈၈မှာ ဖြစ်ခဲ့တဲ့ အမှားမျိုး မဖြစ်အောင် စစ်အုပ်ချုပ်ရေး အနှစ် ၂၀ကျော် အပြီး ၂၀၀၈ ကနေစပြီး ပုံစံပြောင်းဖို့ကျိုးစားတာပါဘဲ။ NLD နဲ့ ဒေါ်စု ကို ဗန်းပြပြီး ထင်ရောင်ထင်မှား ဒီမိုကရေစီစနစ် လုပ်တာပါ။ နောက်ပိုင်းမှာ NLD ကို အင်အားချိနဲ့အောင် ပြန်လုပ်ပါမယ်။ စင်္ကာပူလို အတိုက်အခံကို ယဲ့ယဲ့လေး ပြန်ထားလို့ရအောင် NLD အားကောင်းလာစေမဲ့ ကိစ္စများ လွယ်လွယ်မဖြစ်လာနိုင်ပါ။ အစပိုင်းမှာအရမ်းကောင်းတယ် ထင်အောင်လုပ်မယ် အလယ်ပိုင်းမှာ ရူးချင်ယောင်ဆောင်မယ် လာမယ့်ရွေးကောက်ပွဲကျတော့ အရင်အကွက်တွေနဲ့ ညစ်ပြီး နောက်ထပ် အနှစ် ၂၀ လောက် အာဏာရအောင် ကျိုးစားပါလိမ့်မယ်။
ဒီလိုပါပဲ။။။ ကစားဦးမှာပါ။။ ကျွန်တော်တို့တွေက နွားကို ပလာတာစားမယ်ထင်တာကိုး။။ နည်းနည်းလျှာရှည်ချင်ပါတယ်။။
သူ တို့ကို ယှဉ်ပြီး ကစားနိုင်တာ ၊ ကစားနိုင်တဲ့ ပါဝါရှိတာ အန်တီ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ NLD ပါတီ ပဲရှိတာပါ။။။ အဘ ဦးစိန်ဝင်း တို့ အပေါင်းအပါ များ ဝန်းရံ သင့် ပါတယ်။။ အဘရေးတဲ့ ( "ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလိုဖြစ်နေပြီဆိုတော့ သာမန်ပြည်သူများမှာ သတင်းမီဒီယာတွေပဲ အားကိုး အားထားပြုပါတော့တယ်။" ) ဆိုတဲ့ အသုံးအနုံးမျိုး ဟာမှားနေသလို ရှောင်ပြီး ရေးသင့်ပါတယ်။။။
တောအုပ်ကို မကြည့်ပဲ သစ်တပင် ချင်း လိုက်ကြည့်ရင် ဘယ်နေရာမဆို အပြစ် တွေ့ နိုင်တာပါပဲ။။။ ဒီတော့ ကျွန်တော်တို့အားလုံး ပွန်း လေးတွေလို နေ ပြီး အန်တီ ကို ဝန်းရံကြတာ အကောင်းဆုံးပါပဲ။။။
ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လက်မခံနိုင်သေးတဲ့ ပြည်တွင်း အင်အားစုတွေကို သဘောထား အမြင်ကွဲလွဲမူကြောင့် ဖြစ်ပေါ်နေခဲ့တာတွေ လျှော့ပါးအောင် ကြိုးပမ်း ဆောင်ရွက်မယ် လို့  သမ္မတကြီး ဦးသိန်းစိန်က သူ့ရဲ့  ပထမဦးဆုံး မိန့် ခွန်းကို လွှတ်တော်မှာ ၂၂-၈-၂၀၁၁ နေ့  တွင် ပြောကြားခဲ့ပြီးနောက် မှာ " မတူတာဖယ်၊ တူတာတွဲလုပ်" ဖို့ဖြစ်လာကြတာပါ။ အယူအဆ မတူတာတွေကို သည်းခံပြီး သဘောထား ကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်တဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးသမားကြီးတွေလို့ ခေါ်နိုင် ပါတယ်။
ကျွန်တော်တို့  မြန်မာနိုင်ငံသားတွေ အတွက် အရေးကြီးတာက ‘ငါနဲ့မတူ ငါ့ရန်သူ’ ဆိုတဲ့ အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်ပါတယ်။ အခုအနေအထားက အစိုးရဖက်က တော်လျှော့ပေးပြီး လိုက်လျှောမှုတွေ လုပ်ဆောင် နေတယ် ဆိုတာ သိသာပါတယ်။ အရင်က အုပ်ချုပ်မှု စနစ်နဲ့ ခုချိန်နဲ့ လုံးဝ ကွာခြားနေတာကို တစ်နေ့ တစ်ခြား တွေ့ နေရပါတယ်။
အစိုးရသစ်အနေနဲ့ သက်တမ်းနုပေမဲ့ လဲ နိုင်ငံရေး ကဏ္ဍဘက်မှာ အင်မတန် ထင်ရှားတဲ့ သမိုင်းဝင် အပြောင်းအလဲတွေ ကို လုပ်ဆောင်ပြ နိုင်ခဲ့တယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေမှာလည်း မူဝါဒ၊ စီမံကိန်း အပြောင်း အလဲတွေ အများကြီးတွေ့ နေရပါတယ်။ 'စစ်မှန်တဲ့ အပြောင်းအလဲ'ဖြစ်ပြီး နောက်ကြောင်း ပြန်မလှည့်တဲ့ အပြောင်း လည်း ဖြစ်တယ်လို့ မြင်နေရပါတယ်။
"မိုးရွာတုန်း ရေခံ " သင့်တဲ့ အချိန်ပါ။
Very easy. Give Senior General to Thein Sein and General to Sai Mauk Khan.
ွသြော် ... သတင်းဌာနတွေ ကလည်း တော်တော် ခက်ပါလား
"ဆက်သွယ်မေးမြန်းတယ်...ဆက်သွယ်မေးမြန်းတယ်..."နဲ့.. အလုပ်ရှုပ်နေ
တဲ့အချိန်မှာ ဘယ်သူက အားအား ယားယား ပြန်ဖြေနိုင်မှာလဲ..... သေသေချာချာ
သိချင်ရင် ကိုယ်ကိုယ်တိုင် သွားရောက်ပြီး သတင်းယူသင့်ပါတယ်... EMG က
သတင်းထောက်ကတော့ တော်ပါတယ်... လူကိုယ်တိုင် ညကြီးမင်းကြီး သွားရောက်
သတင်းယူသေးတာဘဲ.. သတင်းဦးတဲ့ နေရာမှာတော့
နိုင်ငံတော် သမ္မတကြီး ပေးထားတဲ့ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ..
တခြားလူတွေကို အ နှောက်အယှက် ဖြစ်စေဖို့ မဟုတ်ဘူးဆိုတာ
သတင်းသမားပေါက်စလေးတွေ.. အယ်ဒီတာပေါက်စလေးတွေ..သိထားသင့်တယ်..
မသိတဲ့သူတွေရှိရင်လည်း ဆရေ့ ဆရာကြီးများက သင်ပေးထားသင့်တယ်.... သူများတွေ
အရေးကြီးနေတဲ့ အချိန်မှာ သွားရှုပ်မိရင် မလိုလားအပ်တဲ့
ပြဿနာတွေပေါ်လာနိုင်တယ်လေ... ပြီးရင်... ပြောမိလိုက်တဲ့လူရဲ့ အမှား
လုံးလုံး ဖြစ်သွားရော...... ဒါတွေကို သိထားသင့်တယ်.....ဒါတွေကို
သိထားသင့်တယ်.... .ဒါတွေကို သိထားသင့်တယ်.....
_______________________________________________________
လောကကြီးမှာ ပြီးခဲ့တာတွေကို ပြန်လည်ဖော်ထုတ်ပြီး... ဆူဆူပူပူဖြစ်အောင်
လုပ်ဖို့ မကောင်းပါဘူး... ဘယ်တုန်းကမှ ဒေါ်ခင်ကြည်ကို ဘယ်သူ့မှ သတိ
မရခဲ့ပါဘူး ၁၉၄၇ ကတည်းကဒ်ါခင်ကြည်ကို မေ့ထားခဲ့တာ... နှစ်ပေါင်း ၄၀ ကျော်
၁၉၈၈ခုနှစ် ကြမှ သက်သက် အသုံးချသွားတာပါ.. ကျွန်တော်တို့
ဗိုလ်ချုပ်တစ်မိသားစုလုံးကို မြန်မာတစ်နိုင်ငံလုံးက အသုံးချနေတာ
ကြာနေပါပြီ.. တော်သင့်ပြီလို့ ထင်ပါတယ်.. ပြီးခဲ့တာတွေကို ထားခဲ့ပြီး
ရှေ့လျှောက်ရမယ့် လမ်းကို ဂရုတစိုက် သွားဖို့ကို စဉ်းစားသင့်ပြီ...
အခုလည်း လာပြန်ပြီ... လူ့အခွင့်အရေးတဲ့... ကျွန်တော်တို့ တိုင်းပြည်က
ကောင်းတဲ့ဘက်ကိုသွားနေတာ.. ပြောင်းလဲမှုတွေ လဲလုပ်သင့်သလောက်လုပ်နေကြပြီ..
ဒါကို နောက်ကြောင်း ပြန်ဆွဲပြီး.. ဦးသန်းရွှေ အပါအ၀င် ဗိုလ်ချုပ်တွေကို
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကိစ္စတွေအတွက် လူ့အခွင့်အရေး ဆိုတဲ့
အကြောင်းပြချက်တွေနဲ့ တရားစွဲခြင်နေကြပြီ... ဘ၀မှာ မှားခဲ့ကြတာကတော့
လူတိုင်း နီးပါးပါဘဲ... အမှားကင်းတဲ့လူဆိုတာရှားပါတယ်... အမှားကိုသိလို့
အမှန်ပြင်လိုက်ပြီဆို ခွင့်လွှတ်သင့်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်...
ဘယ်သူမဆို ကိုယ့်အသက်.ကိုယ့်မိသားစုအသက်ကို ကာကွယ်ဖို့ဆိုရင် ဘာမဆို
လုပ်မိမှာဘဲ... ဒါကို အပြစ်မဆိုသာပါဘူး... အမှန်တရားကို တကယ်သိလို့
ပြုပြင်ပြောင်းလဲခဲ့ပြီဘဲ... ခွင့်လွှတ်စိတ်ကလေးတွေနဲ့
ကြည့်ပေးကြပါလို့... အဓိက က. ကျွန်တော်တို့ရဲ့ သား သမီး တွေ
ကောင်းစားဖို့ဘဲ မဟုတ်လား.. သူတို့ရဲ့ဘ၀ကို ကျွန်တော်တို့လို
မဖြတ်သန်းစေခြင်ဘူး... ကဒါဖီလိုတော့ မလုပ်ခဲ့ပါဘူး.... ကျွန်တော်တို့က
ဗုဒဘာသာဝင်တွေဘဲ မဟုတ်လား... ကံ ကံ ၏ အကျိုးကို ယုံကြည်ကြပါ... မည်သူမျှ
လက်တုံ့ပြန်စရာ မလိုပါဘူး... ကံစီမံရာပေါ့.. ပျော့ညံ့တာတော့ မဟုတ်ဘူး....
ကျွန်တော်တို့တိုင်းပြီကြီး ကောင်းဖို့ တစ်ခု အတွက်ပဲ... ဒီလို
အဖြစ်အပျက်တွေကို မကြုံဘူးတဲ့ တိုင်းပြည်ဆိုတာ မရှိပါဘူး... ဒီလိုနဲ့
တဖြည်းဖြည်း ပြုပြင်ပြောင်းလဲလာ ခဲ့တာပါ.. အခုရေတွင်းတူး
အခုရေကြည်သောက်လို့ မရပါဘူး...အချိန်ဆိုတာရှိပါတယ်... အမြဲတမ်း
မိုးမချုပ်သလို အမြဲတမ်းလည်း မိုးမလင်းပါဘူး...
ဒါကြောင့် အချိန်ကို စောင့်ဖို့လိုပါတယ်... ဦးမောင်မောင်လိုပြောရရင်
ဆန္ဒမစောကြပါနဲ့..... အန်တီစုလည်း သဘောပေါက်သွားပါပြီ.. What she have to
do..... ပြုပြင်ပြောင်းလဲရေးဆိုတာ အချိုန်ယူရပါတယ်...
ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်.. ကိုယ့်အကျိုးစီးပွားထိခိုက်မယ့်
တိုင်းတပါးနေ(နိုင်ငံရေး ခိုလှုံခွင့်ရနေသူများ) အတွက်ကတော့အခြေအနေ
သိပ်မကောင်းတော့ပါဘူး.. ဒါ့အတွက်ကြောင့်ဘဲ ဒီလိုတွေ အော်နေကြတာပါ.. ဒါကို
ကျွန်တော်တို့ ၀င်ပါစရာ မလိုပါဘူး..... ကျွန်တော်တို့
ကိုယ့်တိုင်းပြည်ထဲမှာနေပြီးစစ်အုပ်ချုပ်ရေး အောက်မှာ
နေခဲ့တဲ့အချိုန်တွေမှာသူတို့က အမေရိကားမှာ ဇိန်နဲ့နေပြီး နိုင်ငံရေး
ခိုလှုံခွင့်လစာ ခံစားနေခဲ့တယ်... အန်တီစုလို...မင်းကိုနိုင်လို ဘယ်သူ
အနစ်နာခံခဲ့လဲ... နှစ်ပေါင်းများစွာ... ဒီလို အနစ်နာခံခဲ့တဲ့ လူတွေတောင်
အမှန်ကို သိသွားကြပြီဘဲ.... ကိုယ်ဘာသာကိုယ် နိုင်ငံခြားမှာနေ
ကိုယ်အလုပ်ကိုယ်လုပ်ကြပါ...
တိုင်းရင်းသား အချင်းချင်း တိုက်ခိုက် သတ်ဖျက်တာတွေက တော်သင့်ပါပြီ...
နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီလေ... ငြိမ်းချမ်းရေး ယူရတော့မယ့်
အချိန်ရောက်ပါပြီ... နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့ဆိုတာ
တစ်ဖွဲ့ထဲ ရှိလို့ရတယ်... ၂ ဖွဲ့ရှိလို့ကိုမရဘူး... ဒါ့ကြောင့်
ဘယ်သူလက်နက်စွန့်ရမလဲဆိုတာ ကိုယ့်ဘာသာကိုယ်သိကြပါ... မြန်မာကို ကမ္ဘာနဲ့
ရင်ဘောင်တန်းချင်ရင် ငြိမ်းချမ်းရေးကို ရယူရျပါမယ်.... ဒါမှ
ကျွန်တော်တို့ မြန်မပြေည်ကြီး တိုးတက်လာနမှာ အမှန်ပါဘဲ..
မိုးရွာတုန်း ရေခံရအောင် ခဏပဲရွာမယ့်မိုး၊ ကွက်ကြားမိုး ဖြစ်နေလို့လား။ မစ္စကလင်တန်ကို ဗမာစကားပုံနဲ့ ရောင်ဝါးဝါးပြောလိုက်တာ ဟိုက ဒုံးဝေးမယ် မထင်နဲ့။
အမှန်ကို သိလျက်နဲ့ အတိတ်အမှားမှာ တိုင်ပတ်နေတဲ့သူတွေကို ပြုပြင်ပြောင်းလဲရေးသမား၊ ရိုးသားသူး၊ ခေါင်းဆောင်ကောင်း လို့ခေါ်နိုင်ပါမည်လော။ "မင်းမှာသစ္စာ လူမှာကတိ" ဆိုတာ စံနုန်းတခုပါ။ သည်လိုလူမျိုး စကားယုံစားရင် အရူးလင်လုပ်သလို ဖြစ်မှာပေါ့။
" ရှေ့အစိုးရချခဲ့တဲ့ ပြစ်ဒဏ်တွေကို ပြန်လည်သုံးသပ်ပြီး အမျိုးသားရင်ကြားစေ့ ရှေးရှူ၍ နိုင်ငံတည်ဆောက်ရေးပါဝင်နိုင်ရန် ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။"
ဆိုရင် ပြီးနေပါပြီ။ ကောက်ကွေ့ နေစရာ မလိုပါ။
ယခုငါးနှစ်သက်တမ်းဟာ အစိုးရရဲ့ စနစ်သစ် ပြင်ဆင်ကာလဖြစ်သလို အုပ်ချုပ်ရေး၊ ဘဏ္ဏာရေး စည်းလုံးရေး အားအနည်းဆုံးကာလပါ။
အုပ်ချုပ်ရေးဘက်မှာ အမတ်မင်းများ၊ ဝန်အဖွဲ့များ၊ ဘောင်းဘီဝတ်/ချွတ်များ အာဏာ/လုပ်ပိုင်ခွင့် ခွဲဝေမူ ဖရိုဖရဲ၊
ဘဏ္ဏာရေးဘက်မှာ (သွားလေသူများ သိမ်းကျုံးယူသွား၍) လုပ်ငန်းရှင်ဘဏ်တွေဆီက ချေးငွေယူပြီး ဂုန်းကျော်တံတားဆောက်ရတာမျိုး၊ အရှုံးခံစိုက်ထုတ်ထားပါတယ်ဆိုတဲ့ မီတာခတွေ မနိုင်တော့တာမျိုး၊တွေနဲ့ ဖရိုဖရဲ၊
စည်းလုံးရေးဘက်မှာ တပ်သားတွေ ငတ်ပြတ်နေပြီး တပ်မူးတွေ အရင်စနစ်ဟောင်း ပြန်လွမ်းပြီး မကျေနပ်မူ၊ ပြည်သူတွေရဲ့ သေမထူး နေမထူးစိတ် ပြင်းထန်လာမူ စတဲ့ ဖရိုဖရဲ၊
ဖရိုဖရဲတွေ ကြားကန်ဖို့ ၊ ချွေးသိမ့်ဖို့၊ မျှော်လင့်ချက်တွေနဲ့ အချိန်ဆွဲဖို့၊
ကမ္ဘာကျော် လံကျူပ် ဇတ်လမ်းကနေတာပါ။
Post a Comment