Friday, October 7, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁၀-၂၀၁၁)

- ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးပါက ပူးပေါင်းမည်ဟု CRPP ပြော click
- နိုင်ငံရေးအကျဉ်းသား ၆ ဦး လွတ်ရက်စေ့လို့ ပြန်လွတ်လာ click
- ဖောက်ခွဲရေးပုဒ်မနဲ့ အကျဉ်းကျသူတွေ ပြန်လွတ် click
- လွတ်မြောက်ရေး မျှော်လင့်နေကြ click
- လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပြီ click
- လူ့အခွင့်အရေးအခြေအနေ ကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်မှုတွေ လိုအပ် click
- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်း ပြင်ဆင်မှုများပါရှိ click
- လွှတ်တော်အစည်းအဝေး ၁၀ ရက်ကြာ နားမည် click
- မွန်ပြည်သစ်နဲ့ ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေး click
- မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရ တွေ့ဆုံဆွေးနွေးခဲ့ click
- ငြိမ်းချမ်းရေးကိစ္စ NMSP နှင့် အစိုးရ ကိုယ်စားလှယ်နှစ်ဖွဲ့ တွေ့ဆုံ click
- အစိုးရရဲ့ ငြိမ်းချမ်းရေး မူမမှန်ဟု မွန်ပြည်သစ်က ဆို click
- ရှမ်းတောင်ပိုင်းတပ် မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့အသင့်ရှိ click
- ငြိမ်းချမ်းရေးအတွက် တရုတ်ကြားဝင်ရန် UNFC လိုလား click
- ဦးတင်အောင်မြင့်ဦး တရုတ်ပြည် သွားမည် click
- တရုတ်-မြန်မာ ရေကာတာ ရပ်ဆိုင်းမှု click
- မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်မှုမရှိဟု တရုတ်သတင်းစာ ရေးသား click
- ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ရပ်တန့်ထားရန် ရွှေဂက်စ် တောင်းဆို click
- ရခိုင်လူ့အခွင့်အရေးအဖွဲ့ ဖွဲ့စည်း click
- ရခိုင်လူ့အခွင့်အရေးအဖွဲ့ ထိုင်းနိုင်ငံမှာ ထူထောင် click
- ရွာသားများအား စစ်တပ်လမ်းပြအဖြစ် ခေါ်ယူအသုံးပြုနေ click
- ဒုက္ခသည်များအား အကူအညီ မပေးရန် မြန်မာအစိုးရ ပိတ်ပင် click
- သတ်ဖြတ်၊ မတရားကျင့်မှုများကို ကချင်အမျိုးသမီးအဖွဲ့ ဖွင့်ချ click
- အစိုးရတပ် အဓမ္မကျင့် သတ်ဖြတ်မှုများပြုခဲ့ဟု ကချင်အမျိုးသမီးအဖွဲ့ စွပ်စွဲ click
- အမေရိကန်ရှိ ကချင်အမျိုးသားများ၏ တရုတ်အစိုးရ ဆန္ဒပြပွဲ click
- NLD ပါတီရဲ့ အဟာရဒါနအလှူ လှည်းကူးမြို့နယ်မှာ ပြုလုပ် click
- ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ခွင့်မပြုတာ ဘာကြောင့်လဲ (ဆွေးနွေးဖလှယ်) click
- သံသယအကျိုးနှင့် မြန်မာ့နိုင်ငံရေး (ဆောင်းပါး) click
- ရှင်ဒီသာပါမောက်နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး (ဆောင်းပါး) click
- အမောဖောက်စေမယ့် ထွက်ပေါက် (ကာတွန်း) click
- မိုးကြောင့် မြန်မာ့ဆန်အထွက် လျော့ဖွယ်ရှိ click
- ကရင်နီဒုက္ခသည်စခန်းတွင် တလနီးပါး ရေကြီး၍ သွားလာရေး အခက်အခဲနှင့် ကြုံတွေ့ click
- မန္တလေးမှာ လူရာကြီးဂဏန်း အစာဆိပ်သင့် click
- အမရပူရဆွမ်းကျွေး တစ်ထောင်နီးပါး အစာအဆိပ်သင့် click
- စင်္ကာပူရောက် မြန်မာ ၄၂ ဦး၏ ပတ်စ်ပို့နှင့် ငွေများ အလိမ်ခံရ click
- ဂရင်းကတ် ကံစမ်းမဲ D.V Lottery စတင် လျှောက်ထားနိုင်ပြီ click
- အခက်အခဲများ ရှိနေသော်လည်း ကမ္ဘာ့ဆရာများနေ့ကို BMTA ကျင်းပ click
- အင်းလေး ဖောင်တော်ဦးဘုရားပွဲ (ဓာတ်ပုံသတင်း) click
- မြန်မာဖက်ရှင်နှင့် နယူးယောက်မိုဒယ်များ (ဓာတ်ပုံသတင်း) click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် - အမှတ် ၃၉၇ (အသံလွှင့်ဆောင်းပါး) click
- မြူတိမ်ဝေေ၀ … တောင်ခိုးဝေးဝေး - ၁၃ (ဆောင်းပါး) click
- ကဒါဖီ နောက်ဆုံးခြေကုပ် အပြင်းအထန် တိုက်ခံရ click
- တာလီဘန်နဲ့ တိုက်တဲ့ အာဖဂန်စစ်ပွဲ ၁၀ နှစ်ပြည့် click
- အလုပ်အကိုင်ဖန်တီးရေးဥပဒေ အတည်ပြုဖို့ လွှတ်တော်ကို သမ္မတအိုဘားမား တိုက်တွန်း click
- ငြိမ်းချမ်းရေး နိုဘယ်ဆု အမျိုးသမီး ၃ ဦး ရရှိ click
- ငြိမ်းချမ်းရေး နိုဘဲလ်ဆု အမျိုးသမီး ၃ ဦး ပူးတွဲရရှိ click
- အမျိုးသမီး နိုဘဲလ်ဆုရှင် ၃ ဦးကို အိုဘားမား ချီးကျူးဂုဏ်ပြု click
- အမျိုးသမီး နိုဘဲလ်ဆုရှင်များ click
- စကိုက်ပ်ကို မိုက်ခရိုဆော့ဖ်က ၀ယ်ယူ click
- လူ့ဘောင်လောက လူမှုဘ၀ကို ပြောင်းလဲစေသူ စတိဗ်ဂျော့ဘ် click
- အောက်တိုဘာ ၇ ရက် တမိနစ် နိုင်ငံတကာ သတင်းဗွီဒီယို click
- မြစ်ဆုံအရေး ဆွေးနွေးရန် ဦးတင်အောင်မြင့်ဦး တရုတ်ပြည် သွားမည် click
- မြစ်ဆုံ​ရေကာတာ ခဏရပ်၊​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ ​ကော်​ဇောနီနဲ့ ဖုံးလိုက်တော့​ (သုံးသပ်ချက်) click
- မြစ်ဆုံမှသည် ငြိမ်းချမ်းရေးသို့ ... (အယ်ဒီတာ့အာဘော်) click
- ဤခရီး မဝေးတော့ (အယ်ဒီတာ့အာဘော်) click
- ကယားပြည်နယ် ရေကာတာစီမံကိန်း အနီးသွားလာခွင့်ပိတ်၊ ဒေသခံများ အခက်တွေ့ click
- အစိုးရသတင်းပေးတဦးအား ဒေသခံများ ရိုက်နှိက်၊ ပြင်းထန်စွာ ဒဏ်ရာရ click
- ၀ နှင့် မိုင်းလားတပ်ဖွဲ့အား သပ်လျှိုဖြိုခွဲမှု အစိုးရသစ် စတင် click
- စစ်ဆင်ရေးနယ်မြေများသို့ အကျဉ်းသားများ ပို့ဆောင် click
- ရွာသားများအား စစ်တပ်လမ်းပြအဖြစ် ခေါ်ယူအသုံးပြုနေ click
- ရှေ့တန်းမလိုက်လို၍ ဟန်ဆောင် ဗုံးဖောက်ခွဲ click
- စစ်ဗျူဟာမှူး လိုက်ပါလာသည့် ယာဉ်တန်းကို KIA တိုက်ခိုက် click
- မုန်းကိုတွင် မြန်မာစစ်သား ၂ ဦး ကျ၊ ၁ ဦး ဒဏ်ရာရ click
- အစိုး​ရတပ်နှင့်​ ​ကေအိုင်​အေတိုက်ပွဲ​ကြောင့်​ မန်စီ​ဒေသခံများ​ စိုး​ရိမ်ထိတ်လန့်နေ click
- ကချင်စစ်​ပြေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်မဲ့​ဖြစ် click
- မြန်မာ့အရေးအား နိုင်ငံတကာ စောင်ကြည့်နေမှုက လူ့အခွင့်အရေးကျူးလွန်ရန် မီးစိမ်းပေးနေ click
“အားမလျှော့နဲ့ ရောက်လုပြီ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- သမ္မတ ဦးသိန်းစိန် မကြာမီ အိန္ဒိယ သွားမည် click
- မြန်မာအစိုးရ ဆီးရီးယားနှင့် မတူ၊ သဘောထားကြီးဟု အမေရိကန် ပြော click
- တပတ်အတွင်း​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်မည်ဆိုသည့်​ ​ကောလာဟလ ပြန့် click
- ရွှေဝါ​ရောင်​တော်လှန်​ရေး​၌ ပါဝင်ခဲ့​သည့်​ သံဃာနှင့်​ အရပ်သား​ ​ထောင်မှ လွတ်မြောက် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP တွေ့ဆုံဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည် တရားစခန်းဝင်မည် click
- နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​က နိုင်ငံ​ရေး​ခေါင်း​ဆောင်များ​ကို ကန်​တော့​ပွဲ ကျင်း​ပမည် click
- ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး click
- ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် မွန်ပြည်သစ်ပါတီ ပဏာမ ဆွေးနွေးခဲ့ click
- မွန်ပြည်သစ်ပါတီက တပ်​ပေါင်း​စုနှင့်​ ​ဆွေး​နွေးမည့်​သ​ဘောထား​ ပြည်နယ်အစိုးရကို ​ပြော click
- မွန်၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး တ၀ဲလည်လည် click
- တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ click
- ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ လျှော့ပေါ့ပြင်ဆင်ရန် တင်သွင်း click
- လူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းနိုင်ပြီ click
- လူ့အခွင့်​အ​ရေး​ကော်မရှင်က ပညာ​ပေး​လုပ်ငန်း​ ဦး​စား​ပေး​ဆောင်ရွက်မည်ဟုဆို click
- လယ်သမား​ဆွေး​နွေးပွဲများ​ လွတ်လွတ်လပ်လပ် လုပ်ခွင့်​ရလာ click
- စိုက်ပျိုး​စရိတ်​ချေး​ငွေကိစ္စ တိုင်တန်း​သူများ​ ခြိမ်း​ခြောက်ခံရ click
- နယ်စပ်မူးယစ်ဆေးဝါးကိစ္စ အိန္ဒိယ-မြန်မာ ပူပေါင်းတိုက်ဖျက်မည် click
- ဒေါ်မာမာအေး ပြည်တော်မပြန်သေး click
ကာတွန်း ဟန်လေး (သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)
- ဉာဏ်နဲ့ ကြည့်၊ သတိနဲ့ ရံ (ဆောင်းပါး) click
- ရလျှင်ရ မရလျှင်ချ - အပိုင်း (၂) (ဆောင်းပါး) click
- သန်း​ရွှေအလွန် အပိုင်း​ (၆) (ဆောင်းပါး) click
- MSF ထိုင်းမှ ထွက်၊ မြန်မာများ အခက်တွေ့နိုင် click
- မန္တလေး အစာအဆိပ်သင့်မှု လူ ၄၀၀ ခန့် ဆေးရုံရောက် click
- မလေးရှားတွင် မြန်မာ ၇၇ ဦး အဖမ်းခံရ click
- လူရွှင်တော်ဇာဂနာ လွတ်လာရင် မြပုဏ္ဏမာ အငြိမ့်တပွဲလောက် ပြန်ကချင်သတဲ့ click
- ဘုရားစူး လမ်း click
- နှစ် ၂၀ ထဲ ကွာတာပါ ... click
- ဘာသိချင်သလဲ click
- နယူးဒေလီမြို့က မြန်မာဒုက္ခသည် ဆေးကုခန်း (ရုပ်သံ) click
- အိမ်ကလေး ၈ (၀တ္ထုတို) click
- အမျိုးသမီး​သုံး​ဦး​ နိုဘယ်လ်ဆု ချီး​မြှင့်​ခံရ click
- ကမ္ဘာ့ဈေးအချိုဆုံး Tablet Computer click
“စီလုတ်ကြီး စွေ့စွေ့ခုန်” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

အပြည့်အစုံသို့...

ဖေ့စ်ဘွတ်ခ်က အပြန် (၇-၁၀-၂၀၁၁)

ကျောက်ပန်းတောင်းမြို့ရဲ့ ကြည်နူးဖွယ် နံနက်ခင်းအလှ
ကေအိုင်အေ တိုက်ပွဲဝင် ရဲဘော်များနှင့် ကြိုဆိုသူများ
လမ်းဘေးတွင် အိပ်စက်လဲလျောင်းနေရရှာသည့် အမေအိုတဦး
“တိုင်တော့တိုင် ... အရင်ဟာတွေ မပါကြေး”
မိဘတို့အား လုပ်ကျွေးပြုစုခြင်းသည် ကောင်းမြတ်သောမင်္ဂလာဖြစ်၍
ပညာရှိသူတော်ကောင်းတို့သည် ချီးမွန်းကြကုန်၏။
ပန်းချီထိန်လင်းတို့ စုံတွဲ

အပြည့်အစုံသို့...

တောင်ငူခရိုင် ရေဘေးအလှူ (ရုပ်သံ)

Burma VJ Media (6-10-2011)
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲက ရေဘေးသင့်ပြည်သူတွေကို အခုလ ၃ ရက်နေ့က BG သွေးကူညီရေးအဖွဲ့၊ မွန်မြတ်ဒါနပရဟိတအဖွဲ့နဲ့ စေတနာရှင်တွေ စုပေါင်းပြီး ဒုတိယအကြိမ်မြောက် သွား ရောက်လှုဒါန်းခဲ့ကြတာဖြစ်ပါတယ်။

အပြည့်အစုံသို့...

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

ဘာတစ်လ်လင်တနာ
(Save the Irrawaddy ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

(မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တ နာ၏ မူကွဲ သုံးသပ်ချက်ဆောင်းပါးတပုဒ်ဖြစ်သည်။)

တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့်ပတ်သက်၍ အာရှနိုင်ငံ များက ပိုမို စိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအား လျှပ်စစ်တမံစီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်း သစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဘက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ် မှီခိုနေရ ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလားဆိုသည့် မေး ခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံ ကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ-တရုတ်ဆက် ဆံရေးတွင် ကဏ္ဍသစ်တခု ရေးထိုးလိုက်ပြီဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစောင် ပေးပို့ကာ နိုင်ငံ မြောက်ပိုင်း၌ အကြီးစား ရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံ ကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံး တမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်းကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ် သည်။

ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလား ဆိုသည့်အချက်မှာ မသဲကွဲ သေးပါ။ ၁၉၈၈ ဒီမိုကရေစီဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင် ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ် လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဘက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစိတ်တပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သ ဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ် သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ် ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံ သည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင် ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများ လျှံထွက် နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ဧရာဝတီ ကယ်တင်ရေး’ အစည်း အဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာ သံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တ ရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလျက်ရှိရာ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်း ဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ် များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမား များနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက် နိုင်ငံများ၏ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာရောက်မည့်အဖြစ်ကို လိုလားမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့်ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာ ပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏မြောက်ဘက်အိမ်နီးချင်းနိုင်ငံအား ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ် ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင် ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတခုဖြစ်ခဲ့ သည်။

၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ် ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံ ထောက်ပံ့ကူ ညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇ တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မ တော် ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာအဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ် ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့ အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ် ဆယ်စုနှစ်တစုလုံးလုံး အင်ဒိုချိုင်းနား ကျွန်း ဆွယ်အပြင်ဘက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီ များ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ “ပြည်သူ့အသံ” ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူ နန်ပြည်နယ်ဘက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ် လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိ သွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအောကူညီမှု ဇာတ်သိမ်းခန်းအစ ဖြစ် လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေးလှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင် စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာ ဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တလာခဲ့ခြင်း ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေး တော်ပုံအပြီးတွင်မူ တဆင့်ပြီးတဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းမြောက်မြားစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦ စီမံကိန်းများစွာ တွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဘက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဘက်အကြံပေးများလည်း တသုတ်ပြီးတသုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးသည်လည်း တဟုန်ထိုး ဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက် ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင် ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓာတ်ငွေ့ကို တရုတ်သို့ ပို့မည့် ပိုက် လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာရေလက်ကြားကို ရှောင်ရှားသယ် ယူမည့် ရေနံစိမ်းပိုက်လိုင်းတခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓကတခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာစစ်ဘက်ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသောစစ်ပွဲကို မမေ့နိုင်သလို ဗကပအသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက် ဖြင့် သူတို့၏ ရဲဘော်ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပ ရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက်တခုတွင် ပြန်လည်တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက်အပြီးတွင် တရုတ်တို့က ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်းအစီရင်ခံစာတွင် တမံအရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထား သည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည် ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံ ရေးယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာဆက်ဆံရေး ဟန်ချက်ညီအောင် ကြိုးစားနေခြင်းကို ထုတ် ဖော်ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဖူးသော ဘက်မလိုက်မူဝါဒကို ပြန်လည်ချဉ်းကပ်ခြင်းလည်း ဖြစ် ကောင်းဖြစ်နိုင်ပေသည်။

အချို့အကဲခတ်စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာအစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထား ခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြနေကြသည့် “မြန် မာနိုင်ငံ၏ ယုံကြည်စိတ်ချ အားကိုးမှု” ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်းမဟုတ်ပါဟု မဟာဗျူ ဟာလေ့လာရေး သုတေသနပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချပေးနေသူများက ပြသနေသော အထောက်အထားတခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှစ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယားနိုင်ငံများထံ ပြောင်းလဲဝယ်ယူကာ ယင်း၏ လက်နက်ဖူလုံရေးအစီအစဉ်ကို ခွဲဝေဖြန့်ကျက်ခဲ့သော အချက်ပင်ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အ ကောင်အထည်ဖော်ခြင်းအစား ‘တရုတ်ဝှက်ဖဲ’ ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာအစိုးရ တာဝန်ရှိသူတဦး ရေးသားကာ နေပြည်တော်ထိပ်ပိုင်းအဆင့်က ခွင့်ပြုခဲ့သည်ဟုကြားသိရသော ဘန်ကောက် ပို့စ်သတင်းစာပါ ‘ရေးသူအမည်မပါ’ ဆောင်းပါးတပုဒ်တွင် “ကျနော်တို့နိုင်ငံကို တရုတ်သြဇာခံ ပြည်နယ်တခု မဖြစ်စေလိုပါ။ သို့သော် ကျနော်တို့နိုင်ငံကို ရွေးချယ်စရာမရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံ ကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကျပ် မပြုလုပ်သင့်ပါ” ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကျပ်ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်း ဆိုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အစိုးရဘက်က အမြင်ကို ကြည့်ပါက တရုတ်ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ် ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကာ အ နောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု လျော့ပါးသွားရန် မျှော်လင့်ခြင်းဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လိုအုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း၊ မြန်မာအစိုးရက မ ကြာခဏ ထုတ်ဖော်ပြောဆိုလျက်ရှိပေသည်။ မြန်မာအစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။

(Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “Burma delivers its first rebuff to China” သတင်းကို ဘာသာပြန်သည်)

http://yaleglobal.yale.edu/content/burma-delivers-its-first-rebuff-china

အပြည့်အစုံသို့...

သမ္မတကြီးခင်ဗျာ ...

(မျိုးမြင့်ချို၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

အပြည့်အစုံသို့...

Generation Wave (မျိုးဆက်သစ်လူငယ်များ) ၏ လေးနှစ်မြောက်မွေးနေ့

“Generation Wave ရယ်လို့ နာမည်ပေးဖို့ အိုင်ဒီယာပေးခဲ့တဲ့
ထောင်ထဲက ကျနော့်သူငယ်ချင်းကို သတိရတယ်။
မင်းတို့ မလွတ်သေးသမျှ အရင်အစိုးရနဲ့ ဒီအစိုးရ မတူဘူးလို့
ငါ မပြောနိုင်ဘူး။”
(အောင်မျိုးထွန်း)

အပြည့်အစုံသို့...

Thursday, October 6, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၁၀-၂၀၁၁)

- ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ဗုံးပေါက် click
- ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် click
- ငြိမ်းချမ်းရေး နိုဘယ်ဆုစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် လျာထား click
- မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာ ခွဲသင့်လို့ ဆို click
- မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု အထက်လွှတ်တော်အမတ် မက်ကိန်းအမြင် click
- ရေကာတာများနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု (သတင်းသုံးသပ်ချက်) click
- ရွှေဂက်(စ်)ကိုလည်း ဧရာဝတီလို ရပ်တန့်ပေးရန် တောင်းဆို click
- ထားဝယ်ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး နေရာအတွက် ခြိမ်းခြောက်ခဲ့ဟုဆို click
- မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်း စောင့်ကြည့်မည် click
- အပြုသဘောဆောင် ပြောင်းလဲမှု ဆက်လုပ်ဖို့ မြန်မာကို အမေရိကန် တိုက်တွန်း click
- ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေး click
- မြန်မာ့အရေး ကီလိုမီတာ နှစ်ထောင် စက်ဘီးစီးသူ ဂျာမဏီ ဆိုက်ရောက် click
- မုံးကိုးတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တွေ တရုတ်ဘက် ထွက်ပြေး click
- ဆွေးနွေးပွဲ နှစ်ဘက်ကိုယ်စားလှယ်များ ရေးမြို့သို့ ရောက်ရှိနေ click
- ကရင်နီရွာသားများ အစိုးရစစ်တပ်အတွက် လုပ်အားလည်းပေး ကြက်လည်း ကျွေးနေကြရ click
- ပါတီမှတ်ပုံတင်ခွင့် ဥပဒေ ပြင်ဖို့ တင် click
- နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေး လွှတ်တော်မှာ ဆွေးနွေး click
- နေပြည်တော်ကောင်စီ၏ လူဖမ်း ထောင်ချပွဲကြီး (ပေးစာ) click
- နိုင်ငံရေးအကျဉ်းသား (သို့) ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံနေရသူဆိုသည်မှာ ... (ဆောင်းပါး) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၄ (အောက်မေ့ဖွယ်) click
- ပြေးကြ ... ပြေးသာပြေးကြ (ကာတွန်း) click
- ကျောက်ဖြူတွင် ဒေ၀ူးကုမ္ပဏီကို မကျေနပ်မှု တိုးပွား click
- နိုင်ငံခြားသွားရင် ဒေါ်လာ ၂,၀၀၀ အထိ လဲယူသွားနိုင် click
- မဲဆောက်-မြ၀တီ တံတား ပြန်ဖွင့်ဖို့ သဘောတူညီချက် ရရှိ click
- မဲဆောက် ငွေရှာပွဲကြီးနှင့် ရွှေ့ပြောင်းအလုပ်သမားများ (ရုပ်သံ) click
- ဓားပြများက ကျေးရွာအုပ်ချုပ်ရေးမှူးတဦး၏ လက်ကို ဖြတ် click
- ရခိုင်ယဉ်ကျေးမှု အဆိုအကနှင့် ကျင်ပညာ သရုပ်ဖော်ပြပွဲကို ထိုင်းဈေးပွဲတော်တွင် တင်ဆက်ပြသ click
- မူးယစ်ဆေးရွက်တမျိုး မွန်လူငယ်များ သုံးစွဲလာကြ click
- လက်ကိုင်ဖုန်းနဲ့ ကျန်းမာရေးအန္တရာယ် click
- နိုင်ငံတကာညွန့်ပေါင်းတပ် အာဖဂန် ရောက်တာ ၁၀ နှစ်ပြည့် click
- ယူရိုဇုန် ကြွေးမြီးပြဿနာ အမြန်ဖြေရှင်းဖို့ အိုဘားမား တိုက်တွန်း click
- ဆီးရီးယားတပ် လက်ဘနွန်နယ်ထဲက လယ်သမားကို ၀င်ရောက်ပစ်သတ် click
- အလွဲသုံးစားမှုနဲ့ အုပ်ချုပ်ရေးမှူးဟောင်း ၃ ဦး ဖမ်းဆီးခံရပြီ click
- ကွယ်လွန်သူ Steve Jobs အတွက် ကမ္ဘာတ၀န်း ၀မ်းနည်း click
- Steve Jobs ကို ကမ္ဘာတ၀န်းက ဂုဏ်ပြုနှုတ်ဆက်ကြ click
- ပန်းသီးတလုံးရဲ့ ရာဇဝင် (ဆောင်းပါး) click
- စာပေနိုဘဲလ်ဆု ဆွီဒင်ကဗျာဆရာ ရရှိ click
- တားမြစ်ဆေးဝါး သုံးဖူးပေမယ့် အိုလံပစ် ၀င်နိုင် click
- D.V Lottery စတင်လျှောက်ထားနိုင်ပြီ click
- အောက်တိုဘာ ၆ ရက် တမိနစ် သတင်းဗွီဒီယို click
- မြစ်ဆုံစီမံကိန်း​ ပြည်သူများ​ ထိခိုက်မှုမရှိဟု တရုတ်ကုမ္ပဏီ​ပြောဆိုချက် မှား​ယွင်း​ဟု ဆို click
- ဒု-သမ္မတ တရုတ်ပြည် သွားမည် click
- မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မှု တရုတ်-မြန်မာဆက်ဆံရေး ထိခိုက်နိုင် click
- CPI တရားစွဲလျှင် စာချုပ်ပါအချက်များ အများပြည်သူကို ထုတ်ပြန်ရန် လို click
- မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၂) click
- ဆည်ရပ်တန့်မှု မြန်မာအစိုးရကို ဂျွန်မက်ကိန်း ချီးကျူး click
- မြစ်ဆုံတွင် ခွင့်ပြုချက်မရှိ ရွှေတူးဖော်ခြင်း ပိတ် click
- ရွှေဂက်စ်စီမံကိန်း​ကိုလည်း​ ရပ်တန့်ပေး​ရန် ​တောင်း​ဆို click
- KIA ၀င်ရောက်ပစ်ခတ်ပြီးနောက် လားရှိုးလူထု လုံခြုံရေး စိုးရိမ် click
- ကချင်ပြည်နယ်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား click
- မုန်းကိုတွင် မြန်မာအစိုးရစစ်ကြောင်းအား KIA ခြုံခို ပစ်ခတ် click
- မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် ဗုံး ၆ လုံးကွဲ click
- ဘုရားသုံးဆူအနီး KNLA နှင့် တိုက်ပွဲဖြစ် click
- ဘုရားသုံးဆူနဲ့ ကော့ကရိတ် အနီးဝန်းကျင်းက တိုက်ပွဲ ၂ ပွဲ click
- တပ်ပြောင်းလဲချိန် အစိုးရစစ်တပ် ချုံခိုတိုက်ခိုက်ခံရ click
- ကရင်ပြည်နယ် တိုက်ပွဲများ မရပ်စဲသေး click
- မွန်ပြည်သစ် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း click
- ရှမ်းတောင်ပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောတူ click
- ဝန်ကြီးချုပ် ယင့်လတ် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေး click
- နယ်စပ်ကုန်သွယ်လမ်းများ ဖောက်လုပ်ရေး အိန္ဒိယ-မြန်မာ ဆွေးနွေးစေလို click
- ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၌ ဆွေးနွေးမည် click
- ကွန်ဒိုမီနီယမ်ဥပဒေ လွှတ်တော်တွင် တင်သွင်း click
- လွှတ်တော်တက် သတင်းယူသူများ စုံစမ်းခံရ click
- သတင်း​ထောက်များ​၏အ​ကြောင်း​ အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့က လိုက်လံမေးမြန်း​ click
- ရဲသတင်းတပ်ဖွဲ့ အရာရှိနေရာ စရဖဖြင့် အစားထိုး click
- ဆင်း​ရဲနွမ်း​ပါး​မှုပ​ပျောက်​ရေး ​ချေး​ငွေကို အာဏာပိုင်နှင့် နီးစပ်သူများသာရ click
- လယ်​ဝေး​က တံတား​ သမ္မတလာမှ အား​ချင်း​ ပြင် click
- ဘီဘီစီက ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- ငြိမ်း​ချမ်း​ရေး​ကိစ္စ မွန်ပြည်သစ်ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​နှင့်​ ​မေး​မြန်း​ချက် click
- လူ့အခွင့်​အ​ရေး​တိုက်ပွဲဝင် ပုဂ္ဂိုလ်​ကျော်များ​ - အပိုင်း​ (၁၀) click
- မလေးတွင် မြန်မာ ၇၇ ဦး ဖမ်းခံရ click
- ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိ မရှင်းနိုင်သေး click
- မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့် click
- ထိုင်းနယ်စပ်ဂိတ်များ ပြန်ဖွင့်မည့်သတင်းကြောင့် နယ်စပ်ဂိတ်များ ၀မ်းသာ click
- ရေကြီးပြီးနောက်ပိုင်း စခန်းရှိ လူများ သွားလာရေး အခက်ကြုံနေဆဲ click
- ချောင်းဆုံမြို့နယ်၌ တွေ့ရှိနေရသော လယ်ခရုကို စားသုံးရန် မသင့် click
- ၀န်ကြီးချုပ် ခွန်ယင်လပ်ရဲ့ တွစ်တာအကောင့်ကို ဖောက်ထွင်းမှုနဲ့ ချူလာကျောင်းသားကို ဖမ်းဆီး click
- ထိုင်းဝန်ကြီးချုပ် ဖက်ရှင် click

အပြည့်အစုံသို့...

ဧရာဝတီမြစ်ဆုံကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ

ဧရာဝတီမြစ်ဆုံကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ
စိန်သံလုံး
ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်

မြန်မာပြည်ကို စီးပွားရေးအရ တရုတ်က အသုံးချနေခဲ့တာ ကြာပါပြီ။ မှတ်မှတ်ရရ ပြောရရင်တော့ ဗိုလ်ချုပ် နေ၀င်းခေတ်ကစပြီး မြန်မာဘက်က အလျှော့ပေး ဆက်ဆံခဲ့တာပါ။ မူဆယ်ဘက်က နယ်စပ်မှာ သတ်မှတ် ကျောက်တိုင် အခိုင်အမာရှိခဲ့တဲ့ နေရာတွေကိုတောင် တရုတ်အတွက် ဗိုလ်ချုပ်နေ၀င်းက ရက်ရက်ရောရော ပေးခဲ့တာလေ။ အဲဒီကစပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးက ဆွေမျိုးပေါက်ဖော် ဖြစ်ခဲ့ကြတာပါ။ အဲဒီဆွေမျိုး ပေါက်ဖော်ကြီးက တချိန်တုန်းက ဗကပကို မွေးပြီး ဆန့်ကျင်ဖို့ အားပေးခဲ့သလို နောက်ပိုင်းမှာတော့ န၀တနဲ့ နအဖက စစ်ခေါင်းဆောင်တွေကို မွေးခဲ့ရာက ဧရာဝတီမြစ်ဆုံကိစ္စကြီး ပေါ်ပေါက်လာခဲ့တာပါ။

မှတ်မိသလောက်ပြောရရင် ပေါက်ဖော်ကြီးက နေရာတိုင်းမှာ သူ့မျက်နှာဖြစ်ဖို့ ကြိုးစားလာခဲ့တာ နှစ်တော် တော်ကြာပါပြီ။ ကမ္ဘာအရပ်ရပ်မှာလည်း သူ့စီးပွားရေးလုပ်ငန်းတွေ မြှုပ်နှံထားတယ်။ လစ်ဗျားမှာတော့ ကဒါဖီ နဲ့ လက်ဝါးချင်းရိုက်ထားတဲ့ကိစ္စမှာ ပေါက်ဖော်ကြီး တော်တော်အထိနာခဲ့တယ်။ အမေရိကန်လို နေရာမျိုးမှာ တောင် ဈေးကွက်ချဲ့နေတဲ့ ပေါက်ဖော်ကြီးကတော့ မြန်မာနိုင်ငံရဲ့အထက်မြန်မာပြည်ကို စပြီး မြိုခဲ့တာပါ။

အထူးသဖြင့် မန္တလေးကို အခြေချဖို့ ကြိုးစားပြီး မူဆယ်ကတဆင့် သယံဇာတတွေရော၊ စားသောက်ကုန်တွေ ပါမကျန် အဆီစားပြီးအသားမြိုခဲ့တာပါ။ နောက်ဆုံး လူကုန်ကူးလုပ်ငန်းနဲ့ တရုတ်နိုင်ငံသားတွေကို မိန်းမ၀ယ် ဖို့ အားပေးခဲ့တာလည်း ပေါက်ဖော်ကြီးပါပဲ။ မြန်မာပြည်က လူပွဲစားတွေ တော်တော်စီးပွားဖြစ်တယ်ဆိုပဲ။

နောက်ပြီး မြန်မာနိုင်ငံရဲ့ သံယံဇာတတွေကို ဈေးပေါပေါနဲ့ ရဖို့ ကြိုးပမ်းရာမှာလည်း ပေါက်ဖော်ကြီးအနေနဲ့ အောင်မြင်ခဲ့ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးဆိုတဲ့ စကားလုံးကို ယဉ်ယဉ်လေးသုံးပြီး မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်သံပတ္တမြား၊ ရွှေနဲ့သတ္တုအမျိုးမျိုး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နဲ့ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ နောက်ဆုံး သား ငါး ပုဇွန် ငါးရှဥ့် အရွယ်စုံပါမချန် အကုန်ယူခဲ့အတွက် “ရွှေကို ယူသည်၊ ငွေကို ယူသည်၊ ပြီး တော့ လူကိုပါယူသည်” ဆိုတဲ့ စကားအတိုင်း ဖြစ်ခဲ့ရပြီလေ (ကျောက်ဖြူရေနက်ဆိပ်ကမ်းပါ အဆစ်ပါသေး။ သူကလည်း ရင်းနှီးမြှုပ်နှံမှု မသေးဘူး။ ဒေါ်လာသန်း ၂,၅၀၀ ကျော်တယ်တဲ့)။

အခုဆို မြစ်ဆုံကိစ္စ ပွဲစားလုပ်ခဲ့လို့ ၁၀ ရာခိုင်နူန်းရမယ့် အေရှားဝေါလ်ကုမ္မဏီနဲ့ သူနဲ့ ပတ်သက်သူတွေလည်း မျက်ကလူးဆန်ပြာဖြစ်ကုန်ပြီး တရုတ်ကြီးက သူ့နိုင်ငံသား CPI ကုမ္ပဏီရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးဖို့ ပြင် ဆင်နေပြီလို့ ကြားနေရတယ်။ ကြိုပွိုင့်စားထားတဲ့ လူတွေ အသက် ဖက်နဲ့ထုပ်ထားကြနော်။

ဧရာဝတီမြစ်ဆုံကိစ္စကို ဆက်မလုပ်ဖို့ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ မိမိတို့အ စိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ ဆိုတာကြောင့် အစိုးရသက်တမ်း ၅ နှစ်အတွင်း စိတ်ချရပြီပေါ့၊ ဒါပေ မယ့် စိတ်မချရတဲ့ ကိစ္စကတော့ ပေါက်ဖော်ကြီးက ဘယ်လိုပုံစံနဲ့ တုံ့ပြန်လာမလဲဆိုတာပေါ့။ အစ မကောင်းခဲ့ တော့ အနှောင်း မသေချာသေးဘူးလေ။ ၅ နှစ်ပြည့်အောင် စောင့်နိုင်ပါ့မလား။ ဒါမှမဟုတ် ပေါက်ဖော်ကြီးကို သစ္စာခံမယ့် သမ္မတအသစ်ကို ဆွဲတင်မှာလား။ ဘာပဲပြောပြော ပေါက်ဖော်ကြီး ထင်တာလုပ်လို့ မရတော့ဘူး ဆိုတဲ့ ခေတ်ကို ရောက်လာပြီ။ မြန်မာနိုင်ငံအနေနဲ့ အနိုင်ကျင့်မခံရဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ နေရာ တိုင်းမှာ လက်ဝါးကြီးအုပ်ချင်တဲ့ ပေါက်ဖော်ကြီးကို လျော့မတွက်ကြနဲ့နော် (မြန်မာပြည်မှာ ပေါက်ဖော်ကြီးနဲ့ ပေါင်းစားနေတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ရှိနေသေးတယ်။ အဲဒီလူတွေရဲ့ နာမည်စာရင်းကို ငရဲ မင်းဆီ ပို့လိုက်ပြီ)။

သယံဇာတတွေ ကုန်အောင်ရောင်းပြီးတော့ ဧရာဝတီမြစ်ကြီးကို ရောင်းစားတဲ့ကိစ္စ ပြည်သူတွေ၊ ပညာရှင်တွေ ကန့်ကွက်ကြလို့ ရပ်ဆိုင်းလိုက်ရတာဖြစ်ပေမယ့် အပြီးဖျက်သိမ်းလိုက်တာမဟုတ်ဘူး။ တရုတ်နဲ့မြန်မာ စီးပွား ရေးက ဆက်စပ်နေတာပါ။ အဲလိုဆက်စပ်အောင်လည်း သွားလေသူကြီးက လုပ်ခဲ့တယ်လေ။ ၂၀၀၅ ခုနှစ် မှာ သွားလေသူကြီး တရုတ်ပြည် အလည်သွားရင်း သဘောတူခဲ့၊ ခေါင်းညိတ်ခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ်ကိစ္စ က ၂၀၀၉ ခုနှစ်မှာ စာချုပ်ချုပ်ပြီး လုပ်ငန်းတွေ စတင်ခဲ့တယ်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၆၀၀ ရင်း နှီးမြှုပ်နှံထားတဲ့ စီမံကိန်းကြီးဖြစ်ပြီး အခု ၁၀ ရာခိုင်နူန်း ရင်းနှီးထည့်ဝင်ပြီးပြီ။ အခု ရပ်ဆိုင်းလိုက်ပြီဆိုတော့ တရုတ်အမျိုးသားပိုင်ကုမ္မဏီတွေကို အပြည့်အ၀ကာကွယ်ပေးဖို့ အစီအစဉ်တွေက ရှိပြီးသားဖြစ်တဲ့ တရုတ်အ စိုးရအနေနဲ့ ဘာဆက်လုပ်လေမလဲ။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုတာကြောင့် ပေါက်ဖော်ကြီး စိတ်ဆိုးသွားပြီ။ ဥပဒေကြောင်းအရ ဖြေရှင်း မယ်လို့ အဲဒီစီမံကိန်းလုပ်တဲ့ CPI ဥက္ကဌက ပြောတယ်။ စီမံကိန်းစာချုပ်အရ နှစ် ၅၀ ပြည့်မှ (အသုံးချရမယ့် သက်တမ်းကုန်ခါနီး အကြွင်းအကျန်ကို) မြန်မာပိုင်အဖြစ် လွှဲပေးမှာလေ။ နှစ်ငါးဆယ်အတွင်း ဒေါ်လာသန်း ပေါင်း ငါးသောင်းလေးထောင် ခံစားနိုင်မယ်လို့ တွက်ထားတာမို့ စားမယ့်ပါးစပ်ကို လက်နဲ့ ပုတ်ချခံရတဲ့အပေါ် ပေါက်ဖော်ကြီး မကျေမနပ်ဖြစ်ရတာပေါ့။ တရုတ်နဲ့ မြန်မာ ဘယ်လိုဖြေရှင်းကြမလဲ။ မြန်မာက တရုတ်ကို လျော်ကြေးတွေ ပေးရမှာလား၊ ပေးနိုင်ပါ့မလား ဒါ့အပြင် နောက်ထပ် CPI ကိုပေးမယ့် စီမံကိန်းတွေကလည်း ရှိနေသေးတော့ ဒီပွဲက သိပ်ကြည့်လို့ကောင်းနေပြီ။

ကဲ ... မြစ်တစ်စင်းအတွက် ချစ်ခြင်းပျောက်ကုန်ပြီ။ မြစ်ဆုံအတွက် ချစ်ပုံခြင်း မတူကြတဲ့ တာဝန်ရှိသူတွေက ဘယ်သူတွေလဲ။ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ တချိန်က တရုတ်ပြေးမင်းကြောင့် ပထမ မြန်မာနိုင်ငံတော် (ပုဂံ) ပျက်ခဲ့ရပြီ။ အခုရော တရုတ်ကြောင့် ဆင်းပြေးရမယ့်လူတွေ အထုပ်အပိုးပြင်ထားပေတော့။ စလုပ်တုန်း က ပြည်သူတွေကို ပွင့်လင်းမြင်သာအောင် တင်ပြခြင်းမရှိခဲ့တဲ့ကိစ္စ၊ ပြည်ဖျက်သူများရဲ့ ထင်ရာစိုင်း အကြံအ စည်ကို မီဒီယာများရဲ့ ဖော်ထုတ်ရေးသားမှုတွေကြောင့်သာ ပြည်သူတွေ သိခဲ့ကြတာပါ။ အဲဒါကြောင့် ပြည်သူ များရဲ့ ကန့်ကွက်သံ သောသောညံခဲ့ပါတယ်။ နယ်နမိတ်ချင်း ထိဆက်နေတဲ့ အိမ်နီးချင်း တရုတ်ပြည်ကို မုန်း စမရှည်အောင် ဘယ်သူတာဝန်ယူမှာလဲ။ ဘယ်သူတားတား ဆက်လုပ်မှာပဲဆိုတဲ့ ပုဂ္ဂိုလ်ကြီးရော ဘာပြော ချင်သေးလဲ။ တခြားနိုင်ငံတွေမှာတော့ ပြည်သူကို စော်ကားတဲ့ စကားပြောမိရင် ရာထူးက နုတ်ထွက်ကြတဲ့ အစဉ်အလာ ရှိကြတယ် (မရှက်တတ်ရင်တော့ မသိချင်ယောင်ဆောင်နေပေါ့လေ)။ မြစ်ဆုံစီမံကိန်းကိစ္စက ထုထည်ကြီးသလို ဆိုးကျိုးကလည်း ကြီးတယ်။ အများပြည်သူ ဒုက္ခရောက်အောင် မိုက်မဲခဲ့တာ ဘယ်သူလဲ။ အမြော်အမြင်နည်းတာ ဘယ်သူလဲ။ ဧရာဝတီမြစ်ဆုံကိစ္စ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ကဲ ... ကဲ ... ကဲ ... ဘယ်လိုရှင်းကြမှာလဲ။     ။

စိန်သံလုံး

အပြည့်အစုံသို့...

ဖေ့စ်ဘွတ်ခ်က အပြန် (၆-၁၀-၂၀၁၁)

တောင်ဥက္ကလာ၊ ဝေဇယန္တာလမ်းမပေါ် လှေကလေးကို လှော်
The Lady ဇာတ်ကားထဲမှ ဗိုလ်ချုပ်အတု
မြင်ရခဲတဲ့ စတိုင်လ်နဲ့ ဗိုလ်ချုပ်အစစ်
ပန်းချီမောင်မိုးသူရဲ့ ဒေါ်အောင်ဆန်းစုကြည်
တရံရောအခါက အဆိုတော် လေးဖြူနဲ့ စောဘွဲ့မှူး
လိင်တူချစ်သူတွေတော့ မဟုတ်လောက် ...
ထီးမပါကြသူများ

အပြည့်အစုံသို့...

Wednesday, October 5, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၁၀-၂၀၁၁)

- မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု John Mc Cain ကြိုဆို click
- မြစ်ဆုံကိစ္စ တရုတ် ရုပ်မြင်သံကြား ဝေဖန်ပြောကြား click
- မြစ်ဆုံစီမံကိန်း နှစ်ဘက်သဘောတူညီမှု နိုင်ငံသိအောင် ချပြဖို့လို click
- ဧရာဝတီကို မထိနဲ့ (ကဗျာ) click
- ရေကာတာ တည်ဆောက်မည့် ဧရိယာများတွင် သွားလာခွင့်မပြု click
- ထားဝယ်ရေနက်စီမံကိန်းအတွက် ကျေးရွာ ရွှေ့ပြောင်းပေးရ click
- ကချင်တောင်ပိုင်းတွင် မြန်မာအစိုးရတပ်သား ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ click
- တွံတေးက တကိုယ်တော် ဆန္ဒပြပွဲ click
- ရဲကို NLD လူငယ်သတ်မှု သံသယဖြင့် စစ်ဆေး click
- စီအာရ်ပီပီ ပြောင်းလဲဖို့ အစီအစဉ်မရှိ click
- အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရအပေါ် မျှော်လင့်ချက် များ (တပ်မှူးတပ်သား ပြောစကား) click
- ထိုင်းဝန်ကြီးချုပ် နေပြည်တော် ရောက် click
- ထိုင်းဝန်ကြီးချုပ် ယဉ်လပ်ရဲ့ နေပြည်တော်ခရီး click
- ထိုင်းဝန်ကြီးချုပ် နေပြည်တော်သို့ နေ့ချင်းပြန် သွား (ဓာတ်ပုံ) click
- ဝန်ကြီးချုပ် ယင့်လတ် ဦးဇော်ဇော်နဲ့လည်း တွေ့ (ဓာတ်ပုံ) click
- ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ်မရှိ click
- ဘယ်လို ဝန်းရံရေးမျိုးလဲ (ဆောင်းပါး) click
- ဆန္ဒပြခွင့် ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု click
- အကျဉ်းကျသူများ နိုင်ငံရေးပါတီဝင်ခွင့် တားမြစ်သည့် ဥပဒေ ပယ်ဖျက်ရေး click
- လွှတ်တော် ၂ ရပ် သဘောကွဲလွဲ click
- ပုဂ္ဂလိကကျောင်းဥပဒေ လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲ click
- ပုဂ္ဂလိက စာသင်ကျောင်း ထူထောင်ခွင့် ဥပဒေမူကြမ်း လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ click
- နိုင်ငံခြားက မြန်မာပညာရှင်များ NDF ပါတီ ပညာပေးသင်တန်းမှာ ပို့ချ click
“ပေါက်ဖော်ကြီးက ဒဏ်ခတ်မယ်ဆိုပါလားဟေ့” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- မယ်လဒုက္ခသည်စခန်း ကမ္ဘာ့ဆရာများနေ့သို့ လူပေါင်းသောင်းချီ တက်ရောက်ခဲ့ click
- မိုးကြိုးထိမှန်၍ ပေါက်တောတွင် ကလေးငယ် ၂ ဦး သေဆုံး click
- ခေတ်ဟောင်းဂျာနယ်များ click
- ပင်နယ်တီ click
- အမှန်တရားက နားခါးစေသလား click
- ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ (ဆောင်းပါး) click
- မွှေးရီပွင့်နီ ဝေဒနာ (ဆောင်းပါး) click
- ကုသိုလ်ရေး တသိန်းတသောင်း (ဓာတ်ပုံသတင်း) click
- မေမေနှင့် စကားပြောခြင်း (ကဗျာ) click
- ထောင်နဲ့ချီတဲ့ ဂရိအလုပ်သမားတွေ ဆန္ဒပြ click
- နယူးယောက်မြို့မှာ ဆန္ဒပြမှု ထပ်ဖြစ် click
- သမ္မတ ရွေးကောက်ပွဲ မ၀င်ဘူးလို့ ဆာရာပေလင်း ကြေညာ click
- ဆီးရီးယားအပေါ် ဆုံးဖြတ်ချက် တရုတ်နဲ့ ရုရှား ပယ်ချ click
- ဆိုမာလီမှာ ကမ္ဘာ့ကြက်ခြေနီ ကူညီပြီ click
- ထိုင်းနိုင်ငံ ရေကြီးမှု လူပေါင်း ၂၃၇ ဦး သေဆုံး click
- အောက်တိုဘာ ၅ ရက် နိုင်ငံတကာ သတင်းဗွီဒီယို click
- Apple ပူးတွဲမတည်သူ Steve Jobs ကွယ်လွန် click
- Apple ကုမ္ပဏီ တည်ထောင်သူ Steve Jobs ကွယ်လွန်ပြီ click
- တကိုယ်ရည်သုံး ကွန်ပျူတာနဲ့ အက်ပဲဖန်တီးရှင် တီထွင်သူ စတိဗ့်ဂျော့ ကွယ်လွန် click
- စတိဗ် ဂျော့ဘ်စ် (၁၉၅၅ - ၂၀၁၁) click
- ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ် click
- ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျ click
- UNFC ကို တရုတ် မနှစ်သက်ဟု ပအိုဝ်းခေါင်းဆောင် ပြော click
- SSA တောင်ပိုင်းကို အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်း click
- ငြိမ်း​ချမ်း​ရေး​ဆွေး​နွေးရန် အသင့်​ဖြစ်​နေဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ပြော click
- မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း click
- အိန္ဒိယ လက်နက်ကိုင်နှစ်ဖွဲ့ ပဋိပက္ခ နယ်စပ်ကုန်သွယ်ရေး ရပ် click
- သုံး​ခွမြို့နယ် အဖွဲ့ချုပ်လူငယ်တဦး​ အရိုက်ခံရ​ပြီး ​သေဆုံး​ click
- ၈၈ မျိုးဆက် ကို​ဌေး​ကြွယ် ကျန်း​မာ​ရေး​မ​ကောင်း​သဖြင့်​ ​ဆေး​စစ်ခံယူ click
- နိုင်ငံရေးအကျဉ်းသား ၅ ဦး ကို အညတရသူရဲကောင်းအဖြစ် ထပ်မံဂုဏ်ပြု click
- အညတရသူရဲကောင်းဆု နိုင်ငံရေးအကျဉ်းသား ငါးဦး ရရှိ click
- ရဲမှူး၏ ထောက်ခံချက်ဖြင့် မောင်ထွန်းတင်ကို တရားရုံးက တရားသေလွှတ်ပေး click
- ဗိုလ်ချုပ်ပုံပါ တဆယ်တန်​ ငွေစက္ကူတရွက် ကျပ်တ​သောင်း​ပေး​ လိုက်ဝယ်​နေ click
- ကျောက်ဖြူစီမံကိန်းများ ပိုမို ဝေဖန်ခံလာရ click
- ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းနဲ့ တရုတ်-မြန်မာဆက်ဆံရေး click
- မြစ်ဆုံက ပေးသော သင်ခန်းစာ (အယ်ဒီတာ့အာဘော်) click
- ဦးရုက္ခစိုးနှင့် မိတ်အင်ချိုင်းနား မြစ်ဆုံ (ထွေရာလေးပါး) click
- မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၁) click
- တရုတ်ရဲ့ ၂၁ ရာစု ကျူးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမပစ်မှတ်က မြန်မာပြည် (ဆောင်းပါး) click
- တရုတ် သဘောထားအပေါ် သူတို့အမြင် (အထူးကဏ္ဍ) click
- ပိတ်ဆို့မှု ရုပ်သိမ်းရေး မြန်မာအစိုးရ ထပ်ကြိုးစားပြရန် လို click
- ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွား click
- ထိုင်းဝန်ကြီးချုပ် အချက်အလက် click
- လယ်မြေသိမ်းခံရမူ ရခိုင်တွင် ပထမဆုံးအကြိမ် စစ်ဆေး click
- လွှတ်တော်သတင်းထောက်များ၏ နောက်ကြောင်းရာဝဇင်ကို စုံစမ်း click
- လွှတ်တော်သတင်းထောက်တချို့ကို နောက်ကြောင်းလိုက် click
- သင့်​ဘဝမဂ္ဂဇင်း​ အယ်ဒီတာ​ဟောင်း​ တင်​မောင်သန်း​ မြန်မာပြည်သို့ ခေတ္တပြန်ရောက် click
- စာပေစိစစ်ရေး မူဝါဒတချို့ ပျော့ပြောင်းလာပြီလား click
- စိတ်ဝင်စားစရာ ဆောင်းပါးနှစ်ပုဒ် click
- The Lady ဇာတ်ကားကြော်ငြာ click
- ဒေါ်စု စေတနာကို ကြည့်တတ်မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါ (ဆောင်းပါး) click
- နာလန်ထ ဧရာဝတီကို ဒေါသပွားနေသူများ (ဆောင်းပါး) click
- ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလား - အပိုင်း (၁) (ဆောင်းပါး) click
- သမီးရင်ထဲက ဗိုလ်ချုပ်ကျော်ဇော (ဆောင်းပါး) click
- ရွှေဝါရောင် သံဃာတော်များနဲ့ တွေ့ဆုံခြင်း - နို့ဖိုးဒုက္ခသည်စခန်း ရောက်နေသည့် အရှင်နန္ဒာစရိယနဲ့ အရှင် ၀ိဇယ (ရုပ်သံ) click
- သတ်ပုံမှားတဲ့ အစိုးရ (ကာတွန်း) click
- ဒီမိုကရေစီအခြေခံဆိုသည်မှာ ... (ကာတွန်း) click
- ကြည့်သောသူ တို့ပြဿနာ (ကဗျာ) click
- တရုတ်နယ်စပ် ရေလမ်း ထပ်ပိတ်၊ ဗန်းမော်တွင် တရုတ်ကုန် ဈေးတက် click
- ကားလမ်း ရေလွှမ်းမှုကြောင့် ဖောင်တော်ဦးဘုရားပွဲ ယခင်နှစ်လောက် မစည်ကား click
- ကျောက်ဆည်ခရိုင်အတွင်း ရေထပ်ကြီး click
- မြစ်သား​မြို့တွင် ​ရေကြီး​သဖြင့်​ ကြက်သွန်ခင်း​များ​ ပျက်စီး​ click
- ဘုရားသုံးဆူဒေသ သစ်ရှားပါးသဖြင့် ပရိဘောဂလုပ်ငန်းများ တွက်ချေမကိုက် click
- ဘယ်သူ့အတွက်လဲ (၀တ္ထုတို) click
- စစ်တပ်ကိစ္စတွေမှာ ၀င်မစွက်နဲ့လို့ ကာကွယ်ရေးဝန်ကြီးဟောင်း ပြော click
- တပြည်လုံး လုပ်ခ ဘတ် ၃၀၀ ရဖို့ အလုပ်သမားတွေ ဆန္ဒပြမယ် click
- ချိုင်ဝပ်ထမ်နာရမ် ဘုန်းကြီးကျောင်း ရေလွှမ်း click

အပြည့်အစုံသို့...