Wednesday, September 7, 2011
LA Burmese Concert (29-8-2011) မှ ထွန်းထွန်းနှင့် ကျော်ကျော်ဗိုလ်တို့၏ “မဟုတ်ရပါဘူးဗျာ” “မှန်ရာကို သစ္စာဆိုပါမည်” (ဟာသပြက်လုံးများ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:56 PM
2
comments
Labels: ဗွီဒီယိုမှတ်တမ်း
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၉-၂၀၁၁)
- မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုရှိ click
- စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး အမေရိကန် ကြိုးပမ်းဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း click
- အစိုးရလူ့အခွင့်အရေးကော်မရှင် သံသယ၀င်နေကြ click
- နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးအတွက် မြန်မာကို အိန္ဒိယအမတ်များ ပန်ကြား click
- မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားရေး စင်္ကာပူရောက် မြန်မာများ လှုံ့ဆော် click
- ချင်းပြည်နယ် ၀န်ကြီးချူပ် အမိန့်ဖြင့် ၀န်ထမ်းများ အဓမ္မလုပ်အားပေးနေရ click
- SSPP/SSA ခြုံခိုတိုက်ခိုက်မှုကြောင့် ပွိုင့်ထိုးလမ်းပြသည့် အသွင်ပြောင်းတပ်ဖွဲ့ပါ ဒဏ်ရာရ click
- ပြည်နယ်ဝန်ကြီးချုပ်များအား စစ်တိုင်းမှူးများထက် ရာထူးပိုပေးထား click
- ပြုပြင်ပြောင်းလဲရေး လက်တွေ့ဖော်ဆောင်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း click
- ကတိကဝတ်တွေ လက်တွေ့ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း click
- အမေရိကန်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံခရီးစဉ် စတင် click
- US ကိုယ်စားလှယ် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆွေးနွေးမယ် click
- အထူးကိုယ်စားလှယ် Derek Mitchell ခရီး အမေရိကန်အစိုးရ အပြူသဘော ရှုမြင် click
- US ကိုယ်စားလှယ်ကို ဘာတွေပြောကြမလဲ click
- ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန်ကိုယ်စားလှယ်ကို တင်ပြမည် click
- UWSA ကို သမ္မတကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ click
- KNU လက်အောက် သို့ DKBA ပြန်လည်ပူးပေါင်းရန် အလားအလာရှိနေ click
- DKBA ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီ click
- သတင်းလွတ်လပ်ခွင့် လွှတ်တော်မှာ ဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဆိုက်ကြီး၍ မက်ဆင်ဂျာဂျာနယ်အား ကန့်သတ်ပြစ်ဒဏ်ခတ် click
- ပါတီဝင်မလား၊ ပါတီထောင်မလား click
- မြန်မာနဲ့ ရေပိုင်နက်အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ထွက်ဆိုမည် click
- အိနြ္ဒိယပစ္စယော - အများကြီး တိုးတက်သွားပြီ (သရော်စာ) click
- မြန်မာ တရုတ်လက်အောက်ခံ ဖြစ်တော့မှာလား (ဆောင်းပါး) click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- ယာဉ်ထိန်းရဲ အကူအညီနဲ့ လမ်းပေါ်မှာ မွေးဖွား click
- ယာဉ်ကြောပိတ်မှုများသည့် ဘန်ကောက်တွင် မြန်မာတဦး ကားပေါ်တွင် ကလေးမွေး click
- ဘိလပ်မြေစက်ရုံ ဆောက်မည့် ကုမ္ပဏီများကို ကန့်ကွက်သူများရှိနေ click
- ပြည်မြို့က လူကုန်ကူးမှု click
- လက်လှမ်းမီသမျှ စေတနာ့ဝန်ထမ်း မြန်မာတို့ရဲ့သတင်းများ click
- ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့် မြန်မာစာသင်တန်းဆင်းပွဲ click
- တိုင်းရင်းသားစာပေ ကျောင်းမှာ သင်ကြားနိုင်တော့မလား click
- အပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ စာပေဟောပြောပွဲ ပြီးစီး click
- မြန်မာခေတ်ပေါ်ကဗျာ ထွန်းကားမှု click
- ရဲရင့်သော ပညာရှင်များ အလိုရှိသည် (ဆောင်းပါး) click
- 9/11 နှစ်ပတ်လည်မတိုင်ခင် အမေရိကန်စစ်စခန်းတွေ လုံခြုံရေးသတိပေးချက် တိုးမြှင့် click
- ပါကစ္စတန် တာလီဘန် အသေခံဗုံး ၂၀ ကျော် သေ click
- နယူးဒေလီ တရားရုံးချုပ်ရှေ့ ဗုံးကွဲ၊ ၁၁ ဦးမကသေ click
- ဒေလီမြို့ ဗုံးကွဲမှု လူ ၁၀ ဦးထက်မနည်း သေဆုံး click
- ရုရှား အားကစားသမားတွေပါတဲ့ လေယာဉ်ပျက်ကျ click
- အီဂျစ် စစ်တပ်အကြီးအကဲ တရားခွင်မှာ အစစ်ခံမယ် click
- စိတ်ကျရောဂါသည် ပိုများလာတဲ့ ဥရောပ click
- တရုတ်နိုင်ငံမှာ ဘီလျံနာသူဌေးတွေ တိုးပွားလာ click
- မလေးရှား ဦးနှောက်ယိုစီးမှုပြဿနာ click
- တရားထိုင်ခြင်းကို လေ့ကျင့်သင်ကြားသည့် ဗြိတိန်စာသင်ကျောင်းကို အစိုးရ ကူညီမည် click
- စက်တင်ဘာ ၇ ရက် တမိနစ် သတင်းဗွီဒီယို click
- မြန်မာကို ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရန် ဆွေးနွေး click
- စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ထောက်ခံဆွေးနွေးပွဲ ကျင်းပ click
- ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ click
- ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး ပါသည့် ဂျာနယ် အရေးယူခံရ click
- ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် (အင်တာဗျူး) click
- လွယ်မောက်ယန်တိုက်ပွဲမှာ မြန်မာအစိုးရစစ်သား ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ click
- မြန်မာ-KIA ဂျာအိန်ယန်စစ်ပွဲတွင် မြန်မာအစိုးရစစ်သား ၄ ဦး သေ click
- IO ကို ဦးကျော်ဆန်း ပြစ်တင်ဝေဖန် click
- ၀ တပ်ဖွဲ့နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဌတို့ ကျိုင်းတုံ၌ တွေ့ဆုံ click
- အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် မြောက်ပိုင်း SSA က သံသယဖြစ် click
- အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ လုပ်ငန်းဖော်ဆောင်နိုင်လိမ့်မည်မဟုတ် click
- ဒီကေဘီအေတပ်ဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်း click
- ‘ကေအိုင်အေ’ တွင်း ပဋိပက္ခ – ပစ်ခတ်သေဆုံးမှုဟူသော အစိုးရသတင်းနှင့်ပတ်သက်၍ မေးမြန်းချက် click
- မောင်တောမှ တာလီဘန်အမှု စီရင်ချက်ချ click
- သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက် click
- မိုင်းနှင့် ဆော့ကစားမိ၍ ကလေး ၁ ဦး သေ click
- အမေရိကန် အထူးကိုယ်စားလှယ် အခုရက်ပိုင်း မြန်မာပြည် သွားမည် click
- အမေရိကန် အထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် စတင် click
- လွှတ်တော်မှာ ဗြောင်လုပ်ရမယ်တဲ့ click
- ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်ကို ကန့်ကွက်မှု ရှုံးနိမ့် click
- နှစ် ၃၀ ကျော်က ပြဌာန်းခဲ့သည့် အမြတ်ခွန်ဥပဒေ ဖျက်သိမ်းပြီ click
- မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော click
- အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီ click
- မွန်ဝန်ကြီးချုပ်က ပြည်နယ်ရဲမှူးကြီးကို အပြစ်တင် click
- လယ်သိမ်းခံရသူများ စီမံကိန်းစိုက်ခင်းဖျက်မှုနှင့် အဖမ်းခံရ၍ အရေးဆို click
- အသိမ်းခံရသည့် လယ်မြေကိစ္စ ဖြေရှင်းပေးမည်ဟု လွှတ်တော်ရေးရာဥက္ကဋ္ဌ ပြော click
- အိုင်အယ်လ်အိုက ကူညီပေမယ့် လယ်လုပ်ခွင့် ပြန်မရသေး click
- စစ်တပ်နှင့်ပေါင်းပြီး လူကုန်ကူးသူအား အမှုဖွင့်ထားသော်လည်း အရေးယူခြင်း မရှိသေး click
- ဦးရုက္ခစိုးနှင့် နိုင်ငံခြားပြန် စိန်ဆော်ကြမ်း မဟာသဘင်ကြီး (ထွေရာလေးပါး) click
- တွေ့ဆုံဆွေးနွေးရေး ဇာခန်းဆီးကို လှပ်ကြည့်ခြင်း အပိုင်း(၁) (ဆောင်းပါး) click
- လှံကိုင် ခွေးခေါ်နည်း (ဆောင်းပါး) click
- စစ်ထောက်လှမ်းရေးဟောင်းများ ခြေရှုပ်နေပြီလား (ဆောင်းပါး) click
- စတုတ္ထမဏ္ဍိုင်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (ဆောင်းပါး) click
- ပဉ္စမ မဏ္ဍိုင် - ဟံသာဝတီ ဦးဝင်းတင် click
- ဒုက္ခသည် နေရပ်ပြန်ရေး ဒိန်းမတ်အဖွဲ့ နည်းလမ်းရှာ click
- ပြည်ပထွက် အလုပ်လုပ်သူများအတွက် အသက်အာမခံ စတင်တော့မည် click
- အထည်ချုပ်သမ သုံးဦး နစ်နာကြေးအတွက် စက်ရုံကို တရားစွဲ click
- ဒေသခံ နစ်နာမှုများသည့် တရုတ်ပိုက်လိုင်း ရပ်တန့်ရန် ရွှေဂက်စ်အဖွဲ့ ထပ်မံတောင်းဆို click
- တရုတ်ပိုက်လိုင်း စီမံကိန်းဒေသအတွင်း ကာရာအိုကေနှင့် အနှိပ်ခန်းများ ပိုများလာ click
- အကုန်ရောင်းတဲ့ မူဝါဒ click
- ဂီရိမုန်တိုင်းသင့် ဒေသတွင် လူသတ်မှု ဖြစ်ပွား click
- ကိုယ်ထူကိုယ်ထ အသေးစား ရေအားလျှပ်စစ်မီးရရှိရေး လုပ်အားပေးသူ ၂ ဦး ရေနစ်သေဆုံး click
- ကရင်နီဒုက္ခသည်စခန်း မိုးကြီး၍ မြေပြိုကျပြီး အိမ် ၈ လုံး ပျက်စီး click
- ကရင်နီပြည်က ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခ click
- မေမြို့ ကော်ဖီစိုက်ခင်း တောင်သူတို့ ဖျက်ဆီး click
- ဂျီမေးလ်အကောင့်သစ်ကို ငွေကြေးယူ၍ ဝန်ဆောင်မှုပေးနေ click
- သူ့အရိုးနဲ့ သူ့ကိုထိုး (၀တ္ထုတို) click
- မသိန်းရှင်ဆီ ပို့ပေးပါ (၁၂) (၀တ္ထုရှည်) click
- နယူးဒေလီ တရားရုံးချုပ်အနီး ဗုံးကွဲ click
- အိန္ဒိယမှာ ဗုံးကွဲလို့ လူသေဆုံး ဒဏ်ရာရ click
- ၀န်ကြီးချုပ်ရုံးကို အရွှေ့ခံလိုက်ရတဲ့ ထာဝီးလ် click
- ထ၀င်း အမျိုးသားလုံခြုံရေးကောင်စီ ရာထူးမှ အရွှေ့ခံရ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:22 PM
0
comments
Labels: သတင်း
မြန်မာမိန်းကလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph အွန်လိုင်းသတင်းစာတွင် ရွှေလီမြို့မှနေ၍ ဒေးဗစ်အီ မာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် “မြန်မာမိန်းကလေးများ တရုတ်သတို့သမီးများအဖြစ် အတင်း အကျပ် စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါး တပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။
သူ့ဆောင်းပါးအတိုချုပ်ကိုကောက်ရလျှင် တရုတ်ပြည်ကြီး၏ ‘ကလေးတယောက်’ ပေါ်လစီအရ တရုတ်မိသား စုများ ကလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျောက် ဖြတ်ပြီးဖြစ်သဖြင့် တရုတ်မိ သားစုများ မိန်းကလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်း မဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းခြေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းကလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ဖြစ်သည်။
တရုတ်၏ ထို “ကလေးတယောက်ပေါ်လစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါး မှုဒဏ်ကို တရုတ်နိုင်ငံ ခံစားနေရသည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်းလမ်းခြင်းဖြင့် လက်ထပ် ယူနိုင်သောသူများ ရှိသော်လည်း ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေဘောင်အပြင်မှ နည်းလမ်း များကို အသုံးချလာကြသည်ဟု ယူနက်စကို ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေး တာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် (David Feingold) က ဆိုသည်။
သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ် သည်။ တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကျပ် လုပ်ခိုင်းခြင်းခံရသူ မိန်းကလေးအများစု လာရာနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။
ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော၊ ဂေါက်သီး ရိုက်ရာတွင်လည်း အလွန်ဝါသနာထုံသော ခပ်ကြောင်ကြောင် မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အ မျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအဖြစ် ထောက်ပြခဲ့သည်။
လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးလာပြီး စီးပွားရေးလွန်မင်းစွာ နိမ့်ကျလာမှု ကြောင့် မြန်မာမိန်းကလေးများ လူအရောင်းအဝယ်ပွဲစားများ၏ ဈေးကွက်တွင်းသို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှု ကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါ ကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုး သမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစုထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံ သို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများလက်တွင်းသို့ သက်ဆင်းကြရကြောင်း ဆိုသည်။ မြန် မာပြည်မှ အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကျပ် မ ယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူက ဆိုသည်။
တရုတ်ပြည်တွင် ခိုးသွင်းလာသော အမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေး ခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။
ယိုးဒယားအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ကလေးမွေး ပေးနိုင်မယ့် ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းကလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဂျူလီယာမရစ်က ဆိုသည်။
“မိန်းကလေးတွေကို ကလေးမွေးပေးဖို့ စက်တခုလိုပဲ သဘောထားကြတယ်” ဟု သူမက မှတ်ချက်ပေးခဲ့ပါ သည်။
ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့် ကလေးမ “အပ” (တိုင်းရင်း သူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေးသည့်အခါတွင် သူမသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့် ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာမိန်းကလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများ ကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထို ဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာ စု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စနစ်ဆီသို့ ပြန်ရောက်နေပြီ လားဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။
နိဂုံးအားဖြင့် ချုပ်၍ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းဗိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံးနိုင်ငံဘဝ။ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့်တက္ကသိုလ် ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ရှိသည့် အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းသည်လည်းကောင်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ် အာဏာရှင်စနစ်ကြောင့်ဖြစ်သည်။ ယခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖာနိုင်ငံကြီး” ဟူ၍ အ ထင်သေး အမြင်သေး ရှုတ်ချကြသည်။ ယနေ့ အိမ်နီးချင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိ သော ဖာများသည် မြန်မာအမျိုးသမီးအများစုဖြစ်သလို မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖာများ သောင်း နှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေ၊ နိုက်ကလပ်များတွင် ရှိနေကြပြီဖြစ်သည်။ အာ ဏာရူးစစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်းမှုကြောင့် ဖာနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူ ကမျှ မတားဆီးနိုင်ပါ။
တရုတ်ပြည်၏ မယားလိုအပ်မှုအရ ရောင်းစားခံရသော မိန်းကလေးများတွင် လူချမ်းသာပညာတတ် တရုတ် များ၏ မယားဖြစ်ဖို့ထက် တရုတ်လယ်သမားများ၏ အဖြည့်ခံ အလုပ်ကျွန်မယားဖြစ်ဖို့က များပါသည်။ ထိုမိန်း ကလေးများသည် ထိုသူ၏ သွေးသားဖြည့်ဆည်းပေးရာ မယားအဖြစ်လည်းကောင်း၊ မိမိကာမကို ဝယ်ယူထား သူ၏ မိဘဖြစ်သူ၏ အစေခံအဖြစ်လည်းကောင်း အလုပ်အကျွေးပြုရင်း အနှိပ်စက်ခံပြီး နေထိုင်ရသည်။ မိမိ ဘယ်နေရာရောက်နေသည်၊ ဘယ်သူ့ကို အကူအညီတောင်းရမည်ကို မသိကြချေ။ တရုတ်မိသားစု၏ အိမ် ကျွန်လုပ်ရင်း လွတ်လမ်းမမြင်သည့်အခါ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံး ပိုး သတ်ဆေးသောက်၍ အဆုံးစီရင်ခြင်းကို အများဆုံး အသုံးပြုခြင်းဖြင့် ကြေကွဲစွာ ဘဝအဆုံးသတ်သွားကြရ သည်။
တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ်မဟုတ်ချေ။ မြန်မာပြည်ရှိ ဝ နယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက် ပိုင်းသက်သက်အနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။
ထို့အပြင် တရုတ်ပြည်၏ မိန်းကလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက်ခတ်မလွဲဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့်အဓိကနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့်အဆင့်သို့ တရွေ့ရွေ့ ကျရောက် လျက်ရှိသောကြောင့်ဖြစ်သည်။
(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကျပ် လုပ်ဆောင်ရန် စိုင်းပြင်းလျက်ရှိခြင်း။
(၂) ဆင်းရဲမွဲတေနေသောနိုင်ငံဖြစ်သဖြင့် မိမိထက်ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင် သစ်၊ ကျောက် လိုလျှင် ကျောက်၊ ဓာတ်ငွေ့လိုလျှင် ဓာတ်ငွေ့၊ နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့မည့် အနေ အထားဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ် တရုတ်ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသားကာမ ဖြေ ဖျောက်ရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့်ရနိုင်သော မြန်မာပြည်မှ အ မျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတိုးသမီးဈေး ကွက်” သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍တိုးပွား လာသော လူလွတ်ယောက်ျားများ အာသာဆန္ဒကို မပေါက်ကွဲစေရန် ထိန်းချုပ်ဖို့ လုပ်ဆောင်ကောင်းလုပ် ဆောင်လာနိုင်ဖွယ်ရှိသည်။ ထိုသို့လုပ်လာပါက ယိုးဒယားနိုင်ငံတွင် မြန်မာတိုင်းရင်းသူများအများစု ‘ဖာ’ ဖြစ် နေသည့်နည်းတူ ၎င်းတရုတ်ဖာခန်းများတွင်လည်း မြန်မာအမျိုးသမီးများသာ အများစုအဖြစ် တွေ့မြင်ရနိုင် ဖွယ်ရှိပေသည်။
ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသောနိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီ မိုကရေစီနည်းကျ လွတ်လပ်သောနိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါး အိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော်ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေးနှိုးဆော်လိုက်ရပါသည်။ ယနေ့မြန်မာပြည်ကြီး ကို ကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်းပါဝင်မှုရှိဖို့ အ ထူးလိုပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
အားလုံးကိုလေးစားလျက် ...
မှတ်ချက် ။ ။ ပြည့်တန်ဆာဟု မသုံးဘဲ ‘ဖာ’ ဟု သုံးနှုန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအရ “ဖာသည်နိုင်ငံကြီး ဖြစ်သွားမှာပဲ” ဆိုသည့်စကားကို အမှတ်ရစေလို၍ ဖြစ်ပါသည်။ ဖာနိုင်ငံကြီးဖြစ်အောင် ဘယ်သူတွေက လုပ်နေကြသနည်း။
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:48 PM
5
comments
Labels: ဆောင်းပါး
Tuesday, September 6, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၉-၂၀၁၁)
- US အစိုးရ အထူးသံတမန် Derek Mitchell မြန်မာပြည်သွား click
- တာလီဘန်နှင့် ဆက်သွယ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ၁၂ ဦး ထောင်ဒဏ်ချမှတ်ခံရ click
- နိုင်ငံရေးအကျဉ်းသား လွှတ်ရန် အိန္ဒိယ အမတ် ၁၀၀ ကျော် တောင်းဆို click
- KIA အား မြန်မာအစိုးရ စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲ click
- အစိုးရသတင်း ကေအိုင်အေ ငြင်း click
- ကချင်ခေါင်းဆောင်အချင်းချင်း ပစ်ခတ်မှုသတင်း KIO ငြင်းဆို click
- အစိုးရ သတင်းစာပါ KIO အဖွဲ့ အတွင်းပစ်ခတ်မှု မမှန်ဟု ငြင်းဆို click
- ၀ီကီလိပေါ်က ငြိမ်းတွေနဲ့ အစိုးရ ဆက်ဆံရေး click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရိုးသားဟု ပြန်ကြားရေးဝန်ကြီး ထပ်မံပြောကြား click
- သွေးခွဲရန် အစိုးရ ကြိုးပမ်းဟု ပဒိုမန်းရှာ သားသမီးများ ပြော click
- BGF တပ်ဖွဲ့ဝင် ၃၀ဦး ဒီကေဘီအေနှင့် ပူးပေါင်း click
- ဒီကေဘီအေ ပြန်ဖွဲ့ click
- ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးကော်မတီမှာ ထည့်သွင်းဖို့ ချင်းလွှတ်တော်အမတ် အဆိုပြု click
- ငြိမ်းချမ်းရေးကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ပါမည်ကို ကြံ့ခိုင်ရေးအမတ် မလိုလား click
- ဒီပဲယင်း ထိခိုက်မှု ဒေါ်အောင်ဆန်းစုကြည်အလှူ click
- ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးဖော်ပြခွင့်၍ အလားအလာကောင်းအဖြစ် ရှုမြင် click
- အပန်းဖြေနားရက်များ (၁) (ဆောင်းပါး) click
- မီရှယ်လ်ယို (Michelle Yeoh) အင်တာနက်စာမျက်နှာတွင် ဖော်ပြထားတဲ့ The Lady ရုပ်ရှင်ကားမှ ရုပ်သေ ဓာတ်ပုံများ click
- မြန်မာနိုင်ငံအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး EU သဘောထားကွဲ click
- လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေး လူ့အခွင့်အရေးအဖွဲ့တွေ ဆွေးနွေး click
- မြန်မာလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း click
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် ကင်တားနား သတိနဲ့ ကြိုဆို click
- အခြေခံလူ့အခွင့်အရေးတွေ ထိရောက်စွာ ကာကွယ်ဖို့ ကင်တားနား တိုက်တွန်း click
- အစိုးရ လူ့အခွင့်အရေးကော်မရှင်ကို HRDP သံသယရှိ click
- ဓာတ်ငွေ့ပိုက်နဲ့ လူ့အခွင့်အရေး ဆက်စပ်နေ click
- တရုတ်ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းရာဒေသများတွင် မြေယာသိမ်းဆည်းမှုများ ဖြစ်ပွားနေ click
- ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေ click
- မြန်မာပြည် သယံဇာတကိစ္စ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့ ဘန်ကောက်တွင် သတင်းစာရှင်းလင်းပွဲလုပ် click
- နေပြည်တော်က “အင်တာနေရှင်နယ်ဒေး အော့ ဒီမိုကရေစီ” click
- မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် (၁) (ဆောင်းပါး) click
- ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်ကို ဖယ်ရှားပစ်ကြ (ဆောင်းပါး) click
- သမိုင်းတကွေ့မှ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို (ဆောင်းပါး) click
- ရန်ကုန်က အလုပ်သမားဆန္ဒပြမှုအကြောင်း ဆက်သွယ်မေးမြန်းချက် (အသံ) click
- မြန်မာသင်္ဘောသား ၂၃ ဦး ပင်လယ်ဓားပြလက်မှ ပြန်လွတ် click
- ရသအလင်းဖောင်ဒေးရှင်းမှ ကဗျာဆရာပိုင်စိုးဝေအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခြင်း click
- ရသအလင်းဖောင်ဒေးရှင်းက စာရေးဆရာ ကဗျာဆရာ ပိုင်စိုးဝေကို ဂုဏ်ပြု click
- အတ္တဗိုင်းရပ်စ် ပိုးမွှားတွေ မင်းမူနေတဲ့အရပ်မှာ ... (ကဗျာ) click
- ဂဒါဖီတပ်တွေ ကားတန်းရှည်နဲ့ Niger ကို ထွက်ပြေး click
- Bakina Faso ကဒါဖီကို ခိုလှုံခွင့်မပေးဘူးလို့ ထုတ်ပြန် click
- အာဖဂန်မှာ အကျဉ်းသားတွေကို စနစ်တကျ နှိပ်စက်မှု ပေါ်ထွက် click
- ပါကစ္စတန် ရေကြီးမှု တနှစ်ပြည့် အခြေအနေ click
- အိန္ဒိယ၀န်ကြီးချုပ် ဘင်္ဂလားဒေ့ရှ် ရောက်ရှိ click
- အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု နောက်ဆုံးအခြေအနေ click
- ထိုင်းဝန်ကြီးချုပ်သစ် ကမ္ဘောဒီးယား သွားမည် click
- ရင်းနှီးမြှုပ်နှံသူများကို ခြောက်လှန့်နေတဲ့ ပါပူးအာနယူးဂ်ီနီ သတ္တုတွင်းဥပဒေ click
- စက်တင်ဘာ ၁၁ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာသို့ အလည်တခေါက် (ဓာတ်ပုံ) click
- စက်တင်ဘာ ၆ နိုင်ငံတကာသတင်း ဗီဒီယို click
- ပဒိုမန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင် စစ်ကြောနေဟုဆို click
- မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး click
- ဦးစိန်ကျော်လှိုင် ရန်ကုန်တွင် အဖမ်းခံနေရကြောင်း သတင်းများ ထွက်ပေါ်နေ click
- လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြ click
- KIA ခေါင်းဆောင် ဒဏ်ရာရဟု မြန်မာ့အလင်း ရေးသား click
- ကချင်ခေါင်းဆောင်သတင်း KIA ငြင်းဆို click
- အစိုးရသတင်းစာ လုပ်ကြံရေးဟု KIO တုံ့ပြန် click
- အစိုးရသတင်းစာ ဖော်ပြမှု မမှန်ကန်ဟု KIA ငြင်းပယ် click
- အစိုးရက မမှန်သတင်း ၀ါဒဖြန့်ခြင်းသာဖြစ်ဟု KIO တုန့်ပြန် click
- တပ်စခန်းသို့ ရေပိုက်သွယ်ယူရေး စစ်မြေပြင်အတွင်း နေထိုင်သည့် ကျေးရွာများအား မြန်မာတပ် ပိုက်ဆံ ကောက် click
- အစိုးရစစ်တပ်မှ နွားများ ပစ်သတ်ပြီး ရွာတွင်း ၀င်ရောက် ရမ်းကား click
- ‘ဘားမား’ ဟု သုံးနှုန်းသူ ငြိမ်းချမ်းရေးကော်မရှင်မှာ မပါသင့်ဟု လွှတ်တော်၌ ဝေဖန် click
- ဒီပဲယင်းအကြမ်းဖက်မှုကြောင့် အောက်ပိုင်းသေနေသူကို ဒေါ်အောင်ဆန်းစုကြည် ဘီးတပ်ကုလားထိုင် လှူ ဒါန်း click
- ဒီပဲယင်းလုပ်ကြံမှုမှာ ရိုက်နှက်ခံရတဲ့သူအတွက် အလှူ click
- အနိုင်ရ တရားရှုံး ပေါက်တော ကိုယ်စားလှယ် ၃ ဦးအမှု စက်တင်ဘာ ၉ ရက်နေ့ ဆုံးဖြတ်မည် click
- ၀ီကီလိဖော်ပြချက် ပဒိုမန်းရှာမိသားစု မယုံကြည် click
- နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အိန္ဒိယအမတ်များ တောင်းဆို click
- ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ (ကာတွန်း) click
- ကုလ စုံစမ်းရေး ဖွဲ့ဖို့ EU ထောက်ခံရေး နှောင့်နှေး click
- အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့ပြန် click
- အစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင် click
- လူ့အခွင့်အရေးကော်မရှင် အလုပ်ဖြင့် သက်သေပြရန်လိုဟု လှုပ်ရှားသူများ ပြော click
- လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ HRDP ကို မေးမြန်းခြင်း click
- တရုတ်-မြန်မာပိုက်လိုင်း ဝေဖန်ခံရ click
- ရခိုင်မှ တရုတ်သို့ သွားမည့် ဓာတ်ငွေ့လိုင်း လုံခြုံရေး အာမခံချက်မရှိ click
- တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူ မဒဲကျွန်း ခေတ်မီရေနံတင်ဆိပ်ကမ်း များမကြာမီ ပြီးစီးတော့ မည် click
- လက်ရှိပြဿနာများ ဖြေရှင်းပြီးမှ ရေနက်စီမံကိန်း ရှေ့ဆက်ရန် တောင်းဆို click
- ၀ါဒဖြန့်မှုကို တုံ့ပြန်ရန် ပြည်ပမီဒီယာ အရေးပါ click
- တပတ်အတွင်း ဂျာနယ်နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သတင်းဖော်ပြခွင့်ပြု click
- ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါ ဂျာနယ် အရောင်းသွက် click
- ဧရာဝတီနှင့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗိုလ်ချုပ်မြ၊ ဗိုလ်ခင်ညွန့် click
- PhD စာတမ်း ခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ click
- လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခု အဖွဲ့ဝင်စာရင်း ထုတ်ပြန် click
- ခေါ်တိုင်းသွား နှင်တိုင်း ထွက်ရမှာလား (ဆောင်းပါး) click
- အမျိုးသမီးနှင့် မြန်မာနိုင်ငံ၏ မျှော်လင့်ချက်ကို ပိုင်းခြားစိတ်ဖြာကြည့်ခြင်း (စာအုပ်စင်) click
- အမျိုးအမည်မသိ အရည်ကို အရက်ထင်ပြီး သောက်၍ လူ ၅ ဦး သေဆုံး၊ ၂၇ ဦး ဆေးရုံရောက် click
- ထိုင်းရောက် မြန်မာလုပ်သား ၄၀၀ ကျော် အလုပ်ပြုတ် click
- အသက်ကြီးမှ မှတ်ပုံတင်လုပ်သည့် ရွာသား ပါးရိုက်ခံရ click
- ပထမဆုံးခြေလှမ်းနဲ့ ရွှေရောင်အိပ်မက်များဆီ (ဆောင်းပါး) click
- စီးလေလေ့စီး ယီးလေလေ့ယီး (ကဗျာ) click
- မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် လူအများဆုံး စိတ်ဝင်စားနေကြသော သတင်း (၂) ပုဒ် click
- အမျိုးသမီး မဲထည့်ခွင့်ရရေး တိုက်ပွဲဝင်သူ ဆူဇန်အန်သိုနီ (ဆောင်းပါး) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:57 PM
0
comments
Labels: သတင်း
“ဘဲက ရွာမှာ ...”
လွတ်မြောက်နယ်မြေမှာ အဟိနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ကရင်ဦးကြီးတယောက်ရှိတယ်။ သူ့နာမည်က ‘မန်းစိန် ဟန်’ တဲ့။ သူ့ကို ကရင်လူမျိုးမှန်းမသိရင် သူ့နာမည်က ဇာတ်မင်းသားနာမည်လိုလို၊ ဆိုင်းဆရာနာမည်လိုလို အတွေးပိုစရာ။ လူပုံကတော့ လေးဆယ်ကျော် ငါးဆယ်နားနီး နှုတ်ခမ်းမွေးစစ၊ ဗိုက်ရွှဲရွှဲနဲ့ဆိုသော်ငြား ကြည့် ကောင်းတဲ့ ဥပဓိကို ပိုင်ဆိုင်ထားတုန်းဆိုပါတော့ (တခါတလေ မိုးအုံ့နေပေမယ့်လည်း နေကာမျက်မှန်အမဲ ကြီးကို တပ်လို့၊ မိုးကို စိတ်နာနေသူများလားမသိ)။ ငယ်တုန်းကဆိုရင်တော့ အင်း ... ဦးကြီးမန်းစိန်ဟန်ပုံက မင်းသားကျော်သူနဲ့ ရဲအောင်ကို ငရုပ်ဆုံထဲမှာ ရောသမမွှေ ညက်အောင်ထောင်းပြီး ထွက်လာတဲ့ ပုံဖြစ်မယ်လို့ အဟိ မှန်းကြည့်နေမိရဲ့။
အဲဒီဦးကြီးမန်းစိန်ဟန်က ဥပဓိကောင်းရုံတင်မကဘူး၊ သဘောမနောကလည်း အရမ်းကောင်းတယ်။ ဘာသာ တရားလည်း ကိုင်းရှိုင်းသလို အလှူအတန်းကလည်း ရက်ရောတယ် (သူ စပွန်ဆာပေးတဲ့ ဘူးသင်္ကြန်မဏ္ဍပ် မှာ အဟိ ဘူးသီးကြော် အ၀အပြဲ စားခဲ့ဖူးတယ်)။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး၊ သူ့အိမ်မှာ စားကောင်း သောက်ဖွယ်တွေ ချက်တဲ့အခါဆို အဟိကို မမေ့မလျော့ ဖုန်းနဲ့အခေါ်ဆင့်လို့ ဗိုက်ခွေးမနမ်းရုံတမယ် သွား သွားဝါးရတာလည်း အမော (အခုတော့ ၀ါဝင်နေလို့လားမသိ၊ ဖုန်းမဆက်တာ တော်တော်ကြာသွားပြီ)။ ပြီးရင် အအီပြေအောင် တိုက်ကျွေးတဲ့ ၀ိုင်ကလေးနဲ့ တရေးတမော တခေါခေါပေါ့လေ။ အဲသလို စေတနာသဒ္ဓါတရား ထက်သန်လွန်လို့လည်း ဦးကြီးမန်းစိန်ဟန် ချဲခဏခဏ ပေါက်တာဖြစ်မယ် (ဒါကတော့ ဦးကြီးမန်းစိန်ဟန်နဲ့ ပတ်သက်ပြီး အဟိ အတိအကျ အားကျမိတဲ့အချက်ပေါ့)။ ဦးကြီးမန်းစိန်ဟန်က အဲသလို ဘာသာရေးလိုက် စားရုံတင်မကဘူး၊ ညနေ ညနေဆို ၀တ်စုံပြည့်နဲ့ ပြိုင်ဘီးကလေးစီးပြီး ကျန်းမာရေးလိုက်စားတဲ့အခါ လိုက်စား တယ်။ မဲဆောက် သက်ကြီးရွယ်အိုဘောလုံးအသင်းနဲ့ ဘောလုံးကန်ပြီး ကျန်းမာရေးလိုက်စားတဲ့အခါ လိုက် စားတယ်။
ဒါပေမယ့် ဦးကြီးမန်းစိန်ဟန်က အလုပ်အရမ်းများတဲ့သူလို့ ပြောရမယ်။ သူက ၈၈ အရေးအခင်းအပြီးမှာ စက် မှုတက္ကသိုလ်ကျောင်းသားဘ၀နဲ့ တောခိုလာသူဆိုတော့ အခုထိလည်း သမိုင်းပေးတာဝန်အရ တော်လှန်ရေး အလုပ်ကို ဆက်လုပ်နေရတယ်။ ပြီးတော့ လွတ်မြောက်နယ်မြေမှာ လူသိများ အားကိုးအားထားပြုရတဲ့ မယ် တော်ဆေးခန်းရဲ့ဖောင်ဒါ (တည်ထောင်သူ) တဦးလည်းဖြစ်တော့ ဆေးခန်းဝေရာဝစ္စတွေဆိုလည်း ဦးကြီးမန်း စိန်ဟန်အနေနဲ့ မျက်နှာလွှဲလို့ မရပြန်ဘူး။ နောက်ပြီး ဦးကြီးမန်းစိန်ဟန်က ဆေးအသင်းမှာလည်း ဒု-ဥက္ကဌ လုပ်တယ်လို့ပြောတယ်။ ပြီးတော့ ရွှေ့ပြောင်းကလေးငယ်တွေအတွက်လည်း ကျောင်းထောင်ထားသေးတယ် တဲ့။ အဲဒီတော့ ဦးကြီးမန်းစိန်ဟန်လိုလူမျိုးမှ အလုပ်မများရင် ဘယ်သူအလုပ်များမလဲလေ (အဟိ ပြောတာ မလွန်ဘူးထင်ပ)။
အဲသလို အလုပ်တွေများလွန်းလို့ပဲလားမသိ၊ ရုပ်ချော ဥစ္စာပေါ သဘောမနောကောင်းတဲ့ ဦးကြီးမန်းစိန်ဟန် တယောက် စကားပြောရင် စိတ်မရှည်သလိုဟန်ပန်နဲ့ အော်ကြီးဟစ်ကျယ် အားပါပါ ပြောတတ်တယ်။ အဟိ တို့လို အကြောင်းသိသူတွေကတော့ ဘယ်လိုမှမနေပေမယ့် ဦးကြီးမန်းစိန်ဟန်အကြောင်း မသိသူအတွက် တော့ ကိုယ့်ကိုပဲ အော်ငေါက်နေသလိုလို၊ လှမ်းဟောက်နေသလိုလို၊ အင်္ကျီလက်မောင်းအထိဆွဲတင်ပြီး တခု ခုနဲ့ပဲ ပစ်ပေါက်တော့မလိုလိုဆိုတော့ လန့်စရာပေပဲပေါ့။ သူစကားပြော ဆွေးနွေးပြီဆိုရင် ဘေးကလူတွေမှာ နေစရာမရှိဖြစ်ကြရတာပေါ့ (မယုံမရှိနဲ့၊ အဟိနဲ့ တွေ့စတုန်းကဆို ဦးကြီးမန်းစိန်ဟန် ခုံကို လက်သီးနဲ့ထုပြီး အားပါပါ ပြောလိုက်တာ လွတ်မြောက်နယ်မြေမှာ ငလျင်အသေးစားတောင် လှုပ်သွားခဲ့တယ်)။ ကြာလာတော့ လည်း ဦးကြီးမန်းစိန်ဟန်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအရာတွေကို သဘောပေါက်သွားတော့ သူနဲ့ သံသရာတ ကွေ့ တွေ့ကြလေသူတိုင်း အိုကေမှာ စိုပြေသွားကြတာပဲတဲ့လေ။
အဲသလို စကားပြောရင် ဒေါနဲ့ မောနဲ့ အားပါးပါ ပြောတတ်တဲ့ ဦးကြီးမန်းစိန်ဟန်နဲ့ ဆေးအသင်းက အဖွဲ့သား တွေ ဟိုတလောလေးက မဲဆောက်မြို့လယ်ခေါင်က ကွမ်တုံတရုတ်စားတော်ဆက်မှာ တိတ်တခိုး ၀ါးတီးသွား ဖွင့်ကြသတဲ့ (အဟိ မသိလိုက်တာ နာတယ်)။ ဆိုင်ရောက်တော့ ဦးကြီးမန်းစိန်ဟန်ကို စားပွဲထိုးမယ်လေးက မီနျူး (စားသောက်ဖွယ်စာရင်းစာအုပ်) လာပေးပြီး မှာမယ့်ဟင်းလျာကို မှတ်သားဖို့ စာရွက်နဲ့ ဘောပင်ကိုင်ပြီး ဘေးကနေ ရပ်စောင့်နေပါသတဲ့။ ဦးကြီးမန်းစိန်ဟန်ကလည်း ပေးလာတဲ့ မီနျူးကို ယူလိုက်ပြီး တရွက်ချင်း လှန်ကြည့်ရင်း ပါးစပ်ကနေ တတွတ်တွတ် ရွတ်နေသတဲ့။
“အင်း … ဒါက ၀က်သား … ဟုတ်ပြီ၊ ဒါက ကြက် … ဟုတ်ပြီ၊ ဒါက …၊ ဒါက …၊ ဒါက …”
အဲသလို ရေရွတ်နေရင်း (စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေရင်း) မီနျူးထဲမှာ ဘဲသားဟင်းကို မတွေ့တာနဲ့ ဦးကြီးမန်းစိန်ဟန်က သူ့ဝသီအတိုင်း “ဟဲ့ … နင့် ... ဘဲရော” ဆိုပြီး အားပါပါ မေးခွန်းထုတ်လိုက်သတဲ့။
ဦးကြီးမန်းစိန်ဟန် မေးခွန်းထုတ်သံကို ကြားပြီး နံဘေးမှာ ရပ်နေတဲ့ စားပွဲထိုးမယ်လေး ရုတ်တရက် ဒူးတုန် သွားလို့လား ဒါမှမဟုတ် သူ့ရည်းစား (ဘဲ) ကို မေးတယ်ထင်လို့လားမသိ၊ တုန်တုန်ယင်ယင်အသံနဲ့ ဖြေလိုက် တဲ့ အဖြေကြောင့် လာစားတဲ့ ဆေးအသင်းအဖွဲ့သားတွေ အားလုံး တ၀ါးဝါးနဲ့ ပွဲကျကုန်သတဲ့။ စားပွဲထိုးမယ် ကလေး အသံငယ်လေးနဲ့ အလန့်တကြား ဖြေလိုက်တဲ့ အဖြေကတော့ …
“ရှင်! … ဘဲက ရွာမှာ ဦးလေး” တဲ့။
အဟိလည်း ဦးကြီးမန်းစိန်ဟန်နဲ့အတူ ၀ါးတီးသွားဖွင့်ခဲ့တဲ့အထဲမှာပါတဲ့ ဒေါက်တာလွဏ်းဆွေ ပြန်ပြီးဖောက် သည်ချလို့ သိရတာပါလေ။ ။
(ခင်ရတဲ့ ကိုစိန်ဟန်သို့ အမှတ်တရ ...)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:05 PM
1 comments
Labels: ဟာသ
Monday, September 5, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၉-၂၀၁၁)
- နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အိန္ဒိယအမတ် ၁၀၀ သမ္မတ ဦးသိန်းစိန်ကို တောင်း ဆို click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းမှုလုပ် click
- မြစ်ဆုံဆည်ကိစ္စ အသိပေးဖို့ လွှတ်တော်နဲ့ အစိုးရကို တောင်းဆို click
- မြစ်ဆုံရေကာတာ ကန့်ကွက်တဲ့ ဆွေးနွေးပွဲ click
- လွှတ်တော်ငြိမ်းချမ်းရေးကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရ click
- တဂိုး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် click
- ဒေါ်အောင်ဆန်းစုကြည် တဂိုး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ တက်ရောက် (ရုပ်သံ) click
- မြန်မာ့ဆန်နဲ့ မြောက်ကိုရီးယားလက်နက် လဲလှယ်ခဲ့ click
- ၀ီကီလိခ် ဖော်ပြချက် ဖဒိုမန်းရှာမိသားစု လက်မခံ click
- ဒီကေဘီအေ တပ်အင်အား ထောင်ချီ လှုပ်ရှားနေဆဲ click
- မွန်တော်လှန်ရေးသမားဟောင်း နိုင်မြသီး ကွယ်လွန် click
- နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြန်လည်ပြင်ဆင်ဖွယ်ရှိ click
- ပြည်ထောင်စုလွှတ်တော်က အခွန်ဥပေဒ ပြင်ဖို့ အတည်ပြု click
- ခရီးသွားလုပ်ငန်းခွန် လျှော့ပေးဖို့ တောင်းဆို click
- နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာ ပြောင်း click
- ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် မေးမြန်းချက် click
- လွှတ်တော်ဆွေးနွေးပွဲနဲ့ ဥပဒေကြမ်းများ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ကိုယ့်ဒေသအတွက် ပြန်လာလုပ်နိုင်ဖို့ နိုင်ငံရေးအခြေအနေ ကောင်းရမယ် (အင်တာဗျူး) click
- ရင်ထဲက ရှစ်ဆယ့်ရှစ် (ဆောင်းပါး နိဂုံးပိုင်း) click
- အိန္ဒိယနန်းကျဘုရင် ဗဟာဒူးရှားဇဖားရ် (ဆောင်းပါး) click
- မြန်မာနဲ့ အာရှဒေသ အလုပ်အကိုင် ပြဿနာ click
- ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံ နှစ်ရုံတည်ဆောက်မည် click
- ရွှေတူးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြား click
- တရုတ်ဘက် သစ်မှောင်ခို တင်ပို့နေဆဲ click
- မိုးကြီးကာ ရေတိုက်စား၍ ကရင်နီဒုက္ခသည်စခန်းတွင် အိမ်များပျက်စီး click
- မြန်မာပြည်သူတွေအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မြို့ကြီးတွေမှာ ပြသမည် click
- ကချင်ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲ Los Angeles တွင် ကျင်းပမည် click
- အသက် ၄ နှစ် အရွယ် မိန်းကလေးငယ်တဦးကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့် click
- နိုင်ငံကျော် အနုပညာတယောက်နှင့် မဆလ ခေတ်တခေတ် (၂) (ဆောင်းပါး) click
- နိုင်ငံကျော် အနုပညာတယောက်နှင့် မဆလ ခေတ်တခေတ် (၁) (ဆောင်းပါး) click
- ရင့်ကျက်သောစိတ် (တတိယပိုင်း) click
- ကျောပေါက်ကြီး (၀တ္ထတို) click
- လစ်ဗျား ယာယီအစိုးရတပ်တွေ ဂဒါဖီ နောက်ဆုံးခြေကုပ်စခန်းကို ၀ိုင်း click
- ဗြိတိန်ထောက်လှမ်းရေးနဲ့ ကဒါဖီ ဆက်နွယ်မှု စုံစမ်းမယ် click
- လစ်ဗျား-ဗြိတိန် ထောက်လှမ်းရေးကိစ္စ စုံစမ်းရေးကော်မရှင်က အဖြေထုတ်မယ် click
- အီဂျစ်ခေါင်းဆောင်ဟောင်းအပေါ် တရားစွဲဆို စစ်ဆေးမှု ပြန်လည်စတင် click
- ဆီးရီးယားအကျဉ်းထောင်တွေ အိုင်စီအာရ်စီ ၀င်ခွင့်ရခဲ့ click
- ပါတီရေးထက် တိုင်းပြည်ရေး ဦးစားပေးဖို့ သမ္မတ အိုဘားမား အလုပ်သမားနေ့ တိုက်တွန်း click
- အမေရိကန်တွေ အလုပ်အကိုင်သစ်ရဖို့ အိုဘားမား ကြိုးပမ်း click
- တက္ကဆက်ပြည်နယ် တောမီး အိမ်ခြေ ၂၀၀ ကျော် ပါသွားပြီ click
- မျက်လှည့်ဆရာကောင်း (ရုပ်သံ) click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ရွှေတိဂုံတွင် ပြုလုပ် click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ (ရွှေတိဂုံဘုရား၊ ရန်ကုန်) (ဓာတ်ပုံ) click
- ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ click
- ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၅ ခုကို ၁ နာရီအတွင်း ဆုံးဖြတ် click
- နိုင်ငံတကာဒီမိုကရေစီနေ့ နေပြည်တော်တွင် ပထမဆုံး ကျင်းပမည် click
- UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ click
- ပြည်သူ့စစ်နှင့် တိုင်းရင်းသားများအား ရှေ့တန်းစစ်မျက်နှာ၌ အသေခံသုံး click
- မိုးညှင်းမြို့ ဆွေးနွေးပွဲမှ မြစ်ဆုံရေကာတာစီမံကိန်းအပေါ် ကန့်ကွက် click
- ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင် တိုရန်တိုတွင် ပြသရန် အသင့်ဖြစ်နေ click
- The Lady ဇာတ်ကားဖွင့်ပွဲ လွှတ်တော်အမတ်များ တက်ရောက်မည် click
- တဂိုး နှစ် ၁၅၀ ပြည့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည် click
- တဂိုး နှစ် ၁၅၀ ပြည့်ပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား click
- ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံး ဖော်ပြခွင့်ရ click
- ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပြည်သူ့ခေတ်တွင် ပါမည် click
- ဧရာဝတီမဂ္ဂဇင်းကို ဦးတင်ဦး နှစ်သက် click
- ဆရာတော် ဦးဥတ္တမနေ့ ဘန်ကောက်တွင် ကျင်းပ click
- စစ်တွေမြို့နယ် ကော်မီတီဖွဲ့ရန်နှင့် ဥတ္တမနေ့ ကျင်းပရန် ရတပပါတီ စည်းဝေး click
- မွန်ရဲဘော်နှစ်ကျိပ်ဝင် နိုင်မြသီး ကွယ်လွန် click
- ဘုရားကျောင်းအတွင်း စစ်တပ် မိုင်းထောင် click
- ခြင်္သေ့နှင့် ကျားဖြူ စုပေါင်းအာမခံမှ လယ်သမား ၄ ဦး ပြန်လွှတ် click
- ရဲတပ်ဖွဲ့ဝင်များ ဥပဒေမဲ့ ထိုးကြိတ်ရိုက်နှက် click
- သန်းရွှေ အလွန် (၂) click
- မင်းကိုနိုင်နဲ့ ကျနော်နဲ့ကို တပြိုင်တည်းဗျူးပြီး တပုဒ်တည်းမှာရေးတဲ့ သတင်းဆောင်းပါး click
- အာဏာရှင်ဟောင်းအတွက် စိုးရိမ်စရာဖြစ်နေမလား (ဆောင်းပါး) click
- ဦးကျော်ဆန်းနဲ့ ငြိမ်းချမ်းရေး (ဆောင်းပါး) click
- ဂျာမဏီနိုင်ငံရှိ NGO များနှင့် ဆက်စပ်နေသောသူများအကြောင်း (ဆောင်းပါး) click
- အမျိုးသားအကျိုးစီးပွားဆိုရာဝယ် ... (ဆောင်းပါး) click
- မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁) (ဆောင်းပါး) click
- မြန်မာပြည် ငွေကြေးကိစ္စ အဆင်ပြေပြီဆိုပဲ click
- အမေရိကန်ဂီတအဖွဲ့ မြန်မာပြည် သွားမည် click
- မြေလတ်နှင့် အောက်ပိုင်း မိုးပိုနိုင် click
- ဆိုင်ကယ်လိုင်စင် မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ click
- တာချီလိတ်ခရိုင် အားကစားရန်ပုံငွေ ကောက်ခံမှု ဒေသခံများ မကျေနပ် click
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ click
- ရခိုင်ပြည်နယ် ဓမ္မာရုံလုပ်တဲ့ ဆွေးနွေးပွဲ click
- အာဆီယံ ရိုးရာဝတ်စုံချုပ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ၂ ဦး ပထမဆုရရှိ (ရုပ်သံ) click
- ဖို့တ်ဝိန်းက ကဗျာ၊ ပါဖောမင့်အနုပညာနဲ့ လှတဲ့ညနေခင်း (ဆောင်းပါး) click
- ပစ္စက္ခ … မြင်အောင်ကြည့်ကြပါ (ကဗျာ) click
- လုပ်ခ ဘတ် ၃၀၀ ပေးဖို့ ပညာရှင်တွေ သဘောတူ click
- တင်းမာမှုတွေ မြင့်နေတဲ့ တောင်တရုတ်ပင်လယ် click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:33 PM
0
comments
Labels: သတင်း
လောင်စာဆီ အိပ်မက်
ညက
လောင်စာဆီဆန္ဒပြပွဲတွေအကြောင်း တွေးရင်း
တော်လှန်ရေး အိပ်ပျော်သွားတယ်။
အိပ်ပျော်ပြီး မကြာမတင်မှာပဲ
တော်လှန်ရေးဟာ အိပ်မက်မက်ပါလေရော။
အိပ်မက်ထဲမှာ
တော်လှန်ရေးဟာ
နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေရှေ့ ဆန္ဒသွားပြတယ်။
နယူးယောက်က ကုလသမဂ္ဂအဆောက်အအုံရှေ့မှာ
အစာငတ်ခံ ဆန္ဒပြတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ခဲရာခက်ဆစ် ၀င်တွေ့တယ်။
လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမထဲသွားပြီး တိုင်စာပို့တယ်။
အာဆီယံလူကြီးမင်းတွေဆီ အကူအညီဝင်တောင်းတယ်။
ဘလော့ဂ်တွေ အီးမေးလ်တွေကနေ
တော်လှန်ရေးရဲဘော်တွေဆီ လှုံ့ဆော်စာတွေ ပို့တယ်။
ရေဒီယိုကနေ အာပေါင်အာရင်းသန်သန် ပြောဆိုဆွေးနွေးတယ်။
အားလုံးလည်းပြီးရော
တော်လှန်ရေးဟာ
ရှေ့လုပ်ငန်းစဉ်တွေအတွက် နေ့မအား ညမနား အစည်းအဝေးထိုင်တယ်။
အစည်းအဝေး ထိုင်ရင်း
တပိုတပါး သွားချင်တာနဲ့
အပြင်ထွက်မယ်အလုပ်
မှောင်ရိပ်ထဲမှာ ချောင်းမြောင်းစောင့်ကြည့်နေတဲ့
မျက်နှာစိမ်းတယောက်ကို တွေ့ပါလေရော။
“ဟိတ် မင်းဘယ်သူလဲ” လို့
တော်လှန်ရေးက သင်္ကာမကင်း မေးလိုက်တယ်။
“ကျနော် မြေလျှိုးတော်လှန်ရေးဆက်သားပါ
ပြည်တွင်းထဲက လွှတ်လိုက်တာပါ” လို့
သူက မကြောက်မရွံ့ ပြန်ဖြေတယ်။
“ဒါဆို ဘာကိစ္စလဲ” လို့
တော်လှန်ရေးက မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်တယ်။
“ပြည်တွင်းမှာ လောင်စာဆီ ဈေးမြင့်လို့
သံဃာတော်တွေ ပြည်သူတွေ ဆန္ဒပြကုန်ကြပြီ
အဖမ်းအဆီး အနှိပ်အစက်ခံသူတွေလည်း ခံနေရပြီ
ကျောင်းသားခေါင်းဆောင်တချို့လည်း မြေလျှိုးကုန်ကြပြီ
တော်လှန်ရေးတို့ဆီက
ဘယ်လိုဘယ်ပုံ လာပူးပေါင်းကြမလဲ
သွားစနည်းနာချည်စမ်းလို့
မြေလျှိုးရဲဘော်တွေက လွှတ်လိုက်လို့ပါ” လို့
သူက တရစပ် ပြန်ဖြေတယ်။
“အေး အဲဒီအတွက်ပဲ
ငါတို့ အခုအစည်းအဝေးထိုင်နေတာ
ခါးတောင် တော်တော်ညောင်းနေပြီ” လို့
တော်လှန်ရေးက ချောင်းတချက်ဟန့်ပြီး ပြောလိုက်တယ်။
“ဒါဆို ပြည်တွင်းကို အားဖြည့်ဖို့ ဘာများ မျှော်လင့်နိုင်မလဲခမျာ” လို့
မြေလျှိုးတော်လှန်ရေးဆက်သားက အားကိုးတကြီး မေးတယ်။
“အေး ... ငါတို့အနေနဲ့
ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ဖို့ရယ်
ဆေးရုံကြီးမှာ သွေးလှူဖို့ရယ်
ဝတ်ပြုဆုတောင်းပွဲတွေ အမြန်ကျင်းပဖို့ရယ်
အကြိတ်အနယ် ဆွေးနွေးနေကြတယ်” လို့
တော်လှန်ရေးက ခါးဆန့်ရင်း ဖြေလိုက်တယ်။
အဲဒါကိုလည်း ကြားရော
မြေလျှိုးတော်လှန်ရေးဆက်သားလေးခမျာ
‘ဗျာ’ လို့ အာမေဋိတ်သံပြု ခေါင်းကုတ်ပြီး
ပြည်တွင်းထဲကို ပြန်ဝင်ပြေးသွားလေတယ် ။ ။
ဒီရေမြင့်သစ် (ဒေးဝမ်း)
(၁၆ ဒီဇင်ဘာ၊ ၂၀၀၇)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:12 PM
0
comments
Labels: ကဗျာ
(၄-၉-၂၀၁၁) တနင်္ဂနွေနေ့က ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး စုပေါင်းဝတ်ပြုဆုတောင်းပွဲ (ဓာတ်ပုံသတင်း)
အပတ်စဉ် ၀တ်ပြုဆုတောင်းကြပါစို့”
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:02 AM
0
comments
Labels: ဓါတ်ပုံ
Sunday, September 4, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၉-၂၀၁၁)
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ စုပေါင်းဆုတောင်း click
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ကျင်းပ click
- အကျဉ်းသားလွတ်ရေး ရွှေတိဂုံမှာ လှုံ့ဆော် click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြိုးပမ်းမှုခြေလှမ်း (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးနှင့် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့်ရ click
- ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးနဲ့ ပြည်သူ့ခေတ်ဂျာနယ် စာပေစိစစ်ရေး ခွင့်ပြု click
- ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးဂျာနယ်မှာ ဖော်ပြခွင့်ရ click
- မြောက်ကိုရီးယား လက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ click
- ဒီကေဘီအေ ရှိသေးကြောင်း တိုက်ပွဲဖော်ပြ click
- မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်ရာတွင် နှစ်ဘက်သေဆုံးမှုရှိ click
- မြန်မာနှစ်ဦးကို ဘင်္ဂလာဒေခ်ျ့စစ်တပ်က ဖမ်း click
- လွှတ်တော်ကော်မတီကို အကြံပြုလွှာပို့ click
- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒဿမနေ့ ဆက်လက်ကျင်းပ၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆိုပြုဆွေးနွေးခြင်း ဥပဒေကြမ်းအတည်ပြုခြင်း တင်သွင်းခြင်းများ ပြုလုပ် click
- စီးပွားရေးပြုပြင်မှုနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမလား (ဒီမိုကရေစီရေးရာ) click
- တောင်ကတုံးကို ရောင်ထုံးမယ် (ဆောင်းပါး) click
- ရေကြည်တပေါက်၊ အေးရိပ်မြမြ အမွေ (အက်ဆေး) click
- ခေတ်ပေါ်ဂီတ ရေစီးကြောင်း click
- ကဒါဖီရဲ့သားတဦး သေဆုံးခဲ့ပြီ click
- ဂဒါဖီတပ်တွေ လက်နက်မချသေး click
- လစ်ဗျားသူပုန်တွေ ဘန်နီဝလိမြို့ကို ချီတက်ပြီ click
- လစ်ဗျားလက်နက်ကိုင်တွေ ဂဒါဖီ့ အခိုင်အမာမြို့တမြို့ကို ထိုးစစ်ဆင်တော့မည် click
- ဆီးရီးယားအရေး တင်းမာနေဆဲ click
- တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်မှာ ၁၈ ယောက်ထက်မနည်း သေဆုံး click
- ဗီယက်နမ်၏ ဆန်အိုးကြီး ရေမြုပ်မည့် အန္တရာယ်ရှိနေ click
- လူဝင်မှုကြီးကြပ်ရေးအတွက် သြစတြေးလျ အခက်တွေ့ click
- လူကြည့်အများဆုံး ဗွီဒီယိုဂီတဆုချီးမြှင့်ပွဲ click
- ဖလူး စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ်ကို DKBA ဝင်ရောက်တိုက်ခိုက် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းဂျာနယ် ဖော်ပြခွင့်ရရှိ click
- တရစ်လျှော့ပါပြီ တဲ့ click
- မြန်မာအစိုးရ ရခိုင်ပြည်နယ်အပေါ် ခွဲခြားဖိနှိပ်နေကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအ ရာတခုက သက်သေပြ click
- ကျနော်တို့ အချိန်ဘယ်လောက်ကြာကြာ စောင့်နေရမှာလဲ (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- မစ်ရှီဂန်က ပေးတဲ့စာ (၈၄) (အသံလွှင့်ဆောင်းပါး) click
- ရှေးကနဲ့ မတူပြီ (ဆောင်းပါး) click
- မန္တလေး ရေကြီးပြီး နှစ်ပတ်ကြာတဲ့အထိ ရေမကျသေး click
- စက်မှုဇုန် စွန့်ပစ်ပစ္စည်းမှာ အာဆင်းနစ်ပါ click
- ဂူးဂဲကဟု ဟန်ဆောင်ပြီး အီးမေးပတ်စ်ဝဒ်များကို ခိုးဖို့ ကြံစည်နေပြန်ပြီ click
- ပရဟိတ အသင်းပေါင်းစုံ နှီးနှောဖလှယ်ပွဲ ရန်ကုန်တွင် ပြုလုပ် click
- Facebook စာမျက်နှာပေါ်တွင် ရခိုင်သတင်းများကို တစုတစည်းတည်း အလွယ်တကူ ဖတ်နိုင်ပြီ click
- ဘ၀ကို အရှုံးမပေးသူ မစုပုံချစ်နှင့် တွေ့ဆုံခြင်း click
- လှုပ်လှုပ်ရမ်းရမ်း စတိတ်ရှိုး (အသံလွှင့်ဆောင်းပါး) click
- မသိန်းရှင်ဆီ ပို့ပေးပါ (၁၁) (၀တ္ထုရှည်) click
- အိပ်မရဘူးကွယ် (ကဗျာ) click
- လက်စားချေမှုတွေ မလုပ်ဘူးလို့ လစ်ဗျား ယာယီအုပ်ချုပ်ရေး အာဏာပိုင် ကတိပေး click
- လူမှုတရားမျှတရေးအတွက် အစ္စရေးပြည်သူတွေ ဆန္ဒပြ click
- အစ္စရေးမှာ လူ ၄ သိန်းကျော် ဆန္ဒပြ click
- ဂါဇာအတွက် တူရကီ အစ္စရေးကို ရုံးတိုင်မယ် click
- ကျူးဘား ကာကွယ်ရေးဝန်ကြီး ကွယ်လွန် click
- လောင်ကစားသမားတွေ နယ်စပ်ကို ပြောင်းကြပြီ click
- ဂျပန်မှာ ရွှေတွေ ထုတ်ရောင်း (ရုပ်သံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:30 PM
1 comments
Labels: သတင်း


























