Monday, February 7, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၂-၂၀၁၁)
- အစိုးရအမှုထမ်းလစာ တိုးပေမယ့် အီဂျစ်မှာ ဆန္ဒပြမှုတွေ ဆက်ဖြစ် click
- အီဂျစ်နိုင်ငံမှာ (၁၄) ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ click
- မူဆလင်ညီနောင်များအဖွဲ့ click
- နိုင်ငံရေးအုံကြွမှုတွေကြားက အီဂျစ်စီးပွားရေး click
- သမိုင်းဝင် တော်လှန်ရေး ကူးစက်မှုများနှင့် လူထုအောင်ပွဲ (ဆောင်းပါး) click
- ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ လုံခြုံရေးကောင်စီမှာ စဉ်းစားမည် click
- အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ ကုလလုံခြုံရေးကောင်စီ ဆန္ဒရှိ click
- ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ အာဆီယံ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်း click
- ပညာရေးကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ကလေးမွေးဖွားနှုန်း အလွန်ကျဆင်းနေ click
- KIO နှင့် တိုက်ပွဲဖြစ်ပြီး အစိုးရ ဒု-ဗိုလ်မှူးကြီး ဒဏ်ရာပြင်းထန်စွာရ click
- ကေအိုင်အိုနဲ့ တိုက်ပွဲမှာ နအဖတပ်ရင်းမှူး ဒဏ်ရာရ click
- သောင်းကျန်းသူအသုံးအနှုန်း သတင်းစာဖော်ပြချက်မှာ အံ့သြစရာမဟုတ်ဟု မွန်ပြည်သစ်ပါတီမှ ပြော click
- NLD ပါတီ လူ့အခွင့်အရေးကောင်စီ တိုင်မည် click
- စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ NLD လိုလား click
- မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု မရုပ်သိမ်းသင့်ဟု အန်အယ်လ်ဒီ ပြော click
- ပိတ်ဆို့မှု ဆက်လက်ထားရှိရေး ကြေညာချက် NLD ထုတ်ပြန်မည် click
- နိုင်ငံရေးအကျပ်အတည်းများ၊ လက်နက်ကိုင်တပ်မတော် ပြီးတော့ .. နိုင်ငံရေးအင်အားစု (ဦးဝင်းတင်နဲ့ မေး ခွန်းများ) click
- သမ္မတသစ် ဦးသိန်းစိန် အစိုးရဖွဲ့စည်းမည် click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တိုင်းရင်းသား ဒု-သမ္မတကို တိုင်းရင်းသားပါတီများ လက်မခံ click
- သမ္မတက လွှတ်တော်မှာ ၀န်ကြီးဌာနစာရင်း တင်ဖို့ရှိ click
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ click
- ဒု-သမ္မတလောင်း ဒေါက်တာအေးမောင်ရဲ့ လွှတ်တော်သစ်အပေါ် အမြင်သုံးသပ်ချက် click
- ဝန်ထမ်းများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သာသနာ့နုဂ္ဂဟအသင်း ဝင်ခိုင်း click
- နိုင်ငံရေးပါတီ (၁၀) ခု ကျော် ပြည်ထောင်စုနေ့အခမ်းအနား စုပေါင်းပြုလုပ်ရန် စီစဉ် click
- ရှမ်းအမျိုးသားနေ့အခမ်းအနား နေရာအနှံ့ ကျင်းပ click
- ရွှေပြည်သာ အထည်ချုပ်လုပ်သားများ ဆန္ဒပြမှု စက်ရုံများ လိုက်လျော click
- ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်းဌာနေမဲ့ ဒုက္ခသည် ၂၀၀ ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်နေ click
- ရခိုင်ပြည်နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွား click
- မယ်လဒုက္ခသည်စခန်းက ဆေးရုံဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒပြမှုကြောင့် လူနာသေဆုံးမှုရှိ click
- မြဝတီ ပြည်တွင်းဖုန်းလိုင်းများ ပြတ်တောက် click
- မင်းအမေက မင်းကို အိုင်ဒီတခု မပေးခဲ့ဖူးဘူးလား ... (ကဗျာ) click
- ပါတီဖျက်သိမ်းခံရမှု NLD ကုလ လူ့အခွင့်အရေးကောင်စီ တိုင်မည် click
- စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိရန် NLD တိုက်တွန်းမည် click
- အီဂျစ်ဆန္ဒပြသတင်း မထည့်ရ click
- နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် သျှမ်းအမျိုးသားနေ့၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်ထုတ် click
- ရှမ်းပြည်အမျိုးသားနေ့ - အောက်မေ့ဖွယ်အနှစ်သာရ (ဆောင်းပါး) click
- ကချင်တပ်နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ် click
- ကေအိုင်အိုနှင့် နအဖ တိုက်ပွဲဖြစ်ပွား click
- KIO နှင့် နအဖ တိုက်ပွဲဖြစ်၊ တပ်ရင်းမှူးတဦး ကျဆုံး click
- KIO နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ နအဖတပ်ရင်းမှူး သေဆုံး click
- စစ်တိုင်းရုံးသစ်အခြေစိုက် တိုးချဲ့၊ ကာလိမြို့နယ်ခွဲအတွင်း စပါးခင်းများ ကြွက် ဖျက်ဆီး click
- တိုးချဲ့စစ်တိုင်းရုံးသစ်ကြောင့် ဒေသခံလူထု လူ့အခွင့်အရေးချိုးဖောက်ခံရ click
- ဘိန်းဘုရင် ခွန်ဆာ စခန်းဟောင်း ပြတိုက်လုပ်ရန် စီစဉ် click
- နမ့်ခမ်းမြို့နယ် ဘိန်းတောင်သူများထံမှ ရဲ ငွေတောင်း click
- ၀န်ထမ်းများကို သာသနာ့နုဂ္ဂဟအသင်းထဲ မဖြစ်မနေ ၀င်ခိုင်း click
- အစိုးရသစ် သမ္မတရွေးပွဲအပြီး သတင်းဓာတ်ပုံဆရာကို ထောင်ချ click
- တိုင်းရင်းသား ဒု-သမ္မတ ရုပ်သေးရုပ်လား click
- တိုင်းရင်းသားပါတီသစ်များနှင့် ပထမဆုံး ပြည်ထောင်စုနေ့ click
- ပုံလာလာပြောတိုင်း ယုံ (သရော်စာ) click
- လမ်းမများပေါ်က တိုက်ပွဲအောင်လံ (ဆောင်းပါး) click
- ဆန္ဒပြ စက်ရုံအလုပ်သမားများ၏ တောင်းဆိုချက် ယနေ့ ဖြည့်ဆည်းပေးမည်ဟု ကတိပေး click
- နေပြည်တော်တွင် ကြက်၊ ငှက်တုပ်ကွေး ဖြစ်နေကြောင်း နှိုးဆော်ထား click
- စစ်တွေတွင် ကြက်သားမစားရ အမိန့်ထုတ် click
- ပြည်ပ ထွက်ခွာသူများ ရွှေတကျပ်သားထက် ပိုမယူရ click
- မိုးလေ၀သ အခြေခံသင်တန်းပေးရန် စာပေစာနယ်ဇင်းအဖွဲ့ကို ကမ်းလှမ်း click
- ၂၀၁၁ အတွက် ယုဇနပလာဇာမောင်၊ ယုဇနပလာဇာမယ် ပြပွဲပြိုင်ပွဲ (ဓာတ်ပုံ) click
- အသစ်တည်ဆောက် ပိုက်ဆံကောက် (ပေးစာ) click
- ထိုင်း-ကမ္ဗောဒီးယား နယ်စပ်တိုက်ပွဲများ ဖြစ်ပွား click
- နေအဖွဲ့အစည်းသစ် တွေ့ရှိ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:11 PM
8
comments
Labels: သတင်း
ဘာသံတွေလဲဗျာ
ခုတလော အသံတွေက တညံညံ ဖြစ်နေကြတယ်။ စိတ်တိုင်းမကျလို့ ဖြစ်တာလား၊ အားမရလို့ ဖြစ်တာလား၊ အောင်ပွဲမြန်မြန်မရသေးတဲ့အတွက် ဖြစ်တာလား၊ ဒါမှမဟုတ်လည်း ဖွချင်တဲ့ ရည်ရွယ်ချက်နဲ့ တညံညံ ဖြစ် ကြတာလား၊ ဘာလဲဆိုတာတော့ မသိပါ။ သို့သော် တချို့အသံတွေက လွတ်လပ်စွာ ပြောရေးဆိုခွင့်ဆိုတဲ့ ဘောင်အတွင်းက ပြောကြတာ ဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ့်တပ်ကိုယ်နင်းသလိုမျိုး ဖြစ်လာနေသလား လို့ အတွေးတောင် ဝင်မိပါတယ်။
နော်ဝေမှာနေတဲ့ ‘ဖိုးသာအောင်’ ဆိုတဲ့ လူတဦးကလည်း သူ့ရင်ထဲက ခံစားချက်တွေကို ဆောင်းပါးတပုဒ် အ နေနဲ့ ထုတ်ပြောလာတာလည်း တွေ့ရသလို၊ ဒေါက်တာလွဏ်းဆွေဘလော့ဂ်ထဲမှာလည်း ‘အက်ဆစ်’ ဆိုတဲ့ ကလောင်နာမည်နဲ့ ဒေါ်စုနဲ့ အဖွဲ့ချုပ် အသုံးမကျဖူးလို့ ပြောထားတာတွေ ဖတ်ရတော့ စိတ်ထဲမှာ အင်မတန် နွမ်းနယ်ရပါတယ်။ သို့သော်လည်း ဒီလူတွေ ပြောတာက သူတို့ခံစားချက်။ တိုင်းတာတွက်ချက်မှုတွေ ဖြစ်လို့ သူတို့ရဲ့အခွင့်အရေးအရ ပြောခွင့်ရှိပါတယ်။ ဒါမျိုး မပြောရဘူး၊ မတင်ပြရဖူးလို့ လူတဖက်သားကို စီရင်ချက် ခြဖို့ဆိုတာကလည်း မကောင်းပါ။ ကျနော်တို့က ကျနော်တို့ကိုယ် ကျနော်တို့ ဒီမိုကရက်တွေလို့ ပြောနေတာမို့ လား။ ဒီမိုကရက်တယောက်က ကိုယ်သာ ဒီလိုမျိုးပြောမယ်၊ တခြားလူဆို ဒီလိုမျိုး ပြောခွင့်မရှိဆိုပြီး ကန့် သတ်လို့မှ မကောင်းတာကိုးဗျာ့၊ ဟုတ်တယ်မဟုတ်လား။
နော်ဝေက ဖိုးသာအောင် ဆိုတဲ့လူကတော့ လက်ဝဲအုပ်စုနဲ့ ပြည်ပရောက် အတိုက်ခံတွေကို အတော်လေး ဆော်ထားပါတယ်။ လူကောင်းလူဆိုး ခွဲတဲ့နေရာမှာ တိတိကျကျ ခွဲပြောဖို့ လိုတယ်လို့ ထင်တာပါပဲ။ ပြည်ပ ဆိုပြီး လုံးပြောလိုက်တော့ ဖိုးသာအောင်လည်း နော်ဝေမှာ နေတာပဲလေ။ သူလည်း ပြည်ပထဲက တဦးမဟုတ် ဘူးလားဆိုတာ ပြန်ပြီးထောက်ပြလိုပါတယ်။ ထိုင်းလူမျိုးတွေက ဗမာဆိုရင် မယုံရဘူး၊ လစ်ရင်ခိုးတယ် တိုက် တယ်၊ အောက်တန်းကျတယ်၊ အလုပ်ကြမ်းသမားနဲ့ ပြည့်တန်ဆာအဆင့်မှာပဲ ရှိတယ်လို့ လုံးပြောတာမျိုးကို ဗမာလူမျိုးအများစုက လက်ခံလိမ့်မယ်မထင်ပါဘူး။ ဉာဏ်ပညာအဆင့်အတန်း မြင့်မားတဲ့ တခြားနိုင်ငံက လူ မျိုးတွေကလည်း ထိုင်းတွေ အပြောသက်သက်ကိုတော့ လက်ခံမယ်လိမ့်လို့လည်း မထင်ပါဘူး။ အဲသလိုပါပဲ ဖိုးသာအောင် ပြောနေတဲ့ ပြည်ပရောက် အုပ်စုဆိုတာတွေမှာလည်း မှန်မှန်ကန်ကန် လုပ်ကိုင်နေတဲ့ သူတွေရှိ သလို သူခိုးတွေ၊ ငတိုတွေ၊ အခွင့်အရေးသမားတွေရှိတာလည်း ဟုတ်တယ်။ သို့သော် သတင်းအချက်အ လက်မှန်မှန်ကို သိတယ်ဆိုရင် ဘယ်သူတွေက အခွင့်အရေးသမား၊ ဘယ်သူတွေက မှန်မှန်ကန်ကန် လုပ် ကိုင်နေတယ် ဆိုတာကိုရော ဖိုးသာအောင်က မရေးသင့်ဘူးလား။ အင်တာနက်ကနေ ရေးကြတာပဲ။ မျက်နှာ ပူစရာ လိုမယ်မထင်ပါဘူး။ ဖိုးသာအောင်ကိုယ်တိုင်ကော နော်ဝေမှာ မြန်မာ့အရေးအတွက် ဘာတွေလုပ်နေ သလဲ၊ နော်ဝေမရောက်ခင်ကရော ဘာတွေလုပ်ခဲ့သတုံးဆိုတာ အများသူငါ သိအောင် သူကိုယ်တိုင်က မိတ်မ ဆက်သင့်ဖူးလား၊ ဖိုးသာအောင်နဲ့ ပတ်သက်လို့ကတော့ ဒီလောက်ပဲ ပြောချင်ပါတယ်။
‘အက်ဆစ်’ ကိစ္စကတော့ နောက်တပိုင်းပါ။ မကြာသေးခင် ကာလများကလည်း သူ့ရဲ့ဆောင်းပါးတပုဒ်ကို ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာ ဖတ်လိုက်ရပါသေးတယ်။ အခုဆောင်းပါးနဲ့ သိပ်မကွာလှပါဘူး။ အက်ဆစ် ဆိုတဲ့ သူက သူမသေခင်မှာ အောင်ပွဲကို မြင်ချင်လို့ထင်ပါရဲ့။ ဒေါ်စုကို ပြောထားလိုက်တာများ ရစရာတောင် မရှိတော့ပါဘူး။ သို့သော် အက်ဆစ်မှာလည်း လူတဦးအနေနဲ့ လွတ်လပ်စွာ ပြောဆိုဝေဖန်ပိုင်ခွင့်ရှိတော့ သူ လည်း ပြောပါစေလို့သာပဲ ဆိုရမှာပါ၊ ကျနော့်အမြင်အရ ပြောရရင်တော့ အက်ဆစ်ရဲ့အာသီသက သူအရွယ် ကောင်းတုန်း တိုင်းပြည်ကို အောင်ပွဲနဲ့အတူပြန် ပြည်သူတွေက သပြေပန်းတွေ ကမ်း၊ အဲသလိုမျိုး အရသာကို မခံစားလိုက်ရမှာစိုးလို့ ပြောတဲ့သဘောနဲ့ တူပါတယ်။ တခြားထွေလီကာလီတော့ ရှိဟန်မတူပါဘူး။ ခပ်ရိုးရိုးပဲ ပြောတာလို့ တွက်လို့ရပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူ့ရဲ့ဆောင်းပါးကို ဖတ်ကြည့်လိုက်တော့ အရေးအ သားစတိုင်၊ နိုင်ငံရေးအတွက်အချက်၊ အနာဂတ်မျှော်မှန်းချက် စတာတွေနဲ့ ပတ်သက်လို့ သူကိုယ်တိုင်လည်း ချက်ကျလက်ကျ နားလည်ဟန်တော့ မတူဘူး။ တကျပ် တမတ်ဆိုတဲ့ စကားပုံအတိုင်း လုပ်တာလည်း ဖြစ် ကောင်း ဖြစ်နိုင်ပါတယ်။ နာမည်ကြီးချင်တာလည်း ပါဟန်တူပါတယ်။ တကျပ် တမတ် ဆိုတာက ဒီလိုဗျ။ နာ မည်လည်းမကြီး လူအများကလည်း လုံးလုံးမသိတဲ့ လူတဦးဟာ တကျပ်ဖိုးလောက် နာမည်ကြီးနေတဲ့ လူကို တက်ဆဲရင်၊ တက်ဝေဖန်ရင် အနည်းဆုံးတော့ သူ့အနေနဲ့လည်း တမတ်ဖိုးလောက် လူသိခံလာရတယ်ဆိုတဲ့ နည်းဟောင်းကြီးက ရှိထားတာကိုး။ ရိုးလွန်းပါတယ်။
နောက်တချက်ကတော့ မြန်မာ့နိုင်ငံရေးသမိုင်း၊ ဒေသတွင်း နိုင်ငံရေးသမိုင်း၊ ကမ္ဘာ့နိုင်ငံရေးသမိုင်းတွေကို တီးမိခေါက်မိဟန်လည်း ရှိပုံမပေါ်ပါဘူး။ သူ့လိုအင်ဆန္ဒတွေချည်းပဲ တောက်လျှောက် ပြောနေတော့တာကိုး ဗျ။ ဘာနဲ့တူသတုန်းဆိုတော့ မိဘရဲ့အခက်အခဲကို နားမလည်တဲ့ သားငယ်လိုပဲ၊ ကျောင်းကို မော်တော်ကား လေးနဲ့ တက်ချင်တော့ ကားဝယ်ပေးဖို့ တဆာဆာ ပူစာနေတဲ့ သားဆိုးတယောက်လိုပဲလို့ ဆိုလိုက်ချင်ပါ တယ်။
မြန်မာ့သမိုင်းကိုပဲ ပြန်ကြည့်လေဗျာ။ အင်္ဂလိပ်တွေရဲ့ ဝိုင်အမ်စီအေအဖွဲ့ကို အတုယူပြီး ဖွဲ့စည်းခဲ့တဲ့ ဝိုင်အမ်ဘီ အေက ခေါင်းဆောင်များလည်း အင်္ဂလိပ်နယ်ချဲ့ကို အပြုတ်မတိုက်နိုင်ဘဲ နှစ်ချမ်းတောင် ကွဲခဲ့သေးတယ် မ ဟုတ်လား။ အဲတာကြောင့် သူတို့ကို အပြစ်တင်ရမလား။ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ နောက်ပိုင်း သူ တို့က ကမ္ဘာကြီးရဲ့ခေတ်သစ်နိုင်ငံရေးကို အဲဒီအချိန်ကမှ စပြီး မြည်းစမ်းဖူးတာမဟုတ်လား။ အားနည်းချက် တွေတော့ ရှိတော့မပေါ့။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အင်္ဂလိပ်တွေကို ခံတိုက်ရင်း မနိုင်နိုင်တော့ နောက်ဆုံး တရုတ်ပြည်ထဲ ဝင်သွားပြီး ခိုလုံရတယ်မဟုတ်လား။ အဲတာကို အင်္ဂလိပ်ကို နိုင်အောင် မတိုက်နိုင်ရကောင်းလား။ ဗမာ့မြေ ပေါ်က အပြီးမောင်းထုတ်နိုင်အောင် မကြိုးစားရကောင်းလားဆိုပြီး ဦးအောင်မြတ်ကို အပြစ်တင်ရင် တရား လား။ မတရားဘူးလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီကာလက ဦးအောင်မြတ်ရဲ့ တော်လှန် ရေးတပ်မှာ လက်နက်တပ်ဆင်မှုနဲ့ အင်္ဂလိပ်တပ် လက်နက်တပ်ဆင်မှုက တူမတဲ့လားဗျာ။ ရေရှည်မှာ ဦး အောင်မြတ် ဘယ်လိုကြံ့ကြံ့ခံနိုင်မလဲ။ တပ်ပျက်တော့တာပေါ့။
အဲသလိုပဲ ဂဠုန်ဆရာစံဟာ တိုင်းပြည်တဝှမ်းလုံးမှာရှိတဲ့ လယ်သမားတွေဆီက ထောက်ခံမှု အပြည့်အဝရရဲ့ သားနဲ့ ဖိနှိပ်နေတဲ့ အင်္ဂလိပ်အစိုးရကို အပြုတ်မတိုက်နိုင်ရကောင်းလားလို့ အပြစ်တင်မယ်ဆိုရင်လည်း ကြိုး ပေးခံရလို့ ဘဝတပါးရောက်သွားတဲ့ သွားလေသူကြီးက မင်း ဆင်းတိုက်ကြည့်လေလို့ ပြောများပြောမလားမ သိ။ ဟိုက တော်မီဂန်းလို အော်တိုမက်တစ် သေနတ်နဲ့ ပစ်နေတဲ့ အချိန်မှာ ကိုယ့်ဘက်က ခါးတောင်းကျိုက် ပြီး လက်ဖွဲ့လေး လက်မောင်းမှာ ချည်ပြီး ဒါးလွတ်ကိုင် တက်ရတာကိုး။ မတူတာကို ပြောပြနေတာပါ။ ဖြစ်နိုင် ရင်တော့ အဲဒီ ၁၉၃ဝ ခုနှစ်မှာပဲ အင်္ဂလိပ်အင်ပိုင်ယာကြီးကို ဗမာ့မြေပေါ်က အပြီးအပိုင် မောင်းထုတ်ချင်တာ လူတိုင်းရဲ့ဆန္ဒလို့တောင် ပြောနိုင်ပါရဲ့။
ဒေသတွင်း နိုင်ငံရေးကို ကြည့်ပါဦး။ ဂျပန်နိုင်ငံဆိုတာ ဆာမူရိုင်းတို့ တိုင်းပြည်ပါ၊ အသက်ပဲ သေခံတယ်၊ အ ရှက်နဲ့ လူမလုပ်ဘူးဆိုတဲ့ တိုင်းပြည်တခုပါ။ သို့သော်လည်း အမေရိကန် စစ်သင်္ဘောတွေက အမြောက်နဲ့ချိန် ပြီး စီးပွားရေးတံခါးဖွင့်ဆိုပြီး ဖိအားပေးတော့ ဆာမူရိုင်းတွေ ခံမတိုက်ပေါင်ဗျာ၊ တံခါးဖွင့်ပေးလိုက်ရတယ်။ (သီပေါမင်းကတော့ နောက်ဆုံးမှာ သတ္တိကောင်းလွန်းလို့လား၊ ဒုံးဝေးလွန်းလို့လား၊ ဒါမှမဟုတ် ဘာဆိုဘာမှ မသိတာလားမသိ။ အင်္ဂလိပ်ကို ခံတော့တိုက်ရှာပါတယ်။ ဂျပန်ဆာမူရိုင်းတွေထက် သာတယ်လို့ ပြောရင် တောင် ရမလားမသိ) အဲဒီကစပြီး မီဂျီခေတ်ဆိုတာ ဂျပန်မှာ ပေါ်လာတာပဲ။ ဗမာပြည်က မင်းတုန်းမင်းခေတ် နဲ့ ခေတ်ပြိုင်အချိန်လို့ ဆိုနိုင်ပါသေးတယ်။ အဲတာကြောင့် အဲဒီအချိန်က ဆာမူရိုင်းတွေကို အမေရိကန် ခံမ တိုက်လို့ဆိုပြီး ဘယ်သူက အပြစ်တင်သလဲ။ ဂျပန်လူမျိုးတွေ ကိုယ်တိုင်တောင် အပြစ်တင်တယ်လို့ မကြားမိ ပါဘူး။ အမှန်ကတော့ ဆာမူရိုင်းတွေက ခံတိုက်ချင်ပါတယ်တဲ့။ သို့သော် ဆာမူရိုင်းအုပ်စုတွေဟာ တနိုင်ငံလုံး မှာ အကွဲကွဲအပြားပြား ဖြစ်နေလို့ပါ၊ မညီညွတ်ကြပါဘူးတဲ့။ ဘုရင်ဆိုတာကလည်း အဲဒီအချိန်တုန်းက နာမည် ခံသက်သက် ဖြစ်နေတာကိုး။
အာဖရိကတိုက်ကို ကြည့်ရင်လည်း မင်ဒဲလားဟာ ထောင်ထဲမှာ (၂၇) နှစ်နေခဲ့ရတယ်။ ဒီထက်စောပြီး ထောင် က လွတ်အောင်လုပ်၊ လူဖြူအုပ်စိုးသူတွေကို ပြန်ခံချ၊ နှစ်တိုတိုအတွင်း လူမဲတွေလက်ထဲကို အုပ်ချုပ်ရေးအာ ဏာပြန်ရောက်၊ သိပ်ကောင်းတဲ့ ဇာတ်ထုတ်ပေါ့။ သို့သော်လည်း ထင်တိုင်းမှ ဖြစ်မလာတာ ဘယ်လိုလုပ်မ လဲ။ ထင်တိုင်းဖြစ်မလာတဲ့ အချိန်ကာလများအတွင်းမှာ စိုက်လိုက်မတ်တတ် လုပ်စရာရှိတဲ့ အလုပ်ကို လုပ်နေ တာကိုက တော်လှန်ရေးလို့ ဆိုရမှာပါပဲ။ မင်ဒဲလား ထောင်ကျနေချိန်မှာ သူရဲ့အေအင်စီအဖွဲ့က ခေါင်းဆောင် တွေ ဘာလုပ်နေတယ် ထင်သတုန်း။ တချို့က ကျောင်းအုပ်ဆရာကြီးတွေ၊ တချို့က အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ၊ တချို့က သင်းအုပ်ဆရာတွေ။ တချို့က လက်နက်ကိုင်နယ်မြေတွေမှာ ... စတဲ့ ပုံစံတွေနဲ့ လူထုအကြားမှာ လုပ်သင့်တဲ့အလုပ်တွေ ဆက်လုပ်နေတယ်။ အေအင်စီဆိုတာ နာမည်အနေနဲ့ ပြောရရင် အဲ ဒီအချိန်တုန်းက ပျက်သွားပြီလို့တောင် လူတွေက ထင်နေကြတာ။ တော်လှန်ရေး၊ နိုင်ငံရေးမလုပ်ဘဲ ဘာဖြစ် လို့ ကျောင်းဆရာတွေ လုပ်နေတာလဲ၊ ဘာဖြစ်လို့ သင်းအုပ်ဆရာတွေ၊ သမဂ္ဂခေါင်းဆောင်အလုပ်တွေ လုပ် နေတာလဲလို့ သူတို့ကို လက်ညှိုးထိုးပြီး အပြစ်တင်ရင်လည်း ရတာပါပဲ။
ဂျာမနီကနေ အင်္ဂလန်ကို ထွက်ပြေးလာရတဲ့ ကွန်မြူနစ်တို့ရဲ့ ဖခင်ကြီး ကားလ်မတ်စ်ဟာလည်း အင်္ဂလန်ဟာ ဆိုးဝါးလွန်းတဲ့ အရင်းရှင်တွေရဲ့လက်အောက်မှာ ရောက်နေတာကြောင့် နောင်မှာ အဖိနှိပ်ခံတို့ရဲ့ ပထမဆုံး တော်လှန်ရေးဟာ အင်္ဂလန်နိုင်ငံမှာ စဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ သို့သော် အခုအချိန်အထိ အင်္ဂလန်မှာ အလုပ်သမားတွေ ဦးဆောင်တဲ့ တော်လှန်ရေးဟာ မဖြစ်ခဲ့ပါဘူး။ အရင်းရှင်တွေက သိပ်လျှင် တော့ လက်နက်ကိုင် (သို့မဟုတ်) အကြမ်းဖက်တဲ့ ပဋိပက္ခအထိ အဖြစ်မခံဘဲ ညှိနှိုင်းဆွေးနွေးတဲ့ နည်းတွေနဲ့ အလျှော့အတင်းလုပ်ရင်း အလုပ်သမားလောကနဲ့ ဆက်ဆံလာတာ အခုအထိပါ။ သို့သော် ကားလ်မတ်စ် တွက်ချက်ခဲ့တဲ့ အဲဒီတော်လှန်ရေးမျိုးဟာ ၁၉၁၇ ကျမှ ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တယ်။ အင်္ဂလန်မှာ အလုပ်သမား တွေ ဦးဆောင်တဲ့ တော်လှန်ရေး မဖြစ်ခဲ့လို့ အဲဒီအချိန်က အလုပ်သမားခေါင်းဆောင်တွေကို အပြစ်တင်မ လား။ ဘယ်လိုအခြေအနေတွေကြောင့် တော်လှန်ရေး မဖြစ်လိုက်ရသလဲ ဆိုတာကိုကော ထည့်သွင်း မစဉ်း စားသင့်ဘူးလား။
ကိုင်း ... နောက်ဆုံးတော့ ကိုယ့်တိုင်းပြည်ဘက်ပဲ ပြန်လှည့်ရမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ် ဆိုတာ လူသုံးဆယ်ပေါ့ဗျာ။ လမ်းခုလပ်မှာ တဦးသေတော့ (၂၉) ဦးပဲ ရှိတော့တာပေါ့။ အဲဒီ လူ (၂၉) ယောက်ဟာ ဂျပန်က သင်ပေးလိုက်တဲ့ စစ်ပညာနဲ့ လက်နက်တချို့နဲ့ ပြန်လာတယ်ဆိုပါတော့။ နယ်စပ်မှာ လူစုလို့ နောက်ထပ် အယောက် (၃ဝဝ) ရတယ်ထား၊ အဲဒီ တပ်အင်အား (၃ဝဝ) လောက်ကို အင်္ဂလိပ် စစ် တပ်က ဘယ်မှုမလဲ။ မသာ ဘယ်ဈေးပေါက်သလဲလို့တောင် မေးလိုက်ဦးမယ်။ ဗိုလ်ချုပ်တို့အုပ်စုကို အင်္ဂလိပ် စစ်တပ်က အသားကုန် ကျွေးလွှတ်လိုက်မှာပေါ့၊ နောက်ဖြစ်နိုင်ခြေကတော့ အင်္ဂလိပ်စစ်တပ်က ကျွေးမလွှတ် ခင် ယိုးဒယားစစ်တပ်က အင်္ဂလိပ်ကို မျက်နှာလုပ်ချင်တာနဲ့ ဗိုလ်ချုပ်တို့အုပ်စုကို ထောင်ဖမ်းပြီး အင်္ဂလိပ် လက်ထဲ အပ်လည်း ရတာပဲလေ။ အဲဒီခေတ်က လူ့အခွင့်အရေး ဆိုတာကလည်း ခေတ်မှ မစားသေးတာ၊ ဗိုလ်ချုပ်တို့တပ်တွေကို ပြည်သူတွေက ထောက်ခံနေတယ်ဆိုဦးတော့ အင်္ဂလိပ်ကလည်း အဲသလောက်နဲ့ တော့ အချဉ်ဘယ်အဖြစ်ခံမလဲ။ ဒါပေမယ့် ဗိုလ်ချုပ်တို့နောက်မှာ ထပ်ချပ်မကွာ ပါလာတဲ့၊ စင်္ကာပူခံတပ်ကို သိမ်းလာတဲ့၊ မလေးရှားကို သိမ်းလာတဲ့ ဂျပန်တပ်အင်အားက သုံးသိန်းခွဲလောက် ပါလာလို့ပေါ့။ အဲဒီ သုံး သိန်းခွဲလောက်မှာလည်း ရိုးရိုးခြေလျင်တပ်တင် မဟုတ်ဘဲ အမြောက်တပ်တို့၊ စစ်အင်ဂျင်နီယာတပ်တို့၊ နောက်ဆုံး ဂျပန်ဘုရင့်လေတပ်ပါ ပါလာခဲ့တယ်ဆိုတာကို မေ့ထားလို့တော့ မဖြစ်ဘူးမို့လား။ အခြေအနေ အ ချိန်အခါကို နားလည်နိုင်အောင် ပြောပြတာပါ။
အဲတာကြောင့် ပြောရရင် ဒေါ်စုကို ဟိုလိုလုပ်သင့်တယ်၊ ဒီလိုလုပ်သင့်တယ် ပြောနေတဲ့ သူတွေနဲ့ တချီတ မောင်းလောက်တော့ အများသူငါ ရှေ့မှာ တရားဝင် စကားရည်လုသလို ပြိုင်ပြောချင်တယ်ဗျာ။ အခုလို အင် တာနက်ကနေ နာမည်ဝှက်တွေနဲ့ ရေးနေရတာ အားမရပါဘူး။ ဟုတ်တယ်မဟုတ်လား။ အက်ဆစ်လည်း နာ မည်ဝှက်ကို သုံးနေရတာ တခုခုကို ထောက်ထားနေရလို့ဆိုတာ ရိပ်မိပါတယ်။ တခေါက်တကျင်းလောက် တော့ ပွင့်ပွင့်လင်းလင်း ဆုံခြင်ပါ သေး တယ်၊
နောက်ဆုံးပိတ်ကတော့ ဒေါက်တာလွဏ်းဆွေကိုလည်း တခုလောက်တော့ ဆွေးနွေးချင်ပါတယ်။ နာမည်ဝှက် နဲ့ ရေးလာတဲ့သူတွေကို လက်မခံနဲ့လို့ ပြောတာမဟုတ်ပါ၊ အကြောင်းကြောင်းကြောင့် တချို့လည်း နာမည် ဝှက်တွေနဲ့ ရေးမှဖြစ်မယ်ဆိုတော့ နားလည်နိုင်ပါတယ်။ သို့သော် အစွန်းရောက်တဲ့ ကိစ္စတွေကို ပွင့်လင်းစွာ ဖော်ထုတ်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တင်လာရင် နောင်မှာ လက်သင့်ခံသင့် မခံသင့်ဆိုတဲ့ ကိစ္စဖြစ်ပါ တယ်။ ဒေါက်တာ့ စီဘောက်မှာ တချို့လူတွေက ဘယ်လိုရေးထားသလဲဆိုတော့ ‘မြင့်မြတ်သော မျိုးချစ်မ ဟာဗမာ’ (အတိအကျတော့ မမှတ်မိ) ဆိုတဲ့ အမည်မျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ချိုးချိုးဖဲ့ဖဲ့ ကွန်မင့် တွေကို တင်ထားတာ တွေ့ရပါတယ်။ တကယ်လို့များ တခြားသူတွေကလည်း နာဇီဝါဒ၊ ဖက်ဆစ်ဝါဒဟာ ကိုယ့်အမျိုးသားတွေရဲ့ မြင့်မြတ်ခြင်းကို ပိုမိုတိုးတက်စေတယ်၊ ဘာပဲပြောပြော ကိုယ့်အမျိုးသားတွေကို အဲဒီ ဝါဒတွေဟာ အကျိုးပြုတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တင်လာရင် လက်ခံမှာလား ဆိုတာကိုလည်း မေး လိုပါတယ်။ တချို့က ဂျူးဆန့်ကျင်ရေး ကိစ္စမျိုးတွေ တင်လာရင်ကော ဒေါက်တာ့ဘလော့ဂ်မှာ လက်ခံမှာ လား၊ လူတိုင်းဟာ သတင်းအင်ဖော်မေးရှင်းနဲ့ ပတ်သက်ရင် ဒါမှမဟုတ် ကိုယ့်အမြင်ကို ကိုယ်လွတ်လပ်စွာ တင်ပြနိုင်ဖို့ လွတ်လပ်မှု ရှိဖို့လိုတယ်ဆိုတာကို ကျနော် မကန့်ကွက်ပါ။ အကယ်၍ ဒေါက်တာ့ဘလော့ဂ်မှာ ‘မြင့်မြတ်သော မျိုးချစ်မဟာဗမာ’ ဆိုတဲ့ သူများကို ဆက်ပြီးလက်သင့်ခံမယ်ဆိုရင် တခြားသော မဟာလူမျိုး တွေ၊ မဟာဘာသာဝါဒတွေ တက်ရေးကြတာကိုလည်း လက်ခံဖို့ လိုတယ်လို့ ပြောပါရစေ။
သြော် ... နောက်တခုကတော့ ဒေါက်တာဘလော့ဂ်ထဲမှာပဲ ဒေါက်တာ ပြောဖူးတယ်လေ။ မှတ်မိလား၊ အခု ဗွီ အိုအေကို ရောက်နေတဲ့ ဦးကျော်ဇံသာဟာ သတင်းပြောရင်း တမင်များ ဖွနေသလားဆိုပြီး ဒေါက်တာ ရေး ထားတာ ဖတ်ဖူးပါတယ်။ ဒါကြောင့် ဦးကျော်ဇံဖွ ဆိုပြီး သူ့ကို ဒေါက်တာ နာမည်ပေးခဲ့တာ မှတ်မိသေးလားဗျ၊ အက်ဆစ်ကိစ္စကတော့ ဒေါက်တာ တမင်ဖွတာတော့ မဟုတ်ပါဘူးနော်။ ကျနော် မှားရင်လည်း ဆောရီးပါပဲ ဗျာ၊ ကျနော့်ရဲ့ ဒီပြန်စာလေးကို ဒေါက်တာ့ဘလော့ဂ်မှာ ထည့်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒါနဲ့ ကျနော်က အက်ဆစ်နဲ့တော့ အမျိုးမတော်မပါဘူး။ ကျနော့်နာမည်က ‘လစ်တမတ်စက္ကူ’ ပါ။ ကျေးဇူး တင်ပါတယ်။
လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တဲ့ ကိစ္စမျိုးတွေ ရေးသားတာကို ကျနော့်ရဲ့ဘလော့ဂ်မှာ လုံးဝခွင့်မပြုပါ ဘူး။ စီဘောက်မှာရော၊ ကွန်မင့်မှာပါ တွေ့ရင်တွေ့သလို ဖျက်တာ၊ ဘန်းတာ အမြဲလုပ်ပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဖျော်လည်း ကျနော်၊ မုန့်လုပ်လည်း ကျနော်၊ စားပွဲထိုးလည်း ကျနော်၊ ပန်းကန်ဆေးလည်း ကျနော်ဖြစ်နေတဲ့ အနေအထားမို့ မျက်စိလျှံပြီး မဖျက်မိ၊ မဘန်းမိတာလေးတွေ ရှိခဲ့မယ်ဆိုရင် နားလည်ခွင့် လွှတ်စေလိုပါတယ်ခင်ဗျား။ အက်ဆစ်ကိစ္စ ဖွတယ်၊ မဖွဘူးဆိုတာကတော့ စာဖတ်သူတွေကသာ အဆုံးအ ဖြတ်ပေးရမယ့် ကိစ္စဖြစ်လို့ ကျနော့်ဘက်က ဘာမှပြောစရာမရှိကြောင်းပါ။ စာမူရေးသားပေးပို့တဲ့အတွက် အ ထူးကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးစကား ပြောကြားလိုက်ရပါတယ်ခင်ဗျား။
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:29 PM
26
comments
Labels: ဆောင်းပါး
Sunday, February 6, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၂-၂၀၁၁)
- အီဂျစ် ဒု-သမ္မတ အတိုက်အခံနဲ့ စတင်ဆွေးနွေး click
- အီဂျစ် ဒု-သမ္မတနဲ့ အတိုက်အခံတို့ ဆွေးနွေးပြီ click
- လှုပ်ရှားသူတွေကို ခြိမ်းခြောက် ဖမ်းဆီးမှုမလုပ်ဟု အီဂျစ်ဝန်ကြီးချုပ် ငြင်းဆို click
- ထိုင်း-ကမ္ဘောဒီးယားနယ်စပ် လက်နက်ကြီးများ ပစ်ခတ် click
- ရေလွှမ်းမိုးမှုကြောင့် သီရိလင်္ကာမှာ လူ (၁,၀၀၀,၀၀၀) ကျော် ထိခိုက် click
- လက်ဖ၀ါးပေါ်က စာကြည့်တိုက် click
- သစ္စာဖောက်ခံရတဲ့ တော်လှန်ရေး (ဆောင်းပါး) click
- ဓာတ်ပုံသတင်းထောက် ဦးမောင်မောင်ဇေယျ ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခံရ click
- ဓားပြများ ပစ်ခတ်မှုကြောင့် ရွာသားလေးဦး ပြင်းထန်စွာ ဒဏ်ရာရ click
- ပိတ်ဆို့မှု ဆက်လက်ထားဖို့ NLD ထောက်ခံမယ် click
- အင်အားကြီးနိုင်ငံများနဲ့ မြန်မာ့အရေး click
- လွှတ်တော်ထဲ အပြန်အလှန် မေးခွန်းထုတ်ဖို့ ကိုယ်စားလှယ်တွေ ပြင်ဆင် click
- လုံခြုံရေးကောင်စီသစ်မှာ အာဏာပိုရှိလာနိုင် click
- အစိုးရသစ်ကနေ အမျိုးသားရင်ကြားစေ့ရေး ဘယ်လောက်မျှော်လင့်နိုင်မလဲ click
- ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ သမ္မတသစ်များ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း (ဆောင်းပါး) click
- စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၃) click
- တောင်ကိုးရီးယားကျောင်းသားတွေ HIV ဂေဟာ လာရောက်လေ့လာ click
- ချင်းမိုင် ပန်းပွဲတော် (ဓာတ်ပုံ) click
- ဖို့ဝိန်းမြို့က စာသင်ကျောင်း (ရုပ်သံ) click
- နောနော်၊ ဆိုမာလီ၊ ဗိုလ်ချုပ်နဲ့ ညိုမြ click
- ရန်ကုန်-ဖားအံ အမြန်ကား (၁) (ကဗျာ) click
- ရွှေပြည်သာစက်မှုဇုန် (၁) က စက်ရုံ (၂) ရုံ ဆန္ဒပြ click
- ပြောက်ကျားတိုက်ပွဲကြောင့် နအဖတပ် အထိနာ click
- စနိုက်ပါပြောက်ကျား click
- ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျိုက်ဒုံမှာ စစ်တပ်က အဓမ္မချောဆွဲ click
- နယ်စပ်တိုက်ပွဲများအတွင်း နအဖတပ်က ပေါ်တာများကို မြေမြှုပ်မိုင်းများ ရှင်းခိုင်း click
- လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးချခံရသော အကျဉ်းသားများ၏ ဘ၀နေ့စွဲများ (ရုပ်သံ) click
- ကျောက်တော်မြို့ ကန်စောက်ကျေးရွာတွင် (၃၇၇) အမြောက်တပ်ရင်းတခု တည်ဆောက်ခဲ့ click
- မြန်မာနဲ့ ရေပိုင်နက်ပြဿနာ ကုလသမဂ္ဂထံ ထပ်မံတိုင်ကြားရန် ဘင်္ဂလားဒေ့ရှ် ပြင် click
- နိုင်ငံရေးအကျဉ်းသား ဒေါ်ထက်ထက်ဦးဝေ ထောင်ဝင်စာ ပိတ်ခံနေရ click
- မကွေးတိုင်းက စစ္စရံရွာသားများက စက်ရုံဆောက်ရန် မြေသိမ်းသူများကို တရားစွဲ click
- မဖြူဖြူသင်း၏ အေ့စ်ဝေဒနာရှင် စောင့်ရှောက်ရေးဂေဟာကို ကိုရီးယားကျောင်းသားများ လာရောက်ကြည့် ရှု click
- ဂီရိမုန်တိုင်းသင့်ဒေသများတွင် အမိုးအကာနှင့် အိမ်ဆောက်ပစ္စည်းများ လိုအပ် click
- မြန်မာသမ္မတသစ်ကို ဗီယက်နမ် ကြိုဆို click
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ကြံ့ခိုင်ရေးမှ ဗိုလ်မှူးကြီးဟောင်း တစ်ပေးခံနေရ click
- ပါလီမန်အသစ် အစိုးရသစ်ကနေ စစ်မှန်တဲ့ ပြောင်းလဲမှုအသစ် ပေါ်လာအောင် ဆက်လုပ်နိုင်မလား click
- ရန်ကုန်တိုင်း ဒလမြို့တွင် မီးလောင်၊ ပြည်သူများ ကိုယ်တိုင် ငြိမ်းသတ်လိုက် click
- ပဲခူးတိုင်း က၀မြို့ သက္ကလရွာမှာ စာပေဟောပြောပွဲ ပြုလုပ် click
- ထိုင်းနိုင်ငံမှာ မဲဆောက်မြို့မှာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးပွဲ ကျင်းပ click
- စင်္ကာပူက အိမ်တွင်းမှုအကူ အမျိုးသမီးအလုပ်သမ ဈေးကွက်အကြောင်း တစေ့တစောင်း click
- ကရင့်နေ့ထူးနေ့မြတ် (၃) ခု စုပေါင်းအခမ်းအနား ဆစ်ဒနီတွင် ကျင်းပပြီးစီး click
- တောင်ကိုရီးယားမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းများ click
- တပတ်အတွင်း သတင်းစုံ (ထိုင်း) click
- မြန်မာသီချင်း ဆိုရအောင် (အသံလွှင့်ဆောင်းပါး) click
- ကိုခိုင်ထူးရေ … စိတ်သာချတော့ (ဓာတ်ပုံ) click
- ယဉ်ကျေးမှုစုံဝါဒကို အကြမ်းဖက်သမား အားပေးအဖြစ် ဗြိတိန်ဝန်ကြီးချုပ် ဝေဖန် click
- အွန်လိုင်း စွဲငြိနေသော လူငယ်များ လက်တွေ့ဘ၀နှင့် ကင်းကွာ click
- နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဖို့တ်ဝိန်းမြို့ (ဓာတ်ပုံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:56 PM
3
comments
Labels: သတင်း
ရဲဘော်ကျော်သန်း၏ ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာနှင့် ဒေါက်တာ လွဏ်းဆွေ၏ ပြန်လည်ဖြေကြားစာ
ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ်ရဲ့ လက်ပေးသတ်တဲ့ အပုပ်ချစာကို တင်ပေးနိုင်တဲ့ ကိုလွဏ်းဆွေ ရဲ့ နိုင်ငံရေးအမြင်နဲ့ပတ်သက်ပြီး အတော်စိတ် မသက်မသာခံစားမိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်း ဆွေရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန်အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစ ကားနဲ့ တင်ဆက်ထားပေမယ့် စာပါအကြောင်းအရာတွေကတော့ ဒီစာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင် တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ချင်စိတ်ပေါ်မိတာ အမှန်ပါပဲ။
အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခုအတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီမိုကရေစီလိုလားသ လိုလိုပြောပြီး အလင်းကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခုအတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်းခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။
ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီချန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလို ကြွက်လိုလို ရေဒီယိုနဲ့ အွန်လိုင်းသတင်းဌာနဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်းမှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင် ခြင်းအားဖြင့် ဗမာပြည် ဒီမိုကရေစီထူထောင်ရေးမှာ ဘယ်လိုအကျိုးရလဒ်တွေ ရနိုင်လေမလဲဆိုတဲ့ မျှော်လင့် ချက်နဲ့ တင်လေသလဲတော့ မသိပါဘူး။
ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ် ဆိုတဲ့ အမှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီသန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။
လူမှုအဆောက်အဦတခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေ ပါဝင် ရမှာဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ ကိုယ်တိုင်ပါခဲ့ကြ တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည်သမိုင်းမှာ မရှိခဲ့ပါ ဘူး။ ဒါပေမယ့် ခေါင်းဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းက သက်သေပါပဲ။
ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက် ဖြစ်တယ်။ လူထုမျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိန်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက်က တော့ ခေါင်းဆောင်မှုနဲ့ လူထုအကြား ပေါင်းကူးဆက်သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊ တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုနဲ့ လူထုအကြားက အသက်သွေးကြော ပေါင်းကူးတံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှုမရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လို စွမ်းရည်မှ မပြနိုင်ဘူး။ လူ ထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆိုတာ တပ်မရှိတဲ့ စစ်သေနာပတိ လိုပါပဲ။
ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက်စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလိုဖြစ်တဲ့ ဒုတိယ တန်း၊ တတိယတန်း ခေါင်းဆောင်တွေဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။
ဗမာပြည်နိုင်ငံရေးကို ဝေဖန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင် တွေ အကြောင်းသိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ချင်ရင်တောင် သူ့အကြောင်းကိုလည်း သိဖို့လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတ ယောက်၊ လူထုထဲက လူထုခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့ တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဘက်သားကို သူဘာကြောင့် အဲသ လိုလုပ်သလဲ၊ သြော် ... သူ ဒီလိုလုပ်တာ ဒါ့ကြောင့်ကိုးလို့ မတွေးသလို သူ ဒါလုပ်တာတော့ အတော်ကောင်း သွားပါလားဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြော သန်တဲ့ လူမျိုး ဖြစ်နေတယ်။
ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာ မဟုတ်သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီး လည်း နိုးပဲလုပ်မှာ သေချာတယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကို ထိပါးမယ့် အခြေအနေရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်းတခုလို ဝင်စီးတိုက်ခိုက် ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။
ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အ ချောင်သမားလုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုပ်ပြီး အပြုသဘော ဆက် ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ဘဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင်ရုပ်သိမ်းရေးဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့်ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာဖြစ်တယ်။
အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုး ဝှက်လုယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်းသံဃာမကျန် သတ်ဖြတ်လာခဲ့သူတွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေ အပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျှင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မ တော်ဆိုတာကတော့ ဓားစာခံသက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာ ဏာကို ရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ရည်မှန်းချက်လည်းဖြစ်တယ်။
ပြောရရင်တော့ သေမထူး နေမထူး ဇာတ်ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလော ဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော်ကားရဲတဲ့အထိ ဆိုးသွမ်းယုတ်ကန်းနေကြတယ်။ ဒီလို မထူး ဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေးအင်အားနဲ့ မဖြစ်နိုင်ဘူး ဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါတယ်။
တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေးလောကထဲ ကျောပိုးသည်လာသူဟာ နိုင် ငံရေးသမားတွေပဲ ဖြစ်တယ်။ လူထုမဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲ ဖို့အတွက် နိုင်ငံရေးပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထုအကြားမှာ ဖြေရှင်းဖို့ မကြိုးစားဘဲ လူထုအ စေခံ လက်နက်ကိုင်တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာဖောက်ပြီး အာဏာရှင်စ နစ် ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ် တပ်နဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီတွေကို မဲမပေးဘဲ စစ်အာဏာရှင်အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေး တယ်။ ဒါပေမယ့် အချိန်က မမီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ်တယ်။
ဒီနေ့ခေတ် တချို့သော အမည်ခံ နိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင် သမား တွေနဲ့ ဘာကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲမဟုတ်လား။ လူထုဆို တာကတော့ လက်ညှိုးထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီဆိုပြီး ပါ လိုက်တာပဲ။ အခု စစ်ကျွန်ရွေးကောက်ပွဲဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီး တော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေးတယ်။ ဒီ လိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ်လို ခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက် အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံလက်သီး အက်စစ်လို ခွေးဆိုးက ပါသေး တယ်။
ဒီခေါင်းဆောင်ဆိုသူတွေပဲ ၉၀ ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာ ရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်း တာတွေပဲ ရွေးလုပ်ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ် မှာ ရန်ကုန်မြေနီကုန်းမှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ် မှာလဲ သူ့နောက်လိုက် သူ့ပါတီဝင်တွေ။ ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်း ဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင်ဆိုသူတွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှမလုပ်ဘဲ ခေါင်းဆောင်ကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကျွေးပြုတာပဲ။
လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးစွန့်လွှတ်မှုတွေကို ဒီမှာ မပြောတော့ပါ ဘူး။ တော်လှန်ရေးအကျိုးကို မျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်း ကျ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေးအစိုးရတခုကို ရွေးကောက်ပွဲတခုနဲ့ လုပ်သွား တယ်။ လူထု မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေးပုံစံတခုလို့တောင် ပြောမရတဲ့ အခင်း အကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ်အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆံ့ရုံ သက်သက်အတွက် လုပ်ခဲ့ တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိပါတယ်။ နိုင်ငံတကာဆိုတာတွေကလည်း သိပါတယ်။
သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာန လွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ် တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူ ပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက် ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တ ဘက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ် မပြောတာ လက်တွေ့နိုင်ငံရေးလိုလို ဆိုနေကြတယ်။
ဒါပေမယ့် စစ်အုပ်စုကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေးအတွက် မခိုင်မာ ဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသားခေါင်းဆောင်တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ်စု သိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေး အစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲမဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်း ဆုံးမဟုတ်ပါဘူး။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန်ဖြစ်တယ်။ နောက်တချက် ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်း စုကြည်ကို ဗမာပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံအသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှ သာ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်မှေးမှိန်အောင် စစ်အုပ်စုက လက်ရှိအချိန်အထိ ကိုယ် တိုင်မလုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာအပြောင်းလဲတွေ အ သားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိ အခင်းအကျင်း သစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမားတွေပဲဖြစ်တယ်။ ငါမင်း ဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြားမျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာ မည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာက တော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကို စာနာသယောင် သကြားလေးတော့ အုပ်ထားတယ်။ အရင်ကတော့ ဦးဝင်းတင်ကို အဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စုကိုပါ ဖွင့်တိုက်လာတာဖြစ်တယ်။
အကြောင်းကို စိစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမိုကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေ ရှိနေ သရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေး သိမ်အောင် လုပ်ကြရတော့တာပဲ။ ဒါမှလည်း ခေါင်းဆောင်လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရမှာကိုး။
ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်းပြည်ပက အချောင်သမားပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျနော်တို့ တိုက်ပွဲရဲ့ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလို လားသူတိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယား တွေနဲ့ တိုင်းပြည်ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာလည်း အရေးတကြီး လိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင် မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။
လက်ရှိ ခေါင်းဆောင်မှုဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန်ရလဒ်တခုလည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေးအမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေးလျှောက်ကြရင်း ဒီ ခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့အထိတော့ လူထုက သူတို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါ ပေါ်တဲ့အခါ အလွယ်စည်းရုံးလှုံ့ဆော်ပြီး အောင်ပွဲကို သယ် ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေးဆိုတာကလည်း အခွင့်အခါမကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တ ဖျတ်ဖျတ်ခုန်တဲ့ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ်မဟုတ်လား။
နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင်ပါ တယ်။ ဆရာမောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာဖောက်ဖြစ်တတ်တယ် မှတ်ထားပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါ တယ်။ ဒါတွေက ကာယသတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂသတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာ ဏသတ္တိနည်းရင် အသိအဉာဏ် ဆင်ခြင်တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ဘဲ သစ္စာဖောက် ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက်ရင်းကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင် လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့လွှမ်းမိုးမှု ခံရတတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တသတ္တိပဲ သူမရှိရင် သူ့က သတ္တိ တွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တမခိုင်ရင် အကုန်ယိုင်လဲသွားတတ်တယ်။ အကျင့်သီလ ကင်းတဲ့သူ ကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကျပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက်ဖြစ်တတ်တယ်။
ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်အကျွေးပြုမယ့် နိုင်ငံရေးလုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ် တစိုက် အားဖြည့်နေရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင် ပြောသလို သစ္စာဖောက် ဖြစ်တတ် ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော်လုပ်ကြံမှုထဲက ကိုသုခအကြောင်း စာကလေး ထည့်ပေးလိုက်တယ်။
ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါ တယ်။ ဘာပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာတခုအထိ အသိဉာဏ် အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်သူရဲ့ရန် သူဟာ မိတ်ဆွေလို့ဆိုငြားသော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ် ဖြစ်တတ်ပါတယ်ဆိုတဲ့အကြောင်း မေတ္တာစကား လက်ဆောင်ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။
အက်ဆစ်ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး တကူးတက အချိန်ကုန်ခံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့အတွက် အ ထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်လည်း ညက ကိုစိန်ဟန်နဲ့ စကားသွားပြောရင်း အိမ်ပြန်နောက်ကျလို့ ကိုကျော်သန်း ပို့တဲ့ မေးလ်ကို ဖတ်ရတဲ့အချိန်မှာ အရမ်းအိပ်ချင်နေတယ်။ အဲဒါကြောင့် ဘလော့ဂ်ပေါ် ချက်ချင်းတင်မပေးနိုင်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ ထူးတာက အိပ်မက် မက် လေ့မက်ထ အင်မတန်နည်းတဲ့ ကျနော် ညက ထူးထူးခြားခြား အိပ်မက်တယ်ဗျာ။ အိပ်မက်ထဲမှာ ကျနော်တို့ လေးစားကြည်ညိုတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောနေတယ်ဗျ။ အဲဒါနဲ့ ကျ နော်လည်း စိတ်ဝင်တစား နားထောင်မိတယ်။ အဲဒီအိပ်မက်က ကိုကျော်သန်းရဲ့ စာကို ဖတ်ပြီး မက်တဲ့ အိပ် မက်လို့ ယူဆလို့ အိပ်မက်ထဲမှာ ဗိုလ်ချုပ် ပြောသွားတဲ့ မိန့်ခွန်းကို (စကားလုံးအတိအကျမဟုတ်ဘဲ) ကျနော် ပြန်မှတ်မိသလောက် ကိုကျော်သန်းကို မျှဝေလိုက်ပါတယ်။ ကျနော် မှတ်မိသလောက်ကတော့ …
“ရဲဘော်တို့ … ငါတို့ဟာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ ကျုပ်က ခေါင်းဆောင်ဆိုပေမယ့် ကျုပ်လုပ်တာ မှန်တာရှိသလို မှားတာလည်းရှိမှာပဲ။ ကျုပ်လည်း လူ၊ ဘုရား မဟုတ်ဘူး။ အဲဒီတော့ ကျုပ်မှားတာရှိရင် ခင်ဗျားတို့ ကျုပ်ကို ပြောရဲရမယ်။ ဝေဖန်ရဲရမယ်။ အဲ … ဒါပေမယ့် တခုတော့ရှိတယ်။ ဝေဖန်ရေးဆိုပြီး နအဖသတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေလို အခြေအမြစ်မရှိ အရူး ချေးပန်း ချက်အောက်လိုက်ကန်နေတဲ့ ဝေဖန်ရေးမျိုးကို ကျုပ်က ဆိုလိုတာမဟုတ်ဘူး။ ကျုပ်တို့လူအဖွဲ့အ စည်းအကျိုးအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း စေတနာပါပါနဲ့ ပြောရဲတာ၊ ဝေဖန်ရဲတာ၊ ထောက်ပြရဲတာကို ကျုပ်က ဆိုလိုတာဖြစ်တယ်။ အဲလိုလူမျိုးကို မောင်ကကြီးပဲ ဖြစ်ပါစေ၊ မောင်ခခွေးပဲဖြစ်ပါစေ ကျုပ်တို့က အသက်နဲ့လဲပြီး ကာကွယ်ပေးရမယ်။ ကိုညိုမြကြီးတုန်းကလည်း ကျုပ် ဒီလိုပဲ ကာကွယ်ပေးခဲ့တာပဲ။ ဒါဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုတဲ့ (ကျုပ်တို့ ခင်ဗျားတို့ လိုချင် လှပါတယ်ဆိုတဲ့) ဒီမိုကရေစီအခွင့်အရေးတခုကို လေးစားလိုက်နာတာဖြစ်သလို သစ္စာရှိရှိ အကာအကွယ်ပေး တာမျိုးလည်းဖြစ်တယ်။ ဒီနေရာမှာ တခုတော့ရှိတယ်။ လူတယောက်နဲ့ တယောက် ဘ၀ဖြတ်သန်းမှုချင်း မတူ တော့ ရှုမြင်သုံးသပ်ပုံချင်းလည်း တထပ်တည်း မကျနိုင်ဘူးပေါ့။ အက်ဆစ်လည်း အက်ဆစ်အမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာ ဖြစ်သလို ရဲဘော်ကျော်သန်းလည်း ရဲဘော်ကျော်သန်းအမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာပဲဖြစ်တယ်။ ဥပမာတခုပေါ့ဗျာ ဘ၀မှာ ဂျီသြမေတြီ သင်ဖူးတဲ့လူလည်း ရှိ မယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ကဲကုလသင်္ချာကို သင်ဖူးတဲ့လူလည်း ရှိမယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ဆက်သီအိုရီကို သင်ဖူးတဲ့လူလည်းရှိမယ် မသင်ဖူးတဲ့လူလည်းရှိမယ်။ အဲသလို သင်ဖူးခြင်း မသင်ဖူးခြင်းအ ပေါ်မှာတော့ တွေးထောင့်တွေ၊ ရှုမြင်ပုံတွေ တယောက်နဲ့ တယောက် ကွာနိုင်တာပေါ့။ ဘယ်လိုပဲကွာကွာ အ ရေးကြီးတာက စေတနာပဲ။ စေတနာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်။ စေတနာဆိုတာမျိုးက လူတိုင်း မြင်တတ်တဲ့ အရာမျိုးမဟုတ်ဘူး။ ပညာတတ်တိုင်းလည်း မြင်တာမဟုတ်ဘူး။ စာတွေ အများကြီး ဖတ်ထား တိုင်းလည်း မြင်တာမဟုတ်ဘူး။ အစွဲကင်းကင်း စိတ်ရှင်းရှင်း အကြည်ဓာတ်ရှိရှိနဲ့ ကြည့်တတ်မှ မြင်ရတဲ့အရာ မျိုး။ အဲဒီတော့ ကျုပ်ပြောချင်တာက ဗိုလ်ချုပ်လုပ်တာ အကုန်ကောင်း၊ အကုန်မှန် အားလုံးဂွတ်ဒ်ပါတယ်ခင် ဗျားဆိုရင်တော့ ခင်ဗျားတို့အားလုံး ဒီမိုကရေစီနဲ့ ဝေးနေကြဦးမှာပဲ။ အဲလိုလူတွေကို ကျုပ်က ကျုပ်ကို ချီးကျူး တယ်လို့ မမြင်ဘူး။ ကျုပ်ကို ဘောမနေတဲ့ကောင်တွေလို့ပဲ ကျုပ်က ရိုင်းရိုင်းပြောချင်တယ်။ အဲလိုဘောမတဲ့ လူတွေဟာ ကျုပ် အိပ်ငိုက်ငိုက်နဲ့ စတီယာတိုင် မှားကွေ့ပြီး ချောက်ထဲကို ဦးတည်မယ်ဆိုရင် အကုန်ဆင်းပြေး မယ့် လူတွေလို့ပဲ ကျုပ်က မြင်တယ်။ ကျုပ်ဖြစ်စေချင်တာကတော့ ဆင်းမပြေးဘဲ “ဗိုလ်ချုပ်ရေ ဘယ်ကို မောင်းနေတာလဲ၊ ဘယ်လိုမောင်းနေတာလဲ၊ ရှေ့မှာ ချောက်ကြီးဗျ” လို့ အော်ဟစ်ပြီး သတိပေးချင်ပေး၊ လက်မောင်းကို ပုတ်ပြီး နှိုးချင်နှိုး၊ ကျုပ်က ဒါမျိုးပဲဖြစ်စေချင်တယ်။ ဒါမှသာ ကျုပ်တို့ လမ်းမှန်ပေါ်ဆက်လက် မောင်းနှင်နိုင်ပြီး ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်နိုင်မယ်”
အိပ်မက်က ရှည်တော့ ကျနော် အဲသလောက်ပဲ အကြမ်းဖျင်း မှတ်မိတော့တယ် ကိုကျော်သန်းရေ။ ကျနော်က တော့ ကျနော့်အိပ်မက်ကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ မော်ဒန်ဒီမိုကရေစီမိန့်ခွန်း” လို့ပဲ ကင်ပွန်းတပ်ချင်တော့ တာပဲ ဟဲ … ဟဲ။ ကိုကျော်သန်းကြီးတယောက် ကျန်းမာရေးအတွက် ဆေးတခွက်ကို ကြိုကြားကြိုကြား မှီဝဲ ရင်း အသက်ရာကျော်ရှည်စွာနဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နိုင်ပါစေ။
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:35 AM
55
comments
Labels: ပေးစာ
Saturday, February 5, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၂-၂၀၁၁)
- မူဘာရက် ဆက်နေဖို့ ကန်ကိုယ်စားလှယ် ပြော click
- မူဘာရက်ပါတီမူဝါဒရေးရာ ခေါင်းဆောင်များ နှုတ်ထွက် click
- အီဂျစ် ဒုတိယသမ္မတနဲ့ အတိုက်အခံ ဆွေးနွေးမယ် click
- ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် အပစ်ရပ်ဖို့ သဘောတူ click
- အငြင်းပွားကျွန်းစု ရုရှဝန်ကြီးသွားရောက်မှု ဂျပန် ကန့်ကွက် click
- ဗြိတိန် မာလ်တီယဉ်ကျေးမှု လုံးဝမအောင်မြင်ဟု ၀န်ကြီးချုပ် ပြော click
- ဂျော့ဘုရှ်က အိုဘားမားထက် ဒီမိုကရေစီ ပိုချစ်သလား click
- အမေရိကန်-ရုရှား နျူလက်နက်လျှော့ချရေးစာချုပ် စတင်အကျုံးဝင် click
- လားရှိုးမြို့နယ်အတွင်း စစ်သားစုဆောင်း click
- သင်္ဂြိုလ်ရန် မြေမရှိ၍ ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်အမျိုးသားများ ဆန္ဒပြ click
- အတိုက်အခံတွေကို နေရာပေးဖို့ မစ္စတာဘန်ကီမွန်း မေတ္တာရပ်ခံ click
- ဒီမိုကရေစီရေး မြှင့်တင်လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီး တိုက်တွန်း click
- မြန်မာသမ္မသစ်ကို တရုတ်နိုင်ငံက ကြိုဆို click
- အာဏာလွှဲပြောင်းရေးကာလ ဘယ်လောက်ကြာမလဲ click
- ကျုပ်တို့ ဂရုမစိုက် click
- ဒု-သမ္မတလောင်း ဒေါက်တာအေးမောင်ရဲ့  လွှတ်တော်သစ်အပေါ် သုံးသပ်ချက် (ဒီမိုကရေစီရေးရာ) click
- စစ်အစိုးရကနေ အရပ်သားအစိုးရ ပြောင်းလဲခြင်းအပေါ် မတူညီတဲ့ အမြင်နှစ်မျိုး click
- အင်အားပြင်းထန်အဆင့် ငလျင် စစ်ကိုင်းတိုင်းတွင် လှုပ် click
- စစ်ကိုင်းတိုင်းငလျင် အပျက်အစီး မသိရသေး click
- စစ်ကိုင်းတိုင်းအတွင်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွား click
- မြောက်ဥက္ကလာပမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ click
- အဆောက်အအုံ (၃၀) ခန့်ကို နအဖ မီးရှို့ဖျက်ဆီး click
- နာရေးကူညီမှုအသင်းတခု ထပ်မံပေါ်ထွက် click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၁) (ဆောင်းပါး) click
- အလုပ်ကြမ်းစေခိုင်းရန် ဘူးသီးတောင်မှ အကျဉ်းသား (၈၀) ကို မြို့နယ်ကျော်၍ ပို့ဆောင် click
- မြန်မာ-အိန္ဒိယနယ်စပ်မှာ ပြင်းထန်တဲ့ ငလျင်လှုပ် click
- အိန္ဒိယ-မြန်မာနယ်စပ်တွင် အားပြင်းငလျင် လှုပ် click
- ဝန်ထမ်းများ ဆန္ဒပြ၍ မယ်လဒုက္ခသည်စခန်း ဆေးရုံ ပိတ်ထားရ click
- တလအတွင်း ပဲတတန်လျှင် ကျပ် (၁) သိန်း ဈေးကျ click
- သူခိုးက လူပြန်ဟစ်၊ ပုလိပ်က ကူညှစ်ပေး (ပေးစာ) click
- နအဖ ခေတ် ရသမျှ ညှစ်၊ မီးသတ်+ ရယက ဥက္ကဌဖြစ် (ပေးစာ) click
- ရုပ်သေးရုပ် ကြိုးရှုပ်လွှတ်တော်နဲ့ မြွေပူရာ ကင်းမှောင့် (ဆောင်းပါး) click
- ယုံကြည်ချက်အတွက် ပေးဆပ်သူများ ... (ဆောင်းပါး) click
- တန်ဖိုးချင်းတော့ မတူနိုင်ပါ (ဆောင်းပါး) click
- ရုပ်သေးပွဲ (ဆောင်းပါး) click
- မူဘာရက်ခ် ဖြုတ်ချရေး ရက်စွဲအလိုက် ပိုစတာများ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:30 PM
3
comments
Labels: သတင်း
Friday, February 4, 2011
အက်ဆစ်၏ နိုင်ငံရေးဝေဖန်သုံးသပ်ချက်
ပြင်ဆင်သင့်သည်များ ပြင်ဆင်နိုင်ရန် တက်ဆက်လိုက်ရခြင်းဖြစ်သည်။)
မြန်မာပြည်သူတွေက ပေးအပ်ခဲ့တဲ့တာဝန်တွေ ပြည်သူ့ဘ၀လွတ်မြောက်ရေးတွေကို မစွမ်းဆောင်နိုင်ဘဲ ယေ ဘုယျ လူသာမန်တွေ လုပ်နေတဲ့ အလုပ်တွေကို လုပ်နေကြတဲ့ မြန်မာနိုင်ငံက လူထုခေါင်းဆောင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီပါတီကြီးအပါအ၀င် ၁၉၉၀ ပြည့်နှစ်က အနိုင်ရလို့ မိမိကိုယ် မိမိ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လို့ ခံယူထားသူများ သိစေရန်၊ အိမ်မက်တွေက နိုးထရန် ဒီဆောင်းပါး ကို ရေးသားလိုက်ရပါတယ်။
အခုဆိုရင် စစ်အုပ်စုက လွှတ်တော်တွေခေါ်လို့ အစိုးရဖွဲဖို့ ပြင်ဆင်နေချိန်မှာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ဘာလဲ၊ ပြည်သူတွေအတွက် လွတ်မြောက်ရေးလမ်းစက ဘာလဲဆိုတာမသိဘဲေ၀၀ါးနေတဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ က လွှတ်တော်ကိုယ်စားလှယ်တွေ အရှက်တရား အသိတရားလေးများ ရနိုင်ဖို့ နှိုးဆော်လိုက်ရတယ်ဆိုရင်လည်း မမှားပါဘူး။
လွှတ်တော်စပြီဆိုတာနဲ့ နားထဲမှာ သံရည်ပူလောင်းလိုက်သလို ပူလောင်မိတယ်။ စစ်အုပ်စု ပြန်အုပ်ချုပ်တော့ မယ်ဆိုတာနဲ့ မိမိတို့တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာအတွက် ရင်နာမိတယ်။ ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နာကြည်းမိတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးက လူထုအုံကြွမှုတွေကို မြင်ရတော့ ကိုယ့်တိုင်းပြည်လည်း ပြောင်းလဲမှု ဘယ်တော့ဖြစ် နိုင်မလဲလို့ တွေးတောမိတယ်။ အီဂျစ်က ပြည်သူတွေကို အားပေးနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ပြောချင်တယ်။ အားပေးရဲရမယ်၊ ထောက်ခံရဲရမယ်၊ အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန်ကျင့်ရဲရ မယ်။ ဒါမှသာ ခေါင်းဆောင်တဦးရဲ့ အရည်အချင်းနဲ့ ညီလိမ့်မပေါ့။ ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့ သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့ သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် ... ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။
ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊ တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား။
“အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။ ဒီလောက်နှစ်ကာလကြာတာတောင် မြန်မာပြည် သူတွေရဲ့ အခြေအနေကို မသိ၊ အာဏာရှင်အကြောင်းမသိ ဖြစ်နေပါပေါ့လား။ ကိုယ့်နိုင်ငံမှာတောင် အာဏာ ရှင်ကို ပြတ်ပြတ်သားသား စိန်ခေါ်တိုက်ပွဲမ၀င်ရဲသူဟာ အီဂျစ်ပြည်သူတယောက်က မေးတာကို ပြတ်ပြတ် သားသား မပြောရဲတာကတော့ အထူးအဆန်းမဟုတ်ပေဘူးလေ။ အကျယ်ချုပ်ကာလမှာလည်း ခေါင်းဆောင် မှန်ရင် အပြင်က ပြည်သူကို သြဇာလွှမ်းမိုးနိုင်စွမ်းရှိရမယ်လို့ ထင်ထားတာ၊ အဲဒီကာလတွေမှာတုန်းကလည်း သာမန်စကားလေးတွေသာ ပြောနေလေတော့ အာဏာရှင်ကို မုန်းတီးစိတ်နဲ့သာ ဒေါ်စုကို နားလည်ပေးနေရ တာ၊ မကျေလည်မှုတွေကတော့ ရင်နဲ့မဆံ့အောင်ပါပဲ။
လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ ပြောချင်တယ်။
အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ ပြောလိုက်ချင်တော့တယ်။
နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့ အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင် ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။
လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး ပြည်သူဘ၀တွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။
ဒေါ်စုတင်မကပါဘူး။ ၉၀ ခုနှစ်က ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊ ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့ တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊ အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။
နယ်စပ်တွေမှာ ဒေါ်စု မလွတ်ခင်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်တွင်းစစ်က ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်နေတယ်။ အရင်ကလည်း နှစ်ပေါင်းများစွာ ဖြစ်နေခဲ့တာပါ။ ဒါကို တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူက လျစ်လျူရှုလို့ မရပါဘူး။ ပြည်သူကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီး တာဝန်ရှိပါ တယ်။ ဒုက္ခသည်တွေကို စာနာသနားတယ်ဆိုတာ လူတိုင်း လွယ်လွယ်ပြောတတ်ကြပါတယ်။ ဒီလိုမဖြစ် အောင် ဘယ်လိုလုပ်မလဲ၊ တိုင်ရင်းသားတွေကို ဘယ်လို တွေ့ဆုံတိုင်ပင်မလဲ ဆိုတာတွေကို ဒေါ်စုနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ သတိပြုမိရဲ့လားမသိ။
အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့ အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။ ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။ အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ မတွေးတော မ ဆင်ခြင်မိဘူးလား။
စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။ သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စု ချပေးတာကို လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင် မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။
လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ၀ကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။ တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘ၀ရောက်အောင် ခေါင်းဆောင်ပြီး လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။ ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို သူ့သမီးက လည်း သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့ အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။
ဒေါ်စုနဲ့ ၉၀ ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေ တာဝန်မကျေလို့၊ တာဝန်မယူရဲလို့၊ တာဝန်ယူစိတ်မရှိလို့ မကြာခင်ကာလမှာ မြန်မာပြည်သူတွေဟာ စစ်အုပ်စုက အထပ်ထပ် ချုပ်နှောင်ထားတဲ့ ကွန်ရက်ထဲကို ထပ်မံ ဆင်းသက်ရတော့မယ်။
ပြည်သူတွေ အခါခါ တာဝန်ကျေခဲ့ပြီ။ လမ်းပေါ်ထွက်ပြီး သူတို့ဘ၀လွတ်မြောက်ရေး တောင်းဆိုသံ ပွက်ပွက် ညံအောင် ပြသခဲ့ပြီးပြီ။
သံဃာတွေ၊ ကျောင်းသားတွေလည်း တာဝန်ကျေခဲ့ပြီ၊ အသေခံခဲ့ပြီးပြီ။ လူညွန့်တုံးခဲ့ပြီးပြီ။
တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉၀ ပြည်နှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ၀န်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ စဉ်းစားကြပါ တော့။
အကြမ်းမဖက် အနုနည်းနဲ့ အောင်မြင်ခဲ့တဲ့ နိုင်ငံတကာအခင်းအကျင်းတွေက သူတို့နိုင်ငံက လွတ်မြောက်ရေး ကို သူတို့ကိုယ်တိုင် အားမထုတ်ဘဲနဲ့ ရခဲ့ကြတာမဟုတ်ပါဘူး။ ပြည်သူတွေ လမ်းပေါ်ထွက်တော့လည်း ပါမ လာ၊ ပြည်သူတွေ လှုပ်ရှားမှုတွေ လုပ်တော့လည်း လိုက်မလုပ်၊ ပြည်သူမလုပ်နိုင်၊ လုပ်နိုင်တဲ့ အခြေအနေမရှိ တော့လည်း ပြည်သူကို အပြစ်တင်ဝေဖန်သမှုတွေ လုပ်နေသမျှတော့ မြန်မာပြည်လွတ်မြောက်ရေး မျှော်လေ တိုင်းဝေးနေတော့မှာ သေချာပါတယ်။
ခေါင်းဆောင်လို့ အမည်ယူထားရင် လုပ်ကြလေ။ ဉာဏ်အမြော်အမြင်နဲ့ စဉ်းစားဆင်ခြင်ပြီး ပြတ်ပြတ်သား သား ရဲရဲဝံ့ဝံ့ လုပ်ကိုင်ဆောင်ရွက်သူသာ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး မုန်တိုင်း အပြင်းထန်းဆုံးဖြစ်နေတဲ့ အခုအချိန်မှာ ပြတ်သားသူ၊ ရဲဝံ့သူ၊ ခေါင်းဆောင်ရဲသူ၊ တာဝန်ရှိတယ်လို့ ခံယူတတ်သူ၊ ပြည်သူ့အတွက် အာဏာရယူရဲသူကသာ မြန်မာပြည်လွတ်မြောက်ရေးကို စွမ်းဆောင်ရယူပေး တဲ့ ခေါင်းဆောင်စစ်စစ် ဖြစ်ပါလိမ့်မယ်။ မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်ကောင်း တွေ လိုအပ်နေပါတယ်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:07 PM
142
comments
Labels: ဆောင်းပါး
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၂-၂၀၁၁)
- အီဂျစ်မှာ ဆန္ဒပြသူတွေ နောက်ထပ် စုဝေးမှုကြီးလုပ် click
- အီဂျစ်ဆန္ဒပြပွဲ အင်အားကြီးလာ click
- မူဘာရက် နုတ်ထွက်ရေး ဆန္ဒပြပွဲ ပြင်းထန် click
- ထိုင်း-ကမ္ဘောဒီးယား အပြန်အလှန် ပစ်ခတ် click
- သေ့ဘောပိုးရွာမှာ တိုက်ပွဲဖြစ်ပွား click
- ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို click
- ဒီကေဘီအေနဲ့အတူ လက်တွဲတိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော် click
- ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလှဘွယ်ရဲ့ အမှာစကား click
- သောင်းကျန်းသူအဖွဲ့ဟု မွန်ပြည်သစ်ပါတီအား ပြန်လည်ခေါ်ဝေါ် click
- စစ်အစိုးရ ရိက္ခာတင်ကား (၄) စီး ဘုရားသုံးဆူဒေသသို့ ရောက်လာ click
- အိန္ဒိယ-မြန်မာနယ်စပ် ငလျင်လှုပ်ခတ် click
- မြန်မာ့လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့ရန် ဘယ်လ်ဂျီယံ ထောက်ခံ click
- မြန်မာပြည် အပြောင်းအလဲရဲ့  အစလို့ ဘန်ကီမွန်း မျှော်လင့် click
- ကြံ့ဖွံ့လွှတ်တော် ကျင်းပနေစဉ် အင်တာနက် နှေးကွေးနေ click
- ဦးသိန်းစိန်ကို သမ္မတ ရွေး click
- ဦးသိန်းစိန် သမ္မတအဖြစ် ရွေးချယ်ခံရ click
- သမ္မတအသစ်အဖြစ် ဦးသိန်းစိန် တင်မြှောက်ခံရ click
- ဦးသိန်းစိန် ဘယ်လိုလူလဲ click
- သမ္မတအပေါ် အမြင်အမျိုးမျိုး click
- သမ္မတ ဦးသိန်းစိန်အပေါ် ရှုမြင်ချက်များ click
- သမ္မတနဲ့ တပ်ချုပ် ဘယ်သူက အထက်လဲ click
- ဗိုလ်ချုပ်မှူးကြီးကသာ ဆက်လက်ချုပ်ကိုင်မည် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးမှ အနားယူမည်ဟု အရာရှိဟောင်းများ ပြောဆို click
- အစိုးရအဖွဲ့ကို (၈) ရက်နေ့တွင် ဖွဲ့စည်းမည် click
- စီအာရ်ပီပီ အစည်းအဝေး ၂၁ ရာစုပင်လုံကိစ္စ ဆွေးနွေး click
- ဒုတိယပင်လုံဆိုသည် အနှစ်သာရမဲ့ဟု မောင်စူးစမ်းက ရေးသား click
- ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့ ဂျပန်သမဂ္ဂ မေးမြန်း click
- ‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ် အမေးအဖြေ click
- နိုင်ငံရေးအကျဉ်းသား (၆၀၀) ကို မိတ်ဆွေဖွဲ့ခွင့်ရှိမလား (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- စီးပွားရေးဒဏ်ခတ်မှု ရုပ်သိမ်းရေး click
- နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ပြောင်းခံရ click
- သံတွဲထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦးကို ထောင်ပြောင်းရွှေ့ click
- ဦးဇေယျကို ထောင်ဒဏ်စီရင်ချမှတ် click
- ကိုယ်ဝန်ဆောင်အရေး ကူညီသူများ တရားစွဲခံရ click
- မယ်လဆေးရုံအုပ်အား တာဝန်မှ ယာယီရပ်ဆိုင်းမှုကို ဆေးဝန်ထမ်းများ ဆန္ဒပြ click
- ပြည်ထောင်စုနေ့အခမ်းအနား သတင်းသမားများ သတင်းယူခွင့်ရ click
- လောင်စာဆီမှောင်ခိုကြောင့် သုံးစွဲသူများ ဈေးကြီး click
- အင်တာနက်ဖုံး ဘယ်ဟာကို သုံးရမယ် click
- တပတ်အတွင်း စီးပွားရေးသတင်း click
- ခေတ်ပျက်သူဋ္ဌေး ဝန်ကြီးဌာန လုပ်ချက်က (ပေးစာ) click
- ထာဝရနှင်းဆီအဖွဲ့ မလေးရှားနိုင်ငံတွင် ဖျော်ဖြေ click
- ထီးပွဲတော် (ရုပ်သံ) click
- အီဂျစ်ကြံ့ဖွံ့၊ စွမ်းအားရှင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အီဂျစ်နိုင်ငံရေး ပိုမိုရှုပ်ထွေးလာ click
- မူဘာရက်၏ အကြမ်းဖက်သမားများက သပိတ်ဖြိုခွဲရန်ကြိုးပမ်း၊ နိုင်ငံတကာစာနယ်ဇင်းသမားများကို တိုက် ခိုက်၊ အမေရိကန်အစိုးရက မူဘာရက်ကို စိတ်လျော့ရန် ဖိအားပေး click
- တူနီရှား၊ အီဂျစ်၊ လူထုအရေးအခင်းနဲ့ လူမှုရေးကွန်ရက် click
- ထိုင်း (၃၃၈) ယောက် အီဂျစ်က ပြန်ရောက် click
- ကဆစ် ကမ္ဗောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့မယ် click
- အောက်လွှတ်တော်ကို အခု မဖျက်ပါနဲ့ click
- တိုင်းပြည်မှာ လူငယ်များ နိုင်ငံရေးစိတ်ဓာတ် တက်ကြွနိုးကြားရန် များစွာလိုနေသေးသည်ဟု ဒေါ်အောင် ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားသမဂ္ဂ မြန်မာ့အရေး ဆွေးနွေး click
- အီဂျစ်ရောက် မြန်မာများ လုံခြုံစိတ်ချရမှု မရှိ click
- KIO နှစ် (၅၀) ပြည့် တော်လှန်ရေး အခမ်းအနား ကျင်းပ click
- နှစ် (၅၀) ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ click
- ဇာဂနာအကြောင်း အိန္ဒိယတွင် ရုပ်ရှင်ပြ click
- စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် စောနေသေးသည်ဟု အမေရိကန် ပြော click
- ဦးသိန်းစိန် သမ္မတဖြစ်ပြီ click
- ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာ click
- ၀န်ကြီးချုပ် ဦးသိန်းစိန် နိုင်ငံတော်သမ္မတ ဖြစ်လာ click
- ကြံ့ဖွံ့လွှတ်တော်က ကြံ့ဖွံ့နိုင်ငံတော်သမ္မတအဖြစ် သိန်းစိန်ကို ရွေးလိုက်ပြီ click
- အင်္ဂါနေ့တွင် အစိုးရသစ် ဖွဲ့မည် click
- ပြည်ပရောက် မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်၌ တင်သွင်း click
- တိုင်းရင်းသားကို လွှတ်တော် ကိုယ်စားမပြုဟု ဝေဖန် click
- တိုင်းရင်းသားက ကြံ့ခိုင်ရေးဝန်ကြီးရဲ့ ခံစားခွင့်တ၀က်ပဲရဟုဆို click
- အာဆီယံနှုန်းနှင့်အညီ ၀န်ထမ်းလစာ ပေးမည်ဟု ဆို click
- ပြည်သူ့စစ်သင်တန်းအတွက် ရမခစစ်တိုင်းရုံးက ကျေးလက်လူထု ရာချီဆင့်ခေါ် click
- စစ်တပ်က ရခိုင်လယ်သမားများ၏ လယ်ကို သိမ်းပြီး အငှားချ click
- မွန်ဒေသ လယ်သမားများထံ တပ်ရိက္ခာ ကောက်ခံ click
- သောကြာစကားဝိုင်း (ဖေဖော်ဝါရီ ၄၊ ၂၀၁၁) click
- မွှေးသည့် ပန်းများမှ … စည်းရုံးရေးစစ်ကြောင်းများ(၂) (ဆောင်းပါး) click
- ဆူးလေစေတီ ရွှေသင်္ကန်း ရွှေပြားများ ပျောက်ဆုံး click
- ဆူးလေစေတီတော်က ရွှေပြား ပျောက်ဆုံးမှုကို စစ်ဆေးနေ click
- မြောက်ဦး၌ ဘုရားပွဲပြန် စက်လှေတစင်း မှောက်၊ (၂) ဦး သေဆုံး click
- အပေါက်ဝကျေးရွာ ဒေသခံများ ကမ်းပါးပြိုမှုကြောင့် စိုးရိမ်နေကြရ click
- ကျောက်တော်မြို့တွင် စည်ပင်သာယာရေးအဖွဲ့က အခွန်အခ တိုးမြှင့်ကောက်ခံနေ click
- ရခိုင်ပြည်နယ်တွင် ဦးသုမင်္ဂလ တရားပွဲ လူသောင်းနဲ့ချီ လာရောက်နာယူ click
- ဇယားနွံထဲ ကျွံနေတဲ့ အတွေးအခေါ်များနဲ့ တို့ပိုင်တဲ့မြေ (အက်ဆေး) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:19 PM
0
comments
Labels: သတင်း
တိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာ ထွက်ပြေး (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
1:14 PM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
Thursday, February 3, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၂-၂၀၁၁)
- ချက်ချင်း ရာထူးက ဆင်းချင်ပေမယ့် မတည်မငြိမ်ဖြစ်မှာ မူဘာရက်ခ် စိုးရိမ် click
- အီဂျစ် တိုက်ခိုက်မှုကြောင့် အသေအပျောက်ရှိ click
- နိုင်းမြစ်ကမ်းပေါ်က အာဏာရှင် တော်လှန်ရေး (ဆောင်းပါး) click
- ထိုင်းရွေးကောက်ပွဲ စောစောကျင်းပနိုင် click
- အာရှရေးရာ အိန္ဒိယ ပါဝင်မှု အမေရိကန် ကြိုဆို click
- ကျောက်ကပ် (၂,၄၀၀) ကျော် ရောင်းဝယ်လုပ်တဲ့ ခွဲစိတ်ဆရာဝန် အင်တာပိုရဲအဖွဲ့ ၀ရမ်းထုတ် click
- ကမ္ဘာ့ စားသောက်ကုန်ဈေးနှုန်း စံချိန်သစ်တင် click
- စင်္ကြာဝဠာထဲတွင် သက်ရှိများနေထိုင်သော ကမ္ဘာအရွယ် ဂြိုဟ် (၅) ခု နာဆာမှ တွေ့ရှိ click
- ရေခဲတွေ ဖုံးနေတဲ့ နယူးယောက်က လမ်းများ (ဓာတ်ပုံ) click
- နယူးယောက်မြင်ကွင်းများ (ဇန်န၀ါရီ ၂၇ ရက် - ဖေဖော်ဝါရီ ၁ ရက်) (ဓာတ်ပုံ) click
- စီးပွားရေးပိတ်ဆို့မှု လျှောချိန်မကျသေးကြောင်း အမေရိကန် ပြောကြား click
- ၀ါးခယ်မ သခင်သိန်းမောင် မွေးနေ့ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် click
- ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ click
- နယ်ခြားစောင့်တပ်က သက်ကြီးရွာသားတဦးကို အကြောင်းမဲ့ ပစ်ခတ် click
- နယ်စပ်တိုက်ပွဲများမှ ပေါ်တာအချို့ ထိုင်းဘက် ထွက်ပြေးလာ click
- ဂီရိမုန်တိုင်းဒုက္ခသည် တသိန်းကျော် အိုးအိမ်မဲ့ဖြစ်နေဆဲ click
- သုံးလ ကျော်လွန်လာသော်လည်း ဂီရိဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲ click
- အလုပ်သမားအရေး ဆောင်ရွက်နေသူ တရားစွဲခံရ click
- နိုင်ငံပိုင် အထင်ကရ ရုံးအဆောက်အဦများ လျှို့ဝှက်ပြီး ငှားရမ်းလွှဲပြောင်းနေ click
- ဆူးလေစေတီမှ ရွှေသင်္ကန်း ရွှေပြားများ ပျောက်ဆုံး click
- ဘီးလင်းမြို့ အခွန်ဦးစီးရုံး မီးရှို့ခံရ click
- တရုတ်နယ်စပ်တွင် မြန်မာ GSM နှင့်CDMA ဖုန်များ ဆက်သွယ်၍ မရ click
- မြန်မာစစ်အာဏာရှင်များက နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်ကို ရွေးချယ် click
- ဒုတိယ သမ္မတ (၃) ဦး ရွေးချယ် click
- ဒု-သမ္မတ (၃) ဦးကို ရွေးချယ်ခဲ့ကြ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်များသာ ဒုတိယ သမ္မတ သုံးဦး ဖြစ်လာ click
- ဒု-သမ္မတ ရွေးပွဲတွင် စိုင်းမောက်ခမ်းကို ဒေါက်တာအေးမောင် မဲအပြတ်နှင့် ရှုံး click
- ဒု-သမ္မတရာထူး လက်လွှတ်ခဲ့ရသည့် တိုင်းရင်းသားတဦး click
- ဒု-သမ္မတ ရာထူးနဲ့ လွဲခဲ့ရတဲ့ ရခိုင်တိုင်းရင်းသား (အင်တာဗျူး) click
- အရွေးချယ်ခံ ဒုတိယ သမ္မတများအပေါ် ရှုမြင်သုံးသပ် click
- အခြေခံဥပေဒနဲ့ အစိုးရသစ်က ဘာတွေဆောင်ရွက်ပေးနိုင်မလဲ (ဆွေးနွေးဖလှယ်) click
- မြန်မာအစိုးရသစ်နဲ့ သတင်းလွတ်လပ်ခွင့် (သတင်းသုံးသပ်ချက်) click
- ကလေးမွေးလာပြီးရင် အာဟာရ မချို့တဲ့စေဖို့ click
- သန်းနှင့် လူ (အက်ဆေး) click
- ကျနော်တို့ လိုချင်တာက ... (ပေးစာ) click
- ပြည်ပရောက် ပြန်လာရေး ဦးသိန်းညွန့် တင်သွင်းမည် click
- ဒု-သမ္မတများအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ်များကို ရွေးချယ် click
- ကြံ့ခိုင်ရေးပါတီက အဆိုပြုထားသူများသာ သမ္မတ ဖြစ်လာ click
- ဒု-သမ္မတ (၂) ဦး ပေါ်ပေါက်လာပြီ၊ စစ်တပ်ဘက်က ဒု-သမ္မတ မရွေးရသေး click
- ဦးသိန်းစိန်နှင့် စိုင်းမောက်ခမ်း ရွေးချယ်ခံရ click
- ဒုတိယသမ္မတ သုံးဥင်္ီး အပြီးသတ် ရွေးချယ် click
- ဒုတိယသမ္မတလောင်း သတင်းကြောင့် သျှမ်းဒိုင်ယာနာမှုံ တုန်လှုပ် click
- သတင်းစာတို့ လက်လျှော့ အိမ်ပြန် click
- လွှတ်တော်သတင်းကို အစိုးရသတင်းစာအတိုင်းသာ ဖော်ပြရ click
- တိုင်းရင်းသားအဖွဲ့များ စစ်အာဏာရှင်ကို ညီညီညွတ်ညွတ် တိုက်ခိုက်ရန် စောလားဘွယ် တိုက်တွန်း click
- နယ်ခြားစောင့်တပ်က သက်ကြီးရွာသားတဦးကို အကြောင်းမဲ့ ပစ်ခတ် click
- ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရန် အချိန်စောသေးဟု ကာ့တ်ကမ်းဘဲလ် ပြော click
- အီဂျစ်လူထုအုံကြွမှုကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် ထပ်မံတွေ့ဆုံမည် click
- ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့ ပြော click
- လူ့အခွင့်အရေးကောင်စီနှင့် နအဖ (အင်တာဗျူး) click
- ကလေးစစ်သား (၂) ဦး မိသားစုနှင့် ပြန်ဆုံတွေ့ (အင်တာဗျူး) click
- RFA က ဧရာဝတီ စကားဝိုင်း (ဖေဖော်ဝါရီ ၀၃၊ ၂၀၁၁) click
- ပြည်ပထွက်မည့်သူများ ရွှေတကျပ်သားထက် ပိုမ၀တ်ရ click
- မလေးရှားသို့ အလုပ်သမားပို့ ကုမ္ပဏီများ ရပ်ဆိုင်းထား click
- မော်ချီးသတ္တုတွင်း ပိတ်ပင်မည့်သတင်း ထွက်ပေါ်မှုကြောင့် ဒေသခံများ စိုးရိမ် click
- မြောက်ဦးတွင် စက်လှေ မှောက်၊ (၂) ဦး သေဆုံး click
- သုသာန် ဖျက်၍ နာရေးစရိတ်တက်မည်ကို မန္တလေးဒေသခံများ စိုးရိမ် click
- ပဲခူး ကြခတ်ဝိုင်း ဆရာတော်ကြီး ပျံလွန် click
- ဆာဖာရီကို ပြည်ထောင်စုနေ့ ဖွင့်လှစ်မည် click
- စီးပွားရေး ဦးမော့စေမယ့် ယုန်နှစ် (ဆောင်းပါး) click
- ဗုဒ္ဓလမ်းညွှန်ခဲ့သော ဝေဖန်ပိုင်းခြား၊ စဉ်းစားဆင်ခြင် စကားဆိုခြင်း (ဆောင်းပါး) click
- ၀ီရနဲ့ ရာ့ထရီကို (၃) ရက်အတွင်း ထောင်က လွှတ်မပေးရင် လူထုစည်းဝေးပွဲကြီး လုပ်မယ် click
- ဥရောပဘောလုံးကလပ်များ ပြင်ပကစားသမား ငှားယူမှု အရေအတွက်ပြဇယား click
- ဖို့တ်ဝိန်းကို စနိုးမုန်တိုင်း တိုက်ခိုက်ပြီးချိန် (ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၁) (ဓာတ်ပုံ) click
Posted by
ဒေါက်တာလွဏ်းဆွေ
at
9:07 PM
1 comments
Labels: သတင်း





























