Sunday, February 6, 2011

ရဲဘော်ကျော်သန်း၏ ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာနှင့် ဒေါက်တာ လွဏ်းဆွေ၏ ပြန်လည်ဖြေကြားစာ

ရဲဘော်ကျော်သန်း

ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ်ရဲ့ လက်ပေးသတ်တဲ့ အပုပ်ချစာကို တင်ပေးနိုင်တဲ့ ကိုလွဏ်းဆွေ ရဲ့ နိုင်ငံရေးအမြင်နဲ့ပတ်သက်ပြီး အတော်စိတ် မသက်မသာခံစားမိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်း ဆွေရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန်အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစ ကားနဲ့ တင်ဆက်ထားပေမယ့် စာပါအကြောင်းအရာတွေကတော့ ဒီစာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင် တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ချင်စိတ်ပေါ်မိတာ အမှန်ပါပဲ။

အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခုအတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီမိုကရေစီလိုလားသ လိုလိုပြောပြီး အလင်းကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခုအတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်းခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။

ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီချန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလို ကြွက်လိုလို ရေဒီယိုနဲ့ အွန်လိုင်းသတင်းဌာနဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်းမှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင် ခြင်းအားဖြင့် ဗမာပြည် ဒီမိုကရေစီထူထောင်ရေးမှာ ဘယ်လိုအကျိုးရလဒ်တွေ ရနိုင်လေမလဲဆိုတဲ့ မျှော်လင့် ချက်နဲ့ တင်လေသလဲတော့ မသိပါဘူး။

ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ် ဆိုတဲ့ အမှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီသန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။

လူမှုအဆောက်အဦတခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေ ပါဝင် ရမှာဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ ကိုယ်တိုင်ပါခဲ့ကြ တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည်သမိုင်းမှာ မရှိခဲ့ပါ ဘူး။ ဒါပေမယ့် ခေါင်းဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းက သက်သေပါပဲ။

ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက် ဖြစ်တယ်။ လူထုမျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိန်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက်က တော့ ခေါင်းဆောင်မှုနဲ့ လူထုအကြား ပေါင်းကူးဆက်သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊ တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုနဲ့ လူထုအကြားက အသက်သွေးကြော ပေါင်းကူးတံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှုမရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လို စွမ်းရည်မှ မပြနိုင်ဘူး။ လူ ထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆိုတာ တပ်မရှိတဲ့ စစ်သေနာပတိ လိုပါပဲ။

ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက်စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလိုဖြစ်တဲ့ ဒုတိယ တန်း၊ တတိယတန်း ခေါင်းဆောင်တွေဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။

ဗမာပြည်နိုင်ငံရေးကို ဝေဖန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင် တွေ အကြောင်းသိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ချင်ရင်တောင် သူ့အကြောင်းကိုလည်း သိဖို့လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတ ယောက်၊ လူထုထဲက လူထုခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့ တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဘက်သားကို သူဘာကြောင့် အဲသ လိုလုပ်သလဲ၊ သြော် ... သူ ဒီလိုလုပ်တာ ဒါ့ကြောင့်ကိုးလို့ မတွေးသလို သူ ဒါလုပ်တာတော့ အတော်ကောင်း သွားပါလားဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြော သန်တဲ့ လူမျိုး ဖြစ်နေတယ်။

ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာ မဟုတ်သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီး လည်း နိုးပဲလုပ်မှာ သေချာတယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကို ထိပါးမယ့် အခြေအနေရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်းတခုလို ဝင်စီးတိုက်ခိုက် ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။

ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အ ချောင်သမားလုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုပ်ပြီး အပြုသဘော ဆက် ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ဘဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင်ရုပ်သိမ်းရေးဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့်ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာဖြစ်တယ်။

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုး ဝှက်လုယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်းသံဃာမကျန် သတ်ဖြတ်လာခဲ့သူတွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေ အပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျှင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မ တော်ဆိုတာကတော့ ဓားစာခံသက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာ ဏာကို ရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ရည်မှန်းချက်လည်းဖြစ်တယ်။

ပြောရရင်တော့ သေမထူး နေမထူး ဇာတ်ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလော ဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော်ကားရဲတဲ့အထိ ဆိုးသွမ်းယုတ်ကန်းနေကြတယ်။ ဒီလို မထူး ဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေးအင်အားနဲ့ မဖြစ်နိုင်ဘူး ဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါတယ်။

တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေးလောကထဲ ကျောပိုးသည်လာသူဟာ နိုင် ငံရေးသမားတွေပဲ ဖြစ်တယ်။ လူထုမဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲ ဖို့အတွက် နိုင်ငံရေးပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထုအကြားမှာ ဖြေရှင်းဖို့ မကြိုးစားဘဲ လူထုအ စေခံ လက်နက်ကိုင်တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာဖောက်ပြီး အာဏာရှင်စ နစ် ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ် တပ်နဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီတွေကို မဲမပေးဘဲ စစ်အာဏာရှင်အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေး တယ်။ ဒါပေမယ့် အချိန်က မမီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ်တယ်။

ဒီနေ့ခေတ် တချို့သော အမည်ခံ နိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင် သမား တွေနဲ့ ဘာကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲမဟုတ်လား။ လူထုဆို တာကတော့ လက်ညှိုးထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီဆိုပြီး ပါ လိုက်တာပဲ။ အခု စစ်ကျွန်ရွေးကောက်ပွဲဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီး တော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေးတယ်။ ဒီ လိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ်လို ခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက် အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံလက်သီး အက်စစ်လို ခွေးဆိုးက ပါသေး တယ်။

ဒီခေါင်းဆောင်ဆိုသူတွေပဲ ၉၀ ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာ ရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်း တာတွေပဲ ရွေးလုပ်ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ် မှာ ရန်ကုန်မြေနီကုန်းမှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ် မှာလဲ သူ့နောက်လိုက် သူ့ပါတီဝင်တွေ။ ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်း ဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင်ဆိုသူတွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှမလုပ်ဘဲ ခေါင်းဆောင်ကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကျွေးပြုတာပဲ။

လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးစွန့်လွှတ်မှုတွေကို ဒီမှာ မပြောတော့ပါ ဘူး။ တော်လှန်ရေးအကျိုးကို မျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်း ကျ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေးအစိုးရတခုကို ရွေးကောက်ပွဲတခုနဲ့ လုပ်သွား တယ်။ လူထု မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေးပုံစံတခုလို့တောင် ပြောမရတဲ့ အခင်း အကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ်အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆံ့ရုံ သက်သက်အတွက် လုပ်ခဲ့ တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိပါတယ်။ နိုင်ငံတကာဆိုတာတွေကလည်း သိပါတယ်။

သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာန လွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ် တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူ ပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက် ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တ ဘက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ် မပြောတာ လက်တွေ့နိုင်ငံရေးလိုလို ဆိုနေကြတယ်။

ဒါပေမယ့် စစ်အုပ်စုကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေးအတွက် မခိုင်မာ ဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသားခေါင်းဆောင်တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ်စု သိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေး အစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲမဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်း ဆုံးမဟုတ်ပါဘူး။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန်ဖြစ်တယ်။ နောက်တချက် ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်း စုကြည်ကို ဗမာပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံအသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှ သာ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်မှေးမှိန်အောင် စစ်အုပ်စုက လက်ရှိအချိန်အထိ ကိုယ် တိုင်မလုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာအပြောင်းလဲတွေ အ သားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိ အခင်းအကျင်း သစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမားတွေပဲဖြစ်တယ်။ ငါမင်း ဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြားမျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာ မည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာက တော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကို စာနာသယောင် သကြားလေးတော့ အုပ်ထားတယ်။ အရင်ကတော့ ဦးဝင်းတင်ကို အဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စုကိုပါ ဖွင့်တိုက်လာတာဖြစ်တယ်။

အကြောင်းကို စိစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမိုကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေ ရှိနေ သရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေး သိမ်အောင် လုပ်ကြရတော့တာပဲ။ ဒါမှလည်း ခေါင်းဆောင်လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရမှာကိုး။
 
ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်းပြည်ပက အချောင်သမားပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျနော်တို့ တိုက်ပွဲရဲ့ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလို လားသူတိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယား တွေနဲ့ တိုင်းပြည်ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာလည်း အရေးတကြီး လိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင် မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။

လက်ရှိ ခေါင်းဆောင်မှုဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန်ရလဒ်တခုလည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေးအမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေးလျှောက်ကြရင်း ဒီ ခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့အထိတော့ လူထုက သူတို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါ ပေါ်တဲ့အခါ အလွယ်စည်းရုံးလှုံ့ဆော်ပြီး အောင်ပွဲကို သယ် ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေးဆိုတာကလည်း အခွင့်အခါမကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တ ဖျတ်ဖျတ်ခုန်တဲ့ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ်မဟုတ်လား။

နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင်ပါ တယ်။ ဆရာမောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာဖောက်ဖြစ်တတ်တယ် မှတ်ထားပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါ တယ်။ ဒါတွေက ကာယသတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂသတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာ ဏသတ္တိနည်းရင် အသိအဉာဏ် ဆင်ခြင်တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ဘဲ သစ္စာဖောက် ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက်ရင်းကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင် လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့လွှမ်းမိုးမှု ခံရတတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တသတ္တိပဲ သူမရှိရင် သူ့က သတ္တိ တွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တမခိုင်ရင် အကုန်ယိုင်လဲသွားတတ်တယ်။ အကျင့်သီလ ကင်းတဲ့သူ ကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကျပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက်ဖြစ်တတ်တယ်။

ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်အကျွေးပြုမယ့် နိုင်ငံရေးလုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ် တစိုက် အားဖြည့်နေရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင် ပြောသလို သစ္စာဖောက် ဖြစ်တတ် ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော်လုပ်ကြံမှုထဲက ကိုသုခအကြောင်း စာကလေး ထည့်ပေးလိုက်တယ်။

ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါ တယ်။ ဘာပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာတခုအထိ အသိဉာဏ် အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်သူရဲ့ရန် သူဟာ မိတ်ဆွေလို့ဆိုငြားသော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ် ဖြစ်တတ်ပါတယ်ဆိုတဲ့အကြောင်း မေတ္တာစကား လက်ဆောင်ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။

ရဲဘော်ကျော်သန်း
၅၊ ၂၊ ၂၀၁၁

ကိုကျော်သန်းကြီးခင်ဗျား …

အက်ဆစ်ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး တကူးတက အချိန်ကုန်ခံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့အတွက် အ ထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်လည်း ညက ကိုစိန်ဟန်နဲ့ စကားသွားပြောရင်း အိမ်ပြန်နောက်ကျလို့ ကိုကျော်သန်း ပို့တဲ့ မေးလ်ကို ဖတ်ရတဲ့အချိန်မှာ အရမ်းအိပ်ချင်နေတယ်။ အဲဒါကြောင့် ဘလော့ဂ်ပေါ် ချက်ချင်းတင်မပေးနိုင်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ ထူးတာက အိပ်မက် မက် လေ့မက်ထ အင်မတန်နည်းတဲ့ ကျနော် ညက ထူးထူးခြားခြား အိပ်မက်တယ်ဗျာ။ အိပ်မက်ထဲမှာ ကျနော်တို့ လေးစားကြည်ညိုတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောနေတယ်ဗျ။ အဲဒါနဲ့ ကျ နော်လည်း စိတ်ဝင်တစား နားထောင်မိတယ်။ အဲဒီအိပ်မက်က ကိုကျော်သန်းရဲ့ စာကို ဖတ်ပြီး မက်တဲ့ အိပ် မက်လို့ ယူဆလို့ အိပ်မက်ထဲမှာ ဗိုလ်ချုပ် ပြောသွားတဲ့ မိန့်ခွန်းကို (စကားလုံးအတိအကျမဟုတ်ဘဲ) ကျနော် ပြန်မှတ်မိသလောက် ကိုကျော်သန်းကို မျှဝေလိုက်ပါတယ်။ ကျနော် မှတ်မိသလောက်ကတော့ …

“ရဲဘော်တို့ … ငါတို့ဟာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ ကျုပ်က ခေါင်းဆောင်ဆိုပေမယ့် ကျုပ်လုပ်တာ မှန်တာရှိသလို မှားတာလည်းရှိမှာပဲ။ ကျုပ်လည်း လူ၊ ဘုရား မဟုတ်ဘူး။ အဲဒီတော့ ကျုပ်မှားတာရှိရင် ခင်ဗျားတို့ ကျုပ်ကို ပြောရဲရမယ်။ ဝေဖန်ရဲရမယ်။ အဲ … ဒါပေမယ့် တခုတော့ရှိတယ်။ ဝေဖန်ရေးဆိုပြီး နအဖသတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေလို အခြေအမြစ်မရှိ အရူး ချေးပန်း ချက်အောက်လိုက်ကန်နေတဲ့ ဝေဖန်ရေးမျိုးကို ကျုပ်က ဆိုလိုတာမဟုတ်ဘူး။ ကျုပ်တို့လူအဖွဲ့အ စည်းအကျိုးအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း စေတနာပါပါနဲ့ ပြောရဲတာ၊ ဝေဖန်ရဲတာ၊ ထောက်ပြရဲတာကို ကျုပ်က ဆိုလိုတာဖြစ်တယ်။ အဲလိုလူမျိုးကို မောင်ကကြီးပဲ ဖြစ်ပါစေ၊ မောင်ခခွေးပဲဖြစ်ပါစေ ကျုပ်တို့က အသက်နဲ့လဲပြီး ကာကွယ်ပေးရမယ်။ ကိုညိုမြကြီးတုန်းကလည်း ကျုပ် ဒီလိုပဲ ကာကွယ်ပေးခဲ့တာပဲ။ ဒါဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုတဲ့ (ကျုပ်တို့ ခင်ဗျားတို့ လိုချင် လှပါတယ်ဆိုတဲ့) ဒီမိုကရေစီအခွင့်အရေးတခုကို လေးစားလိုက်နာတာဖြစ်သလို သစ္စာရှိရှိ အကာအကွယ်ပေး တာမျိုးလည်းဖြစ်တယ်။ ဒီနေရာမှာ တခုတော့ရှိတယ်။ လူတယောက်နဲ့ တယောက် ဘ၀ဖြတ်သန်းမှုချင်း မတူ တော့ ရှုမြင်သုံးသပ်ပုံချင်းလည်း တထပ်တည်း မကျနိုင်ဘူးပေါ့။ အက်ဆစ်လည်း အက်ဆစ်အမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာ ဖြစ်သလို ရဲဘော်ကျော်သန်းလည်း ရဲဘော်ကျော်သန်းအမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာပဲဖြစ်တယ်။ ဥပမာတခုပေါ့ဗျာ ဘ၀မှာ ဂျီသြမေတြီ သင်ဖူးတဲ့လူလည်း ရှိ မယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ကဲကုလသင်္ချာကို သင်ဖူးတဲ့လူလည်း ရှိမယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ဆက်သီအိုရီကို သင်ဖူးတဲ့လူလည်းရှိမယ် မသင်ဖူးတဲ့လူလည်းရှိမယ်။ အဲသလို သင်ဖူးခြင်း မသင်ဖူးခြင်းအ ပေါ်မှာတော့ တွေးထောင့်တွေ၊ ရှုမြင်ပုံတွေ တယောက်နဲ့ တယောက် ကွာနိုင်တာပေါ့။ ဘယ်လိုပဲကွာကွာ အ ရေးကြီးတာက စေတနာပဲ။ စေတနာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်။ စေတနာဆိုတာမျိုးက လူတိုင်း မြင်တတ်တဲ့ အရာမျိုးမဟုတ်ဘူး။ ပညာတတ်တိုင်းလည်း မြင်တာမဟုတ်ဘူး။ စာတွေ အများကြီး ဖတ်ထား တိုင်းလည်း မြင်တာမဟုတ်ဘူး။ အစွဲကင်းကင်း စိတ်ရှင်းရှင်း အကြည်ဓာတ်ရှိရှိနဲ့ ကြည့်တတ်မှ မြင်ရတဲ့အရာ မျိုး။ အဲဒီတော့ ကျုပ်ပြောချင်တာက ဗိုလ်ချုပ်လုပ်တာ အကုန်ကောင်း၊ အကုန်မှန် အားလုံးဂွတ်ဒ်ပါတယ်ခင် ဗျားဆိုရင်တော့ ခင်ဗျားတို့အားလုံး ဒီမိုကရေစီနဲ့ ဝေးနေကြဦးမှာပဲ။ အဲလိုလူတွေကို ကျုပ်က ကျုပ်ကို ချီးကျူး တယ်လို့ မမြင်ဘူး။ ကျုပ်ကို ဘောမနေတဲ့ကောင်တွေလို့ပဲ ကျုပ်က ရိုင်းရိုင်းပြောချင်တယ်။ အဲလိုဘောမတဲ့ လူတွေဟာ ကျုပ် အိပ်ငိုက်ငိုက်နဲ့ စတီယာတိုင် မှားကွေ့ပြီး ချောက်ထဲကို ဦးတည်မယ်ဆိုရင် အကုန်ဆင်းပြေး မယ့် လူတွေလို့ပဲ ကျုပ်က မြင်တယ်။ ကျုပ်ဖြစ်စေချင်တာကတော့ ဆင်းမပြေးဘဲ “ဗိုလ်ချုပ်ရေ ဘယ်ကို မောင်းနေတာလဲ၊ ဘယ်လိုမောင်းနေတာလဲ၊ ရှေ့မှာ ချောက်ကြီးဗျ” လို့ အော်ဟစ်ပြီး သတိပေးချင်ပေး၊ လက်မောင်းကို ပုတ်ပြီး နှိုးချင်နှိုး၊ ကျုပ်က ဒါမျိုးပဲဖြစ်စေချင်တယ်။ ဒါမှသာ ကျုပ်တို့ လမ်းမှန်ပေါ်ဆက်လက် မောင်းနှင်နိုင်ပြီး ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်နိုင်မယ်”

အိပ်မက်က ရှည်တော့ ကျနော် အဲသလောက်ပဲ အကြမ်းဖျင်း မှတ်မိတော့တယ် ကိုကျော်သန်းရေ။ ကျနော်က တော့ ကျနော့်အိပ်မက်ကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ မော်ဒန်ဒီမိုကရေစီမိန့်ခွန်း” လို့ပဲ ကင်ပွန်းတပ်ချင်တော့ တာပဲ ဟဲ … ဟဲ။ ကိုကျော်သန်းကြီးတယောက် ကျန်းမာရေးအတွက် ဆေးတခွက်ကို ကြိုကြားကြိုကြား မှီဝဲ ရင်း အသက်ရာကျော်ရှည်စွာနဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နိုင်ပါစေ။

ချစ်ခင်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

55 comments:

seinnmyanaddy said...

အဓိကနဲ့သာမညကိုမခွဲခြားဘဲ ပွဲဆူအောင်လုပ်နေကြတာလား။

Unknown said...

မီဒီယာ ဆိုတာ လွတ်လပ်ခွင့်ရှိတယ်။
လွတ်လပ်စွာ သဘောကွဲလွဲ ခွင့်ရှိတယ်။
နိုင်ငံရေး သမားမှ နိုင်ငံရေး အကြောင်းဆွေးနွေးခွင့်ရှိတာမဟုတ်။လူတိုင်းနဲ့ဆိုင်တဲ့အ
ရေး။ လူထုခေါင်းဆောင်ဆိုတာ စကားရော အလုပ်ရော မှားခိုင်းလို့မရပါ။
၂၀၀၈ ဖွဲ့စည်းပုံ ဘာကြောင့်ပေါ်လာသလဲဆိုတာ စုံစမ်း
ကြည့်လိုက်ပါ။ အကြောင်းရှိပါတယ်။
လူထုခေါင်းဆောင်ဟာ ပြောသင့်တဲ့စကားကိုပြောသင့်တဲ့အချိန်မှပြောတာ အကောင်းဆုံးပါ။ ဒါပေမယ့်

Unknown said...

စာရေးသူ တဦးကို animal နဲ့နှိုင်းတဲ့ ခေတ် မရှိတော့ပါ။ သဘောတူရင် တူတယ်။ မတူရင် မတူဘူး ဆိုပြီး ဝေဖန်ထောက်ပြကြ တာက ပိုကောင်းပါတယ်။

Unknown said...

လူတိုင်းမှာ ကိုယ်ပိုင် နိုင်ငံရေး ရပ်တည်ချက်တွေ ရှိပါတယ်။ ကိုယ်နဲ့မတူ ငြူစူမှု မရှိသင့်။ နိုင်ငံရေး မှာ ရန်သူ မရှိပါ။ လူထု အတွက် ဘယ်လောက် စွမ်းဆောင်နိုင် သလဲဆိုတာ နဲ့ဆုံးဖြတ် သင့်ပါတယ်။

ပြည်ချစ်တပ်မတော်သား said...

ကိုလွဏ်းဆွေ က မီဒီယာသမားကောင်းတစ်ယောက်ပါ.. နိုင်ငံရေးသမား မဟုတ်ပါဘူး.. ဒီမိုကရေစီ ကို ချစ်မြတ်နိုး သူတိုင်း ဝေဖန်ထောက်ပြမှုကို လက်ခံကြမှာပါ..

Unknown said...

yebow kyaw than ...I salute you.every single word u wrote is so valuable.thanks for the long effort u put.u r letter says all i feel and all i want to write.take good care.bye.

Kaw Mu Doh said...

ဒေါက်တာလွန်းဆွေ တင်ပေးတဲ့ အက်စစ် ရေးတဲ့ဆောင်းပါးက ကျွန်တော်စိတ်နဲ့ တစ်ထပ်တည်းပါ။ NLD ရှေ့ဆက်ဘာလုပ်မလဲ ပြည်သူက NLD ကို ပြန်ဦးဆောင်ရမှာလား။ နိုင်ငံရေးလုပ်နေတယ်လို့ နာမည်ခံထားသူတွေ တော်တော်များများက ပုဂိုလ်ဆွဲရှိတာတွေ့ရတယ်။ သူတို့ အထင်ကြီးသူ (သို့မဟုတ်) အထင်ကြီးတဲ့ အဖွဲ့ အစည်းရဲ့ အားနည်းချက်ကို ထိထိ မိမိ ထောက်ပြရင် ဘယ်လို ပြုပြင်ရမလဲ မစဉ်းစားဘဲ တခါတည်း နအဖ လုပ်ကိုင်ဒုတ်ဆိုပြီး စွတ်စွဲလိုက်ရော ဒါအမြဲတမ်း အခုမှမဟုတ်ဘူး။ ကမ္ဘာက မြန်မာကို စီးပွားရေး ပိတ်ဆိုဖို့ ဘယ်သူတွေ တောင်းဆိုခဲ့တာလဲ၊ အခု စီးပွားရေး ပြန်ဖွင့်ဖို့အတွက်ရောဘယ်သူပြန်တောင်ဆို နေတာလဲ။ စီးပွားရေး ပြန်ဖွင့်မယ်ဆိုရင်ရော ပြည်သူတွေအတွက် ထူးခြားမှာထက် ဘောက်ဘီချွတ်အဆိုးရ အတွက် ထူးခြားမှု့က ဘယ်ဟာပိုမလဲ။ NLD က အမှန်အတိုင်းပြောရရင် လက်ရှိ ဘောင်ဘီချွတ် အစိုးရ ဥပဒေနဲ့ ဆို နိုင်ငံရေးပါ တီတစ်ခုမဟုတ်တော့ပါဘူး ဘောင်းဘီချွတ် အစိုးရက သောက်မြင်ကပ် ရင်တောင် မတရားအသင်းဖွဲ့မှု့နဲ့ ယုတ်မာ ပြီးတရားစွဲလို့ ရမှာဖြစ်ပါတယ်။ ဒီတော့ NLD ဘာဆက်လက်မလဲ ဆိုတဲ့ မေးခွန်းက မေးသင့်တဲ့ မေးခွန်း ဖြစ်တယ်။

Unknown said...

အရူးအမူး ချနေကြပါလား၊။ အဲ ....အရူး နဲ့ အမူးချနေကြတာလား။

Unknown said...

အရူးအမူး ချနေကြပါလား၊။ အဲ ....အရူး နဲ့ အမူးချနေကြတာလား။
ဘာပဲဖြစ်ဖြစ် စာမှာတွေ့ ရတာက အမူးက ရင်ဘတ်သံဖြစ်ပြီး အရူးက လူလည်နေကျတာ တွေ့ ရပါတယ် ။။

မောင်ပါလ said...

ဒေါက်တာလွဏ်းဆွေနဲ့ ရဲဘော်ကျော်သန်းဆိုတာ လေးစားရတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒေါက်တာလွဏ်းဆွေ အိပ်မက်မက်သလိုပဲ ကျနော်လည်း ဘောလုံးပွဲတပွဲကြည့်ခဲ့ဖူးပါတယ်။
အသင်းနှစ်သင်းမှာရှိတဲ့ ကစားသမား ၁၁-စီဟာ မိမိအသင်းအနိုင်ရရေး၊ တဖက်အသင်းကို ဂိုးမပေးရရေးအတွက် အကြိတ်အနယ်၊ ရေကုန်ရေခမ်းကစားခဲ့ကြပါတယ်။ အဲလိုကစားတဲ့အခါမှာ ကန်လိုက်တဲ့ဘောလုံးဟာ ဂိုးပေါက်မတည့်တာလည်း ရှိခဲ့ပါတယ်။ ကိုယ့်ဆီကဘောလုံးကို သူများကဖြတ်လုသွားတာလည်း ရှိပါတယ်။ သူများက ကိုယ့်ကို အသာလေးလိမ်ခေါက်ပြီး ဂိုးသွင်းသွားတာလည်း ရှိပါတယ်။
အဲဒီဘောလုံးပွဲမှာပဲ ပွဲကြည့်စင်ထဲက ပရိတ်သတ်အချို့အော်ဟစ်နေသံကိုလည်း ကြားခဲ့ဖူးပါတယ်။ သူတို့အော်ဟစ်နေကြတာက “ဟိုေ-ွးမသား၊ ဂိုးပေါက်တောင် တည့်အောင်မကန်နိုင်ဘူး။ နောက်တန်းကကောင်တွေ သောက်သုံးမကျဘူး။ ဟိုေ-ွးသူခိုးက ဒီလိုခြေမျိုးနဲ့များ ကွင်းထဲဝင်ကန်နေရသေးတယ်။ အဲဒီကောင်ကို ထွက်ခိုင်းလိုက်” စသဖြင့်ပေါ့။ အဲဒီလူဟာ တခါမှလည်းဘောလုံးမကန်ဘူးသလို ကန်နေတဲ့လူရဲ့ ကြိုးစားအားထုတ်မှု၊ အခက်အခဲ စတာတွေကို နားမလည်ပါဘူး။ သူနားလည်တာက အော်ဖို့တခုတည်းပါ။
ကျနော့်ဘောလုံးပွဲလေးကတော့ ဒါပါပဲ ဒေါက်တာလွဏ်းဆွေရေ။ လောကမှာ အမြင်မှန်ဖို့က ခက်ခဲပါတယ်။ အဲဒီမှန်တဲ့အမြင်ကို မြင်တဲ့အတိုင်းလုပ်နိုင်ဖို့က ပိုပြီးခက်ခဲလွန်းပါတယ်။ အဲလိုလုပ်နေသူတွေကို မအောင်မြင်သေးတဲ့ကာလမှာ ဖြတ်သန်းနေရတဲ့အခက်အခဲကို နည်းနည်းမှမစဉ်းစားဘဲ အပြစ်ပြောရဲတဲ့ နာမည်တောင်မပြောဝံ့တဲ့ဝေဖန်သူရဲ့စာဟာ ဒေါက်တာလွဏ်းဆွေ ပြောသလို debate မဖြစ်နိုင်ပါဘူး။ ပြည်ပက နိုင်ငံရေးသမားအမည်ခံ အချောင်သမားတွေကို မျက်နှာတည့်တည့် လက်ညှိုးထိုး ကလော်တုတ်ဆဲရင်တောင်မှ မောင်ပါလက ဘေးကနေလက်ခုပ်ဝိုင်းတီးပေးမှာပါ။ အင်း............. ကလေးအတွေးနဲ့ပဲပြောတော့မယ်။ “လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။”

Unknown said...

ကျနော်တို့မြန်မာလူမျိုးတွေ... အကြောင်းအ၇ာတစ်ခုကို ပြောကြပြီဟေ့ဆို၇င် အရင်ဆုံးအကြောင်းအ၇ာကို ဥိးတည်ပြီး ဝေဖန်ပြောရမဲ့အစား ပုဂ္ဂိုလ်ရေးတွေ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို အမြဲရှေ့တန်းတင်ပြီးပြောတတ်ကြတ ယ်။ ဒါကြောင့်လည်း ကျနော်တို့လူမျိုးတွေဟာ ပန်းတိုင်၊ဥိးတည်ချက်တူကြလို့ တစ်စည်းတစ်လုံးတည်းဖြစ့်မဲ့အစား အစိတ်စိတ်အမွှာမွှာ ကွဲကြ ပြဲကြနဲ့ အောင်မြင်မှုနဲ့ဝေးကြခဲ့ရတယ်။ အောင်မြင်ခဲ့ ကြရင်တောင် ရေရှည်မခံခဲ့ကြဘူး။ ဒါဟာ သမိုင်းအစဉ်အဆက် ဖြစ်ခဲ့ပြီး ဖြစ်နေတုန်း ဖြစ်နေဆဲပါပဲ။ အက်ဆစ်ဆောင်းပါးမှာ ဒေါ်စုကို သူရဲကောင်းကြီးလို ကယ်တင်ရှင်ကြီးလို မျှော်မှန်းထားခဲ့လို့ မျှော်မှန်းသလိုမဖြစ်လာတဲ့အခါ အားမလိုအားမရဖြစ်နေပြီး အပြီးသတ်တိုက်ပွဲကို ဖေါ်ထုတ်ချင်တဲ့ဆန္ဒနဲ့ရေးတာမှန်း သိသာပါတယ်။ အမြင်မတူသူအများစုကတော့ ဒေါ်စုကိုမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးလေးစားမှု ယုံကြည်မှုကို ရှေ့တန်းတင်ပြီး အက်ဆစ်ဘာကိုဆိုလိုချင်တာလဲလို့ ဆန်းစစ်မှု သုံးသပ်မှု မလုပ်တော့ပဲ နင်ပဲငဆ တုန့်ပြန်တာကို တွေ့ရပါတယ်။ တကယ်တော့ အက်ဆစ်ဆိုတဲ့သူဟာလဲ သူတို့လိုပဲ ဒေါ်စုကို ခေါင်းဆောင်အနေနဲ့ ယုံကြည်လေးစားဖူးတယ်ဆိုတဲ့ အချက်ကိုတောင် မျက်ကွယ်ပြုကြသလို လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို ပိတ်ပင်လိုက်ကြတဲ့သဘောပါ။ ဒါဟာ ကိုယ်လိုချင်နေတဲ့ လွတ်လပ်ခွင့်ဆိုတဲ့ရည်မှန်းချက်နဲ့ ကိုယ့်အပြုအမူ မကိုက်ညီသေးတာကို ပြသလိုက်ကြတာပဲလို့ သုံးသပ်မိပါတယ်။ ကျနော်က အက်ဆစ်ပြောတာကို သဘောကျလွန်းလို့ ထောက်ခံချင်လို့ ၀င်ရေးတာမဟုတ်ပါဘူး။ ကျနော်အမြင်နဲ့ အက်ဆစ်အမြင် တော်တော်များများ မတူညီပါဘူး။ တူညီတာက တစ်ခုခုပြောင်းလဲရမယ်ဆိုတဲ့ အချက်တစ်ခုပဲ အမြင်တူတာပါ။ ဒီအမြင်ကလည်း လူတော်တော်များများ အထူးသဖြင့် မျိုးဆက်သစ် တော်တော်များများက မြင်နေတဲ့အမြင်ပါ။ ဘာမှ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အခုဒေါ်စုလုပ်နေတာဟာလည်း သူလုပ်နိုင်တဲ့၊ အခြေအနေကလည်းဖြစ်ပေါ်နေတဲ့ လမ်းကြောင်းအတိုင်း လုပ်နေရတယ်လို့ မြင်ပါတယ်။ ဒါတောင် သူမို့လို့ လုပ်နိုင်တာ သူ့နေရာမှာ တခြားလူဆို အောင်မြင်အောင်လုပ်ဖို့ခက်ပါလိမ့်မယ်လို့လဲ မြင်ပါတယ်။ အီဂျစ်မှာလုပ်သလို လုပ်ဖို့က အခြေအနေမပေးသေးပါဘူး။ ကျနော်တို့မှာ လိုအပ်နေပါသေးတယ်။ အထူးသဖြင့် ကျနော်တို့မှာ စည်းကမ်းတကျဖြစ်မှုနဲ့ ၀ိရိယတွေ အထူးလိုအပ်နေပါတယ်။ သတ္တိရှိရုံနဲ့ မပြီးသေးပါဘူး။ ဒေါ်စုက ဒီ့ထက်ကို ပိုမြင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီရက်ပိုင်းကပဲ နိုင်ငံရေးကို ဒီ့ထက်ပိုပြီး အလေးထားဖို့လိုတယ်လို့ သုံးသပ်တာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကျနော်အဓိကပြောချင်တာက လူကို မပုတ်ခတ်ပဲ မင်းဘာကောင်လဲ ငါဘာကောင်လဲလို့ ပြောမနေပဲ မင်းဘာလုပ်မလဲ ငါဘာလုပ်မလဲ မင်းဘယ်လိုထင်သလဲ ငါဘယ်လိုထင်သလဲလို့ လမ်းကြောင်းလေးပြောင်းပြီး ဆွေးနွေးကြရင် အနဲဆုံး အဖြေတစ်ခုမရရင်တောင် တစ်ဦးအပေါ်တစ်ဦး နားလည်မှု ယုံကြည်မှု အပြုသဘောဆောင်မှုတွေ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့အားလုံးက အာဏာရှင်စနစ်ကို မကြိုက်ကြတဲ့လူတွေချည်းပဲဆိုတော့ ရန်သူတွေလည်း မဟုတ်ကြပါဘူး။ အာဏာရှင်ဘက်တော်သားတွေပါလာရင်တောင် ရန်သူလို့မမြင်ပဲ ဘယ်လိုနားလည်မှုရှိအောင်လုပ်ကြမလဲလို့ တွေးရင် ပိုကောင်းမယ်လို့ထင်ပါကြောင်းပါခင်ဗျာ။

zawzaw said...

အက်ဆစ်နဲ့တကွ တသဘောတည်းကျနေတဲ့ မိတ်ဆွေများ .....
ဘာဖြစ်စေချင်တာလဲဗျ။ လူထုအုံကြွမှုမျိုးကို ဦးဆောင်ဖေါ်ထုတ်ပြီး ပြတ်ပြတ်သားသားတိုက်ပွဲခေါ်စေချင်တာလား။
တကယ်လို့ အဲ့ဒီလိုလုပ်မယ်ဆိုရင်ရော မိတ်ဆွေများကိုယ်တိုယ်တိုင် ပြည်တွင်းထဲ ပြန်ဝင်ပြီး ပူပေါင်းပါဝင်ဖို့ အဆင်သင့်ပဲလား။ ပြည်ပရောက် အီဂျစ်တွေက ဌာနေကို ပြန်ပြီး တခဲနက်ပူပေါင်းပါဝင်ကြတယ်လေ။ မြန်မာပြည် အီဂျစ်လိုအုံကြွလာရင်ရော မိတ်ဆွေများလို ပြည်ပရောက်မြန်မာများရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ပြန်လာပူပေါင်းကြမလဲ စဉ်းစားမိတယ်။

လက်ရှိအသာစီးယူထားတဲ့ နအဖမှာက အဓိက ရန်သူဆိုလို့ တဦးတဖွဲ့တည်းပဲ ရှိတယ်။ လက်ရှိအချိန်ထိ ခက်ခဲတဲ့အခြေအနေတွေမှာ ရပ်တည်နေနိုင်ဆဲဖြစ်တဲ့ NLD ကတော့ ဘက်ပေါင်းစုံက ပုံစံအမျိုးမျိုးနဲ့ ရန်သူတွေ ရန်သူတွေ မနည်းပါလား။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

Rev aggavamsa said...

အင်း ... ရှေ့မီနောက်မီ နိုင်ငံရေး သမားတွေထက်စာရင် သားတို့က တကယ့်မှ ကလေးလေးတွေပါ .. NLD ဆိုတဲ့နာမည်နဲ့ အတိုက်အခံ စဖြစ်စဉ်ကာလလေးမှာ မွေးဖွားခဲ့တဲ့ လူငယ်လေးပါ .. အခုဆိုရင် လူလတ်ပိုင်းရောက်နေကြပြီ ...အဖေ တို့ အမေတို့ ကလဲ ယုံကြည်ချက်တွေအပြည့်နဲ့ တို့တွေ မလုပ်နိုင် မယူနိုင်တဲ့ ဒီမိုကရေစီကြီးကို ရအောင်ဆိုပြီးတော့ NLD ကို ၀ိုင်းပြီးထောက်ခံ ခဲ့ကြတယ် .. အခု အဖေတို့ အမေတို့ ဆုံးသွားကြပါပြီ .. ဒါပေမဲ့ အဖေတို့အမေတို့ မျှော်မှန်းတဲ့ ဒီမိုကရေစီဆိုတာကြီးကိုတော့ သူ့တို့ရဲ့ မြစ် လက်ထက်မှာတောင် မရသေးရှာဘူး ... ဘာဖြစ်လို့ပါလိမ့် ...?????????

အတ္တ said...

ဘယ်သူတွေ ဘာပြောပြော
ထောက်ခံတာရော၊ ကန့်ကွက်တာရော
ဆဲတာရော၊ ချီးကျူးတာရော
အမှားရော၊ အမှန်ရော
အားလုံးကို ဖေါ်ပြပေးတဲ့အတွက် ကိုလွဏ်းဆွေကို လေးစားပါတယ်။ ေ
ကျးဇူးလည်းတင်တယ်။ လူတွေရဲ့ စိတ်ဓာတ်နဲ့ အဆင့်အတန်းကိုလည်း Comment တွေကိုကြည့်ပြီး ထင်ထင်ရှားရှား သိလာရလို့ပါ။

ခုမှ လွတ်လပ်တဲ့ အရသာကို စ ပြီးခံစားလိုက်ရသလိုပဲ။ :)

Alex said...

ဒီမိုကရေစီလို့အော်နေကြတဲ့လူတွေက ဒီမိုကရေစီကိုနားမလည်တာလား။ နားမလည်ချင်ယောင်ဆောင်နေကြတာလား။ ဒေါက်တာ လွဏ်းဆွေ ခင်ဗျား, ဒီတိုင်းဆိုရင်တော့ ဒေါ်စုဦးဆောင်တဲ့ NLD တက်လာရင်တောင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်တွေရလာပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။ ဦးသန်းရွှေကိုဝေဖန်ခွင့်မရှိသလို ဒေါ်စုကိုလည်းဝေဖန်ခွင့်မပြုဘူးဆိုတဲ့ပုံစံတွေ စာရေးသူတွေရဲ့အာဘော်တွေထဲမှာတွေ့လာရပါတယ်။ ဒီမိုကရေစီဆိုတာ မိမိရဲ့ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ရှိရမယ် မဟုတ်ပါလား။ ဝေဖန်တဲ့နေရာမှာ အပြုသဘောဆောင်တယ်၊ ပုဂ္ဂိုလ်စွဲကင်းတယ်ဆိုရင် ဒါဟာကောင်းသော ဝေဖန်ခြင်းပါပဲ။ အခုအက်ဆစ်ရဲ့ စာကိုဖတ်တဲ့တစ်ချို့ဟာ ပုဂ္ဂိုလ်ကိုမှီတွယ်လွန်းနေတာ တွေ့ရမှာပါ။ သူဆိုလိုတာဘာလဲဆိုတာ သဘောပေါက်အောင်မကြည့်တတ်တာလား ဒေါ်စုကိုမကောင်းပြောတဲ့စာဆိုတာနဲ့ပဲတစ်ခါထဲမြောင်းထဲရောက်အောင်လုပ်ချင်တာလားတော့ မပြောတတ်တော့ပါဘူး။ ဒီစာကိုတင်ရဲတဲ့ ဒေါက်တာလွဏ်းဆွေကိုလည်း ဘယ်သူဘာပြောပြော အပြည့်အဝထောက်ခံပါတယ်။ ဒီလို အပြောခံရမယ့်စာကို သူ့ဘလော့မှာတင်ရင်ဒီလိုမျိုး အပြောခံရမယ်ဆိုတာ သိသိကြီးနဲ့ တင်ရဲတဲ့ ဆရာ့ရဲ့စေတနာကို ကျွန်တော်ကောင်းကောင်းကြီးနားလည်မိပါတယ်။ ကျွန်တော်တို့ စစ်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၂၀ကျော်လာပြီ။ အောက်ခြေလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတေ၊ွ စိတ်ဓါတ်တွေ တစ်နေ့ထက်တစ်နေ့ အောက်ဆုံးကိုရောက်လာနေပါပြီ။ ဒါပေမယ့် ဒီနှစ်ပေါင်း ၂၀ ကျော်တွင်းမှာ စစ်အုပ်စုကတော့ ချမ်းသာပြီးရင်း ချမ်းသာရင်း (ဆန့်ရှင်းကဘယ်သွားသက်ရောက်လဲ မသိဘူးနော်) စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာတောင်ရှိနေခဲ့ပါပြီ။ သူတို့ရဲ့ Road Map တွေကိုလည်း တစ်ဆင့်ချင်းလုပ်လာလိုက်တာ လွှတ်တော်ခေါ်တဲ့အဆင့်တောင်ရောက်သွားပြီ။ ဒီနှစ် ၂၀ တွင်းမှာ ပြည်သူ့အတွက်လို့ပြောနေတဲ့ NLD ဘာတွေပြီးမြောက်အောင်မြင်သွားလဲ။ ၈၈ နဲ့ စက်တင်ဘာတုန်းက စတေးပေးခဲ့ရတဲ့ သူတွေအတွက် ဘာတွေပေးဆပ်ခဲ့ပြီးပြီလဲ။ ဒေါ်စု ခံစားရတဲ့ဒုက္ခတွေဟာ ပြည်သူတွေရဲ့ခံစားရတာတွေနဲ့စာရင် ဘာမှစာမဖွဲ့လောက်ပါဘူး။ ပြည်သူတွေဟာ တစ်ချိန်တုန်းက ဒေါ်စုနဲ့တစ်သားတည်းပါ။ ဒါပေမယ့် သူတို့ရဲ့အသက်တွေသာ အချည်းနှီးဖြစ်သွားတယ်။ ၉၀ရွေးကောက်ပွဲကြီးဘာမှအရာထင်အောင် ခုထိမလုပ်နိုင်ခဲ့ဘူး။ ဒီနောက်ပိုင်းတော့ လူတွေလည်း ကြောက်တတ်သွားပြီလေ။ သူတို့စွန့်ပေမယ့် သူတို့ရဲ့စွန့်စားမှုက အရာထင်ပါ့မလားဆိုတာ သံသယရှိနေကြပါပြီ။ ဒီအချိန်မှာ လူထုကိုနောက်ကလိုက်စေလိုတယ်ဆိုရင် တိကျတဲ့ Road Map တစ်ခုကိုပြရပါလိမ့်မယ်။

Anonymous said...

မဟုတ်ပါဘူး။ ဝေဖန်တာနဲ့အပုတ်ချတာ တစ်ခြားစီပါ။ ဒေါက်တာလွဏ်းဆွေ ဒီကွန်မန့်တွေဖတ်မယ်ထင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ခင်ဗျားတို့တွေ လိုချင်တဲ့ဒီမိုကရေစီဆိုတာ ဘယ်တော့မှမရတော့ပါဘူး။ စကားကုန်ပြောလိုက်မယ်။ ဘယ်တော့မှ မရစေရဘူး။ မစည်းလုံးဘူး။ ဆိတ်လစီလို သာရာသွားကပ်တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆိုတာ ဘယ်တော့မှမဖြစ်နိုင်တော့ပါဘူးလို့ပြောချင်တယ်။ နိုင်ငံရေးအကြောင်းကို ခရေစေ့တွင်းကျမသိပါဘူး။ ဒါပေမယ့်အဲဒါတော့ခိုင်ခိုင်မာမာ ပြောရဲတယ်ဗျ။ ခင်ဗျားလိုချင်တာဘယ်တော့မဖြစ်နိုင်တော့ပါဘူး။ ဒီလိုပဲ ပြည်ပကနေ အော်ကြပြုကြတာနဲ့ပဲ ပြီးသွားမှာပါ။ ရန်သူကိုဘယ်လိုတိုက်မလဲဆိုတာ အားလုံးမညီညွတ်ပဲနဲ့တော့ မဖြစ်နိုင်ပါ။ အကောင်းဆုံးကတော့ လက်ရှိအတိုက်အခံတွေကို အယုံအကြည်မရှိတော့ရင်လဲ လက်ရှိနိုင်ငံရေးအခင်းအကျင်းထဲ လက်ရှိလွှတ်တော်ကိုပဲ သွားတက်လိုက်တော့လို့ပဲပြောချင်တော့တယ်။ နိုင်ငံပြင်ပကနေ ၀ိုင်းအားမနေကြနဲ့ဗျာ။ ရှေ့ကလျှောက်ဆိုတော့လဲမလျှောက်ဘူး နောက်ကလိုက်ဆိုတော့ မလိုက်ဘူး။ ကဲ ဘာလုပ်ရမှာလဲပြော။

သတိ said...

အားလုံးသတိ

အဟက်.. တယ်လဲ ပွဲဆူကြပါလားဗျာ..
အက်ဆစ်ရဲ့ ကွယ်ရာကနေ အက်ဆစ်နဲ့လှမ်းပက်တဲ့ ပွဲလို့ ဆိုရမှာပေါ့.. ခမျာ သတ္တိကလဲ မရှိရှာတော့ နင်လားငါလား အက်ဆစ်နာမည်ခံပီး ဒေါ်စုကို ဘယ်သူမှ မသိတဲ့ ဘလော့ပေါ်က ရဲရဲတောက် တက်ပီး ဝေဖန်ပုတ်ခတ်ရပေသပေါ့ဗျာ.. သတ္တိမရှိတာလဲ မပြောနဲ့လေဗျာ.. သဘောကွဲလွဲ လွတ်လပ်စွာ ဝေဖန်ခွင့်ကို မြတ်နိုးပါတယ်ဆိုတဲ့ မဟာဒီမိုယုံကြည်သူများ ဒေါသကြီးပုံများ ကော်မန့်တွေမှာကြည့်ရင် မြင်နိုင်ပါရဲ့.. အနားမှာ ရှိရင် အက်ဆစ်တော့ လွတ်လပ်စွာ ဝေဖန်ခဲ့လို့ဆိုပီး ဒီမိုသမားတွေ တစ်ယောက် တစ်ချက်လောက်နဲ့ကို ကြေမွလောက်ရောပေါ့.. ဟားဟား..

သူဝေဖန်တာကတော့ ထားပါ.. ဖတ်ကြည့်လိုက်ရင် မှန်တာတွေ လက်ခံရမှာတွေ တပုံကြီးမြင်နိုင်ပါတယ်.. အဲဒါက ကျွန်တော့်အမြင်တော့ ဒေါ်စုရဲ့ နိုင်ငံရေး လမ်းကြောင်း အားနဲတာ.. တချို့နေရာတွေမှာေ၀၀ါးလွန်းတာ.. မွှန်းတင်ထားသလောက်ကြီး မစွမ်းတာပါပဲ.. အဲ.. မှားတာတွေ သုံးမရတာတွေလဲ မြင်ရပါရဲ့.. ခက်တာက ဒီဘလော့ ပိုင်ရှင်ကြီး ဒေါက်တာ လွမ်းဆွေဟာ အဲဒီမှားတာတွေ သုံးမရတာတွေကို တော်တော်သဘောကျ ပုံပါပဲ.. အဲဒါတွေကတော့ စင်ပြိုင်အစိုးရထောင်.. အစိုးရနဲ့ ထိပ်တိုက်တွေ့.. ရင်ဆိုင်.. ပြည်သူကို လမ်းပေါ်ခေါ်ထုတ်.. ဆူပူမှုတွေလုပ်ပေါ့.. (ဟီးဟီး.. အဲလိုတွေ ဖြစ်လာရင် သူကတော့ အဲဒီအကြောင်းတွေ ဘလော့ပေါ် အချိန်နဲ့အညီ စွန့်စွန့်စားစား ရေးတင်ပေးမယ်ကွာလို့ ရဲရဲတောက် တာဝန်ကျိတ်ယူထားပုံ ပါပဲ) အရင် ဒေါက်တာလွမ်းဆွေရဲ့ လေသံတွေ နားထောင်ကြည့်ရင်ကို ဒီလိုင်းဘက်ကို အားသန်တာ.. ဒေါ်စုနဲ့ အန်အယ်ဒီကို ဒီအတွက် အစာမကျေလှတာ မြင်နိုင်ပါတယ်.. ဒါကြောင့်လဲ အက်ဆစ်ရေးလာတော့ ၀မ်းသာအားရကို တင်ပေးခဲ့တာပါပဲ.. ဒီနေရာမှာ သူ့အမြင်နဲ့ ဆန့်ကျင်ရင် မတင်ခဲ့ပဲ ပယ်တတ်တယ်ဆိုတဲ့ ကော်မန့်တွေလဲ မကြာခဏ တွေ့ဘူးတာမို့ ဒေါက်တာလွမ်းဟာ ခုအိမ်မက်မက်သလို ဘာလိုလိုနဲ့ ရူးချင်ရောင် ဆောင်ပြထားတဲ့ စာပေလွတ်လပ်ခွင့်လိုလို.. ဘယ်သူ့အသံဖြစ်ဖြစ် နားထောင်ပေးရမှာလိုလို ပြောတဲ့ အချက်တွေဟာ အကြောင်း ပြချက် သက်သက်ဆိုတာ သိသာပါရဲ့..

ဒီနေရာမှာ ကျွန်တော့အမြင်ကတော့ အဲဒီထိပ်တိုက် ရင်ဆိုင်တဲ့ လမ်းကိုပါ.. ကဲ ရင်ဆိုင်စမ်းပါ.. ထိပ်တိုက်စမ်းပါ.. ဖမ်းထဲ့လိုက်မယ်.. တကမ္ဘာလုံး ၀က်ဝက်ကွဲအော်မယ်.. ပြည်သူတွေ လမ်းပေါ် တစ်ရက်နှစ်ရက် တစ်ပတ်ထွက်လာမယ်.. ပီးရင်ဘာလဲ.. ပြောပါဦး.. အစိုးရ မျက်နှာပျက်သွားမယ်.. ကမ္ဘာက တချို့နိုင်ငံတွေ မြန်မာဆို လက်မခံဘူးလုပ်စမ်းပါဦး.. ပီးရင်ဘာလဲ.. ဒေါ်စုဟာ နိုင်ငံရေးလုပ်တဲ့ နှစ်နှစ်ဆယ်မှာ ဆယ့်ငါးနှစ် ထောင်ထဲမှာ နှပ်နေတယ်.. ဦးဝင်တယ် ထောင်ထဲမှာ နှစ်နှစ်ဆယ်နီးပါးနေတယ်.. ဒီနေရာမှာ ကျွန်တော့်အမြင်က လူတွေထောင်ထဲ ရောက်သွားတာဟာ သူတို့ ပုဂ္ဂိုလ်ရေးတွေမှာ အနစ်နာခံလိုက်တာ ဘာညာကွိကွနဲ့ အမြတ်ထွက်သလောက်.. သူတို့တွေပဲ နာမည်ကြီးသွားသလောက် နိုင်ငံနဲ့ ဒီမိုအရေးတိုးတက်မှုဟာ ဘာမှမလုပ်နိုင်ပဲ သုံည ဖြစ်ဖြစ်သွားတယ်.. ဒီတော့ ဒီတစ်ခေါက်ကော.. ဆယ်ငါးနှစ် အနစ်နာခံကနေ နှစ်နှစ်ဆယ် အနစ်နာခံတဲ့ အမျိုးသမီးကြီးပဲဆိုပီး ဒေါ်စု နာမည်ကြီးလာပီး နိုင်ငံ ဒုံရင်းဒုံရင် အကျဉ်းချ.. ဟော. ပိတ်ဆို့.. ဟောမျက်နှာငယ်.. ဟော ဆန့်ကျင်.. ဟောစာထုတ်.. ဟေ ဘလော့ရေး အဆင့်မှာပဲ ဆက်သွားနေမဲ့ လမ်းဟာ ခု ဒေါက်တာလွမ်းတို့ တောင်းဆိုနေတဲ့လမ်းပဲ.. နှစ်နှစ်ဆယ် ဒီပုံတိုင်းပဲသွားနေပီး မအောင်မြင်မှန်း သိတာတောင် ဒေါ်စု ခုလမ်းသစ်စမ်းသပ်နေတာကို ဘာကြောင့် စောင့်မကြည့်တာလဲ..

ကျွန်တော်မြင်တာတော့ ရင်ဆိုင်မယ် ထောင်ထဲ ပြန်ဝင်မယ်ဆိုတဲ့ လမ်းဟာ သုံးစား မရတဲ့လမ်းပါ.. နှစ်နှစ်ဆယ်အတွင် အကြိမ်ကြိမ် ထောင်ထဲ ၀င်ပြခဲ့ပီးပါပီ.. ဘာများ တိုးတက် ပြောင်းလဲလာသလဲ.. အနစ်နာခံပြနေရုံနဲ့ နိုင်ငံ မတိုးတက်ပါဘူး.. စွမ်းဆောင်ပြမှ တိုးတက်မှာပါ.. ဒီတော့ စွမ်းဆောင်ဖို့ လမ်းသစ် ထွင်ပါလေ.. လမ်းသစ် စမ်းသပ်လို့ အောင်မြင်ရင်လဲ အမြတ်.. မအောင်မြင်ပဲ ရှုံးနိမ့်ပီး ပျောက်သွားတော့ရော.. ဒီလို မအောင်မမြင် ညံ့တယ်လို့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ပျောက်တယ်လို့ပဲ သဘောထားပါတော့ဗျာ..

ကဲ.. သက်သာဗျို့.
မောင်သတိ

Unknown said...

အားလုံုး့ကိုပြောချင်တာကကျွန်တော်တို့ တော်လှန်ရေးကြီး
ကအနှစ်၂၀ကျော်လာပြီဖင်ပိတ်ပြီးတော့အကုန်လုံးကိုမငြင်း ပါနဲ့ ကိုအက်ဆစ်ပြောတာတွေကတော်တော်များများမှန်ပါတယ်
ကျွန်တော်တို့ တွေဆင်ချင်ရတာပေါ့ 

ဘုန်းကျော် said...

အက်ဆစ်....ဟေ့..အန်တီစု ခင်ဗျားခေါင်းဆောင်လုပ်ပြီး ဘာလုပ်မှာလဲ။ အီဂျစ်လိုလုပ်ပါလား။ လူထုအုံကြွမှုဖြစ်အောင် ဆွပေးပါလား။ ဟို..ဟာ..လုပ်ပါလား၊ ဒီဟာလုပ်ပါလား။ အခုတော့ ခင်ဗျားတို့တော်တော်စောက်သုံးမကျဘူး။

ဒေါ်စု...ဟဲ့သူတောင်းစား၊ပြည်ပြေးအက်ဆက်(လွမ်းဆွေ) နင့်စောက်လုပ်နင်လုပ်စမ်းပါ...။


စာရေးဆရာကြီး ဘုန်းကျော်(လူ့ဘောင်ချစ်)

Anonymous said...

လွှတ်တော်ထဲမှာဝင်ပြီး ရအောင်တိုက်မယ်တဲ့ တချို့က။
တချို့ကျတော့လည်း အွန်လိုင်းပေါ်မှာ တိုက်နေကြတယ်။
နအဖကတော့ ပေါင်းစားတာ တနိုင်ငံလုံးကုန်ပြီ။
ဒီမိုတွေကျတော့ အွန်လိုင်းသုံးနေတဲ့ လူနည်းစုလေးတောင် မတည့်ဘူး။ လောလောဆယ်တော့ဗျာ ဒေါ်စုလို နိုင်ငံတကာ ICON လူထုခေါင်းဆောင် တစ်ယောက်မှ ထွက်မလာသေးဘူးဗျာ့။ ကိုအက်စစ် ကြီးကိုပဲ ဒေါ်စုနေရာ ပေးလိုက်ကြပါလား။ ဒေါ်စုလည်းလူပဲ နအဖနဲ့ညှိပြီး အေးအေးဆေးဆေးနေလို့ရရင် နေချင်မှာပဲ။ အေးဗျာ ဒါပေမယ့် ဒေါ်စုမှ မလွဲမသွေ ထမ်းဆောင်ရမဲ့ တာဝန်(၂)ရပ်ရှိတယ်။ တစ်ခုက သူ့အဖေက ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေတာရယ်။ နောက်တခုက လူထုက ပေးထားတဲ့ တာဝန်ရယ်။ အဲတော့ ဒေါ်စုခင်ဗျာ သနားပါတယ်ဗျာ။ မိန်းမသား ဒဏ်မဲ့ တာဝန်ကြီးလှပါတယ်။ ဒါနဲ့ ကိုအက်စစ်ကြီးက ဘယ်ကလဲဟင်။ ပြည်ပကလား။ ဒါဆို "ဒေါ်စုနဲ့ ကျနော် လူချင်းလဲဖို့ လာတာပါလို့" ကြွေးကြော်ပြီး ရန်ကုန်လေဆိပ်ထဲ ၀င်ကြည့်ပါလား။ ကိုအက်စစ်ကို ကြိုမဲ့လူတွေအားကြီးပဲနေမှာနော်။ ကိုအက်စစ်ရောက်ချင်တဲ့နေရာကို ရောက်အောင်ပို့ပေးကြလိမ့်မယ်။ အဲကျ ကိုအက်စစ် လုပ်ချင်တာတွေ ဆန္ဒရှိတာတွေ အဲလူတွေနဲ့သာတိုင်ပင်ပြီး နိုင်ငံအတွက် အစွမ်းကုန် တိုက်ပွဲ ၀င်ပြလိုက်ဗျာ။ ဟိဟိ။ ဒီလောက်ပဲ။ အတ္တတွေ လျော့ကြ။ ဟိုမှာ သမ္မတပြောင်ကြီးက "Chain" ဆိုပြီး တက်လာပြီ။ သူ့မိန်းမနဲ့သူ့သမီးတွေလည်ပင်းက ရွှေချိန်းကြိုးတွေကို သေးတာကရင်ကြီးတာ ပြောင်းမယ်ပြောင်းမယ်နဲ့။ အိုဘားမားလို တက်လာပြီ။ အားလုံးပျော်အောင် ၀င်စတာနော်။ ကျေးဇူး။

nyihtwe said...

By responding Yebaw Kyaw Than's article like this, Lun Swe has admitted that Acid is no one else but himself.

လင်္ကာ said...

တာဝန်မယူရဲသော၊ တာဝန်ယူစိတ်မရှိသော၊ တာဝန်မကျေသော ဒေါ်အောင်ဆန်းစုကြည်၊

ဒီလိုခေါင်းစဉ်အကြီးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာတနိုင်ငံလုံးအရေးကို တာဝန်ယူခိုင်းနေတဲ့။တာဝန်မကျေဘူးလို့ ဝေဖန်နေသူ ဟာ ဒီဆောင်းပါးကို ရေးတာကျုပ်ပါလို့  သတ္တိရှိရှိတာဝန်ယူရဲသလားဆိုတာ ကိုယ့်ကိုယ်ကိုယ်အရင်မေးခွန်းထုတ်ပါ။ ဒီလိုတာဝန်မယူရဲရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို တနိုင်ငံလုံးအရေးတာဝန်ယူခိုင်းတာ။တာဝန်မကျေဘူး
ပြောတာ သိပ်ပြီး မတရားရာကျသွားပါလိမ့်မယ်။ ခင်ဗျားဝေဖန်လို့ ရပါတယ်။ ဒါပေမယ့် သတ္တိရှိရှိလုပ်ပါ။ ဒါငါ့ဆောင်းပါးကွ။ ဒါဒေါ်အောင်ဆန်းစုကြည်ကိုငါဝေဖန်တာကွ။
ဒီလောက်တော့ခင်ဗျား သတ္တိရှိရှိတာဝန်ယူလိုက်ပါ။ ဒီလောက်လေးမှခင်ဗျားတာဝန်မယူရဲရင်တော့ နောက်ထပ် ရေးမနေပါနဲ့ တော့ဗျာ။ ဘယ်သူ အတွက်မှအကျိုးမများပါဘူး။ နအဖကလွဲရင်ပေါ့။
ခင်ဗျားသာ ခင်ဗျားရေးတဲ့စာထဲကအတိုင်းဒိမိုကရေစီ ချစ်မြတ်နိုးသူတယောက်ဆိုရင်တော့ ဒါမျိုးမရေးပဲငြိမ်ငြိမ်လေးနေတာ ဒေါ်အောင်ဆန်းစုကြည်ကိုကူညီရာရောက်ပါလိမ့်မယ်။ မြန်မာပြည်ဒီမိုကရေစီရေးကိုကူညီရာရောက်ပါလိမ့်မယ်။လင်ပစ်သားပစ် တဘ၀လုံးပေးဆပ်ပြီး ဦးဆောင်လာတဲ့ အသက်၆၀ကျော် ၇၀နီးပါးအဘွားကြီးတယောက် နားပါစေဦး။
ခင်ဗျားရေးတဲ့ဆောင်းပါးအကုန်ဖတ်ဖြစ်ပါတယ်။
ခင်ဗျားစာတွေ လည်းမှာအကြံကောင်းဥာဏ်ကောင်း တခုမှမပါဘဲ အပြစ်တင်တာ သက်သက်ချဉ်းဖြစ် နေတယ်။ ခင်ဗျားလည်းမောမှာပဲ။နားပါဦး။

Lae said...

မသဲကွဲတဲ့အိပ်မက်က သဲကွဲတဲ့စကားလုံးတွေအစီအရီနဲ့ တော်တော်တိကျတယ်။
ရိုးသားပါ။

nyihtwe said...

Well said sjk.
By the way Lun Swe, can you tell us the source where you found Acid's article?

Than Htike said...

Hi Ko Lun Swe,

Kha Myar Lone wa Mhan tal.

Kya naw lone wa Htauk Khan tal.

NLD bar ma tar win ma kyay khat bu.

Ta char, Ako, Nyi tway lal,,, Gaung aye aye htar pyee sin sar par. ACID and Ko Lun Swe pyaw tar tway mhan tar thi lar par late mal.

Kya naw lal NLD yat bat taw thar ta yauk par....

sirimingala said...

ဒေါက်တာလွဏ်းဆွေ ပြန်ဖြေထားတာကလည်း ပေါ့ပျက်ပျက်နိုင်လှတယ်။ ဟဲဟဲတွေရော။ အိပ်မက်ဆိုပြီး
သူပြောချင်တာတွေပြောလိုက်တာ

ACERCare said...

ဟားဟား တယ်ဆိုတဲ့စာတွေပါလားနော်။ နိုင်းယှဉ်စရာမရှိ အီဂျစ်နဲ့ သွားနိုင်းနေတယ်။ ဟိုနိုင်ငံစစ်တပ် က တပ်ချုပ် ပြောတဲ့စကားကိုလည်းကြည့်လိုက်ဦး ပြည်သူတွေအားတက်စရာ "စစ်တပ်က ပြည်သူတွေကိုပစ်မှာ မဟုတ်ပါဘူးတဲ့လေ" ဒို့နိုင်ငံမှာတော့ ထွက်ကြည့်ပါလား ပစ်လိုက်မယ့်ဖြစ်ချင်း။ အမျိုးတွေပါနေရင်တောင် မင်းဟာမင်းနေ ငါ့ဟာငါနေတာ ကွ ဆိုပြီး ပစ်ထည့်လိုက်လိမ့်မယ်။ မတူရင် မတုနဲ့လေ။ အတင်းကိုလမ်းပေါ်ထွက်ခိုင်းချင်နေကြတယ်။ အရင်ဆုံးထွက်ကြည့်လိုက်ပါဦး ဘာဖြစ်သွားမလဲလို့။ သူများတွေလို ဘဝ အနစ်နာခံ အချိန်တွေအကုန်ခံ ပြီး ထောင်ထဲမှာနေနိုင်မှာလား။ မလုပ်ခင်တည်းက နောင်တရပါပြီဆိုပြီးတော့ နေမယ့်ဟာတွေ။ ဘာပဲပြောပြောပါ နိုင်ငံရေး သမားတိုင်းကိုတော့လေးစားပါတယ်။ သူ့နေရာနဲ့သူပေါ့လေ။ ဘယ်သူမှ အားအားရားရား ကိုယ့်ထမင်းကိုစားပြီး ထောင်ထဲရောက်ဖို့ ထွက်ပြေးဖို့ လုပ်နေမှာမဟုတ်ဘူး။ နိုင်ငံရေးသမားတိုင်းကိုလေးစားပါတယ်။

Unknown said...

ဒေါက်တာလွဏ်းဆွေ ပြန်ဖြေထားတာပေါ့ပျက်ပျက်နိုင်လွနှ်းတယ်။
အရပ်စကားနဲ့ပြောရရင် အရူးကွက်နင်းတယ်ပေါ့။
သူလိုနာမည်ကြီးပညာတတ်တစ်ယောက်အနေနဲ့
ဒီလိုပြန်ဖြေတာစိတ်ကုန်စရာဘဲ

mg said...

Yeap Master Kyaw than

the best one post

Unknown said...

ဒေါက်တာလွဏ်းဆွေ ပြန်ဖြေထားတာတွေက ပေါ့ပျက်ပျက် ၊ ရိသဲ့သဲ့နဲ့ဗျာ....ပညာတတ် ၊ စာပေသမားဖြစ်ပြီး...

hjk said...

ဒေါက်ချာ လွဲဆွေ (ခ) အက်ဆစ် အဆဲခံချင်လို့ ဒီဆောင်းပါးရေးတာမဟုတ်လား ဆဲတယ်ကွာ
မင်း...ငါ....

channyein said...

ကိုယ့်ကိုပြန်ဝေဖန်ရန်ဆက်ဆက်ထိမခံနိုင်တာ အဲဒါဒီမိုကရေစီလား။

koko said...

ရဲ ဘော် ကြီး
ဝေ ဖန် မ ခံ ချင် ရင် တိတ် တိတ် လေး နေ။မင်း သား မင်း သ မီး တွေ စာ ရေး ဆရာ တွေ တောင် မှ ဝေ ဖန် ခံ ရ သေး တာ ဘဲ။ဝေ ဖန် တာ မ ခံ ချင် ရင် အိပ် နေ။လူ ဆိုး ဒီ မို က ရေ စီ နိုင် ငံ တိုင်း ဝေ ဖန် ခွင့် ရှိ တယ် ဟဲ့။အဲ ဒါ က difference side ,difference view လေ ဒါ ကို မ ၇ှင်း ဘဲ ရန် တွေ့ နေ လိုက် တာ ။ သွား ခေါ် ဘူး

Unknown said...

ကျွန်တော်က သာမန်ပရိတ်သတ် တစ်ဦးပါ--ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ကို နေ့ တိုင်းဝင်ကြည့်ဖြစ်ပါတယ် တစ်နေ့ တစ်ကြိမ်မကပါဘူး။- ကိုလွဏ်ဆွေကိုလည်း လေးစားပါတယ်--ဒါပေမယ့် အက်စစ် ဆောင်းပါး ဘလော့မှာပါလာတဲ့ အချိန်ကစပြီး ဒီဘလော့အပေါ် အမြင်ပြောင်းသွားတာ အမှန်ပါဘဲ--အများကြီးဝမ်းနဲပါ တယ် ဒေါက်တာလွဏ်းဆွေ

ဦးတွတ် said...

ဆရာကိုလွမ်းဆွေ ကိုယ်စား အားလုံးကိုကျေးဇူးတင်တယ်ဗျာ သေချာတာကတော့ ခုထိ မညီညွတ် ကြသေးတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ အလှမ်းဝေးးးးးးးးးးးးးနေဆဲပါဗျာာာာာာ (ကျားတွေက မညီညွတ်တော့ နွားကြီးက ဆွဲလို့ ကောင်းနေတုန်းပေါ့...)

kyaw said...

ကိုလွဏ်းဆွေ...
ခင်ဗျားဘလော့်တခုကိုလည်းဦးဆောင်မှုပေးနေတယ် ပညာတက်တယောက်လည်လုပ်နေပြီး အကျိုးနဲ့အကြောင်းနဲ့ပေးစာမျိုးကို တာဝန်ယူပြီးသေချာတုံပြန်သင့်တယ်ဗျာ ပေါ့ပျက်ပျက်ဘာမှမရှိတဲ့လူတယောက်လို ဟီးဟီးဟားဟားတွေ ဆေးကြိုးကြားကြိုးကြား သောက်ဆိုတာတွေလိုကတော့ ရှက်စရာကောင်းလွန်းတယ် ပြီးတော့ ကိုယ်တိုင်တောင် လူထုခေါင်းဆောင်အဆင့်ထားဦး နေရာတခုအတွက် အပြည့်ဦးဆောင်မှုမပေးနိုင်သေးပဲ တခြားဘက်တွေကို လိုက်ထောက်နေရင် ဘာလုပ်မှာတုန်းဗျာ.. ပြောခွင့်တော့လူတိုင်းရှိပေမယ့် ပြောချင်တဲ့စကားတိုင်းလည်း တာဝန်ယူရဲတဲ့စိတ်ဓါတ်ပါမွေးထားနိုင်ပါစေဗျာ..

Unknown said...

အက်ဆစ်ရဲ့ ပထမဆောင်းပါး အရေးအသားဟန်၊
ပြီးတော့..ရမ်သမ်လို့ ခေါ်မလားပဲ၊
ဒါတွေက ရဲဘော်ကျော်သန်း ဆောင်းပါးရေးဟန်နဲ့
ဆင်နေတာတွေ့ ရတယ်။
အက်ဆစ် က ရဲဘော်ကျော်သန်း ဖြစ်ဖို့ များတယ်။

အက်ဆစ်ရဲ့ ဒုတိယဆောင်းပါး က ရဲဘော်ကျော်သန်း
နဲ့ ကိုလွဏ်းဆွေ ပေါင်းပြီး NLD ကို
သူတို့ ဖြစ်စေချင်တာတွေ ပေါင်းရေးလိုက်တယ်
လို့ ထင်တယ်။

ခု..ချက်ခြင်းပဲ၊
အပြန်အလှန် အချီအချလေးတွေနဲ့ ......။

Unknown said...

အရူးကြီး
...........စိတ်ကူးယဉ်နေသေးတယ်.......မဖြစ်နိုင်ရင်ပြောမနေနဲ့ .............ခင်ဗျားတို့ အလုပ်လုပ်သလောက်ဒေါ်စုပါလိုက်လုပ်ရင်အေးဆေးပဲ.........အခုကသူကမှဖောရှောရိုက်နေရင်အဆင်မပြေဘူးဗျ.........ဒေါ်စုကအရည်အချင်းမှမရှိတာဘယ်လိုလုပ်ပီးနိုင်ငံကြီးကိုဦးဆောင်နိုင်မှာလဲ...............အားကိုးမှားသွားတယ်ဗျာ...ကျနော်တို့ .....ဗိုလ်ချုပ်သမီးဗိုလ်ချုပ်လိုအရည်အချင်းရှိမယ်ဆိုတာစောစောကထင်ခဲ့ တာ...........နောက်ဆုံးတော့လဲ ဘာမှဖြစ်မလာဘူး...ကျနော်တို့ ပြည်သူတွေပဲဘ၀ဆုံးသွားတာ.....အာပလာစုပါ........အခုဆိုနအဖက သူတို့ ရည်မှန်းချက်အတိုင်းလုပ်လို့ အောင်မြင်နေပီလေ......ကျနော်တို့  NLDကဘာရည်မှန်းချက်မှမရှိတာ....တကယ်ပဲဗျာ.....မပြောတော့ပါဘူး..........တကယ်လို့ ကျနော်ပြောတာမကြိုက်လိုဆွေးနွေးချင်တယ်ဆိုရင် 2010rooney ကိုအပ်လိုက်ပါ..........

ABC said...

ဒေါက်တာလွဏ်းဆွေဘလော့ကို မကြာခဏ ရောက်ပါသည် ၊ အရင်တလောက တစ်ချို.ဆောင်းပါးတွေမှာ ကွန်မန်.တွေ သိပ်မတွေ.ရပါ ၊ ဒေါက်တာကြီးရဲ့ မွေးနေ.ပွဲမှာတောင် ဆုတောင်းပေးတာ သိပ်မတွေ.ရပါ ၊ ကျွန်တော်တို.မြန်မာတွေက ဆွမ်းကြီးလောင်းတဲ့ပွဲဆို ၀ါသနာပါကြပုံ ပေါ်ပါတယ် ၊ ဘလော့လေး နည်းနည်းငြိမ်နေပြီဆိုရင် ဒေါက်တာကြီက အက်စစ်လေးနဲ. ပက်လိုက် ပွဲဆူသွားလိုက် ကွန်မန်.တွေ ရာကျော် သွားလိုက်နဲ. ၊ ဘာတွေဖြစ်နေမှန်းကိုမသိတော့ပါ ၊
အက်စစ်ကို ရဲဘော်ကျော်သန်းက ဝေဖန် ၊ ဒေါက်တာလွဏ်းဆွေက သရော်သလိုလို ပြောင်ချော်ချော်အရေးနဲ.ပြန်လည်ချေပနဲ. ပတ်ချာလည်နေပြီး နအဖက မီဒီယာကို မီဒီယာနဲ.တိုက်မဲ့ ပြန်ကြားရေး အဖွဲ.တောင် ခုလိုဆောင်းပါးတွေကြည့်ပြီး သူတို.ရဲ့ ရုံးခန်းကိုပိတ်ရမလိုဖြစ်နေပါတယ် ၊ ဒီဆောင်းပါးတွေနဲ. အချင်းချင်းပြန်နှက်နေတဲ့ ပွဲဟာ နအဖ ရဲ့ အပျင်းဖြေ ရသစာပေတစ်ပိုဒ် ကို ဖတ်နေရသလိုဖြစ်နေပါလိမ့်မယ် ၊
တကယ်တော့ နအဖက အာဏာကို လက်မလွတ်ချင်သလို အတိုက်ခံတွေက လည်း အာဏာလိုချင်လို.တိုက်တဲ့ပွဲ အာဏာလုပွဲလို.ပဲ ထင်မိပါတယ် ၊ အတိုက်ခံ တွေတက်လာလည်း ဘာမှထူးမယ်လို. မထင်မိပါ ၊ ဘယ်သူတွေတက်ပြီး အုပ်ချုပ် ချုပ် ကောင်းလာမဲ့အနေအထားမတွေ.ရပါ ၊ ပြည်သူတွေကို စေတနာထားမဲ့ နိုင်ငံရေး အဖွဲ.အစည်းကို မမြင်မိပါ ၊

ဆက်ရန် ...

ABC said...

ဖတ်ခဲ့ဖူးတာလေးကိုပြန်လည် မျှဝေရမယ်ဆိုရင်တော့ ရောမအင်ပါယာကြီးကျဆုံးရတာက ပြည်ပက ရန်သူတွေတိုက်လို.လည်းမဟုတ် ၊ အစာရေစာငတ်မွတ်ခေါင်းပါးလို.လည်း မဟုတ် ၊ ကပ်ရောဂါ အန္တာရယ် တွေထူပြောလို.လည်းမဟုတ်ပါ ၊ အဓိကအကြောင်းအရင်းက ပြည်သူလူထု တွေရဲ့ အကျင့်စရိတ္တပျက်ပြားရခြင်း ကြောင့်သာဖြစ်ပါတယ် ၊ နောက်ဆုံး တော့မြန်မာနိုင်ငံကြီး မွေတေနေတာ ရောမအင်ပါယာကြီးကျဆုံးတာနဲ. ခပ်ဆင်ဆင်တူနေပါတယ် ဒီအချိန်မှာ ငါကမှန်တယ် ကောင်းတယ်ဆိုပြီး ကိုယ်ရေသွေးပြီး သူကမှားတယ် ၊ မကောင်း ဖူးလို.ရှုံ.ချနေတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားရေး အတွက်ဘာမှ အထောက်အကူပြုနိုင်မယ် မထင်ပါ ၊ ဘိန်းစားချင်း အတူတူ တစ်မူးပိုရှူချင် တယ်လို.ပဲထင်မှတ်မိပါတယ်

ကွန်မန်.ရေးတဲ့သူတွေက ကျွန်တော့်ကို မေးခွန်းထုတ်လာနိုင်ပါတယ် ၊ အေဘီစီရေ မင်းရောကောင်းလို.လားဆိုပြီး မေးလာခဲ့ရင် ခုကတည်းက ကြိုပြီးဖြေထားပါ့မယ် ၊ ကျွန်တော်လည်းမကောင်းပါဖူးလို.

အားလုံးကျန်းမာရွှင်လန်းကြပါစေ ….

Unknown said...

မီဒီယာ ဆိုတာ လွတ်လပ်ခွင့်ရှိတယ်..လွတ်လပ်စွာ သဘောကွဲလွဲရှိပါတယ်။ကို Naing ပြောတာမှန်တယ်
တရားမျှတတဲ့ဒီမိုကရေဇီဆိုတာ ကိုယ်ပိုင်ဖော်ထုတ်ပိုင်ခွင့်ရှိတာပွလေ..ဥပမာ အက်ဆစ် ဝေဖန်တာမျိုးပေါ့....သူပေးတဲ့စာတွေကို ..ကိုလွဏ်းဆွေတင်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ရမှာပဲ...ဟုတ်တယ်မလား ..ရဲဘော်ကျော်သန်းရေ......အက်ဆစ်ရေ...ခများရေတဲ့စာတွေထောက်ခံပြီး လေးစားသာမက ခများရေးတဲ့ ကဗျာတွေရဲ့ ပရိတ်သတ် တစ်ယေက်ပါ......

Unknown said...

ဟုတ်တယ် ကိုwhite. ကိုNaing ပြောတာမှန်တယ်။

Unknown said...

Acid or Lun Swe,

We wanna read your self-critise for your biography. Why did u abandon your wife before coming to here. Sorry to ask you. But Iconsider you should critise yourself too if you willing to do such practice.

Unknown said...

အင်း...Acid အပြင်းစားဘဲနော်.! လူတွေ အလုပ်ရှုပ်သလို ခွေးတွေလည်း ဟောင်လိုက်ကြတာ၊ ဒီပုံအတိုင်း ဆက်သွား..နောက်အနှစ် ၂၀ မြန်မာပြည် ဒီမိုကရေစီမရစေရဘူး...ဒေါ်စု အသက် ၆၅ နှစ်..၈၅ နှစ်ပြည့် မွေးနေ့ ထိ စာပွဲဝိုင်းမှာ ရှင်းယူမယ် ဆိုပြီး ထိုင်ခေါ်နေလို့ တော့ ဘယ်ဖြစ်မလည်း.."ဗိုလ်ချုပ်က သာ ရရင် ရ မရ ရင်ချ" ဆိုပြီး မပြာဘဲ.မလုပ်ဘဲ(မချ) ဘဲ နေခဲ့ ရင် အခုထိ Eng: လက်အောက်က လွတ်ဦးမှာ မဟုတ်ဘူး..နိုင်ငံတကာ ဆုတွေ စာမျက်နှာပေါ် တိုးနေပေမဲ့ .ဆင်းရဲတွင်းက ပြည်သူ ဘယ်နှစ်ယောက် လက်တွေ လွတ်မြောက်သွားဘူးလည်း..ပညာရေး၊ကျမ္မာရေး၊စီးပွားရေး..ဘယ်ရှုထောင့် က တိုးတက်အောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်ပြီလည်း? တကယ် လူထု လွတ်မြောက်စေချင် တိုးတက်စေချင်တယ် ဆိုရင်..စားပွဲဝိုင်းမှာ မဖြေရှင်းနိုင်ဘူး၊ လက်ခံစကားပြောစရာ မလိုဘူး လို့  နအဖ က ပြောနေ၊ လုပ်နေတာကို ဆက်ခေါ်နေမဲ့  အစား..တိုက်ပွဲ ပုံသဏ္ဍန် ပြောင်းသင့် တယ်လို့  ရိုးသားစွာ အကြံပြုချင်ပါတယ်...။

kalay said...

ကျွန်တော်ကတော.ဒေါက်တာကြီးလဲ
မတင်းဘူးကိုကျော်သန်းလဲမတင်းဘူး
ဟိုကောင်မိုသီးဇွန်ကို
ဘဲတင်းတယ်.ဘာတဲ.(တိုက်ပွဲခေါ်သံလားဘာလား we fight we
win ဆိုလားဘာလား)ဘာမှလဲမဟုတ်ဘူး။
နေတော.USမှာတိုက်မယ်
တိုက်မယ်ဆိုတာကြည်.ပဲ။
အကောင်းဆုံးကတော.ငမိုးသီးရေ
......ပဲတိုက်လိုက်တော.

Unknown said...

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာစက လူငယ်တွေအနေနဲ့ အခုလိုမျိုးတက်ကြွ နိုးကြားနေတဲ့ အတွက် အားရကြေနပ် မိကြောင်း ပြောခဲ့ တာ မီဒီယာက တွေ့ ရပါတယ်..။ အခု တစ်ခါ..."တိုင်းပြည်မှာ လူငယ်များ နိုင်ငံရေး စိတ်ဓါတ် တက်ကြွ နိုးကြားရန်များစွာ လိုအပ်နေလို့ ထပ်ပြောပြန်တယ်..ဘယ်ဟာ ကို လက်ခံရမှာ လည်း ခင်မျာ..?..။

mg said...

ဒီမိုကရေစီရဲ့ သဘောသဘာဝအရ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်လို့
ဆိုကြတယ်မဟုတ်လား။

ဒီလိုဆိုရင် ဒီမိုကရေစီလည်းလိုချင်သေးတယ် ကိုယ့်စကားကိုတောင် အရင်ဆုံး ဒီမိုကရေစီကျကျ မကျင့်သုံးနိုင်ကြသေးတာတွေ့ရတယ်။
ဘယ်ရမလဲ ဒီမိုကရေစီ။ကိုယ်တိုင်တောင် လွတ်လပ်စွာ ဝေဖန်မခံရဲ ဝေဖန်ခွင့်မရှိတာ တစ်ဖက်သက်ရေးချင်တာရေး ပြောချင်တာပြောကြတာပဲလေ။

ကိုယ်တိုင် ဒီမိုကရေစီကျကျ ကျင့်သုံးနိုင်အောင် အရင်ကြိုးစားကြ။နောက်မှ ဒီမိုကရေစီရအောင်လုပ်။

kalay said...

yes i agree MG s comment .nice bro MG its true.babies are fightting here so funny.lol

ei ko said...

အက်ဆစ်ဆိုတာမင်းဘဲလွန်းစွေ၇ယ်။တိုက်ဆိုင်တဲ.
အချိန်တိုင်းပေါ်လာတဲ.ပွဲဆူအောင်လုပ်တဲ.မင်းတိုက်
ကွကိတွေ၇ိုးသွားပြီ။

လင်္ကာ said...

ဒေါက်တာလွမ်းဆွေ
အပေါ်ကကွန် မင့်ကိုဖျက်လိုက်ပါဗျာ။
ဒီလောက်ရိုင်းစိုင်းတဲ့  ကွန်မင့် ကို ခင်ဗျားဘလော့မှာ မတင်ပါနဲ့ လို့ အကြံပေးပါရစေ။
ဒါမျိုး ရိုင်းရိုင်းစိုင်း စိုင်းပြော တဲ့ကွန်မင့်တွေရှိတယ်ဆိုတာသိစေချင်ရင်လည်း
ဒေါက်တာလွမ်းဆွေ(မြန်မာ့အလင်း။ကြေးမုံ)
အဲဒီ လိုစာမျက်နှာ တခုအသစ်ဖွင့်ပြီး အဲဒီမှာ
ဖော်ပြပါလို့  အကြံပေးပါရစေ။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တဲ့ အနှစ်အသားမပါတဲ့ ဆောင်းပါးကို
ရှေ့ စာမျက်နှာပေါ်မှာဖော်ပြ ပြီး(အဲဒီအထိ ဒါဟာမတူကွဲပြားတဲ့အမြင်လို့ လက်ခံလို့ ရပါသေးတယ်)ဒေါ်အောင်ဆန်းစုကြည် ကိုရောဦးဝင်းတင်ကိုပါ ပက်ပက်စက်စက်ဆဲတဲ့စာကို နောက်ကွန်မင့်စာမျက်နှာ မှာဖော်ပြတဲ့ ခင်ဗျား ဘလော့ ဟာ
ဒေါက်တာလွမ်းဆွေ(မြန်မာ့အလင်း၊ကြေးမုံ) အဖြစ်
တဖြည်းဖြည်းပြောင်းလာနေတယ်လို့ ဝေဖန်ချင်ပါတယ်။

လင်္ကာ said...

ဒေါက်တာလွမ်းဆွေခင်ဗျား
ဒီတပတ် song of the week မှာ ခွန်အားဖြည့်မိငယ် သီချင်းတင်ပေးပါလို့ 
တောင်းဆိုပါရစေ။

Unknown said...

ဝေဘန်တာကိုတော့ လက်ခံတယ်၊ ဒါပေမဲ့ ကိုယ့်ခေါင်းဆောင် တယောက်ကို စကားလုံးမြောက်များစွာနဲ့ သုံးစား မရလောက်အောင် အောက်တန်းစား အသုံးအနှုံးများသုံးပြီး ဝေဘန်တာမျိုးဟာ ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ ထင်တယ်။ ခုဟာက ခေါင်းဆောင်တယောက်အပေါ်မှာ ယုံကြည်မှုလုံးဝ မရှိတဲ့ သဘောပဲ။ ဒီတော့ လူတယောက်ကို မယုံကြည်ရင် သူ့အကြောင်းကို ဥဏှောက်ထဲမှာ ထည့်ပြီး စဉ်းစားနေစရာမလိုသလို သူ့အကြောင်းကို ပြောနေစရာ ရေးနေစရာ ဘာမှ အကြောင်းမရှိဘူး။ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီပဲ။ ဒီလို ဝေဘန်တာမျိုးမှန်သမျှကို အာဏာရှင် အရင်းရှင်းဝါဒသမားတွေလို့ပဲ ကျုပ်တို့က ခံယူထားတယ်။ နေရင်းထိုင်ရင်း ဝစီဒုစရိုက်လေးပါးလုံးကို အပြည့်အဝလွန်ကျူးနေတဲ့ ဒုစရိုက်ကောင်တွေဆိုတာ ဒါတွေပါပဲ။ နအဖအုပ်စုတွေက ဒုစရိုက်ဆယ်ပါးလုံးကို မွမွကျေအောင် ကျူးလွန်နေတယ်။ ဘေးထိုင်အပြစ်ပြောနေရုံလေးလောက်နဲ့ကတော့ နောက်ထပ် အနှစ်သုံးဆယ်အထိ ဒီမိုကရေစီနဲ့ ဝေးနေကြဦးမှာပဲ။ ဒေါ်စုခေါင်းဆောင် မလုပ်နိုင်ဘူးထင်ရင် ကိုယ့်ကိုယ်ကို အထင်ကြီးနေသူတွေ ကိုယ်တိုင်သွားပြီး ခေါင်းဆောင်လုပ်ကြည့်လိုက်ပေါ့ဗျာ။ ကမ္ဘာ့ရက်စက်အယုတ်မာဆုံး စစ်အာဏာရှင်တွေက ဘယ်လိုလုပ်ထုတ်လိုက်မလဲဆိုတာ ကိုယ်တိုင်သိရအောင်ပေါ့။

Unknown said...

အမေစု။ ။
" ပြည်တွင်းကလူထု စစ်အာဏာရှင်တွေကို
ဆန့် ကျင်တိုက်ထုတ်ဖို့ 
အဝေးကနေပြီ့း နိုးဆော်၊တိုက်တွန်း၊
အားပေးနေကြတဲ့ သားတို့ ရင်ထဲ ဘယ်လိုတွေ ခံစားနေရလဲ ဆိုတာ သိချင်လို့ ...
အီဂျစ်လူငယ်တွေကို အမေစု အဝေးကနေ လှမ်း အားပေး ခံစားကြည့်တာပါ..သားတို့ ရယ် "

ရဲဘော်ကျော်သန်း။ ။
" အဝေးကနေ လှမ်းအားပေးတာ ဘယ်လိုလဲ ဆိုတာ သိသွားပြီပေါ့၊
မခံမရပ်နိုင်အောင်ကိုဖြစ်လို့  နိုးဆော်၊တိုက်တွန်း၊အားပေးပြီး
အဝေးကတိုက်ပွဲဝင်နေတာ၊
ဇာတိမာန် တလိမ့်လိမ့်တက်၊သွေးတောင် ဆူမတတ် ခံစားရတယ်မလား၊ အမေစု "

အမေစု။ ။
" ဟုတ်တယ်၊ တကယ့်ကို ခံစားရတယ်၊
လာ ပစ် မယ့် ဖမ်း မယ့် သူ မရှိလို့  "

ddddd said...

ဟေ့ ဗကပပျက် ကွန်မြူနစ်မယားငယ်ကို ပေးတဲ့ comment ကိုဘာလို့ ဖျက်တာတုန်းကွ။

hlwannyein said...

အက်ဆစ် ရေ မင်း ကို အကပညာတတ်တဲ့ အကပညာရှိတစ်ယောက်အနေနဲ့ ငါမြင်ကြည့်လိုက်မယ်..
မင်း ဘယ်လောက်ပဲအကပညာတွေတော်နေ တတ်နေ ကတတ်နေပါစေ .... မင်းလက် မင်းခြေတွေကို ကြိုးတုပ်ပြီး ငါအကခိုင်းမယ် .. ပြီးတော့ မင်းရဲ့ကကွက်ကို ကြည့်ခြင်တယ်လို့ ငါပြောမယ် ... ငါ့ကိုဘယ်လိုကပြမှာလဲ ငါ့မျက်လုံးထဲမြင်ခွင့်ရအောင် ဘယ်လိုကပြမှာလဲ .... အသံနဲ့တော့ မင်းပြောနိုင်ပါလိမ့်မယ် .... ဒါပေမယ့် ငါမင်းအသံကိုမကြားချင်ဘူး မင်းကတာပဲမြင်ခြင်တယ် ....