The Fall of Burmese Opposition (1988-2011)
ဝမ်းနည်းကြေကွဲခြင်း
ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများသည် မြန်မာပြည်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်သူက လက်နက်ကိုင်၊ အကြမ်းမဖက်နည်းနဲ့ တော်လှန်သူက တော်လှန် စသဖြင့် နှစ်ပေါင်း ၂၀ ကျော် အားကြိုးမာန်တက် လုံးပမ်းခဲ့ကြသည်။
သို့သော် ၂၀၁၁ ခုနှစ်နှောင်းပိုင်း နိုင်ငံရေးတဆစ်ချိုးတွင် တိုက်မဲ့သူလည်းမရှိ၊ တော်လှန်မဲ့သူလည်းမရှိအဖြစ် ရောက်ခဲ့ရသည်ကို ၀မ်းနည်းကြေကွဲစွာ မြင်ခဲ့ရသည်။ တိုင်းပြည် မလွတ်မြောက်သေးချိန် ပြည်သူတွေလည်း ဒီမိုကရေစီ မရသေးချိန်မှာ အချိန်စောပြီး ကွယ်လွန်ခဲ့သည့် မြန်မာအတိုက်အခံအား ယခုပန်းခြင်းဖြင့် ဂုဏ်ပြုပါသည်။
၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် အမိန့်ပြန်တမ်း
အသင် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ...
သင်သည် ၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး အောင်ပွဲရ ခဏပန်းသာ လူတွေကို ပျော်ရွှင်စေခဲ့သော်လည်း နောက်ပိုင်းတွင်း ဒုက္ခအမျိုးမျိုးပေးခဲ့သူ ဖြစ်သည်။
သင့်ကို စိုးရိမ်ထိတ်လန့်သည့်အတွက် စစ်အစိုးရက ၁/၉၀ အမိန့်နဲ့ အန်အယ်လ်ဒီကို ဒုက္ခပေးတာ ခံခဲ့ရသည်။ သင့်ကို အားကိုးပြီး စင်ပြိုင်အစိုးရထောင်ဖို့ ကြံသူတွေ အဖမ်းခံ အနှိပ်စက်ခံခဲ့ရသည်။ သင့်ကို မြတ်နိုးတွယ်တာခဲ့သည့် ၉၀ အမတ်တချို့ တောထဲထွက်ပြေးခဲ့ရသည်။ သင့်ကြောင့် တောထဲမှာ သေသူတွေလည်း သေကုန်သည်။ မသေသူတချို့လည်း တတိယနိုင်ငံ ရောက်ကုန်သည်။
သင့်ကို အလေးထားလွန်းသည့်အတွက် ဒေါ်စုက လွှတ်တော်ခေါ်ပေးရေး အကြိမ်ကြိမ် တောင်းဆိုတာ ပစ်ပယ်ခံခဲ့ရသည်။ ဒေါ်စုနှင့် ဦးတင်ဦးတို့ မကြာခဏ အကျယ်ချုပ်ခံရသည်။
သင့်ကို မြေတောင်မြှောက်ပေးဖို့ စစ်အစိုးရနဲ့ အန်အယ်လ်ဒီကြား ယုံကြည်မှုတည်ဆောက်ခဲ့တာ ပျက်ပျယ်ခဲ့ရသည်။ နောက်ဆုံး ဒီပဲယင်းအရေးအခင်းမှာ ဒေါ်စုကို သတ်ဖြတ်ဖို့ စစ်အစိုးရဘက်က ကြံစည်အပြီးမှာ ယုံကြည်မှုတည်ဆောက်ရေး ပျက်ပြယ်ခဲ့ရသည်။
သင့်ကို လူလားမြောက်အောင် လုပ်ပေးဖို့ ရည်ရွယ်ခဲ့သည့် စီအာပီပီ လွှတ်တော်ကိုယ်စားပြုကော်မီတီလည်း ခုတော့ ပျက်ပြယ်ခဲ့ရပြီ။ သင့်ကြောင့် တတ်သိနဲ့ မျိုးချစ်တွေ ကွဲခဲ့ရသည်။ သင့်ကြောင့် အောင်ကြီးနဲ့ မျိုးချစ်တွေ ကွဲခဲ့သည်။
သင်ကလည်း ပျိုးတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့သည်။
ထို့ကြောင့် သင့်ကို အကြောင်းပြုပြီး ပြည်ပမှာလည်း အမ်ပီယူ လွှတ်တော်သမဂ္ဂဆိုတာ ပေါ်လာသည်။ အဝေးရောက် ညွှန့်ပေါင်းအစိုးရဆိုတာ ပေါ်လာသည်။ နောက်ဆုံး နှစ် ၂၀ လုံး ၀န်ကြီးချုပ်က ဆင်းမပေးသည့် ဒေါက်တာစိန်ဝင်းကို မနာလိုဖြစ်သူတွေ များလာသည်။
သင့်ကို အမွေခွဲဖို့ ကြံသူတွေအချင်းချင်း သွေးကွဲကုန်သည်။ သင့်ကြောင့် ဒေါ်စန်းစန်းနဲ့ ဒေါက်တာစိန်ဝင်းတို့ ရန်ဖြစ်ကုန်သည်။ သင့်ကြောင့် ဒေါက်တာစိန်ဝင်းကို တိုင်းရင်းသားတွေ အစာမကြေဖြစ်ကုန်သည်။ သင့်ကြောင့် စင်ပြိုင်အစိုးရကို တိုးချဲ့ဖို့လုပ်ကြရင်း ၀င်း-ဘိုဂိုဏ်းနဲ့ တိုင်းရင်းသားတွေ သွေးကွဲကုန်သည်။
သင့်ကို အကြောင်းပြုပြီး FTUB ဦးမောင်မောင်ကို သတ်ချင်ဖြတ်ချင်သူတွေ တကြိမ်းကြိမ်းဖြစ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နယ်စပ်လွှတ်တော်ကြီးဖွဲ့ဖို့ ကြံစည်ရာကနေ ဒေါက်တာစိန်ဝင်းနဲ့ တိုင်းရင်းသားတွေ သင့်ကို အမွေလုရင်း ခိုက်ရန်ဖြစ်ကုန်သည်။ မိတ်ပျက်ကုန်သည်။
သင့်ကို မျှော်ကိုးရင်း အန်အယ်လ်ဒီက စတိတ်မန့်တွေ တခုပြီးတခု နှစ် ၂၀ လုံး ထုတ်လာတာ နောက်ဆုံး ဦးအောင်ရွှေကိုတောင် အယုံအကြည်မရှိ အဆိုတွေ အဖွဲ့ချုပ်ဝင်တချို့က တင်သွင်းသည်ထိ တင်းမာခဲ့သည်။ မျိုးချစ်တွေကို အေဘီမြောက်ပိုင်းက လူသတ်ပွဲလို မသတ်ကြလို့ တော်သေးသည်။
အနှစ် ၂၀ ကြာတဲ့အချိန်မှာ သင့်ကို လူရာဝင်အောင် လူတန်းစေ့အောင် မလုပ်နိုင်တော့ပါလို့ အန်အယ်လ်ဒီက ပြည်သူတွေကို တောင်းပန်ဝန်ချခဲ့ရလို့ မျက်နှာပျက်ခဲ့ရသည်။
အသင် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ...
သင်သည် အသက်ရှင်စဉ် အတိုက်အခံကို ကောင်းကျိုးထက် ဆိုးကျိုးပေးခဲ့သူဖြစ်သည်။ နောက်ဆုံး ၂၀၁၁ ခု နိုဝင်ဘာ ၁၈ ရက် အန်အယ်လ်ဒီစည်းဝေးပွဲကနေ သင့်ကို မြေမြှုပ် (ဆောရီး) ဘားမားဂဇက်မှာ မြှုပ်နှံလိုက်ပြီလို့ ဒေါ်စုက ပြောတော့မှ သင့်အပေါ် သံယောဇဉ်တွေ ပြတ်ကုန်သည်။ ဒါတောင် သင့်ကြောင့် ပြည်ပအတိုက်အခံတွေပါ ပရွက်ဆိတ်အုံ မီးသတ်ပိုက်နဲ့ ထိုးချသလို မြောင်းထဲရောက်ပြီး သင်နှင့်အတူ ဇာတ်သိမ်းကုန်သည်။
အသင် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ...
သင့်ကြောင့် မခံမခံရပ်နိုင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဒုက္ခပေးလှသည့် နဂါးကြီးကို တိုက်မည်ဆိုပြီး နဂါးကိုယ်ပေါ် ခုန်တက်သွားပြန်ပြီ။ ဘယ်လိုပုံနဲ့ ပြန်ဆင်းလာမည် မသိရသေး။ သူကိုယ်တိုင် နဂါးအသွင်ပြောင်းပြီး ပြန်ဆင်းလာနိုင်တယ်လို့ မှန်းသူက များနေသည်။ ထားတော့ ...။
အသင် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ...
ဒီမိုကရေစီဆိုတာကြီးလည်း မရချင်နေပါ။ လူ့အခွင့်အရေးတွေ မရချင်လည်းနေပါ။ လွတ်လပ်စွာ မပြောရလည်း နေပါ။ သင်လည်း သွားလိုရာ သွားနိုင်ပါပြီ။ သင့်ကို မြန်မာအတိုက်အခံနဲ့အတူ တပါတည်း သဂြိုဟ်လိုက်သည်။ နောက်တခါလည်း လူ့ပြည်ပြန်မလာပါနဲ့လို့ အမိန့်ပြန်တမ်းထုတ်လိုက်သည်။
ရဲဘော်ကျော်မြင့်နဲ့အဖွဲ့
(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်မှ ...)
11 comments:
YES,we agree with your gazette but
opposition and revolutions were never end till we get freedom.we need to reform oppoosations and
revolutions.Nothing happen if we going on the old road and technic.we never give up and never depress.
သူများဆီက အချောင်ယူပြီး နာမည်ရနေတဲ့ဒေါက်တာလွဏ်းဆွေဆိုရင်လည်း ကာတွန်းကိုစောငိုရေးထားတဲ့ ကာတွန်းတစ်ပုဒ်ကူးပြီး သူ့ ဆီမှာတင်တယ်။ တင်တဲ့အခါရိုးရိုးသားသားမတင်ဘူး။ နာမည်ပါပြောင်းပြီးတင်တယ်။ ခွင့်ပြုချက်လည်းတောင်းတာမဟုတ်။
ရွှေမန်းတင်မောင်ရဲ့  "ရွဲကုန်သည်ဇာတ်" ခင်းနေရမယ့် အချိန်မဟုတ်ဖူးဗျို့ .... အတိုက်အခံဆိုသူတွေ နှစ်နှစ်ဆယ်ကျော်မကုကိုးစားလာခဲု့ကတာ တိုင်းပြည်ုကီးလည်း အခွံချည်းကျန်၊ ပြည်တွင်းမှာ မေုကာက်မရွံ့  တိုက်ပွဲဝင်နေသူတွေလည်း ထောင့်အပြင် သင်္ချိုင်းတွေပါရောက်၊ နိုင်ငံသားတွေလည်း နိုင်ငံတကာလှည့် အင်တာနေရှင်နယ်ကျွန်တွေ၊ ပျော်တော်ဆက်မယ်(ဖာ)တွေဖြစ်၊ ခင်ဗျားတို့ အတိုက်အခံတွေက အဲသည်အကွက်တွေထောက်ပြပြီး မျောက်ပြဆန်တောင်းလုပ်၊ အချင်းချင်း ခွက်စောင်းတွေခုတ်၊ စားကျက်တွေလု လုပ်နေလိုက်ုကတာ ခင်ဗျားတို့  တော်လှန်နေပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မှူုးကီး ဆိုသူတောင် အေးအေးဆေးဆေးနှပ်လို့ ရတဲ့ အချိန်တိုင်သွားပါရော့လား... ခင်ဗျားတို့ လိုချင်တဲ့ အတိုက်အခံ တော်လှန်ရေးဆိုတာဘာလဲ ? ပြည်သူတွေ ငတ်နေတဲု့ကားထဲက သွေးချောင်းစီးတိုက်ပွဲတွေဝင်၊ ဒေါ်အောင်းဆန်းစုကည်ကို အိုသေတဲ့အထိ ခေါင်းမာမာနဲ့ တင်းခံ၊ အလုံးစုံ ပျက်သုန်းရေးတွေလုပ်နေမှ အတိုက်အခံတော်လှန်ရေးထင်တာလား ? ဒီပဲယင်းတုန်းကသာ ဒေါ်အောင်ဆန်းစုကည် အသက်ဆုံးပါးသွာုးကည့် ... ဘာတွေဖြစ်လာမှာလဲ.. ဘာတွေဖြစ်သွားမယ်ထင်သလဲ.. ခင်ဗျားတို့  ဘာတတ်နိုင်ဦးမှာလဲ... ခင်ဗျားတို့  အားကိုးတဲ့ နိုင်ငုံကီးတွေကရော ...အလကား အရူးတွေ... ကီးဘုတ်တချောက်ချောက်နှိပ်ပြီး ကိုယ့်ကိုကိုယ် အတိုက်အခံ တော်လှန်ရေးသမား ထင်သူတွေ၊ ဦးအောင်ဖေကို မရှက်ဖူးလား၊ ကိုမင်းကိုနိုင်တို့ ကို အားမနာဖူးလား.. ??? ခင်ဗျားတို့ က တီဗီက တိုက်ရိုက်လွင့်နေတဲ့ ဘောလုံးပွဲကို လက်ဖက်ရည်ဆိုင်က ထိုင်ဝေဖန်နေတဲ့သူတွေလိုပဲ... အခုက ပြည်တွင်းမှာ ဘာတွေဖြစ်နေ၊ ဆုတ်ယုတ်ပျက်စီးနေသလဲ ? ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကောင်းရာကောင်းေုကာင်းလေးတွေ ဖြစ်လာတာပဲလေ... မြောက်ကိုးရီးယားလို ဖြစ်မသွားတာ ကျေးဇူးတင်.. စစ်တပ်က အဲသည်အချိုးချိုးလည်း ခင်ဗျားတို့  ဘာတတ်နိုင်မှာလဲ... ခွေးဝဲစားတွေလို ၀ဲကုပ်လိုက် လူရိပ်မြင် ထဟောင်လိုက်..အမှိုက်ပုံထဲ ခေါင်းထိုးဝင်ရှာစားလိုက်နဲ့ ပဲ ခင်ဗျားတို့ အတိုက်အခံဆိုတဲ့ ငေုကာင်တွေ ဘ၀တွေက ပြီးသွားမှာ.. ကိုယ်လည်းအဖြစ်မရှိ- သိ၊ တတ်တဲ့သူလုပ်တော့လည်း ၀ိုင်းမကူတဲ့အပြင် ပွဲဖျက်မြင်းလုပ်၊ ဒီလိုပုံတွေနဲ့  ဒီမိုကရေစီနိုင်ငုံကီးကို ထူထောင်ချင်သတဲ့လား ? ကိုယ်စွမ်းမယ်ထင်၊ ကိုယ့်အရည်အချင်း ကိုယ်ယုံရင် လုပ်လေ- လုပ်ခွင့်လည်း ရှိပါတယ်... အခုအချိန်မှ ကျုပ်တို့ လူငယ်တွေ သိလိုက်ရတာက ခင်ဗျားတို့  တော်လှန်ရေးသမားဆိုတဲ့ကောင်တွေထဲမှာ အာဏာရူး၊ လူသတ်သမား၊ုကာကူလီ၊ အရက်ေုကာင်၊ ဖွန်ေုကာင်၊ လူလိမ်၊ လူကောက်၊ နောက်ကျောဒါးနဲ့  ထိုးတတ်တဲ့ကောင်တွေ အမျာုးကီးဆိုတာ... ခင်ဗျားတို့ လိုကောင်တွေသာ အာဏာရုကည့်- ခင်ဗျားတို့  သောက်မြင်ကတ်ပါတယ်ဆိုတဲ့ သန်းရွှေထက်ဆိုးမယ်... အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်ဖြစ်လာတဲ့ကောင်တွေ... ရွံစရာကောင်းလွန်းတယ်ဗျာ... လူတွေက သောက်ရူးတွေ၊ ခင်ဗျားတို့  ပြောသမျှယုံမယ့်လူတွေ မဟုတ်တာ အမူးမပြေသေးတဲ့ မျက်လုံးတွေ ဖြဲုကည့်ဦးဗျ... ထပ်ပြောလိုက်မယ်- ကိုယ်စွမ်းမယ်ထင် ကိုယ်လုပ်...အပုပ်မချေုကး.. ပွဲမဖျက်ေုကး... သွေးရဲရင် ချလိုက်... ကျွန်တော်လက်ရှိ သူများနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ သာမန်ပြည်သူတစ်ဦးအနေနဲ့  ပြောလိုက်မယ် " အဖြစ်မရှိ၊ အစွမ်းအစမရှိတဲ့ အတိုက်အခံတွေ ကျဆုံးသွားတာ ပြည်သူတွေ ၀မ်းသာပါတယ် "လို့ ....
ကျနော်လည်း လွမ်းသူ့ပန်းခွေပို့ချင်ပါသည်။
ဗီယက်နမ် စစ်ပွဲအတွင်းက ကျဆုံးသွားခဲ့သော မျိုးချစ်ဗီယက်နမ်ရဲဘော်များအား လွမ်းသူ့ပန်းခွေပို့သအပ်ပါသည်။
သင်တို့သည် ဗီယက်နမ်နိုင်ငံ၏ မျိုးချစ် သူရဲကောင်းစစ်စစ်များဖြစ်ပါသည်။
ကျူးကျော်သူ အမေရိကန်ကို ရဲဝင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သဖြင့် သင်တို့၏ သတ္တိမှာ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သည်။
တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသက်စွန့်သည်အထိ တာဝန်ကျေပွန်ခဲ့ကြသော သင်တို့အတွက် ကမ္ဘာက အသိအမှတ်ပြုပါသည်။
ဆက်ပြောပါရစေ မိတ်ဆွေတို့
သင်တို့နိုင်ငံကို ကိုယ်ထိလက်ရောက်ကျူးကျော်ခဲ့သော၊ သင်တို့၏မိသားစုများကို သေကွဲရှင်ကွဲဖြစ်စေခဲ့သော၊ သင်တို့နိုင်ငံတော်ကို ဆင်းရဲတွင်းတွန်းပို့ခဲ့သော သင်တို့၏ မဟာရန်သူ အမေရိကန်ယန်းကီးတို့သည် ယခုအခါ သင်တို့၏ ခေါင်းဆောင်များနှင့် ဖက်လှဲတကင်းလက်ဆွဲနှုတ်ဆက်ကာ ကူးလူးဆက်ဆံ ၀င်ထွက်သွားလာမှု ပြုလျှက်ရှိချေသည်။
သင်တို့၏ တိုင်းပြည်ကို ခေတ်သစ်ကိုလိုနှီနယ်ချဲ့တို့၏ရန်မှာ ကယ်တင်ရန် အရေးတကြီးလိုအပ်နေသည်။ တဆက်တည်းမှာပင် လက်ရှိသင်တို့၏ ခေါင်းဆောင်ကြီးများထဲမှာ အနောက်မျှော်ဝါဒီများကိုလည်း ရှာဖွေ ဖယ်ရှားအပြစ်ပေး လိုအပ်လျှက်ရှိချေသည်။
သင်တို့၏ အသက်သွေးချွေးများကို တန်ဖိုးမဲ့စွာ ရာဇ၀င်ထဲထားရစ်ခဲမည့် ကိစ္စမှန်သမျှကို လုံးဝ လက်မခံကြောင်းကြေငြာအပ်သည်။
သင်တို့ကို ရန်သတ္တုပြုခဲ့သော ယန်းကီးများကို တန်ပြန်လက်စားချေရေးမှာ မျိုးဆက်သစ်ဗီယက်နမ်များ၏ ရှောင်လွှဲမရသော သမိုင်းပေးတာဝန်ပင်ဖြစ်သည်။
ရပ်တည်ချက်တစ်ခုကို လွယ်လွယ်နှင့် မပြောင်းလဲတတ်သော သင်တို့၏ ရဲဘော်အချို့မှာ ယခုတိုင် သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်။ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ဓါတ်ဖြင့် သင်တို့၏၀ိဥာဉ်များသည် အမေရိန်ယန်းကီးများကို ကမ္ဘာဆုံးတိုင် တော်လှန်သွားကြပါစို့ဟု ကျနုပ်ကဲ့သို့သောတော်လှန်ရေးဝါသနာထုံသူ တော်လှန်ရေးသမားများက တိုက်တွန်းလိုက်ရပေသည်။ :)
(ဒီလင့်တွေဖတ်ရင်း ပျော်လို့ ရေးကြည့်တာပါ)
http://www.facebook.com/notes/ခင်-ရတနာ/၉၀-ခုနှစ်-ရွေးကောက်ပွဲရလာဒ်အပေါ်-အမိန့်ပြန်တမ်း/165304420236691
http://www.facebook.com/notes/ခင်-ရတနာ/၀မ်းနည်းကြေကွဲခြင်း/165230503577416
Myochitnanda ပြောတာ အားလုံးမှန်တယ်၊ ကျနော်လဲ မဲဆောက် နိုင်ငံရေး သခိုးသမိုင်းအကြောင်းတွေ သိသင့်သလောက်သိတယ်၊ အလကား လူလိမ်တွေ၊ အချောင်သမားတွေပါ၊ သူတို့ စားခွက်ပျောက်လို့ ပြည်သူ့ထမင်းလုပ်ကို ပုတ်ချချင်နေတဲ့သူတွေ။ ခင်ဗျားတို့နားတော့လို့ပဲ ပြောလိုက်မယ်၊ မနားလို့ ဆက်ရေး ဆက်ပြောလဲ အလကားပဲ၊ သမိုင်းတော့ သူခိုးနဲ့ အဖျက်သမားဆိုတဲ့ မှတ်တမ်းဝင်တာပေါ့။ သမိုင်းလဲ နားလည်မယ့် လူတွေ မဟုတ်ပါဘူး။
သင်အတိုက်ခံ တခုတော့ ပြောလိုက်ချင်သည် သင်သွားလိုရာ ခရီးကို ဒီမိုကရေစီလိုချင်ယောင်ဆောင်သူများရော ဒီမိုကရေစီမလိုချင်သူများကိုပါ ခေါ်သွားစေလိုပါသည် ဘယ်သူမှ အုပ်ချုပ်မဲ့သူများ မရှိသော် ကျွန်ုပ်တို့ ရပ်ရွာကို ကျွန်ုပ်တို့ ပြည်သူတွေ အဆင်ပြေအောင် ကြံဖန်ပြီးအုပ်ချုပ်ပါမည်.သင်တို့ အားလုံး သွားလိုရာကိုသာ သွားပါ..ကျွန်ပ်တို့ ကံဆိုးမယ်ဆိုလဲ ဒီထက်တော့ မဆိုးတော့ပါ..
ဒေါက်တာလွှတ်ဆွ ။ ။ " ခင်ရတနာ့ ဖေ့စ်
ဘွတ် ကြည့်ပြီး...ကောင်းလို့ တင်ပေးလိုက်တာပါဟ..။
နောက်ဆို...ဆရာတို့ ကိုယ်တိုင် ခင်ရတနာ့ ဖေ့စ်
ဘွတ် ကြည့်ကြ...။
ကျေးဇူးမတင်၊
အချောင် ကြားထဲက မေတ္တာပို့ ခံရတယ်..."
ကျနော် ပြည်တွင်းမှာ နေနေတဲ့၊ ပြည်သူတွေ ကြားထဲမှာဘဲ ရှိနေတဲ့ သာမန် ပြည်သူတစ်ယောက်ပါခင်ဗျာ။ ကျနော်အနေနဲ့လဲ NLD ကို ၉၀-ရွေးကောက်ပွဲ ရလာဒ်ကို အခိုင်အမာ ဆုတ်ကိုင်ပြီး နိုင်ငံရေးခရီးကို လျှောက်လှမ်းစေချင်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အဲဒီလို သွားလို့ လောလောဆယ်အနေအထားမှာ မဖြစ်နိုင်ပါခင်ဗျား။ အဓိကပြဿနာက ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ပါ။ ကျနော်လူထုကို စော်ကားလိုတာ မဟုတ်ပါ။ ကျနော်ထင်တယ်၊ ၉၀ရာခိုင်နှုန်းလောက်ရှိမယ့် ပြည်သူလူထုအနေနဲ့ နိုင်ငံရေးအသိအမြင် အလွန်ကို အားနည်းနေပါတယ်။ ဥပမာပြောမယ်ဗျာ- ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇-မှာ ပေါ်ခဲ့တယ်။ သံဃာတော်တွေကိုယ်တိုင် ဦးဆောင်နေတာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ၈၈-ကလို အုံးနဲ့ ကျင်းနဲ့ ပါသင့်တယ်။ အဲဒီလို မပါနိုင်တဲ့အတွက် အဲဒိတော်လှန်ရေး မအောင်မမြင် ဖြစ်ခဲ့ရတာ အားလုံး အသိပါ။ ဒီတော့ လူထုအားလုံး ပါဝင်နိုင်မယ့် ကာလတစ်ခုကို ကျနော်တို့ စောင့်ကို စောင့်ရမယ်။ လွှတ်တော်တွင်းကနေ ပြုပြင်သွားလို့ မရနိုင်ခဲ့ရင် လူထုကို စည်းရုံးထားနိုင်ပြီးဖြစ်လို့ ကျနော်တို့ လိုချင်တဲ့ အခင်းအကျင်းကို ဖန်တီးယူလို့ ရပါတယ်ဗျာ။ လူထုအင်အားက အဓိကကိုဗျ။ ဒီတော့ NLD အနေနဲ့ ၉၀-ရွေးကောက်ပွဲကို ဘာမှ ရေးကြီးခွင်ကျယ် မလုပ်တော့ဘဲ လွှတ်တော်တွင်းလမ်းကြောင်းကို ရွေးလိုက်တာဟာ ယနေ့အနေအထားအရ အလွန်ကို လျော်ကန်သင့်မြတ်ပါတယ်ဗျာ။ ကျနော်တို့ NLDကို ၀န်းရံပြီး လူထုတစ်ရပ်လုံး နိုင်ငံရေးအသိတွေ နိုးကြားတက်ကြွလာအောင် စည်းစည်းလုံးလုံးနဲ့ လုပ်ကြပါစို့လားဗျာ။ ခုအချိန်မှာ အပြစ်တင်ဝေဖန်နေလို့ ကျနော်တို့ နိုင်ငံအတွက် ကောင်းကျိုး မရှိနိုင်ပါဘူးဗျာ။
ညီလေး နောက်ခါအဲလိုအခြေအမြစ်မရှိတဲ့ လူတွေက ပို့တဲ့ဟာတွေမတင်ပါနဲ့ ကွာ ဘာလိုလဲဆိုတော့ နိုင်ငံတခု ဟာလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လို့ လူတွေသေကြေခဲ့ရတယ် တခါဒီမိုကရေစိဆိုပြီး တိုက်ရပြန်ရော သူတောင်းစားတွေက နိုင်ငံခြားတိုင်ပြည်တွေမှာနေ ပြီးအထောက်အပံတွေယူ နောက်ကနေ မြှောက်ပြီးလျောက်ခိုင်း နေတာ သူတိုကို သူတို့မိသား စုကသားသမီးတွေဘဲနိုင်အောင် ထိမ်းခိုင်းဦး အလကားကောင်တွေ
ပြည်ပရောက် နိုင်ငံရေးသမားရောင်ချူးတွေ သူတောင်းစားခွက်ပျောက်လို့ အပုတ်ချနေသလား
ပြည်ပကကောင်တွေဆိုတာက နင်တို.လိုဘဲ ပြည်တွင်းက ထွက်သွားဋ္ဌကတာလေ။
နင်းတို.လည်း တိုင်းပြည်ထဲကထွက်ဋ္ဌကည့်။ ပညာမတတ်၊ လက်ဋ္ဌေကာမတင်း၊ ကိုယ့်ထမင်း ကိုယ်ရှာမစားဘဲ လူရာဝင်ချင်ရင်၊ ပရိုပိုဆယ် နဲ. ပရောဂျက်ဋ္ဌကီးတင်ပြီး ဒေါ်လာလုပ်စား ဖြစ်သွားမှာဘဲ။ (၀ူး ခေါ်ရခက်လိုက်တာ)
မယုံရင် စမ်းဋ္ဌကည့်ဋ္ဌက။ ကိုယ့်အလှည့် မဋ္ဌကုံသေးလို.။ နင်တို. အလှည့် ဋ္ဌကမှ ပိုကဲမယ်။ တကတဲတော်။ မနာလို ဖြစ်နေလိုက်ဋ္ဌတတာ။
ပြည်ပမှာမွေးတဲ့ ကောင်တွေက မြန်မာပြည်ကို လှည့်တောင်မဋ္ဌကည့်ဘူး၊ ရွံတောင်ရွံသေးတယ်တဲ့တော့။
ပုံ နတ်ကတော် ပူနောင်ချပ်ချိန်း
Post a Comment